Mon LayOctober 27, 20174min2461
ဥရောပရဲ ့နွေရာသီဆိုရင် လမ်းတစ်လျှောက်မှာ အလှဆင်ထားကြတဲ့ပန်းလေးတွေပါ..မြင်ဖူးစေချင်လို့ပါ…ဓါတ်ဖမ်းချင်စရာတွေကြီးပါပဲ။


ေမာင္ရိုးOctober 26, 20171min330512
#ဥယျာဉ်မှူး     အောက်ဖေါ်ပြပါ အကြောင်းအရာတို့သည် ပုံပြင်မျှသာဖြစ်ပါသည် ။ ပုံပြင်ကို စကားပြောအဖြစ်ရေးရပါလျှင် အဖိုးကြီးတစ်ယောက်အသွင်ပြောဆိုရမည်ဖြစ်သဖြင့် မိမိ၏ အသက်အရွယ်အား မေ့လျော့နေစေခြင်းအလို့ငှါ ဝတ္ထုဇတ်လမ်းသဖွယ် ရေးသားလိုက်ရပါတော့သည် ။ အကယ်၍ . . . ဖေါ်ပြပါ အကြောင်းအရာတို့သည် တစ်စုံတစ်ဦး တစ်စုံတစ်ရာနှင့် အခြေအနေတစ်ချို့တိုက်ဆိုင်ခဲ့မည်ဆိုပါက ကြံကြံဖန်ဖန်တိုက်ဆိုင်မှုမျှသာ သဘောထားစေလိုပါကြောင်းးးးး . . . မိမိစိတ်သဘောဖြင့် ဖတ်ရှုရင်းခံစားဒေါသထွက်မည်ဆိုပါကလည်း လွတ်လပ်စွာ ဒေါသကြီးနိုင်ပါကြောင်းးးး . . . ဖတ်ရှုပြီးသော ပုံဝတ္ထုအား ဒေါသအလျောက်ဆဲမည်ဆိုပါကလည်း လွတ်လပ်စွာဆဲဆိုနိုင်ပါကြောင်းးး . . . . အောက်ဖေါ်ပြပါ ပုံဝတ္ထုအား ကျနော်မောင်ရိုးသည် ခရစ်သက္ကရဇ် 2007 ခုနှစ် ရွှေဝါရောင်လှုပ်ရှားမှုအပြီးတွင် သီတဂူဆရာတော်ဘုရားကြီးဟောကြားတော်မူသော ” ဧကရဇ်မင်း၏ […]


သုရွင္October 24, 20171min3307
အကြီးဆုံးသောအမှား ******************* မင်းမှားနေတယ်လို့ သိလိုက်တယ်ဆိုရင် ဒါဟာ အနည်းဆုံး တော့ မင်းအနေနဲ့ အခွင့်အလမ်းတစ်ခုကို ရရှိလိုက်တာပဲဖြစ်ပါတယ်။ အမှန်ကိုစတင်လို့ရပြီဆိုတဲ့ အခွင့်အရေးပါ။ လူတိုင်းဟာ အမှားကို ကြောက်ကြပါတယ်။ အမှားရဲ့နောက် ဆက်တွဲ ရလာဒ်တွေကို ကြောက်တာဆိုရင်ပိုမှန်ပါတယ်။ ပေးဆပ်ရမှု၊ ဆုံးရှုံးမှု၊ နာကျင်မှု၊ ကြေကွဲဝမ်းနည်းရတာတွေပါ။ ပြောမှား၊ ဆိုမှား စတဲ့ သေးငယ်တဲ့အမှားတွေကနေ အလုပ်မှား မိတာ၊ သွားလာမှားတာ ၊ လမ်းမှားတာ နောက်ဆုံး ဘဝတစ်ခုလုံး ချိုးကွေ့သွားလောက်အောင် ဆုံးဖြတ်ချက်မှား တာမျိုး ရှိတတ်ပါတယ်။ မှားသွားတာကို သိလိုက်ရချိန်မှာ စိတ်ဓါတ်ကျ ပြီး စိတ်ဆင်းရဲရပါတယ်။ မမှားခဲ့ ရင်ကောင်းမှာပဲ ဆိုတဲ့ နောင်တလည်း ရတတ်တယ်။ မှားမှန် စောစောသိတာဟာ ပိုကောင်းပါတယ်။ နောက်ကျမှ သိလေ ပေးဆပ်ရတာ ပိုပြီး […]


ဇီဇီOctober 19, 20172min338213
အစ က တဂျီးရယ် သနပ် ခေတ်စားတုန်း သနပ် အကြောင်း ရေးပါ့လား လာမြှောက်ပေးတယ်လေ။ :a: ခင်ဇော်က သနပ်သာ ကြိုက်တာ မလုပ်တတ်ဘူးး ပလိုစီဂျာ နည်းနည်းများတယ်။ နောက်ပြီး သနပ်က အခြေခံအရ ဗမာ့နည်းမဟုတ်ဘူးလားလို့။ 😀 အာ့နဲ့ လွယ်လွယ်ကူကူ အိမ်မှာ လုပ်စား ဗမာ့ချဉ်ဖတ်များ စုပေးမယ်ပေါ့။ အာ့ကျ “ကောင်းတယ် ကောင်းတယ်” တဲ့။ ဟို ထောက်ပြုတ်ဝက်မည်းတို့ ထောင်ထွက်ဝက်ဖြူ တို့ နာမည်တွေပါ ချဉ်ဖတ်ထဲ လာထည့်ခိုင်းနေလို့ ပြေးပေါက်မှားနေသေးး!! :kwi: ခင်ဇော်လည်း ကိုယ်တိုင်က သာ ချဉ်ဖတ်ရယ်။ ချဉ်ဖတ်နည်းတွေလည်း လည်တည်တည်။ ငါးပိရည်သမားမို့ အတို့အဖြစ် ချဉ်ဖတ် မျိုးစုံတော့ စားဖူး ကြိုက်ဖူးတာပေါ့လေ။ 😐 ဘိလပ် လို […]


ကြောင်တွေဟာ တနေ့ပျမ်းမ ျှ ၁၅ နာရီ အိပ်ပြီး အချို့ဆို ၂၄နာရီ အချိန်အတွင်း နာရီ၂ဝတောင် အိပ်နိုင်ကြသည်။ မေးစရာ ပေါ်လာတာ ကြောင်တွေ ဘာကြောင့် နင်းကန် အိပ်သနည်း…။။ ။။။။ ကြောင်အိပ် တရေးတမော ပထမဆုံး သိရမှာ ကြောင်များသည် အာရုဏ်ဦး နဲ့ ညနေစောင်း အချိန်မှာ အတက်ကြွဆုံးပဲ၊ တနေ့လုံး များသောအားဖြင့် အိပ်ပြီး နေရောင် ဖျော့တော့လာချိန်တွင် ပြန်လန်းဆန်းလာသည်။ ပထမဆုံးအကြိမ် လသားကြောင်လေး အိမ်တွင်မွေးသူအဖို့ ဒီအချက်ဟာ အံ့အားသင့်စရာ ဖြစ်တတ်သည်။ တလောကလုံး တနေ့တာ လှုပ်ရှားဖို့ ပြင်ဆင်ချိန်မှာ ကြောင်ကိုတော့ မနက်စာ စားပြီးတာနဲ့ တနေကုန် ဇိမ်ဆွဲ အိပ်နေတာ သင်တွေ့လိမ့်မည်။ ။။။။။ စွမ်းအင် ထိန်းထားဖို့ ကြောင်တွေမှာ မုဆိုး ကိုယ်ခံနာ […]


Mon LaySeptember 22, 20171min33436
“ကျနော်က စိတ်ထဲမှာ ရှိတာကို ပြောရဲတဲ့ ဝန်ထမ်းကို အမြဲရွေးချယ် ခန့်ထားတယ်။ ဥပမာ ပြောရရင် ကျနော်တို့ရဲ့ အထွေထွေ မန်နေဂျာဆိုရင် သူ့ကို အလုပ်ခန့်ဖို့ တွေ့ဆုံမေးမြန်းတော့ ကျနော်ပေးတဲ့ လခနဲ့ဆို ကျနော့်ဆီမှာ မလုပ်နိုင်ဘူး လို့ ကျနော့်မျက်နှာကို ကြည့်ပြီး ပြောတယ်။ သူ့ရဲ့ ပွင့်လင်းမှုကို ကြည့်ပြီး ကျေလည်း ကျေနပ်တယ်။ အံ့လည်း အံ့ဩတယ်။ သူတောင်းတဲ့ လခ အတိုင်းနဲ့ နောက်တနေ့ အလုပ် စဆင်းဖို့ ပြောလိုက်တယ်” ဟု သူက ပြောသည်။ အဲ့စကားကိုပြောတဲ့သူကတော့ ခုလက်ရှိ Adventure Myanmar Travel ပို်င်ရှင်လည်းဖြစ်၊ Amazing ဟိုတယ်တွေရဲ ့ပိုင်ရှင်လည်းဖြစ် တဲ့ ဦးအောင်မျိုးမင်းဒင်ပဲဖြစ်ပါတယ်။ အမှန်ပဲ..လူဆိုတာ အမှန်ကိုသတ္တိရှိပြီးပြောရဲရမယ်။ ရိုးသားဖြောင့်မတ်ရမယ်။   […]


ဦးကြောင်ကြီးကား နှယ်နှယ်ရရ မဟုတ်၊ သားဖွားမီးယပ် အိုဂျီ ဆရာဝံ ဖြစ်သည်။ သို့သော်လည်း အအို ဦးစားမပေး အပျိုသာ ဦးစားပေး ရွေးကုသည်။ အအိုဆိုတာ ပြုစုမည့် လင်ယောက်ျားရှိတယ်၊ အပျိုကျတော့ ဘယ်သူ့ သွားအားကိုးမလဲ။ ငယ်စဉ်ထဲက ဝါသနာ ပါလွန်းရွေ့ တနေ့ ငါကြီးလာ ဆရာဝံ လုပ်မယ်၊ သေသေချာချာ စောင်မကြည့်ရှုမယ် စိတ်ဝယ်မှန်းကာ ပညာထူးချွန်အောင် ကြိုးစားသည်၊ ဆေးကျောင်းဝင်ခွင့်ရကာ အနှီဘာသာရပ်ဝယ် ထူးချွန်သောကြောင့် ဂုဏ်ထူး ပထမအဆင့်နှင့် အောင်သည်။ ထို့နောက် မာစတာဘွဲ့ရပြီး အိုဂျီ အထူးကု ကြောင်ကြီးဟု ပျိုပျိုတို့အလယ် ထင်ရှားလေသည်။ သိပ်သဘောကောင်း စေတဏှာပါတာ၊ ကြည့်ပေးတာများ အသေးစိတ်၊ သိပ်ကြင်နှာတတ်တဲ့ ဆရာဝံ….။ သို့သော် လောကနိယာမ အများကြိုက်လျင် အနည်းမုန်းသည်မို့ သူ့အား […]


Mon LayAugust 15, 20171min2922
#Water boom @Yangon ဒီတစ်ခေါက်လည်းမွန်လေး Water boom ကို Team Building အတွက်တစ်ဖန်ရောက်ရှိလာခဲ့ပါတယ်… ဒုတိယအကြိမ်ရောက်လာခဲ့တော့..ပထမအကြိမ်တုန်းကစီးခဲ့..ရင်ထိတ်ခဲ့တာတွေကအရမ်းကိုပျော်စရာဖြစ်နေတော့တာပေါ့..အထူးသဖြင့် Octopus Slideတွေပေါ့..ပထမအကြိမ်မစီးရဲဘူးဖြစ်နေခဲ့တာ… ဒုတိယကြိမ်ကျအရမ်းကိုစီးကောင်းလို့၃ခါတောင်စီးခဲ့တာ..ဒါတောင်လှေကားတွေအမြင့်ကြီးတက်ရလို့..မတက်ရဘူးဆို…ဘယ်နှစ်ခါပြန်တောင်စီးမလဲမသိ😜😜 အရမ်းပျော်ဖို့ကောင်းပါတယ်…ပြည့်ပြည့်စုံစုံလေးသိချင်ရင်တော့ ပထမအကြိမ်သွားတုန်းကreviewလေးကိုပြန်ရှာဖတ်လို့ရပါတယ် မန်းလေးမှာလည်းဖွင့်နေပြီကြားပါတယ်..မန်းလေးရောက်လို့အချိန်ရရင် မန်းလေးwater boomလည်းသွားဆော့ပါဦးမယ် #ချစ်ရတဲ့သူတွေနဲ့အတူဆော့ပြီးအပျော်ကြီးပျော်နိုင်ကြပါစေ


နိုင်ငံတော်၏ကြောင် အာဏာရသည်မှာ တနှစ်စွန်းခဲ့ချေပြီ၊ ပြောင်းလဲချိန် တန်ပြီ ကြွေးကြော်သံနှင့်အတူ ယခင်သမတ ဘပြောင်အား အလဲထိုး အနိုင်ရ တက်လာခြင်းဖြစ်သည်။ လပေါင်းများစွာ ဟိုလုပ်ဒီလုပ် ယားလို့ပင် မကုတ်အား… ပွင့်လင်းမြင်သာမှုထက် ပိုအရေးကြီးသော တိုင်းရေးပြည်ရာများ ရှိနေသည်။ လူထုနှင့် ကင်းကွာနေပြီ၊ အာဏာရှင် ဆန်တယ် ဝေဖန်မှု မြင့်တက်လာရကား တခုခုလုပ်ရန် ဆုံးဖြတ်လိုက်ရပေသည်။ တခုခုကား ပိတ်သက်ကျီးနှင့် ပြန်လည် ထိတွေ့ရန် ဖြစ်သည်။ ခေတ်ခြင်း မတူတော့ပြီမို့ ယခင်လို သိန်းသောင်းချီ လူထုစည်းဝေးပွဲထက် လက်တဆုပ်စာ ဇကာတင် ပုဂိုလ်များနှင့် တွေ့ဆုံခြင်းသာ သင့်တော်မည်။ တီဗွီ၊ အင်တာနက်တို့မှ တိုက်ရိုက် ထုတ်လွှင့်လျင်လဲ လူအများထံ ရောက်သည် မဟုတ်ပါလော။ ။။။။။ သို့သော် သို့သော်….. ထိုင်နေအကောင်း ထသွားမှအကျိုး၊ တွေ့ကာမှ […]


ဟွက်ကဲ့ ယနေ့ ဗွီဘီဒီ ဒီဘိတ် တီဗွီအစီအစဉ်မှာ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး ဆွေးနွေးပါမယ်။ ဖိတ်ကြားထားသူများမှာ ဖုပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာရမ်းကု၊ စစ်တပ်သေနင်္ဂဗျူဟာမှုး ငပွကြီး၊ ဒီမိုကရေစီ တပ်ဦးခေါင်းဆောင် ရဲရဲတောက် ကြောင်ကြီးတို့ ဖြစ်ပါတယ်။ မော်ဒရေတာအဖြစ် ဂဇက်ရွာ အယ်ဒီတာချုပ် မာမွတ်ခိုင်မ်မှ ဆောင်ရွက်ပါမည်။ ကျနော်က ဒီအစီအစဉ်ရဲ့ စပွန်ဆာ ဗွီဘီဒီ စားသောက်ဖွယ်ရာ ကဏ္ဍ တင်ဆက်သူ အောင်မိုးသူပါ။ အခမ်းအနား အစီအစဉ် စတင်ပါပြီ။ အမှန်တော့ ယနေ့  အစီအစဉ် ဆွဲထားသည်က ကြက်သား ပလတာ ချက်နည်း သို့ပေကလိ ကြက်ငှက်တုပ်ကွေးကြောင့် ဈေးထဲ ကြက်ရှာမရ.. ဒါနဲ့ ကြံမိကြံရာ အစားထိုး ဖုတ်ပူမီးတိုက် တင်ဆက်ခြင်း ဖြစ်သည်။ ။။။။။ အဟမ်း အားလုံးပဲ […]


ဇီဇီAugust 4, 20171min2716
ပြီးခဲ့တဲ့ အပတ်က သတင်းစာဖတ်လိုက်တော့ ပင်စိမ်းအကြောင်းတွေ့တာနဲ့ ပင်စိမ်းချက်နည်းစုပေးမယ်ဆိုပြီး ရွာထဲလှည့်ရှာလိုက်တာ ခေတ်သစ်ပေါက်ကျိုင်း ရဲ့ ကြက်ပင်စိမ်းလေးသွားတွေ့တယ်။   ကြက်ပင်စိမ်း ( ခေတ်သစ်ပေါက်ကျိုင်း) ပင်စိမ်းရွက်နဲ့ကြက်သားကို ထိုင်းတွေအတော်နှစ်သက်ကြပါတယ်… ပါဝင်သည့်ပစ္စည်းများ ပဲသီးစိမ်း၊ ခရမ်းချဉ်သီး၊ ငရုပ်သီးစိမ်း၊ ကြက်သွန်ဖြူ၊ ပင်စိမ်းရွက်၊ ကြက်သား။ ပဲငံပြာရည်၊ ခရုဆီ၊ ဆား၊ သကြား၊ ဟင်းချိုမှုန့်၊။   ပြင်ဆင်ချက်ပြုတ်ပုံ ကြက်သားရင်အုံသား(၁၀)ကျပ်သားခန့်ကို အတုံးလေးတွေတုံးပါ ပြီးလျှင်ကြက်သားကိုဆားအနည်းငယ်၊အချိုမှုန့်အနည်းငယ်၊ခရုဆီအနည်းငယ်၊ငရုတ်ကောင်းမှုန့်အနည်းငယ်တို့ဖြင့်နယ်ထားပါ။ ပဲသီးစိမ်းကိုလက်နှစ်ဆစ်အရွယ်လောက်လှီးထားပါ၊ ခရမ်းချဉ်သီးကို ပါးပါးလှီးပါ၊ ငရုတ်သီးစိမ်း(၁၀)တောင့်လောက်ကို ဓါးပြားရိုက်၍နုတ်နုတ်ဆင်းထားပါ။ ကြက်သွန်ဖြူ ငါးတက်လောက်ကိုလည်းဓါးပြားရိုက်၍နုတ်နုတ်ဆင်းထားပါ။ ပင်စိမ်းရွက်အနည်းငယ်ကိုလည်းရေစင်စင်ဆေးထားပါ။ ဒယ်အိုးထဲသို့ ဆီအနည်းငယ်ထည့်၍ဆီပူလာလျှင် အချိုအငံနယ်ထားသော် ကြက်သားနှင့်ပဲသီးစိမ်းကိုထည့်၍ အသားအညှိရောင်သမ်းလာလျှင် အိုးထဲမှခဏဖယ်ထားလိုက်ပါ နောက်ထပ်ဆီ အနည်းငယ်ထည့်၍ ကြက်သွန်ဖြူကိုဆီသပ်လိုက်ပါ ပြီးလျှင် ငရုပ်သီးစိမ်းများကိုထည့်လိုက်ပါ၊ ထိုနောက် ဖယ်ထားသောကြက်သားကိုထည့်ပါ၊ အနံမွှေးလာလျှင် ပင်စိမ်းရွက်၊ခရမ်းချဉ်သီးတို့ကိုထည့်ပါ။ […]


လာကြည့်ကြပါဦး လဟ… ငါတို့ သပိတ်မှောက်တာ။ အော်သာအော် ဘယ်သူမှ စိတ်ဝင်တစား မရှိချေ။ ကိုယ်တော်တို့ဖာသာ ကိုယ်တော်တို့ အားလျားတိုင်း မှောက်နေ.. အလုပ်သွားရဦးမယ်၊ ဗိုက်ဆာ ဘယ်သူ ထမင်းကျွေးမှာလဲ… လက်လှုပ်မှ ပါးစပ်လှုပ်ရမယ်၊ ကိုယ်တော်လို မှောက်ခ ရှယ်ယာခွဲပေးလျင် တမျိုးပေါ့။ ဟောျင့် ဒါတော့ မျက်စောင်းလာ မထိုးနဲ့.. ငါတို့က လူအများ အကဲ့ရဲ့ခံပြီး ရှာထားတာ… ကြားက ဝင်ခုတ်လို့ကတော့ လက်သီးပဲရမယ်။ သပိတ်မှောက် ကိုယ်တော်များနှင့် တိုးရစ်များအား လိုက်ပို့သော အလိင်စက်တို့ အချီအချ ပြောနေသံဖြစ်သည်။ ကဲ ကဲ… ဘယ်သူလာလာ မလာလာ သူ့ဆန်စား ရဲရမယ်… ဆက်ဆွဲလိုက်ကြစို့…။ သပိတ် သပိတ် မှောက်မှောက်… ..။ ရန်ကုန်မြို့ ကြေးသွန်းဘုရားကြီး တန်ဆောင်းအတွင်း အစိုးရ […]


သောင်တလွဲထွေ… ဘာအဓိပါယ်မှ မရှိဘူး၊ အယူတိမ်း နတ်စိမ်းဖြစ်တာ ကိုးကွယ်စရာလား ကောင်းကောင်းမွန်မွန်ဆို ဟုတ်သေး ခုဟာ အရက်သောက်၊ ကြက်တိိုက်၊ နင်ပဲငဆပြော၊ နှမသားခြင်းကိုယ်ဂျင်းမစာ ဟိုနှိုက်ဒီနှိုက်။ ထေရဝါဒ ထွန်းကားတဲ့ တိုင်းပြည်ကွ ဒါမျိိုး လက်မခံနိုင်ဘူး။ မိဆာဒိဋ္ဌိတွေ တေငရဲကျမှာ။။။။ အီဂါး တောင်ပြုံးပွဲတော် နီးလာတိုင်း နှစ်စဉ်ပြောနေကျ မဘသကြောင်ကြီး၏ စကားလုံးများဖြစ်သည်။ ထိုသို့ စတေးတပ် ဖဘပေါ်တင်လျင် မန်းဒလေးမှ မဘသငပေ အဆဲလေးနှင့် ဒိုင်ဗင်ပစ်ဝင် ထောက်ခံသည်။ တဦးသဘော တဦးသိသည့် လိုက်ဖက်ညှီသော မျိုးညစ်ညီအကိုများဖြစ်သည်။။။ ယခုနှစ်တွင်မူ လေသံပြောင်း ဂငယ်ကွေ့ ကွေ့သည်။ ဘယ့်နှယ်ကွာ မိရိုးဖလာ အမြတ်တနိုးထား ကိုးကွယ်ပသတဲ့ တောင်ပြုံးပွဲ အနားကပ် ဖျက်ရတယ်လို့၊ လူတွေကွ နွားမဟုတ် မင်းတို့ လုပ်ချင်တိုင်းလုပ်ရအောင်။ လူတရာ […]