Notice caption when Windows start

ကဲ.. ဝင်းဒိုးစ် ဆဲဗင်းနဲ့ ပက်သက်ပြီး နည်းလမ်း လေးတစ်ခုလောက်ပြောပြချင်ပါတယ်။ ခုပြောပြမယ် နည်းလမ်းလေးကို Regedit နဲ့ ပက်သက်တာကြောင့် ဂရုတစိုက် လုပ်ဆောင်ပါလို့ ပြောပြချင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ Registry ဆိုတာက ကွန်ပျူတာ တစ်လုံးရဲ့ စနစ်နဲ့ ဆက်နွှယ်နေတာကြောင့် တစ်ခုခု မှားသွားခဲ့ရင် ကွန်ပျူတာကို ထိခိုက်သွားမှာ စိုးလို့ပါ။

တစ်နေ့က ကျွန်တော် အင်တာနက် တစ်ဆိုင်ကို သွားတော့ ဆိုင် အဝင်ဝမှာ `တားမြစ်ထားသော ဝက်ဆိုက်များကို ဖွင့်မကြည့်ရန်´ ဆိုတဲ့ စာတန်းလေးကို ချိတ်ထားတာကို တွေ့မိခဲ့ပါတယ်။ ပြီးတော့ တခြား စာတန်းများကို တွေ့ရပါတယ်။ ဘာမလုပ်ရဘူး။ အင်တာနက် သုံးနေတုန်း ဆေးလိပ်မသောက်ရဘူးဆိုတဲ့ စာတန်းများ စသဖြင့်ပေါ့လေ။ အဲဒီစာတန်းလေးကို တွေ့တော့ တစ်ခု စဉ်းစားမိခဲ့ပါတယ်။ ကွန်ပျူတာ တစ်လုံးမှာလည်း ကွန်ပျူတာ မသုံးခင် ဘာမလုပ်ရဘူး၊ ဘာလုပ်ရမယ် ဆိုတဲ့ သတိပေးစာလေးတွေ ထည့်လို့ ရရင် ကောင်းမှာ ဆိုတဲ့ အတွေးလေးပေါ့။ ဒါကြောင့် လိုက်ရှာကြည့်တာပေါ့။ တွေ့မိလို့ ဒီပို့စ်လေးကို ရေးလိုက်ရတာပါ။ ဒီနည်းလမ်းလေးက Windows XP, Windows Vista, Windows 7 သုံးခုစလုံးမှာ သုံးလို့ ရပါတယ်။ ဘာကြောင့် ဝင်းဒိုးစ် ဆဲဗင်းဆိုပြီး ပြောပြရတာက ခုဆို ကွန်ပျူတာ တော်တော်များများက ဝင်းဒိုးစ် ဆဲဗင်း ကို သုံးနေကြလို့ပါ။ ပြီးတော့လည်း တခြားနည်းလမ်း တစ်ခု ရှိပါတယ်။ ဒါက ဆော့ဖ်ဝဲ ရှိမှ သုံးလို့ရတာပါ။ TuneUp Utitlities ဆိုတဲ့ ဆော့ဖ်ဝဲလေးပါ။ ဒီဆော့ဖ်ဝဲနဲ့လည်း ရေးလို့ရပါတယ်။ ဒါပေမယ့် ဒီဆော့ဖ်ဝဲလေးနဲ့ လက်လှမ်းမမီတဲ့ ကွန်ပျူတာ သုံးသူများအတွက် လုပ်လို့ ရအောင်ဆိုပြိး ပြောပြလိုက်တာပါ။

ဒီနည်းလမ်းလေးကို သိတဲ့ သူများလည်း ရှိချင် ရှိကြမှာပါ။ ဒါပေမယ့် မသိသေးတဲ့ သူများအတွက် ရေးပေးလိုက်ပါတယ်။ စကြရအောင်…။

ဒီနည်းလမ်းလေးက Registry နဲ့ လုပ်ရတာကြောင့် ပထမဆုံး Registry Editor ကို ဖွင့်ဖို့ လိုပါတယ်။ Registry Editor ကို ဖွင့်ဖို့ ဆိုရင် Start ထဲက Run ကို ဖွင့်ပါ။ ဒါမှမဟုတ်လည်း Windows key ကိုနှိပ်ပြီး R ကို နှိပ်ပါ။ Run box လေးထဲမှာ regedit ကို ရိုက်လိုက်ပါ။ Registry Editor ပွင့်လာပါလိမ့်မယ်။ ပြီးရင်တော့ အောက်က လင့်ခ်အတိုင်း တဆင့်ချင်း သွားပါ။

HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion\Policies\System

အထက်ပါ လင့်ခ် အတိုင်း သွားပြီးတဲ့ အခါမှာ ညာဖက်နားမှာ legalnoticecaption ဆိုတဲ့ စာသားကို ရှာပါ။ တွေ့ပြီးပြီ ဆိုရင် ကလစ်နှစ်ကြိမ် နှိပ်ပါ။ ပြီးရင် Box ထဲမှာ ကိုယ် ထည့်သွင်းချင်တဲ့ သတိပေးစာ ခေါင်းစဉ်ကို ထည့်လိုက်ပါ။ OK ကို ပေးလိုက်ပြီး သူ့အောက်က legalnoticetext ကို ဖွင့်ဖို့ ကလစ်နှစ်ကြိမ် နှိပ်ပါ။ ဖွင့်ပြီးသွားရင်တော့ ကိုယ် ထည့်သွင်းထားချင်တဲ့ သတိပေးစာများကို ထည့်သွင်းနိုင်ပါတယ်။ ကိုယ့် ကွန်ပျူတာသုံးသူများကို ရှောင်ရန်၊ ဆောင်ရန်များကို ထည့်သွင်းထားနိုင်ပါတယ်။ ပြီးရင်တော့ OK ပေးလိုက်ပါ။

သတိပေးစာ ရေးပြီးသွားရင်တော့ ကွန်ပျူတာကို Restart ချလိုက်ပါ။ ဝင်းဒိုးစ်တက်လာတဲ့ အခါ Logon မျက်နှာပြင်ကို မရောက်ခင်မှာ သင်ထည့်ထားတဲ့ သတိပေးစာ ပေါ်လာပါလိမ့်မယ်။ ဖတ်ပြီးလို့ OK ကို ကလစ် ပေးလိုက်တဲ့ အခါ ဆိုရင်တော့ Logon Screen ကို မြင်တွေ့ရပါလိမ့်မယ်။