kaiMarch 19, 20221min48330
၃ပါတ်ကျော်လာသည်ထိ ယူကရိန်းစစ်မပြီးသေးချေ။ သတင်းများလိုက်ဖတ်သုံးသပ်ပြီးနောက်ဖြစ်နိုင်ချေ၅ချက်ကိုတင်ပြပါမည်။(၁)ယူကရိန်းတနိုင်ငံလုံး ရုရှားသိမ်းပိုက်၍ ရုပ်သေးအစိုးရတင်သွားမည်မှာ အမြင့်ဆုံးခန့်မှန်းချက်ဖြစ်သည်။ (၂) ယူကရိန်းစစ်တပ်၏အပြင်းအထန်ခုခံမှုများပါလျှင် Dnieper မြစ်အရှေ့ဖက်ခြမ်းနှင့် ပင်လယ်ထွက်ပေါက်အားလုံး(သို) တစိတ်တပိုင်းသိမ်း၍ ဒေသလုံးကျွတ်မဲဆန္ဒခံယူပွဲလုပ်ကာ ရုရှားအောက်သို့ထိုးထည့်ခြင်းပြုသွားမည်။ (၃)နေတိုး၏ ယူကရိန်းကောင်းကင်ပျံသန်းမှုကင်းမဲ့ဇုံသက်ဝင်လာလျှင်ကား စေ့စပ်ဆွေးနွေးရေးစားပွဲပေါ်တက်၍ ရုရှားမူလတောင်းဆိုချက် ခရိုင်းမီးယားကိုရုရှားပိုင်အဖြစ်အသိအမှတ်ပြုရေး၊ Donetsk နှင့် Luhansk ဒေသနှစ်ခုလွတ်လပ်နိုင်ငံ/ဒေသအဖြစ်အသိအမှတ်ပြုရေးနှင့် နေတိုး/အီးယူသို့မည်သည့်အခါမှဝင်ရောက်ခြင်းမပြုပါဟု ဖွဲ့စည်းပုံတွင်ပြဌာန်းအတည်ပြုရေးဖြစ်နိုင်လိ့မ်မည်။ (၄)ယခုကဲ့သို့အလုံးစုံစီးပွားပိတ်စို့မှုကြောင့် ရုရှန်းလူထုထိခိုက်လွန်းလာ၍ဖြစ်လာနိုင်သည်ကား ပူတင်အစိုးရအား အာဏာသိမ်းပြီး သမ္မတအားဖြုတ်ချခြင်းတည်း။ ရုရှားသမိုင်းတွင် မအောင်မြင်သောစစ်ဆင်နွှဲခြင်းကြောင့် ဒဇားဘုရင်နှင့် ကွန်မြူနစ်USSRတို့ကို အာဏာသိမ်းမှုတို့ဖြစ်ခဲ့ဖူးသည်။ (၅)အဖြစ်ခဲဆုံးကား နေတိုး-ရုရှားစစ်ပွဲကြီးပါ။ တတိယကမ္ဘာစစ်ကြီးဟု ဆို၍ရမည်။ နှုလက်နက်ပိုင်ထားကြသည်ဖြစ်၍ ပူတင်အမှားတခုလုပ်မိက ကမ္ဘာပျက်သွားနိုင်ချေရှိပါသည်။မည်သို့ဖြစ်စေ၊ ချပြီးဆန်ရှင်တို့ကြောင့်ရုရှားပြည်၏စီးပွားရေးမှာမူ စစ်မဖြစ်မှီအခြေအနေကို ဆယ်စုနှစ်ချီပြန်ရောက်လာတော့မည် မမြင်ချေ။ကိုဗစ်ကြောင့်ထိခိုက်ထားသော စီးပွားရေးတွင် စစ်ကြောင့်ရုရှားနိုင်ငံတော်၏ဂုဏ်သိက္ခာကျခဲ့ပြီးဖြစ်သလို တိုင်းပြည်၏အကြွေးရာဇဝင် credit ratingများ ပြန်ဖြည့်ဖို့ရန် များစွာလုပ်ရပေဦးမည်။အဓိကဝင်ငွေမှာ ရေနံနှင့်သဘာဝဓာတ်ငွေ့ဖြစ်၍ အလကားနီးပါးရသည့် […]


kaiMarch 17, 20227min16431
            အင်္ဂလိပ်စကား ပြောချင်သူများမှာ စကားလုံးတွေ ဘယ်လောက် ကြွယ်ဝနေပါစေ၊ ပြောစရာအကြောင်း ရှိနေဦးမှ ဖြစ်မှာပါ။ ပြောစရာအကြောင်း မရှိရင် နှုတ်ပိတ်နေရမှာပေါ့။ ဒီတော့ မိမိရဲ့ အကြောင်းကို စိတ်ဝင်စားစရာကောင်းအောင် ပြောတတ်ဖို့ လိုလာပြီလေ။ မိမိရဲ့အကြောင်းဆိုတော့ အထွေအထူး စဉ်းစားနေစရာ မလိုပါ။ ဉပမာ – မိမိက ညီအကိုမောင်နှမတွေထဲမှာ အကြီးဆုံးလား၊ အငယ်ဆုံးလား၊ အလတ်လား စသည်ဖြင့် အရေးမကြီးလှတဲ့ ကိစ္စလေးကိုဘဲ စိတ်ဝင်စားစရာ ကောင်းအောင် ပြောလို့ရပါတယ်။ ဉပမာ ဖော်ပြပေးထားတဲ့ Dialog လေးကို ကြည့်ကြပါစို့။ Friend: Hey, you know Zaw, right? You: Sure, he’s a good friend. Friend: He’s always […]


kaiFebruary 19, 20221min23940
မြန်မာဂဇက်အယ်ဒီတာ့သင်ပုန်း – ၂၀၂၂ ဖေဖော်ဝါရီ“Sino-Russian မဟာမိတ်”လွန်ခဲ့သောနှစ်ငါးဆယ်၏ဖေဖော်ဝါရီလ ၂၁က သမ္မတရစ်ချက်နစ်ဆင်သည် ချိုင်းနားပြည်သို့ဆိုက်ရောက်သွားပြီးချူအင်လိုင်း၊မော်စီတုံးတို့နှင့်တွေ့ဆုံခဲ့သည်။ စစ်‌အေးခေတ်၏အကြီးဆုံးပြိုင်ဖက်ရုရှားနှင့်ချိုင်းနားကြား သူတို့ချင်းဝေးကွာအောင်ပြုနိုင်ခဲ့၏။ ယခုမူကားပြောင်းပြန်။ ဆောင်းအိုလံပစ်ဖွင့်ပွဲဖေဖော်ဝါရီ၄ရက်နေ့က သမ္မတရှီနှင့်သမ္မတပူတင်တို့ကိုယှဥ်တွဲလျှက်တွေ့ကြရ၏။ ယိုင်နဲ့သွားသော အမေရိကား၏စူပါပါဝါကို ဖိနင်းရင်း ကမ္ဘာသစ်အတွက် နိုင်ငံပါဝါစဥ်စာရင်းသစ်ပြုစုရန်အသင့်ပြင်လာနေကြပုံဖြစ်ပါသည်။ရုရှားသည် ဒုကမ္ဘာစစ်ပြီးခေတ်တွင် အမေရိကား၏အဓိကပြိုင်ဖက်ဖြစ်ပြီး စစ်အေးခေတ်တလျှောက် ၁၉၄၅-၉၁လုံးတွင် ကြီးစွာခြိမ်းခြောက်နိုင်ခဲ့သူဖြစ်၏။ ၁၉၈၉ ဆိုဗီယက်ယူနီယံပြိုကွဲပြီးနောက် စစ်အေးနေရာတွင် အစွန်းရောက်ဘာသာရေးအခြေပြုအရှေ့အလယ်ပိုင်းအာရပ်နိုင်ငံများ၏ စစ်ပူတို့ဖြည့်ဝင်လာသည်။ အီရတ်စစ်၊အာဖဂန်စစ်၊အာရပ်ရုန်းကန်မှုများနှင့်ဆီးရီးယားစစ်ပွဲတို့နောက် အိုင်းစစ်၏ထိပ်တန်းခေါင်းဆောင် ကေးလက်ဖ်၂ဦးလုပ်ကြံခဲ့ရပါသည်။ အာဖဂန်နစ္စတန်သို့ဝင်ရောက်ထားမှုကို အစိမ်းဖြတ်,ဖြတ်ကာ အမေရိကန်တို့ထွက်ခဲ့ချိန်ဝယ် အရှေ့တွင် နဂါးကြီးမှာအမောက်ထောင်ထ ရုပ်လုံးကြွနေပါပြီ။ “အနောက်ဆင်း၍အရှေ့တက်”အနောက်နိုင်ငံတို့၏အဓိကနိုင်ငံရေးအယူအဆ လွတ်လပ်ကမ္ဘာနှင့်ဒီမိုကရေစီမှာ မြန်မာ၊လစ်ဗျား၊ယီမင်၊အီသီယိုးပီးယား၊အဇာဘိုင်ဂျန် စသည့်ကမ္ဘာအနှံ့နိုင်ငံများသာမက အမေရိကပြည်တွင်း၌ပင် ကြီးစွာခြိမ်းခြောက်ခံထားရကား တသွေးတသံတမိန့်ဆန်သည့် အော့တိုကရေစီတို့ခေတ်နှင့်အတွေးအခေါ်တို့တင်လာသည်မှာ မှားသည်ဟုမဆိုနိုင်ရာ။ အိန္ဒိယ၏ဒီမိုကရေစီမှာလည်း ဝန်ကြီးချုပ်မိုဒီ၏အမျိုးသားရေးအကြောင်းပြတင်းကြပ်မှုများကြောင့် ၂၀၂၁အတွင်းအဆင့်တခုချခံလိုက်ရသည်။ ကမ္ဘာ့နိုင်ငံရေးတို့သည် အော့တိုခရေစီသို့ဦးတည်နေသည်မြင်ရမည်။လွတ်လပ်ကမ္ဘာခေါင်းဆောင်အမေရိကားတွင် ၂၀၂၀ရွေးကောက်ပွဲရလဒ်ကိုပစ်ပယ်ပြီး အာဏာကိုအကြမ်းနည်းနှင့်သိမ်းရန်အထိ ပြင်ဆင်မှုများဖြစ်ခဲ့သည်။ ရုန်းကန်မှုများအတွင်း […]


kaiFebruary 17, 20228min15480
ယခုလို Omicron Variant ကို ကြောက်လန့်နေရချိန်မှာ နေထိုင်မကောင်း ဖြစ်ခဲ့လျှင် ဆရာဝန်နှင့် တွေ့ရဖို့ မလွယ်ကူလှပါ။ ယခင်တုန်းကလို ဆေးရုံ အသာပြေးသွားလိုက်၊ ဘာဖြစ်သလဲဆိုတာကို လက်ဟန် ခြေဟန်ရဲ့ အကူအညီနဲ့ နားလည်အောင် ရှင်းပြဖို့ မဖြစ်နိုင်တော့ပါ။ COVID လူနာများနှင့် ပြည့်လျှံနေ၍ တော်ရုံတန်ရုံ ကိစ္စများကို Phone သို့မဟုတ် Video Visit အဖြစ် ပြောဆိုရဖို့ ဖြစ်လာပါသည်။ ထိုအခါ အင်္ဂလိပ်စကားကို သွက်လက်ချက်ခြာစွာ မပြောနိုင်သူများ၊ မပြောဝံ့သူများအတွက် အခက်အခဲ တွေ့ရှိရပါပြီ။ ဒီတော့ မဖြစ်သင့်တာလေးတွေ မဖြစ်ရအောင် နမူနာ dialog တိုလေးများဖြင့် ကူညီပေးလိုပါသည်။ ဖုံးနှင့် ဖြစ်စေ၊ Video နှင့် ဖြစ်စေ၊ ဆရာဝန်တို့ nurse တို့နှင့် စကားပြောရမည်ဆိုလျှင် […]


kaiJanuary 20, 20222min9370
၂၀၂၂ ယခုနှစ်တွင် ၂၀၂၀ကောက်ခံခဲ့သော သန်းခေါင်စာရင်း၏ အသေးစိတ်ရလဒ်တို့ထွက်လာမည်ဖြစ်ပါသည်။ အမေရိကပြည်၏ လွှတ်တော်ခုံနေရာများ လူမျိုးစုနိုင်ငံတူအုပ်စုများ ဆင်းရဲချမ်းသာ လူများစု/လူနည်းစုတို့ကို ကိန်းဂဏန်းဖြင့်ပြတ်သားစွာဆုံးဖြတ်ချက်ကျမည့်နှစ်ဖြစ်သည်။ MSMသတင်းများတွင် ၂လတကြိမ်မျှပါလာတတ်သော အမေရိကားရောက်မြန်မာကွန်မြူနတီသို့ရှေ့ရှုသုံးသပ်ရေးပါမည်။ “ပထမမြန်မာ-အမေရိကန်များ”အမေရိကားသို့မြန်မာစတင်ရောက်ရှိသည်ဟုမှတ်တမ်းရှိသည်မှာ ၁၈၅၈ရောက်ရှိသူမောင်ရှောလူးဖြစ်၏။ အမေရိကားမှ ဆရာဝန်ဘွဲ့ရပြီးနောက်မြန်မာပြည်သို့ပြန်သွားဇတ်မြုတ်သဖြင့် ပထမအခြေချသူဟုမဆိုနိုင်။ သီပေါမင်းလက်ထက် ၁၈၈၄တွင် တောင်တလုံးအမည်ရဆင်ဖြူတစီးအား အမေရိကားရှိ ဆက်ကပ်အဖွဲ့သို့ရောင်းချဖူးသည်မှတ်တမ်းရှိသဖြင့် အဆိုပါဆင်ဖြူနှင့်အတူလိုက်ပါသွားသူ ဘိုးချူးနှင့်ဘချူးဆင်ထိန်း၂ဦးမှာလည်း အမေရိကားတွင်အခြေချနေသူများဖြစ်နိုင်သည်။ ၁၈၈၈တွင်မျက်နှာ၌ပင်အမွှေးအမျှင်များရှိသူ မြန်မာမိသားစုတခုအားလည်း အဆိုပါဆက်ကပ်အဖွဲ့မှ P.T Barnum ကပင်စာချုပ်နှင့်ခေါ်ဆောင်သွားသည်ဟု သတင်းရှိသည်။ အဆိုပါမိသားစုဝင်များ(မောင်ဘိုးဆက်နှင့်မမီး)မှာဝါရှင်တန်တွင်နောက်ဆုံးသိရှိလျှက်တိမ်မြုတ်သွားခဲ့၏။မြန်မာဂဇက်သတင်းစာအနေဖြင့်လူတွေ့မေးမြန်းဖူးသူမှာ မြန်မာနိုင်ငံလွတ်လပ်ရေးမရခင် ၁၉၄၈မတိုင်ခင်ကရောက်ရှိခဲ့ပြီး အမေရိကန်အမျိုးသမီးနှင့်အိမ်ထောင်ကျ အခြေချသူဖြစ်သည်။ ထို့နောက်ဦးနု၏ ပြည်တော်သာစီမံကိန်းများအရ အမေရိကားသို့ပညာတော်သင်များအသုတ်လိုက်‌ရောက်လာကြပြီး ထိုသူများထဲမှ အခြေချသူအချို့ရှိပါသည်။ အင်တာဗျူးလည်းလုပ်ဖူးပါသည်။ “ဦးနေဝင်းပြေးများ”မြန်မာနိုင်ငံရောက်လုပ်ငန်းရှင်သူဌေးကြီးများနှင့်ပညာတတ်များ နိုင်ငံခြား(အိန္ဒိယ၊ ချိုင်းနား)မွေးသူများနှင့်မြန်မာပြည်ပေါက်များ အလုံးအရင်းနှင့်ထွက်ခွာကြရန်ကြိုးစားကြသည်မှာ ၁၉၆၂ ဗိုလ်ချုပ်ကြီးနေဝင်းအာဏာသိမ်းပြီးနောက်ဖြစ်သည်။ အာဏာသိမ်းပြီးနောက် ပြည်သူပိုင်ဆက်သိမ်းကာ တရုတ်၊အိန္ဒိယနွယ်သားလုပ်ငန်းရှင်အများအပြားအား အချို့ပြည်နှင်ဒဏ်ပေး၊ […]


kaiJanuary 17, 20221min18331
ယခု ၂၀၂၂ ပထမဆုံးလမှာ မြန်မာတွေကို တော်တော်လေး ဒုက္ခပေးတတ်တဲ့ -ed အသံလေးကို မှန်မှန်ကန်ကန် အသံထွက်တတ်ရန် လေ့လာကြပါစို့။ -ed မှာ အသံထွက် ၃မျိုးတိတိ ရှိပါတယ်။ မြန်မာလို ‘တ’နဲ့ တူတဲ့ /t/ ဆိုတဲ့ အသံလေးရယ်၊ မြန်မာ ‘ဒ’နဲ့ တူတဲ့ /d/ ဆိုတဲ့ အသံလေးရယ်၊ မြန်မာ ‘အစ်’ သံနဲ့ တူတဲ့ /id/ ဆိုတဲ့အသံလေး ဖြစ်ပါတယ်။အကြမ်းအားဖြင့်တော့ /p,k,/ ဆိုတဲ့ အသံလေးတွေရဲ့နောက်မှာ /t/ သံ ထွက်ရပါတယ်။ ဉပမာ pumped, dumped, linked, pickedအလားတူပင် /b,g,n,m/ ဆိုတဲ့ အသံလေးတွေရဲ့ နောက်မှာ /d/ ထွက်ရပါတယ်။ ဉပမာ lobbed, logged, […]


Mon LayJanuary 13, 20221min24420
၁) သူများနဲ့ မတူအောင်လုပ်ပါ။၂) သူများတွေလောဘတက်ချိန်မှာ ငြိမ်နေပါ။ သူများတွေ လောဘမတက်တဲ့အချိန်မှာ လောဘကိုအစွမ်းကုန်မြှင့်ပါ။၃) ကိုယ့်ပတ်၀◌န်းကျင်မှာ တော်တဲ့၊ ထက်တဲ့၊ ရည်မှန်းချက် ကြီးတဲ့ သူတွေနဲ့ တွဲပါ။၄) စည်းကမ်းရှိပါ။၅) အောင်မြင်လာဖို့ အချိန်ကိုစောင့်ပါ။ ဇွဲရှိပါ။ ၆) အချိန်ကို အကျိုးရှိရှိ အသုံးချရင်း အလကားဖြစ်နိုင်တဲ့ ငြင်းပယ်သင့်တာကို ငြင်းပယ်ပါ။


Mon LayJanuary 13, 20221min22820
အိမ်မက်တွေက စျေးကြီးတယ်..ဟုတ်တယ်.. မိဘတွေက ဝန်ထမ်းဖြစ်ပေမဲ့ ငယ်ငယ်ထဲက အိမ်မက်တွေက သေးမသွားဘူး။ ငါ့မှာ နောက်ခံတောင့်တောင့်တင်းတင်းမရှိ rich kidလည်း မဟုတ်ပြန်ဘူး။ ပညာတော့ တတ်သင့်သလောက်တတ်တယ်။ ဒါပေမဲ့ မိမိဘဝအိမ်မက်တွေကို ချုံ့မထားဘူး။ ကိုယ်ပိုင်လုပ်ငန်းကို တစ်နေ့ကျရင် လုပ်မယ်လို့ စိတ်ကူးခဲ့လို့ အခုချိန်မှာ အသားကုန် ကြိုးစားနေတယ်။ အခုဆို ၁နှစ်နဲ့ ၁လ ထဲရောက်နေပြီ။ ကြားထဲမှာ စိတ်ပျက် အားငယ်တာတွေတော့ ရှိတယ်။ ဘာလို့ဆို နောက်လှည့် ကြည့်ရင်၊ ကိုယ်လဲသွားရင် ငွေအားနဲ့ စိုက်ကူဖို့ အဖေမရှိတော့ဘူး။ အမေက ပင်စင်နဲ့၊။ ဒီတော့ ကိုယ့်ဖာသာအကောင်း ဆုံးပြန်ထတယ်။ ကိုယ်နေချင်တဲ့ဘဝ လုပ်ငန်းရှင်တစ်ယောက်ဖြစ်အောင်ကြိုးစားနေတယ်။ မိဘကို လိုအပ်ချက်မရှိထားချင်တယ်..ပြည့်နေတုန်းပဲ။ အရင်ကဆို ၀◌ယ်ချင်တာ၀◌ယ်နိုင်ဖို့ လစာကို ၂-၃လောက် စုခဲ့ရတယ်။ အခုဆို ၀◌ယ်ချင်ရင် […]


manawphyulayJanuary 9, 20225min15440
အစားအသောက်လုပ်ငန်းဆိုင်ရာ လုပ်ငန်း စတင်ချိန်တွင် ကုန်ကျစရိတ်နည်းပါးသော လုပ်ငန်းများကို စတင်နိုင်စေရန် နည်းလမ်းလေးများ ဖော်ပြပေးပါမည်။   ၁။ အစားအသောက်စီစဉ်ခြင်း။ (Meal Planning)    ပရော်ဖက်ရှင်နယ် အစားအစာ စီစဉ်သူသည် သတ်မှတ်ကာလတစ်ခုအတွင်း လူများကို ကျန်းမာရေးနှင့် ညီညွတ်စွာ စားသုံးရန် ကူညီပေးသည်။ ကိုယ်အလေးချိန်ကျဖို့ ကြိုးစားနေသူတွေအတွက် ဒီနည်းလမ်းက အထူးကောင်းမွန်ပါတယ်။ ၎င်းတို့၏ အစားအစာအတွက် စီစဉ်ထားသော အချိန်ဇယားသည် သရေစာများနှင့် ကျန်းမာရေးနှင့် မညီညွတ်သော လှုံ့ဆော်မှု စားသုံးခြင်းကို လျှော့ချနိုင်သည်။ ဤအခန်းကဏ္ဍသည် အာဟာရ ပညာရှင်နှင့် ဆင်တူပါသည်။    ၂။ ကြံ့ခိုင်ရေးအစားအစာပြင်ဆင်မှု (Fitness Food Prep)   နောက်ထပ် အကောင်းဆုံးသော လုပ်ငန်းအကြံအစည်မှာ အစားအသောက်စီစဉ်သူနှင့် အာဟာရနည်းပြ ပေါင်းစပ်မှုဖြစ်သည်။ အားကစားသမားများနှင့် […]


kaiDecember 16, 20212min5961
နှစ်ကုန်တော့မည်၊ နှစ်ဟောင်းကိုနှုတ်ဆက် နှစ်သစ်ကိုကြိုပါရစေ။ဇန်နဝါရီ ၆ရက်နေ့တွင်အမေရိကကွန်ဂရက်ရုံးသို့ လူအုပ်စုကြီးဝင်စီးခြင်းဖြစ် ဇတ်ကြမ်းစဖွင့်ခဲ့သော ၂၀၂၁ သည် ဇန်နဝါရီ၂၀တွင် ဂျိုးဘိုင်ဒင်ကျမ်းကျိန် အမေရိကသမ္မတအဖြစ်စတင်ထမ်းဆောင်ခြင်းဖြင့် တစခန်းရပ် အရေးယူခြင်းတို့စခဲ့သည်။အမေရိကား၏၂၀၂၁သည် လူဖြူထိပ်တင်နှင့်အမျိုးသားရေးအစွန်းရောက်ဝါဒအား ဖြေရှင်းအရေးယူနေရရာနှစ်ပါ။ ကွန်ဂရက်မှ ဇန်နဝါရီ ၆ စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့ပြီး ယခင်သမ္မတထရမ့်နှင့် အစွန်းရောက်အမည်ခံများကို အမည့်ချွေချနေဟန်ရှိသည်။ သမ္မတဘိုင်ဒင်အုပ်ချုပ်ရေး၏ရည်ရွယ်ချက်မှာ (ရိုးရှင်းသည်ဆိုချင်ဆို) ထရမ့် ၂၀၂၄တွင်သမ္မတအဖြစ်ပြန်လည်ရွေးကောက်မခံနိုင်ရေးတည်း။ အမေရိကသမိုင်းတွင် သမ္မတ ၄၆ဦးအနက် နောက်တကြိမ်ပြန်လာနိုင်သူမှာလည်း သမ္မတဂရိုဗာကလိဗ်လန်းဒ်(၂၂ နှင့်၂၄မြောက်)တဦးတည်းသာရှိဖူးပေသည်။ ၂၀၂၄သမ္မတရွေးကောက်ပွဲတွင် လက်ရှိသမ္မတဘိုင်ဒင်၏အသက်မှာ၈၂နှစ်ရှိနေမည်ဖြစ်၍ မှား/မှန်အနာဂတ်ချိန်ဆချက်တို့မှာ ၂၀၂၂ အထွေထွေရွေးကောက်ပွဲတွင်များစွာတည်သည်။ “သတင်းဒိုင်ယာရီ”သမ္မတဂျိုးဘိုင်ဒင် အာဏာရသည်နှင့် ဒေါ်လာထရီလီယံချီသည့် ဘက်ဂျက်ဥပဒေများပြုရန်ကြိုးစားခဲ့သည်။ အစပိုင်းကိုဗစ်ရောဂါကြောင့်ကျဆင်းနေသောစီးပွားရေးကိုဆွဲတင်ခြင်း($1.9 trillion American Rescue Plan -March 12) မှသည် BBB(Build Back Better) ဟုခေါ်သော($1 trillion infrastructure […]


kaiDecember 14, 20211min18031
ယခုလမှာတော့ Accent modifications လို့ ခေါ်တဲ့ accent ကို ပြုပြင်ပြောင်းလဲပေးနိုင်အောင် accent reduction လို့ ခေါ်တဲ့ accent ကို လျော့နည်းသွားနိုင်အောင် အထောက်အကူ ပေးနိုင်မဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ဦးစွာပထမ Accent ဆိုတာ ဘာလဲ၊ ဘာကြောင့် ပြုပြင်ပြောင်းလဲပေးဖို့ လိုအပ်တာလဲ ဆိုတာကို နားလည်ထားဖို့ လိုပါတယ်။ accent ဆိုတိုင်း မကောင်းတာ မဟုတ်ပါ။ မြန်မာစကားမှာတောင် ကိုယ်သဘောကျနေတဲ့ ကချင်မလေးက ကချင်သံဝဲဝဲလေးနဲ့ မြန်မာစကားပြောတော့ … “တယ် နားဝင်ချိုပါလား” တဲ့။ ကိုယ် ကြည့်မရတဲ့ လူမျိုးခြားတယောက်က မြန်မာစကားကို ဝဲတဲ့အခါကြတော့ “နားထဲ သံရေပူနဲ့လောင်းထည့်လိုက်သလို ခံစားရပါလား”။တချို့ကပြောတတ်သေးတယ်။ native speaker တယောက်နဲ့ တူအောင် ပြောတတ်မှ […]


Mon LayDecember 11, 20214min40440
ဘယ်တော့မှစီးပွားရေးမလုပ်ဘူးလို့ ပြောခဲ့တာအခုကျ စီးပွားရေးမှစီးပွားရေးပဲလ်ု့ အရူးအမူးဖြစ်နေပြီဘာလို့ဆိုစီးပွားရေးလုပ်မှသာ ကိုယ်လိုချင်တဲ့ ငွေပမဏကိူရှာနိုင်လို့ပါအဲ့လိုရှာဖို့ဆိုတာကလည်း ကြိုးစားမှရမယ် (နေ့တိုင်း)ဘေးစကားတွေနားမယောင်ရဘူး (ငါဒါလုပ်မလို့ – မကောင်းဘူးမလုပ်နဲ့/ သမီးဒါလုပ်မလို့- ခေတ်မကောင်းဘူးမလုပ်နဲ့)လိုအပ်ချက်တွေဖြည့်ရတယ် (လေ့လာစူးစမ်းရတယ်)ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ထားရတယ် (ငါကလိုချင်ရင်ဘာမဆိုရတယ်)အာ့ဆိုဖြစ်ပါတယ်#coaching#quotes#motivation#coachmonlayonlinebusinessexpert