ကမ္ဘာကြီးတွေးနေတယ် ဘယ်လိုတွေးနေလဲဆိုတော့ လူတွေ အကြောင်းကို တွေးနေတယ် သူ့ကို လူတွေ မညှာတာကို တွေးနေုတယ် တောင်သူလယ်သမားတွေက သူ့ရဲ့အရေပြားပေါ်မှာ ထွန်ယက်စိုက်ပျိုးကြလို့ သူ့အရေပြားတွေ ပေါက်ပြဲကုန်ပြီး အဲဒီလောက်တော့ သူခွင့်ပြုနိုင်တယ် ကျေနပ်သေးတယ် အခုတော့ သူရဲ့ ဝတ်ရုံးတွေဖြစ်တဲ့ လူတွေခေါ်တဲ့ သစ်ပင်တွေကို ခုတ်ဖြတ်လာကြတယ် သူ့ရဲ့ ဝတ်ရုူံတွေကို လူတွေ ခုတ်ဖြတ်လိုက်တာကြောင့် တစ်ချို့နေရာတွေမှာ သူ့ရဲ့ အသွေးအသားတွေ ခန်းခြောက်ကုန်ပြီလေ အဲဒါကို လူတွေက သဲကန္ဒာရတဲ့ သူတော်တော်လေးရယ်ချင်သွားတယ် သူကတော့ အဓိကကျတဲ့နေရာတွေကို ကာကွယ်ထားရလို့ ကျန်တဲ့နေရာတွေကို ဂရုမစိုက်နိုင်ခဲ့ဘူးလေ သူကာကွယ်ထားတဲ့နေရာတွေကို လူတွေ ခေါ်ကြတယ် ရေခဲပြင်တွေတဲ့။. လူတွေက သူ့ဝတ်ရုံးတွေခုတ်ဖြတ်ရုံတင်မကတော့ဘူး အခုဆိုရင် သူ့ရဲ့ကိုယ်ထဲမှာ စီးဆင်းနေတဲ့ သူ့ရဲ့သွေးတွေကို ဒီဇယ်ဆီဆိုပြီး ထုတ်ယူကြပြန်ပြီ ၊ သူ့ရဲ့ ခန္ဒာကိုယ်အတွက် […]