လက်စွဲတော်လေး Vaseline

Mon LayNovember 29, 20191min65681

သူငယ်ချင်း။ ။ မွန်လေးနင့်နှုတ်ခမ်းကဘာဖြစ်နေလဲ။ အဖတ်တွေနဲ့

ကိုယ်။ ။ အေးဟယ်..ဆောင်းတွင်းရောက်လာပြီလေ။ အသားတွေခြောက်ပြီး နှုတ်ခမ်းတွေလည်းကွဲကုန်ပြီ။

သူငယ်ချင်း။ ။ဒါဆို Vaseline ကထုတ်တဲ့ jelly လေးသုံးကြည့်ပါလား။ သက်သာတယ်။ ငါဆို အဲဒါပဲသုံးတာ အကြာကြီးလည်းခံတယ်။

ကိုယ်။ ။ ဟုတ်လား..သုံးကြည့်လိုက်မယ်။

သိပ်မကြာပါဘူး…မွန်လေး City Mart တွေမှာ ဝယ်ကြည့်ပြီး သုံးလိုက်တာ..အရမ်းကိုအဆင်ပြေလို့ ချစ်တို့အတွက် ပြန်ညွှန်းပေးချင်လို့ဒီပို့စ်လေးရေးလိုက်ပါတယ်။

မွန်လေးကကိုယ်တိုင်သုံးကြည့်ပြီးမှ ကောင်းတာကိုညွှန်းတာဖြစ်လို့ စိတ်ချလက်ချသုံးလို့ရပါတယ်နော်။

Vaseline ဟာ လူတိုင်းသိတဲ့ ကမ္ဘာကျော် brand တစ်ခုဖြစ်ပြီး သူ့ရဲ့ စွမ်းဆောင်ချက်တွေကလည်း အင်မတန် များပြားပါတယ်။ မွန်လေးက နှုတ်ခမ်းခြောက်တတ်တဲ့သူဖြစ်လို့ နှုတ်ခမ်းကိုပဲလိမ်းတာပါ။ အမှန်က အသားအရေ နူးညံ့အောင် ၊ နှုတ်ခမ်းသားကောင်းမွန်အောင် ၊ မျက်တောင်မွှေးတွေရှည်လာအောင်၊ ကြမ်းတမ်းတဲ့ အရေပြားကို ကုသရန် (ခြေ၊လက်) နဲ့ ညိုမည်းနေတဲ့ ဒူး ၊ တံတောင်ဆစ်များကို ဖြူဖို့အတွက် ရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ပြီးတော့ ရမွှေးအနံ့ကြာကြာခံအောင် ရေမွှေးဖြန်းမဲ့နေရာကို Vaseline အရင်လိမ်းပေးရင်လည်း တစ်နေလုံးစွဲနေရော။ ဆံသားပျက်ဆီးနေသူတွေကလည်း Vaseline ကို ဆံသားအဖြားလေးတွေကို လိမ်းပေးပြီး Repaire လုပ်လို့ရပါသေးတယ်။ ဆိုဒ်ကလည်း အကြီး၊အသေး ၂မျိုးတောင်ရှိတယ်။ အသေးလေးက သိပ်ချစ်ဖို့ကောင်းပဲ။

အဲလိုအသုံးဝင်တဲ့ မရှိမဖြစ်ပစ္စည်းလေးဖြစ်နေမှတော့ ကိုယ့်အတွက် လက်စွဲတော်လေးဖြစ်လို့နေတာပေါ့။

ဝယ်မယ်ဆိုရင်လည်း စတိုးဆိုင်သေးသေးတွေကအစ ဆိုင်ကြီးတွေအထိဝယ်လို့ရနေပါပြီနော်။

အေးလာပြီနော်…ဘယ်သွားသွားဂရုစိုက်ပြီး Vaseline jelly လေးဆောင်သွားနော်။

#vaseline #jelly #review #myanmar #travelemperor

One comment

  • ဦးကြောင်ကြီး

    December 14, 2019 at 11:34 pm

    ခွဈဩှားရေးတာ ဖတျမွပေးမဲ့ ခွဈဩှားကို စားခွငျတာ ထိနျးမွ

Leave a Reply