ဇီဇီJune 2, 201510min56657
မွေးမေလေ့နဲ့ သူ့ရဲ့ ရီဆိုင်ကယ်လာတွေ အကြောင်း ပြောပြအူးမယ်။ ခု အငြိမ်းစား ယူသွားတဲ့ နံပတ် ၂ ရဲ့ မွေးရပ်မြေကို ပြောင်းရတုန်းကပေါ့လေ။ ပြောင်းတုန်းက ကိုယ်က ၁ဝ တန်းဖြေပြီး ချိန် လိုက်သွားတယ်။ နောက်တော့ သင်တန်းပြန်တက်လိုက် ပြန်လာလိုက်မှာ တစ်ခေါက်ပြန်ရောက်တဲ့ အချိန် အိမ်မှာ အမျိုးသမီးကြီးတစ်ယောက် ရှိနေပါရောလားး ပိန်သမျှ လှပ်လို့၊ အရပ်ကလည်း အရှည်ကြီးး၊ လမ်းသွားရင် ကိုင်းကိုင်း ကိုင်းကိုင်းနဲ့ ဆေးပေါ့လိပ်ကို မီးခိုးထွက်အောင် သောက်တာ။ အာ့နဲ့ ဘယ်သူတုန်း ဘာတုန်းပေါ့။ မွေးမေလေ့က ပြန်ဖြေတယ်။ သူ့ ညာ လက် ရုံး တဲ့။ ဘုရား၊ဘုရားးး!!!! ဘယ်လက်ရုံး ရှိသေးလား ဆိုတော့ ရှိသေးသတဲ့။ အိမ် မှာ ကူဖို့ […]


မနက်ဖြန် နယုန်လပြည့်နေ့ ရန်ကုန် မှာ ကျင်းပမဲ့ Damma Talk  အစီအစဉ်များ ကို စိတ်ပါဝင်စားသူများအတွက် ကြော်ငြာပေးချင်ပါတယ်။ ++++++++++++++++++++++++++++++++++++++++++++++ . အောက်စ်စဖို့ဒ့် ဗုဒ္ဓဝိဟာရ မှ ဆရာတော်ဦးဓမ္မသာမိ ၏ ဓမ္မပူဇာ အထူးတရားပွဲ များကို ကျင်းပပြုလုပ် မည် ဖြစ်ပါ၍ အောက်ပါ အစီစဉ်အတိုင်း တရားတော် နာယူကြ ပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။ ► ဟောကြားမည့်တရားတော်များ ♦ ၁.၆.၂၀၁၅ (တနင်္လာနေ့) – ပျော်နိုင်ပါလျက် ပျော်ဖို့မေ့နေသူများ ( Why forgetting to be happy. ) ♦ ၂.၆.၂၀၁၅ ( အင်္ဂါနေ့ ) – အနက်ရောင်ကို အဖြူရောင်သို့ ပြောင်းလဲခြင်း […]


ဇီဇီMay 28, 20152min370248
ဂနေ့တော့ Myanmar Legal, Tax & Business Insights Seminar ကို … သွားစား … သွားငိုက် … သွားထိုင်ပြီးသကာလ …. မှတ်ခဲ့တာလေးတွေ ပြန်ပွါးချင်ပါတယ်။ . . . အဲဒီ စီမိနာ မစခင် ကော်ဖီသောက်တဲ့ နေရာမှာ ထိုင်ပြီး ကော်ဖီသောက်တုန်းးး အမျိုးသားတစ်ယောက် သူ့ကိုယ်သူ လာမိတ်ဖွဲ့ပါတယ်။ (အဲဒီ အချိန် ကျော် က သူ့ကို One of the Speakers မှန်းမသိသေးပါဘူးးး) သူကတော့ မြန်မာပြည် အကြောင်း စကားစပ်မိရင်းနဲ့ ရင်းနှီးမြှုပ်နှံချင်ရင် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် မြန်မာပြည်ကို ဝင်သင့်တယ် ဆိုတဲ့ အကြောင်းး… ခုချိန်မှာ ဘာဥပဒေမှ မခိုင်မာခင် […]


Ma EiMay 28, 20152min25612
အိမ်မှာ ယုဇနပန်းတွေပွင့်နေတယ်… အပင်ကြီးတစ်ပင် အသေးတစ်ပင် ပွင့်လိုက်တာ တစ်ခြံလုံး မွှေးနေတာပါဘဲ… ပန်းရနံ့လေးတွေနဲ့ အတူအိပ်ရင်း ငယ်က ရူးခဲ့ရတဲ့ သီချင်းလေးသတိရခဲ့တယ်…. ဓာတ်ပုံရိုက်ထားတဲ့ ပန်းကလေးတွေကြည့်ရင်း … သီချင်းလေး နားထောင်ရင်း (ဖတ်) ရအောင် တင်ပေးလိုက်တယ်နော်… ယုဇနပင် နဲ့ ဖဲကြိုးဝါ မင်းမင်းလတ် အိမ်ပြန်လတပေါင်းနဲ့ ချစ်စရာ့နွေ ကြွေရွက်တွေ ဝဲလို့ ဝေ့လည်နေကြတယ် ကိုယ်ပေးခဲ့သော စာရရင် ဘယ်လိုဖြေမယ် ကိုယ်မသိဘူး ချစ်လိမ့်မယ်… အို မချစ်ဘူး… ဒီလိုမေးခဲ့တယ်… … ဒီလိုမေးခဲ့တယ် ယုဇနပင် ပန်းတွေကြားမှာ သိစရာ အဖြေရှိမယ်.. ကိုယ့်အချစ်ကို မပြစ်ရင် ဖဲကြိုးအဝါလေးကို …ပန်းတွေကြားမှာ တွေ့မယ် ကိုယ်မျှော်လင့်ခဲ့ရတယ်.. အဝါရောင် ဖဲကြိုးလေး တွေ့များမတွေ့ရင် ကိုယ်ရင်နာနေမယ်… တွေ့ပါ့မလားကွယ် ဖဲကြိုးအဝါကို […]


Swal Taw YwetMay 25, 20152min1814
ရွာသူတဦးဖြစ်တယ့် ဆရာမဒေါ်မေအေးဦးရဲ့ လှုပ်ရှားမှုလေးတွေပါ။ ပြန်လည်တင်ဆက်ပေးခွင့်ပြုပါခင်ဗျာ။ မှတ်စု (၈၄) May 6, 2015 at 5:13am ကျမ ရဲ့ Program လေး တစ်ခု . ..    x x x x x x x x x x x x x x x x x x x x x x xx x x x x x x x x x x x x x […]


ဇီဇီMay 23, 20151min46440
မိန်းမ တစ်ယောက်ဆီမှာ……. ချမ်းသာကြွယ်ဝမှုရယ်၊ အချစ်ရယ်၊ ဒေါသရယ်၊ သွေးအေးမှုရယ်၊ အညှိုးကြီးမှုရယ်၊ ညာဏ်ကောင်းမှုရယ် အကုန် ရှိနေရင် အဲဒီ မိန်းမနား နေရတဲ့ သူတွေ ဘဝဟာ မချောင်လည်တော့ပါဘူးးး။ အေမီ ပေါ့…!!! မြင်တဲ့သူ လိုချင်လောက်အောင် လှတယ်။ အောင်မြင်နေတဲ့ စာရေးဆရာမတစ်ယောက်။ မိဘက အရမ်းချမ်းသာတယ်။ သူမ ချစ်တဲ့ အမျိုးသားကို ရယူပိုင်ဆိုင်ထားနိုင်တယ်လေ။ ဒါက အေမီ ကို လူတွေ မြင်ရတဲ့ အပိုင်းးး . . . တစ်ရက် သူ့ အမျိုးသားက အိမ်ကနေ ခဏထွက်သွားပြီး ပြန်လာချိန် အေမီ ပျောက်ခြင်းမလှ ပျောက်သွားတယ်။ ယောင်္ကျားလည်း ထူပူပြီး ရဲကို တိုင်မိတော့ ရဲအရာရှိတွေ လာစစ်ရာက စ အေမီမှန်းသိတဲ့ […]


ムラカミMay 22, 201517min66835
  Color Theory အကြောင်း ပြန်တူးကြည့်မိတော့ .. အရင်ကနဲ့မတူတဲ့ အမြင်တမျိုးလည်းရ.. revision လည်း ပြန်တဲ့သဘောဖြစ်သမို့   မျှဝေလိုက်ရပါတယ်ဗျာ။ (သဂျိုင်ခီး ဆွပေးနှိုက်ယူ တာကလည်း တကြောင်း ဖြစ်သည်မှုံ့)       ၁။ လူတို့၏ အရောင်သိမှုအကြောင်း   ပထမဦးဆုံးအနေနဲ့ အရောင်တွေ အကြောင်းမပြောခင် ကျနော်တို့ ရဲ့ မျက်စိအကြောင်း အရင်ပြောမှ ဖြစ်မယ်ဗျ…။   လူမျက်စိက ဘယ်လောက် မြင်နိုင်သလဲ ၊ ဘယ်လောက် ခွဲခြား သိသလဲ ဆိုတာကို အရင် အခြေခံပြီးပြောမှ   ရှေ့ဆက်လို့ အဆင်ပြေမယ်မှတ်ပါတယ်။ ပထမဦးဆုံး ဆေးပညာ သဘောအရ လူမျက်စိရဲ့ အာရုံခံနိုင်တဲ့   အရောင်ကွဲပြားမှု အဝန်းအဝိုင်းကို […]


ဇီဇီMay 20, 20152min55336
    မယုံမရှိနဲ့။ အဲ။ မယုံလည်း ရှိစေတော့။ ဟိဟိ။ :mrgreenn: ကိုယ်တွေ သားအမိဟာ၊ မီးဖိုထဲဝင် ဟင်းချက်ရမယ် ဆိုရင်တော့ အချင်းချင်းလွှဲချပြီး ပြေးတဲ့ အကျင့်က အစ အတော်တူတာ။ ကိုယ်တွေ မလုပ်ချင်တဲ့ အရာတွေ မလုပ်တတ်တဲ့ အရာတွေက အများကြီး…. – ဟင်းမချက်ချင်ဘူးးး၊ ဟင်းစပ်ပဲ စပ်ချင်တယ်။ – ဈေးမသွားချင်ဘူးးး၊ အသားနဲ့ ဟင်းသီးဟင်းရွက် ဈေး ပြောတာ – ချည်ထိုး၊ ပန်းထိုး၊ ဆွယ်တာထိုး ဘာမှ မတတ်ဘူးး – အသက်မွေးဝမ်းကျောင်း ပညာရပ် ဘာမှ မတတ်ဘူးး (ဒီဇိုင်းထုတ်တာကလွဲရင်) :bb: မိန်းမတို့ လုပ်သင့်တယ် ဆိုတဲ့ အလုပ်တွေထဲမယ် အိမ်ရှင်းတာကိုပဲ သဘောကျတယ်။ မွေးမေလေ့နဲ့ ညီတာလည်း […]


ဇီဇီMay 17, 20152min33614
ဓာတ်ပုံရိုက် ရောဂါ ကူးပြီးကတည်းက နဂိုကလည်း ပန်းချစ်တတ်သူမို့ ကိုယ့် ပီစီထဲလည်း ဘာမှန်းမသိတဲ့ ပန်းပုံတွေ ပြည့်လို့။ :kwi: အဲဒါကို ဒီ တိုင်း ဓာတ်ပုံတင်မဲ့ တူတူတော့ အဲဒီ ပန်း မျိုးတွေ နာမည်တွေ ရှာပြီး အသိပေးတင်တာ ကြည့်တဲ့သူ၊ ပန်းချစ်သူတွေလည်း အကျိုးမယုတ်ဘူးလို့ ယူဆတယ်လေ။ သိပြီးသားသူနဲ့လည်း အသိဖလှယ်ပြီးသားဖြစ်တာပေါ့။ မြန်မာလိုရော အင်္ဂလိပ်လိုရော သိသလောက် နာမည်ပြောမှာပေါ့။ သိတဲ့သူတွေ ဝင်ပြောပေးကြပါအူးလို့။ ခုပထမဆုံး က Camomile ပန်းလေးတွေပါ။ ဒီမှာ က ခြုံ လိုမျိုး စိုက်ထားလို့ ဒေစီနဲ့ တူပေမဲ့ ဒေစီလို့ မထင်မိပဲ ကိုယ့်နိုင်ငံက တပင်ရွှေထီးပန်း နဲ့ တူတယ်လို့ပဲ ထင်မိတယ်။ ဟီးးး ကြည့်ပေးပါအူးး :k: […]


ဇီဇီMay 16, 20154min42334
မျက်လှည့် နဲ့ သက်ဆိုင်တဲ့ ရုပ်ရှင် ထဲက စိတ်ထဲမှာ စွဲစွဲမြဲမြဲ ကျန်ပြီး ပွါးချင်တဲ့ ရုပ်ရှင် ၃ ကား ရှိတယ်ဗျ။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~   Edward Norton နဲ့ Jessica Biel ရဲ့ ကားပါ။ 1) The Illusionist (2006)   Rating 7.6 ရထားတဲ့ ကားမို့ အဆင့်မနိမ့်လှပါဘူးး… Edward Norton က ငယ်စဉ် အခါက လမ်းဘေး အဘိုးအို တစ်ယောက်ဆီက မျက်လှည့် သင်ခဲ့ပြီး… ဆယ်ကျော်သက် အရွယ်မှာ ဆွေမျိုးမြင့် မိန်းမပျို Jessica Biel  နဲ့ ချစ်ရာက ခိုးပြီး ထွက်ပြေးကြပေမဲ့ ပြန်မိသွားခဲ့တယ်။ အဲလို ပြန်မမိခင်မှာ သူ့ […]


Ma EiMay 15, 20152min25515
ခြံထဲမှာ နှင်းဆီ နှစ်အိုးရှိတယ်… ရေလောင်းရုံနဲ့ နှင်းဆီပန်းရောင်လေးတွေနွေ မိုးဆောင်း ပွင့်နေလိုက်တာ… အရမ်းကိုလှလို့ အဖူး အပွင့် လေးတွေ တွေ့တိုင်းဓာတ်ပုံရိုက်ထားမိခဲ့တယ်… ပန်းကလေးတွေတွေ့ရင် ကြည်ကြည်နူးနူး ပီတိဖြစ်မိတာမို့ မျှဝေလိုက်ပါတယ်… ရွာသူား   အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ…


ဇီဇီMay 14, 20152min385248
https://www.facebook.com/tin.nyunt.338?fref=ts   နှလုံးသားဖြင့်လုပ်သူ (Credit to Tin Nyunt)   “ဂျွန် မင်းကို ငါဘယ်လောက်ပေးရမလဲ” ကျွန်တော့်ဖေဖေက ပထမလူငယ်ကိုမေးလိုက်ခြင်းဖြစ်သည်။ ဖေဖေသည်သူ့ကို ကောက်ရိတ်ချိန်ရာသီတွင် ငှားရမ်းခဲ့သည့်အတွက် အခကြေးငွေပေးရန် မေးနေခြင်းဖြစ်သည်။ ဂျွန်က “မစ္စတာဘားရက်စ် ၅၅ ဒေါ်လာကျပါတယ်” ဖေဖေက ၅၅ ဒေါ်လာဟု ချက်လက်မှတ်တွင်ရေးပေးလိုက်ပြီး “ကျေးဇူးတင်ပါတယ်ကွာ” ဟုတလေးတစား ပြန်ပြောလိုက်သည်။ ဖေဖေသည် ဂျွန်ကဲ့သို့အလုပ်လာလုပ်နေသည့် နောက်ထပ် လူငယ်တစ်ယောက်အား.. “မိုက်ကယ် မင်းကိုရော ငါဘယ်လောက်ပေးရမလဲ” ဟု မေးလိုက်သည်။ သူသည် ဂျွန်နှင့်အတူတူ အလုပ်လုပ် သည့် လူငယ်တစ်ယောက် ဖြစ်သည်။ “၇၅ ဒေါ်လာကျပါတယ်ခင်ဗျာ” ဖေဖေက အံ့အားသင့်သလိုပြန်ကြည့်လိုက်ပြီး “ဘာဖြစ်လို့ ပိုသွားရတာလဲ မိုက်ကယ်” ဟုပြန်မေးလိုက်သည်။ မိုက်ကယ်က “အလုပ်လုပ်မယ့်နေရာအရောက် ကားနဲ့သွားရတာရယ်၊ […]


kotun winlattMay 13, 20151min4207101
ရွာသူားများ အားလုံး မင်္ဂလာပါ ခင်ဗျား…..။ မကြာမှီ ကျောင်းဖွင့်ရာသီသို့ ရောက်ရှိတော့မည် ဖြစ်ပါ၍ ကျနော်တို့ အဖွဲ့လေး နှစ်စဉ်ပြုလုပ်မြဲဖြစ်သော စာရေးကိရိယာ အလှူခရီးစဉ်အတွက် စာရေးကိရိယာများ လိုအပ်လျှက်ရှိနေပါသဖြင့် အလှူခံဖလားကြီး ပိုက်ကာ ယခုစာလေးကို ရေးသားရခြင်းဖြစ်ပါတယ်။ ကျနော်တို့အဖွဲ့မှ ယခုနှစ်တွင် စာရေးကိရိယာအလှူခရီးနှင့်အတူ ကျေးရွာများတွင် စာပေရေချမ်းစင်ကဲ့သို့သော နေရာများဖြစ်မြောက်အောင်လည်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ စာပေရေချမ်းစင် ဖြစ်မြောက်ရေးအတွက် မိမိတို့ထံတွင် ရှိနေသည့် ဂျာနယ်၊ စာစောင်၊ မဂ္ဂဇင်းများကိုလည်း လှူဒါန်းနိုင်ပါသည်။ ထို့အတူ စာရေးကိရိယာများကိုလည်း လှူဒါန်းနိုင်ပါသည်ဆိုသည့်အကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ၂၀၁၃/၁၄ ပညာသင်နှစ်က ကျနော်တို့ ရွာသူားများ၏ လှူဒါန်းမှုဖြင့် မူလတန်းကျောင်း ၁ဝ ကျောင်းသို့ စာရေးကိရိယာများ သွားရောက်လှူဒါန်းနိုင်ခဲ့ပါသည်။ ယခု ၂၀၁၅/၁၆ ပညာသင်နှစ်တွင်လည်း ကျနော်တို့အဖွဲ့ မှ ယခင်နှစ်များအတိုင်း မူလတန်းကျောင်း […]