kyawhan21October 12, 20111min640
မြန်မာပြည်သူများ လွန်စွာချစ်ခင်လေးစားခဲ့သော မြန်မာ့အာဇာနည်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံမခံရမီ အချိန်လေးမှာပင် သားသမီးသုံးဦးထဲမှ တစ်ဦးအား နမ်းရှိုက်နှုတ်ဆက်ခဲ့ပါသည်၊ ထိုတစ်ဦးမှာ အခြားမဟုတ် ဒေါ်အောင်ဆန်းစုကြည်ပင်ဖြစ်ပါသည်၊ ထိုအနမ်းသည် ဒေါ်အောင်ဆန်းစုကြည်အား ဖခင်မှပေးအပ်ခဲ့သော ပြည်သူ့တာဝန်ဟုဆိုရလျှင် ငြင်းနိုင်အံ့မည်မထင်ပါ၊ ဗိုလ်ချုပ်အောင်ဆန်း၏  အပါးတော်မြဲသတင်းစာဆရာ ဦးပုကလေးမှ  – ဗိုလ်ချုပ်၏ ပင်ပမ်းမှုကို ပြေပျောက်စေနိုင်သောဆေးဝါးများမှ သားသမီးတို့ပင်ဖြစ်သည်၊တစ်ခါတစ်ရံ ဦးဏှောက်ကလဲရှုပ် အလုပ်ကလည်းများလျှက် စိတ်ပျက်ပျက်နှင့် အိမ်သို့ပြန်အလာတွင် -ဖေဖေ ပြန်လာပြီဖေဖေပြန်လာပြီ ဆိုကာ သမီးကလေးစုစု ကတီတီတာတာ ပြောဆို၍ ပြေးဘက်လာသည်ကို ပွေ့ချီလိုက်ရသောအခါ ဘခင်ဗိုလ်ချုပ်၏ နောက်ကျိလျှက်ရှိသော စိတ်နှလုံးမှာကြည်လင်ရွှင်မြူးစေတော့၏-  ဟုဆိုပါသည်၊ဤမျှဗိုလ်ချုပ်၏ ချစ်ခင်မှုကိုရခဲ့သောသမီးသည် ဖခင်၏ ပုခုံးပြောင်းတာဝန်ကို မည်မျှအတိုင်းအတာထိ ထမ်းရွက်နိုင်သည်ကို ညပည်သူ့ဆန္ဒစစ်တမ်းများဖြင့် ကောက်ချက်ဆွဲရန်ကား အထူးလိုအပ်မည်ထင်ပါသည်၊ မြန်မာပြည်သည် 19.7.1947 ခုနှစ်နောက်ပိုင်း ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးချိန်ကစပြိး ခေါင်းဆောင်ကောင်းတို့၏ […]