ဒီနေ့တော့ အစားအသောက်ဘက် လှည့်ကြည့်မလားလို့။ လွန်ခဲ့တဲ့ သုံးရက်ကတော့ အိမ်က အစ်မတော်က ကင်မ်ချီစားချင်တယ်ဆိုလို့ ကင်မ်ချီတွေ နယ်လိုက်တာ လက်တွေကို ပူနေတာ ညအိပ်တဲ့အထိပဲ။ ဒီနေ့လောက်ဆို စားလို့ရပြီဆိုတော့ ရေခဲသေတ္တာထဲက ကင်မ်ချီဘူးလေးတွေ ကြည့်မိရင်း ပီတိတော့ ဖြစ်မိသား။ ကင်မ်ချီတွေကြည့်ရင်း မနှစ်က စင်ကာပူက Saragoon ဘူတာက Mall ထဲက ကင်မ်ချီအလကားကျွေးတဲ့ဆိုင်ကို သွားသတိရမိသေးတယ်။   ဘာရယ်တော့မဟုတ်ပါဘူး ငါးပိရည်လုပ်တဲ့ပို့စ်လေး ဖတ်မိရင်း အကြော်အလှော် ဘက် ရောက်သွားရာကနေ။ ဘာလချောင်ကြော်အကြောင်း သတိရသွားမိလို့ပါ။ ဘာလချောင်ကြော်ဆိုလို့ ပြီးခဲ့တဲ့လက Miss Universe Myanmar 2014 သျှားထွဋ်အိန္ဒြာရဲ့ အလှူပွဲမှာ လမ်းလုပ်သားတွေကို ကြက်သားဆီပြန် နဲ့ တွဲဖက်စားမယ့် အကြော်တစ်ခု ကျွေးမယ် ကူညီပေးပါဆိုတာနဲ့  ဟင်းချက်ထမင်းချက်မယ့် အစ်ကိုတစ်ယောက် […]


23.11.2014 တနင်္ဂနွေနေ့ပေါ့။ ရွာထဲကလည်း ကီးမား ခေါက်မုန့် နဲ့ မုန်းပျားသလက်လေး လုပ်နည်းလေး ရေးပေးဆိုတာနဲ့။ မုန့်လုပ်စားဖြစ်ရင်း မှတ်တမ်းတင်ထားလိုက်တယ်။ တကယ် မုန့်နှစ်နဲ့ပတ်သက်တဲ့ မုန့်လုပ်စားပြီဆိုရင် အဓိက မုန့်နှစ်ကိုစပ်တာ ဖောက်တာက အရေးကြီးဆုံးပါပဲ။ တစ်ခုခုလွဲသွားရင် မုန့်က ဂျတ်ပိတ်ကြီးဖြစ်နေမယ်။ ပျော့နေမယ်။ မုန့်ကလော်ရင် ကပ်နေမယ် မကြွပ်ဘူး မရွဘူး ခဏလေးနဲ့ပျော့သွားမယ်ဆိုတာတွေပေါ့။ ဒါတွေပြေလည်ဖို့ ကျတော့်မေမေဟာ အသေအချာ ကျတော်တို့ကိုသင်ပေးခဲ့ပါတယ်။ ငယ်ငယ်တုန်း ထမင်းကျွေးခဲ့တဲ့ ကီးမားလုပ်တဲ့ အိုးကလည်း အဆင်သင့်လေ။ ဒါပေမယ့် ဒီတစ်ခေါက်တော့ မီးသွေးဖိုမသုံးတော့ပါဘူး။ မီးပြင်းတာတွေဆို လျော့ဖို့အလုပ်ရှုပ်တာနဲ့ လွယ်လင့်တကူ လျှပ်စစ် ဒယ်အိုးကိုသာသုံးလိုက်ပါတယ်။ ကျတော်တို့ မုန့်လုပ်စားကြရအောင်။ အဓိကအားဖြင့် ကီးမားလုပ်ရင် ဂေါ်ဖီ ၊ ခရမ်းချဉ်သီး ၊ ငရုတ်သီးစိမ်း ၊ ပဲပင်ပေါက် […]


ကျွန်တော်တို့ အိမ်ကလေးရဲ့နောက်ဖေးလမ်းကြားမှာ ပိန်ပင်တွေအများကြီးရှိပါတယ်။ လမ်းဘေးမှာ ပေါက်တဲ့ ပိန်းပင်အစိမ်းတွေပါပဲ။ နောက်ဖေးက ပိန်းပင်တွေကတော့ သန်လိုက်တာမှ လူတစ်ရပ်လောက်တောင် ရှိတယ်။ မိုးတွင်းမို့ တစ်ခါတစ်ခါပျင်းရင် နောက်ဖေးမှာထိုင်ငေးနေရတာက အရသာတစ်မျိုးပါ။ တစ်ရက်တော့ မေမေက အောင်လေး နောက်ဖေးက ပိန်းပင်တွေအရင်းကနေခုတ်ပီး အရွက်ကိုထားခဲ့ ရှစ်ရိုးလောက်ခုတ်ခဲ့ဆိုတာနဲ့ သွားခုတ်ရတာပေါ့။ မေမေ ဘာလုပ်မလို့လဲ ဆိုတော့ ပိန်းရိုးဟင်းခါး ချက်မလို့လဲ။ အမေရယ် ယားကုန်မှာပေါ့လို့ ပြောတော့။ နင်အသာနေ ဆိုတာတဲ့ သွားခုတ်ပေးရပါတယ်။ ပထမဆုံး မေမေက ပိန်းရိုးတွေကို ရေစင်အောင်ဆေးပါတယ်။ အရမ်းသွယ်တဲ့နေရာကိုတော့ ဖြတ်ချပါတယ်။ ပြီးတာနဲ့ ပိန်းရိုးပေါ်က အကြောတွေကို ဓါးနဲ့အရင်းကနေခွာချပါတယ်။ ငှက်ပင်ဖတ်အကြောလိုပါပဲ အရင်းကနေ ဓါးလေးနဲ့ အစကိုသပ်ပြီးခွာလိုက်တာနဲ့ အချောင်းလိုက်လေးပါလာတာပါ။ တစ်ရိုးပြီးတစ်ရိုး အကြောက်တွေ စင်အောင်ခွာပြီးသွားတော့။ ပိန်းရိုးတွေကို ရေထပ်ဆေးပါတယ်။ ပီးတောင်နံရံမှာမှီပြီးထောင်ထားပါတယ်။ […]


ထူးထူးခြားခြား မုန့်လုပ်နည်းတွေနဲ့ ထူးထူးခြားခြား ဟင်းချက်ပုံတွေကို ကျွန်တော်ဟာ မေမေ့ဘေးမှာ နေရင်းနဲ့ ရင်းနှီးခဲ့ရတယ်။ မေမေဟာ ငါးချဉ်စားချင်တယ်ဆိုလည်း ကိုယ်တိုင်လုပ်ကျွေးတယ်။ အိမ်တိုရှည်စားချင်လား။ ခေါက်မုန့်လား၊ မုန့်ပျားသလက်လား၊ မုန့်ဟင်းခါးလား၊ အုန်းနိုးခေါက်ဆွဲလား၊ လက်သုတ်စုံလား၊ ဘာပဲဖြစ်ဖြစ် ကိုယ်တိုင်လုပ်စားနေကြဆိုတော့။ တစ်ခါတစ်ခါမှာ ထူးခြားတဲ့အရာတွေလည်း ချက်စားလိမ့်ရှိ တယ်။ ငါးဆားတယ် ၊ ငါးပိကောင်ကအစ မေမဟာ ကိုယ်တိုင်လုပ်ကျွေးလေ့ရှိတယ်။ သည်လိုချက်စားတိုင်း လည်း နင့်အဖေရှိစဉ်တုန်းက ဟင်းချက်ပြုတ်တာ သိပ်ဝါသနာပါတာလို့လဲ ပြောလေ့ရှိတယ်။ သည်တော့လည်း ကျွန်တော်အချက်အပြုတ်ဝါသနာပါတာ အဆန်းမဟုတ်တော့ပါဘူး။ တစ်ခါ တစ်ခါ သူငယ်ချင်းတွေဆုံချင်တဲ့အခါ စားနေကျဟင်းအမယ်တွေမဟုတ်ဘဲ ခပ်ဆန်းဆန်းလေးတွေ ချက်ကျွေး လေ့ရှိတယ်။ မုန့်လုပ်စားကြတယ်ဆိုလည်း မြန်မာမုန့်ကို ကောင်းကောင်းလုပ်စားကြတယ်။ ဒီတစ်ခါတော့ ခပ်ဆန်းဆန်းဟင်းချိုလေးတစ်ခုနဲ့ အသုတ်လေးတစ်ခုကို ပြောပြချင်ပါတယ်။   ကျတော်တို့မိသားစုဟာ ရန်ကုန်မြို့ရဲ့ တောင်ဥက္ကလာဆိုတဲ့မြို့နယ်တစ်ခုရဲ့ […]


ပင်လယ်စာတုံရမ်းအလွယ်တကူ ချက်ပြုနည်း ချက်ရတာလွယ်သလို အရသာဟာလည်း စားသောက်ဆိုင်ကြီးကြီးတွေကထက် မညံ့တဲ့အရသာပါ။ အခုပြောပြတာကတော့ လူ(၇)ယောက်ထက်မနည်း စားလို့ရပါတယ်။အဓိက ပါဝင်တဲ့ပစ္စည်းတွေကတော့ ငါးဖယ် ၁၅ကျပ်သား ပုဇွန် ၂ဝသား မှို ၁ဝသား ခရမ်းချဉ်သီး ၅လုံး ငရုတ်ပွ လေးလုံး ဆလတ်ထုတ် ၁၅ကျပ်သား ပန်းဂေါ်ဖီ တစ်ဝက် မုန်လာဥနီ လေးတောင့် (သို့) ငါးတောင့် ပဲပြား နှစ်တုံး တုံရမ်းအနှစ်ထုပ် တစ်ထုပ်  ခနောချဉ်စပ်ခဲ ဗူးသေး နှစ်ဗူး ဂျပန်တို့ဖူး နှစ်ထုပ် အုန်းနို့ ဗူးသေး တစ်ဗူး ဆိုရင်လုံလောက်ပါပြီ။ ဦးစွာ အသီးအနှံများကို ပုံတွင်ပြထားတဲ့တိုင်းလှီးထားပါ။ ပြီး ရေကိုဆူအောင်တည် တုံရမ်းအနှစ်နဲ့ ခနောအခဲရယ် အုန်းနို့ရယ်ကိုဆူပွက်ပွက်ဖြစ်အောင်ကြိုပါ။ ပြီးရင် ငါးဖယ်ကို အလုံးလေးတွေ လုပ်ပြီးထည့်ပါ။ ပြီးရင် ပုဇွန်ကိုထည့်ပါ။ […]