ဦးသုSeptember 20, 20121min18414
ငယ်ငယ်တုန်းက ကျောင်းပိတ်ရင်ကျွန်တော်တို့မှာ ကစားစရာဆိုလို့ သားရေကွင်းပစ်မယ် ဂေါ်လီ ရိုက်မယ်နောက်ပြီး အရုပ်ထောင်ပစ်မယ် ပိုက်ဆံထောင်ပစ်မယ် ပြီးတော့ သေနတ်ပစ်တိုင်းပေါ့။       လေသေနတ်တွေပေါ်ခါစဆိုတော့ အဲဒါကနည်းနည်းတော့ ပြသာနာရှိတယ် မျက်လုံးတွေဘာတွေထိတတ်တယ် မိုးတွင်းဆိုရင် ရပ်ကွက်က ကန်ထရိုက်တွေစဝင်ခါစဆိုတော့ တိုက်ဆောက်ဖို့ ဖောင်ဒေးရှင်းတူးထားတဲ့ ကျင်းကြီးတွေထဲရေတွင်ဝင်ပြီး ရေကန်ကြီးတွေဖြစ်နေတယ် အဲဒီမှာရေတွေကူးတယ် ။ ဘောလုံးကန်တာကတော့ပြောမနေနဲ့တော့။ အခုခေတ် ကလေးတွေကျတော့အဲဒီလိုမဟုတ်တော့ဘူးဗျ အားနေရင်ဂိမ်းဆိုင်သွားမယ် အင်တာနက်ဆိုင်သွားမယ် ကောင်းတဲ့ဗဟုသုတရော မကောင်းတဲ့အကျင့်ကော အကုန်စောစောစီးစီးသိကုန်ရော နောက်ပြီး အခုခေတ် ကလေးတွေက ကျွန်တော်တို့ငယ်ငယ်တုန်းကလို လှုပ်ရှားမှုနည်းတော့ body က ညှက်တယ် ဖွံဖြိုးမှုနောက်ကျတယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းက တယ်လီဖုန်းဆိုတာ ဟမ်းဖုန်းကိုင်နိုင်တဲ့သူကို သူဌေးလို့သတ်မှတ်ပြီးသား ဖုန်းတဆင့်ခေါ်ပေးတဲ့အိမ်မှာ ဖုန်းလာလို့သွားကိုင်ရင် ကလေးဆိုပြီးပေးမကိုင်ချင်ဘူး နောက်ပြီးတော့ အိမ်မှာတီဗွီတွေဘာတွေဆိုတာ လူကြီးတွေဖွင့်ပေးမှကြည့်ရတဲ့ သူငယ်ချင်းတွေတောင်ရှိတယ်။ အခုခေတ်ကလေးတွေကတော့ ကျွန်တော့်သမီးဆိုရင် ၅နှစ် […]