ကဲ.. ဝင်းဒိုးစ် ဆဲဗင်းနဲ့ ပက်သက်ပြီး နည်းလမ်း လေးတစ်ခုလောက်ပြောပြချင်ပါတယ်။ ခုပြောပြမယ် နည်းလမ်းလေးကို Regedit နဲ့ ပက်သက်တာကြောင့် ဂရုတစိုက် လုပ်ဆောင်ပါလို့ ပြောပြချင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ Registry ဆိုတာက ကွန်ပျူတာ တစ်လုံးရဲ့ စနစ်နဲ့ ဆက်နွှယ်နေတာကြောင့် တစ်ခုခု မှားသွားခဲ့ရင် ကွန်ပျူတာကို ထိခိုက်သွားမှာ စိုးလို့ပါ။ တစ်နေ့က ကျွန်တော် အင်တာနက် တစ်ဆိုင်ကို သွားတော့ ဆိုင် အဝင်ဝမှာ `တားမြစ်ထားသော ဝက်ဆိုက်များကို ဖွင့်မကြည့်ရန်´ ဆိုတဲ့ စာတန်းလေးကို ချိတ်ထားတာကို တွေ့မိခဲ့ပါတယ်။ ပြီးတော့ တခြား စာတန်းများကို တွေ့ရပါတယ်။ ဘာမလုပ်ရဘူး။ အင်တာနက် သုံးနေတုန်း ဆေးလိပ်မသောက်ရဘူးဆိုတဲ့ စာတန်းများ စသဖြင့်ပေါ့လေ။ အဲဒီစာတန်းလေးကို တွေ့တော့ တစ်ခု စဉ်းစားမိခဲ့ပါတယ်။ […]