we R oneNovember 6, 20132min2539
မင်္ဂလာပါ ရွာသူရွာသားတို့ရယ်…။ ရွာနဲ ဝေးနေတာ အတော်ကြာပေမဲ့ အားလုံးကို တဒိယ နေပါတယ်။ ရွာထဲကို အမြဲတမ်းလာမလည် ဖြစ်ပေမဲ့ ခနတဖြုတ်တော့ ရောက်ဖြစ်ပါတယ်..။ လွန်ခဲ့တဲ့ ခြောက်လ လောက်က ရွာထဲ အလည်ကောင်းလွန်းလို့  ဂျာအုပ်က ဖိုင်းအကြီးကြီး ကောက်သွားတာလည်း ပါတာပေါ့လေ.။ တစ်ခေါက်တည်းနဲ မှတ်သွားတဲ့ သဘော..။ 😀 အခုတော့ ကျွန်မ လက်တည့်စမ်းထားတဲ့ ပုံလေး တစ်ချိုတင်ချင်ပါတယ်..။ အလှအပ ကို ဦးစားပေးထားတာ မဟုတ်တဲ့အတွက် လှပတဲ့ ပုံတွေတော့ မဟုတ်ပါဘူး..။  ရွာထဲကဆရာ သမားတို့ကို ဝေဖန် အကြံပြုပေးဖို့ တောင်းဆိုပါရစေ..။   we R one          


ကို ၿပံဳးMarch 24, 20133min3152
နဂါးဦးနှောက်အတွင်းသို့ ဖောက်ထွင်းဝင်ရောက်ခြင်း (အပိုင်း-၁) အား ပြန်လည်ဖတ်ရှု့ရန် SSPP/SSA အဖွဲ့ တပ်မတော်နှင့် ဝမ်ဟိုင်းဒေသတွင် တိုက်ပွဲများဖြစ်ပွားခဲ့စဉ်အတွင်း ခေါင်းဆောင်ဖြစ်သူ ပန်ဖနှင့် ခေါင်းဆောင်ပိုင်းအများစု ပန်ဆန်းသို့ သွားရောက်တိမ်းရှောင်ခဲ့ရဖူးသည်။ အပြန်အလှန်အကျိုးစီးပွားများ အတွက် ညှိနှိုင်းမှုများဆောင်ရွက်ခဲ့သည်။ ဝမ်ဟိုင်း၏နောက်ပေါက်မှတစ်ဆင့် ပန်ဆန်းသို့ဆက်သွယ်ရေးလမ်းထွင် ထားသည်။ ပန်ဆန်း၏ ရှေ့ကာအဖြစ်နေပေးမည်။ လိုအပ်သည်များထောက်ပံ့ကူညီပါရန် ညှိနှိုင်းသဘောတူထား သည်။ ဝမ်ဟိုင်းဒေသသည် မြန်မာနိုင်ငံအတွင်းပိုင်းသို့ ရောက်ရှိနေခြင်းကြောင့် မြန်မာ့တပ်မတော်၏ အချိန်မရွေး ချေမှုန်းခြင်းခံရနိုင်ကြောင်း သုံးသပ်လျက် “ ဝ ” တပ်ဖွဲ့နှင့် စစ်ရေးမဟာမိတ်ပြုကာ အားကိုးရှာထားခြင်းလည်း ဖြစ်သည်။ SSPP/SSA တပ်ဖွဲ့ဝင်များ လူ၊ လက်နက်တိုးပွားလာမှုကစဉ်းစားစရာဖြစ်သည် KIO/KIA အဖွဲ့   ဝမ်ပေါင်အိပ်မက်ရှည်ကို မက်ဆဲဖြစ်သည်။ ဗိုလ်ချုပ်ဂွမ်မော်က ဖေဖော်ဝါရီလ ၄ ရက်နေ့၊ ရွှေလီဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးစကားကို […]


we R oneFebruary 28, 20132min37215
မင်္ဂလာပါ ရှင်…။ ရွာသူရွာသားများ နေကောင်းကြရဲ့လား..။ ကျွန်မ က အကြောင်းအမျိုးမျိုးကြောင့် ရွာထဲကို ခန တဖြုတ်မှ လွဲ၍ လာမလည်ဖြစ်တာ အတော်ကြာပါပြီ..။ ဒီနေ့လည်း ခဏ တဖြုတ်လာလည်ရင်း ကျွန်မ လက်တည့်စမ်းရိုက်ထားတဲ့ ဒါ့ပုံလေး တွေကို ဝေဖန်အကြံပြုဖို့.. တင်ပေးလိုက်ပါတယ်..။ 🙂  


we R oneAugust 12, 20123min1315
Myanmar Youth Conference 2012 , UMFCCI က နေ တင်လိုက်တာပါ…။ အခု တော့ အဲမှာ Volunteer လုပ်နေပါတယ်..။ ရွာထဲ က ဘူမှ မလာကြဘူးလား..။   ကျေးဇူးတင်ပါတယ်.. we R one


we R oneAugust 1, 20122min18210
ဆြာသမားတို့ ဝေဖန်ပေးကြပါကုန်…။ မှတ်ချက်။          ။ ပုံ-၁ ကနေ ပုံ-၄  တစ်ပွင့်တည်းဖြစ်ပါသည်။ we R one


we R oneJuly 11, 20123min34324
အားကျသည်..။ ရွာထဲက ဓါတ်ပုံဆြာတွေ ကိုအားကျနေသည်..။ ရုံးထဲဓါတ်ပုံဆြာ ဂျာကြီး ကို အားကျသည်..။ ရုံးက M.Director ဓါတ်ပုံဆရာ ကို အားကျသည်..။ မျက်နှာစာအုပ် မှာ ခင်တဲ့ ဓါတ်ပုံဆရာမ ကို အားကျသည်.. စလုံးမှာ ဓါတ်ပုံ ရိုက်တဲ့ တူငယ်ချင်း အရင်းခေါက်ခေါက်ကြီးကို အားကျသည်..။ အားလုံး (အားလုံး) သော ဓါတ်ပုံဆြာများ ကို အားကျသည်..။ ထိုသို အားကျနေရသော ကျွန်မသည်လည်း အားကျမခံ ကြိုးစားပမ်းစား ရိုက်ခဲသော ဒတ်ပုံ များကို ရွာသူရွာသားများ ရှုးစားနိုင်ရန်.. တင်ပြပေးလိုက်ပါသည်..။ ရွာထဲမှ ဆရာ့ဆရာ များဖြစ်ကြကုန်သော ဓါတ်ပုံ ဆြာ ကြီးများ ရှင့် အကဲဖြတ် ဝေဖန် ပေးပါရန် တောင်းဆို အပ်သည်..။     we R one


we R oneMarch 14, 20123min31813
စူဠမဏိစေတီ ပုဂံမှာ ထုထည်အားဖြင့် အကြီးမားဆုံးဖြစ်သော ဓမ္မရံကြီးဘုရားကို ဖူးမျှော်ပြီတဲ့ နောက် နံရံဆေးရေး ပန်ချီ အနုလက်ရာ မှာ ထင်ရှားတဲ့ စူဠမဏီ စေတီတော်ကြီး ကို ခရီးဆက်ခဲ့ ကြပါတယ်..။ ပုဂံရောက်ကတည်းက ရာသီဥတု သိပ်ပြီး မသာယာတာကြောင့် ညနေ ၅ နာရီကျော်လောက်ပဲ ရှိသေးပေမဲ့ နေလုံးကို မမြင်ရတော့ဘဲ အနည်းငယ်မှောင်စ ပြုနေပါပြီ..။ စူဠမဏီ ဘုရား ကိုဖူးပြီးနောက်.. အလိုတော်ပြည့်ဘုရား ကို ခရီးဆက်ခဲ့ ကြပါတယ်..။ အလိုတော်ပြည့်ဘုရားကို  ကျန်စစ်သားမင်းကြီး တည်ထားကိုးကွယ်ခဲ့တာလို့ သိရပါတယ်..။ အလိုတော်ပြည့်ဘုရား ဖူးပြီးနောက် မိုးကလည်းတော်တော်ချုပ်နေပြီး.. ဗိုက်ကလည်း တဂွီဂွီ အသံပြုနေပြီမို့.. မြန်မာဘူဖေးဆိုင် သို့ ခရီးဆက်ခဲ့ကြပါတော့…။ စူဠမဏိ စေတီတော် ဆက်ပါအုံမည်… we R one