“Who dat? Who dat? Who dat say dey gunna beat dem Saints?”

kaiFebruary 9, 20101min830

Who Dat?

From Wikipedia

Who dat? is a chant of team support by sports fans, used especially by fans of the New Orleans Saints, an American football team. The entire chant is: “Who dat? Who dat? Who dat say dey gunna beat dem Saints?”

နယူးအော်လင်းက ပရိသတ် စူပါဘောမှာ စိန့် အသင်းကို အားပေးတဲ့ ကြွေးကျော်သံပါ။ အသံထွက်ပြီး လိုက်ဆိုကြည့်ပါဦး..။ ခံစားလို့ ရနိုင်ပါလိမ့်မယ်။
လူအုပ်စုနဲ့ ဝိုင်းအော်ရင် အင်မတန် အင်အားရှိတာမို ့ တခြားလူတွေသတိထား အလေးမူရပါတယ်။
ဗမာတွေလည်း ကော်ပီကက် လုပ်လို ့ရတယ်ခင်ဗျ။“ စိန် ့”နေရာ ကိုယ့်အသင်းထည့်ဆိုယုံပါပဲ။

အားကစားမှာတင် မဟုတ်..။ နိုင်ငံရေး၊ စီးပွားရေး ဆောင်ပုဒ် ကြွေးကျော်သံ၊ ကြော်ငြာတွေမှာလည်း သုံးလို့ရနိုင်ပါတယ်။

အဲဒီလိုဆိုတော့ ဒို ့ဗမာတွေ ညံသလား ထင်မိမှာပေါ့။
“ဗမာပြည်သည် တို့ပြည်” ဆိုတာတွေ။
“ခေတ်မှီသူတိုင်း ပင်လယ်ငါးစားကြသည်” တို ့..
နောက်ဆုံး.. “အများပြည်သူသဘောမတူတဲ့ ဥပဒေဟူသမျှ တာဝန်အရ ဖီဆန်ကြ” ဆိုတာတို ့က …ဗမာတွေကို တော်တော် လွှမ်းမိုး နိုင်ခဲ့တာပေါ့။
တကယ်တန်းပြောရရင် စကားလုံးအသုံးအနှုံးတွေက အင်မတန်အရေးကြီးတာပါ။ အဲဒါကြောင့် တကယ်ပြိုင်ရ၊ဆိုင်ရ၊ တိုက်ရ၊ ခိုက်ရတော့မဲ့ အချိန်အခါမျိုးဆို တတ်သိပညာရှင်တွေနဲ့ တိုင်ပင်ပြီး ထုတ်ပြန်ရပါတယ်။

ဗမာ့နိုင်ငံရေးမှာ အဲဒီလို “တတ်သိပညာရှင်အဖွဲ ့” (ဒီအချိန်အခါမှာ)အထူးလိုအပ်နေပါတယ်။ အဲ..အဲ..အခုနိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်လာပြီဖြစ်တဲ့ ဘောလုံး အားကစားမှာရောပေါ့..။