အမည်ရင်း-”သူရ” အသက်- ”ရှူး တိုးတိုး”   မှတ်ပုံတင်အမှတ်- “ဘဏ်ကနေ ငွေလွှဲပေးမယ် ဆိုမှ ပြောမယ်” အရပ် – ”ဆရာနီကိုရဲထက် တစ်ပေခွဲလောက် ပိုရှည်တယ်။” ကိုယ်အလေးချိန်-”ဒါလည်း ရှူး တိုးတိုး”   အိမ်ထောင်ရေးအခြေအနေ- ”အချိန်တန်ရင် ပရိသတ်ကြီးရှေ့မှာ ချ ပြမယ်”   ပညာအရည်အချင်း-”ရေးတတ်ဖတ်တတ်”   ထင်ရှားတဲ့အမှတ်အသား- “မျက်နှာမြင် သတ်ချင်-အသံကြား အုတ်နီခဲနဲ့လိုက်ထုချင်အောင် ရုပ်နာတယ်” နေရပ်- ”ခြေသလုံးအိမ်တိုင်” အလုပ်အကိုင်- ‘Driver'(ဒါကြောင့် ခြေသလုံးအိမ်တိုင် လို့ ပြောတာ) ဝါသနာ- “ခရီးထွက်ခြင်းနဲ့ အဟောင်းပြင်ခြင်း(နောက်ဝါသနာတစ်ခုကိုတော့ မပြောပြဘူး) စရိုက်- “မဟုတ် မခံ၊ ဟုတ်လည်း မခံ၊ နည်းနည်း အာကျယ်အာကျယ်နိုင်” ရည်မှန်းချက် – “မသေခင် ဖြစ်ချင်တာမှန်သမျှ ဖြစ်ပစ်လိုက်မယ်” ဆောင်ပုဒ် – […]


alinsettApril 17, 20171min32710
ပင်လယ်ဆီကို ပို့တဲ့စာ —————– မြစ်ကြီးက ပင်လယ်ကြီးနဲ့ တူချင်လို့. . . အစွမ်းကုန် လှိုင်းခတ် လှုပ်ရှားပြနေလည်း… မီးပြတိုက်ကလေးကတော့ . . . ငြိမ်သက်စွာသာ . . . လက်ပိုက်နေလေရဲ့။ မပြည့်တဲ့အိုးတွေ မျောလာပြီး မီးပြတိုက်ကလေးကို တိုးတိုက်သမျှကိုလည်း မှိတ်တုတ်မှိတ်တုတ် အလင်းကလေးအောက်မှာတောင်. . . မြင်တွေ့ရတာ များခဲ့ပြီ တဲ့။ —————— သင့်အေးရိပ် ဧပြီ၊၁၇၊၂၀၁၇                    


kaiApril 17, 20174min5909
မင်္ဂလသုတ် (ပါဠိနှင့် မြန်မာပြန်) မင်္ဂလသုတ် ၁။ယံ မင်္ဂလံ ဒွါဒသဟိ၊ စိန္တယိံ သု သဒေဝကာ၊ သောတ္ထာနံ နာဓိဂစ္ဆန္တိ၊ အဋ္ဌတိ ံသဉ္စ မင်္ဂလံ။ ၂။ဒေသိတံ ဒေဝဒေဝေန၊ သဗ္ဗပါပဝိနာသနံ။ သဗ္ဗလောက ဟိတတ္ထာယ၊ မင်္ဂလံ တံ ဘဏာမ ဟေ။ ၃။ ဧဝံ မေ သုတံ၊ ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ အထ ခေါ အညတရာ ဒေဝတော အဘိက္ကန္တာယ ရတ္တိယာ  အဘိက္က န္တဝဏ္ဏာ ကေဝလကပ္ပံ ဇေတဝနံ ဩဘာသေတွာ ယေန ဘဂဝါ၊ တေနုပသင်္ကမိ ဥပသင်္ကမိတွာ။ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ အဋ္ဌာသိ။ […]


Swal Taw YwetApril 14, 20175min3324
မင်္ဂလာပါခင်ဗျာ ဒီနှစ်လည်း ကာတာနိုင်ငံ ဒိုဟာ မြို့ရောက် မြန်မာများရဲ့ အမိမြေအလွမ်းပြေ မြန်မာ့ရိုးရာ အတာ သင်္ကြန်ကို ၁၄ ဧပြီ ၂၀၁ရ မြန်မာသင်္ကြန် အကျနေ့ သောကြာနေ့ မှာ စုစည်း ကျင်းပ ခဲ့ကြပါတယ်။ Face book Group – Myanmar Society ( Middle East ) ကနေတဆင့် စည်းရုံး လှုံ့ဆော်ခဲ့ကြလို့ ဒီနှစ် လူအသစ်တွေ အများကြီး ပူးပေါင်းပါဝင်လာခဲ့ကြပါတယ်။ စုစုပေါင်း ခန့် မှန်းခြေ ၁၅ဝ လောက် လာရောက်ဆုံဆည်းခဲ့ပါတယ်ခင်ဗျာ။ အလုပ်ခွင်ဝင်ရမယ့်သူတွေ စောစောလာ စောစောပြန်၊ မရောက်ဘူးသေးသူတွေက ဟိုမေးဒီစမ်း ဖုန်းတွေတကြော်ကြော်ခေါ်ရတာမို့ နောက်ကျမှ ရောက် အဝင်အထွက်တွေ လွဲနေကြပေမယ့် ရောက်သူတိုင်းတော့ ပျော်ခဲ့ကြရပါတယ်။ […]


CourageApril 12, 20171min30046
HaHa သောသူ အသက်ရှည်၏   — ခုတလော နိုင်ငံရေးတွေ လူမျိုးရေး ဘာသာရေးတွေ ဘာတွေညာတွေနဲ့ပတ်သက်ပြီး လက်ရှောင်ဖို့စိတ်ကူးထားတော့ ကိုယ်တော့မျက်စိထဲ တည့်တည့်ကြီးကို စွက်ခနဲ့စူးသွားတဲ့ ဆံပင်မွှေးက HaHa react ပေးတဲ့ ကိစ္စ။ — တကယ်တော့ အဲ့ HaHaနဲ့ပတ်သက်ပီး စန်းစန်းတင့်(sensitive)ဖြစ်လွန်းလှတဲ့ သူတွေနဲ့ပတ်သက်ပီး အမွှေးစူးနေတာတော့ကြာပါပီ။ ဒါမဲ့လဲ ‘အော်ဒါကသူတို့စိတ်နဲ့သူတို့ကိုယ်ပဲ’ဆိုပြီး စိတ်ထဲမရိုးမရွနဲ့ပဲ အသာလေး ငြိမ်ပေးနေလိုက်ပါရဲ့။ သို့ပေသော်လဲ အခုအခါမှာတော့ သတင်းကြီးတဲ့မင်းသမီးလေးရဲ့ ‘I don’t care anything’က အင်မတန့်အင်မတန်မှ ခေတ်စားနေတော့ နဂိုလ်နေကတည်းက ထစ်ခနဲ့ရှိဖေါင်းထုလိုက်ရမှာ ကျေနပ်လေတဲ့ ကိုယ်တော့ခမျာ အားနာနာနဲ့ပဲ ဖေါင်းထုလိုက်ရပါတယ်။ — ကိုယ်တော်စဉ်းစားမိသလောက်တော့ အဲ့စန်းစန်းတင့်တွေက စိတ်ပိုင်းဆိုင်ရာ အားနည်းချက်ရှိတဲ့ ဝေဒနာရှင်တွေများဖြစ်နေမလားပဲ။ ဘာလို့လဲဆိုတော့ အနောက်တိုင်းဆေးပညာရှင်တွေအဆိုအရ selfieတွေ […]


mollychanApril 12, 20171min1170
El  Monte, nearby Peck Road, good  for  transportation.  I  have 2  rooms.  One person  $430.00  &  two  persons  $645.00  including  Kitchen,  Bathroom.  Suitable  for  working-class  persons  or  students.  Please  call  ( 626 ) 442-2484


Mon LayApril 11, 20173min1744
. ??.If you don’t have money, don’t be sad, you can follow my ways as below!! ?? . ပိုက်ဆံမရှိလို့ ခရီးမသွားဘူးလို့ပြောပြောနေကြလို့ ဒီကနေမွန်လေးရဲ ့ခရီးသွားတော့မယ်ဆို..ကြိုလုပ်တတ်တဲ့အကျင့်လေးတွေ အလေ့အထားလေးတွေကိုပြန်ရှယ်ပေးပါမယ်။ မွန်လေးရဲ ့ခုထိသွားနေတဲ့ခရီးစဉ်အားလုံးက ကိုုယ်ပိုုင်ပိုုက်ဆံ ( ကိုယ်ရှာထားတဲ့ ပိုုက်ဆံ ) နဲ့သွားခဲ့တာတွေပါ။ . ✈️ဒီနှစ်မှာဘယ်သွားမယ်ဆိုတာရည်မှန်းချက်ထားပါ ၂၀၁ရမှာ ကိုယ်တော့ ဘယ်ကိုသွားမယ် ရောက်အောင် ကြိုးစားမယ်ဆိုုပြီး အရင်ဆုုံး သွားချင်တဲ့ နိုုင်ငံတွေကိုု စာရွက်နဲ့ချရေးပါတယ်။ တကယ်သွားဖြစ်မှရယ်လို့မဟုတ်သေးဘူးနော်..ရည်မှန်းထားတဲ့နေရာလေးတွေကိုပေါ့။ . Hong Kong Bali Australia France Singapore Korea Japan Italy များတယ်နော် 😛 […]


Mon LayApril 11, 20171min880
1 – သင်္ကြန်မှာခရီးသွားမယ် သင်္ကြန်မှာ ခရီးသွားနိုင်တဲ့ လူကတော့ ပိုက်ဆံရှိတာပဲ။ ဘာလို့ဆို အဲ့ချိန်ဆို..ကားခတွေ၊ လေယာဉ်ခတွေ၊ ဟိုတယ်ခတွေ အစစ ဈေးကြီးတဲ့အချိန်ဖြစ်နေလို့ပါ။ ပြီးတော့ ခရီးမသွားခင်ကတည်းက ဝယ်ရ၊ ခြမ်းရ နဲ့ ကြိုပြီးဝယ်ရတော့ ပိုက်ဆံကကုန် ပြန်ရော။ ဘာပဲဖြစ်ဖြစ်..ပိုက်ဆံပေါလို့သာ ခရီးသွားနိုင်တာပါ။ 2 – သင်္ကြန်မှာ မန်းဒပ် ထိုင်မယ် (အုန်းလက်မန်းဒပ်ထိုင်တဲ့သူကိုမပြောပါဘူး။) သောင်းကျော်ပေးရတဲ့ မန်းဒပ်မှာ ထိုင်နိုင်တဲ့သူကလည်း ပိုက်ဆံရှိတာပါပဲ။ သူ့မှာ အဲ့မန်းဒပ်မှာထိုင်နိုင်ဖို့ အဝတ်အစားလန်းလန်းလေးတွေဝယ်ရ၊ ဖိနပ်တွေရှိပြီးသားလည်း ထပ်ဝယ်ရ၊ မန်းဒပ်ဈေးက လည်းကောင်းကောင်းပေးရ၊ မန်းဒပ်မှာကျွေးတဲ့ အစားအသောက်ကသိပ်မကောင်းတတ်တော့ အပြင်မှာဝယ်စားရ၊ အအေးဝယ်သောက်ရ၊ ဘီယာတို့ဝယ်သောက်ရ နဲ့ သူလည်း ပိုက်ဆံပေါလို့သာပေါ့နော်။ 3 – သင်္ကြန်မှာ တရားစခန်းဝင်မယ် သူလည်းတရားစခန်းမဝင်ခင် အကျီအဖြူနဲ့ ထဘီအညိုမရှိရင် ပြေးဝယ်၊ပြေးချုပ်ရ၊ တရားစခန်းမှာ ညဘက်ဗိုက်ဆာလာရင် အအေးတို့၊ဂျင်းတို့စားဖို့ ဝယ်ရ၊ […]


၂၀၁ရ ဒီချုပ်အစိုးရ တနှစ်ပြည့် နှစ်ပတ်လည် မိန့်ခွန်းမှာ ဘွားဒေါ် ရွေးကောက်ပွဲ ကြွေးကြော်သံ “ပြောင်းလဲမှုတွေဆက်လုပ်ဖို့ အန်အယ်လ်ဒီကို မဲထည့်စို့” ကနေ ‘ပြည်သူနှင့်အတူ’ အသစ်ပြောင်းလိုက်တော့ မတူတဲ့အတွေးနဲ့ စဉ်းစားမိတယ်၊ အခြေအနေ မကောင်းဘူးလို့။ ရွေးကောက်ပွဲမှာ ခြေဥပြင်မယ် အတိအက ျ ပြောရာကနေ လေသံ၊ လုပ်ရပ် ပြောင်းသွားတယ်။ ဘာကြောင့် မကောင်းသလဲဆို ပြည်သူဆိုတာ အများစု ဝေလေလေများတယ်၊ အပင်ပန်း အဆင်းရဲ မခံချင်ဘူး၊ ကိုယ်က ျိုး မစွန့်နိုင်ဘူး..နာရင် အော်ပြီ။ ဘတ်စ်ကားကြပ်လို့၊ ဈေးရောင်းမကောင်းလို့၊ အခွန်ဆောင်ရလို့ စသဖြင့် အပြစ်တင်နေသူတွေ ဥပမာပဲ။ စစ်အစိုးရ အတိုက်အခံ ဘဝကနေ လွှတ်တော ်နိုင်ငံရေး ၂၀၁၂ မှာ ဝင်တာ ပြည်သူမနာအောင် ပြောတယ်မဟုတ်လား။ ဘွားဒေါ်ကိုယ်တိုင်လဲ ပြည်သူမနာအောင် နည်းလမ်းရှာလုပ်မယ် […]


“တတိယမြောက် အခွင့်အရေး” မိန်းခလေးရေ မလယ်မဝယ် မင်းခပ်ငယ်ငယ်ပေါ့ ချစ်သူနဲ့ကွဲ လမ်းလွဲသွားတဲ့အခါ ငါ့ရင်ထဲတိုးဝင် မင်းငိုကြွေးစဉ်က ရှတတ မျက်ရည်စ အသာတို့ယူ ငါ ဖယ်ပေးခဲ့ဘူးတယ်။ မိန်းကလေးရေ အရွယ်တွေလွန်မြောက် အတောင်တွေပေါက် အချစ်တစ်ခုထဲနဲ့ ဖောက်ခွဲပျံသန်း လောကကြီးကို စမ်းသပ်စဉ်က လမ်းမှားလူမှား ခါးခါးဘဝ ကြုံရခိုက်က မခံနိုင်အဆုံး ရုန်းထွက်ခဲ့စဉ် ငါ့ရှေ့မှာခြေစုံရပ် နောင်တတွေနဲ့ ဆက်စပ်နေတဲ့မျက်ရည်စ ပူလောင်စွာ တလိမ့်ခြင်းကျစဉ် အသာတို့ယူ ငါ  ဖယ်ပေးခဲ့ရဘူးတယ်။ မိန်းခလေးရေ အခုများမတော့ အနေတွေဝေးသွား သတင်းမကြား E mail မရောက် မပေါက်  Wechat Messenger မလာ Viber မရှိ ဘာဆိုဘာမှသိ မှောင်အတိကျသောနေရာ ငါရောက်နေစဉ် အခါသမယ တကယ်လို့များ မင်းမှာ တတိယမြောက် မျက်ရည်စ […]


”  အရှုံးနဲ့စတဲ့ဇာတ်”     မပြိုင် ခင်က ရှုံး မစ ခင် က ဆုံး မဆုံ ခင် က ကွဲ မတွေ့ ခင်က လွဲ မဖြစ် ခင်က ပျက်   ရက်စက်တဲ့ ကံကြမ္မာ အဆိုးတွေဘဲ လာနေတာ ငါတစ်ယောက်ထဲဘဲလားဟေ့။   ကိုပေါက်လက်ဆောင်အတွေးစဉ် ၇၄၁၇    


alinsettApril 6, 20171min2192
                                                ရနံ့တစ်ဝက် အသံတစ်ဝက်နဲ့  လွင့်ပျံ့လာတဲ့ အရောင် ———————————————– ကြားလိုက်သလား။ ဟိုး. . . အဝေးဆီက. . . ပန်းပွင့်တွေသီဆိုတဲ့ ဂီတသံ ခပ်သဲ့သဲ့၊ ဘယ်လောက်များ ယစ်မူးစရာ ကောင်းလိုက်သလဲဆိုရင်. . . နက်ပြာရောင် ဝတ်ရုံကို ခြုံထားတဲ့ လင်းတလက်လက်ကြယ်ပွင့်တချို့တောင် … ဖြုတ်ခနဲ ကြွေကျကုန်လေရဲ့။ ——– ကြားနေရတဲ့ ဂီတထဲကနေ တစ်သက်မမေ့ချင်စရာ […]


ဇီဇီApril 6, 20171min5079
ဓမ္မ ဘက်ကရပ်ပြီး…အဓမ္မ ကို ဆန်.ကျင်ဖို. ဒီ ကမ်ပိန်း လက်ခံပါတယ်…. (Credit) #say_NO_to_WIRATHU and Followers ဦးဝီရသူ အလိုမရှိဆိုပြီး ကန်ပိန်း လုပ်နေကြတယ်။ ကျွန်တော့်အမြင်ကို အရင်ရေးပြီး ဝင်ပါပါမယ်။ ကိုယ်တွေက ဟိုးရှေးကတည်းက ဦးဝီရသူကို ဝေဖန်ခဲ့တာပဲ။ ဒါဟာလည်း ပုဂ္ဂိုလ်တစ်ယောက်ကို ဝေဖန်နေတာထက် ဒီအယူအဆတွေဟာ မျိုးဆက်ချီပြီး လူတွေကို ဒုက္ခပေးမှာမို့ ဝေဖန်တာ။ နောင်တစ်ချိန်မှာ ကိုယ့်မျိုးဆက်တွေကို ငါတို့ တတ်နိုင်တဲ့ အားနဲ့ မတရားမှုကို ဆန့်ကျင်ခဲ့တယ်လို့ ပြောပြချင်တယ်။ ဒီအယူအဆတွေ ဖြန့်နေတာ ဂိုဏ်းလိုက် အစုအဖွဲ့လိုက် ရှိနေတာကိုး။ ဒါကြောင့် ဦးဝီရသူ တစ်ယောက်တည်းကို No ပြောတာမဟုတ် သူတို့ဖြန့်နေတဲ့ အယူအဆတစ်ခုလုံးကို No ပြောပါတယ်။ ပိုချဲ့ပြောရရင် ဒီတစ်ဘာသာထဲမဟုတ် အခြားဘာသာက […]