ဆူးJanuary 29, 20132min42228
ဧရာဝတီမြစ်မှာ မြစ်ကျဉ်း ၄ခု ရှိပါတယ်။ ၄ခုမြောက် မြစ်ကျဉ်းကို ရောက်ရှိခဲ့ပါတယ်။ ပြည်မြို့ကနေ ထုံးဘို ကို ကား ၂နာရီလောက် စီးပြီးတဲ့ အခါ ထုံးဘို မြို့ကို ရောက်ရှိပါတယ်။ ထုံးဘို မြို့မှ မြစ်ဆိပ်မှ စက်လှေစီးပြီး အကောက်တောင်သို့ ခရိးဆက်ခဲ့ပါတယ်။ အဲ့ဒီမှာ စတုတ္ထမြစ်ကျဉ်း နားက ဖြတ်မောင်းပြီး အကောင်တောင်သို့ ရောက်ရှိပါတယ်။ ကျောက်တောင် အငူကလေး ထိုးထွက်နေတဲ့ အတွက် မြစ်ကျဉ်းသွားရခြင်းဖြစ်ပါတယ်။ မြစ်ကျဉ်း အငူ ကျောက်တောင် အပေါ်ကနေ နေလုံးနီနီ ထွက်ပြူလာတာကိုလည်း အမှတ်တရ မှတ်တမ်းယူခဲ့ပါတယ်။ မြစ်ကျဉ်းကို ကျော်ဖြတ်ရင်းနဲ့ ဘေးပတ်ဝန်းကျင် မနက်ရှုခင်း မှုံပြပြ အချိန်အခါ တောင်ခိုးတွေ နဲ့ အေးစိမ့်နေတဲ့ ရှုခင်းလေးတွေလည်း မှတ်တမ်းယူခဲ့ပါသေးတယ်။ ရွာထဲက ဓါတ်ပုံဆရာတွေ […]


ဆူးJanuary 29, 20131min34318
ထုံးဘိုမြို့ ကိုတော့ ရန်ကုန်ပြည် လမ်းမ အတိုင်း မောင်နှင်လာပြီး ပြည်မြို့မှ တောင်ဂုတ်လမ်းခွဲ အတိုင်း နဝဒေး တံတား ကိုဖြတ်ကာ ဆက်လက်မောင်းနှင်ပြီး ထုံးဘို လမ်းခွဲ အရောက်မှာတော့ ထုံဘို မြို့ သို့ ဆက်လက်မောင်းနှင်လျှင်ဖြင့် သခင်မြရဲ့ မွေးရပ်မြေ ကို ရောက်ရှိမှာ ဖြစ်ပါတယ်။   သခင်မြ မွေးရပ်မြေ ဆိုတဲ့ ဆိုင်းဘုတ်ကို ထင်ထင်ရှားရှား တွေ့မြင်ရပြီး ထုံးဘို ဈေးမှာတော့ ဒေသထွက်ကုန်တွေ အလွန်ပေါများလှပါတယ်။ မြစ်ဆိပ်မှာ သင်္ဘောစီးပြီး အကောက်တောင် ကို သွားတဲ့ လမ်းတထောက်နား မြို့ဖြစ်ပါတယ်။ အကောက်တောင် သွားတဲ့ လမ်းက ရှုခင်းပုံတွေ ကိုတော့ နောက်ပိုစ်တခုမှ ရေးပေးပါမယ်။   ထုံးဘိုမြို့ မြစ်ဆိပ်မှာ ထုံးဘို ဈေးရှိပါတယ်။ […]


နွယ်ပင်January 29, 20135min47515
ဘုရင့်ညီဂူကနေ ကသောကမျောလေး ဘုရားဖူးပြီးမှာတော့ ကျောက်ကလပ်ဘုရားရှိရာကို ထွက်လာခဲ့ပါတယ် … နေ့လည်စာကို မော်လမြိုှုင်မှာမနက် (9း30) လောက်မှာ စားလာခဲ့တယ်ဆိုတော့ ဘုရင့်ညီဂူက အပြန်လမ်းမှာ ဗိုက်တွေက အချက်ပြနေပါပြီ … ဒါနဲ့ ဘာစားရင်ကောင်းမလဲ ဘယ်ဆိုင်မှာ ထိုင်လို့ ကောင်းမလဲဆိုပြီး စားသောက်ဆိုင်လေးတွေကိုလိုက်ကြည့်တော့ သာသနာ့အလံတော်နဲ့ (969) ဆိုတဲ့ တံဆိပ်လေးတွေကပ်ထားတဲ့ ဆိုင်တော်တော်များများကိုတွေ့လိုက်ရတယ် ဒီလိုတံဆိပ်လေးတွေကပ်ထားတာ ဘာမှန်းမသိပင်မယ့် သာ့သနာအလံပါတော့ တစ်ခုခုပဲဆိုပြီး ဒီတံဆပ်လေးကပ်ထားတဲ့ ဆိုင်လေးမှာ အဆာပြေလေး တစ်ခုခုစားဖြစ်ပါတယ် … ပြီးတော့ စပ်စပ်စုစုနဲ့ နွယ်ပင်တစ်ယောက် ဆိုင်ရှင်ဆီမှာ တံဆိပ်လေးတွေ အကြောင်းစုံစမ်းဖြစ်ခဲ့ပါတယ် .. ဆိုင်ရှင်ပြောပြတာကတော့ ဒီ (969) အမှတ်တံဆိပ်လေးတွေက ဆိုင်တွေ၊ အိမ်တွေ၊ ယာဉ်တွေမှာ အမှတ်အသား တစ်ခုအနေနဲ့ရော ဘေးအန္တရာယ်ကင်းရှင်း စေဖို့ အတွက်ရော […]


  ကျပ်ကျပ်တည်းတည်း ရှုပ်ရှုပ်ထွေးထွေး   ဒီတစ်ခေါက်ရန်ကုန်ကိုရောက်တဲ့အခါ အရင်အခေါက်တွေထက် ယာဉ်အသွားအလာ ရှုပ်ထွေးတာကိုတွေ့ရပါတယ်။ အရင်က ကားကျပ်တယ်ဆိုပေမယ့် အချိန်မကြာ။ အခုတစ်ခေါက်ကတော့ ကားပိတ်မိတယ်ဆိုရင် အတော်ကြာပါတယ်။ ကျနော်တည်းအိမ် ကမ္ဘာအေးဘက်ကနေ မြို့ထဲဘက်လာရင် အမြဲစောင့်ရ ပိတ်မိတာကတော့ ရွှေဂုံတိုင်မီးပွိုင့်ရယ် လှည်းတန်းမီးပွိုင့်ရယ်ဖြစ်ပါတယ်။ တစ်ညမှာတော့ လှည်းတန်းမှာ ငါးကင်စားဘို့သွားကြတော့ မြင်ရတာရှုပ်ထွေးကျပ်ညပ်။ ညနေငါးနာရီအကျော်လောက်မှာလှည်းတန်းနားရောက်တော့ကားရပ်စရာရှာမရ။ ဒါနဲ့ဘဲကားကို ကားမှတ်တိုင် နှစ်တိုင်စာလောက်ဝေးတဲ့နေရာမှာ တံခါးသော့ပိတ်ပြီးထား။ ပြီးမှ စိန်ဂေဟာနားကိုလမ်းလျောက်ပြီးပြန်လာကြပါတယ် လှည်းတန်းတစ်ဝိုက် သာမန်နေ့ရက်တစ်ရက်ရဲ့စည်ကားမူ့က မန်းလေးမြိုရဲ့ ပွဲလမ်းသဘင်ရှိတဲ့ရက်မှာ စည်ကားတာနဲ့ ထပ်တူထပ်မျှ။ လမ်းဘေးမှာဖွင့်ထားတဲ့ငါးကင်၊မာလာဟင်းအပါအဝင်စားသောက်ဆို်င်တွေကကျပ်ညှပ်။ အထပ်ထပ်ချထားတဲ့ခုံလေးတွေမှာ ကပ်ကပ်သတ်သတ်ထိုင်လို့စားကြသောက်ကြ.။ အားလုံးက ကိုယ့်အာရုံနဲ့ကိုယ် စကားတပြောပြောနဲ့စားကြ။ မန်းလေးမှာစားသောက်ဆိုင်ထိုင်ရင်သူများနဲ့တွဲမထို်င်တတ်တာကို တွေးမိတော့ ရန်ကုန်သာအဲလိုအချိုးနဲ့လာရင် ငတ်မယ်လို့တွေးပြီး ပြုံးမိပါတယ်။ ြမြို့ပြရဲ့ မွန်းကျပ်မူ့ပါဘဲ။   ရန်ကုန်မြိုလည် ရွှေဂုံတိုင်နား က […]


KyaemonJanuary 28, 201321min23312
  ပျော်ရွှင်သာယာတဲ့နှစ်သစ်ဖြစ်ပါစေ၊ ————-   ယူအက်စ်နိုင်ငံPasadena မြို့မှာတခမ်းတနားကျင်းပခဲ့တဲ့  ၂၀၁၃ နှစ်သစ်ကူး နှင်းဆီပန်းပွဲတော်က ဓာတ်ပုံလက်ရွေးစင် “အလှပဂေး” တွေကိုလိုက်ကြည့်ရအောင် ———– ဓာတ်ပုံဆရာတွေကအပင်ပန်းခံပြီးခဲရာခဲဆစ်ရိုက်ခဲ့ပေးတာလို့ပြောရင် မမှားပါ၊      (နှင်းဆီပန်းအပြင်အခြားပန်းတွေပါဝင်တာပါ၊ မနွမ်းရအောင်ပန်းအချို့ကိုHolland ၊ထိုင်ဝမ် နဲ့တောင်အမေရိက Ecuador ကနေလေယာဉ်နဲ့လဲ ကပ်ပြီးမှတင်လာရတာပါ၊) ———–     (ဟန်ကျတာပေါ့ဗျား၊ ဘယ်ပြောကောင်းမလဲ၊ သူများလုပ်တာကိုကိုယ်တို့ကသက်တောင့်သက်သာနဲ့ ကြည့်ရှုခံစားခွင့်ရတာပါ) ————– (ကျန်ဓာတ်ပုံတွေကိုကြည့်ဘို့ linkလင့်ခတွေကိုနှိပ်ပါ)     ===========  Califoronia ပြည်နယ် Los Angeles ခရိုင်Burbank မြို့ကတင်ဆက်တာ California ပြည်နယ်Los Angelesခရိုင်Sierra Madre မြို့ကတင်ဆက်တာ ——————– California ပြည်နယ်Los Angelesခရိုင်Alhambra မြို့ကတင်ဆက်တာ (လောအင်ဂျလစ် ခရိုင်မှာရှိကြတဲ့Los Angeles […]


နွယ်ပင်January 28, 20134min62320
အခုတစ်လော နွယ်ပင်တစ်ယောက် သူများတွေ ခရီးထွက်တယ်ပြောတိုင်း ခရီးထွက်ချင်တယ်ဆိုပြီး ရောဂါရနေတာ တော်တော်ကြာပြီ … ဟိုခရီးဆိုလည်းလိုက်ချင် ဒီခရီးဆိုလည်း လိုက်ချင်နဲ့ သူငယ်ချင်းတွေကိုလည်း ခရီးထွက်ဖို့ လိုက်ဆွယ်နဲ့ တစ်ယေက်ထဲကို ယောက်ယက်ခတ်ပြီး ဂနာမငြိမ်ဖြစ်နေတာလေ … အိမ်က တစ်ယောက်သောသူကိုလည်း တစ်ချိန်လုံး ခရီးသွားမယ်ချည်း ပြောနေလို့ သူလည်းနားပူနေတာ တော်တော်ကြာနေပြိ … ဒါပင်မယ့် ကိုယ်ကသာ ခရီးထွက်ချင်နေတာ ခရီးတွေကလည်း သွားမယ်လို့ ပြင်လိုက် ပျက်လိုက် စီစဉ်လိုက် ပျက်လိုက်နဲ့ နောက်ဆုံးတော့ လက်လျှော့ပြီး သွားတော့ဘူးလို့ စိတ်ကို ဒုံးဒုံးချလိုက်ကာမှ ဟိဟိ တစ်ယောက်သောသူက ခရီးသွားမယ်တဲ့ နက်ဖြန်တဲ့ အလုပ်ကို ခွင့်ယူလိုက်ဆိုပြီးပြောတော့ ဘယ်ရမလဲ သွားချင်ရက်လက်တို့ နွယ်ပင်တို့က အ0တ်စားအိတ်တောင် ပြင်ပြီးသွားပြီ ဒါပင်မယ့် ဘယ်ကို သွားမှန်းမသိသေးဘူး ခရီးကို […]


– – – – – – – – – – ကျောက်ကလပ် တောင် လတ်/လောင် 16.81827, 97.64056 မှာတည်ရှိပါတယ်.. (လတ်လောင် ဘယ်လိုကြည့်မလဲ မသိရင် ဂျီင်္အိုတက် မှာကြည့်ပါ) ကျွန်တော်ရဲ့ ဘားအံခရီးစဉ် ဆြာအုပ် နှင့် ဂန္ဓာရီခရီးမှ ဓာတ်သေများ (၁၀)  မှာ ဘားအံကို ရောက်ရှိပြီး  ရေမိုးချိုးစားသောက် အရင်ဆုံး ကျောက်ကလပ် တောင်ကိုသွားကြပါတယ်.. ကျောက်ကလပ်တောင်ကတော့ ကလပ်ပုံစုံ ဖြစ်နေတဲ့ ကျောက်တောင်ဖြစ်ပါတယ်.. ရှင်းရော ကန်ကြီးရဲ့ အလယ်မှာ ကျွန်းပုံစံ ရှိနေတာဖြစ်ပြီင်္း တံတားထိုးထားပါတယ်.. တံတားကနေသွားပြီး ကျောက်တောင် ကို တက်လို့ရပါတယ်.. ဘုန်းကြီးကျောင်း လဲရှိပါတယ်.. ကျောက်တောင်ထိပ်မှာ စေတီလေးတည်ထားပါတယ်.. တဝက်လောက်အထိ တက်လို့ ရပြီး တောင်ကလပ် ထိပ်ကိုတော့ […]


IrisJanuary 27, 20134min25922
    ၂၀၁၂ နယူးရီးယားညမှာ သူငယ်ချင်းတွေနဲ ့Firework သွားကြည့်မယ်ဆိုပြီး ချိန်းထားပေမဲ ့ညနေရောက်တော့ မိုးကသည်းသည်းမည်းမည်း ရွာပါလေရော. အဲဒါနဲ ့အိမ်မှာပဲမိုးအေးအေးနဲ ့ ရုပ်ရှင်ကြည့် လက်ဖက်သုပ်စားရင်း မိုးတိတ်မှာကို စောင့်ရင်း စောစောအိပ်ပျော်သွားခဲ ့တယ်. Firework လဲမကြည့်လိုက်ရဘူး..”Happy New Year”လည်းမအော်လိုက်ရဘူး.. ကျမ က Firework ကြည့်ရတာကို အရမ်းနှစ်သက်ပါတယ်. ဒါပေမဲ့ ဒီနှစ်တော့လက်လွတ်လိုက်ရပြီ. စောစောအိပ်ရာဝင်ထားတဲ့အတွက် မနက်မှာလည်းအစောကြီးနိုးနေခဲ ့တယ်. ဒီတော့ ထုံးစံအတိုင်း ကျမ Jogging လုပ်နေကျနေရာ “Chinese Garden” ထဲကို Camera ဆွဲပြီး ထွက်လာခဲ့တယ်….နည်းနည်းလောက်ပြေးလိုက် ဓာတ်ပုံရိုက်လိုက်နဲ ့ နှုစ်သစ်၂၀၁၃ ကိုကြိုဆိုလိုက်ပါတယ်. အဲဒါကရေချို တွေပါ. မိုးရွာတဲ ့အခါမှာ ရေထုတ်မြောင်းတွေကတဆင့် အမှိုက်စစ်ဇကာတွေ […]


  အထက်အမြင့်မှ ဖူးမြင်ရခြင်း         ကျနော်မိတ်ဆွေအများစုက မန်းလေးဂေဇက်ရွာထဲကဘဲဖြစ်ပါတယ်။ ထူးခြားစွာ ဖေစ်ဘုတ်ကနေ သိတဲ့ မိတ်ဆွေတစ်ယောက်ရှိပါတယ်။ တစ်ရက်သူက ညနေခင်းမှာဖုန်းဆက်လာပါတယ်။ “ တိမ်တွေတောက်နေတာလှလိုက်တာ “ သူတို့ အိမ်ခေါင်မိုးကနေတက်ကြည့်ရင် ရွှေတိဂုံဘုရားကိုမြင်ရတာ။ ညနေခင်း တိမ်တွေလှတာ။ လပြည်ညဆိုရင် ရွှေတိဂုံဘုရားကို ကြည်ညိုစွာဖူးမြင်ရတာ။ ကိုအမြဲပြောတော့ရန်ကုန်လာရင် အိမ်အလည်လာပြီး ဓါတ်ပုံရိုက်ခွင့်ပြုဘို့ ခွင့်တောင်းထားခဲ့ပါတယ်။ ကျနော်ရန်ကုန်ရောက်တဲ့တစ်ခုသောညနေခင်းမှာ ရွှေဂုံတိုင်မီးပွိုင်အနီးက သူတို့ ဆီကိုအလည်သွားပါတယ်။ အမြင့်က 11ထပ် ဓါတ်လှေကားရှိလို့တော်ပါသေးတယ်။ သူတို့အိမ်မှာခဏ စကားပြော. ညနေခင်းရောက်တော့ အိမ်အပေါ်ထပ်ကနေ ခေါင်မိုးပေါ်တက်။ သူတို့ က သံဇကာ ကာလို့ အသေအချာလုပ်ထား။ ဓါတ်ပုံတွေရိုက်မိတဲ့အခါ ကျနော်စိ်တ်ထဲ မှာ ကျေနပ်မူ့တစ်ခု ကျန်နေခဲ့ပါတယ်။ ကျေးကျေးပါ မိတ်ဆွေလေးရေ။   ကိုပေါက်လမ်းသလားနေသည် မဟာရန်ကုန် […]


              “အဝေးကစေတီ”(မြောက်ဥက္ကလာပ)     ကျနော်ရန်ကုန်ရောက်တိုင်း အောင်မင်္ဂလာကားဝင်းကနေတည်းတဲ့အိမ်ကိုတဲ့အခါ ကုန်းကျော်တံတားကွေးကွေး ကြီးနားရောက်ရင်မြင်ရတဲ့ စေတီဖြူဖြူကြီးတစ်ခုရှိပါတယ်။ မြင့်လဲ အတော်မြင့်သလို ပုဂံခေတ်က စေတီနဲ့ပုံစံတူပါတယ်။ စွယ်တော်ဘက်လမ်းလျောက်ရင်လဲ ဒီဘုရားကိုမြင်ရပါတယ်။ ကျနော်အတော်လေးလဲစိတ်ဝင်စားပါတယ်။ အဲဒီဘုရားအမြင့်ကသာ တက်ကြည့်ရရင် အတော်ဝေးဝေးထိမြင်ရမယ်လို့ထင်မိလို့ပါ။ ရန်ကုန်သာ တစ်နှစ်တစ်ခေါက်ရောက်ပေမယ့် မဝင်ဖြစ်ခဲ့ပါဘူး။       2013 နှစ်ဆန်းမှာရန်ကုန်ကို တစ်ခေါက်ထပ်ရောက်ပါတယ်။ တိုက်ဆိုင်စွာ 2012 ရော 2013 ပါ ဇန်နဝါရီလဆန်းရဲ့ပထမအပါတ်မှာ ရန်ကုန်ကိုရောက်နေတာဘဲဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ တစ်ရက် မယ်လမုဘက်ကို လမ်းလျောက်ရင်းထွက်လာခဲ့ပါတယ်။ မယ်လမုဘုရားမှာ ဓါတ်ပုံရိုက်ပြီးပြန်အထွက်အဲဒီဘုရားကိုလှမ်းမြင်နေရပါတယ်။ အဲဒီကိုသွားမယ်ဆိုပြီး လမ်းအနောက်ဘက်ကူး။ သံလမ်းကိုကျော်ပြီး ဘယ်လိုသွားရမလဲ လို့ အဲဒီနားမှာနေသူကိုမေးကြည့်တော့ အတော်လေးဝေးတယ်ပြောပါတယ်။ နောက်ရပ်ကွက်တွေထဲဖြတ်သွားရင်မျက်စေ့လည်မယ်ပြောပါတယ်။ ဒါနဲ့ဘဲ မချင့်မရဲနဲ့ပြန်လာခဲ့ပါတယ်။     6-1-2013နေ့မနက် […]


“ငါးတို့ပျော်ရာ ရေကန်သာ(တုံမမနောက်ကလိုက်ခြင်း)” ရန်ကုန်ရောက်တဲ့ရက်မှာဘဲ Mလုလင်နဲ့အရင်ဆုံးတွေ့ပါတယ်။ နောက်တော့ ရန်ကုန်မှာကိုပေါက်အကြွေးရှင်နဲ့တွေ့ဘို့စီစဉ်ရပါတယ်။ ကျနော့်အကြွေးရှင်က ကျနော်တို့ရဲ့ငှက္ကဌကြီး ဦးပါ ပေါ့။ သူနဲ့တွေ့ ပြီး သူဧည့်ခံတဲ့ထမင်းတွေစား ကော်ကော်တွေသောက် တစ်ခါမှ မရောက်ဘူးတဲ့ ဆိုင်လေးမှာပေါ့။ နောက်တော့ တော်ကီတွေ အားရအောင်ပွားပြီး ပြန်ခဲ့ကြပါတယ်။     နေ့လည်ပိုင်းနေကပူတော့ ဓါတ်ပုံရိုက်ဘို့နေရာ စဉ်းစားမရဖြစ်နေပြန်ပါတယ်။ ဆောင်းပေမယ့် မန်းလေးထက်ပူတဲ့ရန်ကုန်ဖြစ်နေပါတယ်။ အဲဒါနဲ့ ဟိုတလောကမှ ကျနော်တို့ရွာသူ တုံမမ တင်ထားတဲ့ကမ္ဘာအေး ငါးကန်ကိုသတိရသွားပါတယ်။ ဒါနဲ့ဘဲ ဆူးလေကနေ ကမ္ဘာအေးကို ပြေးကြပါတယ်။ ကမ္ဘာအေးဝင်းထဲရောက်တော့ ငါးကန်နေရာကိုလိုက်ရှာကြပါတယ်။ ဟိုမေးဒီမေး ဟိုမှားဝင်ဒီမှားဝင်နဲ့ဘဲ ငါးကန်နားကိုရောက်သွားပါတယ်။ ကင်မရာတစ်လုံးနဲ့ဟိုချိန်ဒီချိန်ဆိုတော့ လန့်တဲ့အတွဲတွေလန့်ပေမယ့် ကဲတဲ့အတွဲက တော့ ခပ်ကဲကဲပါဘဲ။     ကန်စပ်နားရောက်တော့ နေရောင်က အနောက်ဖက်ကထိုးနေတော့ ဓါတ်ပုံရိုက်ဘို့ ခက်ပါတယ်။ […]


  “စွယ်တော်ရဲ့စွယ်တော်”   ကျနော်တည်းတဲ့အိမ်က ရန်ကုန်က စွယ်တော်စေတီနဲ့နီးပါတယ်။ အိမ်က ကုန်းကျော်တံတားအောက်မှာပါ၊ မနက်စောစောအိပ်ယာထ တံတားပေါ်တက်။ စွယ်တော်ဘက်ကို လမ်းလျှောက်ထွက်ပါတယ်။ ဘုရားနားရောက်တော့ အလင်းမလာမီ မှောင်မဲမဲ လ တောင်မဝင်သေးပါဘူး။ ဒါနဲ့ဘုရားနဲ့တွဲ့ပြီးဓါတ်ပုံလေးရိုက်ထားပါတယ်။ အများအားဖြင့် တော့ စွယ်တော်ဘုရားအရှေ့ဘက်ကနေပါတ်ပြီးကန်ဘက်ကိုသွားပါတယ်။ ပြန်လာရင်ဘုရားထဲဝင်ပြီး တစ်ပါတ် ပါတ်ပါတယ်။ ခါတိုင်းလိုဘဲရင်ပြင်တော်ပေါ်တက်ပြီး ဓါတ်ပုံရို်က်ရင်း ကိုယ်လက်လေ့ကျင့်ခန်းလုပ်လေ့ရှိပါတယ်။ ဒီတစ်ခါတော့ ဘုရားစောင့်တဲ့ လုံခြုံရေး က ဒီပေါ်မှာ လေ့ကျင့်ခန်းမလုပ်ရလို့ပြောတာနဲ့အောက်ဆင်းပြီး လေ့ကျင့်ခန်းလုပ်ပေါ့။               ခဏနေတော့ရောင်နီတက်လာတဲ့အခါ ကြည်နူးစရာပုံတွေကိုရပါတယ်။ အပြန်လမ်းမှာတော့ မရမ်းရောင်စွယ်တော်ပွင့်လေးတွေကို မြင်မိတေ့ ဓါတ်ပုံရိုက်မိပြန်ပါတယ်။ ဒီတစ်ခါတော့ စွယ်တော်ဘုရားအသွားမှာမြင်ရခဲ့တဲ့စွယ်တော်ပန်းလေးတွေက လှပ။   ကိုပေါက်လမ်းသလားနေသည် မဟာရန်ကုန် (16-1-2013)   […]


KyaemonJanuary 20, 201329min2072
ပျော်ရွှင်သာယာတဲ့နှစ်သစ်ဖြစ်ပါစေ၊ ————-     ၂၀၁၃ နှစ်သစ်ကြို ဓာတ်ပုံလက်ရွေးစင်တွေကိုလိုက်ကြည့်ရအောင်   ဓာတ်ပုံဆရာတွေကအပင်ပန်းခံပြီးရိုက်ခဲ့တာလို့ပြောရင် မမှားပါ၊ အဆက် ————– (ကျန်ဓာတ်ပုံတွေကိုကြည့်ဘို့ linkလင့်ခတွေကိုနှိပ်ပါ) ————- ABBA Happy New Year 2011 & Lyrics – YouTube http://www.youtube.com/watch?v=CCgaeJfzQrg ABBA….HAPPY NEW YEAR – YouTube http://www.youtube.com/watch?v=1CmNzr2aJ90 91,313  ခရစ်စမတ်ပွဲတော်အတွက် Los Angeles Countyခရိုင်Long Beach မြို့Belmont Shore အရပ်မှ  အပျော်စီးသင်းဘောအသင်းရဲ့အသင်းဝင်တွေက  သင်းဘောတွေကိုအလှဆင်ပြီးiတပျော်တပါးလှည့်လည်ကြတာပါ၊      Search results for boat parade http://www.flickr.com/search/show/?q=boat+parade&w=59285555%40N05&ss=2 ——-  Los Angelesခရိုင်Newport Beach မြို့ရဲ့ကုန်သည်ကြီးအသင်းကကြီးမှူးတဲ့သင်းဘောအလှပြပွဲ […]