သူတို့ညီအကို

thit minFebruary 11, 20123min98230

 

 

ကျနော်ငယ်ငယ်က ဖွားဖွားကသီချင်းဆိုသိပ်လေ့ရှိပါသည်။

သူဆိုသော သီချင်းများစွာထဲက တပုဒ်တွင်

“ဘမော် ဘဦးတို့က ရှူပ်သနော်၊ ပုဒ်မ ပုဒ်ထီးတို့ကိုထုတ်ဖော်၊

တိုင်းသူပြည်သားတို့ရဲ့အပေါ်”  ဆိုတဲ့ စာသားပါလို့ မေးမိပါတယ်။

ဦးဘမော်ဆိုတာ အဓိပတိဘမော်လို့ခေါ်တဲ့ လွတ်လပ်ရေးမရခင် ၁၉၃၇

ခုနှစ်က ညွန့်ပေါင်းအစိုးရအဖွဲ့ရဲ့ နန်းရင်ဝန်(ခုခေတ် ဝန်ကြီးချုပ်)ပေါ့သားရဲ့။

ဂျပန့်ခေတ်မှာတော့ နိုင်ငံတော်အကြီးအကဲ-အဓိပတိဘမော်ဖြစ်လာတယ်။

ဦးဘဦးကတော့ ဆာဘဦး ဆိုတဲ့ ၁၉၅၂ ခုနှစ်က မြန်မာနိုင်ငံသမ္မတကြီးပေါ့။

အိမ်မှာ အဲဒီတုန်းက ဒေါက်တာဘဟန်ရဲ့ အင်္ဂလိပ်-မြန်မာ အဘိဓာန်စာအုပ်ကိုပြပြီး

သူက အဓိပတိဘမော်ရဲ့အကိုကြီးလေ လို့ပြောပါတယ်။

ကျနော်သူတို့အကြောင်းပြောပြချင်ပါတယ်။

ကောင်းခြင်းဆိုးခြင်းတွေ ရောနှောနေတဲ့ လူ့ဘဝ၊ အမှန်နဲ့အမှားဒွန်တွဲနေတတ်တဲ့ လူ့သဘာဝတွေ

ကို သူတို့၊သူတို့တွေရဲ့ ဘဝအတွေ့အကြုံတွေနဲ့ ထင်ဟပ်ကြည့်ချင်လို့ပါ။

ပြီးတော့ လူတယောက်ရဲ့ သမိုင်းဆိုတာ သည်လိုရှိတတ်ပါလားလို့ သင်ခန်းစာယူချင်ရင်လဲယူနိုင်အောင်ပါ။

ဒေါက်တာဘမော် ဆိုတာ မြန်မာနိုင်ငံရဲ့ ပထမဆုံး ဒေါက်တာဘွဲ့ရ နိုင်ငံရေးသမားပါ။

ရန်ကုန်တက္ကသိုလ်ရဲ့ အင်္ဂလိပ်စာဋ္ဌာနမှာ မြန်မာတိုင်းရင်းသားထဲက ပထမဆုံးကထိကဖြစ်ခဲ့သူပါ။

ဖေဖော်ဝါရီ ၈ ရက်မွေး (၈ ဂဏန်းပိုင်ရှင်) ဗုဒ္ဓဟူးသား ၁၈၉၃ ဖွားပါ။

[science fiction-သိပ္ပံစိတ်ကူးယဉ်စာပေများရဲ့ ဖခင် ပြင်သစ်စာရေးဆရာကြီး ဆာ ဂျူးဘန်း ကလဲ

ဖေဖော်ဝါ ရီ ၈ မွေးပါဘဲ။ သူ့ရဲ့   Around the World in Eighty Days -ကမ္ဘာပါတ်လည်ရက်ရှစ်ဆယ်

ဆိုတာ အရမ်းနာမည်ကြီးတဲ့ စာအုပ်ပေါ့။ အဲဒီထဲက အစေခံနာမည်က ဂျွန်ပါစီပါတူး (Jean Passepartout)

ဂျဲန်းးပါစီပါတောက်လို့ရေးထားပေမဲ့ ပြင်သစ်လို ဂျွန်-နဲ့-တူးလို့ ထွက်ရတယ်ထင်ပါရဲ့)။

အဲဒါ ကျနော်ငယ်ငယ်ကဖွားဖွားက လူတယောက်ကို ပါစီပါတူးလို့ခေါ်ခဲ့ဘူးလို့မေးကြည့်ရင်းအဲဒီ

နာမည်မှတ်မိရပါတယ်။

သူကသူ့ဆရာ Phileas Fogg-ဖိလိရက် ဖော့(ခ)ရဲ့  ရက် ၈ဝ နဲ့ ကမ္ဘာပါတ်လို့ရမရ အလောင်းအစားမှာ

ခရီးအတူလိုက်အထွက် အိမ်က အပူပေး ဟီတာရဲ့ ခလုပ်ကိုမေ့ပြီးမပိတ်မိခဲ့လို့ ဂက်(စ)ဖိုး ပေးလျှော်ရတဲ့ သူပါ။

ဆရာတင်နွယ်မောင် ဟိုတုန်းက အင်တာနေရှင်နယ် မဂ္ဂဇင်းမှာ အခန်းဆက်ရေးခဲ့ဘူးပါတယ်။]

ဒေါက်တာဘမော်အကြောင်းဆက်ရရင် သူ့မှာမွေးချင်း ၂ယောက်ဘဲရှိပါတယ်။

သူ့အကိုက ဒေါက်တာဘဟန် ပါ။

ဒေါက်တာဘမော်က မအူပင်မှာမွေးပြီး ငယ်စဉ်က ခရစ်ယာန်ဘာသာဝင် တဦးပါ။

ထူးခြားချက်က ဥရောပက ပညာတော်သင်အပြီး ပြန်အလာမှာ  ဗုဒ္ဓ ဘာသာကိုကူးပြောင်းခဲ့ခြင်းပါဘဲ။

ကျနော် သူ့အကြောင်းကိုလေ့လာကြည့်လိုက်တော့မှ သူ့ရဲ့ ဒစ်ဇာ့တေးရှင်း(ပီအိတ်ချ်ဒီသီးဆစ်)က

 ခရစ်ယာန်ဘာသာနဲ့ ဗုဒ္ဓ ဘာသာမှာရှိတဲ့ဈာန်ကမ္မဋ္ဌာန်းများကိုနှိုင်းယှဉ်လေ့လာထားတဲ့ 

 “Eastern meditian”စာတမ်းဖြစ်နေပါတယ်။

  အင်္ဂလန်နိုင်ငံက ကမ္ဘာကျော် Cambridge-ကိန်းဘရစ်ချ်တက္ကသိုလ်ကြီးမှာပါရဂူ(ဒေါက်ထရိတ်)တက်ခဲ့

တာပါ။ဒါပေမဲ့ ဆူပါဗိုက်ဇာ(ကျမ်းကြီးကြပ်ဆရာ) မသိဘဲ လန်ဒန်က ဝတ်လုံစာမေးပွဲကို သွားဖြေလိုက်လို့

စကားများပြီး ပါရဂူဘွဲ့အတွက်အဲဒီစာတမ်းကို “ပြင်သစ်နိုင်ငံ ဘော(ရ)ဒိုးတက္ကသိုလ်-University of Bordeaux,

France မှာပြင်သစ်ဘာသာနဲ့ ပြောင်းရေးပြီး ဒေါက်တာဘွဲ့ယူခဲ့ပါတယ်။

(တချို့မှတ်တမ်းတွေအရတော့ သီးဆစ်ပါခေါင်းစဉ်ပြောင်း-Aspects of Buddhism in Burma

လို့လဲတွေ့ရပါတယ်)

ကြုံလို့ပြောရရင်တော့ နိုင်ငံခြားမှာ ကိုယ့်ကျမ်းကြီးကြပ်သူဆရာနဲ့ အဆင်မပြောလို့ကတော့

ဖျာသာလိပ်ပေတော့ပါဘဲ။ ဗီဇာကအစ သူတို့လက်ထဲမှာရှိပါတယ်။

၁၉၁၇-ကနေ ၁၉၂၀-အထိရန်ကုန်ကောလိပ် (အဲဒီတုန်းက ကာလကတ္တားတက္ကသိုလ်လက်အောက်ခံ)

အင်္ဂလိပ်စာဌာနမှာ ကထိကအဖြစ် တာဝန်ထမ်းဆောင်ပြီး ၁၉၂၁ မှာတော့နိုင်ငံခြားပညာတော်သင်

ထွက်ခဲ့ပါတယ်။

အထက်မှာပြောခဲ့သလို ၁၉၂၄-မှာပြင်သစ်က ဘွဲ့ရတော့ မြန်မာပြည်ပြန်လာပြီး ဝတ်လုံတော်ရလုပ်ပါတယ်။

ဝတ်လုံတော်ရလုပ်ခဲ့တဲ့ ၈ နှစ်တာကာလမှာ သမိုင်းဝင်လုပ်ရပ်တခုအနေနဲ့ ဆရာစံရဲ့ အမှုကိုခုခံ ခြေပသူအ

ဖြစ်ရပ်တည် လျှောက်လဲပေးခဲ့တာပါဘဲ။အဲဒီက စလို့ နိုင်ငံရေးလောကထဲရောက်ခဲ့ပါတယ်။

(ဆရာစံကတော့ အမှုရှုံးလို့ ၁၉၃၁ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့မှာ ကြိုးပေးတာခံခဲ့ရပါတယ်)

နိုင်ငံပေါင်းချုပ်အသင်းကြီး (ဂျီစီဘီအေ) ပေါ်လာတော့ ၁၉၃၂-၃၄ မှာခေါင်းဆောင်ဖြစ်လာပြီး (၉၁)ဌာနအုပ

ချုပ်ရေးမှာ ပညာရေးဝန်ကြီးတာဝန်ကိုယူပါတယ်။ နောက်တော့ ၁၉၃ရ မှာညွန့်ပေါင်းအစိုးရဖွဲ့ပြီး အဲဒီမှာ

ပညာရေးဝန်ကြီး နောက်ပိုင်း ၁၉၃၉ အထိ နန်းရင်းဝန်(ဝန်ကြီးချုပ်) လုပ်ပါတယ်။

ဗြိတိသျှအစိုးရကို တောက်လျှောက်ဆန့်ကျင်ခဲ့သူ တဦးအဖြစ်မြင်ရတဲ့ ဒေါက်တာဘမော်ဟာ ၁၉၃၉

အောက်တိုဘာလမှာ ဒို့ဗမာအစည်းအရုံးရဲ့ ပင်မမွေးဖွားရာဖြစ်တဲ့ ဗမာ့ထွက်ရပ်ဂိုဏ်းကို တည်ထောင်ခဲ့ပြီး

သူကဥက္ကဌ၊ကျနော်တို့ရဲ့ ဗိုလ်ချုပ်အောင်ဆန်းက အထွေထွေအတွင်းရေးမှူးတာဝန်ကိုယူခဲ့ကြတာပါ။

၁၉၄ဝ ခု ဩဂုတ်လ (၈) ရက်နေ့(၈-၈-၄ဝ နော်- ၈ ဂဏန်း)မှာ မြန်မာပြည်ကာကွယ်ရေးဥပဒေအရဆိုပြီး

ထောင်ကျပါတယ်။ ၁၉၄၂-ဧပြီလမှာ (၁၉၂၆ ဧပြီ ၂၅ ကလက်ထပ်ထိမ်းမြားယူထားတဲ့ ဒေါ်ခင်မမ- နောင်

တွင် ဒေါ်ခင်မမမော် ဟုလည်း ခေါ်သော) ဇနီးသည်၏ အကူအညီဖြင့် မိုးကုတ်အကျဉ်းထောင်ကထွက်ပြေး

နိုင်ခဲ့ပါတယ်။

ကံမကောင်းလို့ထောင်ကျ၊ ကံကောင်းလို့ထောင်ကလွတ်လာပြီး ၁၉၄၂ ရဲ့ ဩဂုတ်လထဲမှာဘဲ ကျောက်မဲကို

ရောက်လာတဲ့ ဂျပန်စစ်တပ်နဲ့တွေ့ပြီး ဝန်ကြီးချုပ်ရာထူး ကို (ကံကောင်းစွာလား၊ကံဆိုးစွာလားမသိ)၊ရခဲ့ပါတယ်။

၁၉၄၃ ခုနှစ်မှာဂျပန်အစိုးရဖိတ်လို့သွားတော့ ဒေါက်တာဘမော်ကအဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်ပြီး၊

ဗိုလ်ချုပ်အောင်ဆန်း သခင်မြ၊ဦးကျော်ငြိမ်း၊ ဒေါက်တာသိန်းမောင် တို့ပါလိုက်ပါခဲ့ကြပါတယ်။

အဲဒီမှာ ဂျပန်ဘုရင်ရဲ့တက်နေဝန်း(ပထအဆင့်)တံဆိပ်ကို ချီးမြှင့်ခံရတာကလဲ ဒေါက်တာဘမော်နဲ့

 ဂျပန်တို့အကြား က ကြီးမားသောဆက်ဆံရေးကြီးတခုလိုပါဘဲ။

နောက်တခုက ဂျပန်တို့ရဲ့ ရွှေရည်စိမ် လွတ်လပ်ရေးကာလရဲ့ အဓိပတိဖြစ်နေခဲ့တာပါ။

အဲ အထင်ရှားဆုံး နောက်ဆုံး တခုအနေနဲ့ကတော့ စစ်ရှုံးလို့ ဂျပန်တွေဆုက်တော့ တခြားဝန်ကြီးတွေ

မုဒုံမှာနေခဲ့ကြပါရက်နဲ့ သူ(ဒေါက်တာဘမော်) တယောက်တည်း ဂျပန်ထိလိုက်သွားတာပါ။

၁၉၄၅ ခုနှစ်ရဲ့ ဩဂုတ်လ ၆ ရက်နေ့မှာ ဟီရိုးရှိမ၊ ဩဂုတ်လ ၉ ရက်နေ့မှာ နာဂစကီ မှာအနုမြူဗုံးအကြဲခံရလို့

၁၉၄၅ ဩဂုတ်လ ၁၅ ရက်နေ့မှာ ဂျပန် က မဟာမိတ်တို့ကိုလက်နက်ချပါတယ်။

လက်နက်ချ လက်မှတ်ရေးထိုးတာက စက်တင်ဘာ ၂ရက်နေ့ဆိုတော့ ဂျပန်ရဲ့ တရားဝင်စစ်ရှုံးကြေညာချက်က

 အဲဒီရက်လို့ပြောရမှာပါ။ ၁၉၄၅ ဒီဇင်ဘာမှာတော့ ဒေါက်တာဘမော်လဲ မဟာမိတ်တို့ထံလက်နက်ချတဲ့

အထဲပါတဲ့အတွက် ဆူဂါဒို အကျဉ်းထောင်မှာ ၁၉၄၆ ဇူလိုင်ကအထိထောင်ကျပါတယ်။

၁၉၄၆ ဩဂုတ်လ ၁ ရက်နေ့တွင်ရန်ကုန်ပြန်ရောက်ပါတယ်။

နောက်တော့ လူပေါင်းမှားပါတော့တယ်။

ဂဠုန်ဦးစော၊သခင်ဗစိန်၊တို့နှင့်ပေါင်းကာ စော၊စိန်၊မော် မဟာမိတ်ဖွဲ့ပြီးဗိုလ်ချုပ်တို့ရဲ့ တိုဏ်းပြည်ပြုလွှတ်တော်ကို

သပိတ်မှောက်ပါတယ်။

ကျနော် အောင်ဆန်းအက်တလီစာချုပ်ကိုဖတ်ဖူးတုန်းက အဲဒီ ဦးစော နဲ့ သခင်ဗစိန်တို့ကို

တော်တော်လန့်သွားဘူးပါတယ်။ဒီလောက်အရေးကြီးတဲ့ စာချုပ်မှာ လက်မှတ်မရေးထိုးကြဘူးလို့

ရေးထားလို့ပါဘဲ။

အောက်ကနေပြန်ကြည့်ပါ။ နောက်ဆက်တွဲ က ဆိုတဲ့ နေရာရဲ့အပေါ်နားလေးမှာပါ။

အထောက်အထားအနေနဲ့ အောက်မှာပြပေးထားပါတယ်။

အောင်ဆန်းအက်တလီစာချုပ်အကုန်ဖတ်ချင်ရင်တော့လင့်(ခ)လေးကိုကလစ်ပြီး ဖတ်ပါ။

  http://www.scribd.com/doc/26806834/Aung-San-Attlee-Agreement

 

   
ဗိုလ်ချုပ်တို့အာဇာနည်ခေါင်းဆောင်ကြီးများလုပ်ကြံခံရသော အခါတွင် အတိုက်အခံနိုင်ငံရေးခေါင်းဆောင်
 
တဦးအဖြစ် ၁၉၄ရ ဩဂုတ်လ မှ ၁၉၄၈ ဇူလိုင်လ အထိထောင်ကျသည်။ ၁၉၅၉ တွင် အမျိုးသားပေါင်းစုံ
 
မဟာမိတ်အဖွဲ့ နာယကအဖြစ်တာဝန်ထမ်းဆောင်သည်။ ၁၉၆၂ ဦးနေဝင်းအာဏာသိမ်းပြီးနောက်တွင်
 
“ခုံရုံးမတင်၊ တရားမစွဲဘဲ” ဒေါက်တာဘမော်အား ၁၉၆၆ မေလ မှ ၁၉၆၈ ဖေဖော်ဝါရီလ အထိ ထောင်ချသည်။
 
၁၉၆၈ ခုနှစ် ထောင်မှထွက်လာပြီးနောက် သူ၏စာအုပ်
 
“ငါတို့ရုန်းထွက်ခဲ့ပြီ”-  Breakthrough in Burma: Memoirs of a Revolution 1939-1946 ကို
 
ယေး(လ)Yale University Press မှ ထုတ်ဝေခဲ့သည်။
 
၁၉၇ရ ခုနှစ်မေက ၂၉ ရက်နေ့တွင် တက္ကသိုလ်ရိပ်သာလမ်း အမှတ်(၈၁)တွင် အသက် ၈၄ နှစ်တွင်
 
ကွယ်လွန်သည်။
 
—————————————–
ဒေါက်တာဘဟန်
 
အင်္ဂလိပ်-မြန်မာ အဘိဓာန်စာအုပ် ကျမ်းပြုသူ ပညာရှင်အဖြစ်ထင်ရှားသူ ဒေါက်တာဘဟန် သည်
 
ဝေါဟာရပေါင်း ၅ သောင်းကျော်ပါသော အင်္ဂလိပ်-မြန်မာ ကြီး ကို အသက် ၆ဝ ကျော်မှ တဦးတည်းကြိုး
 
စားပြုစု နိုင်ခဲ့သူ ဝိရီယ၊ဇွဲ ကောင်း လှသော သူဖြစ်သည်။
 
ညီဖြစ်သူ ဒေါက်တာ ဘမော်မှာ မအူပင်တွင်မွေးသော်လည်း ဒေါက်တာဘဟန် ကတော့ ရန်ကုန်တွင်မွေး
 
သူဖြစ်သည်။ကြာသပတေးသား ၁၈၉ဝ ဇန်နဝါရီလ ၃ဝ ရက်ဖွားဖြစ်သည်။
 
သူတို့ ညီအကို  ၂ ယောက်လုံး၏ဖခင် ဦးကျေးမှာ မန်းတလေးကောင်းစားစဉ်က နန်းတွင်းတွင်စာသင်ကြား
 
သော သာသနာပြု ဆရာကြီး ဒေါက်တာမတ်၏ ကျောင်းတွင် မင်းတုန်းမင်း၏သား၊မင်းညီမင်းသားများနှင့်
 
အတူ စာသင်ဘက်ဖြစ်သည်ဟု ဆိုသည်။
 
ဒေါက်တာဘဟန်သည် ၁၉၂၂-၂၄ ခုနှစ်အတွင်း အင်ဂလန်နိုင်ငံ ကိန်းဘရစ် တက္ကသိုလ်၊ပြင်သစ်နိုင်ငံဆော်ဘွန်း
 
တက္ကသိုလ်၊ ဂျာမဏီနိုင်ငံ ဖရိုင်ဘတ် တက္ကသိုလ်၊ လန်ဒန် လင်ကွန်းအင်း ဥပဒေကျောင်းတို့တွင်ပညာသင်ခဲ့သည်။
 
၁၉၂၄ ခုနှစ်တွင် ဘော်ဒိုး(ပြင်သစ်) တက္ကသိုလ်မှ ၁၈ရာစုပန်းချီဆရာ၊ကဗျာဆရာ
 
ဝီလီလျှန်ဘရိတ်၏အံ့ဘွယ်သုတစာတမ်းဖြင့် စာပေပါရဂူ(ဒီလစ်) ဘွဲ့။
 
(ညီဖြစ်သူ၏ပြဿနာကြောင့်အကိုပါပြင်သစ်ကဘွဲ့ယူရဟန်တူသည်)
 
၁၉၂၅ခုတွင် ဂျာမဏီဖရိုင်ဘတ်တက္ကသိုလ်မှ အီးဗော်လူးရှင်း အော့ ဘလက်ကန်ဖီလော်ဆော်ဖီ
 
စာတမ်းဖြင့်ပီအိတ်ချ်ဒီပါရဂူဘွဲ့ နှင့် အင်ဂလန် လန်ဒန် လင်ကွန်းအင်း မှ Bar of Law ဘွဲ့များရခဲ့သည်။
 
၁၉၅ရ ခုနှစ် ရန်ကုန်တက္ကသိုလ ်LLD-ဂုဏ်ထူးဆောင်ဥပဒေပါရဂူဘွဲ့ { Doctor of Law (LLD) }
 
ကိုအပ်နှင်းခဲ့သည်။
 
၁၉၃၅ ခုနှစ်မှ ၁၉၅ရ ခုနှစ်တိုင် ဥပဒေပါမောက္ခ ၊ဂုဏ်ထူးဆောင်ဥပဒေ ပါမောက္ခအဖြစ်တာဝန်
 
ထမ်းဆောင်ခဲ့သည်။၁၉၅၈ အိမ်စောင့်အစိုးရလက်ထက် ရာထူးမှနှုပ်ထွက်ခဲ့သည်။
 
ထင်ရှားသော ဥပဒေပညာရှင်များစွာကိုမွေးထုတ်ပေးခဲ့သော ဆရာတဦးဖြစ်ခဲ့သည်။
 
၁၉၆၁-၆၃ နှစ်များတွင် “မြန်မာနိုင်ငံ သုတေသနအသင်း” ဥက္ကဌအဖြစ်ဆောင်ရွက်ခဲ့သည်။
 
ရှင်ဥတ္တမကျော်တောလားနှင့် လက်ဝဲသုန္ဒရရတု(၁၉၆၂) တွင်ရေးသားခဲ့ဘူးသည်။
 
၁၉၆၉ မေလ ၁၃ ရက်နေ့တွင်ကွယ်လွန်သည်။
 
————————————————–
 
ပညာတော်သော တဖအေထဲ မွေး ညီအကို ၂ယောက်ရဲ့ တူညီသော၊ မတူညီသော ဘဝလမ်းကြောင်းမှ
 
အနိမ့်အမြင့်အတက်အကျများနှင့် ကြိုးစားမှုများသည် အားကျဘွယ်၊အတုယူဘွယ်၊သံဝေဂရဘွယ်များ
 
ပါဝင်လျှက်ရှိသည်။
 
ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ လူမျိုးနှင့်အတူ လက်တွဲဖော်ဖြစ်ခဲ့သော်လည်းအယူအဆမတူခြင်းလား၊
 
သဘောထားကွဲလွဲမှုလားဟုထင်စရာရှိသော စိတ်လမ်းကြောင်းတခု၏ လောင်းရိပ်ကြောင့် လမ်းလွဲ
 
ခဲ့သည်ဟု ဆိုနိုင်ကဆိုနိုင်မည်ဖြစ်ပါလိမ့်မယ်။
 
သို့သော် သူတို့သည်ကား အထိုက်အလျှောက်နိုင်ငံအရေးကိုဆောင်ရွက်ပေးခဲ့ကြသောခေါင်းဆောင်များ
 
ဖြစ်ပါသည်။ ကောင်းသည် ဆိုးသည်ဟု ဆုံးဖြတ်ရန်ကား စာဖတ်သူ၏သဘောမျှသာ။
 
သမိုင်းတကွေ့မှ မှတ်သားစရာပုံရိပ်အဖြစ်တင်ပြလိုက်ရပါကြောင်း။
 
—————————————-။
 
လေးစားစွာဖြင့်

မောင်သစ်မင်း(^^)

~~~~~~~~~~~~~~~~~~~~။

ကျမ်းကိုး။  ။1. A History of Modern Burma, by John Frank Cady, Cornell University Press, 1958

2. The Burma we love, by Kyaw Min, India Book House, 1945

3. Allen, Louis (1986). Burma: the Longest War 1941-45. J.M. Dent and Sons.

4. မြန်မာလူကျော် ၁၀ဝ ပထမတွဲ၊ မောင်ဇေယျာ။ နှစ်ချို့ဝိုင်စာအုပ်တိုက်။ ၂၀၀၂ နိုဝင်ဘာလ ပထမအကြိမ်။

5. Credit to http://www.scribd.com/doc/26806834/Aung-San-Attlee-Agreement

30 comments

  • MaMa

    February 11, 2012 at 8:48 am

    ဆြာသစ်ရဲ့ – ဂေဇက်အပေါ်ထားတဲ့ သံယောဇဉ်နဲ့ မြန်မာ့သမိုင်းကြောင်းရဲ့ အစလေးတစ်စကို ဂဃနဏ သိခွင့်ရလို့ ကျေးဇူးတင် ဝမ်းသာပါတယ်။ 🙂

  • amatmin

    February 11, 2012 at 10:50 am

    ဒေါက်တာဘမော်ရဲ့နိုင်ငံရေးလုပ်ဆောင်ချက်တွေကိုတော့ ကြားဖူးသိဖူးပေမဲ့
    ပညာရေးနောက်ခံ နဲ့ သူ့အကိုအကြောင်းကတော့ ဆရာသစ်ပြောမှသိရတာပဲ..
    သူကဗိုလ်ချုပ်ထက်စာရင် ဦးနုနဲ့ ပိုပြီးပုလဲနံပသင့်တယ်ဆိုသလား လို့..
    ဒါနဲ့ သူတို့လိုပဲ အိုင်စီအက်ဦးတင်ထွဋ် ကလည်းညီအကို ၃ဦးဆိုဗျ.
    အဆင်ပြေရင်နာမည်လေးတွေနဲ့ တွဲပြပေးပါလား အကိုရေ.. 🙂

    • thit min

      February 11, 2012 at 11:36 am

      ပြောရရင်ဒေါက်တာဘမော်တို့က ဦးနုတို့နဲ့ ဆီနီယာဆိုတဲ့လယ်ဗယ်တူတယ်ပေါ့နော်။
      ဗိုလ်ချုပ်တို့ကအသက်ငယ်တယ်လေ။
      အိုင်စီအက်(စ)(=အင်ဒိယပဋိညာဉ်ခံဝန်ထမ်း)ဦးတင်ထွဋ်ဆိုတာ၁၉၄၈ စက်တင်ဘာ
      ၁၈ ရက်နေ့ကားပေါ်အတက် ဗုံးခွဲပြီးအလုပ်ကြံခံခဲ့ရတဲ့
      ဗိုလ်ချုပ်အောင်ဆန်း ကြားဖြတ်အစိုးရရဲ့ ဘဏ္ဍာရေးဝန်ကြီးကို ပြောတာဆိုရင်
      သူ့မှာ မွေးချင်း ရ ယောက်ရှိပါတယ်။ ညီအကို လေးယောက်
      ညီမ၃ယောက် ရှိပါတယ်။

      ညီအကိုလေးယောက်လုံး England ကဘွဲ့ရတွေပါ။
      ၅ ယောက်မြောက်ညီအငယ်ဆုံးကတော့ မြန်မာ့ပညာရေးမှာ မြန်မာစာရော၊
      English စာပါထိပ်တန်းဖြစ်ပြီး မသိလို့မရတဲ့ ဆရာကြီး “ဒေါက်တာထင်အောင်” ပါ။
      ဆရာကြီးဟာ မြန်မာ့ရိုးရာပုံပြင်များကိုပိုင်နိုင်စွာရေးခဲ့ပါတယ်။ကလေးကဗျာများကိုစပ်ဆိုခဲ့သူပါ။
      English စာသင်သူတိုင်းတချိန်က ဒေါက်တာထင်အောင် ဆိုရင်မသိလို့ကိုမရအောင် မြန်မာစ
      ကားလုံး အခက်တွေကို English လိုပြန်ပေးခဲ့တဲ့သူပါ။
      ရန်ကုန်တက္ကသိုလ်ရဲ့ ပါချုပ်ပါ။
      ဆရာကြီး က နေရာတော်တော်များများက ဘွဲ့ရထားပါတယ်။
      —လန်ဒန်စကူးအော့ဧကော်နော်မစ်
      —ကိန်းဘရစ်ချ်
      —လန်ဒန်လင်ကွန်း
      —-အိုင်ယာလန် ဒတ်ဗလင်ထရီနီတီ
      —-နယ်သာလန် လေဒင်
      —-ပြင်သစ်ဆောဘွန်း
      —-အောက်(စ)ဖို့ တက္ကသိုလ်
      များမှ ဘွဲ့၊မာစတာဘွဲ့၊ဒေါက်တာဘွဲ့များရခဲ့ပါတယ်။
      ဆရာကြီးရဲ့ နောက်ဆုံးနိုင်ငံတော်ရာထူးက သိရီလင်ကာဆိုင်ရာသံအမတ်ကြီးပါ။
      သူ့အကြောင်းတွေရေးရင်တောင် ပို့စ်တခု ဖြစ်သွားမှာပါ။

      သူတို့ညီအကိုမောင်နှစ်မတွေရဲ့ အားလုံးနာမည်တွေရေးပြပေးမယ်နော်။

      ၁။အိုင်စီအက်(စ)ဦးတင်ထွဋ်
      ၂။တရားသူကြီး၊ဥပဒေပါမောက္ခဦးကျော်မြင့်
      ၃။သံအမတ်ကြီး ဦးမြင့်သိန်း
      ၄။ဒေါက်တာထင်အောင်
      ၅။ဒေါ်မြမူ (အစ်မအကြီးဆုံး)မြန်မာစာမဟာဝိဇ္ဇာ-ကျောက်စာဖတ်။
      ၆။ဒေါ်တင်စောမူ (English စာဌာနမှူး)
      ၇။ဒေါ်ခင်စောမူ (ဘီအီးဒီ-ဝိဇ္ဇာဂုဏ်ထူး)
      ဖြစ်ပါတယ်။

      • amatmin

        February 12, 2012 at 8:15 am

        တကယ်ကျေးဇူးတင်တယ်အကိုရေ..
        ဒါနဲ့ ဦးကျော်မြင့် ဆိုတာဦးစောကိုကြိုးပေးခဲ့တဲ့ တရားသူကြီးလားမသိ..
        ဒါမျိုးလေးတွေ သိချင်နေတာ.ကြုံတုန်းမေးလို့ အလုပ်ရှုပ်သွားရင်
        ဆောရီးပါဗျ… 🙂

  • blackchaw

    February 11, 2012 at 11:54 am

    ကိုသစ်ရေ။
    တန်ဘိုးကြီးသော သမိုင်း ဆိုင်ရာ ဝေမျှပေးမှု တစ်ခုအတွက် ကျေးဇူးပါခင်ဗျာ။
    လေးလေးစားစား ဖတ်သွားပါတယ်။
    ဒေါက်တာဘမော် ဘဝအကြောင်း စိတ်ဝင်စားပါတယ်ဗျာ။
    သိရင် နည်းနည်း လောက် ပြောပြပေးပါဦး။

  • thit min

    February 11, 2012 at 12:07 pm

    မမရေ ကျေးဇူးပါနော်။
    ကျနော်လဲ သိစေချင်တဲ့စေတနာလေးနဲ့ပါ။
    ကိုဘလက်ရေ
    ကျေးဇူးပါဗျာ။
    ကျနော် ဒေါက်တာဘမော်ရဲ့ ဘယ်လိုအကြောင်းတွေပြောပြရမှာလဲဗျ။
    ကျနော်တော်တော်များများတော့ ပြောပြီးပြီလို့တော့ထင်တာပါဘဲ။

  • blackchaw

    February 11, 2012 at 12:23 pm

    ကိုသစ်ရေ။
    သူ့အကြောင်း အသေးစိတ်ပေါ့ဗျာ။
    သူ့ အတ္ထုပတ္တိ ကို စိတ်ဝင်စားတာဗျ။
    အခုကတော့ အကျဉ်းချုပ်ပေါ့ဗျာ။

    • မောင်ဘလိူင်

      February 11, 2012 at 1:12 pm

      သူ့ကိုယ်တိုင်ရေး အထ္တုပ္ပတ္တိ စာအုပ်ထွက်တယ်လေ..ဦးချောရဲ့
      ဝယ်ဖတ်ပါလား.. Breakthrough in Burma: Memoirs of a Revolution 1939-1946

      • thit min

        February 11, 2012 at 1:15 pm

        ဟုတ်ကဲ့ပါ။
        အပေါ်မှာပြောပြီးသားပါ ဆရာဘလှိုင်ခင်ဗျား။

        ၁၉၆၈ ခုနှစ် ထောင်မှထွက်လာပြီးနောက် သူ၏စာအုပ်

        “ငါတို့ရုန်းထွက်ခဲ့ပြီ”- Breakthrough in Burma: Memoirs of a Revolution 1939-1946 ကို

        ယေး(လ)Yale University Press မှ ထုတ်ဝေခဲ့သည်။

  • thit min

    February 11, 2012 at 12:44 pm

    ဟဲဟဲ
    ခင်ဗျားက ဘယ်နဲ့ ကျနော်ဒီထက်ပိုပြီး ပြောနိုင်မယ်လို့ထင်ရတာတုန်း။
    ဟုတ်ပါပြီဗျာ။ အောက်က ဟာ လောက်ဆို ပြည့်စုံမယ်ထင်ပါရဲ့။
    ဒီလို ကိုဘလက်ရ ဒီလိုစာမျိုးတွေက အထောက်အထားမရှိဘဲ ရမ်းပြောလို့မသင့်
    လို့ ကျနော် ဖွားဖွားပြောတဲ့ ဟာလေးတွေတောင် ချန်ခဲ့ပါတယ်။လူချင်းတွေ့ရင်
    ပြောပြတာပေါ့ဗျာ၊ သိပ်အများကြီးတော့လဲ မဟုတ်ပါဘူးဗျာ။
    ကဲ အောက်မှာဖတ်ကြည့်ပါအုန်းဗျာ။
    ————————(^^)———————-

    ဒေါက်တာ ဘမော်၏ ဖခင်ကား ဦးမောင်မောင်ကျေး ခေါ် ဦးကျေး ဖြစ်ပြီး မိခင်မှာ ဒေါ်သိန်းတင် ဖြစ်လေသည်။ တခေတ်က နန်းရင်ဝန်ကြီးနှင့် အဓိပတိကြီး ဖြစ်ခဲ့သော ဒေါက်တာ ဘမော်ကို ၁၈၉၃ ခု၊ ဖေဖော်ဝါရီ ၈ ရက်နေ့တွင် မအူပင်မြို့၌ ဖွားမြင်ခဲ့သည်။ မောင်ဘမော် ၃ နှစ်သား အရွယ်တွင် ဖခင်ဖြစ်သူ ဦးကျေးမှာ ကျိုက္ခမီနယ်တွင် မောင်ဘမော်အား ခရစ်ယာန် သာသနာပြု ဘုန်းတော်ကြီး ကျောင်း၌ အပ်နှံထားရာ ယင်းဘုန်းတော်ကြီး၏ ခင်မင် ချစ်ခင်မှုဖြင့် ရန်ကုန်မြို ့ စိန်ပေါကျောင်း (ယခု ဗိုလ်တထောင် ၆) တွင် ပညာ သင်ကြားခဲ့သည်။ ပညာ ထက်မြက်သော မောင်ဘမော်သည် ရန်ကုန် တက္ကသိုလ် တွင်ပင် ဆက်လက် ပညာ သင်ကြားခဲ့ရာ ၁၉၁၃ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ (ဘီအေ) ကို ရရှိခဲ့သည်။

    ဝိဇ္ဇာဘွဲ့ ရပြီးသော ကိုဘမော်သည် ရန်ကုန်မြို ့ အစိုးရ အထက်တန်းကျောင်းတွင် ကျောင်းဆရာ အဖြစ် လုပ်ကိုင်ခဲ့သည်။ ယင်းသို့ လုပ်ကိုင် နေစဉ် တနေ့သော အခါ မျက်နှာဖြူ ကျောင်းဆရာကြီး တစ်ဦးသည် ဆရာဦးဘမော်အား အချိန် နောက်ကျရမလားဟု မိမိ၏ မြန်နေသော နာရီကို အကိုးအကား ပြု၍ အပြစ်ရှာ ကြိမ်းမောင်းတော့သည်။ မဟုတ်လျှင် ခေါင်းငုံ့ မခံတတ်သော ဆရာ ဦးဘမော်သည် ယင်းမျက်နှာဖြူ ကျောင်ဆရာအား သူတစ်ခွန်း ကိုယ်တစ်ခွန်း အကြိတ်အနယ် ပြောဆိုလိုက်သည်။ မျက်နှာဖြူ အင်္ဂလိပ် အစိုးရတို့ ကြီးစိုးသော ခောတ်အခါ သမယ ဖြစ်၍ နာရီဝက်မျှ မကြာမီ အတွင်းတွင် ဆရာ ဦးဘမော်မှာ ယင်းကျောင်းမှ ထွက်လိုက်ရသည်။

    ဆရာ ဘမော်သည် ကျောင်းမှ ထွက်လိုက်ရသော်လည်း ပညာထက်မြက်သူ တစ်ဦး ဖြစ်၍ ၂ ရက် အတွင်းတွင်ပင် အမေရိကန် သာသနာပြု ကျောင်း၌ လခ နှစ်ဆဖြင့် ဆရာ အလုပ်ကို ရပြန်သည်။

    ဆရာ ဦးဘမော်သည် ကျောင်းဆရာ အဖြစ် ဆောင်ရွက်နေရင်း ဆက်လက် ပညာ ဆည်းပူးခဲ့ရာ ကာလကတ္တား တက္ကသိုလ်မှ ၁၉၁ရ ခုနှစ်တွင် မဟာဝိဇ္ဇာ (MA) ဘွဲ့ကို ထိပ်တန်းမှ ဆွတ်ခဲ့သည်။ မဟာဝိဇ္ဇာဘွဲ့ကို ရပြီးနောက် ရန်ကုန် တက္ကသိုလ်တွင် အင်္ဂလိပ်စာ ကထိက အဖြစ် ပထမဆုံး မြန်မာလူမျိုး အနေဖြင့် ဆောင်ရွက်ခဲ့သည်။ ၄ နှစ်တာမျှ ကထိက အဖြစ် ဆောင်ရွက်ခဲ့သည်။

    ၁၉၂ဝ ပြည့်နှစ်၊ (ပထမ ကျောင်းသား သပိတ်ကြီး အရေးအခင်း ဖြစ်သောနှစ်) တွင် ဥရောပတိုက်သို့ သွားရောက်ပြီး ဝတ်လုံဘွဲ့ကို ဆည်းပူးရာ ကိန်းဗရစ် တက္ကသိုလ်မှ ၁၉၂၃ ခုနှစ်တွင် (လန်ဒန်ဂရေးအင်း) ဝတ်လုံဘွဲ့ကို ရရှိခဲ့သည်။ ၁၉၂၄ ခုနှစ်တွင်လည်း (ပီအိပ်ချ်ဒီ) အဘိဓမ္မာ ပါရဂူဘွဲ့ထူးကို ပြင်သစ်နိုင်ငံ ဘော်ဂိုး တက္ကသိုလ်မှ ရရှိခဲ့သည်။ ယင်းအဘိဓမ္မာဘွဲ့မှာ ဗုဒ္ဓဘာသာနှင့် ဆိုင်သော ကျမ်းကို ပြုစုသည့် အတွက် ရရှိခဲ့သောဘွဲ ့ ဖြစ်သည်။

    ဒေါက်တာ ဘမော်သည် ဥရောပတွင် ရှိစဉ် နိုင်ငံ အသီးသီးမှ နိုင်ငံရေး လှုပ်ရှားမှုများကိုလည်း လေ့လာဆည်းပူးခဲ့သည်။ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမနီ၊ စပိန်၊ ဟိန္ဒူ စကားများကိုလည်း တတ်ကျွမ်း နားလည်ခဲ့သည်။

    ၁၉၂၄ ခုနှစ်တွင် မြန်မာပြည်သို့ ပြန်ရောက်ခဲ့သည်။ ဥရောပတွင် နှစ်အတော်ကြာ နေခဲ့သော်လည်း ဥရောပသားတို့၏ ဝတ်စား ဆင်ယင်မှုကို အားမကျခဲ့။ မြန်မာ့ဟန် မြန်မာ့မာန်ဖြင့် ဥရောပသားတို့ အပေါ် ဆက်ဆံခဲ့သည်။ ဝတ်လုံတော်ရ (ခေတ်အသုံးနှုန်း) အဖြစ်ဖြင့် နိုင်ငံရေး နယ်ပယ်ထဲသို့ တစတစ ဝင်ရောက်လာခဲ့သည်။ ခေတ်ပေါ် နိုင်ငံရေး ထွင်လုံးကလေးများဖြင့်လည်း လှုပ်ရှားခဲ့သည်။ ၁၉၃ဝ ပြည့်နှစ်၊ ဒီဇင်ဘာတွင် သာယာဝတီ ဂဠုန် ဆရာစံနှင့် မျိုးချစ် တော်လှန်ရေးသမားများ ဘက်မှ အခြေအနေအရ လိုက်ပါ ဆောင်ရွက်ခဲ့ရာ ‘ဒေါက်တာ ဘမော်’ ဟူသော အမည်သည်လည်း တဖြည်းဖြည်း ထင်ရှား၍ လူသိ များလာခဲ့သည်။

    ဒေါက်တာ ဘမော်သည် ၁၉၃၂ ခုနှစ်တွင် တွဲရေး ခွဲရေး ပြဿနာ ပေါ်လာသော အခါ (ထိုစဉ်က မြန်မာပြည်သည် အန္ဒိယပြည်၏ ပြည်နယ်လေး တခုသာ ဖြစ်ခဲ့သည်)။ ဝတ်လုံ ဦးကျော်မြင့်၊ ရမ်းမြဲ ဦးမောင်မောင် စသော ပုဂ္ဂိုလ်ကြီးများနှင့် တွဲရေးဘက်မှ ဆောင်ရွက် ခဲ့သည်။ ဝံသာနု ဆင်းရဲသား ဝါဒ စည်းမျဉ်းများကို ဆွဲ၍ အင်အားစုရန် ‘ဝံသာနု ဆင်းရဲသား အဖွဲ့’ ကို တည်ထောင်လိုက်သည်။ ယင်အဖွဲ့ဖြင့် နိုင်ငံရေး လှုပ်ရှားမူကို ပြုခဲ့သည်။ လူအား ငွေအားဖြင့် ဆင်းရဲသား ဝါဒကို မြန်မာတပြည်လုံး ကျယ်ပြန့်အောင် ဆောင်ရွက် ခဲ့သည်။ ‘ဆင်းရဲသား ဝါဒ အဆင်’ ဟုပင် စီးပွားရေးသမားများက လုံချည် အကွက်ဆန်းကလေးများဖြင့် ခေတ်စားအောင် ဝတ်ဆင် လာခဲ့ကြသည်။ ခွဲရေးဘက်မှ နိုင်ငံရေး စစ်ပြိုင် ဦးဘဖေ (ဘကြီးဘဖေ) တို ့နှင့် ယှဉ်ပြိုင်၍ နိုင်ငံရေးကို ဆောင်ရွက်ခဲ့သည်။

    ၁၉၃၆ ခုနှစ်တွင် (ဒိုင်အာခီ အုပ်ချုပ်သော ကာလ) ရမည်းသင်း မြောက်ပိုင်းမှ မင်းတိုင်ပင် အမတ် အဖြစ် ရွေးကောက် တင်မြှောက်ခြင်း ခံရသည်။ ပညာရေး ဝန်ကြီးချုပ် ရာထူးကို အစိုးရက ပေးသည်။ အခြေအနေ အရ ရာထူးကို လက်မခံဘဲ အမတ် အဖြစ်နှင့်သာ နေခဲ့ရသည်။ အင်္ဂလန်မှ ပြန်လာသော အခါ အင်္ဂလိပ်တို့၏ ပရိယာယ်ကို ကောင်းစွာ နားလည်လာ၏။ အာဏာရှိမှ တန်ခိုး ရှိ၏။ တန်ခိုး ရှိမှ အင်အား ရှိ၏။ အင်အား ရှိမှ ကိုယ်လိုသည့် အကျိုး ဆောင်ရွက်နိုင်၏ဟု ကောင်းကောင်းကြီး သဘောပေါက်လာသည်။

    ထို့ကြောင့် ဒေါက်တာ ဘမော်သည် ပညာရေး ဝန်ကြီးချုပ် ရာထူးကို လက်ခံလိုက်သည်။ ၅ဝဝဝိ စား ဝန်ကြီး အဖြစ်ဖြင့် ပေါ်လွင် ထင်ရှား လာခဲ့သည်။

    မြန်မာပြည်အား ၉၁ ဌာနဖြင့် လွှဲပြောင်း အုပ်ချုပ်မှု ပြုရေးတွင် တွဲရေးဘက်မှ ဒေါက်တာ ဘမော်သည် ခေါင်းဆောင် တဦးဖြစ်ပြီး ဦးဘဖေ မှာ ခွဲရေးဘက်မှ ခေါင်းဆောင်တစ်ဦး ဖြစ်သည်။ ထိုစဉ်က နိုင်ငံရေး ကွက်ကျော်များဖြင့် ဦးဘဖေတို့ အဖွဲ့အပေါ် အသာရခဲ့သည်။

    ၁၉၃ရ ခုနှစ်တွင် မြန်မာပြည် အတွက် အုပ်ချုပ်ရေးသစ် ရောက်လာသော အခါ ယင်း အုပ်ချုပ်ရေးသစ်ကို စီမံခန့်ခွဲရန် ပညာရေး ဝန်ကြီးချုပ် ဒေါက်တာ ဘမော်အား ‘နန်းရင်းဝန်’ အဖြစ် ရွေးကောက် တင်မြှောက်ကြသည်။ ‘ညွန့်ပေါင်း အစိုးရ’ ဟု ခေါ်တွင် ခဲ့ကြသည်။

    ၁၃ဝဝ ပြည့်နှစ် အလုပ်သမား၊ တောင်သူလယ်သမား၊ အရေးအခင်းနှင့် ဂျပ်ဆင် ကောလိပ် ကျောင်သား မောင်အောင်ကျော် သေဆုံးသည့် အရေးအခင်းများနှင့် ကြုံတွေ့ ခဲ့ရသည်။ ထိုအရေးအခင်းများကြောင့် နန်းရင်းဝန် အဖြစ်မှ ၁၉၃၉ ခုနှစ်တွင် ပြုတ်ကျခြင်း ခံရသည်။

    ဦးပု (ရွှေကျင်) နန်းရင်းဝန် ဖြစ်လာသည်။ ၎င်းနောက် ဂဠုန်ဦးစော နန်းရင်းဝန် ဖြစ်လာသည်။

    ဒေါက်တာ ဘမော် နန်းရင်းဝန် ဖြစ်သော အချိန်ခါက ဆဌမမြောက် ဂျော့ဘုရင်မင်း၏ (အင်္ဂလိပ် အင်ပါယာ ရှင်ဘုရင်) ၁၉၃ရ ခုနှစ်၊ မေလ ၁၂ ရက်နေ့တွင် ကျင်းပသော ဘိသိက်ပွဲသို့ အင်္ဂလိပ် လက်အောက်ခံ ပြည်နယ် ကိုယ်စားလှယ်တော်ကြီး တဦး အနေဖြင့် တတ်ရောက် ခဲ့သည်။ (တိုင်းရင်းသား ဝတ်စုံဖြစ်သော မန္ဈလေးချိတ် တောင်ရှည်ပုဆိုး၊ ပေါ်ဖုံးပိုး အကျႌအဖြူ၊ ဖက်ဖူးရောင် မောင့်ကျက်သရေ ခေါင်ပေါင်း၊ မန္ဈလေး ကတ္တီပါ ဖိနပ် စီးလျက် တက်ရောက်ခဲ့၏။) မြန်မာ တိုင်းရင်သား ဝတ်စုံဖြင့် တက်ရောက်သော ပုဂ္ဂိုလ်မှာ ထိုစဉ်က သူတစ်ဦးသာ ရှိခဲ့သည်။

    ယင်းနောက် ဥရာပနိုင်ငံ တလွှားတွင်ကား (ဂဠုန် ဦးစော နန်းရင်းဝန် ဖြစ်နေသော အချိန်) စစ်ခင်းလျက် ရှိချေသည်။ ဂျာမနီ အာဏရှင် ဟစ်တလာနှင့် အီတလီ ဖက်ဆက် မူဆိုလီနီတို့ တန်ခိုး ထွားနေသော အခါလည်း ဖြစ်သည်။ ဂျာမနီက ဟောတစ်ပြည် သိမ်းယူနေသော အခါလည်း ဖြစ်သည်။ ပိုလန်၊ ဟော်လန်၊ ပြင်သစ်၊ စသည်များ ဂျာမနီလက်အောက် ရောက်ခဲ့ရချေပြီ။ အင်္ဂလန်ပြည်ကိုလည်း သိမ်းရန် ဟိန်းဟောက် ခြိမ်းခြောက်ကာ ဟန်ပြင်နေ၍ အင်္ဂလိပ်တို့ မျက်ဖြူဆိုက်နေသော အခါလည်း ဖြစ်သည်။ အင်္ဂလိပ် နန်းရင်းဝန် ချိန်ဘာလိန် ပါးနပ်လိမ္မာစွာ ပရိယာယ် သုံး၍ အမေရိကန်ကို မျက်နှာချို သွေးနေသော အခါလည်း ဖြစ်သည်။

    ယင်းအခွင့်ကောင်းကို ယူ၍ ဒေါက်တာ ဘမော်သည် ‘တို့ဗမာ သခင်’ လှုပ်ရှားမူ လူငယ်များနှင့် ပေါင်းကာ လွတ်လပ်ရေး အတွက် ဗမာ့ ထွက်ရပ်ဂိုဏ်းကို တည်ထောင်ခဲ့သည်။

    ၁၉၄ဝ ပြည့်နှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့တွင် မန္တလေးမြို့၌ မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆင်းရဲသား ဝံသာနု အသင်း အစည်းအဝေးကြီးက ဒေါက်တာ ဘမော်အား ‘အာဏာရှင်’ အဖြစ် ရွေးကောက် တင်မြှောက် လိုက်ကြသည်။

    ဒေါက်တာ ဘမော်ကလည်း အင်္ဂလိပ်တို့ကို တိုက်နေသော စစ်ကို မြန်မာများ မကူရန်၊ ဗမာ့ လွတ်လပ်ရေး ချက်ချင်းပေး စသော အမိန့် ရ ချက်၊ အာဏာရှင်ပီပီ ထုတ်လိုက်သည်။ ယင်းအမိန့် ရ ချက်ကြောင့် ဒေါက်တာ ဘမော် ထောင်နန်း စံရလေသည်။ မန္တလေးထောင်မှ မိုးကုတ်ထောင် အထိ ဘီကလပ်နှင့် နေခဲ့ရသည်။ (ထိုစဉ် အခါက အေကလပ်၊ ဘီကလပ် ရှိခဲ့၏။ နိုင်ငံရေးသမား အားလုံးလိုလို ဘီကလပ်နှင့် ထောင်ထဲ၌ ချထား၏။)

    ဒုတိယ ကမာ္ဘစစ်ကြီးသည် အနောက်မှ အရှေ့သို့ ကူးစက် ပြန့်ပွားလာချေပြီ။ ဂျပန်တို့ကလည်း အာရှ တခွင်ပြဲပြဲစင်အောင် စစ်တိုက်၍ နိုင်နေသော အခါ ဖြစ်သည်။ဂျာမနီ အာဏာရှင် နာဇီ အဒေါ့ ဟစ်တလာ၊ အီတလီ ဖက်ဆစ် မူဆိုလီနီ၊ ဂျပန် ဖက်ဆစ် နန်းရင် ဝန်ကြီးချုပ် ဂျင်နရယ်တိုကျိုတို့ ၃ ဦး၊ ဝင်ရိုး တန်းသုံးပွင့်ဆိုင် အဖြစ် ထင်ရှား ကျော်ကြားနေသော အခါလည်း ဖြစ်သည်။

    မြန်မာပြည်မှလည်း မြန်မာ့ လွတ်လပ်ရေး အတွက် လှုပ်ရှားမှု အမျိုးမျိုး ပြုလုပ် ဆောင်ရွက်နေ၍ မသင်္ကာသူ လူတန်းစား အသီးသီးကို အင်္ဂလိပ် အစိုးရက ထောင်သွင်း အကျဉ်း ချထားလေသည်။

    ဒေါက်တာ ဘမော်နှင့် အတူ မိုးကုတ်ထောင်တွင် အကျဉ်း ချထားခြင်း ခံရသူများကား မနည်းလှချေ။ ဒေါက်တာ ဘမော်ကား ( ဇနီးသည်၏ အကူအညီ) လျှို့ဝှက် မြေအောက် ပုဂိ္ဂုလ်များ၏ အကူအညီဖြင့် မိုးကုတ်ထောင်မှ
    ရုပ်ဖျက်၍ ထွက်ပြေးခဲ့သည်။ အင်္ဂလိပ် အစိုးရသည် ဒေါက်တာ ဘမော်အား တွေ့သည့် နေရာတွင် ပစ်သတ်ရန် အမိန့် ထုတ်ခဲ့သည်။ အင်္ဂလိပ်ကလည်း အပြေးမြန်၊ ဂျပန်ကလည်း အရောက်စောသဖြင့် အသက် ချမ်းသာ ရခဲ့သည်။

    ၁၉၄၃ ခုနှစ်မှ ၁၉၄၅ ခုနှစ် (ဂျပန် လက်အောက်မှ လွတ်မြောက်သည် အထိ) အတွင်း ဒေါက်တာ ဘမော်သည် အုပ်ချုပ်ရေး အကြီးအကဲ ပုဂိ္ဂုလ် တစ်ဦး အဖြစ်ဖြင့် ဆောင်ရွက်ခဲ့သည်။ အဓိပတိ အရှင်မင်းကြီး၊ ဝန်ကြီးချုပ်၊ စစ်သေနာပတိချုပ် အဖြစ် ဂျပန် လက်ထက်တွင် ဆောင်ရွက် ခဲ့သည်။ ထိုစဉ်အခါက အဓိပတိ အရှင်မင်ကြီး အခမ်းအနားဖြင့် ထွက်တော်မူသော အခါ “ရွှေဘုန်းတော် တိုးပါလို့၊ ရွှေမိုးတွေရွာ” စသော ဘုန်းတော်ဘွဲ့ သီချင်း သီဆို၍ စည်တော်ကြီး ဗျောကြီးများဖြင့် မြှောက်ပင့် ချီးပင့်ခြင်းကိုပင် ခံခဲ့ရသည်။

    ဒေါက်တာ ဘမော်သည် ဂျပန် စစ်အုပ်ချုပ်ရေး လက်အောက်ခံ မြန်မာ အစိုးရ အဖွဲ့နှင့် ဂျပန်ခေတ် မြန်မာနိုင်ငံ လွတ်လပ်ရေး အစိုးရ အဖွဲ့ တို့ကို နိုင်ငံတော် အဓိပတိကြီး အဖြစ် ဦးဆောင် ဖွဲ့စည်း အုပ်ချုပ်ခဲ့သည်။

    ဒေါက်တာ ဘမော်သည် မြန်မာ ကိုယ်စားလှယ်တော်ကြီးများ ဖြစ်ကြသော သခင် မြ၊ ဗိုလ်ချုပ် အောင်ဆန်း၊ ဒေါက်တာ သိန်မောင်တို့နှင့် အတူ ဂျပန် ဧကရာဇ် ဘုရင်မင်းမြတ်က (ခေတ်အခေါ်အဝေါ်) ‘တက်နေဝန်း’ တံဆိပ် (Order Of Rising Sun) တခုစီဖြင့် ချီးမြှင့်ခြင်းကို ခံခဲ့ရသည်။

    ၁၉၄၅ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့တွင် ဒုတိယ ကမာ္ဘစစ် ပြီးဆုံးသော အခါ မော်လမြိုင်ဘက်သို့ စစ်ပြေးရင်း အင်ဒိုချိုင်းနားဘက်မှ မြန်မာပြည်သို့ ပြန်ရောက်ခဲ့သည်။
    (——အဲ အထင်ရှားဆုံး နောက်ဆုံး တခုအနေနဲ့ကတော့ စစ်ရှုံးလို့ ဂျပန်တွေဆုက်တော့ တခြားဝန်ကြီးတွေ

    မုဒုံမှာနေခဲ့ကြပါရက်နဲ့ သူ(ဒေါက်တာဘမော်) တယောက်တည်း ဂျပန်ထိလိုက်သွားတာပါ။

    ၁၉၄၅ ခုနှစ်ရဲ့ ဩဂုတ်လ ၆ ရက်နေ့မှာ ဟီရိုးရှိမ၊ ဩဂုတ်လ ၉ ရက်နေ့မှာ နာဂစကီ မှာအနုမြူဗုံးအကြဲခံရလို့

    ၁၉၄၅ ဩဂုတ်လ ၁၅ ရက်နေ့မှာ ဂျပန် က မဟာမိတ်တို့ကိုလက်နက်ချပါတယ်။

    လက်နက်ချ လက်မှတ်ရေးထိုးတာက စက်တင်ဘာ ၂ရက်နေ့ဆိုတော့ ဂျပန်ရဲ့ တရားဝင်စစ်ရှုံးကြေညာချက်က

    အဲဒီရက်လို့ပြောရမှာပါ။ ၁၉၄၅ ဒီဇင်ဘာမှာတော့ ဒေါက်တာဘမော်လဲ မဟာမိတ်တို့ထံလက်နက်ချတဲ့

    အထဲပါတဲ့အတွက် ဆူဂါဒို အကျဉ်းထောင်မှာ ၁၉၄၆ ဇူလိုင်ကအထိထောင်ကျပါတယ်။

    ၁၉၄၆ ဩဂုတ်လ ၁ ရက်နေ့တွင်ရန်ကုန်ပြန်ရောက်ပါတယ်။————)

    မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် ပထမဆုံး ဖဆပလ အစိုးရက သာယာဝတီ ထောင်တွင် ဖမ်းဆီး ထောင်သွင်း အကျဉ်းချ ထားခဲ့သည်။ ထောင်မှ လွတ်ပြီးနောက် ဥပဒေ အကျိုးဆောင် အဖြစ် ဆက်လက် လုပ်ကိုင်ခဲ့သည်။

    ၁၉၆ဝ ပြည့်နှစ်တွင် Old Paulians Association နာယက အဖြစ် ဆောင်ရွက်ခဲ့သည်။ ရေးသား ပုံနှိပ် ထုတ်ဝေခဲ့သော စာအုပ်များမှာ ၁၉၂၄ ခုနှစ်တွင် ‘စိတ်သာယှဉ်စော ဘုရားဟော (Buddhist Mysticism)’ စိတ်ပညာကို လေ့လာခြင်း၊ ၁၉၄၅ ခုနှစ်တွင် ‘ဗမာပြည် အတွင်း စီမံကိန်သစ်’၊ ‘ဗမာစစ်တွင်းကာလ ကိုယ်တွေ့ ဖြစ်ရပ်များ’ တို့ ဖြစ်သည်။

    ဒေါက်တာ ဘမော်အား လူပုဂ္ဂိုလ် တစ်ဦး အနေဖြင့် ဖော်ပြလျှင် ဥပဓိရုပ် ခံ့ညားသည်။ အပြောအဆို ကောင်းသည်။ ဟန်၊ မာန်၊ မောင်း ကောင်းသည်။ နိုင်ငံခြား ခေါင်းဆောင်ကြီးများကဲ့သို့ ပေမီသည်။ ပါးနပ် လိမ္မာသည်။ ဘာသာစကား ၆ ဘာသာမျှ တတ်ကျွမ်းသည်။

    ဇနီး ဒေါ်ခင်မမမော်နှင့် သား ၃ ယောက်၊ သမီး ၄ ယောက် ထွန်းကားခဲ့သည်။ သမီးဖြစ်သူ တင်ဇာမော်နှင့် ရဲဘော်သုံးကျိပ်ဝင်ဗိုလ်ရန်နိုင် တို့ ၁၉၄၄-ခု၊ ဇွန်လ(၂၃)ရက်တွင် ထိမ်းမြားလက်ထပ်သည်။

    ၁၉၇ရ ခုနှစ်၊ မေလ ၂၉ ရက်နေ့ တွင် လူကြီး ရောဂါဖြင့် ရန်ကုန်မြို ့မိမိအိမ်၌ ကွယ်လွန် သွားရှာသည်။

    မိဘ ၂ ပါးကို ရည်စူး၍ သမီး မာလာမော်က ၁၉၈၄ ခုနှစ်၊ ရွှေစက်တော် ဘုရားတွင် ဓာတ်မီး အတွက် ငွေ ၁,ဝဝဝိ တိတိ လှူဒါန်းခဲ့သည်။
    ကိုးကားချက် …. ၂ဝရာစု မြန်မာ့သမိုင်း သန်းဝင်းလှိုင်၊ ၂ဝဝ၉ ခု၊ မေလ၊ ကံကော်ဝတ်ရည် စာပေ။(ရွှေဥဩ )

  • စိန်ပေါက်ပေါက်

    February 11, 2012 at 1:49 pm

    မသစ်ရေ..အဲလေ..ကိုသစ်ရေ..
    ကစ်သိုစာတွေဖတ်ပြီး ဖင်ပိတ်ငြင်းချင်တာတောင် ဘယ်အပေါက်ကိုထောက်ပြီး ညင်းရမှန်းသမသိဝူးဂျာ
    သမိုင်းအားနည်းတဲ့သများမို ့ ဘုရင့်နောင်မှာပဲထားခဲ့.အဲလေ..ကိုယ့်ထက်သိတဲ့လူတွေ ဆေးနွေးကြတာပဲ စောင့်ဖတ်နေပါရစေလို ့

    • Khin Latt

      February 11, 2012 at 11:07 pm

      ဟေ့ မအဝှာ ….. သမိုင်းပြီး ရင် အုတ်ကျင်း ဗျ။
      ခင်ဗျား မှတ်တိုင် ကျော်နေပြီ။ 😉

  • blackchaw

    February 11, 2012 at 3:47 pm

    ပြည့်စုံပါပြီဗျာ။
    အဲဒါလောက်ဆို ကျေနပ်ပါပြီ ကိုသစ်ရယ်။
    ဒီနေ့က ရွာထဲကို ခဏဝင်လိုက် ပြန်ထွက်လိုက်နဲ့
    အားရင်အားသလို အချိန်လုနေရလို့ပါ။
    အခုလို ရေးပြလိုက်တော့လည်း ပြီးသွားတာပေါ့ဗျာ။
    အတ္ထုပတ္တိ ရှာနေစရာ မလိုတော့ဘူးပေါ့။

  • MaMa

    February 11, 2012 at 10:27 pm

    ကိုသစ်ရေ- ကိုယ့်ဉာဏ်လေး တစ်ထွာတစ်မိုက်နဲ့ ကောက်ချက်ချလိုက်ဦးမယ်။
    ပညာတတ်ပေမယ့် တိုင်းပြည်ချစ်စိတ် အားနည်းသွားလို့များလား…
    ဟိုတလောက အမေ့အိမ်ပညာသင်ကျောင်းတစ်ခုမှာ ဒေါ်စု ကလေးတွေနဲ့တွေ့တော့ ဗိုလ်ချုပ်ကို ဘာလို့ ချစ်တာလဲလို့ မေးတယ်။ ကလေးတွေက လွတ်လပ်ရေး ရအောင်ယူပေးခဲ့လို့ လို့ ပြောတယ်။ အဲဒီနေရာမှာ ဒေါ်စုက တိုင်းပြည်ချစ်စိတ်ရှိမှာသာလျှင် လုပ်နိုင်တာ၊ လုပ်ချင်တာမို့ တိုင်းပြည်ချစ်စိတ်က အဓိက ပါလို့ ပြောသွားပါတယ်။ သူငယ်စဉ်က သူ့မိခင်က အဲဒီအတိုင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

  • Khin Latt

    February 11, 2012 at 10:51 pm

    ကိုသစ်ရေ – ကျွန်မ ဒေါက်တာဘမော် အကြောင်း ကို အသေးစိတ် ကို လုံးဝ မသိခဲ့ပါဘူး။
    အခုမှ သူ့ရဲ့ အတ္ထုပတ္တိ ကို လေ့လာခဲ့ရတာပါ။
    တကယ်တော့ အဲဒီခေတ် မြန်မာပြည်မှာ တကဲ့လူတော်တွေ အများကြီး ရှိခဲ့တာနော်။
    အဲဒီလူတွေ နဲ့ တက်ညီလက်ညီ များ တိုင်းပြည်အတွက် လုပ်လိုက်နိုင်ရင် အနဲဆုံးတော့ အာရှမှာထိပ်တန်းဘဲ။ တကယ်လဲ ထိပ်ကနေပြန်ပြုတ်ကျ ခဲ့တာဘဲ။
    တိုင်းပြည် ကြမ္မာ သာထားလိုက်ပါတော့။ 🙁
    ဒီလိုမျှပေးလို့ တကယ်ကြီးကို ကျေးဇူးတင်ပါတယ် ကစ်သို ရေ။

    ဒါကြောင့် ဒီလို နေရာမှာ ရွာသူ ဖြစ်ခဲ့တာကို တကယ် သဘောကျနေပါတယ်။
    မသိသေးတာ တွေ ပိုသိလာတယ်၊ မမြင်ဘူးတာတွေ မြင်ရတယ်၊ မရောက်ဘူးတဲ့နေရာ တွေ ရောက်ဘူးတယ်၊
    ကြုံတုန်း အခုဘဲ ဖတ်လိုက် ရတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဒီနေ့ မိန့်ခွန်း လေးတွေ ဝင်မျှပါမယ်။

    “အတန်းပညာတွေ ဘယ်လောက်မြင့်မြင့် ကိုုယ့်အတွက်ပဲလုုပ်ပြီးတော့ သူများကိုု လှည့်မကြည့်တဲ့သူတွေလည်း ရှိပါတယ်။
    ကျွန်မရဲ့အမြင်မှာတော့ ဒီလိုုပုုဂ္ဂိုလ်မျိုးက တကယ်တော့ တန်ဖိုုးမမြင့်ဘူးလိုု့ မြင်ပါတယ်။
    သူဘယ်လောက်ပဲ အတန်းပညာတတ်တတ်၊ ပစ္စည်းဥစ္စာ ချမ်းသာ ချမ်းသာ ကိုုယ့်ရဲ့ ပတ်ဝန်းကျင်အတွက်၊ ကိုုယ့်ရဲ့ ဒေသအတွက်၊
    ကိုုယ့်ရဲ့နိုုင်ငံအတွက် မစဉ်းစားဘဲနဲ့ တစ်ဦးတစ်ယောက်အတွက် စဉ်းစားတဲ့လူဆိုုတာ အင်မတန်မှ ကျဉ်းမြောင်းပါတယ်”
    (ဒေါ်အောင်ဆန်းစုုကြည်၏ ကော့မှူးခရီးစဉ် ဖေဖော်ဝါရီလ ၁၁ရက် ၂၀၁၂ မိန့်ခွန်းမှ ကောက်နုုတ်ချက်)

    “အရင်တုန်းက ဒီနည်းပညာခေတ်မရောက်ခင်က မရှိတဲ့အခွင့်အရေးတွေကို ကျွန်မတို့ အခုရထားပြီး ကိုယ်ရတဲ့အခွင့်အရေးတွေ ကိုမှန်မှန်ကန်ကန်သုံးပါ။
    တန်ဖိုးရှိအောင်သုံးပါ။ အများအတွက်သုံးပါ။ အဲလိုသုံးလို့ရှိရင် အင်မတန်ကျေနပ်မှုရရှိနိုင်တယ်ဆိုတာ ”
    (ဘားကမ့်ရန်ကုန် ဖေဖော်ဝါရီလ ၁၁ရက် ၂၀၁၂ အခမ်းအနားတွင် ဒေါ်အောင်ဆန်းကြည်ပြောကြားခဲ့သည့် မိန့်ခွန်းမှ ကောက်နုုတ်ချက်)

    ဖတ်ပြီးကြလောက်ပါပြီ နေမှာပါ။ သို့သော် ထပ်မျှရခြင်း အကြောင်း က တော့
    အခွင့်အခါသင့် လို့ အဝေးကနေ မျှနေနိုင်ခြင်း ဟာလဲ “ကိုုယ့်ရဲ့ ပတ်ဝန်းကျင်အတွက်၊ ကိုုယ့်ရဲ့ ဒေသအတွက်၊ ကိုုယ့်ရဲ့နိုုင်ငံအတွက်” ပါဘဲ။
    လက်ရှိ ပြည်တွင်း မှာ နေထိုင် အလုပ်လုပ် နေသူတွေ လောက် နိုင်ငံကို အစွမ်းရှိသမျှ အကျိုးပြု နိုင်စွမ်း မရှိရင်တောင်မှ သဲတစ်ပွင့် လို့ ဂုဏ်ယူနိုင်ပါတယ် မဟုတ်လား။
    အစ်မ ကိုနို ရဲ့ စကားလေး ကို ထပ်ယူလိုက်ပါဦး မယ်။
    အစ်မ တို့လဲ အဝေးက နေ ခဲလေးတွေ ပစ်နေတာပါ။ မထိသ၍ ဆက်ပစ်နေရပါဦးမယ်။
    အခု က ပစ်ဖို့ အခွင့် လဲ ရနေလို့ပါ။
    ဒီနေ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ မိန့်ခွန်း က ညနက်နက်လဲ ကွန်ပျူတာရှေ့ထိုင်ပြီး စာတွေရိုက်ဖို့၊ မျှချင်တဲ့ စာတွေ ဖတ်ဖို့ အားဖြည့်ပေးတဲ့ တကဲ့ဆေးကောင်းတစ်ခွက်ပါဘဲ။

    ကိုသစ်ရေ – အစ်မတို့ ကိုသစ်ရဲ့ ၉၁ပုဒ် မြောက် Post ကို ဆက်မျှော်နေပါတယ်။
    ထပ်ပြောပါရစေ။
    ခဲလေးကို အတူတူ လက်ညီညီ နဲ့ ဆက်ပစ်ကြရအောင်ပါ မောင်လေးရေ။ 🙂

    • inz@ghi

      February 11, 2012 at 11:39 pm

      သို့
      ..

      ဟဲဗီးမန့်တဲ့ ဦးလတ်…

      ဦးလေးဂျီးချက်တဲ့ ချက်မယ့် ဟင်းတွေကိုလည်း …
      သများတို့လို ချာတိတ်တွေကို ကျွေးပါဦးချင့် …..

      ဟယ်လို လော့်ဒ်လတ်ရေ …

      ဦးလတ် အသစ်မရေးတာ …
      ဦးလတ်ရဲ့ ..ဂျော့်ဘုစု ပိုစ့်တွေကို….
      သများ ..အတိုက်အခံဆန့်ကျင်ပြောခဲ့မိလို့ ဗွေယူတယ်ပဲ
      မှတ်ပါတယ်ချင့်….. နောက် ဘယ်တော့မှ မလုပ်ရဲတော့ဘာချင့် ….

      P.S
      ချစ်လို့ကြည်စယ်တာပါ အရီးရယ်….
      အရီးပိုစ့်တွေကို မရဲတရဲ မျှော်နေမိကြောင်းပါ…..
      (မူပို်င်ရှင်မဂျီး …မမခိုင်ကိုယ်စား ဝင်ပြောပေးရင်း …နောက်သွားတဲ့)

      ခင်တဲ့ ….
      ဂီ

      • Khin Latt

        February 12, 2012 at 12:21 am

        တူတော်လေး (ခ) လေဒီဂီဂီ (ခ) အင်ဇာဂီ (ခ) ဘီလ်ဂိ
        ရေးမှာ။ ရေးကိုရေးဦးမှာ။
        ဂျော့်ဘုစု ပြီးတော့ ဘယ်သူ့ဘက် လှည့်ရမလဲ တွေးနေတာ။
        အတိုက်အခံဆန့်ကျင် တာကို အမြဲတမ်း ဒိုးအိတာရှိမတ်ရှ်တဲ ပါကွယ်။ အဟိ။
        ခင်မင်စွာသော
        အရီးတော် (ခ) လော့်ဒ်လတ် (ခ) ခင်လတ် (ခ) စတိဗ်လတ် 😉

    • Khin Latt

      February 12, 2012 at 12:08 am

      7Day News Journal မှ ဒေါ်အောင်ဆန်းစုကြည် ရဲ့ မိန့်ခွန်းကောက်နုတ်ချက် ကို ကူးပါသည်။

  • unclegyi1974

    February 11, 2012 at 10:54 pm

    မြန်မာ့သမိုင်းတကွေ့ကိုမှတ်သားလို်က်ပါတယ်ကိုသစ်ရေ
    အဟုတ်ဗျာဒေါက်တာဗမော်အကြောင်းတော့မလေ့လာဖူးတာအမှန်ဗျို့

  • nature

    February 11, 2012 at 11:17 pm

    တော်တော်လေးဗဟုသုတရလို့ကျေးဇူးတင်ပါတယ် ကိုသစ်ရေ။

  • surmi

    February 12, 2012 at 12:40 am

    ဆရာသစ်ရေ–ရှည်ရှည်ဝေးဝေးမပြောတော.ဘူး –တော်တော်လေးလဲပြည်.စုံနေပြီဆိုတော.–
    ကျွန်တော်တော.နေရာယူမှားကြတယ်လို.ထင်တာဘဲ—-အခုလဲဘယ်သူတွေနေရာယူ
    မှားကြဦးမလဲနော—

  • thit min

    February 12, 2012 at 9:11 am

    ညီလေး အမတ်မင်းရေ
    ဦးကျော်မြင့်ရဲ့ အကြောင်းတော့ သီးသန့်မဖတ်ဖူးလို့ အဲဒီညီအစ်ကိုများထဲက ဦးကျော်မြင့်ဟုတ်မဟုတ်
    ဆိုတာတော့ ကိုယ်လဲအတည်ပြုချက်မရှိပါဘူး။ ဒါပေမဲ့ “ဖြစ်နိုင်ခြေ” များတယ်လို့တော့ဆိုပါရစေ။
    အထောက်အထားလေး အောက်မှာပေးထားပါတယ်။
    ——————————————————-
    ဂဠုန်ဦးစောနှင့်သူ့အမှု

    တရားခံများ- ဦးစော၊ မှုံကြီး၊ စိန်ကြီး၊ သက်နှင်း၊ ရန်ကြီးအောင်၊ သုခ၊ခင်မောင်ရင်နှင့်မောင်နီ

    အမှုဖြစ်ပွားရက် – ၁၉၄ရဇူလိုင်လ၊၁၉ရက်(စနေနေ့) နံနက် ၁ဝး၁ဝမိနစ်

    ပြစ်ဒဏ်စီရင်နေ့ – ၁၉၄ရဒီဇင်ဘာလ(၃၀)ရက်၊နံနက်၁ဝးဝဝနာရီ

    သေဒဏ်အပြစ်ပေးနေ့ – ၁၉၄၈ခု၊မေလ(၈)ရက်၊ နံနက်လင်းအားကြီး၊အင်းစိန်ထောင်

    ကမ္ဘာကျော်လူသတ်မှုကြီးသည် ၁၉၄ရခုနှစ်၊ ဇူလိုင် ၁၉ရက်နေ့က မြန်မာနိုင်ငံ ရန်ကုန်မြို့၊ အတွင်းဝန်များ (secretriet) (နောင်ဝန်ကြီး များရုံး) ၌ ဖြစ်ပွားခဲ့သည်။ အသတ်ခံရသူများမှာ ဗြိတိသျှအစိုးရမြန်မာနိုင်ငံဆိုင်ရာ ဘုရင်ခံ၏အတိုင်ပင်ခံကောင်စီ ဒုတိယသဘာပတိ ဦးအောင်ဆန်း(ဗိုလ်ချုပ်အောင်ဆန်း)နှင့် အတိုင်ပင်ခံကောင်စီဝင်များဖြစ်ကြသော သခင်မြ (ဘဏ္ဍာရေး)၊ မန်းဘခိုင် (စက်မှု/ အလုပ် သမား)၊ မစ္စတာ ရာဇတ် (ပညာရေး)၊ ဦးဘဝင်း (ဦးအောင်ဆန်း၏ အစ်ကို) (ကူးသန်းရောင်းဝယ်)၊ မိုင်းပွန်စော်ဘွား စပ်စံထွန်း၊ ဦးဘချို (ဒီးဒုတ်) (ပြန်ကြားရေး)၊ ဒုတိယအတွင်းဝန် ဦးအုန်းမောင်(သယ်/ပို့)နှင့် မစ္စတာရာဇတ်နှင့် သူ၏ သက်တော်စောင့် ကိုထွေး(၁၈နှစ်)တို့ ဖြစ်ကြသည်။

    ကံကောင်းသူ

    သတ်ဖြတ်မှုမှ လွတ်မြောက်ခဲ့သူ (၂)ဦးမှာ ဦးအောင်ဇံဝေနှင့် ဦးဘဂျမ်းဖြစ်ကြသည်။

    သတင်းထောက်နှင့် သတင်းစာများ

    ယင်းလူသတ်မှုကြီးနှင့်ပတ်သက်သော သတင်းကို ထိုစဉ်က ပုဂ္ဂလိက သတင်းစာများဖြစ်ကြသော ဟံသာဝတီမှ ဦးစိန်၊ မြန်မာ့အလင်းမှ ဦးမောင်မောင်ခင်၊ သံတော်ဆင့်မှ ဦးလှကျော်၊ သမာဓိမှ ဦးထိန်၊ သူရိယမှ ဦးအောင်ထူး၊ အိုးဝေမှ ဦးမျိုးညွန့်၊ ရာစီကာရန်ဂျာနီမှ မစ္စတာ ပဏ္ဍစ်တို့နှင့်တကွ၊ ဗမာ့ခေတ်၊ရှေ့ဆောင်၊ဟစ်တိုင်၊စီးပွားရေးသတင်းစာများ၊ ဘားမင်းအစရှိသော အင်္ဂလိပ်ဘာသာနှင့် ထုတ်ဝေသည့် သတင်းစာများက အစဉ်မပြတ်ရေးသားဖော်ပြခဲ့ကြသည်။

    သံတော်ဆင့်

    သတင်းစာများအနက် သံတော်ဆင့်သတင်းထောက်ဦးလှကျော်သည် ယင်းလူသတ်မှုကြီးအား ကိုယ်တွေ့မျက်မြင်အတိုင်း သတင်းရေးသားဖော်ပြခဲ့သည်ကို ပြန်လည်ထုတ်နှုတ်ဖော်ပြပါသည်။

    ဦးစောနှင့် ဘညွန့်

    ၁။ ၁၉၄ရခုနှစ် ဖေဖော်ဝါရီလ = မျိုးချစ်ပါတီခေါင်းဆောင် ဦးစောသည် သာယာဝတီနယ်၊ အုတ်ဖိုသို့ စည်းရုံးရေးရောက်ရှိစဉ်၊ ၎င်း၏တရားပွဲ၌ အခမ်းအနားမှူးလုပ်သူ အသက်(၂၉)နှစ်အရွယ် မောင်ဘညွန့်(အိုးသည်ကုန်းရွာသား)နှင့် တွေ့ဆုံစည်းရုံးသိမ်း သွင်းနိုင်ခဲ့(မောင်ဘညွန့်သည် အမှု၌ အစိုးရသက်သေဖြစ်သွားခဲ့၍ ဖော်ကောင်ဘညွန့်ဟု သတင်းစာများ၌ ဖော်ပြခံခဲ့ရ)။

    ဦးစောဝါဒများ

    ၂။ မောင်ဘညွန့် – ဦးစော၏နိုင်ငံရေးလက်ရုံးဖြစ်သော ဂဠုန်တပ်ဖွဲ့၊ အများက (ဝါးရင်းတုတ်တပ်ဖွဲ့) ဟုခေါ်သော အဖွဲ့ကို မျိုးချစ် ပါတီဝင်များအဖြစ်ထည့်သွင်းရန် ဆိုရှယ်လစ်နှင့် ကွန်မြူနစ်သဘောတရားများကို မျိုးချစ်ပါတီ၏မူဝါဒတွင် ထည့်သွင်းရန်တောင်းဆိုခဲ့၊ ဦးစောက “နောက်ဆုံးမှာ လက်နက်ကောင်းကောင်းရှိထားတဲ့ပါ တီက တိုင်းပြည်ကိုအုပ်စိုးသွားမှာပဲ” ဟုပြောခဲ့။

    ၃။ ဦးစောက လွတ်လပ်ရေးအတွက် လက်နက်ကိုင်တိုက်ပွဲဆင်နွှဲရန် မောင်ဘညွန့်ကို လက်နက်စုဆောင်းခြင်း၊ ခဲယမ်းမီးကျောက် စုဆောင်းခြင်း၊ ရန်ပုံငွေစုဆောင်းခြင်း တာဝန်သုံးရပ်ပေးခဲ့။

    ၄။ ၁၉၄ရ ဇူလိုင်လဆန်းတွင် ဦးစောက မောင်ဘညွန့်နှင့် မောင်စိုး(တရားခံတစ်ဦးဖြစ်သွားခဲ့သူ) တို့ကို ယခင်အခေါ် “ဗမာပြည်မှာ နိုင်ငံရေးဆက်လုပ်သွားမှာဆိုရင်၊ သည့်ပြင် ခေါင်းဆောင်အားလုံးကို သတ်ဖြစ်ပစ်ရလိမ့်မယ်” ဟုပြောခဲ့။

    ဦးစောညွှန်ကြားမှု

    ၅။ ၁၉၄ရခု၊ ဇူလိုင်လ ၁၈ရက်နေ့ည ၉နာရီတွင် ဦးစောက မောင်ဘညွန့်ကို “မနက်ဖြန် (၁၉.၇.၁၉၄၇-စနေ) ဘုရင်ခံအမှုဆောင် ကောင်စီအစည်းအဝေးရှိတယ်။ အစည်းအဝေးလုပ်နေတုန်း ရုံးပေါ်တက်သွား အစည်းအဝေးထိုင်နေတဲ့ လူအားလုံးကို ပစ်သတ်ဖို့ ဟောဒီသူအားလုံးကို တာဝန်ပေးထားပြီးပြီ” လို့ပြောပြီး အတူရှိနေကြသော မောင်စိုး၊ သက်နှင်း၊ မောင်စိန်နှင့် သုခတို့ကို ညွှန်ပြ။

    ၆။ မောင်ဘညွန့်ကို “နက်ဖြန် ခင်မောင်ရင်ကားနှင့်လိုက်သွား၊ သခင်နုရုံးခန်း(မောင်ဘညွန့်ကနေရာသိထားပြီး)မှာစောင့်၊ မောင်စိန်တို့ဂျစ်ကားနဲ့ရောက်လာမယ်၊ မောင်စိန်တို့ ရုံးပေါ်တက်သွားပြီး သေနတ်သံကြားတာနဲ့ ဂျစ်ကားပေါ်မှာပါလာတဲ့ သေနတ်အပိုကိုယူ သခင်နုကိုပစ်သတ်ရမယ်” ဟုပြောခဲ့။

    ဘညွန့်တာဝန်

    ၇။ ၁၉၄ရခု၊ ဇူလိုင်လ ၁၉(စနေ) နံနက် ၈နာရီခွဲခန့်၊ မောင်ဘညွန့်သည် ခင်မောင်ရင်ကားနှင့် မှုံကြီး၊ မောင်စိန်တို့ပါလိုက်ပါလျက် အတွင်းဝန်များရုံး ဒါလ်ဟိုဇီလမ်း (ယခုမဟာဗန္ဓုလ)နှင့် ၄၁လမ်းသို့သွား၊ ကားရပ်ပြီး ခင်မောင်ရင်နှင့်မှုံကြီးတို့ဆင် း၊ စပတ်လမ်း(ယခု ဗိုလ်အောင်ကျော်) ထဲဝင်သွား၊ မောင်နီက ကားအစောင့်ထားပြီး၊ မောင်ဘညွန့်က သခင်နုရုံးခန်းရှိရာ ဥပဒေပြုလွှတ်တော် အဆောက် အအုံအနောက်ဖက်တန်း၊ ပထမဆုံးအခန်းကိုသွားကြည့်၊ ရုံးခန်းတွင်း၌ အပေါ်အကျႌအနက်ရောင်ဝတ်ဆင်ထားရှိသူရှိနေ သခင်နုမဟုတ်။

    အားလုံးကိုဖမ်းမိ

    ၈၊ ၁၉၄ရခု၊ဇူလိုင်လ ၁၉ရက်၊မွန်းလွဲ ၂နာရီခွဲအချိန်၊ ရဲအဖွဲ့ ဦးစောနှင့် အပေါင်းအပါများ၊ ဦးစော၏နေအိမ်သို့လာရောက် ဖမ်းဆီးလိုက်။

    ဘရင်းဂန်း ၂၀ဝ အမှု

    ၉။ ၁၉၄ရခု၊ ဇွန်လ ၂၄ရက်နေ့၊ မောင်ဘညွန့်သည် ရန်ကုန်မြို့၊ဗိုလ်တထောင်ရှိ ဗြိတိသျှစစ်တပ်လက်နက်သိုလှောင်ရုံ (COD) မှ ဘရင်းဂန်းအလက် ၂၀ဝကို ၃တန်ထရပ်ကားနှင့် ထုတ်ယူပြီး ဦးစောအိမ်သို့ ပို့ပေးခဲ့၊ပြည်လမ်း ၁၆မိုင်ရှိ ဗြိတိသျှစစ်တပ်ခဲယမ်း ကျည်ဆံများထားသိုရာ နေရာတစ်ခုမှ ၃၀၃ (303) ကျည်ဆန် တစ်သိန်းကို သွားထုတ်ယူခဲ့။

    သုခ၊ စိန်ကြီး၊ ရန်ကြီးအောင်

    ၁၀။ လူသတ်တရားခံစာရင်းတွင် ပါဝင်သော “သုခ”သည် အလုပ်လက်မဲ့ဘဝဖြင့် မိတ်ဆွေတစ်ဦး၏ ဆက်သွယ်ပေးမှုဖြင့် ဦးစော၏ လူယုံ တပည့်ဖြစ်လာသူ၊ “စိန်ကြီး” (၂၂နှစ်)သည် ကြို့ပင်ကောက်၊ ပြည့်သူ့ရဲဘော်တပ်ဖွဲ့ခေါင်းဆောင်ဖြစ်၊ စိန်ကြီး၏မိဘများနှင့် ဦးစောတို့ ရင်းနှီးကြသဖြင့် စိန်ကြီးကိုရန်ကုန်အိမ်သို့ခေါ်ဆောင်လာခြင်းခံရသူ၊ “ရန်ကြီးအောင်” (၁၈နှစ်) သည် ဦးစော၏ဆွေမျိုးနီးစပ်ဖြစ်၍ ဦးစော အိမ်၌မှီခိုနေသူ။

    ၁၁။ လူသတ်တရားခံများအသုံးပြုသော ဂျစ်ကားနံပါတ် အာရ်စီ ၁၈၁၄၏ လိုင်စင်အမည်ပေါက်မှာ ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်၊ဇလွန် လမ်းနေ ဦးဘအေးဖြစ်၊ ယင်းကားနံပါတ်ပြား အာရ်စီ၁၈၁၄ကို ဦးစောအိမ်အနီး၊ အင်းလျားကန်ရေအောက်မှ သိမ်းဆည်းရမိခဲ့။

    နိုင်ငံရေးသမားများဖမ်း

    ၁၂။ ၁၉၄ရခု၊ ဇူလိုင် ၂၁ ရက်နေ့ ဦးစောအား ရန်ကုန်ထောင်(ယခုဖျက်လိုက်ပြီ)သို့ ခေါ်ဆောင် ဦးစောကိုဖမ်းပြီး၊ အခြားထင်ရှားသော နိုင်ငံရေးသမားများ (ဒေါက်တာဘမော်၊ သားငယ် – ရဲဘော်သုံးကျိပ် ဗိုလ်ရန်နိုင်၊ သခင်ဗစိန်တို့အပါအဝင်) လူ၈၀ဝခန့်ဖမ်းဆီးထိန်း သိမ်းခဲ့။

    အထူးတရားခုံရုံးဖွဲ့

    ၁၃။ ယင်းလူသတ်မှုကြီးကို စစ်ဆေးရန် အထူးတရားခုံရုံးအမှတ် (၁) ကို ဗြိတိသျှအစိုးရက ၁၉၄ရခု၊ ဩဂုတ် ၃ဝ ရက်နေ့၌ ဖွဲ့စည်း ပေးခဲ့။ အထူးခုံရုံးတရားသူကြီးများမှာ ဦးကျော်မြင့်၊ ဦးအောင်သာကျော်နှင့် ဦးစီဘူးတို့ဖြစ်ကြ၊ ၁၉၄ရခု၊ စက်တင်ဘာ ၂ဝရက်မှာ အမိန့် ထုတ်ပြန်၊ ၂၄ရက်မှာ ရုံးစထိုင်၊ အစိုးရရှေ့နေချုပ် ဦးထွန်းဖြူက အမှုတင်သွင်း၊လက်ထောက်များ အဖြစ် ဦးချွန်ဖောင်နှင့် ဦးမြသိန်းတို့ ဆောင်ရွက် အမှုစစ်ဆေးရန် ၁၉၄ရခု၊ အောက်တိုဘာ ၈ရက်နေ့ကို သတ်မှတ်၊ အမှုစစ်ရန် တရားရုံးကို အင်းစိန် ဗဟိုအကျဉ်းထောင် အိပ်ဆောင်ငယ် တစ်ခု၊ ထောင်ဗူးဝ၏ ညာဘက်ကျကျ၊ အပေါ်ထပ်ကိုသတ်မှတ်။

    ရန်ကုန်ကရှေ့နေမလိုက်

    ၁၄။ ရန်ကိုမြို့မှ ထိပ်တန်းရှေ့နေများက ဦးစောအတွက်ရှေ့နေမလုပ်ချင်ကြ၍၊ ရန်ကုန်တွင် ရှေ့နေလုပ်ခဲ့ပြီး။ လန်ဒန် (ယူကေ)၌ နေထိုင်သူ မစ္စတာ ဗားတင်းနက်(စ်)ကို ငှားရမ်းပြီး ရုံးချိန်ကို တရားခံရှေ့နေရောက်နိုင်မည့် အောက်တိုဘာ ၁၅ရက်နေ့ကိုချိန်း၊ ကျန်တရားခံများအတွက် မျိုးချစ်ပါတီရှေ့နေများဖြစ်ကြသော ဦးစံဝင်း၊ ဦးသိန်းကျော်ကိုငှား၊ တရားခံသုခအတွက် ဦးဘထွန်းကို အစိုးရကငှားပေး၊ တရားခံသုခက လက်မခံတော့ဘဲ၊ငြင်းပယ်။

    ခုံရုံးမြင်ကွင်း

    ၁၅။ အထူးခုံရုံးမြင်ကွင်းမှာ လျှပ်စစ်ပန်ကာမသုံး၊ ဗြိတိသျှခေတ်အစိုးရရုံးသုံး လူဆွဲယပ်ရှည်ကြီးကိုသုံး၊ သတင်းစာတိုက်မှ သတင်း ထောက်များနှင့် ပြန်ကြားရေးဌာန သတင်းထောက်များအတွက် နေရာခုံပေး၊ နံနက်၉နာရီအရောက် သတင်းထောက်များ အရောက်လာရ၊ သတင်းထောက်များကို ပြန်ကြားရေးဌာနက အသိအမှတ်ပြုလတ်မှတ်များ ထုတ်ပေးထား၊ ဓာတ်ပုံရိုက်ခွင့်မရှိ၍ ပန်းချီဆွဲတတ်သော သတင်းထောက်ဦးလှကျော်(သံတော်ဆင့်)က တစ်ကြောင်းဆွဲပန်းချီ(စကက်ချ်)ဖြင့် ပုံဖော်ရေးဆွဲပြီး သတင်းစာတွင်ဖော်ပြခဲ့

    ရူးလို့သာဖြစ်မည်

    ၁၆။ ၁၉၄ရ ခုနှစ်၊နိုဝင်ဘာလလယ်ခန့်တွင် အမှုစစ်ပြီး စွဲချက်တင်၊ ဦးစောနှင့် တရားခံများက အပြစ်မရှိဟုငြင်းဆို၊ ပြန်ခေါ်သက်သေများ (Recall) စစ်ပြီး ဦးစောက လန်ဒန်ရှိ သူ၏ညီတော်သူ ဦးမောင်မောင်ကြီး၏ အကူအညီဖြင့် မစ္စတာကာတစ်တင်းနစ်(ကေစီ)ကို ထပ်မံငှား ရမ်းခွင့်ပြု လိုက်၊ မစ္စတာကေစီမှာ ရုံးချိန်တိုင်းအရက်သောက်လာသည်ကို သတင်းထောက်များ သတိထားမိ၊ (၁၉၄ရခု၊ ဒီဇင်ဘာ ၁၉ရက် နေ့၌) နောက်ဆုံးလျှောက်လဲချက်ပေးရာတွင် မစ္စတာကေစီက “ဦးစောကဲ့သို့ တိုင်းပြည်၏နန်းရင်းဝန်တစ်ဦးဖြစ်လာခဲ့သောပုဂ္ဂိုလ်တစ် ယောက်မှာ ဤလုပ်ကြံမှုကဲ့သို့သော ရာဇဝတ်မှုမျိုးကို ကြံစည်ကျူးလွန်သည်ဆိုပါက ရူးနေသူသာဖြစ်ဖွယ်ရာရှိသည်” ဟုဖော်ပြလျှောက် လဲခဲ့သည်။ လျှောက်လဲချက်ပေးအပြီး၊ သတင်းထောက်များနှင့် တရားခံရှေ့နေမစ္စတာကေစီတို့ တွေ့ဆုံပြောကြားရာတွင် “အမှုကိုကြား နာစစ်ဆေးသွားပုံမှာ တရားမျှတမှုရှိကြောင်း၊ မှန်သည့်အတိုင်း အဆုံးအဖြတ်ပေးလိမ့်မည်ဟု မိမိမျှော်လင့်ကြောင်း” ပြောဆိုခဲ့၊ နောက်တစ် နေ့တွင် လန်ဒန်သို့ပြန်လည်ထွက်ခွာသွားခဲ့။

    သေဒဏ်

    ၁၉၄ရခု ဒီဇင်ဘာလ ၃ဝရက်နေ့တွင် စီရင်ချက်ချ၊ စီရင်ချက် (Judgement) ကို ထိုခေတ်က အင်္ဂလိပ်ဘာသာဖြင့်ရေးသား၊ဖတ်ပြ၊ သေဒဏ်အပြစ်ချမှတ်၊ ဦးစောမှာ အိန္ဒြေမပျက်တည်ငြိမ်စွာရှိနေ၊ မျက်နှာမှာ သွေးယောင်လွှမ်းနေ။

    အယူခံဝင်ပေမယ့်ပယ်

    အမှုကို အထက်ရုံးသို့အယူခံဝင် တရားလွှတ်တော်မှ တရားဝန်ကြီးများဖြစ်ကြသော ဦးအုန်းဖေ၊ ဦးစံမောင်၊ ဦးဘိုကြီး ရုံးတော်မှ လက်ခံ ကြားနာ တရားခံဦးစောအတွက် မစ္စတာ အက်ဖ်အေဂျာလစ်ဗာရီယာမော့စ်၊ တရားခံမောင်စိုး၊ သက်နှင်း၊ ရန်ကြီးအောင်နှင့် မှုံကြီးတို့ အတွက် ရှေ့နေဦးကြာခိုင်၊ တရားခံမောင်စိန်အတွက် ဦးစောလှဖရူးတို့က အယူခံတင်ပေးသည်။ အစိုးရဖက်မှ လွတ်လပ်ရေးရပြီး ပထမ ဆုံးရှေ့နေချုပ် ဦးချိန်ထွန်းဖြစ်သည်။ အယူခံကိုပယ်ချလိုက်၍ နိုင်ငံတော်တရားလွှတ်တော်ချုပ် (supreme court) တရားဝန်ကြီးချုပ် ဦးဘဦး၊ တရားဝန်ကြီး ဦးအေးမောင်၊ တရားလွှတ်တော်(High Court) တရားဝန်ကြီးချုပ် ဦးသိမ်းမောင်တို့ရုံးသို့ ထပ်မံလျှောက်ထား သည်။ တရားရုံး ချုပ်က ပယ်ချလိုက်။

    တရားခံ၃ဦးပြစ်ဒဏ်လျော့

    နောက်ဆုံးအသနားခံလွှာကို ဥပဒေပါအခွင့်အရေးအတိုင်း နိုင်ငံတော် သမ္မတ (စဝ်ရွှေသိုက်)ထံသို့တင်သွင်းရာ တရားခံ သုခ၊ ခင်မောင်ရင်နှင့် မောင်နီတို့ကို သေဒဏ်မှ တစ်သက်တစ်ကျွန်း (အနှစ်၂၀) လျှော့ ၊ ကျန်တရားခံများ ဦးစောနှင့်အပေါင်းအပါတို့အား ခုံရုံးစီရင်ချက်အတိုင်း အတည်ပြုလိုက်။

    ကြိုးစင်သို့

    ၁၉၄၈ခု၊မေလ ဂရက် လင်းအားကြီးအချိန် ဦးစော၊မှုံကြီး၊စိန်ကြီး၊သက်နှင်းနှင့် ရန်ကြီးအောင်တို့သည် အင်းစိန်ထောင်တွင်းရှိ ကြိုးစင်၌ သေဒဏ်အစီရင်ခံလိုက်ရသည်။

    စာကိုး။ ။ 1. ရန်ကုန်ရာဇဝင် (၁၉၆၂) ၂၉၃-၃၀၃ 2.(Credit to) http://www.mlgbts.com/magazine/read/–_1944.html
    —————————————————————————————-
    ဗိုလ်ချုပ်အား ဤသိ့… လုပ်ကြံခဲ့သည်…

    Posted by လင်းဦး(စိတ်ပညာ)ကျွန်တော်သိသမျှ

    အမည် ။ ။ ရန်ကြီးအောင် (ခေါ်) မောင်လှထွန်း
    အသက် ။ ။ ၁၈နှစ်
    လူမျိုး ။ ။မြန်မာ
    ကိုးကွယ်သည့်ဘာသာ ။ ။ဗုဒ္ဓဘာသာ
    အဘအမည် ။ ။ကိုမောင်ထွန်း

    ဓါတ်ပုံအား (ဧရာဝတီ)ထံမှ ယူသုံးသည်။

    ကျွန်တော်သည်အုတ်ဖိုမြို့ အရှေ့အလယ်ကုန်းရွာတွင် လွန်ခဲ့သော ၉-နှစ်၊၁၀-နှစ်လောက်ကစပြီး နေထိုင်ပါသည်။ ကျွန်တော်မွေးသည့်အရပ်မှာ အုတ်ဖိုမြို့ဖြစ်ပါသည်။ ငယ်စဉ်ကကျွန်တော်သည် အုတ်ဖိုမြို့ ဦးစံလှ၏ မြန်မာစာသင်ကျောင်းတွင် တတိယတန်းအထိ စာသင်ဘူးပါသည်။ လွန်ခဲ့သည့် ၄-လ က ဂဋ္ဌုန်ဦးစော အုပ်ဖိုမြို့သို့လာသောအခါ မင်းတိုင်ပင် အမတ်ဟောင်း ဦးဘရင်၏နေအိမ်တွင်တည်းခိုပါသည် ။ ဦးစော၏ နှမဝမ်းကွဲတော်သူ မတင်ညိုက ကျွန်တော့်အား “နင့်ဦးလေး ဦးစောရောက်နေတယ် ၊ တခါမှမင်းကို မမြင်ဘူးသေးဘူး ၊ သွားကြည့်အုံး”ဟု ပြောပါသည်။

    ကျွန်တော်လည်း ဦးဘရင် အိမ်သို့သွားရာ ဦးစောကိုတွေ့ရပါသည်။ ဦးစောက “မင်းဘယ်ကလဲ” ဟုမေးပါသည်။
    ထိုအခါ ကျွန်တော်က “အလယ်ကုန်းက ကိုမောင်ထွန်းသား ဖြစ်သည် ”ဟုပြောရာ ဦးစောက “မင်း ငါ့ဆီလိုက်နေမလား” ဟု မေးပါသည်။ ကျွန်တော်ကလည်း “လိုက်နေပါမည်”ဟုပြောလိုက်ပါသည်။ နောက်တနေ့တွင် ဦးစော မင်းလှမြို့တွင် တရားဟောသွားပါသည်။ ညနေတွင် ဦးစောသည် မော်တော်ကားဖြင့် အုပ်ဖိုသို့ ပြန်လာပါသည်။ နောက်တနေ့ နံနက် ဝေလီဝေလင်းတွင် အုပ်ဖိုမှ ကား ၃စီးဖြင့် ရန်ကုန်သို့ ပြန်လာခဲ့ရာ ကျွန်တော်လည်း အတူပါလာပါသည်။ ကျွန်တော်တို့သည် ဦးစော၏ အေဒီလမ်းရှိ နေအိမ်သို့ ညနေဘက်တွင် ရောက်ရှိ ကြပါသည်။

    ကျွန်တော်သည် ထိုအိမ်တွင် ကိုစိန်၊ စိန်မောင်၊ မြအုန်း၊ တင်ရွှေ၊ ကိုစိုး၊ ကိုကြီးငွေ၊ ရင်ဖေ၊ ရင်မောင်၊ ခင်မောင်ရင်တို့ကို တွေ့ရပါသည်။ ၎င်းတို့နှင့် အတူနေရပါသည်။ နောက်တနေ့တွင် ရင်ဖေမှာ သူ့အိမ်သို့ ပြန်သွားပါသည်။ တစ်လလောက် ဦးစော၏အိမ်တွင်နေပြီးလျှင ် ကျွန်တော့်၏ရွာသို့ ခေတ္တပြန်ပါသည ်။ ရွာတွင် ၃-ရက်ခန့်နေပြီးအပြန်တွင် ရန်ကြီးနိုင်(ခေါ်)မောင်ထွန်းရှိန်အား အတူလိုက်နေရန်ခေါ်လာခဲ့ပါသည်။ နောက်တစ်လခန့်ကြာသောအခါ ကိုသက်နှင်း၊ ကိုသုခနှင့် ကိုဘညွန့်တို့ရောက်လာပါသည် ။ ထိုအခါ ကိုဘညွန့်သည် ဦးစော၏အိမ်တွင် ကြာကြာမနေပါ။ သွားချည်လာလှည့်နေပါသည်။ ကိုသက်နှင်းနှင့် ကိုသုခက ကျိုက်လတ်က ဟုပြောပါသည်။ ကိုဘညွန့်ကတော့ အိုးသည်ကုန်းက ဖြစ်ပါသည်။ရန်ကြီးနိုင်၊ စိန်မောင်နှင့် ကျွန်တော်တို့သည် ဦးစောအိမ် နောက်ဖေးအဖီကလေးမှာနေရပါသည်။

    ကျွန်တော်တို့ ဦးစောအိမ်ရောက်ပြီး ၂-လ လောက်ကြာသောအခါ ဦးစောက ကျွန်တော်နှင့်တကွ ကိုသက်နှင်း၊ ကိုသုခ၊ ရန်ကြီးနိုင်၊ ကိုစိုး၊ ကိုစိန်၊ ခင်မောင်ရင်၊ တင်ရွှေ၊ စိန်မောင်၊ မောင်မြအုန်းတို့အား ဘုရားကျောင်းဆောင်သို့ ခေါ်သွားပြီးလျှင် ငါးပါးသီလခံယူစေပါသည်။ ၎င်းနောက် ကိုသုခဆိုသည့်အတိုင်း လိုက်ဆိုရပါသည်။ အတိုချုပ်မှာ တိုင်းပြည် ဘာသာ သာသနာအတွက် သက်စွန့်ကြိုးပမ်း ဆောင်ရွက်ပါမည်။ သစ္စာဖောက်က ငရဲပြည်ရောက်ပါစေ ဖြစ်ပါသည်။ ကိုသုခ ရှေ့မှချပေးသည့်အတိုင်း လိုက်ဆိုပြီးလျှင် ကျွန်တော်တို့ အားလုံး သစ္စာရေသောက်ရပါသည်။ ၎င်းနောက် ကျွန်တော်သစ္စာဖေါက်မိသဖြင် ့ ကျွန်တော်၏ ကိုယ်ကို ကျွန်တော်အဆုံးစီရင်လိုက်သည်ဟု ကိုယ်တိုင် ရေးပြီး လက်မှတ်ထိုး၍ ဦးစောလက်သို့ ပေးအပ်ရပါသည်။

    ဤကိစ္စများ ပြီးသည့်နောက် ဦးစောကိုယ်တိုင် ကျွန်တော့အား စတင်းဂန်း၊ နှစ်လုံးပူး ၊ခြောက်လုံးပူး သေနတ်များ အပစ်သင်ပေးပါသည်။ ကိုခင်မောင်ရင်နှင့် အခြားသေနတ်ပစ်တတ်သည့် သူများကိုလည်း ဦးစောက ထပ်မံ သင်ကြားပေးပါသည်။ ကျွန်တော်သည် အစမ်းသဘောဖြင့် ဓါတ်ဆီပုံး၊ ရေနံဆီပုံးလွတ်တို့ကို ချိန်ပြီး အစမ်းပစ် လေ့ကျင့်ရပါသည်။

    လွန်ခဲ့သော တစ်လလောက်က နံနက် ၉-နာရီခွဲခန့်တွင် ကိုဘညွန့်၊ မောင်စိန်၊ မောင်နီ၊ ရန်ကြီးနိုင်၊ တင်ရွှေ၊ လှထွန်း နှင့် ထွန်းရှိန်တို့သည် လော်လီတစီးနှင့် အေ-အို-ဒီ သို့သွားရောက်ပြီး ဘရင်းဂန်းအလက် ၂၀ဝ လောက်ထုပ်ယူလာ သည်ကိုတွေ့ရပါသည်။ထိုအချိန်က ကိုဘညွန့်သည် ကာကီရောင်အကျင်္ီနှင့် ဘောင်းဘီကိုဝတ်၍ ပုခုံးတွင် ပုလိပ်တံဆိပ်များ တပ်ထားသည်ကိုတွေ့ရပါသည်။ မောင်စိန်ကလည်း ပုလိပ်အဝတ်အစား အကျင်္ီဘောင်းဘီများ ဝတ်လျက် လက်မောင်းတွင် အဖြူအရစ် ၃-တန်းတပ်ထားပါသည်။ ကျန်လူများလည်း ယူနီဖေါင်း ဝတ်ထားပါသည်။ ထိုသူများယူလာသည့် ဘရင်းဂန်းများတင်ထားသော လော်လီကားကြီးကို ဦးစောအိမ်ရှေ့ သရက်ပင် အောက်တွင် ထားပါသည်။ နောက်ထိုကားမှ ဘရင်းဂန်းများကို ဦးစောအိမ်၏ ဆင်ဝင်တွင်ချထားပါသည်။ ၎င်းနောက် ကျွန်တော်တို့ သည် ဘရင်းဂန်းသေနတ်များကို အမဲဆီသုတ်လိမ်း၍ အသင့်ရှိသော သံစည်များတွင် ထည့်ကာ ညဉ့် ၈-နာရီလောက်တွင်ဦးစောအိမ်အနီး ရေကန်ထဲသို့ ချထား ကြပါသည်။
    (ထိုလက်နက်များကို Capt: Bivian ၏အကူအညီနှင့် ကိုဘညွန့်က IP ယူနီဖေါင်းဝတ်၍ ထုတ်ယူခဲ့ ပါသည်။)

    နောက်တနေ့တွင် ကျန်ဘရင်းဂန်းများကို ထင်းရူးသေတ္တာ များတွင်ထည့်သွင်းပြီး မောင်စိန်က လော်လီကားကို မောင်း၍ တင်ရွှေ၊ ထွန်းရှိန်၊ မောင်စိုးတို့က စီးလိုက်လျက် သေတ္တာ ၁၅-လုံးခန့်ကို တင်ယူသွားပါသည်။ ခင်မောင်ရင်ကလည်း ဖိုဒ်ဆင်း ကားမောင်းလျက် ကိုထွန်းရင်နှင့်အတူ လော်လီကားနောက်က လိုက်ပါ သွားကြပါသည်။ ၎င်းဘရင်းဂန်းများကို ပြည်လမ်းတလျှောက်ရှိ ဂဋ္ဌုန်တပ်ခွဲများသို့ သွားရောက်ပို့ဆောင်ထားကြောင်း နောင်အခါတွင် ကျွန်တော်သိရပါသည်။ နောက် ၁၀-ရက်ခန့်ကြာသော အခါတွင်လည်း ပြည်လမ်း ၁၆-မိုင်ရှိ အင်္ဂလိပ် တပ်မတော် ခဲယမ်းမီးကျောက် သိုလှောင်ရေးဋ္ဌာနမှ ယမ်းတောင့်သေတ္တာများကိုသွားရောက်ထုတ်ယူလာကြပါသည်။ ၎င်းသေတ္တာများကို စိန်မောင်၊ ရန်ကြီးနိုင်နှင့် ကျွန်တော်တို့ ဦးစော၏ အမိန့်အရ ရေကန်ထဲသို့ချထားရပါသည်။

    ဇူလိုင် ၁၈-ရက်နေ့ ညစာထမင်းစားပြီး ၇-နာရီခန့်တွင် ဦးစောက ကျွန်တော့်အား သူ့အိပ်ခန်းသို့ ခေါ်သွား ပါသည်။ ၎င်းနောက် ဦးစောက “မင်းကို ကိုစိုး၊ ကိုစိန်တို့နဲ့ထည့်လိုက်မယ်၊ သူတို့ကအပစ်ခိုင်းသည့်အခါ ပစ်ရမယ်၊ မင်းလိုက်သွားတဲ့အခါ တော်မီဂန်း တလက်ယူသွား” ဟု ပြောပါသည်။ ကျွန်တော်ကလည်း “ဟုတ်ကဲ့” ဟုပြော၍ ကျွန့်တော့်အိပ်ယာသို့ ပြန်ပြီးအိပ်ပါသည်။
    ( ဇူလိုင် ၁၉-ရက်နေ့ နံနက် ၁၀-နာရီတွင် ဝန်ကြီးအဖွဲ့ အစည်းအဝေး ကျင်းပမည်ကို ဦးစောက ကြိုတင် သတင်းရရှိပြီးဖြစ်နေ၏။ ထိုသတင်း မည်သို့ရရှိသည်ကို ဦးစောကဖွင့်ဟမသွားခဲ့ချေ)

    ဇူလိုင် ၁၉-ရက်နေ့ နံနက် ၉-နာရီလောက်တွင် ဦးစောသည် ကျွန်တော်၏အိပ်ရာကိုလာပြီး ကျွန်တော့်အား ယူနီဖောင်း အကျင်္ီနှင့် ဘောင်းဘီတို့ကို ဝတ်ခိုင်းပါသည်။ ကျွန်တော်လည်း ရန်ကြီးနိုင်၏ ယူနီဖောင်း အစိမ်းတစ်စုံကို အနီးရှိ ကြိုးတန်းပေါ်မှ အဆင်သင့်ဆွဲယူပြီး ဝတ်လိုက်ပါသည်။ ထို့နောက် ဦးစောက အိမ်ရှေ့ အင်းယားကန်စပ်သို့ ခေါ်သွားပြီး ကန်စပ်တွင်ရှိသော သံစည်ထဲမှ စတင်းဂန်းတလက်ကို ထုတ်ယူပြီး ဦးစောနှင့်အတူ အိမ်ဘက်သို့ တဖန်ပြန်သွားကြပါသည်။

    ဦးစော၏ အိမ်ရှေ့ခန်းတွင် ကိုစိုး၊ ကိုသက်နှင်း၊ ကိုစိန်၊ ကိုသုခ၊ ကိုဘညွန့်၊ ကိုနီ တို့ကိုတွေ့ရပါသည်။ ကိုစိုး၊ ကိုသက်နှင်း၊ ကိုစိန်၊ ကိုသုခ၊တို့မှာ ကျွန်တော့်ကဲ့သို့ ယူနီဖောင်း အစိမ်းဝတ်ထားပါသည်။ ကိုဘညွန့်နှင့်ကိုနီ တို့မှာ ရိုးရိုးအရပ်ဝတ်အရပ်စား ဝတ်ဆင်ထားပါသည်။ ကျွန်တော်ဝတ်ဆင်ထားသော ကာကီအစိမ်း ယူနီဖောင်းသည် ယခု တရားသူကြီးရှေ့ရှိ သက်သေခံပစ္စည်း အမှတ်(၄)နှင့် တူပါသည်။ ကျွန်တော့်ကိုယ်ပိုင် ပစ္စည်းမဟုတ်၍ သေချာစွာ မပြောနိုင်ပါ။

    ထို့နောက် ကိုစိုးက ကျွန်တော့်အကျင်္ီပခုံးတဘက်တချက်တွင် ခြင်္သေ့တံဆိပ်ပါရှိသော အဝတ်စကို တပ်ဆင်ပေး ပါသည်။ ကိုစိုး၊ ကိုစိန်၊ ကိုသက်နှင်းတို့၏ အကျင်္ီပုခုံးများတွင်လည်း ထိုကဲ့သို့ ခြင်္သေ့တံဆိပ်တပ်ထားပါသည်။ ကိုသုခ၏ယူနီဖောင်းတွင်မူ ခြင်္သေ့တံဆိပ်ကို မတွေ့မိပါ။တံဆိပ်တပ်ပြီးနောက် ကိုစိုးက ဦးထုပ်အပျော့ တစ်လုံးကို ဆောင်းပေးပါသည်။ ကျွန်တော့်ကိုဆောင်းပေးသော ဦးထုပ်သည် ယခုတရားသူကြီးရှေ့တွင် သက်သေခံပစ္စည်း အမှတ်(၅)နှင့်ဆင်တူပါသည်။

    ထို့နောက် ဦးစော၏အမိန့်အရ ဦးစောအိပ်ခန်းထဲသို့ဝင်၍ ဦးစော၏အကျိတ်အောက်က မဂ္ဂဇင်းဘောက် ၂-ခုကို ယူလာပြီး အိမ်ရှေ့ခန်းသို့ပြန်လာပါသည်။ ကျွန်တော်ပြန်ရောက်သောအခါ ကိုစိုး၊ ကိုစိန်နှင့် ကိုသက်နှင်းတို့မှာ တော်မီဂန်းတလက်စီကိုင်ထားသည်ကို တွေ့ရပါသည်။ ကျွန်တော်ကသူတို့အား “ဘယ်သွားမလဲ” ဟုမေးရာ ကိုစိုးက “မြို့ထဲလိုက်ခဲ့ရမယ်၊ ဟိုကျတော့ ငါပစ်ခိုင်းတဲ့အတိုင်းပစ်ရမယ်” ဟု ပြောပါသည်။ နံနက် ၁၀-နာရီ လောက်တွင် ဦးစောက ကျွန်တော်တို့အား “အချိန်စေ့ပြီ ၊ သွားကြ၊ သွားကြ” ဟုပြောပါသည်။ ထိုအခါ ဂျစ်ကားကို ကိုသုခကမောင်း၍ ကိုစိုးက ကိုသုခဘေးတွင် ထိုင်ပါသည်။ ကိုသက်နှင်း၊ ကိုစိန်နှင့် ကျွန်တော်က နောက်မှ ထိုင်ပါသည်။ ဂျစ်ကားပေါ်သို့ရောက်သောအခါ ကိုစိုး၊ ကိုစိန်၊ ကိုသက်နှင်းတို့ ၃ယောက်က မိုးကာအကျင်္ီကို ခြုံလိုက်ပါသည်။ ကျွန်တော်က သူတို့ကြားတွင်ထိုင်နေ၍ မိုးကာမခြုံခဲ့ပါ။ ထိုအချိန်လောက်တွင် ကိုဘညွန့်၊ ကိုမောင်ညို၊ ခင်မောင်ရင်တို့သည် မြို့ထဲသို့ ရောက်ရှိနေကြပြီးလျှင် ဗိုလ်ချုပ်အောင်ဆန်းတို့ အစည်းအဝေး ထိုင်နေကြကြောင်း ဦးစောထံဖုန်းဖြင့် သတင်းပေးပို့သည်ဟု နောင်သောအခါကျမှ ကျွန်တော်သိရပါသည်။ ကျွန်တော်တို့ ဂျစ်ကားထွက်သောအခါ ဦးစောက “ဂွတ်ဒ် လပ်” ဟု နှုတ်ဆက်ပါသည်။ ကိုစိုးကလည်း ပြန်လည် နှုတ်ဆက်ပါသည်။ ထိုနောက်ဂျစ်ကားကို ကိုသုခက မြို့ထဲဘက်သို့မောင်းလာပါသ ည်။

    မြို့ထဲသို့ ဂျစ်ကားရောက်သောအခါ ကိုစိုး၊ ကိုစိန်၊ ကိုသက်နှင်းတို့သည် မိုးကာအကျင်္ီများကို ချွတ်လိုက်ကြပါသည် ။ ကျွန်တော်တို့လည်းသေနတ်ဖြင့် ပစ်ရမည့်ရုံးတွင်းသို့ ဂျစ်ကားနှင့်ဝင်လာပြီး ရုံးလှေကားအနီးတွင် ဂျစ်ကားကိုရပ်၍ ကိုစိုး၊ ကိုသက်နှင်း၊ ကိုစိန်နှင့် ကျွန်တော်က ကားပေါ်မှဆင်းပါသည်။ ထို့နောက်ရုံးပေါ်သို့ ကိုစိုးက ရှေ့ဆောင်၍ တက်ပါသည်။ ကိုစိုးနောက်ကပ်လျက် ကိုစိန်က လိုက်ပါသည်။ ကိုစိန်နောက်တလံလောက်အကွာတွင် ကိုသက်နှင်းက လိုက်၍ ကိုသက်နှင်းနောက်ကမှ ကျွန်တော်က လိုက်ပါသည်။

    ဝန်ကြီးများ စည်းဝေးသောအခန်းသို့ရောက်သောအခါ ကိုစိုးနှင့်၊ ကိုစိန်တို့က ရှေ့ကဝင်သွားပါသည်။ ကိုစိုးနှင့်ကိုစိန်က အခန်းထဲသို့ ဝင်လျင်ဝင်ချင်း ၎င်းတို့တွင်ပါလာသော တော်မီဂန်းများနှင့် ရုံးခန်းထဲရှိ ဝန်ကြီးများကို စ၍ပစ်ပါသည်။ ကျွန်တော်နှင့် ကိုသက်နှင်းကလည်း ကျွန်တော်တို့လက်တွင် ပါလာသော သေနတ်ဖြင့်ပစ်ပါသည်။ ကျွန်တော်က ထိုင်ပြီး စတင်းဂန်းနှင့် ဝပ်နေသောသူများကိုပစ်ပါသည် ။ ထို့နောက် အခန်းတွင်းမှ ကျွန်တော်တို့ထွက်လာကြပါသည်။ ထိုအချိန်တွင် ဝရံတာတွင် ခြောက်လုံးပြူးနှင့် ရပ်နေသော လူတစ်ယောက်ကိုတွေ့ရပါသည်။ ထိုအခါ ကျွန်တော်တို့အထဲမှ တစ်ယောက်က ” ပစ်၊ ပစ်” ဟု ပြောရာ ကျွန်တော်က ကျွန်တော့်စတင်းဂန်းဖြင့် တချက်ဆွဲလိုက်ပါသည်။ ကျည်ဆန်၂တောင့်၊ ၃တောင့် ထိုလူအား ထိသွားပါသည်။ ထို့နောက် ကျွန်တော်တို့လည်း ရုံးပေါ်မှ ပြေးဆင်းလာကာ အသင့်ရပ်ထားသော ဂျစ်ကားပေါ်သို့ တက်စီးပြီး ရုံးအတွင်းမှ မောင်းထွက်လာခဲ့ပါသည်။

    ဦးစောနေအိမ်သို့ ပြန်ရောက်ကြသောအခါ အိမ်ဝင်းတံခါးကို မောင်တင်ရွှေက ဖွင့်ပေးနေစဉ် ကိုစိုးက “မြန်မြန်ဖွင့်၊ မြန်မြန်ဖွင်”့ ဟုကြိမ်းပါသည်။ အိမ်တွင် ဦးစော အသင့်စောင့်နေသည်ကိုတွေ့ရပ ါသည်။ ဦးစောက” ကိစ္စပြီးပလား” ဟုမေးရာ၊ ကျွန်တော်တို့အားလုံးက ” ပြီးပါပြီ” ဟုပြန်ပြောလိုက်ပါသည်။

    ထို့နောက် ကျွန်တော်တို့အားလုံး အဝတ်လဲရန် ကိုယ့်နေရာအသီးသီးသို့ပြန်သွားကြပါသည်။ လက်နက်များ နှင့် အကျင်္ီများကို ဂျစ်ကားပေါ်တွင်ထားခဲ့ပါသည် ။အကျင်္ီများကို မောင်မြအုန်းလာယူသွား၍၊ လက်နက်များကို စိန်မောင်က ဘုရားကျောင်းဆောင်သို့ ယူသွားပါသည်။ ဦးထုပ်များတော့ မည်သူယူသွားသည်ကိုမသိပါ။ ကျွန်တော်တို့ အကျင်္ီလဲပြီးနောက် ကိုစိန်၊ ကိုစိုး၊ ကိုသကိနှင်း၊ ကိုသုခတို့က အဖြစ်အပျက်ကိုပြန်ပြောပြပါ သည်။ ဤကဲ့သို့ ပြောနေစဉ် ကိုခင်မောင်ရင်နှင့် ကိုဘညွန့်တို့လည်း အိမ်သို့ပြန်ရောက် လာကြပါသည်။ နေ့ခင်းတစ်နာရီ ကျော်တွင် ကျွန်တော်တိုအားလုံး အဖမ်းခံရပါသည်။

    ဗိုလ်ဥတ္တမကျော်
    (ဗိုလ်ချုပ်အောင်ဆန်းနှင့်နိုင်ငံတော်ခေါင်းဆောင်များအားလုပ်ကြံ သတ်ဖြတ်မှုတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သော တရားခံ “ရန်ကြီးအောင် (ခေါ်) မောင်လှထွန်း ပြောပြ(ထွက်ဆိုချက်)ချက်များ ဖြစ်ပါသည်။ )

    Credit to လင်းဦး(စိတ်ပညာ)
    Credit to http://www.lubo601.com/2011/05/blog-post_6536.html

  • thit min

    February 12, 2012 at 9:25 am

    ကျနော်၏ ဤစာစုတွင် ဝင်ရောက်ဆွေးနွေးအားပေး မေးမြန်း ပြောဆိုပေးကြသော
    ၁။ အစ်မကြီးမမ
    ၂။ ညီလေးအမတ်မင်း
    ၃။ကိုဘလက်ချော
    ၄။ဆရာကိုဘလှိုင်
    ၅။ညီငယ်စိန်ပေါက်ပေါက်
    ၆။အစ်မလတ်
    ၇။ညီငယ်အင်ဇာဂီ
    ၈။အန်ကယ်ကြီး
    ၉။ကိုနေးချား
    ၁၀။ကိုစာမိ
    တို့အား အထူးပင်လေးစားကျေးဇူးတင်ရှိပါကြောင်းနှင့် “သမိုင်းအမှားများမှ သင်ခန်းစာ
    ယူနိုင်ရန် တတ်နိုင်သမျှ ခိုင်လုံသောအထောက်အထားများနှင့်ရေးသားခဲ့ပါသော်လည်း
    တစုံတရာချွတ်ယွင်း မပြည့်စုံပါက နားလည်ခွင့်လွှတ်ပေးပါရန်” တင်ပြရပါသည်။
    အားလုံး ရွှင်လန်းချမ်းမြေ့စွာ လိုရာပြည့်ပါစေ။
    ခင်မင်စွာဖြင့်
    မောင်သစ်မင်း
    (၂၀၁၂/ဖေဖော်ဝါရီ/၁၂) ပြည်ထောင်စုနေ့။

  • padonmar

    February 14, 2012 at 12:58 am

    ကိုသစ်ရေ
    ကျွန်မကတော့ ကိုသစ်ပို့စ နံပါတ်ဖတ်တိုင်း ၈၉ ကမတက်ဖူးနော်။
    ဒေါက်တာ ဘမော်၊ဒေါက်တာ ဘဟန်တို့အကြောင်း ဖတ်ရတာ ကျေးဇူးပါ။
    ဒေါက်တာဘမော်ရဲ့သားဇာလီမော် ဆိုတာ နာမည်ကြီးသလားလို့။

    ဒီစာလေးဖတ်မိတော့ အတွေးလေး၂ခုရပါတယ်။
    တစ်ခုက ကျွန်မ ကိုသစ်ရဲ့အဖွားကို သိပ်သဘောကျတာပဲ။
    သူဖွင့်ထားတဲ့ဆေးခန်းမှာ ဆရာဝန်လက်ရေး ဖတ်မရရင် ကိုယ်တိုင် မေးပေးပြီးမှ ဆေးပေးတတ်တဲ့၊
    လမ်းပေါ်က ဆင်းရဲတဲ့လူကြီးကို စိတ်ရှင်းရှင်းနဲ့ ပုဆိုးပေးချင်အောင် လမ်းညွှန်ပေးတတ်တဲ့၊
    နိုင်ငံရေးကို စိတ်ဝင်စားတဲ့၊ပါစီပါတူးနာမည်ကိုတောင် မှန်အောင်ခေါ်တတ်တဲ့၊
    ကိုသစ်ကို လူတော်လူကောင်းလေးဖြစ်အောင် လေ့ကျင့်ပေးတဲ့ အမျိုးသမီးကြီးကို လေးစားမိပါရဲ့။

    နောက် အတွေးကတော့
    ကျွန်မတို့ နေနေရတဲ့ ပတ်ဝန်းကျင်အနေအထားနဲ့ ကိုသစ်တို့ သူကြီး၊မလတ်၊မောင်ဂီ၊င်္ FR တို့ နေရတဲ့ အနေအထားမတူတာလေးကိုပါ။
    အဓိကကတော့ အင်တာနက်ကို လူစဉ်မီအောင် မသုံးနိုင်ကြသေးတာပါ။
    နောက်ပြီး တချို့ကိစ္စတွေက အမှောင်ချခံထားရတော့ မသိခဲ့ကြရပါဘူး။
    (ဥပမာ၊စဝ်ရွှေသိုက်သမီးရဲ့ Moon Princess ဆိုတာလေးမြည်းကြည့်ရတော့ ကျွန်မတို့ မသိခဲ့ရတာတွေ အများကြီးပါလားလို့ ဖြစ်မိပါတယ်)
    အကြောင်းအရာတစ်ခုကို ကျွန်မတို့က ဖတ်ဖူးသိဖူးရင်တောင်မှ ဖုံတက်နေတဲ့ စာအုပ်ပုံရဲ့ ဘယ်နေရာ ဘယ်အထပ်မှာ ဘယ်စာမျက်နှာမှာမှန်းမသိ ကျမ်းကိုးကျမ်းကားရှာပြစရာ ခက်ခဲလေတော့ မျက်စိမှိတ် ငြင်းသလို ငြင်းနေရပါတယ်။
    ကိုသစ်တို့မှာတော့ google လိုက်ရင်ကို လွယ်လွယ်နဲ့ ရှာဖွေပေးနိုင်တာပေါ့နော်။
    ဒီနေရာမှာ အရင် ဖတ်မှတ်ဖူးမှလည်း ရှာလို့ရမယ်ဆိုတာတော့ သဘောပေါက်ပါတယ်။
    ပညာရပ်အသစ်တွေကိုလေ့လာဆည်းပူးချင်ရင်လည်း မခက်ခဲဖူးပေါ့။
    ကျွန်မတို့ အမိမြေကို အပ်ချလောင်းလုပ်လို့ မရနိုင်သေးတာကိုလည်း နားလည်ပေးရတာမို့
    ကျွန်မအပါအဝင်
    ကျွန်မတို့ရဲ့ မောင်ငယ်ညီမငယ် တူတူမငယ်၊ ဂေဇက်ကို အားပေးသူတွေအတွက်
    စာဖတ်နာထားသော ကိုသစ်၊မလတ်၊သူကြီး၊ဂီဂီ၊FR တို့ကို တန်ဖိုးရှိတဲ့ စာတွေ မျှဝေပေးကြပါအုံးလို့ တောင်းဆိုချင်ပါတယ်။

    ဒေါက်တာထင်အောင် အကြောင်းလေးလည်း ဖတ်ချင်မိပါတယ်။

    • Foreign Resident

      February 14, 2012 at 6:37 am

      မပဒုမ္မာရေ
      စာဖတ်နာတယ်လို့ မြှောက်ပင့်ပေးတဲ့အတွက် ကျေးဇူးပါပဲ ။
      ကျွန်တော်လည်း ကံဇတ်ဆရာရဲ့ အလိုကျ
      စားဝတ်နေရေးအတွက် သင်္ဘောပြန်တက်သွားပါပြီ ။
      အဲတော့ MG မှာ စာတွေတော့ သိပ်ရေးနိုင်တော့မယ် မထင်ဘူး ။

      ကောင်းတာတစ်ခုကတော့ အခုမှ သင်္ဘောပေါ်ရောက်မှ
      ဘယ်မှသွားမရလို့ အချိန်အားတွေ ပိုရလာတာမို့ စာဖတ်ဖြစ်
      ရုပ်ရှင်တွေကို အေးအေးဆေးဆေး ခံစားပြီး ကြည့်ဖြစ်တော့တယ် ။
      တစ်နေ့ကို အနဲဆုံး ရုပ်ရှင် တစ်ကား ပြီးအောင်ကြည့်မယ်လို့
      ဆုံးဖြတ်ထားတယ် ။

      • K@oru

        February 14, 2012 at 7:50 am

        စာဖတ်နာတဲ့အထဲမှာ သများမပါဘာဘူးချင့်
        သများက စာဖတ်ပျင်းတဲ့အထဲမှာပဲ ပါပါတယ်ချင့်..

        ကိုသစ်ပိုစ့် ကို ကောမန့်များနှင့် တွဲဖတ်အပြီးမှာ ..
        ဗမာတယောက်ဖြစ်ပြီး ဗမာပြည်အကြောင်း အတော်မသိသေးတာပဲကော
        လို့ ကိုယ့်ကိုကိုယ် အားမရဖြစ်ရပါတယ်ချင့် …။

        အနည်းအကျဉ်း ဖတ်မိသလောက်လေးတွေကိုတော့
        အဆင်သင့်တဲ့အခါ ဗမာလို ပြန်ရေးချင်ပါသေးတယ်ချင့်….။

        စိတ်အတက်အကျမြန်တဲ့ရောဂါနဲ့ မဘူးရမနေနိုင်တဲ့ နှူးဘာရောဂါ
        စွဲကပ်နေတာမို့လို့ …သည်းခံ အားပေးကြပါချင့် …။

        အင်တာနက် ခေါ်နရွင် ကောင်းတာတခုက လေ့လာမှုအတွက်
        အတော်ပဲ အရေးပါတဲ့နေရာမှာ ရှိတယ် ဆိုတာ လက်ခံပါတယ်ချင့်..

        ခင်တဲ့

  • padonmar

    February 14, 2012 at 1:00 am

    မေ့ကျန်ခဲ့လို့
    စာဖတ်နာသော စာရင်းထဲမှာ ဦးကြောင်ကြီးနဲ့ မောင်မိုးညိုလည်း ပါပါတယ်ဗျို့။

  • Khin Latt

    February 14, 2012 at 5:12 am

    အစ်မ ပဒုမ္မာ ရေ –

    ဘုတ်ကျီးမြောက် ပြောပြော၊ ကျီး ဘုတ် မြောက် ဘဲ ဆိုဆို ကျွန်မ တော့ ရင်ထဲ ရှိရာ ပြောမယ်။ မကြိုက်တဲ့ သူများ ရှိရင် လဲ “လွတ်လပ် စွာ အနီ” ပေးလို့ ရပါတယ်။
    ကျွန်မ စိတ် အနှောက်အယှက် လုံးဝ မဖြစ်မှာ သေချာပါတယ်။

    ကိုယ့် အကြောင်း ကိုယ် ကို ဂုဏ်ဖော်ရရင်တော့ –
    ကျွန်မ ဟာ အတန်းစာ မတော်ပါ။
    အပျင်းဓာတ်ခံ လဲ အနဲ နဲ့ အများ ရှိပါသည်။
    ဆရာမ ဂျူး ပြောသလို ကျောင်းစာက လွဲရင် ကျန်တာအကုန်စိတ်ဝင်စား ပါသည်။
    ကျောင်းရဲ့ နောက်ဆုံးတက် ခဲ့သော အတန်းမှာ အမှတ်အလိုက်စီပြီး အောင်စာရင်း ထုတ်ပါသည်။ ကျွန်မ ပထမပါ။ (အောက်ဆုံး ကနေ ရေ လိုက်ရင်)
    ဘိတ်ချီးလို့ ပြောတာနော်။ 😉

    နောက် အလုပ်ဝင်ပါတယ်။ အလုပ်ကတော့ ကျောင်းစာလို တော့ မဆိုးပါ။
    ကိုယ်စိတ်ဝင်စားရာ ဖြစ်လို့ စမ်းသပ်လုပ်ကြည့်ချင်တာတွေ အရမ်းများပါတယ်။
    ဒါပေသည့် ကိုယ်သိချင်တာ ကျယ်ကျယ်ပြန့်ပြန့် အသေးစိတ် သိရဖို့ အလွန်ခက်ပါတယ်။
    အဲဒီတုန်း က နိုင်ငံခြား က ခဏအလည် ပြန်လာတဲ့ သူငယ်ချင်း များ ကို အရမ်းမျှော် ရပါတယ်။ ဘာလို့ လဲဆိုတော့ သူတို့ က နည်းပညာ ဆိုင်ရာ စာအုပ်တွေ သယ်လာ ပေးလို့ဖြစ်ပါတယ်။ အဲဒီလို လူတွေက လဲ လူနည်းစုလေးဖြစ်ပြီး ပေါပေါများများ မရှိသေးပါဘူး။ နောက်ပြီး သူတို့ ကလဲ အမြဲ ပြန်လာနေတာ မဟုတ်ပါဘူး။

    ဒါကြောင့် ကျွန်မ တို့ မှာ ရသလောက် စာ လေးတွေနဲ့ ကုတ်ကပ်ပြီး ဖတ်ခဲ့ရ၊ အဲဒါတွေ ကိုမှ စမ်းပြီး အလုပ်ထဲ သုံးကြည့် လုပ်ရပါတယ်။ သူတို့ ကလဲ ကျွန်မတို့ ကို အရမ်းတတ် စေချင်တော့ ရရင်ရသလို အဆက် အသွယ် နဲ့ လိုတာလေးတွေ ပံ့ပိုးလေ့ ရှိပါတယ်။ အဲဒီ သူတို့ မျှသမျှ အကြောင်း တွေဟာ ကျွန်မတို့ အတွက်ရွှေ ထက်တောင် အဖိုးတန် ပါတယ်။

    ဒီမှာ ကျွန်မ Personal အမြင်ကို ပြောရရင် သူတို့ ကလဲ ဒီလို ဗဟုသုတတွေကို မျှနေတာ ကျွန်မတို့ ကို “ငတုံးတွေ” “ငနုံတွေ” လို့ သဘောထားပြီး ဆရာကြီး သဖွယ် လုပ်နေခဲ့ကြတာ မဟုတ်ပါ ဘူး။ ကျွန်မတို့ မှာ ပိတ်နေတဲ့ အခွင့်အရေး တွေ ကို ရနိုင်သမျှ ဖွင့်ပေးနေခဲ့တာပါ။
    ကျွန်မတို့ လုပ်နိုင် တယ် ဆိုတာ သူတို့ သိလို့ ကျွန်မတို့ ကို လက်တွဲခေါ်နေတာပါ။
    မြန်မာပြည် ထဲ မှာ သူတို့ထက်တောင် တော် တဲ့ သူတွေ ရှိကြောင်း သူတို့ သိပါတယ်။
    သူတို့ဟာ ကမ္ဘာကြီး နဲ့ အထိအတွေ့ ရခွင့် မရတဲ့ ကျွန်မ တို့ ကို အတွက် ဗဟုသုတတွေ ကို ပေါင်းကူး ပေးတဲ့ သူတွေ အဖြစ် နေခဲ့တာပါ။

    ဒီလိုနဲ့ကျွန်မ လဲ အခွင့်သင့် လို့ ကိုယ့်ပြည် ကနေ အပြင်ရောက်ခဲ့တယ်။
    မြန်မာပြည်ထဲ မှာ ကိုယ့်တုန်းကလိုဘဲ ကိုယ့်လို စွန့်စားလုပ်ကိုင်ချင်သူတွေ၊ ဗဟုသုတ လိုချင်သူတွေ အများကြီး ရှိနေတာ ကျွန်မ ကောင်းကောင်း သိတာပေါ့။ မြန်မာပြည်ထဲ မှာ ကျွန်မတို့ ထက် တော်တဲ့ သူတွေ အများကြီး ကျန်ခဲ့နေသေးတာကိုလဲ အသေအချာ သိသပေါ့။
    ဒီတော့ ကျွန်မလဲ ကြုံရင်ကြုံသလို – အရင်လူတွေ ကျွန်မတို့ ကို မျှခဲ့သလို – ရသလောက် ပြန်မျှချင်တဲ့ စိတ် အမြဲရှိနေပါတယ်။
    ဘာကြောင့် လဲ ဆိုတော့ ကျွန်မလဲ အလင်းနဲနဲ လေးမှာ ကျင်လည် ခဲ့ဘူးသူ မို့ပါဘဲ။
    ဒါဟာ တမင် ဆရာကြီး စတိုင်ဖမ်း ပြောတာ လုံးဝ ကို မဟုတ်တာ ကျိမ် ပြောရဲပါတယ်။

    အစ်မရေ ကျွန်မတို့ ခေတ်က ဆရာဝန်ဖြစ်သူဟာ တကဲ့ ကို ဒိတ်ဒိတ်ကြဲ တော်မှသာ ဆရာဝန်လိုင်း ရခဲ့ကြတာပါ။ တော်ရုံ၊ ဉာဏ်ကောင်းရုံ တင်မက ဝီရိရလဲ အလွန်စိုက် ထုတ်နိုင်မှ ဆရာဝန် ဘွဲ့ ကို ရရတာပါ။ ဒီလို မျိုး အဆင့် ရှိတဲ့ အစ်မ လို လူက ကျွန်မတို့ဆီက (အဓိက ကျွန်မလို ဘာမဟုတ်တဲ့ လူ ဆီက) အပြင် ဗဟုတ အတွက် လိုလို လားလား တောင်း တာဟာ အစ်မ ဘယ်လောက် ပြည့် ဝတယ် ဆိုတာ ပြတာပါ။ အစ်မဟာ IQ ရော၊ EQ ပါ ပြည့်သူပါ။
    ကျွန်မ တကဲ့ကို ယုံကြည်ပါတယ်။
    အစ်မလို IQ ရော၊ EQ ပါ ပြည့်သူတွေ မြန်မာပြည်ထဲ မှာ အများကြီးပါ။
    ဒီ ဂေဇက် ထဲ မှာကို အဲဒီ လိုလူတွေ အများကြီး တွေ့နေရပါတယ်။

    နိုင်ငံ ရဲ့ တံခါး ကို အကျယ်ကြီး ဖွင့်ပေးလိုက်ဖို့ သာ လိုပါမယ်။
    ကျွန်မတို့ နိုင်ငံ ဟာ သူများတိုင်းပြည်တွေလို နည်းပညာ ဆည်းပူးဖို့ လွယ်သွားတဲ့အချိန်မှာ သူများ တွေ ထက် ပိုတဲ့ အရှိန်အဟုန် နဲ့တက်သွားမှာပါ။

    ဘာဘဲ ဖြစ်ဖြစ် – ကျွန်မတို့ လို နိုင်ငံ အပြင်က နေ အထဲ ကို ချောင်းကြည့်ပြီး နေနေ ရတဲ့ သူ တွေ ကို အစ်မက ဒီလို စကားလေး ပြောလိုက်တာကို ကျွန်မမှာ အရမ်း ပီတိဖြစ်ရပါတယ်။
    ကျွန်မတို့ ပြောတဲ့ “ဟိုလို လုပ်လိုက်ပါလား၊ ဒီလို လုပ်လိုက်ပါလား” ဆိုတိုင်း လဲ ကိုယ့်ပြည်၊ ကိုယ့်စနစ်၊ ကိုယ့်အခြေအနေ နဲ့ အားလုံး ဆီလျော်မှာ မဟုတ်ပါဘူး။
    ကျွန်မ တို့ ပြောတာ မှန်ချင်မှလဲ မှန်ပါ့မယ်။
    ဒါပေမဲ့ အစ်မလို “စိတ်ရင်း နဲ့ နားထောင်ချင်စိတ်” ရှိဖို့လိုပါတယ်။
    အဲဒီနောက် ကိုယ့်ပြည်တွင်းဖြစ် မှာ ချင့်ချိန်ပြီး ပြည်တွင်းအားနဲ့ ဘဲ ကိုယ့်ပြည်ကိုယ်ကို တိုးတက်အောင် လုပ်နိုင်မှာပါ။

    အတိုချုပ် လိုက်ရင်တော့ အစ်မ ရေ – ကျွန်မတို့ ကို ဒီလို ဖြည့်တွေးပြီး နားလည်ပေးလို့ တကဲ့ကို ကျေးဇူး တင်ပါတယ်။ ကျွန်မ တကဲ့ကို ရင်ထဲ က ပြောတာပါ။

    ကျွန်မ ထပ်ပြောပါတယ်။
    ဘုတ်ကျီးမြောက် ပြောပြော၊ ကျီး ဘုတ် မြောက် ဘဲ ဆိုဆို ကျွန်မ တော့ ရင်ထဲ ရှိရာ ပြောခဲ့တယ်။
    မကြိုက်တဲ့ သူများ ရှိရင် လဲ “လွတ်လပ် စွာ အနီ” ပေးလို့ ရပါတယ်။
    ကျွန်မ စိတ် အနှောက်အယှက် လုံးဝ မဖြစ်မှာ သေချာပါတယ်။ 😆

    ချစ်ခင်လေးစားစွာဖြင့်
    မလတ်

  • nozomi

    February 14, 2012 at 10:28 am

    ကိုသစ်ရေ ဒေါက်တာဘမော်ဆိုတာ ငယ်ငယ်က ကျောင်းမှာ သင်ခဲ့ရတဲ့ ကျောင်းစာ၊ လင်းယုန်သစ်လွင်ရဲ့ သေမင်းတမန် ရထားလမ်းလို စာအုပ်မျိုးတွေ ဖတ်ရင်းနဲ့ ဂျပန်ခေတ်က အဓိပတိ ဆိုတာထက် ပိုမသိခဲ့ပါဘူး ၊ အခု ကိုသစ် ပို့စ် ဖတ်ပြီးတော့မှ တော်တော်ပြည့်ပြည့်စုံစုံလေးကို သိခွင့်ရတာပါ

    ကူးပြီး သိမ်းထားမယ်နော်၊ တစ်ခါ ကျွန်တော် ပြောခဲ့ဘူးသလို ကိုသစ်နဲ့ ပတ်သက်ရင် ကျွန်တော်တို့ ရွာက အရတော်လိုက်တာ လို့ ထပ်ပြောချင်ပါတယ် နောက် ကိုသစ်ရှိနေတာ စွယ်စုံကျမ်းတစ်အုပ်ရှိနေသလိုပါပဲ ဆိုတာကို ( စိတ်ရင်း ) နဲ့ ထပ်ပြောချင်ပါတယ်

    နောက်ပိုင်းသိတာ တစ်ခုက ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ဒေါက်တာဘမော်ရဲ့ သမီးနဲ့သမက် ဝင်ပြိုင်တယ် ၊ မနိုင်ဘူး ၊ သူတို့ လုပ်နေတဲ့ NGO အဖွဲ့လေးကနေ နိုင်ငံရေးလုပ်လို့ ဆိုပြီး ထွက်လိုက်ရတယ် ဒါတော့ ထပ်ဖြည့်ပေးလိုက်ပါတယ်နော

    • Khin Latt

      February 15, 2012 at 7:22 pm

      ကိုနိုရေ –
      ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ဝင်ခဲ့တာ ဒေါက်တာဘမော် ရဲ့ မြေး ” ဒေါ်ယုဇာမော်ထွန်း နဲ့ သူ့ခင်ပွန်း ဒေါက်တာ ဖုန်းဝင်း” ပါ။
      ဒေါ်ယုဇာမော်ထွန်း ရဲ့ အမေ က ဒေါက်တာဘမော် ရဲ့ သမီး ဒေါ်ဥမ္မာမော်ပါ။
      ဒေါ်ယုဇာမော်ထွန်း ရဲ့ အဖေ က ဦးရဲထွန်း (ဒီမိုကရက်တစ်ပါတီ (မြန်မာပြည်) ဒုဥက္ကဋ္ဌဟောင်း ကွယ်လွန်) ပါ။

      ခင်တဲ့
      အရီးလတ်

Leave a Reply