kotun winlattSeptember 5, 20161min2494
မိုက်ခဲကြီးများ @@@@@ လမ်းမကြီးတစ်ခု …..။ ဒီဒေသကြီးတစ်ခုလုံးရဲ့ အားကိုးအားထားပြုရာ လမ်းမကြီး …။ ဒီဒေသကြီး တစ်ခုလုံး၏ လမ်းပန်းဆက်သွယ်ရေးအတွက် အသက်သွေးကြောဟု ဆိုလျှင်လည်း မှားအံ့မထင် …။ ဒီလမ်းမကြီးသည် ကျေးရွာလေးများမှ မြို့ ငယ်လေးဆီသို့ ကူးသန်းသွားလာရသည့် တစ်ခုတည်းသော အဆက်အသွယ်။ ရှေးယခင်က ဒီလမ်းမကြီး၏ ဘေးဝဲယာတွင် ကျွန်း၊ အင်ကြင်း၊ ကညင်၊ သစ်အယ်အစရှိသည့် သဘာဝပေါက်ပင်များက အစီအရီ ရှိနေခဲ့ကြသည်။ လမ်းမကြီး၏ အလျားမှာ ငါးမိုင်ကျော် … အကျယ်ကား နွားလှည်းနှစ်စီး ကောင်းကောင်းရှောင်သာသည့် အကွာအဝေး ….။ လမ်းကတော့ မြေသားလမ်း ….။ မြေသားလမ်းမှသည် ဒေသခံတို့၏ လုပ်အားကြောင့် ကျောက်ခင်းလမ်းလေး ဖြစ်လာခဲ့ရပေသည်။ ထိုလမ်းမကြီး ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်တွင် ရွာကလေးတစ်ရွာသာ တည်ရှိနေ၏။ ယင်းလမ်းမကြီးစတင်ရာနေရာ […]


kotun winlattAugust 29, 20161min2352
ဆိုင်းဘုတ် * * * * * * * “လူကြီးဆိုတာ ရပ်ရွာလူထုက အားကိုးလို့ တင်ထားတာ . . . ဒါကို ရပ်ရွာလူထုထဲက တစ်ယောက်ဖြစ်တဲ့ ငါ့ဘက်က မရပ်တည်ပဲ . . . တခြားဘက်ကရပ်တည်ပြီး ငါ့မိသားစု ပြိုကွဲအောင်လုပ်တဲ့ လူကြီး . . . ခင်ဗျားကြီးကို “Yee” ပဲ . . . အခု ခင်ဗျားကြီးကြောင့် ကျုပ်မိသားစု ပြိုကွဲရပြီ … ။ ခင်ဗျား ဝမ်းသာနေတယ် မဟုတ်လား . . .။ ကျုပ်အခု ခံစားနေရသလို ခင်ဗျား မခံစားရပါစေနဲ့လို့ ဆုတောင်းပါတယ်။ ” ညနေကတည်းက […]


kotun winlattAugust 7, 20161min32520
ဘခက် ******* (၁) ”ဘခက်ရဲ့ ရာဇဝင်မှာ မရဘူးဆိုတာ မရှိစေရဘူး” ” ဟာ . . . တယ် ဆို တဲ့ စာပါလားဗျ ” ”ဒီလိုပဲလေ . . . အာစိ(အာစရိ အတိုကောက်)ရ ဒီစကားလုံးနဲ့ လုပ်စားနေရတာပဲဗျ . . . ” ရယ်ကျဲကျဲနှင့် ပြန်ဖြေ၏။ ”နို့ နေပါဦး ကိုဘခက်ရ . . . ခင်ဗျား ဒီပညာကို သင်ခဲ့ရပုံနဲ့ ဒီရွာမှာ အခြေချဖြစ်ပုံလေး ကျနော့ကို ပြောပြစမ်းပါဦး” ” ဟားးးဟားးး အာစိရာ ပြောရရင် အရှည်ကြီးပါ။ ကျုပ်မိဘတွေက မိတ္ထီလာနယ်ဘက်ကဗျ . . . အဖေက […]


kotun winlattAugust 3, 20161min30615
ကျနော်နဲ့ ဒေါက်တာ @@@@@@@@ (၁) သူ့ကို ရွာထဲက လူတွေက “ဒေါက်တာ” လို့ ခေါ်ကြတယ်။ အရပ်မြင့်မြင့် အသားဖြူဖြူ အမြဲတမ်း ပြုံးပြုံးနဲ့ နေတတ်တဲ့သူ …။ ပုဆိုးကို တိုတိုဝတ်ပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကိုတော့ တန်ဘိုးနည်း စွပ်ကျယ်(သို့) ရှပ်အကျင်္ ီ ခပ်နွမ်းနွမ်းကို အမြဲဝတ်ထားတတ်သည်။ ကျနော်ငယ်ငယ်က သူနဲ့တွေ့တိုင်း မေးဖြစ်သည်က ” ဒေါက်တာ ဘယ်နှစ်နာရီရှိပြီလဲ” ဆိုသည့် မေးခွန်း ….။ ကျနော်မေးသည့် မေးခွန်းကို သူက ဟန်ပါပါဖြင့် လက်ပတ်နာရီ ဝတ်ဆင်ထားခြင်းမရှိသည့် သူ၏ ညာဘက်လက်ကို တစ်ချက်ငုံ့ကြည့် ထို့နောက် ကောင်းကင်ကို တစ်ချက်မော့ကြည့်ပြီး ” ၁ဝ နာရီ ၃ဝ မိနစ် ရှိပြီ လူကလေး ” ဟု […]


yiwaiNovember 21, 20131min1532
“ရုပ်သေးရုပ်ပွဲတော်” ======================== တိတ်ဆိတ်မှောင်မိုက်နေသော လမ်းကျဉ်းလေးဝယ် ထိုင်နေသူအများအပြားရှိပါသည်။ သူတို့သည် မျှော်လင့်ခြင်းကြီးစွာဖြင့် ကောင်းကင်ဆီသို့မော့ကြည့်နေကြသည်။ ထိုတိတ်ဆိတ်မှောင်မိုက်နေသော လမ်းလေးမှာပင် လှုပ်ရွနေကြသူများလည်းရှိပါသည်။ “ဘယ်တော့လာမှာလဲ” “ဘယ်တော့လာမှာလဲ” တိုးသဲ့သဲ့မေးသံများသည် တိတ်ဆိတ်ခြင်းကို ရံဖန်ရံခါ ဖေါက်ထွက်လာကြ၏။ သို့သော် ထိုမေးခွန်းသည် မေးခွန်းသာဖြစ်လျှက် အဖြေမရှိ။ အဖြေမရှိခဲ့။ လမ်းကျဉ်းလေးဝယ် အလင်းတချို့ စိုက်ခနဲ စိုက်ခနဲ ကျလာသည်။ ထိုအလင်းတို့အား လိုက်ဖမ်းနေကြ၏။ ကိုယ့်ဘေးနားသို့ အလင်းကျလာပါလျှက် မမြင်ကြသူတွေကလည်း အများအပြား။ “မလာသေးဘူးလား” “ခုထိ မလာသေးဘူးလား” “မျှော်ရတာ ပင်ပန်းလှပြီ” လူတချို့၏ တီးတိုးရွတ်ဆိုသံသည် သိပ်မကျယ်လောင်တော့။ အလင်းဖမ်းသူအများအပြား၏ လှုပ်ရွသံသည်သာ ဖုံးလွှမ်းသွား၏။ “ဟော ဟိုနားမှာ ဟေ့” “ဒီမှာဟ ဒီမှာ” ……………………………..။  “အလင်းရှင်သည် အမှောင်ကို ခွင်းဖို့ကြိုးစားသော်ငြား လူသားတို့၏ စာနာမှုမရှိခြင်းကို […]


Nan ShinJune 8, 20131min2027
၁။ “ဟာ…မိုက်လိုက်တာဗျာ….ဒီလိုမျိုးလေး တွေနဲ့ အပန်းမဖြေရတာကြာပြီ…လွှတ်မိုက်တယ်ဗျာ….အဲ့ဒါဘယ်ဝက်ဆိုက်ကလဲ”….ဟုပြောပြောဆိုဆိုနှင့် ပြေး၍ ဝက်ဆိုက်နာမည်ကို ကူးယူဟန်ပြလိုက်သည်။ ၂။ “ဘာကွ မင်းကများ မလောက်လေး မလောက်စားနဲ့ ငါလိုကောင်မျိုးကို အာခံချင်တယ် ပေါ့ဟုတ်လား” “ကျနော်က အာခံတာမဟုတ်ပါဘူးဗျာ….ဘယ်လိုပြောမလဲ………..” “ဟေ့ကောင် မင်းဘယ်လိုမှ ပြောစရာမလိုဘူးကွ…………ဟုတ်တယ် ……………အချစ်ဆိုတာဘဝရဲ့ ပန်းတိုင်မဟုတ်ဘူးကွ……ပန်းတိုင်မဟုတ်ဘူး……” “ပန်းတိုင်မဟုတ်သလို ခရီးသွားဟန်လွဲလဲ လုပ်လို့မရပါဘူး အဖေရယ်….” “အဲ့ဒါကိုပြောတာပေါ့ကွ…….နွားရှေ့ထွန်ကျူး….အဲ…အဲ…………မိကျောင်းမင်းရေးခင်း ပြဆိုတာ…မင်း တို့လိုကောင်တွေ ကြီးပွားဖို့တိုးတက်ဖို့လုံးဝမလွယ်ဘူး….” “ဟာ.. အဖေတို့လူကြီးတွေကလည်း နှစ်ဆယ့်တစ်ရာစုရဲ့အထူးဆန်းဆုံးလူသားတွေလို့ပဲပြောရတော့ မယ်…”   “မင်းဘာပြောတယ်ကွ…” “ဟုတ်တယ်လေ အဖေတို့လူကြီးတွေက ကိုယ့်ရဲ့အယူအဆတွေ အမြင်နဲ့မတိုက်ဆိုင်ဘူး…မတူညီဘူးဆို ရင် နွားရှေ့ထွန်ကျူးရတာနဲ့…မိကျောင်းခင်းရေခင်းပြရတာနဲ့ ဘာမှန်းကို မသိဘူး…..နှစ်ဆယ့်တစ်ရာစု မှာ လူငယ်တွေကို အပြစ်ပြောပြီး ဆုံးမတဲ့ခေတ်က ကုန်သွားပြီ အဖေရဲ့ ….ဒီဇိုင်းအသစ်ရှာပြီး ဆုံးမတော့ဗျာ….” “ဟေ့ကောင် တော်ကွာ ………..” […]


Nan ShinJune 4, 20131min22510
“ခက်တယ်ကွ….သိပ်ခက်တယ်….ငါလုံးဝမပြောချင်ဘူးကွာ…”. လက်ထဲရှိ သောက်လက်စ လဘက်ရည် ပန်းကန်လုံးကို ဆောင့်ပြီး ခတ်ပြင်းပြင်း ချရင်း ပြောလိုက်ခြင်းဖြစ်သည်။ “ဘာခက်တာလဲ အကိုရဲ့”………… စကားမစပ် အစမရှိ အဆုံးမရှိ တခက်တည်း ခက်နေသော ကိုကျော်ကြီး၏ စကားကိုအ ဓိပ္ပါယ်မပေါက်ဟန်ဖြင့် စ ထိုင်သည့် အချိန်နာရီကို လှမ်းမှတ်ရင်း မင်းနန္ဒမှပြန်မေး လိုက်သည်။ “လုံးဝမပြောချင်ဘူး” ဟု ပြောလိုက်ခြင်းသည် တခုခုကို ပြောချင်၍ စကားစ လိုက်ခြင်းဖြစ်သည် ဟု သိနှင့်ပြီးလည်းဖြစ်သည်။ ကိုကျော်ကြီးသည် သူ၏ ချစ်သူဟောင်း မစန္ဒာနဲ့ ပတ်သက်၍ ရင်ဖွင့်လိုစိတ် ပေါက်သည့်အခါတိုင်း မင်းနန္ဒ၏ အိမ်သို့လာ၍ “ညီလေးလ္ဘက်ရည် သွားသောက်ရအောင်ကွာ” ဟု ပြောပြီး ခေါ်လေ့ရှိသည်။ မင်းနန္ဒမှာ လူပျိုလူလွတ် တစ်ယောက်တည်း ဆိုသော်လည်း ထ္မင်းစားဖို့တောင် အနိုင်နိုင် ရုံးကန်နေရသည် […]


Nan ShinFebruary 17, 20131min1234
ဒဿနိကဘေဒ ဘာသာရပ်ဆိုင်ရာ ပါမောက္ခဆရာကြီးတစ်ဦးဟာ အတန်းမစတင်ခင် သူ ့ရှေ ့က စားပွဲပေါ်မှာရှိတဲ့ အရာဝတ္ထုတစ်ခုနဲ ့ အတူ ရပ်နေတယ်။ အတန်းစတင်တဲ့အချိန်မှာတော့ အတော်အတန်ကြီးမားတဲ့ ပုလင်းလွတ်တစ်လုံးကို ကောက်ကိုင်လိုက်တယ်။ ပြီးတော့ နှစ်လက်မလောက်အရွယ်ရှိတဲ့ ေ ကျာက်တုံးတွေကို အဲ့ဒိပုလင်းအလွတ် ပြည့်သွားတဲ့အထိ ဖြည့်ထည့် လိုက်တယ်။ ပြီးတော့ “ဒီပုလင်း ပြည့်သွားပြီလား တပည့်တို ့’’လို ့ ကျောင်းသားတွေကိုမေးတယ်။ ကျောင်းသားတွေကလည်း ပြည့်ပြီဖြစ်ကြောင်းပြန်ဖြေကြတယ်။ အဲ့ဒိနောက်မှာတော့ ပါမောက္ခကြီးက ခပ်ငယ်ငယ်ကျောက်စလစ်ခဲလေးတွေကို အဲ့ဒိ ပုလင်းထဲထက်ထည့်ပြီး အနည်းငယ်လှုပ်ရမ်းလိုက်တယ်။ ဒါကြောင့် ကျောက်စလစ်ခဲငယ်လေးတွေဟာ နှစ်လက်မခန် ့ရှိတဲ့ ကျောက်ခဲ တုန်းတွေကြားကို ရောက်သွားကြပါတယ်။ ပြီးတော့ ကျောင်းသားတွေကို “ဒီပုလင်း ပြည့်သွားပြီလား တပည့်တို ့’’လို ့ နောက်တစ်ခါ ထက်မေးလိုက်တယ်။ […]


Nan ShinFebruary 12, 20131min2078
ကျွန်တော့်ရဲ ့အမေဟာ မျက်လုံးတစ်ဖက်ကန်းနေတယ်။ကျွန်တော်သူ ့ကို အရမ်းမုန်းတာပဲ။သူက ကျွန် တော့် အတွက်အမြဲတန်းအရှက်ရစေသူတစ်ယောက်ပဲ ဖြစ်တယ်။ သူဟာ ကျွန်တော်တို ့မိသားစုကို ထောက်ပံ့ဖို ့အတွက် ကျောင်းသားတွေနဲ ့ဆရာ ဆရာမတွေကို ချက်ပြုတ်ပေးတဲ့ အလုပ်ကိုလုပ်တယ်။ တစ်နေ ့မှာ အခြေခံပညာအဆင့်ကျောင်းတတ်နေတဲ့ ကျွန်တော့်ဆီကို နှုတ်ဆက်ဖို ့ဆိုပြီး သူလာခဲ့တယ်။ ကျွန်နော်အရမ်းကို ရှက်တာပဲ။ သူကျွန်တော့်ကို အဲ့သလိုလာလုပ်လို ့ဘယ်ရမလဲ? ကျွန်တော်သူ ့ကိုသိပ်မုန်းတယ်ဆိုတာကို သိသာစေ မဲ့ အကြည့်နဲ ့ ငြင်းလွှတ်လိုက်ပြီး သူနဲ ့ဝေးရာကို ထွက်လာလိုက်တယ်။နောက်နေ ့မှာ ကျွန်တော့်ရဲ ့ ကျောင်းနေဘက်ကောင်လေးတစ်ယောက်က ‘’ဟား..ဟား..မင်းအမေက မျက်လုံးတစ်လုံးပဲ ရှိတယ် ဟား ဟား..’’ဆိုပြီး ကျွန်တော့်ကို လှောင်ပြောင်သရော်ပါတယ်။ ကျွန်တော့်ကိုကျွန်တော့်လဲ မြေမြှုပ်သင်္ဂြု ိဟ်ပြစ်လိုက်ချင်သလို […]


Nan ShinFebruary 11, 20131min1546
  မျက်မမြင်ဘဝကို ရရှိထားလို ့သူ ့ကိုသူ မုန်းတီးနေတဲ့ကောင်းမလေးတစ်ယောက်ရှိ တယ်။သူ ့က သူ ့ကိုယ်သူတင် မုန်းတာမဟုတ်ဘူး။သူအရမ်းချစ်တဲ့ သူ ့ချစ်သူကောင်း လေးကလွဲပြီး တစ်လောကလုံးမှာ ရှိတဲ့ လူတွေအားလုံးကို မုန်းတာ။သူ ့ကောင်လေးက သူ ့အနားက တစ်ဖဝါးမှ မခွါပဲသူ ့ကိုပြုစုပေးနေတာလေ။တစ်နေ ့မှာ’’ကောင်လေးရယ် ငါသာမျက်စိပြန်မြင်ခဲ့ရင် နင့်ကိုပဲ လက်ထက်မှာ သိလား.’’.လို ့ကောင်းလေးကို ပြော လိုက်တယ်။ သိပ်မကြာခင်မှာပဲ ကောင်းမလေးအတွက် မျက်စိနှစ်လုံးစလုံးလှူမဲ့ အလှူရှင်ပေါ် လာပြီး သူ ့ရဲ ့မျက်စိတွေပြန်ကောင်းသွားတယ်။သူ အရာအားလုံးမြင်နိုင်ခဲ့ပြီဆိုတော့ သူ ့ချစ်သူကောင်လေးကို အရင်ဆုံး ကြည့်လိုက်တယ်။ဒါပေမဲ့ ကောင်လေးက မျက်မ မြင်လေး တစ်ယောက်ဖြစ်နေတယ်။အဲ့ဒိအချိန်မှာ ကောင်းလေးက သူ ့ကိုမေးတယ်။ ‘’ကောင်မလေး မင်းအခု ငါအပါအဝင် […]


San Hla GyiJuly 14, 20121min59959
လူတိုင်းလိုလို မိဘမဲ့ကလေးများကို မြင်ဘူးကြားဘူး ကြမည်ဖြစ်ပါသည်။ ကြားလိုက်သည်နှင့် ဖြစ်ပေါ်တတ်သည့် ခံစားမှုက သနားခြင်း ဖြစ်ပါသည်။ မိဘမဲ့ ဖြစ်ရာတွင် အကြောင်းအမျိုးမျိုး ရှိပါသည်။ မိဘများ သေဆုံးသွား၍ မိဘများက စွန့်ပစ်သွား၍ မိဘများနှင့် ကွဲကွာသွား၍ စသည်ဖြင့်ပေါ့လေ။ ဘယ်လိုပဲဖြစ်ဖြစ် အလွန်ငယ်သည့် အရွယ်မှာ မိဘမဲ့ ဖြစ်ပြီဆိုလျှင်တော့ ကောက်ယူမွေးစားသူ မရှိပါက သေဖို့သာရှိပါသည်။ ကိုယ့်ကိုကိုယ် မစောင့်ရှောက်နိုင်သည့် အရွယ်ပေကိုး။ ဟုတ်ပါသည်။ ကျနော်လည်း တခါက မိဘမဲ့ကလေး တဦးကို ကောက်ယူမွေးစားခဲ့ဖူးပါသည်။ မမွေးစားလို့လည်း မရပါ။ ထိုမိဘမဲ့ကလေးက ကျနော့်ခြံထဲသို့ မိဘများနှင့် ကွဲကာဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ခြင်း ကြောင့်ဖြစ်ပါသည်။ ဘာပဲဖြစ်ဖြစ် ကုသိုလ်ရသဖြင့် ကျေနပ်မိပါသည်။ ထိုသို့ဆိုလျှင် ကျနော်ထိုစဉ်က နေသောအိမ်ကို အကျဉ်းမျှ ပြောပြရန် လိုပါသည်။ ထိုစဉ်ကဟု […]


BaBa Black ခီညား ……….. ရေးလိုက်ပြီဗျို့ …. ။ ( (၅) မှတ်တော့ ရပြီ။ ဟီဟိ … ) ဇာတ်လမ်းကိုတော့ ဒီလိုစထားပါတယ် …….. ။ +++++++++++++++++++++++++++++++ တစ်နေ့တစ်၌ ရန်ကုန်မြို့ ဆူးလေဘုရားအနီး ဘတ်စ်ကား မှတ်တိုင်တွင် အသက် (၂၅) နှစ် အရွယ်ခန့်ရှိ လူရွယ်တစ်ဦးသည် အပေါစား နှီးဦးထုပ်တစ်လုံးဖြင့် ဘတ်စ်ကား မှတ်တိုင်မှ လူများထံ လိုက်လံ တောင်းရမ်းနေသည်ကို တွေ့ရလေသည်။ ထိုလူရွယ်သည် ယောက်ျားပီသသော ခန္ဓာကိုယ် အချိုးအစား၊ ဒေါင်ကောင်းသော အရပ်အမောင်း တို့ကို ပိုင်ဆိုင်ထားလျက် အဘယ်ကြောင့် ယင်းသို့ တောင်းရမ်းနေရခြင်း ဖြစ်သည်ကို ကျွန်ုပ်အနေဖြင့် တွေးနေမိလေသည်။ များမကြာမီ အချိန်အတွင်း ထိုလူရွယ်၏ အပေါစား […]


than loneDecember 24, 20111min2229
အပြင်မှာ မိုးကတဖွဲဖွဲ .. ဒီနေ့ … “ရွီးးး” …. “ဟေ့ကောင်တွေ ထွက်ကြတော့ ..” မထသဂိတ်မှုး ဝီစီမှုတ်မှပဲ စောစောစီးစီး ကားပေါ်ရောက်ပြီး အိပ်ငိုက်နေတဲ့ ကျွန်တော် လန့်နိုးပြီး အပြင်ကို ကြည့်လိုက်တော့ .. ဂိတ်မှုးအသံကြားမှ လက်ဘက်ရည်ဆိုင်ထဲက ဒရိုင်ဘာနဲ့ စပယ်ယာက ကွမ်းတပျစ်ပျစ်နဲ့ … “မရှိလို့ လုပ်စားတာ ဖြေးဖြေးပေါ့ ဗျာ .. လူတောင်မစုံသေးဘူးဗျ” .. ပြောပြောဆိုဆိုနဲ့ ကွမ်းယာဝယ်နေသေးသည်။ ဒီတော့ ဂိတ်မှူးက .. “ဟေ့ .. လူစုံလည်း ၁၅ မိနစ်တစ်စီး လူမစုံလည်း တစ်စီးထွက်ရမှာပဲကွာ ..မင်းတို့ ငွေရှာသလို တစ်ခြားကားသမားတွေလည်း .. အခုလိုအခါကြီးရက်ကြီးတွေမှာ မနက်ပိုင်းလေး ရှာရတာကွ . ကိုယ်ချင်းစာမှပေ့ါ ..” […]