Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မောင်ဂီ့ မေတ္တာ တန်းဝေး ပါ

ムラカミFebruary 13, 20124min108627

ခေါင်းစဉ်ဖတ်ပီး ရည်းစားဆယ်ယောက် ထားဖို့ ကြံနေတယ် မထင်လိုက်ပါနဲ့ခညာ ….။

Lust Caution ထဲက တီလုပ်မင်းတမီးလေး Tang Wei ကို ရည်စူးတယ် လို့လည်း မထင်လိုက်ကြပါနဲ့..။

(ဖန်ပင်းပင်း ပဲ ကြိုက်ပါတယ် ဆို ..)

အင်ဖိုဂရပ်ဖစ်မှာတွေ့တဲ့ ၂၀၁၂မှာ ရောင်းအားကောင်းစေဖို့ နည်း ၁ဝနည်း ကို မျှဝေချင်လို့ပါ

(သူကအွန်လိုင်း အခြေပြု ရေးထားပေမယ့် …. နည်းနည်း ဗမာမှုပြုပြီး ရေးကြည့် အဲ့လေ ရွှီးပါ့မယ်ဗျ..)

 

၁။ ခွဲခြမ်း စိတ်ဖြာပါ …။

 

 

 

တခြားမကြည့်နဲ့ သဂျီးကို ကြည့် …။ ဂူဂဲလ် အနဲလတစ် ဆိုတာကြီးထည့်ပြီး

သူ့ဆိုက် ကို တနေ့ လူဘယ်နှယောက် တက်တယ် ဘယ်တွေ ကလာတယ် ဘာတွေလုပ်တယ်

ဆိုတာ စောင့်ကြည့်နေတာရယ်…။ သည်တော့ ဘယ်သူဘယ်သွား ဘာလုပ် သူ အကုန်သိ….

စာဖတ်သူကို ပြောချင်တာက ဟိုက်တက်ခ် တွေ ဆော့ဖ်ဝဲတွေ ထူးစ် တွေ မသုံးတတ်ရင်လည်း နေပါ..။

သို့သော် ကိုယ့် ဖောက်သည် ကိုတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ခွဲခြမ်းစိတ်ဖြာသင့်ကြောင်းပါ….။

 

 

၂။ ပစ်မှတ်ကိုထိအောင် ကြော်ငြာပါ…

 

 

 

ပထမဆင့်မှာ ကိုယ့်ဖောက်သည်တွေကို segment ခွဲထုတ်ပြီးပြီဆိုရင် …ကိုယ် ချိန်ရွယ်တဲ့

ပစ်မှတ်အတွက် ရည်ရွယ်ပြီး ကြော်ငြာ ပါ….။ စစ်တမ်း အရတော့ ပစ်မှတ်ကို သေချာ ချိန်ရွယ်တဲ့

ကြော်ငြာဟာ သာမန်ကြော်ငြာတွေထက် ၁ဝဆ အစွမ်းထက်ပါသတဲ့ ….။

ကိုမှော်ဆြာ ကိုကြည့်ပါလား …သူ့တားကတ်မားကတ်က မျက်တောင်မခတ် ကတ်စတမ်မာတွေ 

သည်ရက်ပိုင်း လက်မလည်အောင် ရိုက်နေရလို့ထင့် ရွာထဲတောင် ရောက်မလာဘူး …

(ဟိတ်လူကြီး သတိရတယ်ဗျို့ …လာခဲ့ဦး …)

 

၃။ ရင်ဘတ်ဂျက်ပင်ထိုးပါ…

 

 

လေးစားရတဲ့ ဗိုလ်ချော စကား ယူသုံးလိုက်မိပြန်သည်။

Loyalty တည်ဆောက်ပါ။ သည်မှာတော့ အလုပ်များတဲ့ နည်းတနည်းက ပွိုင့်ပေးတာပါပဲ …။

၁၀% ဒစ်စကောင့် ပေးမယ့်အစား အဲ့ဒီ ၁၀% နဲ့ညီမျှတဲ့ ငွေသားကို ပွိုင့်အဖြစ် ပေးပြီး

နောက်ပစ္စည်း ဝယ်တဲ့အခါ သုံးခိုင်းတာပါပဲ …။ (Upselling, Cross-selling သဘောပေါ့….)။

ဥပမာ ကင်မရာ ဝယ်ရင် ရတဲ့ပွိုင့်နဲ့ မန်မိုရီကတ် ၊ ကင်မရာ အိတ် စတာတွေ ဝယ်ဖြစ်တယ်ပေါ့ဗျာ..။

စားသောက်ဆိုင်တွေ လုပ်တတ်တဲ့နည်းကတော့ အကွက်၁ဝကွက် အကွက်၃ဝ ပါတဲ့ ကဒ် တစ်ကဒ်

ပေးပြီး ၁ခါလာ ၁ခါတံဆိပ်တုံးထုပေးပြီး ၁ဝခါပြည့် ဘီယာတခွက် အခါ ၃ဝပြည့် ဆက်မီနျူးတပွဲ

ဆိုတာမျိုးပေးတာပါပဲ ..။ တခြား အချိုပွဲ ဟင်းရံပွဲတွေနဲ့လည်း value-added လုပ်ပြတတ်ပါသေးတယ်..။

သေချာတာကတော့ ဈေးလျှော့ပေးခြင်းရဲ့အစား ထပ်ဝယ်လေ အကျိုးခံစားခွင့် များလေ ဆိုတဲ့နည်းနဲ့

loyalty ကိုတည်ဆောက်တာပါပဲ …။

တီထွင်ဆန်းသစ်နေဖို့တော့ လိုပါတယ် ….ဘာလို့လဲဆို loyalty customer ၄ယောက်ထဲမှာ ၁ယောက် နှုန်း

ဟာ အမှန်တကယ် စိတ်ကျေနပ်မှု မရတတ်ကြလို့ပါ ..။

 

 

၄။ တူရာစုပါ

 

 

 

Marketing မှာ STP ရယ်လို့ ရှိပါတယ် …. Segmentation, Targeting နဲ့ Positioning ပါ….။

ဒါ Segmentation အပိုင်းပါဗျ…။ တူရာစု ဆိုပြီး ခွဲခြားတဲ့နေရာမှာ ရောင်းကုန်ပေါ်မူတည်ပြီး ကွဲပြား

ပါလိမ့်မယ် ၊ အစုတစုချင်းစီမှာ တူညီတဲ့(ဝါ) ဆင်တူတဲ့ common things တွေရှိရပါမယ် .. ။

ဒါတွေကို ဆွဲကိုင်နိုင်ရင် ထိုးဖောက် ကြော်ငြာနိုင်ရင် ရောင်းကောင်းပါလိမ့်မယ်..။ ရောင်းရငွေ စုစုပေါင်း

ရဲ့ ၈၀%လောက်အထိကို ဖောက်သည် အားလုံးရဲ့ ၂၀% ဆီက လာတယ် လို့ အဆို ရှိပါတယ်..။

ပုံမှန်ဖောက်သည် ၊ လက်ကား ဖောက်သည် လို့ ဆိုနိုင်မလားပဲ …။ ဒါဟာ loyal customer ဟာ

ဘယ်လောက် အရေးပါတယ် ဆိုတာ သိသာစေပါတယ်…. ဒီထဲ မပါပေမယ့် တခြာ စစ်တမ်းတခုက

ပြောတာကတော့ loyal customer ကို ထိန်းထားဖို့ သုံးရတာထက် customer အသစ် loyal ဖြစ်လာဖို့

သုံးရတာ ရဆ ပိုကုန်ပါတယ်တဲ့ ဗျား..။

 

ချစ်ခင်လေးစားရပါသော သဂျီးရေ့. …. လူဘယ်နှထောင်တက်ကြည့်ပီး ဘယ်နှယောက် က ဘယ်နှပိုစ့်

ရေးပါသလဲ အနဲလိုက်ဇ် လုပ်လိုက်ရင် ပရိုမိုးရှင်း ဆင်းသင့်တာလေးတွေ တွေ့လာမယ်ထင့် …။

 

၅။ လှုပ်ပါ ၊ mobile

 

 

အနဲလတစ် ရီပိုတ့် တခုကပြောပါတယ် ။အောက်တိုဘာ တုန်းက လူ၁၀ဝမှာ ၃ယောက်သာ မိုဘိုင်းလ်ကနေ

ဝင်ကြည့်ကြတာဖြစ်ပြီး ဇန်နဝါရီကုန်မှာတော့ လူ၁၀ဝမှာ ၁ဝယောက် နှုန်း အဖြစ်တိုးတက်လာခဲ့ပါတယ်..။

(ငါ့ဆီမှာတော့ အဲ့လောက် မရှိဘူး မရွှီးနဲ့ လို့ မငြင်းပါနဲ့ သဂျီး ၊ အမြစ်တူးစရာမလို ထောင်ဖောက်စရာမလိုဘဲ

မြန်မာစာ ယူနီကုဒ် ထည့်သွင်းနိုင်လာမယ်ဆိုရင် သဂျီး ဆိုက်ဒ် ကို မိုဘိုင်လ်း အသုံးပြု ဝင်ရောက်မှု

များ လာမှာပါဗျာ…)

 

အသုံးချ အနေနဲ့ ပြောချင်တဲ့ မက်ဆေ့ချ် ကတော့ လူတွေ ပိုပြီး မိုဘိုင်လ်းသုံး ဈေးဝယ် ဖတ်ရှု လာကြပြီ

ဆိုတာပါပဲ ….ပြည်တွင်းမှာ တချို့ စီးပွားရေးလုပ်ငန်းတွေ SMS ad တွေတောင် လုပ်လာကြပြီမဟုတ်ပါလား

၅ဂျိန်း ဖုန်း ရမရ ဆိုတာနဲ့ တင်ရပ်မနေကြပါနဲ့ဗျာ …ရလာရင် ဘယ်လိုလုပ်စားမယ် ..မရလာရင်

ဘယ်လိုပလန်ဘီနဲ့ လုပ်စားမယ် ဆိုတဲ့ ထိ သွားကြရအောင်ပါ..။

 

 

၆။ အမျိုးစပ်ပါ (ဆက်ဆံရေးကောင်း တည်ဆောက်ပါ)

 

 

စာလှအောင် ရေးရရင်တော့ တခါဆက်ဆံ ရာသက်ပန် ဆိုတာမျိုးပေါ့ဗျာ ..။ လုပ်ငန်းအလိုက် လုပ်ထုံးလုပ်နည်း

တွေကွာလို့ အသေးစိတ် ရေးမပြနိုင်တာ ခွင့်လွှတ်ပါ … ။ထင်ရှားတဲ့ သာဓက တခု ကတော့ …

အပြန်အလှန်ယုံကြည်မှုတည်ဆောက်ခြင်း ဆိုတဲ့နည်း နဲ့ Zappos.com က အွန်လိုင်း ဖိနပ်ရောင်းတာပါပဲ ….။

မိန်းမတယောက်ဟာ သူတကယ် စွပ်မကြည့်ဘဲ ဖိနပ်ဝယ်မယ်လို့ တခါမှ မတွေးထားမိဘူး…။(ရည်းစားတွေ

မိန်းမတွေ ရှိစရာ မလိုပါဘူး အမေတွေ အစ်မတွေ ရှိရင်ကို စာဖတ်သူတို့ ခံစားမိမှာပါ …ဖက်ရှင်နဲ့ မိန်းမ၊

မိန်းမနဲ့ ဖက်ရှင်..)။ Zappos.com ကတော့ ခြားနားပါတယ် …။ အပြစ်အနာအဆာပါရင် ပြန်ပေးပါ ၊

ငွေပြန်အမ်းမယ့် အပြင် ပို့ခ (အသွားရော အပြန်ပါ customer ဘက်မှ ကျခံစရာမလို ) ဆိုတာကို offerလုပ်ပါတယ်။

customers က zappos ကိုယုံကြည်ပြီး Zappos ကလည် းအမျိုးသမီးတယောက်ဟာ သူသုံးပီးသားပစ္စည်းကို

သိက္ခာမဲ့စွာ ပြန်ပို့ပီးငွေတောင်းမှာ မဟုတ်ဘူး ဆိုတာ ကို ယုံကြည်မှုထားပါတယ်…။ သည်တော့ ယုံကြည်မှု

အရင်းတည်တဲ့ Zappos ရဲ့အောင်မြင်မှု ဟာ အောက်ပါ အတိုင်းတွေ့ရမှာပါ။

 

 

 

ထလန်စပယ်ရန်စီနော် …သဂျီး ….အာတာလွတ် လား တောင်ပုလုလား ဦးဘစီလား ..ပြောကုန်ကြဘီ …။

ကမာ္ဘပါတ်စားပွဲပြမယ်လေး ဘာလေး ဟိုဟာ လေးတင်မယ်လေးဘာလေးနဲ့ …. ပီး ရင် ပီးပီးရောဘဲ ….။

ခိုးခွေ့ သူငယ်ဆိုလား ဘာလား … ဇမ် လူမှုကူညီရေးအသင်းဆိုလားဘာလား …။

သဂျီးတို့များ တယ် ပွဲပြီး မီးသေသကိုး ….။  တော်ပါဘီဂျာ ….ပြောတော့ပါဘူး ….မောတယ်…။

 

 

 

၇။ နေရာယူ

 

 

Marketing Mix ထဲက Place ပါပဲ … ။customer နဲ့ ထိတွေ့ဆက်ဆံရမယ့် နေရာ ကို ပြောတာပါ …။

ဆိုင်အနေအထား အခင်းအကျင်း အပြင်အဆင် က စလို့ အခြားသော event တွေတိုင်းမှာ customer

နဲ့ ထိတွေ့မှု ရှိတယ် ဆိုတာ မမေ့စေချင်ပါ ..Packaging ပဲဖြစ်ဖြစ် …ပေါ့ …။

ကောင်းမွန်စွာ ထိတွေ့ဆက်ဆံနေရာယူတတ်မှုဟာ Marketer တယောက်ရဲ့ အရည်အချင်းပါ…

 

 

၈။ လူမှုဆက်ဆံရေး …

 

 

ကျနော် ပြောပြောနေတတ်တဲ့ အဂ္ဂမဟာ ဖေ့စဘုတ်တော်ကြီး အကြောင်းပြောမယ်နော ….။

E-commerse ခေတ်ကို ကျော်လွန်ပြီး F-Commerse ခေတ် ရောက်ကုန်ပြီဗျာ …..။ဖေ့စ်ဘုတ်ငွေကြေး

ဆိုတာရှိလာတယ် ဖေ့စ်ဘုတ် ပေါ်မှာ ဈေးဝယ်လာတယ် … user သန်း-၉၀ဝလောက် ရှိတဲ့ အတွက်

ဘယ်စီးပွားရေး မျိုးမဆို အနှီ Facebook ပေါ်တက် Application ဆောက်ပြီး ရောင်းကြ ဝယ်ကြပါတယ်..

(လိုကယ်လ်က နေ ရောင်းလို့ဝယ်လို့ မကြာခင်မှာ ရတော့မှာပါ…. နောက်မကျစေချင်လို့ လက်တို့ပါတယ်)

လောလောဆယ်တော့ ကြော်ငြာလို့ ရပါမယ် ..ကန်ပိန်းလို့ရပါမယ် …လုပ်နည်း အသေးစိတ် က ရှေ့မှာ

လုပ်သွားတဲ့ လူတွေ အများကြီးဆီကနေ သင်ယူနိုင်ပါတယ် … နီးစပ်ရာ ..မိမနှစ်သက်ရာ Music Band တခုခု

ရဲ့ Page ကိုသာ Like လုပ်လိုက်ပါ… ဘယ်လိုရောင်းဝယ် promote လုပ်တယ်ဆိုတာ သိမှာပါ….။

စာရင်းတွေက ၅၀%သောလူတွေဟာ သူတို့ ဘာဝယ်တယ် ဆိုတာ Share တတ်ကြလို့ပါ …။ အဲ့သည့်မှာ

မမြင်ရတဲ့ ဖိအားတွေ ရှိပါတယ်… ဥပမာ ကျနော်တို့ ထဲက တယောက် အသစ်ပေါ်တဲ့ tablet တခုဝယ်လိုက်တယ်

အဲ့အကြောင်း share တယ် ဆိုပါစို့ … အရှဲခံ သူငယ်ချင်းအသိုင်းအဝိုင်းမှာ ….

  • ၁။ အားကျတယ် ၊ ငါလည်းလိုချင်တယ်…(သူပါလိုက်ဝယ်တော့မယ်လေ…သည်တော့ ထပ်ရောင်းရဦးမယ်မဟုတ်ပါလား)
  • ၂။ သည်ကောင်တောင် ဝယ်နိုင်သေးတာ ငါဘာလို့ မဝယ်နိုင်ရမှာလဲ …(မစ ္ဆရိယ ပါဝင်ပေမယ့် ဒါ သူတို့ကိစ္စ ..ကိုယ်ကတော့

ရောင်းရဦးမယ် နောက်တလုံး…)

  • ၃။ သင်းထက်ကောင်းတာဝယ်မဟ …(ကိုယ် နောက်ထုတ်မယ့် product အသစ်ကို အဲ့လူဆီသာ ကြော်ငြာလိုက်နိုင်ပီဆိုရင် …

ပွဲသိမ်းဗျာ…)

  • ၄။ ဘယ်လိုမှ မခံစားရဘူး.. (သည်လိုလူမျိုးကတော့ မတတ်နိုင်ဘူးပေါ့ဗျာ..)

 

သည်တော့ ဝယ်တယ် ဝယ်တဲ့သတင်းကို ရှဲတယ် ဆိုရင်ပဲ … ဆိုရှယ်လ်ပရက်ရှာကို သုံးပီး ထပ်ရောင်းရအောင် လုပ်လို့ရပီ

မဟုတ်ပါလားခင်ဗျား …။(ဆိုက်ခါးအထွစ် တွေလို အပ္ပလိုင်း ဆိုက်ခေါ်လော်ဂျီ အရ မရှင်းပြတတ်တာ ခွင့်လွှတ်ပါနော..)

အဂ္ဂမဟာ ဖေ့စဘုတ် ကြီးမှာ အောင်မြင်စွာ ..လှုပ်ရှား နိုင်ပါစေဗျား …။ (ကြုံလို့ …အတင်းတုတ်လိုက်ဦးမယ်…)

ဟိုလူဂျီးပေါ့ ..သူ့ဆိုက် လူဘယ်နှထောင် ဝင်ကြည့်တယ် ဘာညာ သာပြောပြောနေတာ .. 

အဂ္ဂမဟာဖေ့စဘုတ်တော်ကြီးမှာ ပိုစ့်အမြည်းတွေ ဘာတွေ သူတင်ရင် …လိုက်ခ် လုပ်မယ့်လူတောင် ကျိုးတိုးကျဲတဲလေးပဲရှိ

ရှာတယ်… ကျွတ်ကျွတ်. …သနားထှာ …. Socialize Your Site နော..သဂျီး …

 

၉။ ပန်းသတင်းလေညှင်းဆောင် ..

 

 

တခုခုများ ဝယ်တော့မဟဲ့. .. သုံးတော့မဟဲ့ …ဆိုရင် အွန်လိုင်းကနေ ရှာဖတ်ကြလေ့ရှိတာ ၅၀% ပါတဲ့ …

ဆာဗေးလုပ်ကြည့်တော့ (မှန်မှန်မဖတ်ဖြစ်ရင်သာရှိမယ်) စားသုံးသူအချင်းချင်းက ရှေ့လူ ရေးထားတာ ကို နောက်လူက

ဖတ်မိရင် ၇၀%လောက် ယုံပါသတဲ့ ….။ (ကိုယ်ပိုက်ဘောမိထားလို့ နောက်လူတွေ လည်း ဒုက္ခများကြပါစေ ဆိုပြီး

တကူးတက ပေါက်ကရ ရေးမယ့်လူတော့ မရှိသလောက် လို့ သဘောထားပြီး အစမ်းရှင်းယူလိုက်ပါတယ်..)

သည်တော့ ဒါကို သိထားရင် … ကိုယ့်ထုတ်ကုန် ဆားဗစ် အကြောင်း လူတွေ ဘာတွေ ပြောနေလည်း လိုက်နားထောင်ကြည့်

Kaizen လုပ်ကြည့်ရင်ဖြင့် ပိုရောင်းကောင်းမှာ သေခြာပါကြောင်း..။

 

 

 

၁၀။ ကစားပွဲထည့်သွင်းခြင်း …။

 

 

Game လို့မရေးလိုက်တာ Gameဆို တာနဲ့ တီဗီကြည့်ပြီး ခလုပ်တွေနှိပ် ကာ ဆော့ရတဲ့ ဟာလို့ မြင်မှာ စိုးလို့ပါ…

သည်လိုပါ Game Theory ကို အခြေခံပြီး တဆင့်ပီးတဆင့် မြင့်တက်သွားတဲ့ ပုံစံမျိုး မဟာဗျူဟာ ချမှတ်ရေးဆွဲနိုင်ရင်

အောင်မြင်မှာ လို့ ပြောတာပါ…..နယူးဘီ ကနေ ဘရွန့်စ့် မန်ဘာ … ဆေးလဗား ကနေ ဂိုလ်းမန်ဘာ …နောက်ဆုံး

ပလက်တီနမ်မန်ဘာ ဖြစ်လာအောင် ထိ သွားကြတဲ့ စစ်စတမ်တွေ ဟာ ဒါမျိုးတွေပါဗျာ ….။ လိုနေတာ တွန်းအားပါ…။

(အတင်းတုတ်ဦးမှ…) ဟိုလူကြီးပေါ့ …ကြယ်ဘယ်နှပွင့် ဟာ ဘာစနစ်နဲ့ ဘယ်လို လုပ်ရင် ဘယ်လိုဖြစ်မှန်း မေးတာ သိဝူးတဲ့..

မသိမှတော့ ၁ပွင့် ၂ပွင့် ၂ပွင့်က ၃ပွင့် ၃ပွင့်ကနေ ၄ပွင့် တက်အောင် ဘယ်လို တွန်းအား ဖိအား ဆွဲအား ..ရှာနိုင်မတုန်းဗျာ…

ဟုတ်ဝူးလား …

 

စီးပွားရေး အခြေံထားတဲ့ ဆာဗေး ကိုဖတ်ပီး အတွေးပွားတာမို့ … အရောင်းအဝယ် ကိစ္စဖက် စွက်သွားတာ

နားလည်ပေးစေလိုပါသည် …ဂယ်တော့ …စီးပွားရေးမှ မဟုတ်ပါဘူးဗျာ ..အချစ်ရေး- လူမှု ရေးတွေမှာလည်း

ဒီ အမူအကျင့်တွေကို သင့်လျှော်သလို adapt လုပ်ပီး adopt နိုင်ပါကြောင်း ..။

ဆွန်ဇူး ရဲ့ စစ်ကျမ်းတောင် မာကတ်တာ တွေလက်ထဲ ရောက် သွားသေးသကိုး နော ..။

အင်ခွီစ့် ယွာ လိုက်ခေဘယ်လ်ထီ နိုင်ကြပါစေ။

 

 

ခင်တဲ့…

အချစ်ကံခေပေမယ့် အနှစ်ကျန်စေချင်တဲ့

ဂီ

「もし今日が自分の人生最後の日だとしたら、今やろうとしていることを私は本当にやりたいだろうか?」

27 comments

  • nozomi

    February 13, 2012 at 12:09 pm

    ဂီဂီ လက်တွေ့လေးတွေနဲ့ ရှင်းပြထားတော့ ဖတ်လို့လဲ ကောင်း မှတ်လို့လဲကောင်း
    အခုချိန် သူများ မားကတ်တင်းတာပဲ ခံနေရတယ်
    ကိုယ်ရော ဘာပြန်တင်းရပါ့

  • ကြောင်ကြီး

    February 13, 2012 at 12:12 pm

    Lust Caution ကို ခွဲခြမ်းစိတ်ဖြာရရင် ပစ်မှတ်တန်းထိတာမှ ရင်ဘတ်ဂျပ်ပင်ထိုးမိသလို တူရာစုမိပြီး တလှုပ်လှုပ်နဲ့ အမျိုးတန်းစပ်မှ နေရာယူနိုင်တဲ့ လူမှုဆက်ဆံရေးမှာ ပန်းသတင်းလေညှင်းဆောင်တဲ့ ကစားပွဲဖြစ်တယ်မဟုတ်လား…။ 😎

    • inz@ghi

      February 13, 2012 at 12:19 pm

      လာစ့်ခေါရှင်း ဗမာမှုပြုမယ်ဆိုရင် ကျနော် တိုနီလျောင်ချူးဝေ နေရာက နေ အနစ်နာခံပီး
      ဂျာပန် အလိုတော်ရိအဖြစ် သရုပ်ဆောင်ပေးပါ့မယ်ခည…
      အာဟိ…

      ဦးကြောင် ဒါရိုက်တာ လုပ်မား??

  • အချစ်ကံခေပေမယ့် အနှစ်ကျန်စေချင်တဲ့
    အဲဒီစာသားက အလန်းဆုံးပဲ ဒီလိုကြီးဘာတွေ ကျန်နေပါလိမ့်
    ကူးသွားတယ်ဗျို့ …
    ဆက်လက်စောင့်မျှော်လျှက် …
    ခင်တဲ့
    ပုလင်းမထောင်တဲ့ မင်းကောင် … 😛

  • blackchaw

    February 13, 2012 at 2:01 pm

    လက်မထောင်ပြီး ဖတ်သွားတယ်ဗျာ။
    ကြုံလည်း ကြုံနေတာနဲ့
    တိုက်လည်း တိုက်ဆိုင်နေတာနဲ့
    ဟိုလူကြီး နိုဇိုမိလို
    သူများပို့စ်မှာ ဝင်ပြီး မွေးနေ့ ဆုတောင်းလေး တစ်ခုရေးခဲ့ပါရစေဗျာ။
    (ခွင့်ပြုပါ – ခွင့်မပြုလည်း ရေးတယ်ဗျာ 😛 😛 😛 )
    ဒီနေ့ ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ မှာ ကျရောက်သော
    အန်တီလေး မိုးစက် ရဲ့ ( 😛 ) နှစ်မြောက် မွေးနေ့မှသည်
    နှစ်ပေါင်း တစ်ရာတိတိတိုင် (တစ်ရာလောက်ပဲ ကောင်းပါတယ်ဗျာ)
    …………….. …………………. ……………………. ပါစေဗျာ။
    (လိုရာဆန္ဒ ကို အာရုံပြုပြီး ဖတ်ပါ။)

    • nozomi

      February 13, 2012 at 2:08 pm

      ကိုချောကြီး အတွက် ပို့စ် သီးသန့် မတင်လို့ မကျေမနပ်ဖြစ်နေတာလား

      ဒါမှ မဟုတ် မဒမ်ချောကို ကိုချောကြီး အကြောင်း ဖွင့်ပြောလိုက်လို့လား

      နှစ်ခုလုံး အတွက် စိတ်မကောင်းပါဘူး ဆရာရယ်

      ဒီ ပို့စ် မှာ မိုးဇက်အတွက် ဆုတောင်းတာ ကြိုတင်ကြံစည်မှုနော် ၊ တစ်ယောက်ယောက်နဲ့ ရန်တိုက်ပေးနေသလိုပဲ

      • inz@ghi

        February 13, 2012 at 2:27 pm

        ပါဠိလိုတွေ ပြောဂျဘာနဲ့ချင့် ….
        သများ ဘာဘာ ဘာမှ နားမလည်လို့ပါချင့် ….။

        😀

    • Moe Z

      February 13, 2012 at 4:18 pm

      ဘဘ ဘလက်ရယ် မိုးစက်ဟိုဘက်ပို့စ်မှာ reply ပြန်လုပ်ပြီးပါပြီ
      ဟိုအောက်က ဒေါ်စိန်ပေါက်ရော
      မွေးနေ့ဆုတောင်းအတွက် တကယ်ကျေးဇူးတင်ပါတယ်
      ဘဘဘလက်လည်း Happy Anniversary !

      ဒီပို့စ်ကမွေးနေ့နဲ့လည်းမဆိုင်ပဲနဲ့ လေဒီဂီဂီတို့ သူ့ပို့စ်ပျက်လို့အော်နေဦးမယ် 😛

  • စိန်ပေါက်ပေါက်

    February 13, 2012 at 3:01 pm

    လက်မထောင်ပြီး ဖက်သွားပါတယ်တော့
    ဟိုအပေါ်က အဒေါ်ကြီးပြောသလို တိုက်တိုက်ဆိုင်ဆိုင် မွေးနေ ့နဲ ့ ပြိုင်နေလို ့…
    ……………………ပါစေဗျား.။
    (လိုရာဆန္ဒ ကို အာရုံပြုပြီး ဖတ်ပါ။)
    အီးပါချင်လို ့ပြေးလိုက်ဦးမယ်..
    နောက်မှ ပြန်လာခဲ့မယ်
    ဗစ်..ဘစ်.ဗျစ်..ဗွစ်စ်

  • water-melon

    February 13, 2012 at 5:03 pm

    အဲဒီ အခြောက်မကလည်း အားရှိ် အီးလောက်ပါနေတာဘဲ
    ကလေးဝတ်တဲ့ ဘောင်းဘီလေးတွေဝတ်ပါလား
    ရှူးပေါက်အီးပါ ထပါစရာမလိုဘူး
    ဘောင်းဘီထဲပါချရုံဘဲ :mrgreen:

  • pooch

    February 13, 2012 at 8:20 pm

    မိုးဇက်ရေ မွေးနေ့ဆုတောင်းလေး ဒီမှာပဲ ပေးလိုက်တော့မယ်နော် ဟိုဘက်ပြန်မသွားချင်တော့လို့
    :mrgreen:

    သတိပေးတဲ့ ကိုနိုဇိုမိကိုလည်း ကျေးဇူးပါ။

    ” ပျော်ရွှင်သော မွေးနေ့ ဖြစ်ပါစေ ညီမလေးရေ ”

    ူ” ဘဝဆိုတာ တို်တောင်းပါတယ်။
    ကိုယ်နဲ့ အတူ အမှောင်လမ်းကို
    လျှောက်လှမ်းနေရသူတွေ
    နှလုံးစိတ်ဝမ်း အေးချမ်းစေဖို့
    ကိုယ့်မှာ အချိန်သိပ်ရတာ မဟုတ်ဖူး။
    ဒီတော့ …..ချစ်စရာရှိ မြန်မြန်
    ကြင်နာစရာရှိ သွက်သွက်သာဖြစ်ပါစေ။”

    ခင်တဲ့ pooch

    ( hope you don’t mind my wish, Mr Gi .. he he… 😛 )

  • padonmar

    February 13, 2012 at 10:15 pm

    ဂီဂီ
    “ယုံကြည်မှု
    အရင်းတည်တဲ့ Zappos ရဲ့အောင်မြင်မှု ဟာ အောက်ပါ အတိုင်းတွေ့ရမှာပါ။”

    အောက်ပါက ဘာမှလည်း မတွေ့ရပါလား။

    ဝယ်ပြီးပစ္စည်း Return လုပ်ခွင့်ပေးတဲ့ သဂျီးတို့ဆီမှာတော့ အကျီင်္တွေဆို tag တွေဖွက်ဝတ်ပြီး ပြန်ပေးကြတယ်လို့ ကြားဖူးပါရဲ့၊ဟုတ်မဟုတ်တော့ သိဘူး။
    အဲဒီအတွက်လည်း retail ဈေးတွေတော့ တင်မှာပေါ့နော်။
    အင်း ယုံကြည်မှုတည်ဆောက်ပါဆိုမှ မယုံကြည်ရတဲ့ အကြောင်းတွေပဲပြောနေမိပါလား
    ခိုးငွေ့သူငယ်က အဘနီ ငယ်တုံးက မှားခဲ့မိပါတယ် ဆိုတဲ့ ပုံက ရမသွားဘူးလား။

    • inz@ghi

      February 13, 2012 at 10:21 pm

      အဟီး …. ဇက်ပိုစ့်ရဲ့ ဂိုထောင်ပုံတင်မယ် ဆိုပီး ကျန်ခဲ့တာပါချင့် ….
      ဟိုဘက် အိမ် ပြန်တဲ့အခါ ပြင်လိုက်ပါ့မယ်နော ….
      အားပေးတာ …ကျေးကျေးပါ …

      ၁။ တလုံးမှ ဝင်မပြောဘဲ စတစ်ကီတင်ထားတဲ့ လူဂျီးရယ်….
      ၂။ ပိုစ့်အကြောင်းဘာမှမပြောဘဲ ……သများပိုစ့်မှာ ရေးချင်တာရေးတဲ့လူတွေရယ်….
      ၃။ သုတ္တန်ရေး ဆိုလို့ သုတ္တန်ရေးပြန်တော့လည်း ပစ်ထားတဲ့ တောက အန်တီထွားထွားဂျီးရယ်ကို ….

      ချဉ်ပါတယ်အေ …လို့
      လေဒီဂီဂီ ကပြောသွားကြောင်း မျှဝေပေးပါချင့် ….

      ခင်တဲ့

      • MaMa

        February 13, 2012 at 11:12 pm

        မောင်ဂီ့မေတ္တာ တန်းဝေးပါ ဆိုလို့ …… :mrgreen:
        တော်ပါပေတယ်။ မြန်မာမှုပြုပြီး ရေးပေးလို့။
        မာကက်တင်းဆိုတာကို ဘယ်နေရာမှာမဆို သုံးလို့ရတယ်ဆိုတာ
        မာကက်တာကြီးပြောမှပဲ သိတော့တယ်။
        အသိဉာဏ်ဗဟုသုတ တိုးပွားရလို့ ဆြာဂီ လို့ ခေါ်သွားပါတယ် ဆြာရယ်။ 🙂

      • pooch

        February 14, 2012 at 1:34 pm

        ချဉ်တယ်ဆိုလို့ သကြားလာဖြူးတာ ပါ 😆

        အရှဲခံ အသိုင်းအဝိုင်းထဲမှာ ကျမက နံပါတ် ၄ အုပ်စုထဲမှာ ပါတယ် ။ စိတ်ကိုမဝင်စားတာ ။ သူများသုံးလို့ လိုက်သုံး သူများဝယ်လို့ လိုက်ဝယ်။ သူများကြိုက်လို့ လိုက်ကြိုက် ။ အဲ့ဒါကို ခပ်ကြောင်ကြောင်လို့ ထင်တယ် ( ကိုယ်ပိုင်အထင်မျှသာ)။

        ကိုယ်ကြိုက်ရင် ဝယ်တယ်။ လိုအပ်ရင် သုံးတယ်။ မတတ်နိုင်တာမျိုး ဆိုရင်တော့ ကြည့်ရုံလေးပဲ ကြည့်ရတာပေါ့။ သူများကြည့်ပြီး လိုက်လုပ်တတ်တာကြီးကတော့ တမျိုးပဲ။

        ” I am the master of my soul ” ပဲ ။

        ဒီလို နံပါတ် ၄ အုပ်စုကို ဘယ်လို မာကတ်တင်းနဲ့ ဆွဲဆောင်တာ
        ကောင်းမယ်ထင်လဲ ။ :mrgreen:

  • kai

    February 14, 2012 at 1:16 am

    တကယ်လို့ပေါ့လေ..။ လူတယောက်က.. သူ… ဒီနေ့သေမယ်ဆို.. ဒီမားကက်တင်းတွေလုပ်နေဦးမှာလားဟင်င်င်…
    နောက်တာနော..
    … မေတ္တာသာ တန်းပေးပါ.. မေတ္တာပြန်ရမှာပေါ့…။

    ဆိုတော့.. ကျုပ်က.. မေတ္တာတန်းပေးနေတာမို့.. မေတ္တာတန်းပြန်ရနေတာပါ. 😆

    =
    ယူအက်စ်မှာ.. အကျီ ်တွေ.. တက်ဂ်မဖြုတ်ပဲဝတ်ရင်.. ပြန်ရီတန်းလို့ရတာ ဟုတ်ပါတယ်..။
    ကင်မရာလိုပစ္စည်းကျ.. တချို့.. ဘာညာပွဲရှိရင်.. ဝယ်ပြီး ရိုက်စရာရိုက်..ပြီး..ရီတန်းလုပ်လို့ရတယ်..
    ဘယ်ကဘယ်လို.. ရောင်းသူတွေက.. အမြတ်တွေကျန်နေသလည်းတော့မသိ…
    အဲဒီမေတ္တာတွေ ပြုတ်စားလို့ရတဲ့..နည်းလမ်းများရှိရင်.. ရှင်းပြပါဦး.. ဂီဂီရေ..။

    • K@oru

      February 14, 2012 at 7:14 am

      အရီးတော် ..စတိဗ်လတ် ရေ့ …
      ဟောသည်မှာ သဂျီး …stay foolish stay hungry မိန့်ခွန်း
      နောက်ဆုံး စာကြောင်းကို လာပြောင်နေပါတယ်ချင့် …။

      ဒီနေ့သေမယ်ဆိုတာသိရင် မားကတ္တင်း စွက်ဒဂျီ အသစ်တောင်
      ကြံဖန်ချရေးသင့် သေးတယ် သဂျီးရဲ့ ….
      အဲ့လာမှ နောက်ဆုံးလက်ရာဆိုပီး ကလပ်စစ်ကယ်လ်ဖြစ်မှာပေါ့
      ဟုတ်ဝူးလား … ဟိုလူဂျီးတောင် ဖုန်းနဲ့လူ အပြိုင်ထွက်ပီး
      ဟစ်ထ် သွားသေးတာ .. 😛

      ကင်မလာ ပြောင်းတွေက ဆော့ဖ်ဝဲနဲ့ (ဒါမှမဟုတ် ဖွက်ထားတဲ့ ရီကော့ဒ်ဖိုင်လ်နဲ့)
      ဘယ်နှချက် ရှုထားပီးပီလဲ စစ်လို့ရတယ်ခည ..

      ပစ္စည်းတွေကို return လုပ်တာတွေ လက်ခံပေမယ့် တိကျသေချာတဲ့ condition တွေတော့ရှိမှာမို့
      မကြံကောင်းတာတွေ မကြံပါနဲ့ သဂျီးရယ်….

      သဂျီးတို့ဆီက ဂျူးတွေ ..(စာရေးဆြာမတွေမဟုတ်ပါ) ရဲ့
      ပိုက်ပိုက်ရှာတဲ့ ဦးနှောက်ကြီးတွေက အလွန်ပဲ ခမ်းနားကြပါတယ်..

      မသိလိုက်ဘဲ …ဟို ရီပိုထ့်ကတ်လေး အမှတ်တွေလျော့မှဖြင့် …
      မစေးဒေးစ် ဝယ်စီးဖို့ ငွေချေးလို့မရဘဲ နေပါဦးမယ်…..အာဟိ
      😀

  • unclegyi1974

    February 14, 2012 at 11:03 pm

    မောင်ဂီကသာရင်ဘတ်ဂျက်ပင်ထိုးခိုင်းနေ
    မြန်မာမှာကဆိုင်တိုင်းချက်ချင်ဂျက်ပင်ထု်ိနေကြတာ
    အကြွေမရှိလို့ဆိုပြီပစ္စည်းမျိုးစုံအမ်းနေကြတာလေ

    ဒါပေမဲ့ဘာပြောပြောတိုတိုတုတ်တုတ်
    လိုရင်းကကွက်တိပဲ

  • marblecommet

    February 15, 2012 at 6:34 am

    မစ္စတာပင်နယ်တီဧရိယထဲက မြေခွေးကြီး
    ခင်ဗျား ပို့စ်ကို မန့်ရအောင်ထိ မစွမ်းဘူးဆြာ
    ဒါပေသိ ကျနော်ဖတ်သွားဂျောင်း အသိပေးသွားပါတယ်ဆြာ
    ကျနော်ရေထဲက လူဘာ……
    ခင်တဲ့……..
    ငကမ်း……

  • blackchaw

    February 15, 2012 at 8:43 am

    ဂီဂီ ရေ။
    ကိုယ် လည်း သိထားတယ်လို့ ထင်ပေမယ့်
    အဲဒီလို စံနစ်တကျ မသိဘူးဆိုတာကတော့ သေချာပါတယ်။
    အခုလို ပေါ့ပေါ့ပါးပါးလေး စုစည်းပေးထားတော့
    အလွယ်တကူး ခူးခပ် စားသုံးလို့ ရတာပေါ့။
    ကိုယ့် တူ/တူမ တွေကို ဒေါင်းလုဒ်ဆွဲပေးဘူးတဲ့
    ဂီဂီ့ ပို့စ်လေးတွေ ပြောပြချင်တယ်။
    ၁။ ပျားသကာလိုချိုပါစေ
    ၂။ ပျားသကာလိုချိုပါစေ ၂
    ၃။ KAIZEN
    ၄။ ကျွန်တော်သိသလောက် BRAND (1 + 2)
    ရယ် ဒီပို့စ်လေးရယ်ပေါ့။
    နောက် တစ်ပို့စ်ရှိသေးတယ်။
    ညောင်တုန်းဦးနက်ချော ဆိုတာပါတဲ့ပို့စ်လေ။ အခုပြန်ရှာလို့
    မရတော့ဘူး။ အဲဒီပို့စ်နာမည်လေး ပြန်ပြောပေးပါဦး။
    သူတို့အတွက် အင်မတန် အကျိုးရှိစေမယ်လို့ ယုံကြည်လို့
    ဒေါင်းလုဒ်ဆွဲပြီး ဖတ်ကြဘို့ ပေးထားဘူးပါတယ်။
    ကြွေးကျန်ပို့စ်လေးတွေကိုလည်း အချိန်ရရင် ရေးပါဦးလို့
    ဝင်တွန်းသွားပါတယ်ခင်ဗျာ။

    • K@oru

      February 20, 2012 at 2:09 pm

      ခုမှတွေ့လို့ပါဗျာ…
      http://myanmargazette.net/84477/business-economy
      မြန်မာ့ရိုးရာ စားစရာ ပိုစ့်ပါဗျို့….

      အဲ့ …
      ဘယ်သူတွေကို ပေးဖတ်နေတာတုန်းဂျာ…
      ရှက်ထှာ …သများ က ရေးချင်ရာရေးတဲ့ဟာရယ်

  • koaung

    February 15, 2012 at 1:50 pm

    အရေးအသား အတွေးအခေါ်များဟာသစ်ဆန်းသလို လှပပြည့်စုံကောင်းမွန်လှပါ၏(လူတိုင်းကိုယ့်ပရော်ဖက်ရှင်နဲ့ကိုယ်ကြိုးစားရတာပဲနော်) လေးစားပါ၏

  • ရဲစည်

    February 15, 2012 at 2:52 pm

    အနော့်ဆီက မားကတ်တင်းအပိုင်းက မျောက်တွေကို ပြန်ဆရာလုပ်ရန် ကူးသွားပါသည်။ကျေးဇူးပါ

  • Khin Latt

    February 15, 2012 at 6:21 pm

    တူတော်လေး က သူများတွေ ကို ကောင်းရာကောင်းကြောင်း Marketing လုပ်နေတုန်း မကောင်းရာမကောင်းကြောင်း Marketing လုပ်ပုံ တွေ နဲ့ ဝင်အားပေးပါ့မယ်။

    (၁) ရောင်းပြီးတာနဲ့ Customer ကို လုံးဝ ဂရုမစိုက်ခြင်း
    ပူပူနွေးနွေး လေး ဥပမာ ကတော့ ကိုစိန်သော့ ရဲ့ Post http://myanmargazette.net/101386/economic-news-international-news-news-industry-people-in-the-news-us-news-news (ဘဏ်တစ်ခု ရဲ့ Customer သစ်တွေအပေါ် လုပ်ခဲ့တဲ့ လုပ်ရပ်တစ်ခု) ပါဘဲ။
    အစကထဲ က ယဉ်သကို မလုပ်တတ်လုပ်တတ် နဲ့ အဖြစ်မရှိ လုပ်ခဲ့ တဲ့ Marketing ပါဘဲ။
    မပေးနိုင် တဲ့ လက်ဆောင် ဆိုရင် နဂိုထဲ က မလုပ်ပါနဲ့လား။ ကိုယ့်ဆီကို ရောက်လာတဲ့ Customer အရေအတွက် ကို မသိတာလဲမဟုတ်။ ကြိုပြီး သိပြီးသား။ ဒါလေးကိုတောင် မှ ပေးရမဲ့ လက်ဆောင် နဲ့ Manage မလုပ်နိုင်ရင် အဲဒီ ဘဏ် ရဲ့ စီမံခန့်ခွဲမှုက အားထား လောက် စရာ အကြောင်း အတွက် မေးခွန်းပါဘဲ။

    (၂) အီးမေး ကနေ ရောက်ရောက်လာတဲ့ ကြော်ငြာ များ (လောလောဆယ် မြန်မာပြည် မှာ သိပ်မရှိ နိုင်ပေမဲ့ ဆင်ခြင်နိုင်ရန်)
    တကယ်တော့ ကိုယ့် လုပ်ငန်း ရဲ့ ကြော်ငြာကို Customer က အီးမေးကနေ လက်ခံပါမယ် လို့ တရားဝင် request လုပ်မထားဘဲ သူ့အီးမေးကို ပို့ ရင် ဒါဟာ တရားမဝင်ပါဘူး။ တစ်ချို့ နိုင်ငံ တွေမှာ တရားစွဲ လို့တောင် ရပါတယ်။
    Customer အများစု က အဲဒါကို Junk Mail/ Spam Mail သတ်မှတ်ပြီး တော်ရုံ မဖတ်ပါ။
    သေသေချာချာ ကိုယ့် Customer နဲ့ deal မလုပ်ဘဲ အီးမေး ကနေ ကြော်ငြာ ပို့ခြင်းက Business အတွက် သိပ် smart ဖြစ်တဲ့ နည်းမဟုတ်ပါဘူး။

    (၃) တယ်လီဖုန်း မှ တစ်ဆင့် Marketing လုပ်ခြင်း
    အတော်လေးကို စိတ်ပျက်စရာ နည်းပါဘဲ။ လူတစ်ယောက် အားမှန်းမအားမှန်း မသိ၊ ဂရုမစိုက်ဘဲ ဖုန်း ဆက်ပြီး ကိုယ့်ပစ္စည်း ကို ရောင်းတာဟာ ကိုယ့် လုပ်ငန်း ကျဆုံး ဖို့သာများပါတယ်။ တစ်ချို့ ဆိုရင် Voice Message နဲ့တောင် ကြော်ငြာ ပါတယ်။ ဘယ်သူမှ သူ့ကြော်ငြာ ကို အချိန်ကုန် ခံပြီး ပြီးအောင် နားထောင် မှာမဟုတ်ပါ။ အမြင်ကပ်ပုဒ်မ နဲ့ တောင် မဝယ်မိ အောင် ရှောင် သွားနိုင်ပါတယ်။

    အဓိက ကတော့ Customer တွေကို သိပ်ပြီး Push မလုပ်မိ အောင် သတိထားပြီး ဖြေးဖြေး ညင်သာစွာ ဘယ်လို Pull လုပ် စွဲဆောင် မလဲ စဉ်းစားနိုင်တာ Marketing ပညာဘဲ လို့ ဆို မလား။ ထင်တာပြောကြည့်တာပါ တူတော်လေးရေ့။

    လက်မ ကို အမြင့်ကြီး ကို လုပ်ပြီး ထောင်သွားပါ၏။

    ခင်မင်စွာသော
    အရီးလတ်

    PS –
    သူကြီး ရှင့် – စတိဗ်ဂျော့ က နောက်ဆုံးအချိန် ရက်ပိုင်းလေး အထိမှာကို တရားဝင် ပရိတ်သတ် ထဲမှာ သူ့ Product ကို Marketing လုပ်သွားပါတယ် မဟုတ်လော။
    ဂုဏ်ယူစွာ နဲ့ ဆက် ပြောရရင်တော့ သူ့ရဲ့ နောက်ဆုံး ထွက်သက် ကို
    “‘Oh wow. Oh wow. Oh wow”
    ဆိုပြီး စကားလုံး ၃လုံး နဲ့ ချုပ်ငြိမ်း ခဲ့တာပါ မဟုတ်လော။
    တွေးကြည့် ရရင်တော့ သူမြင်လိုက်ရတဲ့ သူသွားရတော့မဲ့ နောက်ခရီးတစ်ခု ကို ကြော်ငြာ ဝင်လိုက် တယ် လို့ ဆိုနိုင်မလားလို့။
    ဘယ်သူသိနိုင်မှာမို့လဲ။ 🙁
    http://www.guardian.co.uk/technology/2011/oct/31/steve-jobs-last-words

    • K@oru

      February 15, 2012 at 8:56 pm

      ဟုတ်ကဲ့ပါ အန်ကယ်လောဒ့်လတ်ချင့်….

      ၁၊က ကစ္စတန်မာ ဆားဗစ်စ် ပါချင့်…
      အန်တီသော့ ပိုစ့်ထဲမှာလည်း သများမန့်ပါတယ်ချင့်….
      အဲ့လို ကတိပျက်ရင် ပြောသလို မလုပ်ရင် သများတဲ့ မားကတ္တင်းပဲ
      မီးဒုတ် ရှို့ခံထိမယ် ဆိုတာကိုပါချင့် …။
      မန်းနေ့ချ်မန့် က -င်မနိုင်ဘဲ ပဲကြီး ဟင်း စားမိရင်
      မားကတ္တင်းညာ သလို ဖြစ်တတ်ပါတယ်ချင့်….
      ညာတတ်တဲ့ မားကတ္တင်းရှိတဲ့ အဖွဲ့အစည်းဟာ
      မကြီးပွားပါဝူးချင့် …… (လမ်းတခြမ်းပဲခင်းလို့
      ချီးထုတ်စာ မိတာ …နည်းတောင်နည်းသေး …ဟေးဟေး…
      ချဉ်ပါတယ်အေ. …. 😀 .. )

      ၂၊ ဒါလိုက် မေးလ် က သည်ဘက်ခေတ်မှာ အလုပ်မဖြစ်တော့ဘာဘူးချင့်
      ခုနောက်ပိုင်း ပရိုက်ဗေစီ မာ့ခ်တွေ အိုင်အက်စ်အိုတွေနဲ့ကို တင်း၂ကျပ်၂
      ကိုင်တွယ်လာပါပီချင့်….။
      မားကတ္တင်း ၁.ဝ ဟာ ဆေးလ် ဖိုစ့် ၂.ဝ ဟာ ဝမ်း-တူ-ဝမ်း ဖြစ်ပီး
      ၃.ဝ မှာ ဟျူးမန်းဖက်တာ ပါလာပြီး CRM ကို ဒေတာဘေ့စ် မားကတ္တင်းနဲ့
      ကစ္စတန်မိုက်ဇ် လုပ်လာကြပါဘီချင့် …ခု ၃.၅ ရောက်နေပီလို့ ထင်ပါတယ်ချင့်
      သည်အပိုင်းကတော့ လုပ်စားလို့ဝမှ ပြောပြပါမယ်ချင့်..
      (နောက်တာပါချင့် …သများလည်း သည်အပိုင်း စာတွေကျောင်းပြန်သွားတာပါချင့်)

      ၃၊တယ်လီမားက္တင်းလည်း မကြာသေးမီက ကွယ်လွန်သွားရှာဘာဘီချင့် …
      သများတို့တောင် မုန့်ဟင်းခါးစား သွားလိုက်ပါသေးတယ်ချင့် …
      ခုနောက်ပိုင်း ကတော့ ယူဂျီအမ် (ယူဇာဂျန်နရိတ်တက်မက်တီရီရယ်လ်)တွေကို ပိုပီး
      ရှိပ် လုပ်လာကြဘာဘီချင့် …။

      ယူဂျီအမ် ရဲ့ အစွမ်းကတော့ အီဂျစ် ကိုကြည့်ရင် လုံလောက်တယ်လို့ထင်ပါတယ်ချင့်

      အချုပ်ပြောရရင် အရင်က ဒေတာတွေကိုင်ပီး နောက်ကွယ်ကနေ
      စွက်ဒဂျီ ချတဲ့ မာကတ္တာတွေ ခုနောက်ပိုင်းတော့ အက်စ်အီးအို အက်စ်အီးအမ်မ်
      အော်လာကြတဲ့ ခေတ် ရောက်လာလို့ပါပဲချင့် ….။

      စကားအတင်းစပ် …အဲ့လာ ဟိုလူဂျီးရဲ့ ညီမ စာရေးဆြာမ ရေးတာ မဟုတ်လားချင့်
      သူ ရီ-ဒီဇိုင်းလုပ်သွားတယ် ပြောတဲ့ သူ့ကုတဲ့ မက်ဒီကယ်ဒီဗိုက်ဇ် တွေအကြောင်း
      တော့ သိချင်ရဲ့ ….။

      http://www.washingtonpost.com/business/technology/report-ipad-3-coming-march-7-apple-tests-smaller-screen/2012/02/14/gIQA1eBEDR_story.html

      သူက လက်ရှိ ဆိုက်ဇ် ကို အသေးဆုံး နဲ့ အကောင်းဆုံးပြောတယ်…
      သတင်းတွေက သည်တခါ ၈လက်မနဲ့ ထုတ်ဖို့ သေချာသလောက် ရှိတယ်ပြောတယ်.

      စတိဗ်က စတိဗ် ပန်းသီးက ပန်းသီး ကွဲကွဲပြားပြားပေါ်မလား …
      စတိဗ်ဝိဉာန် ကိန်းတဲ့ ပန်းသီးဖြစ်မလား …
      ကြည့်ချင်သေးရဲ့ ….. ညင်းညင်း …

      P.S
      မောတွားဘီ …..
      (ကီးမြင့်မြင့် တီးခြင်းသည်းခံပါချင့် …..အသံဝင်နေလို့ပါချင့်)

      • Azzurri

        June 11, 2012 at 7:34 pm

        တခါမတလေတော့ပါ

  • စေပိုင်ထွဋ် (ပုသိမ်)

    February 15, 2012 at 9:19 pm

    အဟမ်း အဟမ်း
    ဒီသင်တန်း ဝင်တက် ဝင်ဖတ်တာ သင်တန်းကြေး ပေးစရာလိုဘူး
    ကောင်းလေစွ ကောင်းလေးစွ
    ဟိဟိ

Leave a Reply