uncle gyiMay 10, 20151min17510
  ကျွန်တော်သူငယ်တန်းက၄တန်းအထိမူလတန်းကျောင်းတခုမှာ ၄တန်းအောင်တော့အထက်တန်းကျောင်းကိုပြောင်းရပါတယ် အဲဒီကျောင်းမှာအတွေ့အကြုံလေးတခုပြောချင်ပါတယ် အမှိုက်ပစ်တာကအစကျောင်းသားကြီးတွေကကျောင်းသားငယ်တွေကိုထိမ်းပါတယ် တံတွေးရမ်းမထွေးရပါဖူး ကျောင်းသားငယ်တွေကလည်းကျောင်းသားကြီးတွေကိုလေးစားရပါတယ် ရတန်းတုန်းကအတန်းတူစီနီယာသူငယ်ချင်းတယောက်ရှိပါတယ် စာမေးပွဲဖြေရင်စာရွက်တွေထထတောင်းပြီးဖြေတာအတော်အားကျမ်ိပါတယ် ကိုယ်ကသူ့လိုစာရွက်ထထမတောင်းနိုင်ဖူးလေ စာမေးပွဲအောင်စာရင်းထွက်တော့သူကျပါတယ် ကိုယ်တွေကအောင်ခဲ့ပါတယ် အခုပြန်တွေးမိတာသူကလိုရင်းရောက်အောင်တနည်း မေးခွန်းဆိုလိုရင်းကိုမိအောင်မဖြေနိုင်တာ ဒါကြောင့်စာရွက်တွေတထပ်ကြီးရေးဖြေပြီးမအောင်ခဲ့တာ အခုမေလ၃ရက်နေ့က တကဘာလုံးကစောင့်စားကြည့်ခဲ့တဲ့လက်ဝှေ့ပွဲတိုက်ရိုက်ပြတုန်း မကြည့်လိုက်ရပါဖူး ဖဘ မှာတက်လာကြတဲ့စာတွေကြည့်ပြီးပက် နိုင်သင့်တယ်ပြောသူနဲ့ မေဝယ်သာကိုအပြေးချံပီယံဆိုပြီးချီးကျူးသူနဲ့ဒိုင်တွေဘက်လိုက်တယ်ဆဲသူနဲ့ ပွထနေမှလက်ဝှေ့ပွဲကြီးပြီးသွားတယ်ဆိုတာသိလိုက်ရပါတယ် ဒါနဲ့ပြန်ပြတဲ့ပွဲကိုစောင့်ကြည့်မိပါတယ် တကယ်ဆိုနာမည်ကြီးသလောက်ပွဲကကြည့်မကောင်းခဲ့ပါဖူး ပက် ကလိုက်ထိုးသလောက် မေဝယ်သာကပတ်ပြေးနေတာလည်းအမှန်ပါ ဒါပေမဲ့ပက် ကမေဝယ်သာကိုချောင်ပိတ်ပြီးစိတ်ကြိုက်ကိုထိုးတာ ၁စက်ကန့်ကိုလက်သီး၂လုံးလောက်ဝင်အောင်ထိုးသွားတာ မေဝယ်သာကလက်၂ဖက်နဲ့ပိတ်ကာသွားတာစံနစ်တကျနဲ့ထိချက်တွေမကောင်းတာအမှန် ်မေဝယ်သာကတချက်တချက်ထောက်လက်သီး ဖြတ်လက်သီးတွေသွင်းလိုက်တော့ ပက် မခုခံနိုင်တာလည်းအမှန် တကယ်တော့လဲအောင်မထိုးနိုင်ရင်အမှတ်နဲ့အနိုင်ပေးတာ မြန်မာလက်ဝှေ့လိုပူးတွဲသရေမရှိတဲ့အနောက်တိုင်လက်ဝှေ့မှာ အမှတ်မယူနိုင်တာ အာရှကြိုက်စိတ်ကြိုက်ထိုးနိုင်ပေမဲ့ စည်းကမ်းအရအမှတ်မရခဲ့တော့ပက် ရှုံးခဲ့ရတာ ကိုယ့်အာရှသားကိုအနိုင်ပေးချင်ပေမဲ့ ထိုးနိုင်တိုင်းအနိုင်မဟုတ်ပဲအရှုံးလည်းဖြစ်တယ်ဆိုတာ လက်မခံချင်ပေမဲ့လက်ခံလိုက်ရပါတယ် အနိုင်အရှုံးဆိုတာ ကိုယ်နိုင်မယ်ထင်ပေမဲ့ရှုံးတတ်သလို ကိုယ်ရှုံးမယ်ထင်ပေမဲ့နိုင်တတ်တာကြောင့် သတ်မှတ်ချက်တခုမျှသာလို့ဆိုချင်ပါတယ်


uncle gyiApril 16, 20151min29324
ကျွန်တော်တို့ငယ်တုန်းကကျူးဆိုတာအတော်မျက်နှာငယ်တာကိုး နေစရာမရှိလို့သူများအိမ်ရှေ့ကျူးကျော်နေတယ်ဆိုတာအတော်နည်းပြီးတော်ရုံလူကလဲ ကျူးအဖြစ်နဲ့နေတာကိုရှက်ကြတာကိုး ဟိုးတုန်းကတော့မြေဈေးတွေကလည်းမကြီးမြေတွေကလည်းပေါဆိုတော့နေစရာမရှိသူက ကိုယ့်အနားလာပြီးတဖက်ရပ်ကလေးလာဆွဲပြီးနေရင်ကိုစားစရာတွေပေးရတာနဲ့ အလုပ်မရှိရင်အလုပ်ရှာပေးရတာနဲ့မြန်မာရဲ့ကူညီရိုင်းပင်းမှုစိတ်တွေကချစ်စရာကိုဖြစ်နေတာ   အခုနောက်ပိုင်းမြေဈေးတွေတက်လာကျူးတွေကတဖြည်းဖြည်းများလာ ကိုယ့်မြေလေးရောင်းတော့မယ်ဝယ်သူကအိမ်ရှေ့ကကျူးကိုဖယ်ပေးဆိုတော့ ကျူးကနေလာတာကြာပေါ့မဖယ်နိုင် ဒါဆိုလည်းမြို့သစ်ဝိုင်းလေးဝယ်ပေးမယ်ဆိုလည်းမြို့သစ်မနေနိုင် ဘယ်နေရာဝယ်ပေးဆိုပြီးပြောလာရော မခက်လား ချဉ်စရာမြန်မာ့စရိုက် ဒါကကျူးသရုပ်ဖော်တကွက်   ဟိုနေရာကကျူးတွေ အဲဒီနေရာက ိုပြန်ရောင်းနေတယ်ဘာစာချုပ်မှမပါ ဒါပေမဲ့ကျူးတွေဖယ်ခိုင်းရင်မြေတကွက်တော့သေချာရမှာဝယ်ထားရင်မမှားဖူး တန်တယ်နဲ့ဝယ်လိုက်ကြတာငွေရှိသူရောမရှိသူပါ နောက်တော့ဘာမြေကွက်မှမပေးဆိုတော့ရှိသူကနဲနဲပွန်းသွားပေမဲ့ မရှိသူကကုန်ပြီဒါကလောဘကျူး   ပိုင်ရှင်မရှိတဲ့အကွက်တွေဝင်သာနေဖယ်ခိုင်းတော့ပိုက်ဆံပေးမှဖယ်ပေးမယ် ဒါကလုပ်စားကျူးတွေ   ဒီနေရာကျူးတဲတေ ွရှင်း နေစရာမရှိလို့ကျူးတာ နေစရာအစားပေး သနားပါတယ်ဆိုပြီးမြို့သစ်တွေမှာမြေကွက်ရိုက်ပေး ပြောင်းသွားပါတယ်ခဏ နောက်တော့မြေကိုရောင်းစားပြီးနဂိုနေရာပြန်ရောက်လာတဲ့ လူလည်ကျူးတွေ   မြစ်ဝကျွန်းပေါ်သွားလမ်းမပေါ်မှာတညတည်းနဲ့တဲအိမ်ရာထောင်ချီ ဆောက်ပြီးကျူးတဲ့နိုင်ငံရေးကစားကွက်ထဲကကျူးတွေ   အနှီးကျူးထိုကျူးအမျိုးမျိုးကျူးကျူးနေကြတာ အရင်းစစ်အမြစ်မြေကဆိုသလို တရားဥပဒေကိုလူတွေမလေးစားကြတာ ဥပဒေကိုကကျူးတွေအတွက်အကာအကွယ်ပေးထားတာ ကျူးတဲကိုဖျက်ရင်ကိုဖျက်တဲ့သူကိုကျူးကပြန်တရားစွဲရင်လျော်ကြေးပေးရမယ်   အချောင်သမားတွေအတွက်စားပေါက်ကြီးဖြစ်နေတဲ့ အနှီးကျူးထိုကျူးများကိုနှစ်သစ်မှာ စံနစ်တကျထိမ်းသိ်မ်းနိုင်သောဥပဒေများထုတ်ပြန်နိုင်ပြီး နိုင်ငံတိုးတက်ပါစေကြောင်း ဆုတောင်းရင်း မြန်မာတို့ရဲ့နှစ်သစ်ကိုကြိုဆိုလိုက်ပါကြောင်း


uncle gyiApril 15, 20151min45627
သင်္ကြန်အမှတ်တရ စတုဒီသာကွေ ျးတာကိုဘယ်သူကဘယ်ခေတ်ကစခဲ့လဲမသိဖူးဗ ျာ ဒါပေမဲ့လူမ ျိုုးဘာသာမရွေးစားခ ျင်သူဝင်စား အယုတ်အလတ်အမြတ်မရွေးကွေ ျးတာကို သာဓုခေါ်စရာပါ ၆၄ လမ်းဘက်ရောက်တော့ကြာဇံကေ ျာ်ကွေ ျးနေတာတွေ့ရလို့ ကားရပ်ပြီးအဖွဲ့လိုက်ဝင်အားပေးခဲ့ပါတယ် အခြားကားတွေလည်းရပ်ပြီးစားကြလို့ခုံနေရာမရလို့မတ်တပ်စားရသူတွေ ဇွန်းမရှိလို့လက်နဲ့စားရသူတွေ အခ ျိုရည်ကုန်သွားလို့မသောက်လိုက်ရသူတွေ ပေ ျာ်စကြီးပါ အကြတ်နေ့၆၄လမ်းဘက်ကြာဇံကြော ်စတုဒီသာကွေ ျးမှုမှတ်တမ်းမ ျား  


aungnng87October 11, 20111min42326
အကျဉ်းသား ၆၃၅၉ ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပြု 11/Oct/2011 နိုင်ငံတော်အစိုးရသည် ပြစ်ဒဏ်စီရင်ခြင်းခံရသည့် အသက်အရွယ်ကြီးရင့်သူများ၊ ကျန်းမာရေး မကောင်းသူများ၊ ကိုယ်လက်အင်္ဂါချို့တဲ့သူများ အပါအဝင် အကျဉ်းသားများအားလုံးအနက်မှ ထိုက်သင့်သော ပြစ်ဒဏ်များကို ကျခံပြီး စည်းကမ်းနှင့် အကျင့်စာရိတ္တ ကောက်းမွန်သော အကျဉ်းသား (၆၃၅၉) ဦးအား ယင်းတို့၏ ကျန်ရှိသော ပြစ်ဒဏ်များအပေါ် (သီတင်းကျွတ်လပြည့်နေ့) ခရစ်သက္ကရာဇ် ၂၀၁၁ ခုနှစ် အောက်တိုဘာ ၁၂ ရက်နေ့မှစ၍ ကျခံနေရသော ပြစ်ဒဏ်အသီးသီးကို လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်း ၂၀၁၁ ခုနှစ် အောက်တိုဘာ ၁၁ ရက်နေ့ MRTV-4 နေ့လည် ၁ နာရီသတင်းတွင် ထုတ်ပြန်ကြေညာကြောင်း သတင်းရရှိသည်။ ဒီသတင်းလေးကို အင်တာက်မှာမွှေနောက်ကြည့်နေရင်း ခေတ်လူငယ်မှာတွေ့တာနဲ့ကော်ပီလုပ်ပြီး တင်ပေးလိုက်တာပါ။ ဒါပေမဲ့ဒီလူတွေဟာ နိုင်ငံရေးနဲ့ပါတ်သတ်ပြီးအကျဉ်းကျနေတဲ့သူတွေလား။ ဒါမှမဟုတ် ရာဇဝတ်အကျဉ်းသားတွေလား။ ၂ခု […]


cobraOctober 5, 20101min1013
ကယ်ဆယ်ရေးလုပ်သားတွေကသူ့ကိုတွေ့ တဲ့ အချိန်မှာသ ူသေနေခဲ့ပြီ ။ ပြိုကျလာတဲ့ အိမ်ပိမိပြီး သူသေသွားတာ ။ အပျက်အစီးတွေ ကြားကနေ သေဆုံးနေတဲ့ သူ့ပုံစံကို လှမ်းမြင်နေရတယ် ဒူးကွေးပြီး ရှေ့ကို ကိုင်းနေတဲ့ ကိုယ်ခန္ဓာကိုယ်နဲ့ လက်နှစ်ချောင်းကို အားပြု ထောက်ထားတဲ့ သူ့ပုံစံက ဘုရားဝတ်ပြုနေတဲ့ ပုံနဲ့တူနေတယ် ။ ဒါပေမယ့် အသက်ရှင်မရှင် ပိုသေချာအောင် ကယ်ဆယ်ရေး လုပ်သားတွေက သူ့ကို စမ်းသပ်ကြည့်ကြတယ် ။ ကယ်ဆယ်ရေး အလုပ်သမားတဦးက ဦးခိုက်ချသေနေတဲ့ သူ့ခန္ဓာကိုယ်ထဲ ခဲရာခဲဆစ် လက်ကိုထိုးထည့်ပြီး ဝမ်းသာအားရ လှမ်းအော်လိုက်တယ် ။ “လူရှိတယ် ကလေးတစ်ယောက်ရှိတယ် ၊ အသက်ရှင်လျက်ပဲ” လို့ထအော်လိုက်တယ် ။ ရှိသမျှ ခွန်အားတွေနဲ့ သူ့ကိုယ်ပေါ်မှာ ဖိကပ်နေတဲ့ အုတ်ပုံတွေကို ရှင်းလင်းလိုက်ကြတယ် ။ […]