KyaemonFebruary 11, 201324min1347
  ပျော်ရွှင်သာယာတဲ့နှစ်သစ်ဖြစ်ပါစေ၊ ————-   ယူအက်စ်နိုင်ငံPasadena မြို့မှာတခမ်းတနားကျင်းပခဲ့တဲ့  ၂၀၁၃ နှစ်သစ်ကူး နှင်းဆီပန်းပွဲတော်က ဓာတ်ပုံလက်ရွေးစင် “အလှပဂေး” တွေကိုလိုက်ကြည့်ရအောင်    အများရှုစားခံစားနိုင်ရန် ဆက်လက်ရှာဖွေတင်ပြတာပါ၊   —————–       လာရောက်ကြတဲ့ပရိသတ်တွေ၊ဘင်ခရာအဖွဲ့တွေ၊မြင်းစီးအမျိုးသမီးအဖွဲ့တွေ၊ အသင့်ပြင်ထားတဲ့ပန်းတွေ၊အနီးကပ်ကြည့်ရတဲ့အလှယာဉ်တွေပါဝင်တာပါ၊ Photos: Crowds celebrate new year at the 2013 Rose Parade – – Pasadena Star-News Media Center http://photos.pasadenastarnews.com/2012/12/31/photos-crowds-celebrate-new-year-at-the-2013-rose-parade/    Slideshowဆလိုဒ်ရှိုးပါ Search results for rose parade 2013 http://www.flickr.com/search/show/?q=rose+parade+2013&w=7706348%40N04&ss=2   ဆလိုဒ်ရှိုးပါ 124th Rose Parade 2013 – a […]


တစ်ခုသော ဆောင်းတစ်ရက်အလည်ထွက်ခြင်း     ရန်ကုန်ကပြန်လာကတည်းက မနက်မနက်ဆို လမ်းမလျောက်ဖြစ်တဲ့ရက်တွေများလာပါတယ်။ အရင်ဆို မနက်ငါးနာရီကျော်တာနဲ့ အိမ်ကထွက်လို့လမ်းလျောက်နေကြ.။ ဒါနဲ့ဘဲ ဥပုဒ်တစ်ရက်မှာတော့ စောစောထလို့လမ်းလျောက်ဖြစ်ပါတယ်။ လမ်းမလျောက်တာ ကြာတော့ မနက်ခင်းရဲ့အေးမြတဲ့ လေတွေကြောင့်လူကလန်းဆန်း။ သိပ်မကြာခင် အာရုဏ်ဦးရဲ့ရှေ့ပြေးရောက်နီတွေတက်လာပါတယ်။ နံနက်ခင်းရောင်စဉ်များအောက်မှာ အိန္ဒြေရရ ရပ်နေတဲ့ ပြည်ကြီးမွန်ဖောင်တော်ကလဲလှပ။. သစ်ကိုင်းများကြားကမြင်ရတဲ့ နံနက်ခင်းရောင်ခြည်များကလဲလှပ။ သိပ်မကြာခင်း ဝင်းလက်လာတဲ့နေမင်းကြီးကိုမြင်ရပါတယ်.။           လမ်းလျောက်ပြီးအိမ်ပြန်လာ ရေချိုးပြီး မုန့်စားထွက်ကြပါတယ်။ မုန့်စားနေတုန်း တောင်သမန်အင်းနားက မိတ်ဆွေအိမ်က ဖုန်းဆက်လာပါတယ်။ သူတို့အိမ်ကို မုန့်ဟင်းငါးချက်ထားတာ လာစားဘို့ပေါ့။ အဲဒါနဲ့ မထူးဘူးဆိုပြီးတော့ တောင်သမန်အင်းဘက်ကိုချီတက်ခဲ့ကြပါတယ်။ မိတ်ဆွေအိမ်ကို သွားဘို့စောနေသေးတော့ ဦးပိန်တံတားဘက်ကိုသွားဓါတ်ပုံရိုက်။ တောင်သမန်အင်းကတော့ ဆောင်းအငွေ့တွေကြောင်း မူန်ရီဝေဝေ။ လှေကတော့ မစီးချင်တော့တာနဲ့ မယ်ဇယ်ပင်ကြီးတွေရှိရာ အနောက်ဘက်ကိုသွားခဲ့ကြပါတယ်။ […]


“မြသာလျောင်းနဲ့ရွှေသာလျောင်း”   ထမင်းစားမယ်လို့ ပြောတဲ့အခါ မှာ လမ်းပြ က ဘယ်မှာစားမလဲမေးပါတယ်။ ကျနော်တို့က မသိဘူး ကောင်းတဲ့ဆိုင်တစ်ဆိုင်ဆိုင်ပို့ပေးဘို့ပြောပါတယ်။ ကားလေးကို ဟိုလမ်းဝင်ဒီလမ်းထွက်နဲ့ ကျောင်းတစ်ခုရဲ့နောက်ကျောဘက်ကိုရောက်သွားပါတယ်။ လမ်းမြောက်ဘက်ဘေးမှာ ထမင်းဆိုင်လေးတစ်ခု။ ကားတွေရပ်ထားတာအများကြီး။ ဆိုင်ကလေးက သပ်သပ်ရပ်ရပ်။ ချက်ထားတဲ့ဟင်းတွေက စတီးဇလုံထဲမှထည့်ထားတာ စားချင့်စဖွယ်။ ကျနော်တို့ခြောက်ယောက်စားတာ ဘဲသားဟင်း ကြက်သား ပုဇွန် ငါးအူချက်နဲ့လိုက်ပွဲတွေရယ် ရေသန့်ဘူးတစ်ဘူးအပါအဝင်မှာ 8300ကျပ်ဘဲကျပါတယ်။ အတော်လေးကို တန်ပါတယ်။ ဆို်င်နာမယ်က တော့ ကျနော်အမှတ်မမှားဘူးဆိုရင် “လင်း “ဖြစ်ပါတယ်။ ထမင်းစားပြီးကြတဲ့အခါ မြသာလျောင်းကို သွားကြပါတယ်။ မြသာလျောင်းအဝင်လမ်းမှာတော့တစ်လျောက်မှာတော့ အရုပ်ကြီးတွေနဲ့ ကပြီး အလှူခံတဲ့အဖွဲ့တွေကိုတွေ့ရပါတယ်။ မြသာလျောင်းက တော့ အမိုးအကာမရှိနေပူထီးထီးကြီးမှာတည်ထားပါတယ်။ ရောက်တာနဲ့မထူးဘူးဆိုပြီး ဘုရားရင်ပြင်ပေါ်တက်လို့ဓါတ်ပုံတွေရိုက်ကြပါတယ်။ အရိပ်မရှိတော့ ကြာကြာ မနေနို်င်ပါဘူး။         […]


“ပဲခူးအစ ဟင်္သာက ဆိုတဲ့နေရာလေး” စိန်သာလျောင်းဘုရားကထွက်ပြီးဘယ်သွားမလဲမေးတော့ လုလင်က ကျနော်တို့ကိုလမ်းပြပေးတဲ့ ဆိုင်ကယ်ဆရာကို တစ်နေကုန်အတွက်လမ်းပြပေးဘို့အကူအညီတောင်းလိုက်ပါသတဲ့။ နေ့လည်စာထမင်းကျွေး ငွေငါးထောင်အသားတင်ပေးပေါ့။ ဒါနဲ့ဘဲသူက ဆိုင်ကယ်ကိုရှေ့ကဦးဆောင်ပြီးမောင်း ကျနော်တို့ကနောက်ကလိုက်ရင်း “ဟင်္သာကုန်း” ကိုရောက်သွားပါတယ်။ အဲဒီရောက်တဲ့အခါ သူယူလာတဲ့ဆိုင်ကယ်ကို ပြန်ထားပြီးကျနော်တို့ကားနဲ့လိုက်ခဲ့ဘို့ခေါ်လိုက်ပါတယ်။ ဒါနဲ့ဘဲသူက ကျနော်တို့ကိုဟင်္သာကုန်းအရောက်လိုက်ပို့ပေးပါတယ်။ ဘုရားရောက်တော့ နေအတော်လေးပူနေပါပြီ။ ဘုရားအခြေမှာကားရပ်ဘိနပ်တွေကားထဲထားပြီး ကုန်းတော်ဘက်ကိုအမြန်ပြေးရပါတယ်။ လမ်းမက ပူကျက်နေတာကြောင့်ပါ။ ပိတ်ရက်ဆိုတော့လူစည်ကား။ ဘုရားကုန်းတော်အရောက်ပန်းဝယ်ဘို့ခေါ်နေတဲ့ ဈေးသည်တွေကိုတိုးဝှေ့လို့တက်ရပါတယ်။ အပေါ်ရောက်ခါနီးမှာ နတ်ဒိုးသံတွေကြားတော့ မရိုးမရွ။ ကချင်လို့ဟုတ်ပါဘူး နတ်ကန္နားကို တစ်ခါမှ မှတ်တမ်းမတင်ဘူးလို့ပါ။         အဲဒါနဲ့ မဒမ်ပေါက်တို့ကို ကုန်းတော်ပေါ်လွှတ်ပြီးကျနော်က တော့ အောက်တစ်ဆင့်က ဓမ္မာရုံထဲက နတ်ကနားကနေတဲ့ဆီကိုပြေးပါတယ်။ ပြီးမှ ဘုရားကုန်းတော်ပေါ်တက်ပါတယ်။ အဲဒီရောက်တဲ့အခါမှာတော့ “ဟံသာဝတီပဲခူးအစ ဟင်္သာကုန်းက” ဆိုတဲ့စာတန်းကိုမြင်ရပါတယ်။ စေတီပုံစံတော့ထူးခြားပါတယ်။ ဘုရားကိုတစ်ပါတ် […]


ည layFebruary 4, 20132min1277
မနက်ပိုင်းအေးတလောက် နေ့လည်ပိုင်းမှာ ပူအိုက်လွန်းလှတဲ. ရွှေမန်းမြေ က ဘုရားကြီး ရာက်တုန်း ရောက်ခိုက် ရိုက်မိရိုက်ရာလေး တွေ မျှဝေပေးလိုက်ပါတယ်….      


– – – – – – – – – – – ဆဒ္ဒန်ဂူ လတ်လောင်  (16.742116,97.716542) မှာတည်ရှိပါတယ် (လတ်/လောင် ဘယ်လိုကြည့်မလဲ မသိရင် ဂျီင်္အိုတက် မှာကြည့်ပါ) ကျွန်တော်ရဲ့ ဘားအံခရီးစဉ်ဂန္ဓာရီခရီးမှ ဓာတ်သေများ (၁၀)  မှာဘားအံကိုရောက်ပြီး ဂန္ဓာရီခရီးမှ ဓာတ်သေများ (၁၁) မှာ ကျောက်ကလပ်တောင် ၊ ဂန္ဓာရီခရီးမှ ဓာတ်သေများ (၁၂) မှာ ဇွဲကပင်တောင်ကို ရောက်အပြီးမှာ ကရင်ပြည်နည်ရဲ့ ကျော်ကြားလှတဲ့ နောက်နေရာတစ်ခု ဖြစ်တဲ့ ဆဒ္ဒန်ဂူ ကို ဆက်လက် ခရီးဆက်ခဲ့ ကြပါတယ်. လမ်းကလဲ မကောင်း တာ ကြောင့် ဇွဲကပင်တောင်က နေ ထွက်လာပြီး ၁ နာရီ ခွဲ ကျော်ကျော် လောက် ကားစီးရပြီး နေ့လည် ၂ နာရီ မှာ လောက်မှာ မှာ ဆဒ္ဒန်ဂူ ကိုရောက်ပါတယ်.. စားသောက်ဆိုင်လေး ၃ ဆိုင်လောက်ရှိပြီး ထမင်း၊ ယိုးဒယားကင်၊၊ ကြက်ကြော်၊ […]


မြွေဘုရားနဲ့စိန်သာလျောင်း     ကျနော်တို့နဲ့ ဆိုင်ကယ် ကယ်ရီသမားအပေးအယူတည့်တဲ့အခါ သူက မြွေဘုရားကိုအရင်သွားမယ်ပြောပါတယ်။ သူကရွှေမောဓောဘုရားအနောက်ဘက်လမ်းကနေ တောင်ဘက်ကိုသွားပါတယ်။ အတော်လေးသွားပြီးတော့  မြေလမ်းလေးတစ်ခုထဲကိုဆင်းသွားလိုက်ပါတယ်။ အဝေးမှာသစ်ပင်တွေအုပ်အုပ်ဆိုင်းဆိုင်းနဲ့ပါဘဲ။ တောင်ကုန်းကြီးတစ်ခုရဲ့နံဘေးကနေဖြတ်သွားရတာပါ။ အိမ်ဘုတ်စုလေးတွေဖြတ်ပြီးတော့ အထဲဝင်လိုက်တဲ့အခါမှာ ကြီးမားတဲ့ အုတ်တံတိုင်းကြီးကိုတွေ့ရပါတယ်။ ကျနော်တို့လို့ ဘုရားဖူးလာတဲ့ကားအတော်များများရပ်ထားတာကိုလည်းတွေ့ရပါတယ်။ ထန်းသီးသည်တွေလဲတွေ့ပါရဲ့။ အုတ်တံတိုင်းရဲ့တောင်ဘက်မှာဘုရားတစ်ဆူ။ နေကတော့အတာ်ပူနေပါပြီ။         ဒါနဲ့ဘဲဘုရားဝင်းထဲကိုဝင်လိုက်ပါတယ်။ ဘုရားရဲ့မြောက်ဘက်ဘေးမှာအဆောင်ကြီးတစ်ခု။ အဲဒီထဲမှာ ဆရာတော်တစ်ပါးသီတင်းသုံးနေကြပါတယ်။ ဆရာတော်ကိုဝတ်ပြုသူတွေအများအပြား။ ဘုရားကတော့ အတော်အသင့်မြင့်ပါတယ်။ ဘုရားအောက်ခြေက နတ်နန်းလေးထဲမှာတော့ လူတွေပြည့်သိပ်လို့နေပါတယ်။ အများနည်းတူဝင်စပ်စုတော့ မြွေကြီးထားတဲ့နေရာဖြစ်ပါတယ်။ မြွေကြီးကို စင်ပေါ်မှာတင်ထားပါတယ်။ မြွေကြီးက မှန်နံရံမှာမှီပြီး ပါးပြင်းထောင်ထားတာကို အပြင်ကလူတွေကဝိုင်းကြည့်။ ကျနော်ကတော့ အထဲဝင်ပြီး ဓါတ်ပုံရိုက်ပါတယ်။ မြွေကြီးကို ပိုက်ဆံလှူပြီးဆုတောင်းနေသူတွေကိုလဲမြင်ရ။ အဲဒီချိန်လူတစ်ယောက်က မြွေစောင့်နေတဲ့လူကို “တကယ်ဆုတောင်းပြည့်လားဗျ”လို့မေးတော့ “မပြည့်ရင်လှူကြမလားဗျ”လို့ခပ်မာမာပြောသံကြားရပါတယ်။ ဒါနဲ့ဘဲ […]


“ဥဿာမြေ ပဲခူးမှ ရွှေမော်ဓော”     ရန်ကုန်ကိုမရောက်ခင်ကတည်းက လုလင်နဲ့တိုင်ပင်ဖြစ်တာက ဘယ်သွားဓါတ်ပုံရို်က်ကြမလဲဆိုတာကိုပါ။ နှစ်ယောက်လုံးတွက်ထားက လွတ်လပ်ရေးနေ့ကိုတော့ပဲခူးကိုသွားကြမယ်ပေါ့။ အဲဒီနေ့မနက်စောစောသွားမယ် လမ်းမှာ နေရောင်အပျောက်လေးတွေကို ဖမ်းယူကြမယ်ပေါ့.။ မရောက်ဘူးသေးတဲ့ မဒမ်ပေါက်ကိုလဲခေါ်မယ် သူ့အလုပ်က ကလေးတွေလဲလိုက်မယ်ဆိုခေါ်မယ်ပေ့ါ။ ဒါနဲ့ဘဲ မနက် ၅နာရီခွဲလောက်သွားကြဘို့တိုင်ပင်ထားပါတယ်။ လွတ်လပ်ရေးနေ့မနက်၅နာရီမထိုးခင်အိပ်ယာထ အသင့်ပြင်ထားပါတယ်။ ၅နာရီထိုးတော့ လုလင်လှမ်းဖုန်းဆက်ပါတယ်။ ထွက်လာပြီ သူငယ်ချင်းတစ်ယောက်ဝင်ခေါ်မယ်ဆိုတာနဲ့မုန့်စားရင်းစောင့်ဘို့အိမ်နားနီးတဲ့လက်ဖက်ရည်ဆိုင်ကို ချိန်းလိုက်ပါတယ်။ မုန့်စားရင်းစောင့်နေပေမယ့် ၆နာရီထိုးခါနီးမှရောက်လာပါတယ။် သူ့သူငယ်ချင်းအိပ်ယာက မနိုးလို့ထားခဲ့တယ်လို့ိုဆိုပါတယ်။   အေးစပြုနေတဲ့ဆောင်းမနက်မှာ ပျော်ပျော်ပါးပါးစကားတွေပြောရင်းထွက်လာပါတယ်။ ထင်ထားသလို လမ်းခရီးမှာလိုချင်တဲ့ပုံကတော့မရပါဘူး။ သွားနေရင်းကနေ ပုသိမ်ကိုရောက်နေတဲ့ ဘိုစိန်သော့ကို သတိတရနဲ့နုတ်ဆက်ပါတယ်။ လမ်းမှာမရပ်တော့ ဘဲ ပဲခူးအဝင်နားရောက်မှာ ရွှေခရားကြီး ဆိုတဲ့ဆိုင်မှာဝင်လို့ ကလေးတွေနဲ့ အတူ မနက်စာ စားပြီးထွက်ခဲ့ကြပါတယ်.။ လမ်းတနေရာရောက်တော့ တောတန်းလေးလိုဖြစ်နေတာကိုမြင်မိတော့ ဆင်းပြီးလက်ဆော့ ။ ကိုးနာရီထိုးခါနီးလောက်မှာ […]


နွယ်ပင်January 31, 20134min2007
ကျောက်ကလပ်ဘုရားက အပြန်မှာတော့ ဇွဲကပင်တောင်ဘက်ခဏ0င်ပြီး ကော့ကသောင်ဂူကို ဆက်လက်ထွက်ခွာခဲ့ပါတယ် … ကော့ကသောင်ဂူကို ရောက်တဲ့ အချိန်မှာ နည်းနည်းမှောင်ရီတောင်သန်းနေပင်မယ့် ကားပေါ်ပါ ယောကကျာင်္းလေး အုပ်စုကတော့ စိတ္တသုခရေကန်မှာ ရေဆင်းချိုးဦးမယ်ဆိုပြီး တက်ကြွနေကြလေရဲ့ ဒီကန်မှာတော့ ယောကျာင်္းလေး မိန်းကလေးမခွဲထားဘဲ အတူတူ ဆင်းချိုးရတာ ဖြစ်လို့ ဘယ်မိန်းကလေးမှ ရေချိုးဆင်းတာ မတွေ့ရပါဘူး နောက် ညနေစောင်းလဲ ဖြစ်ပြန် ရေကလည်း တောင်ကြားက ကြလာတဲ့ရေဖြစ်လို့ စိမ့်ပြီးအေးနေတာကြောင့်လဲ ပိုပြီးမချိုးဖြစ်ကြတော့ပါဘူး … ကော့ကသောင်မှာ ဘုရားဖူးပြီး အပြန်မှာတော့ တည်းခိုရမယ့် နေရာကိုပြန်ပြီး ညနေစာစားလို့ ဘားအံမှာ (1) ညအိပ်ပြီး နောက်နေ့ မနက်စောစောမှာတော့ မော်လမြိုင်ကို ဆက်လက်ထွက်ခွာခဲ့ပါတယ် … ေ0းကနေလှမ်းရိုက်ထားသော ဇွဲကပင်တောင် ကော့ကသောင်ဂူ ကော့ကသောင်ဂူ အပြင်ဘက်တွင်တွေ့ရသော မြတ်စွာဘုရားနှင့် ရဟန်းတော်များ […]


            ညနေခင်းဆည်းဆာ ကျနော်မိတ်ဆွေလေးရဲ့အိမ်အပေါ်ခေါင်မိုးကတော့ သိပ်အကျယ်ကြီးမဟုတ်ပေမယ့် ဖွဲ့စည်း ထားတာကတော့ အတော်လေးသေသပ်လှပ ပါတယ်။ သူတို့အခန်းက ဆယ်တစ်ထပ် မှာရှိတဲ့အခန်းပါ။ သူတို့အိမ်ကနေ အပေါ်ထပ်ခိုးကိုတက်။ ထပ်ခိုးမှာ တံခါးလေးဖောက်ထားပါတယ်။ အဲဒီတံခါးလေးက ထွက်လိုက်ရင်ခေါင်မိုးပြင်ကိုရောက်ပါတယ်။ အဲဒီခေါင်မိုးပါတ်ပါတ်လည်မှာ လမ်းလျောက်စရာ အဖြစ် တစ်ပေလောက်ချန်ထားပါတယ်။ အဲဒီလမ်းကလေးအတိုင်း တောင်ဘက်ကိုထွက်လိုက်ရင် သံဇာကာ  ကာထားပြီး ကြွေပြားတွေခင်းထားတဲ့ နေရာလေးကိုရောက်ပါတယ်။ ဟိုးအဝေးတော်တော်လှမ်းထဲ့အထိ မြင်ကွင်းကျယ်ကျယ်ကြီးမြင်ရတာလှပ။ ရှုပ်ထွေး မွန်းကျပ်လှတဲ့ရန်ကုန်မြို့မြေပြင် ကနေ ကျနော်မိတ်ဆွေလေး မကြာခဏထွက်ပြေးတဲ့နေရာလေး လဲဖြစ်ပါသတဲ့။ ရန်ကုန်မြို့ကျနော်ရောက်ခဲ့တဲ့အချိန်မှာ ဒီတစ်ခါဘဲ အမြင့်ဆုံးကနေတက်ကြည့်ဘူးတာပါ။ ကိုယ့်အထက်မှာ အုပ်မိုးထားတာကပြာလွင်သောကောင်းကင်ကြီးဘဲရှိ။ ကြည့်နေရင်းက နေမင်းက ပြန်တော့မယ်လို့နုတ်ဆက်။ အနောက်ဘက်ကောင်းကင်တစ်ခုလုံး ပုဇွန်ဆီရောင်သန်းလို့လှပ။ ကျနော်လည်းလက်ဆော့လု့ိမဝ။ အေးချမ်းတဲ့ ကာလလေးတစ်ခု။ အမှောင်သိပ်မသန်းခင်အိမ်ပေါ်ကဆင်းလာပြီး သူ့တို့ မိသားစုနဲ့ ရှေးဟောင်းနှောင်းဖြစ်တွေပြောပြီး တဲ့အခါ ပြန်လာခဲ့ပါတယ်။ ဓါတ်လှေကားထဲကထွက်လို့ […]


– – – – – – – – – – – ဇွဲကပင်တောင် လတ်လောင်  (16.809297,97.672914) မှာတည်ရှိပါတယ် (လတ်/လောင် ဘယ်လိုကြည့်မလဲ မသိရင် ဂျီင်္အိုတက် မှာကြည့်ပါ) ကျွန်တော်ရဲ့ ဘားအံခရီးစဉ် ဂန္ဓာရီခရီးမှ ဓာတ်သေများ (၁၀)  မှာဘားအံကိုရောက်ပြီး ဂန္ဓာရီခရီးမှ ဓာတ်သေများ (၁၁) ကျောက်ကလပ်တောင်   ကိုရောက်ပါတယ်..ကျောက်ကလပ်တောင်ကနေ ခရီးဆက်လာပြီး နာရီဝက်လောက် အကြာမှာတော့ ဇွဲကပင်တောင်ကိုရောက်ပါတယ် .. ဇွဲကပင်တောင်မှာခြေမှာ ရုပ်ပွားတော် တွေကို တွေ့ရပါတယ်.. အဝင်လမ်းတစ်လျှောက် ဝဲ/ယာ မှာ တည်ထားတာ ဖြစ်ပါတယ်.. တောင်မကြီးထိပ်မှာ ဘုရားလေး တစ်ဆူရှိပါတယ်.. တပေါင်းလမှာ ဇွဲကပင်တောင်တက်ပွဲ ကို ပြုလုပ်လေ့ရှိပါတယ်.. တောင်က တော်တော်မြင့်ပြီး တော်တော်ကြီးပါတယ်.. သူတို့ အပြောတော့ ၃ နာရီလောက် တက်ရတယ် ဆိုပါတယ်.. ကျုပ်တော့ မထင်. ကျုပ်တို့သာဆိုရင် အနည်းဆုံး ၆ နာရီ လောက် တက်ရမယ်ထင်ပါတယ်.. တောင်ခြေမှာ စားသောက်ဆိုင်လေး […]


ဆူးJanuary 30, 20132min32619
မြစ်ကျဉ်း ကလေး ကို ကျော်ဖြတ်လာ လိုက်မယ် ဆိုရင်.. ဆက်လက် မြင်တွေ့ရမှာကတော့.. ကျောက်နံရံမှာ ဘယ်ခေတ် အခါတည်းက ထွင်းထု ထားတဲ့ ဘုရားဆင်းတုလည်းတော့ မသိပါဘူး။ ရခိုင် မြောက်ဦး ဘက်က ဘုရားဆင်းတု ပုံစုံတွေ နဲ့တော့ ခပ်ဆင်ဆင် လို့ ခံစားမိပါတယ်။ ထင်တာ ပြောတာမို့ လွဲနိုင်ပါတယ်။         အကောက်တောင် သို့ သွားရာ လမ်း တလျှောက်မှာ ရှိသော ကျောက်နံရံ ထွင်းထု ပူဇော်ထားတဲ့ ဘုရားဆင်းတုများကို ယခုကဲ့သို့ များပြားစွာ မြင်တွေရမှာ ဖြစ်ပါတယ်။ နောက်ပိုစ်မှာတော့ အကောက်တောင်ပေါ်မှာ ရှိတဲ့ ရွှေမြင်တင် စေတီတော် ကို ခရိးဆက်တဲ့ ပုံလေးတွေ ဆက်လက်ပြသွားမှာ ဖြစ်ပါတယ်။ […]


kaiJanuary 29, 20135min69249
ဒါက.. ခရီးစဉ်(၁ )အဆက်ပါ..။ ခရီးစဉ်(၁)ကို အောက်ကလင့်ခ်ကနေကြည့်ပါနော… မိုင်၁၀၀ဝ ခရီးစဉ်(၁) ဆိုတော့… သွားခဲ့တာကိုထပ်ပြောရရင်.. လော့စ်အိန်ဂျလိစ်ကနေ.. ဆန်ဟိုဆေး(ဆီလီကွန်ဗယ်လီမြို့တော်) ကို.. ပစိဖိတ်ဟိုင်းဝေးခေါ်တဲ့ သမုဒ္ဒရာကပ်လမ်းကနေတက်တာ. ဆန်ဟိုဆေးနဲ့ ဆန်ဖရန်ကြားမှာ စတန်င်းဖို့တက္ကသိုလ်ကိုဝင်. … အဲဒီကနေ ဆန်ဖရန်စစ္စကို.. နောက်.. မြောက်ဖက်ထပ်တက်ပြီး.. ဝိုင်ထုတ်ရာမှကမ္ဘာကျော်တဲ့ နပတောင်ကြားဒေသပေါ့..။ အဲဒီကနေ.. ရီနိုဆိုတဲ့ နီဗားဒါပြည်နယ်ထဲက မြို့ကလေးသွားမလို့ဟာ.. နှင်းမုန်တိုင်းနဲ့တိုးပြီး.. အဲဒီအခြမ်းဖျက်လိုက်ရတယ်..။ နပဗယ်လီကနေပြန်ဆင်းလာပြီး ဘာကလေးယူနီဗာစတီကိုဝင်. အဲဒီကမှ.. နံပါတ်၅ ဖရီးဝေးလမ်းနဲ့ အယ်လ်အေပြန်ပါတယ်..။ မိုင်၁၀၀ဝ ခရီးစဉ်(၁)မှာ စတန်င်းဖို့တက္ကသိုလ်အထိ ရေးထားပါတယ်..။ အခုကတော့.. ဆန်ဖရန်(ဘေးဧရိယာ)နဲ့ နပတောင်ကြားဒေသဖြစ်ပါတယ်..။ ဒီခရီးစဉ်ထဲ ဓါတ်ပုံတွေကို မှတ်ချက်နဲ့ရေးသွားမယ်ဖြစ်ပြီး.. ကော်မန့်နဲ့ပဲ လိုတာတွေ..မေးတာတွေဖြည့်ပါ့မယ်..။ ခရီးသွားဆောင်းပါးပုံစံမျိုးထက်.. လမ်းကအခြေအနေ..အဖြစ်အပျက်တွေ.. ခရီးနဲ့တူတူလိုက်လာရင်း..စကားတပြောပြောနဲ့.. ဆွေးနွေးရေးသွားသလို ဖြစ်ချင်လို့ပါ..။ အင်တာနက်ခေတ်ရဲ့..  ဆန်းသစ်တဲ့ရေးနည်းသစ်ပေါ့နော..။ […]