မိန်းမလိုချင်သူများဖတ်စေချင်သည်

zaylayJune 22, 20101min642

မိန်းမယူရင်သိထားရမယ့်အဓိကစဉ်းစားစရာသုံးချက်ရှိတယ်..ကိုယ်တစ်ကယ့်တစ်ကယ်ယူတော့မယ်။
ကိုယ်အသက်အရွယ်နဲ့ဆိုအတော်ပဲ ယူသင့်နေပြီဆိုရင်တော့ စဉ်းစားရမယ့်အချက်အလက်တွေပါပဲ။ဒါတွေကိုမှ
မစဉ်းစားမိပဲယူမယ်ဆိုရင်တော့ အိမ်ထောင်ရေးအတွက် သိပ်အခြေမလှတတ်ပါဘူး။

(၁) ကိုယ်မိန်းမမယူခင်မိဘကိုကိုယ်ဘာတွေလုပ်ကျွေးပြီးပြီလဲ
လူ့လောကကြီးမှာအဓိကကိုယ့်အပေါ်ကျေးဇူးရှိတာကဘယ်သူလဲ..မလွှဲမသွေမိဘနှစ်ပါးပါပဲ။
ကိုယ့်မိဘနှစ်ပါးမသေခင်ကိုယ်ဘာတွေလုပ်ကျွေးပြီးပြီလဲ။
မိဘနှစ်ပါးကိုကိုယ်ဘာတွေစိတ်ချမ်းသာအောင်ထားပြီးပြီလဲ။
အင်းမိဘနှစ်ပါးလုံးကွယ်လွန်သွားမှတော့ငိုနေလည်းအလကားပဲ။
မိဘနှစ်ပါးသေရင်ကိုယ်ဝမ်းနည်းစရာမလိုလောက်အောင်ကိုအတတ်နိုင်ဆုံးလုပ်ပေးထားပါ။
ကိုယ်မလုပ်ကျွေးနိုင်ပဲထားအုံးတော့စိတ်ချမ်းသာအောင်ထားခြင်းဟာလည်း ကျေးဇူးဆပ်ချင်းတစ်မျိုးပဲဆိုတာမိတ်ဆွေတို့သိမှာပါ။မိဘကျေးဇူးတွေဘယ်လောက်ကြီး
တယ်ဆိုတာကိုအကျယ်မဖွင့်တော့ပါဘူး။အဓိကပြောပြချင်တာလေးတစ်ခုရှိတယ်။အဲ့ဒါက
‘ကိုယ့်ကိုမွေးကြီးပြင်းလာအောင်လုပ်ကျွေးပခုံးထမ်းပေးခဲ့တဲ့အမေကို လုပ်မကျွေးနိုင်သေးပဲနဲ့သူများကမွေးတဲ့ သမီးကိုလုပ်မကျွေးချင်ပါနဲ့ဗျာ’

(၂) ကိုယ်ဘာတွေပြင်ဆင်ပြီးပြီလဲ ?
ဘဝလက်တွဲဖော်ဆိုတာကို ကိုယ်ရွေးချယ်မယ့်အရွယ်ရောက်လာရင်လည်း စဉ်းစားစရာတွေရှိပြန်ရော။ကိုယ်နဲ့ကောင်မလေး
ဘက်ကမိဘတွေဘယ်လိုအဆင်ပြေအောင်နေမလဲ။ကိုယ်ကရောသည်းခံနိုင်တဲ့သူလား။
သည်းမခံနိုင်တဲ့သူလား။ကိုယ့်ဘာသာပြန်မေးကြည့်ခုကိုယ်ကတစ်ယောက်ထဲသမား။
ကဲလက်ထက်ရတော့မယ်ဟေ့ဆိုရင်ပါးစပ်ပေါက်ကနှစ်ပေါက်ဖြစ်လာပြီ။အဲ့ပါးစပ်ပေါက်နှစ်ပေါက်ကို
ဘယ်လိုရှာကျွေးမလဲ။ကိုယ့်လစာလေးနဲ့ရောအဆင်ပြေမလား။
အင်းပြေတယ်ထားအုံးတော့မွေးလာတဲ့ကိုယ့်ရဲ့ခလေးတွေကိုဘယ်လိုဝအောင်ရှာ
ကျွေးမလဲ။ကျနော်ထင်ပါတယ်ဘယ်ယောကျင်္ားလေးမှ ကိုယ်ယူတဲ့မိန်းခလေးကိုတော့ အလုပ်လုပ်ခိုင်းမယ်လို့တော့မထင်ဘူး။အိမ်ဦးနတ်ဆို
တာအလကားထားတာမဟုတ်ဘူးလေ။မွေးလာတဲ့ခလေးတွေကို ရောအဆင့်အတန်းမှီအောင်မျက်နှာမငယ်အောင်ကိုယ်ဘယ်လိုတွေလုပ်ပေးရမလဲ။

(၃) ကျားနှစ်ကောင်ပြိုင်ပြီ..
တစ်ကယ်လို့လင်နဲ့မယားနှစ်ယောက်လုံးကအလုပ်အကိုင်ရှိတယ်ထားအုံးတော့။
ယောကျင်္ားကသူ့ရဲ့အလုပ်မှာကျားတစ်ကောင်လိုအစွမ်းအစရှိတယ်။
အဲ့လိုပဲမိန်းခလေးလုပ်သူကလည်းသူ့အလုပ်မှာအစွမ်းအစရှိတယ်။
ပြောရင်ထက်မြတ်တာပေါ့ဗျာ။
သူတို့ကအလုပ်ထဲမှာကျားတစ်ကောင်လိုပဲထက်မြတ်တယ်။တော်ကြတယ်ပေါ့။
အင်းအလုပ်တွေပြီးလို့အိမ်ပြန်လာတဲ့အခါကျရင်တော့
အဲ့ကျားဆိုတဲ့ဂုဏ်ပုဒ်ကြီးကိုယူလာကြရင် အိမ်ထောင်ရေးဆိုတာမတည်မြဲတော့ဘူး။ကျနော်ထင်ပါတယ်ဘယ်ယောကျင်္ားလေးကမှကိုယ့်
အရှေ့မှာမယားလုပ်သူက မော်ကြွားမော်ကြွားနဲ့ပြောတာကိုတော့ သည်းခံနိုင်မှာမဟုတ်ဘူး။ငါကဘယ်လောက်တော်တာငါ့လောက်ဘယ်
သူမှမလုပ်နိုင်ဘူး။နင်ရောလုပ်နိုင်လားဆိုရင် ကဲဘယ်လိုဖြေမလဲ။အဲ့ဒါကြောင့်အိမ်ပြန်လာရင်ကျားဆိုတဲ့ဂုဏ်ပုဒ်ကြီးဆိုတာကိုခွာချလာပါ
နမူနာတွေတစ်ကယ့်အဖြစ်အပျက်တွေအများကြီးပဲ။
ကျနော်ကြားဖူးတာပြောပြချင်တယ်။နေရာကမန်းမြို့တော်လေးမှာ။အဖြစ်ကတော်တော်လေးကြာပါပြီ။
လင်မယားနှစ်ယောက်လုံးခွဲစိတ်ဆရာဝန်တွေ။နာမည်တော့မပြောတော့ပါဘူး။
တစ်အားကိုနာမည်ကြီးတာပေါ့။
တော်လည်းတော်ကြတယ်။ကျနော်ပြောသလိုကျားတွေပေါ့။
သူတို့နှစ်ယောက်ကအိမ်ပြန်လာတော့အဲ့ကျားဆိုတဲ့ဂုဏ်
ပုဒ်တွေသယ်လာကြတယ်။ပြီးတော့အိမ်ထဲမှာတင်ပြိ်ုင်ကျပြီး အိမ်ထောင်ရေးပြိုကွဲသွားတဲ့အထိဖြစ်သွားတယ်။ယောကျင်္ားတွေရဲ့ဖြစ်စေချင်တာက မိန်းခလေးကသူတို့ရဲ့မျက်စိရှေ့မှာယုံလေးတစ်ကောင်
လိုဖြုစင်ရိုးသားစေချင်တယ်။အဲဆရာဝန်ကြီးအကြောင်းဆက်ပြောပြမယ်။
အဲ့ဆရာဝန်ကြီးကဘယ်သူ့ကိုယူသွားလဲဆိုတော့
ကွဲသွားတဲ့သူ့မိန်းမရဲ့ညီမကိုယူသွားတယ်။ညီမကဆရာဝန်ကြီးနဲ့ဆိုအသက်ကတော်တော်လေးကွာတာပေါ့။
ဆရာဝန်ကြီးဖြစ်စေချင်တာကသူ့ရဲ့အရှေ့မှာ သူယူတဲ့မိန်းခလေးကယုံတစ်ကောင်လိုဖြစ်စေချင်တာပါပဲ။
ဒီဘော့လေးရေးတဲ့ရည်ရွယ်ချက်က မိဘကျေးဇူးကိုမြင်လာနိုင်အောင်၊အိမ်ထောင်တစ်ခုထူထောင်တယ်ဆိုတာ ထင်သလောက်မလွှယ်ကူကြောင်းကို ကျနော်သိသလောက် မီးမောင်းထိုးပြလိုက်တာပါ..
အမှားပါခဲ့ရင်လည်းခွင့်လွှတ်ပေးကြပါခင်ဗျာ….

2 comments

  • azure

    June 23, 2010 at 8:20 am

    မိန်းမ လိုချင်လို့ဝင်ဖတ်တာမဟုတ်ဘူးနော် အကောင်းမှတ်လို့ဝင်ဖတ်မိ်ပါတယ် စာရေးတဲ့ရည်ရွယ်ချက်က ဘာကိုဆိုလိုတာလည်း အကြောင်းအရင်းက မိဘကိုလုပ်ကျွေးဖို့လား (သို့) မိန်းမနစ်ယောက်ယူဖို့ပြောတာလား တစ်ခုခုတော့ တစ်ခုခုပဲ စဉ်းစားစရာကြီး ဖြစ်မနေဘူးလား ထားပါလေ အမှားပါခဲ့ရင်လည်း ခွှင့်လွှတ်ပါဆိုတော့ နားလည်ပေးရမှာပေါ့လေ

  • manawphyulay

    July 5, 2010 at 4:04 am

    အမှန်တော့ မိန်းမ လိုချင်နေတာ သေချာပြီ ဟီး ရှင်းလင်းချက်ပေးထဲက လိုချင်နေတဲ့ပုံစံဖြစ်နေတယ်။ ကောင်းတယ် ပိုစ့်လေးက မိန်းကလေးရော ယောက်ျားလေးရော ဖတ်သင့် လေ့လာသင့် ဆောင်သင့်ရှောင်သင့်ပါတယ်။ ယောက်ျားလေးတွေအတွက်လည်း ရေးပေးစေချင်ပါတယ်။

Leave a Reply