Sae Taw Win II ရံပုံငွေအတွက် ကမယ့်ပွဲ

kaiFebruary 3, 20101min861

ဗေးဧရိယာက ဒေလီစီးတီးမှာ မတ်လ၁၄ ရက်မှ လုပ်မယ့်ပွဲပါ။ ပေးပို ့လာတာမို ့တင်ပေးထားလိုက်တာပါ။
အခုအမည်ကို ဗမာလို ဘယ်လိုရေးရမှန်းမသိလို ့ဝက်ဘ်ဆိုက်သွားဖတ်တော့လည်း သေသေချာချာ မသိဖြစ်နေပါတယ်။
ဖုံးဆက်မေးရဦးမှာပါပဲ..။
စေတော်ဝန် လို့ ထင်တာပါပဲ..။
သိတော်မူကြတဲ့အတိုင်း မြန်မာစာ ဆိုတာက အင်္ဂလိပ်(ရောမန်) စာတွေနဲ့ရေးရင် ဘယ်သူကမှ စံသတ်မှတ်ထားတာ မရှိလေတော့ အင်မတန်ခက်ပါတယ်။
ခက်ဆို အခု ရေးနေတဲ့ ဇော်ဂျီဖွန် ့ကလည်း စံလွတ်ကြီးပဲမဟုတ်ပါလား…။
ထပ်ပြောရရင် ဇော်ဂျီဖွန် ့ကို (ZawGyi )လို ့ဘာလို့ရေးထားမှန်းလည်း မသိရပါ။ ဒီဖွန် ့ပေါ်ကာစက ဇော်ကြီးဖွန် ့လို့ပဲ ထင်ပြီး ဖော်ကြီး ဆိုတဲ့လူတီထွင်တယ် တောက်လျှောက် ၆လလောက် ထင်ခဲ့တာကလား..။
အခုလည်း ဒုက္ခရောက်ပြန်ပါတယ်။
စေတဝန် ကျောင်းတော်အမည်ကို ဆိုလိုတာလား..။ ဆည်တော်ဝင်း ကိုဆိုလိုတာလား။ စေတော်ဝဏ် လား မသိပါ။
မသိပေမဲ့ ဝက်ဘ်ဆိုက်မှာ ဖတ်ကြည့်ရသလောက်တော့ ဒေါက်တာသင်းသင်း ၁၉၉ရ မှာတည်ထောင်ပြီး ထေရဝါဒဆိုင်ရာတွေ ပို ့ချနေတယ်လို ့တွေ့ရပါတယ်။
ပိုပြီးထူးဆန်းတာက ပွဲအတွက် ပိုစတာပါ။ မြန်မာနန်းဆန်ဆန် အဝတ်အစားတွေနဲ့ အဖြူ(ကော့ကေးရှန်နွယ်) တွေ ကိုတွေ့ရလို့ပါ။
အင်မတန်ကျက်သရေရှိပါတယ်။ ဂုဏ်လည်းယူပါတယ်..။
မြန်မာဖြစ်ရတာ…

To Contact:

Roger Burns
Office Manager

Sae Taw Win II Dhamma Foundation
stw2@saetawwin2.org

One comment

  • Thynn Thynn

    February 3, 2010 at 9:25 am

    Dear Kai

    Thank you very much for posting out poster on Mandalay Gazette. Sure I can understsand the confusion about the pronunciation of the name of the Center. We will be producing the next version of the poster which will have some Burmese text spelling the proper Burmese spelling of the name of the Center.

    Actually its not read as Sae Taw Wun …. but Sae Taw Win (like enter).

    There is no one here who can type Burmese well and we had to send the Burmese version to a printing press in SFO. So it may take a while but stay tuned for the next version.
    And I’m too old to relearn to use Burmese type especially currently having pain in my arm when I type.

    But I am glad you brought out the dyscrepancies in our poster.

    Mingala shi bar say

    Dr Daw Thynn Thynn

Leave a Reply