kaiJuly 7, 20181min115511
The Myanmar Gazette July 2018 #115 ဆန်ဖရန်စစ်စကိုသင်္ကြန်။ ဓမ္မဒူတဝိဟာရကျောင်းတိုက်ဖွင့်ပွဲနဲ့တရားစခန်း။ Network of Myanmar American Association ရဲ့ Myanmar Cultural Day မောင်စွမ်းရည်ရဲ့ ဂန္တဝင်နဲ့ခေတ်ပေါ် ဆောင်းပါး။ အောင်ဝေးရဲ့ချစ်လို့ရေးတဲ့ကဗျာ(၁၀) သားစိုးရဲ့ ရောသမနှပ်လက်ဖက်နဲ့ အခြားအနုပညာအင်တာဗျူး။ မြန်မာ-အမေရိကန်ရှေ့နေ Fred Erick Win နဲ့ အမေရိကန်လူဝင်မှုကြီးကြပ်ရေးဆိုင်ရာအမေးအဖြေ။ တိမ်မည်းရဲ့ IT ကိုယ်ခံသိုင်းကွက်၆၆ချက်။ မသန္တာအောင်(ဆေးပညာဘွဲ့) ရဲ့ ခါးနာရောဂါများ(၂) ဇူလိုင်အလှပန်း မေသန္တာအောင်။ လစဉ်ဖော်ပြနေက ျ ကာတွန်း။ အင်္ဂလိပ်စာသင်ခန်းစာဆောင်းပါး။ ဗေဒင်။ သုတ၊ ရသ စုံလင်စွာဖြင့် ဇူလိုင်လထုတ် မြန်မာ့ဂဇက် ထွက်နေပါပြီ။ မြန်မာဆိုင်များမှာ အခမဲ့ရယူနိုင်ပါပြီ။ The Myanmar Gazette July […]


ဇီဇီJuly 3, 20182min10925
  ဝါးချက် ဇီဝိတဒါန သံဃာ့ဆေးရုံ ဟာ သီတဂူ ဇီဝီတဒါန သံဃာ့ဆေးရုံလောက် လူသိမများတာမျိုးရှိကောင်းရှိနိုင်မှာဖြစ်ပေမယ် နီးစပ်တဲ့ အသိုင်းအဝိုင်းဒေသမှာဆိုရင်တော့ ရဟန်းတော်များ၊ သီလရှင်များ၊ ယောဂီ များ၊ နွမ်းပါးသူများကို နွေးထွေးသော မေတ္တာဖြင့် အခမဲ့ ဆေးကုသပေးနေတဲ့ ဆေးရုံဖြစ်တယ်ဆိုတာ သိကြပါတယ်။   စစ်ကိုင်းတောင်ရိုး၊ ဝါးချက် ဇီဝိတဒါန သံဃာ့ဆေးရုံကို ၁၉၈၄ ခုနှစ် အောက်တိုဘာ ၂ဝ ရက်က က ကျစွာဆရာတော် ဦးလက္ခဏ ဦးစီး တည်ထောင်ခဲ့တာပါ။ ဆရာတော်ဟာ စစ်ကိုင်းတောင်ရိုး ရွှေကျင်ဂိုဏ်းချုပ် ဖြစ်ပြီး ပြည်တွင်းပြည်ပ သာသနာပြု တရားစခန်းတွေ ဖွင့်လှစ်ခဲ့ပါတယ်။ စစ်ကိုင်းတောင်ရိုး(ဝါးချက်)ဇီဝိတဒါနသံဃာ့ဆေးရုံကြီးနှင့် သိရီလက္ခဏာဒဂုံသာသနာ့ရိပ်သာကြီး၏ပဓာနနာယကဆရာတော်ကြီးဒေါက်တာဘဒ္ဒန္တလက္ခဏ ဟာ ၂၀၁၄ ဇွန်လ ၄ ရက်နေ့ ညက သက်တော် ၈ဝ […]


KyaemonJuly 1, 201832min9152
  ၊၊ဆောင်းပါး# ၇၆မှာထောက်ပြခဲ့တယ်၊၊ ၊၁၊ရေကာတာတွေလုပ်လို့တရုပ်နိုင်ငံကမြစ်အခရာရစင်းကောတယ်ဆိုတာ မဟုတ်မမှန်ပါ၊ဒီလိုပြောနေမဲ့အစား၊အနီးအနားကရဲရွာရေကာတာကိုသွားလေ့လာပါ၊ ၊ရဲရွာရေကာတာနဲ့ဝန်းကျင်လဲ ၊မကောပါ၊ ၊ရွှေကျင်ကရေကာတာ၊ရွှေလီ၊ပေါင်းလောင်းရေကာတာဝန်းကျင်တို့လဲ ၊မကောပါ၊ အနီးအနားလက်လှမ်းမှီရေကာတာကိုချန်လှပ်ပြစ်တာကလုံးဝမသင့်တော်ပါ၊    ၊၂၊ရေကာတာထဲကိုရေတွေ၊စတင်ပြီးရေတင်တာနဲ့ဘဲငလျင်ကြီးတွေဖြစ်တယ်လို့၊ တဘက်ကပြောတယ်၊အပြောပါဘဲ၊မခိုင်လုံပါ၊ ၊တရုပ်နိုင်ငံကရေကာတာအကြောင်းကိုမပိုင်ဘဲနဲ့ရေးနေမဲ့အစား၊ ၊လက်လှမ်းမှီရဲရွာစတဲ့ဖော်ပြပါရေကာတာတို့မှာရေတွေ၊စတင်တာနဲ့ဘဲ၊ ငလျင်ကြီးလှုပ်ခတ်တာရှိမရှိစူးစမ်းသင့်တယ်၊ဖော်ပြသင့်တယ်၊ ဒီလိုကွက်ကျော်ချန်လှပ်တာကတာဝန်လစ်ဟင်းတယ်၊ ၊၃။ကျောက်စိမ်းလေလံမှရောင်းရငွေ၊ဓာတ်ငွေ့ရောင်းရငွေတွေ၊ဒါတွေလောက်တောင် ၊မရလို့ ၊သေးသိမ်တယ်၊မဖြစ်စလောက်ပါဆိုပြီး၊မြစ်ဆုံရေကာတာကိုမလုပ်သင့်ဘူးလို့ ၊မဟုတ်မဟပ်ကိုပြောလာခဲ့တယ်၊ ၊အမှန်မှာမြစ်ဆုံရေကာတာကကျောက်စိမ်းရောင်းရငွေ၊ဓာတ်ငွေ့ရောင်းရငွေတို့ ၊ထက်ပိုရမှာပါ၊ဆောင်းပါး# ၄၂ကိုကြည့်ပါ၊https://myanmargazette.net/229526 ရဲရွာရေကာတာ၊ရွှေကျင်၊ရွှေလီ၊ပေါင်းလောင်းရေကာတာ ၊တို့ရဲ့ရောင်းရငွေထက်လဲပိုရမှာပါ၊ ၊မြစ်ဆုံရဲ့လျှပ်စစ်ထုတ်နိုင်စွမ်းအားကပိုကြီးလို့၊ ၊ရေကာတာအလယ်အလတ်တွေ၊ခဲမူးစေ့တွေကသူနေရာနဲ့သူတန်ဖိုးရှိသလို၊ ၊မြစ်ဆုံရေကာတာဆိုတဲ့ရွှေဒင်္ဂါးကလဲသူ့နေရာနဲ့သူတန်ဖိုးရှိတယ်၊ပိုလို့သာ ၊တန်ဖိုးကြီးအသုံးဝင်ပါတယ်၊  ၊ခဲမူးစေ့တွေကိုရအောင်မနဲကြိုးစားရပြီး၊ရွှေဒဂါးကျောက်တန်ပတ္တမြားကျတော့ ဘာဖြစ်လို့လွှင့်ပစ်ရမှာလဲ?၊ဆောက်လက်စငွေများစွာကုန်ကျခံပြီးမှဘာဖြစ်လို့စွန့်ပစ် ရမှာလဲ?၊ရေကာတာကြီးကရေကာတာလေးတွေထက်ဆိုးကျိုးသက်သာကြောင်း၊ ကောင်းကျိုးပိုဖြစ်ထွန်းကြောင်:၊အမေရိကန်တက္ကသိုလ်စာတမ်း၂ခုတောင်ထွက်လာပြီဘဲ၊ ၊ရဲရွာရေကာတာ၊လောပီတ၊စသည်တို့ကိုခွင့်ပြုနိုင်သေးရင်ဆောက်လက်စ၊ကုန်ကျပြီးလက်စ၊ ၊မြစ်ဆုံရေကာတာကိုလဲခွင့်ပြုသင့်ပါတယ်၊   ၊စဉ်းစားပါအုန်းလေ၊အရင်းအမြစ်က၊ဒေသခံတွေကိုကျေနပ်အောင်ဝေစားမျှစားလုပ်နိုင်ရမယ် ၊မဟုတ်လား၊ဒါကခေါင်ဆောင်ကောင်းတိုင်းတို့ရဲ့အလုပ်တာဝန်တရပ်ပါလို့ပြောရင်လွန်မယ်လို့မထင်ပါ၊   === ၊လိုအပ်ရင်၊တဘက်သားကိုဖြေရှင်းခွင့်ပေးပြီး၊ဝိုင်းဝန်းပြီးအကြံပေးဖို့တောင်းဆိုနိုင်တယ်၊   တရုပ်နိုင်ငံကအကူအညီ ၊၂၀၁၅တုန်းကမြန်မာနိုင်ငံရေကြီးချိန်မှာသံအမတ်ကြီးဟုန်လျန်ဦးဆောင်တဲ့ Blue Sky၊ကယ်ဆယ်ရေးအဖွဲ့၃ဖွဲ့၊   ၊ကယ်ဆယ်ရေး ၊အမြန်သင်္ဘောSpeedboatsအစီး၁၀၀၊ရေသန့်၊အစားအစာတွေ (၊တရုပ်ငွေယွန်၁ဝသန်းဖိုး) ၊ကိုလိုက်ဖြန့်ချီလှူဒါန်း၊     Published […]


Mon LayJune 29, 20181min5762
အဟမ်းဟမ်း…ခရီးမသွားတာ ၃လလောက်ကြာသွားတော့ နောက်လထဲလည်း ပိတ်ရက်ကလည်းရှိနေတော့..မွန်လေးပြည်တွင်းခရီးစဉ်အနေနဲ့ ပုဂံကိုသွားမလားလို့စိတ်ကူးပါတယ်။ ပုဂံကို ဆယ်တန်းအောင်ပြီး တစ်ခေါက်ပဲရောက်ဖူးပါသေးတယ်..အဲ့နောက်ပိုင်းတစ်ခါမှမရောက်သေးပါ။ ခုတစ်ခါ ထပ်သွားမယ်ဆိုပြီး ပြင်နေတယ်ပေါ့နော်။ ပြီးတော့ တစ်နေရာသွားရင် စာဖတ်ပြီးမှသွားလေ့ရှိတဲ့မွန်လေးက စာတွေလည်းရှာဖတ်တယ် ပေါ့နော်။ အဲ့မှာ စာရေးသူတစ်ယောက် နာမည်တော့မသိတော့ပါ။ သူက ပုဂံကကလေးတွေအကြောင်းတွေကိုရေးထားတာလေးသွားတွေ့ပါတယ်။ သူတို့လေးတွေက ကျောင်းပိတ်ရက်ဆို မိဘတွေကိုကူညီဖို့ဘုရားမှာပန်းရောင်းတဲ့သူနဲ့ စကားပြန်ဂိုက်လုပ်တဲ့သူနဲ့ အဲလို လုပ်ကျွေးကြတယ်လို့ဖတ် ရပါတယ်။ ဖတ်လည်းပြီးရော သနားစိတ်လေးတွေဝင်ရော။ အရင်ကဆို ခရီးသွားရင်စားမယ်သောက်မယ်ဝယ်မယ်လည်မယ်ပဲစိတ်ရှိခဲ့တာ။ ခုတော့ ကလေးတွေကိုလှူချင်စိတ်လေးပါဖြစ်ပါလို့..ခရီးသွားရင်းလှူမယ်စိတ်ကူးပါတယ်။ ခုရွာထဲကလူတွေလည်းလှူဖို့ သဒ္ဓါတရားထက်သန်ရင် လှူစေချင်ပါတယ်။ ဓါတ်ပုံရိုက်ပြီးလည်းပို့စ်ပြန်တင်ပေးပါမယ်။ မွန်လေးဘဏ်အကောင့်ပေးပါမယ်.. Yoma Bank 014335036237 Daw Aye Myat Mon + Daw Aye Aye Khine KBZ ATM card 99930713300423101 – […]


kaiJune 29, 20182min1701
ယခုလမှာ Grammar ကို လက်တွ့အသုံးချပြီး ဝါကျလေးတွေရေးတတ်လာေအောင်လေ့လာကြပါစို့။ ယခင်လက အင်္ဂလိပ်စာ ကောင်းကောင်းရေးတတ်လိုလျှင် ဝါကျ ၄မျိုးရေးတတ်ဖို့လိုအပ်ကြောင်း ဖော်ပြခဲ့ပြီး ပါပြီ။ Simple sentences Compound sentences Complex sentences Compound complex sentences ဖော်ပြပါဝါကျ ၄ခုအနက် အလွယ်ဆုံးလို့ ကျောင်းသူကျောင်းသားအများစု ထင်တတ်တဲ့ Simple sentences ကို အဓိကထားပြီးလေ့လာကြရအောင်၊အရင်လက ပြောခဲ့သလိုပါပဲ Simple sentences ဆိုတာ subject သို့မဟုတ် verb တခုတည်းသာပါတဲ့ဝါကျတွေကို ဆိုလိုပါတယ်။ ဦးစွာပထမလွယ်ကူတဲ့ ဝါကျလေးတွေကိုကြည့်ကြရအောင်။ ဖော်ပြပါ structure ကို အရင် လေ့လာဖို့လိုပါတယ်။ Subject + verb +/- object Subject +subject + verb […]


kaiJune 28, 20181min1921
“တရားဝင်သင့်/မဝင်သင့်..” မြန်မာပြည် ဇွန် ၂ဝရက်နေ့ထုတ်ကြေးမုံသတင်းစာတွင် ပါမောက္ခ ဒေါက်တာခင်မောင်ကြီး (စိတ်ကျန်းမာ၊ မူးယစ်)၏ဆေးခြောက်နှင့်စိတ်ကျန်းမာရေး ဆောင်းပါးဖေါ်ပြကာ ဆေးခြောက်တရားဝင်သုံးစွဲမှု တောင်းဆိုခြင်း ကိစ္စမေးလာပါက “ဆရာကတော့ နိုး (No) ပါပဲ”ဟု ပုဂ္ဂလိကထင်မြင် ယူဆချက်ပေးခဲ့သည်။ ဆရာဝန်/တာဝန်ရှိခဲ့သူဖြစ်၍ သူသိသောသူ့အလုပ်သူလုပ်သည်ဆိုရမည်ဖြစ်သော်ငြား အဆိုပါအချက်တို့ကို ယခုခေတ်ကမ္ဘာနှင့်ချိန်ဆကြည့်နိုင်ရန် မြန်မာဥပဒေပြုအမတ်တို့တွင်တာဝန်ရှိလာပါသည်။ သို့ဆိုသော် ပြည်သူလွှတ်တော်ကိုယ်စားလှယ်တို့၏ အသိဉာဏ်ရေးရာကြွယ်ဝမှုနှင့် နိုင်ငံရေးပါးဝမှုတို့သည် တိုင်းပြည်အနာဂတ်အတွက်လွန်စွာအရေးကြီးသောအခြေအနေရောက်နေသည်။ “Cannabis, Coca, Poppy & Methamphetamine” ဆေးခြောက်၊ ဟိုးယခင် ကိုကာကိုလာအဖျော်ရည်ပေါ်စဉ်က တွင်ထည့်ခဲ့သုံးခဲ့သည်ဆိုသော ကိုကာရွက်(ကိုကင်းထုတ်ရာအရွက်) နှင့် မြန်မာတို့၏ ရွှေတြိဂံနယ်မြေမှ ကမ္ဘာ့တန်းအထုတ်ဆုံးဖြစ်ခဲ့ဖူးသည့် ဘိန်း တို့သည် သဘာဝအပင်ထွက်များဖြစ်ကြ၍ ယာဘ-မြင်းဆေးမှာမူ ဓာတုဆေးဝါးဖြစ်သည်။ အဝတ်လျှော်စက်တလုံးစာမျှသာအရွယ်ရှိသော စက်များဖြင့် မြန်မာနယ်စပ်ရွာများတွင် Meth မူးယစ်အဆိပ်ဆေးဝါးများထုတ်ကြသည်မှာ မြန်မာသည်ကမ္ဘာ့အထုတ်ဆုံးတိုင်းပြည်သွားဖြစ်နေ၏။ သဘာဝပေးမဟုတ်မူ၍ပြင်းထန်သောသက်ရောက်မှုရှိကာ သုံးသူတို့မျိုးကန်းနိုင်သည်။ […]


Kyi LwinJune 20, 20181min5437
မင်္ဂလာပါ မြန်ဂေဇက်ရွာ လွမ်းလွန်းလွန်းလို့လာ မရောက်တာကြာ ကျန်းခန့်သာလို့ မာကြရဲ့လားဗျာ။   မြန်ပြည်တခွင် ကြည်ရွှင်စေချင်တဲ့ ကြည်လွင်။


ကေကျုတို့ ရှစ်လေးလုံးပါတီကို ရွေးကော်က ကန့်ကွက်သူရှိလို့ နံမယ်ပြောင်းခိုင်းလိုက်တယ်။ မူလတင်တဲ့နံမယ်က ရှစ်လေးလုံးပါတီ နောက်တော့ ရှစ်လေးလုံးနံမယ်ကို တပါတီတစုတဖွဲ့အတွက် မသုံးရလို့ ပြည်တွင်းပြည်ပကနေ ကန့်ကွက်လို့ ရွေးကော်က ခေါ်တွေ့တာကြောင့် ရှစ်လေးလုံးပြည်သူ့ပါတီလို့ အမည်ပြောင်းလိုက်ရတယ်။ ယနေ့ဆိုလျင် ပါတီတည်ထောင်ခွင့် တင်ထားတာ ခြောက်လပြည့်တော့မည်။ ပြစ်ချက်မရှိတဲ့ နိုင်ငံရေးပါတီလောင်းတခုကို ဟန့်တားပိတ်ပင်တာ ဥပဒေနဲ့ မညီပါ။ ကန့်ကွက်သူ နှစ်ရာကျော်ကြောင်း သတင်းများအရ သိရတယ်။ ကန့်ကွက်သူရှိတိုင်း လုပ်ကြေးဆို ရွေးကော်လူဂျီးများ ကိုယ့်တာဝန် ကိုယ်ယူဖို့ လိုလိမ့်မယ်။ တုန်ချိတုန်ချိ ငှက်အဆိုးရ လက်ထက်မှာ သိပ်မမျှှော်လင့် စကောင်းပေမဲ့ ဒီလောက်ထိတော့ မျက်နှာလွဲခဲပစ် မလုပ်သင့်ဘူး။ ကိုယ်နိုင်တုံး ဖိထောင်းရင် ကိုယ်ခံရတဲ့ အလှည့်ရောက်တဲ့အခါ အကျနာလိမ့်မယ်။ ဖဆပလ လက်ထက်မှာ ဦးနုအစိုးရ လူအများစု ထောက်ခံတယ်ဆိုပြီး အတိုက်အခံကို […]


“မင်းတိုင်းကျေ “ ကျနော်အလုပ်အတွက် ဘဏ်အတော်များများသို့ မကြာခဏ ရောက်လေသည်။ တံခါးဝတွင်တန်းစီရပ်နေသော ဝန်ထမ်းများထံမှ “ကျေးဇူးတင်ပါတယ်”ဆိုသောအသံကို ဘဏ်အဝင်တွင်ဖြစ်စေ အထွက်တွင်ဖြစ်စေ ကြားရမြဲဖြစ်လေသည်။ သို့သော်ကျနော်ရင်ထဲစိတ်ထဲတွင်မည့်သို့မျှ မခံစားရ။ ညွှတ်နူးသောစိတ်သည် ရောက်မလာခဲ့။ ကျနော်စိတ်ထဲတွင်ရောက်လာသောစကားလုံးသည်ကား ငယ်စဉ်ကတည်းက ကြားနေကျဖြစ်သော “မင်းတိုင်းကျေ “ဆိုသည့် စကားလုံးပင်ဖြစ်လေသည်။ ကျနော်ငယ်ငယ်က အဆော့မက်ပါသည်။ အဖွားက လက်တိုလက်တောင်းခိုင်းစရာရှိလျှင် ကျနော်ကိုဘဲခေါ်ပါသည်။ သူခိုင်းလိုက်သည်ကိုအမြန်ပြီးအောင်လုပ် ပေးပြီးသူငယ်ချင်းများနှင့်ပြန်ကစားဘို့သာစိတ်ရှိပါသည်။ ဥပမာ အဖွားက တရုတ်ပဲငံပြာရည်ဝယ်ခိုင်းသည်ဆိုပါစို့။ အဖွားကြိုက်သော ပဲငံပြာရည်မှာ ၃၄လမ်း မှာရှိသော အရှုပ် တို့ စက်ရုံမှဖြစ်ပါသည်။ ကြာညို့ဆိုလျှင်လည်းထို့အတူ။ အရှုပ်တို့ စက်မှထွက်သော ပစ္စည်းက လေးလေးပင်ပင်ရှိသည် သုံးရသည်မှာ တာသွားသည် ဟုဆိုလေသည်။ ကျနော့်အမြင်ကား ဒီပဲမှနေ၍ ဒီလိုနည်းဖြင့်ချက်သော ပဲငံပြာရည်ဖြစ်စေ ကြာညို့ဖြစ်စေ အတူတူ ပင်။ ထို့ကြောင့် […]


“မနိုင်သော ပဲကြီးဟင်းများ “ ဒီနေ့မနက် မူဆယ်ကနေ ကျယ်ခေါင်ဘက်ကို ဝင်ဘို့ ဆင်ဖြူပေါက်ရောက်တော့ ဆိုင်ကယ်တန်းက ရှည်လျားစွာရှိနေလေသည်။ လင်းရောင်ခြည်လမ်းဟုခေါ်တွင်သောလမ်းလေးခွဆုံကိုကျော်ပြီးအတော်ဝေးဝေးအထိရောက်နေပေသည်။ ဆိုင်ကယ်များက ရုပ်ရှင်အနှေးပြကွက်လို တအိအိသာရှေ့သို့ ချီတက်နေ၏။ ဒီအထဲမှာမှ တန်းစီနေသူတို့သည်နောက်မှရောက်လာသောမိတ်ဆွေတို့ကိုအားရပါးရ လှမ်းခေါ်ပြီးဝင်စေလေသောအခါ တန်းစီနေသောဆိုင်ကယ်များသည် အမိူက်များဖြင့်ပြည့်နေသောရေမြောင်းလို တအိအိနှင့်သာမရွေ့ချင်ရွေ့ချင် ရွေ့နေလေတော့သည်။ သည်းခံခြင်းတရားဖြင့်ပြည့်စုံပြီးအလွန်တစ်ရာကူညီတတ်သူများကြောင့်လည်း နောက်မှရောက်လာပြီးကြားဖြတ်ဝင်သူများမှာအခက်အခဲမရှိ အချိန်မကုန် လူမပန်းဘဲ အလွယ်တကူ ရှေ့သို့ရောက်တော်မူလေ၏။ စည်းကမ်းမဖောက်ဘဲ စံနစ်တကျတန်းစီနေကြသော နိုင်ငံကြီးသားပီသသော သူတို့ မှာမူ ရှေ့သို့အတော်နှင့်မရောက်ဘဲရှိနေလေသည်။ ဆိုင်ကယ်တန်းစီနေသောသူသာများသည်မထင်ပါနှင့်။ လမ်းလျောက်ပြီးဝင်ကြမည့်သူများမှာလည်း နှစ်တန်း တန်းလျှက် လူရာချီ၍ တန်းစီနေကြလေသည်။ အများအပြောအရ တစ်ခါဝင်လျှင် တစ်နာရီကျော် နှစ်နာရီနီးပါး တန်းစီရသည်ဟု ဆိုကြလေသည်။ အလိုအလျောက်ဝင်ခွင့်ကဒ်ပြားကို လက်ဝယ်ရှိထားသူများကတော့ တန်းစီစရာမလိုဘဲတန်းဝင်နိုင်သော်လည်း စာအုပ်အနီနှင့် တစ်ခါသုံးကဒ်အစိမ်းကိုင်ဆောင်ထားသူများကတော့တမေ့တမော မတ်တပ်ရပ်ကာ မိုးရွာအစို နေပူအခြောက် စောင့်ကြရလေသည်။ […]


KyaemonJune 11, 201859min11543
    ၊ရှေ့ဆောင်းပါး#၇၆မှအဆက် ၊တရုပ်နိုင်ငံကဘာကောင်းကျိုးတခုမှလုပ်မပေးဘူးလို့ဖေ့ဘုက်မှာရေးကြတယ်၊ ၊ဒါတွေကိုယုံပြီးဆက်အာနေကြတယ်၊ ၊အခြားနိုင်ငံတွေကမြန်မာနိုင်ငံကိုအနဲနဲ့အများကောင်းကျိုးပေးသလို၊ ၊တရုပ်နိုင်ငံကလဲကောင်းကျိုးပေးပါတယ်၊ ၊ရှေ့ဆောင်းပါးနဲ့ဒီဆောင်းပါးတွေကိုသေသေချာချာလေ့လာပါ၊၊ အခြားနိုင်ငံတွေထက်တောင်၊တရုပ်နိုင်ငံကမြန်မာနိုင်ငံကိုကောင်းကျိုး ၊ပေးနေတာကမငြင်းသာပါ၊လယ်ပေါ်မှာဆင်သွားသလိုထင်ရှားလှပါပေတယ်၊ (တာဝန်မကျေပြည်သူတွေကိုကွက်ကွက်ပြီးတင်၊ကလာဖန်ထိုးကြတဲ့သတင်း သမားတွေ၊အပြင်ပယောဂတွေ၊ရှိတယ်နော်၊တရုပ်နိုင်ငံကကောင်းကျိုးပြုသတင်းတွေကိုတွေ့ခဲတယ်၊ ၊မကြိုက်ရင်၊တကြောင်းနှစ်ကြောင်း၊ဂျောင်ပို့၊တင်ရင်တခဏ၊အင်္ဂလိပ်ပိုင်းဘဲပို့၊နဲ့ကစားလို့ရတယ်)  =====    (၊ကြားဖြတ်ပြီး၊ ၊မြစ်ဆုံရေကာတာလုပ်ရင်အကျိုးရှိမရှိကိုဘဲအာရုံပြုပြီးဆွေးနွေးဖို့ပါ၊ ၊တရုပ်နိုင်ငံကကောင်းကျိုးဘာတခုမှမလုပ်ဘူးဆိုပြီး၊မဆီမဆိုင် ၊(၊ဆိုင်သလိုလိုနဲ့)၊ရှုပ်အောင်ဆွဲထဲ့လာတယ်၊ (၊ဒီလိုပြောစတမ်းဆိုရင်၊တရုပ်နိုင်ငံကကောင်:ကျိုးပြုခဲ့တယ်ဆို ၊တာနဲ့ဘဲလုပ်ခွင့်ပေးမှာလား?၊တကဲ့တကယ်ကြတော့တရုပ်နိုင်ငံကကောင်းကျိုးပေးပါတယ်၊ ၊မြစ်ဆုံရေကာတာကလဲအကျိုးပေးမှာပါ၊ ၊အကျိုးအမြတ်ခွဲဝေမှုကလွန်စွာမှမျှတတာကိုဆောင်းပါး#၃၈မှာ ၊အသေးစိတ်ဖော်ပြခဲ့ပြီးသော်လည်း၊မဟုတ်တာတွေကိုဖေ့ဘုက်မှာထပ်ရေးတင် ၊လာလို့ဒီဆောင်းပါးရဲ့အလယ်ပိုင်းမှာထပ်ရှင်းထားပါတယ်)  —–   ၊မြန်မာနိုင်ငံအတွက်တရုပ်နိုင်ငံကကူညီမှုကောင်းကျိုးများဆက်ပြောမယ်   http://xinhuamyanmar.com/sino-myanmar/social/14269-2018-01-06-09-25-23 ရန်ကုန် ၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ အစိုးရ က မြန်မာ နိုင်ငံ အစိုးရ ထံ သို့ အဆင့်မြင့် ရွေ့လျား နေအိမ် အလုံး (၁၀၀) လွှဲပြောင်း ပေးအပ် ခြင်း အခမ်းအနား ကို […]


Mon LayJune 8, 20181min8225
မြန်မာနိုင်ငံရဲ့ယဉ်ကျေးမှုမြို့တော်ဖြစ်တဲ့ မန္တလေး မြို့ကို သွားလည်ရင်သမိုင်းအကြောင်းကို လေ့လာနိုင်တဲ့အပြင် မြန်မာနိ်င်ငံရဲ့အလှဆုံးနေရာတွေမှာ ဓာတ်ပုံရိုက်လို့လဲ ရပါတယ်။ဓာတ်ပုံရိုက်တာ ဝါဿနာပါတဲ့လူတွေအတွက် ဓာတ်ပုံရိုက်လို့ ကောင်းတဲ့နေရာတွေကို ပြောပြမယ်နော်။ ဦးပိန်တံတား ဧည့်လမ်းညွှန်စာအုပ်တွေဓာတ်ပုံစာအုပ်တွေထဲကအလှဆုံးဓာတ်ပုံတွေကိုကြည့်ရင် ကမာ္ဘ့ဟောင်းဆုံးနဲ့အရှည်ဆုံးဖြစ်တဲ့ဦးပိန်တံတားမှာရိုက်ထားတာကိုတွေ့ရမှာပါ။ဦးပိန်တံတားနဲ့ရေကန်ဟာရေ အတက်ဆုံးဖြစ်တဲ့ဒီလိုအချိန်မှာအလှဆုံးပဲဖြစ်ပါတယ်။နေမဝင်ခင် ၂နာရီလောက်အလိုဟာတစ်နေ့လုံးမှာဓာတ်ပုံရိုက်လို့အလှဆုံးပဲဖြစ်ပါတယ်။ ရွှေကျောင်း မြန်မာ့ရိုးရာဗိသုကာလက်ရာနဲ့ဆောက်လုပ်ထားတဲ့ရွှေကျောင်းကတော့မူလတော်ဝင် နန်းတော်ရဲ့မူလအတိုင်းကျန်ခဲ့တဲ့တစ်ခုတည်း အဆောက်အဦးဖြစ်ပါတယ်။ရွှေကျောင်းကတော့နံရံနှင့်ခေါင်းမိုးမှာထွင်းထား တဲ့ဗုဒ္ဓပုံပြင်တွေကြောင့်ထင်ရှားပါတယ်။ ရွှေကျောင်းမှာဓာတ်ပုံလှလှလေးတွေထွက်အောင်ရိုက်ချင်တယ်ဆိုရင်တော့နေ့လည် ဘက်သွားတာအကောင်းဆုံးပါပဲ။ မန္တလေးတောင် မန္တလေးတောင်ကတော့မန္တလေးမြို့တစ်ခုလုံးကိုမြင်ရတဲ့နေရာပဲဖြစ်ပြီးဓာတ်ပုံဝါဿနာရှင်တွေ စိတ်ပျက်စေမှာမဟုတ်ပါဘူး။ မြစ်အကွေ့အကောက်တွေ၊ထိုးထွက်နေတဲ့စေတီတွေသာမက မန္တလေးမြို့မြင်ကွင်းကိုကအလွန်လှပပါတယ်။ ဒါပေမဲ့ဓာတ်ပုံလှလှရချင်တယ်ဆိုရင်တော့မနက်စောစောသွားရပါလိမ့်မယ်။ အင်းဝ ဒါဟာတော့မန္တလေးမြို့ထဲကနေရာတစ်နေရာမဟုတ်ပါဘူး။မန္တလေးမြို့ကနေတစ်ဆင့် သွားလို့ရတဲ့အင်းဝမြို့ပဲဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ရှေးဟောင်းမြို့တော်တစ်ခုဖြစ်တဲ့ အလျှောက်အင်းဝမှာဓာတ်ပုံရိုက်လို့ရတဲ့နေရာတွေအများကြီးရှိပါတယ်။ ဓာတ်ပုံရိုက်ရတာ ကြိုက်တဲ့လူတွေအတွက်အင်းဝဟာမသွားမဖြစ်သွားသင့်တဲ့နေရာပဲဖြစ်ပါတယ်။ အပေါ်မှာပြောပြတဲ့နေရာတွေကမန္တလေးမြို့ကဓာတ်ပုံရိုက်လို့လှတဲ့နေရာအနည်း ငယ်ပဲရှိပါသေးတယ်။ကျန်တဲ့နေရာတွေလည်းရှိသေးတာမလို့မန္တလေးကိုသွားလည်ပြီးအလှဆုံးဓာတ်ပုံတွေရိုက်ခဲ့ပါလို့။