Kyi LwinJanuary 19, 20161min21614
မင်္ဂလာပါ မန်းဂေဇက် ရွာသူကြီးနဲ့တကွ ရွာသူ ရွာသားများ ကျန်းမာတော်မူကြပါစ။ တို့များတော့ မလာတာကြာတော့ အသိမိတ်ဆွေတွေတောင် မှတ်မိပါ့မလား။ ရှိပါ့မလား ရယ်လို့ စိုးရိမ်စိတ်လေးနဲ့ တိတ်တိတ်လေး တစ်ခေါက်ပြန်အလည်လာမိပါတယ်။ ရွှေပြည်မြန်မာကြီးလည်း ကျန်းမာရေးနလန်ထတော့မယ်ထင်ပါရဲ့လေ။ တို့တိုင်းဌာနေလည်း စမ်းရေလည်းကြည် ပန်းတွေလည်းပွင့်ဖို့ ဟန်ချီကြတော့မယ်ထင်ပါတယ်။ မိတ်ဆွေအပေါင်း ရွှင်လန်းချမ်းမြေ့စေကြောင်း ဆုမွန်တောင်းရင်း နှုတ်ဆက်ပါတယ်။ မန်းဂေဇက်ရွာ စည်ပင်စေကြောင်းရှင့်.. မြန်ပြည်တခွင် ကြည်ရွှင်စေချင်တဲ့ ကြည်လွင်


Ride Along 2 January 15 Kevin Hart ရဲ့ အောင်မြင်မှုရခဲ့တဲ့ ဟာသဇာတ်ကားတစ်ကားပါ. Ice Cube ရဲ့ သရုပ်ဆောင်မှုတွေကို မတွေ့ရတာ ကြာနေတဲ့ fans တွေလည်း အကြိုက်တွေ့ဦးမယ့် ဇာတ်ကားတစ်ကားပါ. Kung Fu Panda 3 January 29 တစ်ချိန်ကတော့ ကွန်ဖူးသိုင်းပညာတွေ သင်ယူတဲ့ တပည့်တစ်ဦးဖြစ်ပေမယ့် ခုချိန်မှာ မထင်မှတ်ပဲ ရောက်ရှိလာတဲ့ အန္တရာယ်တွေကို ရင်ဆိုင်ဖို့ သူများတွေကို ပညာဖြန့်ဝေပေးရတဲ့ ဆရာတစ်ဦးဖြစ်လာတဲ့အခါ..    Zoolander No. 2 February 12 အူလိမ့်နေအောင် ရယ်ရတဲ့ Ben Stiller ရဲ့ ဖက်ရှင်နဲ့ စုံထောက် စွန့်စားခန်း ဇာတ်လမ်းပါ. နှစ်ပေါင်းများစွာ အကြာမှာ […]


ဧရာဝတီသတင်းဌာနက ဖော်ပြပြီးနောက်ပိုင် သတင်းကြီးလာတဲ့နေရာလေး။ မထိတွေ့ရသေးတဲ့ နေရာမို့ အပျိုစင်နေရာလေးလို့လည်းခေါ်ကြသေးတယ်။ ဧရာဝတီတိုင်း ငရုတ်ကောင်မြို့ကတဆင့်သွားရပါတယ်။ ဧရာဝတီတိုင်းဆိုပေမယ့် နေရာက ဘင်္ဂလားပင်လယ်အော်နဲ့ မလှမ်းမကမ်းမို့ သာယာလှပတာထင်ပါတယ်။ ဒီဇိုင်းဆွဲပေးနေကြ Travel & Tours တစ်ခုက ဓာတ်ပုံရိုက်ဖို့ လိုက်ခဲ့ပါဆိုတာနဲ့ ခြေဆန့်ခဲ့မိပါတယ်။   ငွေဆောင်လမ်းကနေ ကျော်ပြီး တော်တော်သွားရပါတယ် လမ်းကလည်း ကြမ်းပါတယ်။ ငရုတ်ကောင်းမြို့ကိုရောက် ပြီး ဂေါ်ရန်ဂျီကျွန်းကို ဆိုင်ကယ်နဲ့သွားရပါတယ် ဆိုင်ကယ်နဲ့ဆိုပေမယ့် တစ်ဖက်တစ်ချက်ကို လှေနဲ့ ကူးရပါသေးတယ်။ ဆိုင်ကယ်နဲ့ဆို 45 မိနစ်လောက်ကြာပါတယ်။ လှေနဲ့သွားလို့လည်းရပါတယ် လှိုင်းကြမ်းရင်တော့ အရမ်းကြောက် စရာကောင်းပါတယ်။ စာရေးသူတို့အသွားမှာ လှေနဲ့သွားခဲ့တာ ခြေထောက်တွေတုန် လာမိတာ မှားလေခြင်းဆိုတဲ့ အတွေးတောင် ဝင်ခဲ့ပါတယ်။   ဂေါ်ရင်ဂျီကျွန်းရောက်ရင် လှပတဲ့ကမ်းခြေကို စတင်တွေ့မြင်ရမှာဖြစ်ပါတယ်။ ကျွန်းပေါ်ကနေ အနည်းငယ်လမ်း […]


ဇီဇီJanuary 18, 20163min59724
  ဒီ တစ်ရွာလုံး ကျောက်+နှင်း, တဂျီး နဲ့ မယ်ခွစ် ပဲ စားတဲ့ အသားး။ နှစ်ကူးမှာ တဂျီး အတွက် စပွိရှယ် စု ပေးတယ်လို့ မှတ်ပါ။ ဒီ တစ်ပတ် က စ တစ်လခွဲလောက် မဝင်နိုင်မှာမို့ ကြိုနှုတ်ဆက်ထားဒါ။   ဒီ အသားမစားသူများကတော့ ခွင့်လွှတ်ကြပါ။ ကျနော်ကတော့ စားပါတယ်။ မစားဖြစ်တာ ကြာရင်း မစားဖြစ်တာပါ (ဟယ် ရှင်းလပ်ထာ) အသားဆို၊ စစ်သားရယ် ကျောင်းသားရယ် ပဲ ရှောင်ပါတယ်။ သစ်သားဆိုရင်တောင် နု ရင်း ဝါးပါတယ်။     တစ်ယောက်ထဲစားမယ့် အမဲစတိတ်ပြုတ်.. (နှင်း)     အမဲသား တောချက် (ကျောက်+နှင်း)   […]


mgsaiJanuary 18, 20161min2318
အခုပြောမဲ့အကြောင်းကတော့ ဆိုးဆေးတွေအကြောင်းပါ။ဘာလို့ဒီအကြောင်းကို ပြောရတာလဲဆိုရင် ကျွန်တော်တို့နေ့စဉ်ဘဝမှာ စားသောက်နေရတဲ့အစားအစာတွေမှာဆိုးဆေးတွေပါဝင်နေလို့ပါပဲ။ဒီနေရာမှာ ဆိုးဆေးကို ပရိတ်သတ်များအလွယ်တကူမြင်နိုင်တဲ့ဆိုးဆေးရှိသလို မမြင်နိုင်တဲ့ဆိုးဆေးတွေလဲရှိပါတယ်။ဘာတွေလဲ မျှစ်တွေကို ဆိုးဆေးအနီရောင်တွေ၊အဝါရောင်တွေဆိုးကြတာကို မြင်ဘူးကြပါလိမ့်မယ်။ဒါပေမယ့်အခုတင်ပြမယ့်အကြောင်းအရာတွေက ပရိတ်သတ်တွေ အလွယ်တကူသတိမထားမိတဲ့ ဆေးဆိုးထားတဲ့ပစ္စည်းတွေဖြစ်ပါတယ်။ ပထမဆုံးစပြောရရင် ကျွန်တော်တို့နေ့စဉ်စားသုံးနေတဲ့ ဝက်သား၊အမဲသား၊ဆိတ်သားတွေအကြောင်းက စရပါလိမ့်မယ်။ဒီအသားတွေကို ဆိုးဆေးတွေဆိုးထားသလား??ဟုတ်ကဲ့ အင်းစိန်ရွာမမှာသားသတ်ရုံတွေရှိပါတယ်။အဲဒီသားသတ်ရုံတွေမှာ ဘယ်လိုသတ်ကြလဲဆိုတော့ သူတို့ကအရင်ဆုံး သွေးတွေကို ထုတ်ပါတယ်။နွားရဲ့လည်ပင်းကို ဓါးထက်ထက်နဲ့ အပေါက်သေးသေးလေးဖေါက်ပါတယ်။သွေးတွေပန်းထွက်လာတာပေါ့၊သွေးထွက်တာနဲနဲနည်းသွားပြီဆိုရင် အပေါက်ကိုထက်ချဲ့ပါတယ်။ထွက်လာတဲ့သွေးတွေနဲ့ ဝက်ဆိုလဲဝက်သွေးပေါ့၊အမဲဆိုလဲ အမဲသွေးခဲတွေလုပ်ပါတယ်။အသားတွေကို ခွာတဲ့အခါမှာ အသားတွေမှာ သွေးမကျန်သလောက်ပါပဲ။အဲဒီအသားဖြူဖြူတွေကို ဆိုးဆေးအနီတွေနဲ့ ဆိုးပါတယ်။အသားကရဲနေတော့လတ်ဆက် တယ်ပေါ့။သူတို့ကို ဘာလို့ဆိုးရတာလဲမေးတော့ ဝယ်တဲ့သူတွေက အသားဆိုနီနေမှကြိုက်တယ်။ဖြူနေရင်မရောင်းရလို့ပါတဲ့။ နောက်တစ်ခုက ငါး။ပုဇွန်။ ငါးဒိုင်တွေမှာတော့ငါးတွေဝယ်လာတုန်းက ပါးဟက်တွေကနီနေပါတယ်။ဒါပေမယ့် အချိန်ကြာလာရင် ပါးဟက်တွေက မည်းလာပါတယ်။စဉ်းစားကြည့်ပါ သတ္တဝါတွေသေပြီးတာနဲ့ တဖြည်းဖြည်းအတွင်းကနေပုပ်လာမဲလာတာပါပဲ။လူတောင်သေပြီးရင် အသားတွေမဲပြီး ခြောက်သွားတတ်တာ သဘာဝပဲလေ။ငါးသည်တွေဆီရောက်တဲ့အခါ ငါးတွေက ပါးဟပ်တွေမဲနေပြီ။ဒီတော့ဘာလုပ်လဲ။ငါးတွေရဲ့ပါးဟပ်ထဲကို ဆိုးဆေးအနီမှုန့်တွေ ပက်ထည့်ပါတယ်။ငါးကပါးဟက်လေးတွေနီနေတာပေါ့။ဝယ်တဲ့သူတွေကလဲ ငါးပါးဟက်ကို […]


kaiJanuary 17, 20161min30914
“လူမျိုးဆိုသည်မှာ သုခ၊ ဒုက္ခ အတူခံစားကြ၍ နီးနီးစပ်စပ် အကျိုးချင်းထပ်ပြီးလျှင် နှစ်ပရိစ္ဆေဒ ရှည်လျားစွာ တမျိုးတစားတည်းပင်ဟု စိတ်ထားရှိသူတို့ကို တစုတည်းပေါင်း၍ ခေါ်ဝေါ်ခြင်းသာ ဖြစ်ပေသည်” – သခင်အောင်ဆန်း။ လူမျိုးဟူသည် မျိုးနွယ်များ၊ ဗီဇများ၊ သွေးများ ရောထွေးယှက်နွယ်စီးဆင်း မြစ်ရေအလျဉ်ကဲ့သို့ ပြောင်းလဲနေပါ၏။  ထို့ကြောင့် လူသားတွင် ဗီဇသွေးသန့်လူမျိုး၊ တိုင်းရင်းသားစစ်စစ်ဟူသည် ထင်ရှားမရှိနိုင်။ ယခင်နှစ်၅၀၀(နှစ်ငါးရာ) ကအမေရိကန်လူမျိုးသည် ယခုအမေရိကန်နှင့်များစွာခြားနားခဲ့ပြီ။ ထိုနည်းတူ ယခုခေတ် ကချင်၊ကယား၊ကရင်၊ချင်း၊မွန်ဗီဇတို့သည်လည်း ယခင်နှစ် ၁၀ဝ မှ မျိုးရိုးဗီဇနှင့် များစွားခြားနားနေလိမ့်မည်။ လူသား၏မူလ Homo sapiens ဘုံပင်မအမျိုးရိုးကြီးနှင့် လူမဟုတ်သော Neanderthal ပင်မမျိုးရိုးကြီးတို့ပင် ရောနှောနေခြင်းရှိနေနိုင်သည်ကို မျိုးရိုးဗီဇစစ်ဆေးချက်များအရတွေ့နေကြရပြီ။ ဝံသာနုရက္ခိတနှင့် စစ်ပဋိပက္ခ ဖေဖော်ဝါရီ ၁၂ရက်နေ့တွင် မြန်မာ ၆၉နှစ်ပြည့်ပြည်ထောင်စုနေ့လာဦးမည်။ လာသာလာစေဦး မြန်မာတိုင်းရင်းသားတို့အဆက်ဆက်ကား နှစ်ထောင်ချီကြာသည့်နယ်မြေလု ပြည်တွင်းစစ်ကြီးများဆင်နွှဲရဆဲ။ […]


The Purge 3   ယခင် The Purge ဇာတ်ကားနှစ်ကားဟာ မတူညီတဲ့ ရသနှစ်မျိုးကို ပြသတင်ဆက်သွားတာကြောင့် နောက်တစ်ကားမှာလည်း ဘယ်လိုလာမလည်းဆိုတာ တောင့်တမျှော်လင့်မိနေပါတယ်။ အခု နံပါတ် ၃ ကားမှာလည်း ယခင်ကားနှစ်ကားလို မိသားစုတစ်စု ၊ လူအဖွဲ့အစည်းတစ်ခုကို ဇာတ်အိမ်တည်ထားတာမဟုတ်ဘဲ ပိုမိုကျယ်ပြန့်တဲ့ ဇာတ်အိမ်နဲ့အတူ Purge အစဉ်အလာကြီး အစပြုခဲ့ပုံ ကို ဦးတည်သွားဖွယ်ရှိပါတယ်။    The Conjuring 2 : The Enfield Poltergeist     The Conjuring ကို မှတ်မိကြမှာပါ။ အဲသည်ကားထွက်ပြီးတဲ့နောက်မှာ Annabell ဆိုတဲ့ ဇာတ်ကားထွက်လာ ပါသေးတယ်။ The Conjuring 2လို့ပြောပေမယ့်။ အဲ့သည်ဇာတ်ကားထဲက ပရောဂကုတဲ့ လင်မယားနဲ့သာ […]


Before I Wake ရှစ်နှစ်အရွယ် Cody ဆိုတဲ့ကောင်လေးတစ်ယောက်ကို မွေးစားထားတဲ့ လင်မယားနှစ်ယောက်။ အဓိက ပြဿနာကတော့ Cody မှာ ရှိနေပါတယ်။ Cody ရဲ့ အိပ်မက်တွေဟာ သူတို့မိသားစုအပေါ်တိုက်ရိုက်သက်ရောက်နေတာပါပဲ။ Cody ရဲ့ အိပ်မက်တွေဟာ လက်တွေ့အပြင်မှာတစ်ချိန်တည်းတစ်ထပ်တည်းဖြစ်ဖြစ်နေတဲ့အခါ…။ အိပ်မက်ဆိုးတွေကို သူတို့ ဘယ်လိုလွန်မြောက်နိုင်မှာလဲ။ လက်ရှိ ဝေဖန်သူတွေထောက်ခံမှုကိုရရှိထားပြီး သရုပ်ဆောင်တွေအနေနဲ့ Kate Bosworth နဲ့ Thomas Jane တို့က အဓိကပါဝင်သွားမှာပါ။   The Amityville (Awaking)   2005 ခုနှစ်မှာထွက်ရှိခဲ့တဲ့ Ryan Reynolds နဲ့ Melissa George တို့ရဲ့ The Amityville Horror ကိုတော်တော်များများကြည့်ဖူးကြမှာပါ။ အိမ်ကြီးရဲ့ စေခိုင်းမှုကြောင့် မိသားစုတစ်ခုလုံးကို သတ်ပစ်တဲ့ […]


The Other Side Of The Door မတော်တဆဖြစ်ရပ်တစ်ခုကြောင့် သားငယ်လေးကို ဆုံးရှုံးလိုက်ရတဲ့ မိခင်တစ်ယောက်အနေနဲ့ သူ့သားလေးကို နောက်ဆုံးတစ်ကြိမ်အဖြစ်ပြန်ဆုံတွေ့ရမယ်ဆိိုရင် ဘာပဲဖြစ်ဖြစ်လုပ်မှာပါ။ ရှေးဟောင်း ဘုရားကျောင်းကြီးဆီကိုသွား ခြားနားနေပြီဖြစ်တဲ့ တမလွန်ကသားလေးကို အစီအရင်တစ်ခုနဲ့ ပြန်ခေါ်ဖို့ကြိုးစားရင်း အမှားအယွင်းတစ်ခုကြောင့် မထင်မှတ်တဲ့ ရလာဒ်တွေ ဖြစ်ရပ်ဆိုးတွေနဲ့ ဆက်လက်ရင်ဆိုင်ရတဲ့ဇာတ်လမ်းလေးပါ။ ဇာတ်လမ်းအလှည့်အပြောင်းကောင်းကောင်းနဲ့ အေးစက်ခြောက်ခြားဖွယ်ရသတွေကို ပေးစွမ်းနိုင်လိမ့်မယ့် ဇာတ်ကားလေးလို့ ထင်မိပါတယ်။ Trailer Link: http://m.youtube.com/watch?v=21LwJ6PLHMs   The Rings 2005 ခုနှစ်က ထွက်ရှိခဲ့တဲ့ The Ring 2 ရဲ့ နောက်ဆက်တွဲဇာတ်ကားကတော့ ဆယ့်တစ်နှစ်တိတိကြာပြီးမှ Rings ဆိုတဲ့ နာမည်နဲ့ထွက်ရှိလာတော့မှာပါ။ The Ring 2 ထွက်ခဲ့စဉ်က သမားရိုးကျ Horror ဇာတ်ကားတွေအတိုင်းမထူးခြားတဲ့ ဇာတ်လမ်းတည်ဆောက်ပုံသာဖြစ်ကြောင်း […]


မပြောဘူး …. ပြောစရာတွေေ့တာ့ မနေနိုင် ပြောတယ်ဆိုတာထက် လက်ညောင်းခံရေသည် ဆိုလျှင် ပိုမှန်မည်ထင်သည်။။ မြန်မာပြည်ကြီးတော့ တိုးတက်နေပါပြီ ကျေးလက်ဒေသ မီးလင်းရေး ကျေးရွာခြင်းဆက်လမ်းတွေ ယင်လုံ အိမ်သာစီမံချက်တွေ အမြန်သွားနိုင်တဲ့ လမ်းမကြီးတွေ ရန်ကုန်မှာဆိုုလျှင်တော့ အံ့ဩဘနန်း ဂုံကျော်တံတားကြီးတွေ ….. အဲဒါကြီးတွေကြည့်ပြီး…တိုးတက်နေဘီဆိုဘဲ…… ကြုံးကြုံးပြီသာ *&^%$#@ လိုက်ခြင်တော့သည်။။။။။။ ကျုပ်တို့ တကယ်တိုးတက်ခဲ့ပါသလား ??? လက်ရှိအချိန်မှာရော တိုးတက်နေပါသလား?????? လက်ရှိအချိန်ထိ အုပ်ချုပ်သူများသည် ကျုပ်တိုအားရီစရာဟာသများ ပျားရည်ဝမ်းချ အလုပ်များလုပ်ပြဆဲဖြစ်လေသည် တစ်နေ့ကဖတ်လိုက်ရသည် လျှပ်စစ်ရထားစတင်ပြေးဆွဲခြင်းဆိုပဲ မပြောခြင် ခွေးတစ်ခုန် သာသာဝေးသော လမ်းအား စတင်ဖွင့်လှစ်လေ၏ ဟန်ပြသက်သက်သာ ဘယ်စီးပွားရေးဘယ်လူမှုရေး ဘယ်အကျိုးစီးပွားကို မည်မျှ ထောက်အကူပြုသောလမ်းကြောင်းဖြစ်သနည်း စဉ်းစားမရ ။။။။။။။။ ပြည်သူ့ဘဏ္ဍာ ကုန်ကျစေမည့် လုပ်ရပ် ပြည်သူလဲမထူး တိုင်းပြည်လဲမထူး တစ်ဖက်ကတွေးသော် […]


             သည်းထိတ်ရင်ဖို ဇာတ်ကားတွေကို ငယ်ငယ်ကတည်းက ကြိုက်နှစ်သက်ခဲ့ပါတယ်။ မှတ်မှတ်ထင်ထင် ကြည့်ခဲ့ဖူးပြီး ကြိုက်မိတဲ့ ကားတွေထဲမှာ The Eye, The Mermaid, Final Destination စတဲ့ ဇာတ်ကားတွေ အများအပြားပါပဲ။ ၂၀၁၅မှာ သည်းထိတ်ရင်ဖိုကားတွေဟာ သိပ်ပြီး မထွက်ရှိလာခဲ့ပါဘူး။ ၂၀၁၆မှာတော့ ကျတော်တို့တွေရင်ခုန်လို့ရခဲ့ပါပြီ။ စောင့်မျှော်ရမယ့် သည်းထိတ်ရင်ဖိုကားတွေအကြောင်းကို တင်ပြလိုက်ရပါ တယ်။  The Forest ဒီဇာတ်ကားလေးကတော့တကယ်စိတ်ဝင်စားစရာကောင်းမယ့်ဇာတ်ကားတစ်ကားဖြစ်လာမှာ အသေအချာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဂျပန်နိုင်ငံရဲ့ နာမည်ကျော် Suicide Forest တစ်ခုအကြောင်းအခြေခံပြီး ရုပ်ရှင်အဖြစ်ပြန်လည်အသက်သွင်းထားတဲ့ဇာတ်ကားမို့ပါ။ Fuji တောင်ခြေရဲ့ အနောက်မြောက်ဖက်မှာ တည်ရှိုပြီး စတုရန်းကီလိုမီတာ ၃၅ ကီလိုမီတာကျယ်ပြန့်တဲ့ ဒီတောနက်ကြီးဟာ ကိုယ့်ကိုယ်ကိုသတ်သေသူတွေအတွက် နေရာတစ်ခုဖြစ်နေပါတယ်။ ပါးစပ်ရာဇဝင်တွေအရ ကွယ်လွန်သူတွေရဲ့ ဝိဉာဉ်တွေဟာ အဆိုပါတောနက်ကြီးထဲမကျွတ်မလွတ် ရှိနေကြပြီိး နောက်ထပ်လူတွေကို […]


“ဂေါ်ရန်ဂျီကျွန်းအလှ နှင့် ပင်လယ်ကမ်းခြေ နှစ်ခုအလှကို ခံစားနိုင်မည့် ခရီးစဉ်” ? တစ်ဦးလျှင် ၆၀,၀၀ဝ ကျပ် ( ၅ ဦး နှင့် အထက်၊ ၁ဝ ဦး နှင့်အထက်များ အတွက် Special Discount) ? ဇန်နဝါရီလ ၁၅ ရက်နေ့ မဟာမြိင်မှတ်တိုင်မှ စတင်ထွက်ခွာ ပြီး ဇန်နဝါရီလ ၁ရ ရက်နေ့ မနက် ပြန်ရောက်ပါမည်။ လူဦးရေ ကန့်သတ်ထားပါသဖြင့် အမြန်ဆုံးစာရင်းပေးသွင်းနိုင်ပါပြီရှင်…. အသေးစိတ် သိရှိလိုပါက ဖုန်း ဝ၉ – ၂၆ ၄၅ ၈၈၁၅၅, ဝ၉ ၂၆၂၄၄ ၉၁၀၆, ဝ၉- ၄၄၈၀ဝ ၈၁၁ဝ တို့ကို ဆကိသွယ် မေးမြန်းစုံစမ်းနိုင်ပါ တယ်ရှင်… ခရီးစဉ်တွင်း […]