“ဆောင်းတစ်ရက်က တောင်သမန်ကို အလည်သွားခြင်း”
“ဆောင်းတစ်ရက် တောင်သမန်ဘက်အလည်ထွက်ခြင်း”
အလုပ်ပိတ်တဲ့တစ်ရက် စက်မူ့မြို့သစ်ကပြန်လာတော့ တံခွန်တိုင်အရောက်မှာ အနောက်ဘက်ဆင်းလိုက်ပါတယ်။
တောင်သမန်အင်းဘေးကဖြတ်ပြီး တောင်မြို့ဘက်ကို သွားမလို့ပါ။
အဲတော့ တောင်သမန်အင်းစောင်းကိုရောက်သွားတာပေါ.။
ဒီတောင်သမန်းအင်းစောင်း မြောက်ဘက်ခြမ်းက အင်းရေအစပ်မှာ စပါးစိုက်လေ့ရှိပါတယ်။
မြူမူံမူံ စိုက်ပြီးစ ကောက်ပင်လေးတွေကစိမ်းစိမ်း အင်းရေက ညို့မှောင်မှောင်။
အင်မတန်ကိုလှပတဲ့မြင်ကွင်းပါ။
မြင်ရသူရင်ထဲကို အေးချမ်းမူ့ကအလိုလိုနေရင်းရောက်လာသလိုပါဘဲ။
အဲဒီအင်းစောင်းမှာငါးဖမ်းနေတဲ့လှေကလေးတွေကိုငေးမောရင်းတောင်သမန်းအင်း
အနောက်ဘက်ခြမ်းကိုရောက်လာပါတယ်။
အနောက်မြောက်ဘက်ခြမ်းမှာတော့ ထန်းပင်ညီနောင်က အင်းရဲ့သက်တော်စောင့်
သဘွယ်မတ်မတ်ရပ်။
အင်းအနောက်ဘက်ခြမ်းရောက်တော့ အဝေးမှာ ထန်းပင်စုစုလေးတွေနဲ့ပုထိုးတော်ဘုရား။
အင်းအနောက်ဘက်က အသစ်ဖောက်ထားတဲ့မြေလမ်းအတိုင်းသွားလိုက်တော့ လမ်းမှာကိုရင်လေးနှစ်ပါး။
အင်းထဲမှာတော့ ဘဲကျောင်းတဲ့လှေကလေးတွေရှိပါတယ်။
တောင်သမန်အင်းကို မြူမူံမူံထဲမှာမြင်ရတဲ့ဝိုးတဝါးအလှက အင်မတန်ချစ်စရာကောင်းပါတယ်.။
ဆက်သွားတော့တောင်သမန်အင်းစောင်းကိုအရောက်။
တံတားအနောက်ဘက်မှတော့မိုးတွင်းဆိုရင်ရေလည်ခေါင်မှာရှိနေတဲ့ဘုရား။
အရှေ့ဘက်မှာတော့ “တောင်သမန်မင်းသားကြီး”လို့ဓါတ်ပုံဆရာများက သတ်မှတ်ထားတဲ့
သစ်ခြောက်ပင်ကြီးနှစ်ပင်။
မြင်မြင်သမျှလွမ်းစရာ…………………
ဝင်းဦးရဲ့ အင်းကြီး တောင်သမန်သီချင်းကိုတောင်နားထဲကြားယောင်မိသလိုလို
………………………………………………
ကိုပေါက်ရဲ့ စနက်ရှော့မဟုတ်တဲ့လက်ဆော့
(14-2-2012)
9 comments
MaMa
February 14, 2012 at 9:32 am
၁ ရယ် ၆ ရယ်ကို အကြိုက်ဆုံးပဲ။
သဘာဝရဲ့ စုတ်ချက်တွေကို သဘောကျတယ်။ 🙂
ကိုပေါက်(မန္တလေး)
February 14, 2012 at 9:33 am
သူများအတွက်တော့ မသိဘူး။
မန်းလေးသားဖြစ်တဲ့ကျနော့်အဘို့ကတော့ တောင်သမန်အင်းဆိုတာ
အမြဲတမ်း ရင်ခုန်စရာကောင်းတဲ့ မြင်ကွင်းတွေကို တွေ့နေရတဲ့နေရာတစ်ခုပါ။
နွေမိုးဆောင်း အမြဲတမ်းပြောင်းလဲနေတဲ့အလှတရားတွေ ကို တွေ့နေရတဲ့နေရာလဲဖြစ်ပါတယ်။
Moe Z
February 14, 2012 at 10:11 am
သုံးရာသီလုံးရောက်ဖူးတယ် လေးပေါက်ရေ
အင်းထဲမှာရေပြည့်တဲ့အချိန် အလှဆုံးလို့ထင်တယ်
နွေရာသီ ရေခမ်းတဲ့အချိန်ဆိုလွမ်းစရာကြီး
နံပါတ် ၁၃ ပုံ မိုးစက်လည်းကြိုက်တယ် ကူးသွားပြီ
Shwe Tike Soe
February 14, 2012 at 10:35 am
လေးပေါက်မိုက်တယ်ဗျာ ဗျူးလေးတွေက အရမ်းမိုက်တယ် ကျွန်တော် ဒီတစ်ခေါက် အဲဒီ ကိုမရောက်လိုက်ဘူးဗျာ….
ကိုပေါက်(မန္တလေး)
February 14, 2012 at 11:26 am
အချိန်အစိုးမရတဲ့
ကိုကိုရွှေတိုက်စိုး။
ခေါ်ပါသဗျာ ပေါ်မလာအလုပ်တွေများတာကြောင့်
စိန်ပေါက်ရွှေ လုလင်ရိုက်တာနဲ့
လွဲရက်လေခြင်း။
အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ၊ သီရိပျံချီ KING
February 14, 2012 at 11:34 am
သားသားတို့အကြိုက်
မွန်းလိုက်
အဲလေ မှားလို့
နံပါတ်(၂)နဲ့ (၅)ကိုသဘောကျတယ်
နံပါတ်(၂)မှာက စိမ်းစိုနေတဲ့မြင်ကွင်းနဲ့ ကောင်းကင်ရဲ့ ပြာလွင်နေမှုကို တကယ်ရောက်ရှိနေသလို ခံစားမိတယ်
နံပါတ်(၅)မှာတော့ စေတီနဲ့ ထန်းပင်ကို တွဲကြည့်မိရင်း မကောင်းဘူးဆိုတာသိနေလျှက်နဲ့ တစ်ခါတစ်လေလုပ်မိတာကို ပြန်ပြောင်း သတိရမိစေတယ် …..
စိန်ပေါက်ပေါက်
February 14, 2012 at 2:19 pm
ကောင်းသဗျာ
စိမ်းစိမ်းစိုစိုလေးတွေနဲ ့ မျက်စိအေးလှပါဘိ..
အမကြီးဟာ ကြည့်ရှုအားပေးသွားတယ်နော်..(ပုံတွေကိုကြည့်တာပါ)
blackchaw
February 14, 2012 at 2:22 pm
အပေါ်ဆုံးလေးပုံနဲ့ နံပတ် ၁၃ ပုံလေး ကြိုက်မိပါတယ်ဗျာ။
ကိုပေါက်(မန္တလေး)
February 14, 2012 at 3:20 pm
13ပုံကတော့ ကျနော်ကင်မရာစကိုင်တဲ့အချိန် ပလိပ်က ပြန်အလာ လမ်းမှာဝင်ရိုက်လာတာပါ။
ဇန်နဝါရီ 2011မှာရိုက်ထားတာပါ။
ကျနော်ကိုယ်တိုင် အနှစ်သက်ဆုံးပုံတစ်ပုံပါ။
ရင်ကိုအေးမြရစေသားဆိုတာနဲ့လိုက်ဖက်တယ်ထင်ပါတယ်။