Ma MaJuly 21, 20132min57372
ဒုတိယအကြိမ်တွေ့ဆုံပွဲလုပ်ဖို့ ရက်ရွေးတော့ ပိတ်ရက်တွေ ဒီလောက်ဆက်နေမှန်း သတိမထားမိဘူး။   ပိတ်ရက်များရင် ကိစ္စများတတ်တာမို့ စကတည်းက ပွဲကိုလာခဲ့မယ်လို့ မပြောရဲခဲ့ဘူး။   ဖြစ်ချင်တော့ တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့မှာမှ ဇာတိကိုပြန်ဖို့ ဖြစ်လာတယ်။   မိသားစုနဲ့အတူ မိတ်ဆွေတွေပါ စုပြီးသွားကြမှာမို့ မဖြစ်မနေ လိုက်သွားခဲ့ရတယ်။ လွဲသွားပြီပေ့ါ ပွဲကြီးပွဲကောင်း။ 🙁   ပွဲနဲ့လွဲခဲ့တဲ့အတူတူ သွားခဲ့တဲ့လမ်းတစ်လျှောက် ဓာတ်ပုံတွေ ရိုက်ပြီး ရွာထဲပြန်တင်မယ်လို့ မောင်းတင်သွားခဲ့တယ်။ 😀   ဖြစ်ချင်တော့ သယ်စရာတွေများလို့ ကင်မရာကို ထည့်ပြီးမှ ပြန်ထုတ်ခဲ့ရတယ်။ ထုံးစံအတိုင်း Sony Ericsson ဖုံးကင်မရာလေးနဲ့ပဲ နှစ်ပါးသွားခဲ့တာလေးတွေကို မချစ်သော်လည်း အောင့်ခါနမ်းရတော့တာပဲပေ့ါ။   အခုသွားခဲ့တဲ့ ရွာကလေးက ဟိုအရင် ရွာသူားတွေ စုပေါင်းပြီး သွားခဲ့တဲ့ အစုကြီးရွာထက်ကို […]


Ma MaMay 18, 20131min38437
ကျွန်တော့နာမည် ကျော်ကျော်။ အသက်က ၂၀။ အဖ ဦးရွှေ။ အမိ ဒေါ်ချစ်။ ပညာအရည်အချင်းက ၁ဝ တန်း ၂ခါကျ။ အနူတောက လူချောလို့ပဲ ပြောပြော… ရွာမှာတော့ ၁ဝတန်းတက်ဖူးတဲ့ကျွန်တော့ကို ပညာတတ်လို့ပဲ သတ်မှတ်ကြတယ်။ ရွာမှာ အဖေနဲ့အမေက အင်းလုပ်ငန်းလုပ်တယ်။ လုပ်ငန်းကိုင်ငန်းကောင်းသလို ငွေရွှင်တယ်။ ကျွန်တော်က တစ်ဦးတည်းသောသား။ ဆိုတော့…. သဘောပေါက်။ :harr: သူဌေးသားဆိုတော့ သိကြတဲ့အတိုင်း… အဖေတို့ အမေတို့လို ပင်ပင်ပန်းပန်း မလုပ်နိုင်ဘူး။     အဲဒီတော့ မိဘလုပ်ငန်းကရတဲ့ ထွက်ကုန်တွေကို မြို့တက်ရောင်းတဲ့အလုပ်လုပ်တယ်။ မိဘတွေက သူတို့ရတဲ့ကုန်ကို ဈေးသက်သက်ညှာညှာနဲ့ ဖြတ်ပေးပြီး မြို့တက်ရောင်းခိုင်းတယ်။ ရတဲ့အမြတ်ကို ပေးတယ်။ အဲဒီတော့ ကိုယ်ပိုင်ဝင်ငွေနဲ့ မဆိုးတဲ့ ဘဝ ပေ့ါ။ :hee: ဘဝပေးကုသိုလ်ကြောင့်…. […]


Ma MaMay 15, 20131min46953
  မြန်မာနိုင်ငံ ရန်ကုန်မြို့က ဆင်မလိုက်လမ်းဆုံမီးပွိုင့်ကို သိကြပါသလား။   မြို့ထဲကလာတဲ့ကန္နားလမ်း၊ ဘုရင့်နောင်လမ်းအစနဲ့ နာနတ်တောကုန်းကျော်တံတားအဆင်း၊ လှည်းတန်းကုန်းကျော်တံတားအဆင်း…….. လမ်းတွေဆုံတဲ့ မီးပွိုင့်ပါ။ အဲဒီမီးပွိုင့်မှာ လှည်းတန်းကုန်းကျော်တံတားအဆင်းလမ်းကနေ ဘုရင့်နောင်လမ်းကိုဝင်ချင်ရင် မီးပွိုင့်ကိုဝင်စရာမလိုအောင် လမ်းခွဲလေးပေးထားပါတယ်။ လှည်းတန်းကုန်းကျော်တံတားအဆင်းလမ်းရဲ့ ညာဘက်လမ်းခွဲပါ။   များသောအားဖြင့် မီးပွိုင့်မဝင်ခင် အကွေ့လမ်းကြောအတွက် လမ်းခွဲတွေဟာ တစ်လမ်းမောင်းပဲ ဖြစ်လေ့ရှိပါတယ်။ ကိုယ်တိုင်တော့ အဲဒီလိုပဲ သိထားပါတယ်။ (အကွေ့လမ်းခွဲတွေမှာ နှစ်လမ်းမောင်းရှိကြောင်း သိတဲ့သူတွေလည်း သိကြမှာပါ။)   အဲဒီ လှည်းတန်းကုန်းကျော်တံတားအဆင်းလမ်းကနေ ဘုရင့်နောင်လမ်းကိုဝင်တဲ့ လမ်းခွဲလေးကတော့ နှစ်လမ်းမောင်းဖြစ်ပါတယ်။   နှစ်လမ်းမောင်းဖြစ်တာကြောင့် ဘုရင့်နောင်လမ်းက လှည်တန်းကုန်းကျော်လမ်းဘက်ကို ဝင်မယ်ဆိုရင်လည်း အဲဒီလမ်းခွဲလေးကပဲ ဝင်ရပါတယ်။   ဘုရင့်နောင်လမ်းဘက်ကလာရင် ဆင်မလိုက်မီးပွိုင့်ကို မဝင်ခင်မှာ  အဲဒီလမ်းခွဲလေးနေရာမှာ (ဘုရင့်နောင်လမ်းရဲ့ ဘယ်ဘက်အခြမ်းမှာ) လမ်းလယ်တုံးတွေကို ပိတ်မထားပဲ ကားကွေ့သွားနိုင်အောင် […]


အဂ်စ္April 10, 20132min23212
  သူမွေးဖွားလာဖို့ “သူ့မိခင်ဘယ်သူ”ဆိုတာ “သူ့မှာ” ရွေးခြယ်ပိုင်ခွင့် မရှိခဲ့ဘူး… သူကောင်းမွန်စွာကြီးပြင်းလာဖို့ “သူဘာမှ မတတ်နိုင်ခဲ့ဘူး…. “သူ့မှာ” ရှိခဲ့တဲ့ အကြောက်တရား ဆိုတာ နေ့ဖြစ်ဖြစ် ည ဖြစ်ဖြစ် တူတူပဲ.. “သူ့”ပတ်ဝန်းကျင်မှာ မငြိမ်းချမ်းမှုတွေ နဲ့ တစုံတခုကို ရေးချဖို့ “သူသင်တဲ့ စာ”ဆိုတာဟာ ပညာ မဟုတ်ခဲ့ဘူး… “သူ” အရွယ်ရောက်လာချိန်မှာသိလာတာက သူ့ပတ်ဝန်းကျင် မှာ အနိုင်ရတဲ့ သူတွေပဲ ဆက်လက်ရှင်သန်နေရမယ် ဆိုတဲ့ နိယမ “သူ” ဆုတောင်းတိုင်း သူ ကြားနေတာက “ကိုယ် စိုက်တာပဲ ကိုယ်ရိတ်သိမ်းရမယ်သား တဲ့” “သူခံစားနေတာ” က နားကျည်းမှု … နဲ့ သူ့ကိုသူစတေးမဲ့ စိတ်ဓတ်… သူရပ်နေတဲ့ ဘက်ကို တခြား တဖက်ကကြည့်တော့ “သူက” […]


Ma MaMarch 29, 20131min55028
မနှစ်က (၁၊ ၅၊ ၂၀၁၂)  မေဒေးနေ့မှာ ရွာသူားတွေ စုပေါင်းပြီး ကို်ယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့ကြတဲ့ သီတဂူသုမေဓာဆေးရုံ (အစုကြီးကျေးရွာ) ကို မှတ်မိကြအုံးမယ်ထင်ပါတယ်။ ဘာလိုလိုနဲ့ တစ်နှစ်နီးပါးတောင် ကြာခဲ့ပါပြီ။ ကျေးလက်လူထုကျန်းမာရေးအတွက် အကျိုးပြုဖို့ အားယူနေတဲ့ တည်ဆောက်ဆဲ ဆေးရုံလေးကို လူအင်အားအများကြီးလိုက်ပါပြီး  လှူဒါန်းပံ့ပိုးပေးခဲ့မှုကို ဦးဆောင်သူ ဆရာတော်နဲ့ ရွာခံများက လှိုက်လှိုက်လှဲလှဲ ဝမ်းသာကြောင်းနဲ့ ဖွင့်ပွဲကျရင် လာကြစေချင်ကြောင်း ပြောပြကြပါတယ်။ လွန်ခဲ့တဲ့ ၂လလောက်ကတည်းက ဆေးရုံဖွင့်ပွဲအကြိုအနေနဲ့ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း သွားကျန်းမာရေး၊၊ မျက်စေ့ဆေးခန်းနဲ့ အထွေထွေရောဂါကုသမှုတွေကိုတတ်နိုင်သလောက် ဆောင်ရွက်နေကြပါတယ်။ တရားဝင်ဆေးရုံဖွင့်ပွဲကို ၂၃ ၊၄၊ ၂၀၁၃ အင်္ဂ ါနေ့မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဆေးရုံဖွင့်ပွဲအထိမ်းအမှတ်အနေနဲ့ ဖွင့်ပွဲနေ့မှာပဲ ဆေးဝါးကုသမှုတွေပြုလုပ်ပေးမှာဖြစ်ပါတယ်။ မျက်စေ့ခွဲစိတ်ကုသပေးမှာဖြစ်လို့ ခွဲစိတ်ကုသဖို့ လိုအပ်တဲ့ မျက်စေ့ဝေဒနာရှင်များအနေနဲ့ အခုကတည်းက […]


Ma MaMarch 29, 20131min18911
လူမှုရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ အဝေးပြေးကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းက ဦးဆောင်ပြီး ဘုရင့်နောင် ပွဲရုံဝင်းအတွင်းမှာ အခမဲ့ ဆေးခန်းတစ်ခု တည်ထောင်ထားပါတယ်။ အဝေးပြေးကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များရဲ့ သင်းလုံးကျွတ်အစည်းအဝေးကြီးရဲ့ ဆုံးဖြတ်ချက်အရ အသင်းသူ/သားများ၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များ၊ ဘုရင့်နောင်ပွဲရုံဝင်းအတွင်းရှိ အခြေခံလူတန်းစားများရဲ့ ကျန်းမာရေးစောင့်ရှောက်ရန် ရည်ရွယ်ချက်နဲ့ အသင်းအမှုဆောင်များ၏ မတည်ငွေဖြင့် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဘုရင့်နောင်ပွဲရုံဝင်းအတွင်းမှာ နေထိုင်နေကြသော၊ အလုပ်လုပ်ကိုင်နေကြသော ကားဂိတ်များမှ ဝန်ထမ်းများ၊ လုပ်သားများ၊ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်များ၊ ပွဲရုံနဲ့ အခြားလုပ်ငန်းများမှ ဝန်ထမ်းများ လုပ်သားများစတဲ့ အခြေခံလူတန်းစားအားလုံးရဲ့ ကျန်းမာရေးကို အခကြေးငွေမယူပဲ ကူညီစောင့်ရှောက်ပေးနေပါတယ်။ ကျမတို့ ရောက်သွားတဲ့အချိန်မှာ ဆေးခန်းရဲ့ပင်မအလှူရှင်လည်းဖြစ်၊ ဆေးခန်းတည်နေရာပိုင်ရှင်လည်းဖြစ်တဲ့သူက ဆေးခန်းရဲ့ လည်ပတ်နေမှု၊ လုပ်ဆောင်နေမှုတွေကို စိတ်ရှည်လက်ရှည် ရှင်းပြပေးပါတယ်။ ယခုအချိန်မှာတော့ လူသိနည်းနေပါသေးတယ်။ ဆက်လက်ပြီး ရေရှည်ဆောင်ရွက်နိုင်ဖို့ ကြိုးစားနေကြပါတယ်။ […]


Ma MaMarch 27, 20131min75240
ပိတ်ရက်နှစ်ရက်ဆက်နေတာနဲ့ ချက်ပြုတ်ကြော်လှော်စားသောက်ဖို့ ကြံမိပါတယ်။   ဈေးဝယ်ထွက်ရမှာ ပျင်းသမို့ ရှိတာနဲ့ပဲ ဘယ်လိုလုပ်ရင်ကောင်းမလဲလို့ အကြံထုတ်မိတယ်။   မနေ့ကချက်ထားတဲ့ ထမင်းတွေ ကျန်တာများနေတော့ မျှင်ငပိထမင်းကြော် ကြော်စားဖို့ စီစဉ်လိုက်တယ်။   ပုစွန်ဟင်းက ကျန်တဲ့ ပုစွန်ဆီနည်းနည်းကိုလည်း အစပြတ်သွားအောင် ထည့်ချင်သေးတယ်။ အသားအတွက်တော့ လွယ်လွယ်ကူကူ ရှိနေတဲ့ ပုစွန်ခြောက်နဲ့ ဘဲဥကိုပဲ ထည့်လိုက်မယ်။   စိတ်ကူးရင်း စားချင်စဖွယ် လှတပတလေးဖြစ်အောင် ထမင်းကို အရောင်၃မျိုးစပ်လိုက်ဖြစ်တယ်။ အမြင်နဲ့ စားကြပါအုံးနော်။   ကဲ- ထမင်းစကြော်တော့မယ်နော်။ အရင်ဆုံး ထမင်းကို ၃ပုံ ပုံတယ်။ ၁ပုံကို ပုစွန်ဆီနဲ့ နယ်တယ်။ နောက် ၁ပုံကို မျှင်ငပိနဲ့ နယ်တယ်။   ဘဲဥကို ပွနေအောင် ခေါက်ထားတယ်။ ကြက်သွန်ဖြူကို […]


ကို ၿပံဳးMarch 24, 20133min3222
နဂါးဦးနှောက်အတွင်းသို့ ဖောက်ထွင်းဝင်ရောက်ခြင်း (အပိုင်း-၁) အား ပြန်လည်ဖတ်ရှု့ရန် SSPP/SSA အဖွဲ့ တပ်မတော်နှင့် ဝမ်ဟိုင်းဒေသတွင် တိုက်ပွဲများဖြစ်ပွားခဲ့စဉ်အတွင်း ခေါင်းဆောင်ဖြစ်သူ ပန်ဖနှင့် ခေါင်းဆောင်ပိုင်းအများစု ပန်ဆန်းသို့ သွားရောက်တိမ်းရှောင်ခဲ့ရဖူးသည်။ အပြန်အလှန်အကျိုးစီးပွားများ အတွက် ညှိနှိုင်းမှုများဆောင်ရွက်ခဲ့သည်။ ဝမ်ဟိုင်း၏နောက်ပေါက်မှတစ်ဆင့် ပန်ဆန်းသို့ဆက်သွယ်ရေးလမ်းထွင် ထားသည်။ ပန်ဆန်း၏ ရှေ့ကာအဖြစ်နေပေးမည်။ လိုအပ်သည်များထောက်ပံ့ကူညီပါရန် ညှိနှိုင်းသဘောတူထား သည်။ ဝမ်ဟိုင်းဒေသသည် မြန်မာနိုင်ငံအတွင်းပိုင်းသို့ ရောက်ရှိနေခြင်းကြောင့် မြန်မာ့တပ်မတော်၏ အချိန်မရွေး ချေမှုန်းခြင်းခံရနိုင်ကြောင်း သုံးသပ်လျက် “ ဝ ” တပ်ဖွဲ့နှင့် စစ်ရေးမဟာမိတ်ပြုကာ အားကိုးရှာထားခြင်းလည်း ဖြစ်သည်။ SSPP/SSA တပ်ဖွဲ့ဝင်များ လူ၊ လက်နက်တိုးပွားလာမှုကစဉ်းစားစရာဖြစ်သည် KIO/KIA အဖွဲ့   ဝမ်ပေါင်အိပ်မက်ရှည်ကို မက်ဆဲဖြစ်သည်။ ဗိုလ်ချုပ်ဂွမ်မော်က ဖေဖော်ဝါရီလ ၄ ရက်နေ့၊ ရွှေလီဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးစကားကို […]


Ma MaMarch 22, 20131min39043
ဒီဇင်ဘာမွေးမို့လား မသိဘူး နှင်း ကို သံယောဇဉ်ရှိတယ်။ ခရေဇီဖြစ်တယ်။ နှင်းကျရင် ဘာလို့မှန်း မသိပဲ ပျော်တယ်။ ခုတော့ နှင်း ရေ နှင်းးးး ရေ ဆိုတဲ့ သီချင်းကို သတိရမိတယ်။ မတ်လ ၂၂ ရက်ဆိုတဲ့ ဒီနေ့မနက် ၅နာရီမှာ ခါတိုင်းလို အလုပ်သွားတော့ မြင်ကွင်းက မကြည်မလင်ဖြစ်နေတာကို သတိထားမိတယ်။ ဒါပေမယ့် မတ်လရောက်နေပြီဆိုတော့ နှင်းကျတယ်လို့ မထင်မိဘူး။ စည်ပင်ဝန်ထမ်းတွေ မနက်အစောကြီး လမ်းဘေးမှာ တံမြက်စည်းလှည်းနေတာတွေ့လို့ အမှိုက်အမှုန်တွေ လွင့်နေတာလို့ပဲ ထင်မိတယ်။ ဒါပေမယ့် လမ်းတလျှောက်လုံးမှုန်မှိုင်းနေတာဖြစ်ပြီး အေးစိမ့်စိမ့်အရသာကိုလည်း ခံစားမိလာရတော့မှ နှင်းကျတယ်လို့ သိမိတော့တယ်။ ဒီအချိန် ဒီရာသီမှာ နှင်းကျတာ ထူးဆန်းနေလို့ သက်သေပြဖို့ ဓာတ်ပုံရိုက်တော့မှပဲ နှင်းကို ပေါ်လွင်အောင် ဘယ်လိုရိုက်ရမယ်မှန်းမသိတော့ အော်တိုကင်မရာကို […]


Ma MaMarch 12, 20131min39432
လုပ်ငန်းခွင်တိုင်းမှာ သူ့သဘာဝနဲ့သူ ရှိတတ်ကြပါတယ်။ လုပ်ငန်းအမျိုးအစားတွေ ကွာခြားသွားတာနဲ့အမျှ လုပ်ငန်းခွင်သဘာဝတွေလည်း ပြောင်းလဲကွာခြားသွားတတ်ကြပါတယ်။ မိသားစုစီးပွားရေးလုပ်ငန်းအနေနဲ့ ရေထွက်ကုန်ပစ္စည်း ရောင်းဝယ်ဖောက်ကားတဲ့ ပွဲရုံလုပ်ငန်းကို မိရိုးဖလာအစဉ်အဆက်လုပ်ကိုင်ခဲ့တာ အခုဆိုရင် နှစ်ပေါင်း၂ဝ ကျော်လို့ ၃ဝနားကို ကပ်လာပါပြီ။ တချို့နိုင်ငံကြီးတွေရဲ့ ကုန်အမှတ်တံဆိပ်တွေမှာ သူတို့လုပ်ငန်းရဲ့ သက်တမ်းကြာမြင့်မှုကို ဂုဏ်ယူစွာဖြင့် Since 19…. လို့ ရေးတတ်ကြတာကို အလွန်သဘောကျတာကြောင့်……. ကိုယ့်လုပ်ငန်းမှာဆိုရင်လည်း Since 1986 လို့ ရေးချင်တယ်လို့ မိသားစုတွေကို မကြာခဏပြောဖြစ်ခဲ့ပါတယ်။ နှစ်ပေါင်းကြာရှည်စွာ လုပ်ကိုင်လာတာနဲ့အမျှ …. ကိုယ့်လုပ်ငန်းခွင်ရဲ့သဘာဝကို စောမေတို့က နောကြေနေတယ်လို့ဆိုလိုချင်တာပေ့ါ။ :harr: ************************************************ ကျမတို့ ရောင်းဝယ်ဖောက်ကားနေတဲ့ ရေထွက်ကုန်ပစ္စည်းဆိုတာ တာရှည်အထားမခံတဲ့ သဘာဝရှိပါတယ်။ ရက်ကြာရင် ပျက်စီးတတ်ပါတယ်။ အဲဒီသဘာဝကြောင့်ပဲ လာရောက်အပ်နှံတဲ့ ကုန်ပစ္စည်းတွေကို …. ရံဖန်ရံခါ ကုန်ပစ္စည်းအရည်အသွေးညံ့ဖျင်းတာကြောင့်သော်လည်းကောင်း၊ […]


Ma MaJanuary 5, 20131min34032
အရောင်းအဝယ်လုပ်နေကြတဲ့လူမှန်သမျှ ကြွေးကိစ္စနဲ့ ကင်းနိုင်ကြမယ် မထင်ပါဘူး။   ဝယ်တဲ့အခါမှာလည်း ကြွေးယူဖို့ မကင်းနိုင်သလို…….. ရောင်းတဲ့အခါမှာလည်း ကြွေးပေးဖို့ မကင်းနိုင်ကြပါဘူး။   အလုပ်ကြီး အကိုင်ကြီးလုပ်မှမဟုတ်ပါဘူး။ ကွမ်းယာဆိုင်တောင် အကြွေးမကင်းကြဘူး မဟုတ်လား။   ကိုယ့်လောဘနဲ့ကိုယ် များများရောင်းချင်လို့၊ ဖောက်သည်ဆွယ်ချင်လို့ ဆိုတဲ့ ….. ရည်ရွယ်ချက်တွေနဲ့  အကြွေးပေးတဲ့အခါ အကြွေးဆုံးတယ်ဆိုတာကလည်း အနည်းနဲ့ အများပဲ ကွာမယ်။ မဖြစ်မနေကြုံတွေ့ကြရတာပါပဲ။   လွန်ခဲ့တဲ့ ၁၃ နှစ် ကုန်ကြွေးတွေယူသွားပြီး ပြန်မဆပ်တဲ့ လူတစ်ယောက်ဆီက အကြွေးတောင်းစရာမလိုပဲ လာပြန်ပေးသွားတယ်လို့ဆိုရင်…….. ထူူးဆန်းတယ်လို့ ထင်ရပေမယ့် သိပ်တော့ အံ့ဩစရာ မကောင်းလှပါဘူး။   ကဲ………… ယုံချင်ယုံ မယုံချင်နေ၊ ပုံပြင်လေးတစ်ပုဒ်ပြောပြမယ်။ . . . . .   […]


Ma MaDecember 19, 20121min38248
ဒေါ် မိ တစ်ယောက် အလုပ်ရှုပ်နေတယ်။ သီတင်းကျွတ်ပြီဆိုတာနဲ့ အရောင်းအဝယ်တွေ ကောင်းလာတာမို့ ရောင်းသူ ဝယ်သူတွေ ကြားထဲမှာ လက်မလည်ဖြစ်နေတယ်။ အဲဒီအထဲမှာမှ လူငယ်လေးတစ်ယောက် ယောင်ပေပေနဲ့ မတ်တပ်ရပ်နေတာကို သတိထားလိုက်မိတယ်။ လူတကာတွေ သူ့ထက်ငါ အလျှင်အမြန် ရောင်းနေ ဝယ်နေကြတဲ့ အထဲမှာ အဲဒီကောင်လေးကတော့ ရပ်လျှက်။ အော်- ဒီကောင်လေးနှယ် အ လိုက်တာ။ ဒီလိုသာ မတ်တပ်ရပ်နေရင် သူ့အလှည့် ဘယ်ကျနိုင်ပါတော့မလဲ။ စိတ်ထဲက တွေးရင်းးးးး ဒေါ်မိ-ကောင်လေး ဘာလိုချင်လို့လဲ။ လူငယ်- ဒေါ် ကြီးငွေက ကထိန်အလှူအတွက် ငွေစက္ကူအသစ်ရှိရင် လဲပေးပါလို့ ခို်င်းလိုက်လို့ပါ။ အော်- အလုပ်ရှုပ်ရတဲ့အထဲ ငွေလဲချင်တဲ့သူကလည်း တမှောင့်။ ဒါပေမယ့် အလှူအတွက်လည်းဖြစ်ပြန်၊ ဒေါ် ကြီးငွေလည်း ဖြစ်ပြန်ဆိုတော့လည်း လဲပေးလိုက်ပါမယ်လေ လို့ စိတ်ထဲက […]


Ma MaDecember 14, 20121min38849
နှစ်တစ်နှစ်ရဲ့ အဆုံးဖြစ်တဲ့ ဒီဇင်ဘာမှာ…….. အလုပ်ပိတ်ရက်ရှည် ရကြလို့…….. နိုင်ငံရပ်ခြား ရောက်နေကြတဲ့ ဆွေမျိုး မိတ်သင်္ဂဟတွေ အလည်ပြန်လာလေ့ရှိပါတယ်။ ဒီနှစ် ဒီဇင်ဘာမှာတော့ နိုင်ငံခြားရောက်နေတာ ကြာပြီဖြစ်တဲ့ မိတ်ဆွေ မိသားစု ပြန်လာပါတယ်။ မိသားစုလိုက်မို့ လည်ချင်တာ ဝယ်ချင်တာတွေ လိုက်ပို့ရင်း…… သူတို့ရဲ့ ရနှစ်ရှိပြီဖြစ်တဲ့ သားလေးနဲ့ အေးအေးဆေးဆေး စကားပြောဖြစ်ပါတယ်။ မြန်မာပြည်ကို ခုမှ ပထမဦးဆုံးအကြိမ်ရောက်လာတဲ့ ကလေးမို့ မြန်မာပြည်ဆောင်းတွင်းကို ပူလို့ဆိုပြီး အော်နေပါတယ်။ ဒါပေမယ့် လျှောက်သွား စားသောက်ရတာကိုတော့ အတော်ပျော်နေပုံ ပေါက်ပါတယ်။ ကလေးနဲ့စကားပြောရင်း မြန်မာပြည်ပြန်လာတာ ပျော်လားလို့ မေးကြည့်တော့… ပျော်တယ်လို့ ပြောပါတယ်။ ဘာဖြစ်လို့လဲမေးတော့ Free Country လို့ ပြောပါတယ်။ ကိုယ်တိုင်လည်း E မကျွမ်းသူမို့ သူ့ကို အင်တာနေရှင်နယ် ဘော်ဒီလန်းဂွေ့တွေနဲ့ […]