ပြည်သူ့ သဘောထား..

nga payMay 15, 20101min693

ဒီပိုစ့်လေးကို t.wall မှာ တင်ဖူးပါတယ် စာအုတ်တစ်အုတ်ထဲက ဖတ်ရပြီး ပြန်တင်ပြထားတာပါ….မျှဝေရီနိုင်ကြပါစေ..
ရန်ကုန်မြို ့နေပြည်သူတွေသိတဲ့ အတိုင်းပဲ ခုရန်ကုန်မြို ့ ကြီးမှာ နေရာတောတောများများ ကိုတိုက်ကြီးတွေ ဆောက်နေကြပြီလေ..
ဒီလိုနဲ့ တစ်နေ့ပေါ့ လမ်းသွားလမ်းလာ ပြည်သူတွေထဲ က တစ်ယောက်က ..လမ်းလျှောက်လာရင်းနဲ့
ရုတ်တရက် အမြင့်ကနေ အုတ်ခဲ တွေပြုတ်ကျလာသတဲ့ .. အဲ
ဒီအခါမှာတော့ ခုနက လူက မရှောင်နိုင်ပဲ အုတ်ခဲ က သူအပေါ်တည့်တည့်ကျကာနေရာမှာတင်လဲကျပြီး သတိမေ့သွားသတဲ့လေ…
ဘေးနားမှာ သွားနေကြတဲ့သူတွေကများတော့ စုအုံလားပြီး တစ်ယောက်တစ်ပေါက်ပြောကြတာပေါ့.
`လူတွေလွတ်လွတ်လတ်လတ်တောင် သွားစရာမရှိတော့ဘူး `
`လမ်းသွားတဲ့ လူတွေကိုနဲနဲမှ ဂရုမစိုက်ကြဘူး`
`သူတို့ပဲ အလုပ်လုပ်နေကြတာမှမဟုတ်တာ ….ကျန်တဲ့ သူတွေကိုရှိတယ်လို့တောင်မမှတ်ကြတော့ဘူး`
`စည်းကမ်းလေးနဲ့ လုပ်သင့်တယ်`
`အနာ္တရယ်ရှိတယ် ဆိုရင် သေချာတာဝန်ယူသင့်တယ် အခုတော့ လက်လွတ်စပယ် လုပ်ချင်တိုင်းလုပ်နေကြတယ်` ဆိုပြီး ….
လူတွေက ဝိုင်းပြောလိုက်ကြတာ
အဲလိုနဲ့ လူအုတ်တွေကြားထဲ မှာ ရပ်နေတဲ့ လူတစ်ယောက်က ကြည့်ရင်းနဲ့ပြောလိုက်တာက ..
` အဲလူကို ကျွန်တော်သိတယ် ဗျ .. သူက ရပ်ကွက်ထဲက ကြံ့ခိုင်ဖွင့်ဖြိုးရေးအသင်းက` ဆိုပြီးဝင်ပြောသတဲ့…
အဲဒီ့အခါမှာတော့ ခုနက လူတွေအားလုံးဝိုင်းပြောနေကြတဲ့ အထဲ က လူတစ်ယောက်က ထပ်ပြောလိုက်တာကတော့
`ဘယ်လိုလဲကွာ နေရာတကာသူတို့ချည်းပဲ အုတ်ခဲတောင် လွတ်လွတ်လပ်လပ်မကျရတော့ဘူး ` တဲ့….

3 comments

  • susunosuki

    May 15, 2010 at 3:48 pm

    ချစ်လှချည်လား
    ဘာကြောင့်ဒီလောက်ချစ်ရတာလဲ

  • snow

    May 17, 2010 at 3:51 am

    aww taw taw ko say ta nar shi kya tr par lar………….. 😀

  • banban

    May 17, 2010 at 5:58 am

    အင်း..မောင်ကောင်းထိုက်ရေးတဲ့ ရုရှားဟာသပုံစံတွေပဲ…ကောင်းပါတယ်။

Leave a Reply