တောင်အာဖရိကခေါင်းဆောင်ကြီး Nelson Mandela ကမာ္ဘ့ဖလားကွင်းဖွင့်ပွဲသို့ တက်ရောက်နိုင်ဖွယ်မရှိ

BayoteJune 12, 20101min630

တောင်အာဖရိကနိုင်ငံ၏ ခေါင်းဆောင်ကြီးလည်းဖြစ် သမ္မတဟောင်းလည်းဖြစ်သည့် နယ်(လ)ဆင် မင်ဒဲလား ယနေ့ သောကြာနေ့နှောင်းပိုင်းတွင် ကျင်းပမည့် ကမာ္ဘ ့ဖလား ကွင်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်နိုင်တော့မည်မဟုတ်ကြောင်း ၎င်း၏ရုံးမှပြောဆိုသည်။ အကြောင်းကတော့ ၎င်း၏ မြေးဖြစ်သူ Zenani တစ်ယောက် ကမာ္ဘ ့ဖလားပွဲအကြိုနေ့ တေးဂီတဖျော်ဖြေပွဲမှ အိမ်အပြန်လမ်းတွင် သူမစီးလာသည့် ယာဉ်မတော်တဆ တိမ်းမှောက်မှုတွင် သေဆုံးသွားခဲ့ရသောကြောင့်ဖြစ်သည်။
အဆိုပါကားမောင်းသူမှာ အရက်အလွန် အကျွံသောက် ထားသည်ဟုသိရပြီး ၎င်းအား ယခုအချိန်တွင် ရဲ က ဖမ်းဆီးထားသည်ဟုသိရသည်။ Zenani အနေဖြင့် ယခုလ ၉ ရက်ကပဲ အသက် ၁၃ နှစ် ပြည့်ခဲ့တာကြောင့် မွေးနေ့ပွဲကျင်းပခဲ့သေးသည်ဟုသိရသည်။ နယ်(လ)ဆင် မင်ဒဲလား ၏ရုံးမှထုတ်ပြန်သည့် ကြေငြာချက်ထဲတွင် ယခုလို ဝမ်းနဲကျေကွဲဖွယ်ဖြစ်ရပ်ဆိုးကြီးတွင် တောင်အာဖရိကပြည်သူများနှင့် ကမ္ဘာပြည်သူများမှာ ခေါင်းဆောင်ကြီး နယ်(လ)ဆင် မင်ဒဲလား နှင့်သူ၏မိသားစုနှင့်အတူ သွေးစည်းညီညွတ်စွာ ရပ်တည်ကြမည်ဟုယုံကြောင်း ဖော်ပြထားသည်။ သမ္မတဟောင်းအနေဖြင့် ကွင်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်နိုင်ခြင်းမရှိသော်လည်း အာကစားဝါသနာရှင် ကမ္ဘာ့ပြည်သူများနှင့်အတူ ၎င်း၏စိတ်ကတော့ တစ်သားတည်းရှိနေမည်ဖြစ်ကြောင်းကိုလည်း အဆိုပါရုံး၏ကြေငြာချက်ထဲတွင်ဖော်ပြထားသည်။ အဆိုပါမော်တော်ယာဉ်မတော်တစ်ဆမှုကြောင့် Zenani မှတပါး အခြားမည်သူ တစ်ဦး တစ်ယောက် မှ သေဆုံးခြင်း မရှိ ကြောင်းသိရသည်။

Source : http://www.wanna23.com/