ABSDF ခေါင်းဆောင်ဟောင်း ကိုမောင်အေးအကြောင်း
“ကျုပ်တို ့တိုင်းပြည် ခြင် ကိုက်တယ်ဗျာ။ လမ်းဘေးတွေမှာလည်း ညစ်ပတ်ပေရည်နေတယ်။ အရမ်းနံတယ်”
ကိုမောင်အေးက ဩစတျေးလျနိုင်ငံမှာ ၁၆-နှစ်လောက် နေပြီးတော့ မြန်မာပြည်ကို အလည်သွားခဲ့တယ်။ သမ္မတကြီးက ပြန်လာပါဆိုလို ့သူလည်း ပြန်သွားပါတယ်။ မြန်မာပြည်ပြန်တဲ့အတွေ ့အကြုံကို သူက ကျနော့်ကို ပြောပြနေတာပါ။ သူက ဆက်ပြီး…နေရာတကာ ငွေပေးမှ အလုပ်ဖြစ်တယ်ဗျာ…ဆိုပြီးစိတ်ပျက်တဲ့လေသံနဲ ့လည်းပြောရှာတယ်။
ဩစတျေးလျကို ကိုမောင်အေးလာဖို ့အတွက် နယ်စပ်က ဒုက္ခသည်စခန်းထဲမှာ သုံးနှစ်လောက် နေခဲ့ရတယ်။ ရန်ကုန်က ပါလာတဲ့ ငွေလေးတွေနဲ ့မိသားစု ခြိုးခြံချွေတာပြီး စားတယ်။ စခန်းကပေးတဲ့ ရိက္ခာလေးတွေနဲ ့ဆိုတော့ လုံလောက်တယ်။
ဩစတျေးလျနိုင်ငံရောက်တော့ အင်္ဂလိပ်စာမတက်တဲ့ ကိုယ်မောင်အေးကို သူငယ်ချင်းတစ်ယောက်က သန် ့ရှင်းရေးအလုပ်တစ်ခုရအောင် ဖန်တီးပေးတယ်။ ရန်ကုန်မှာ စက်ရုံအလုပ်သမားအဖြစ်လုပ်ဖူးတဲ့ ကိုမောင်အေးဟာ သန် ့ရှင်းရေးလည်း လုပ်နိုင်တယ်။ ဒုက္ခသည်စခန်းမှာ ညစ်ပတ်ပေရည်နေတဲ့ ဘဝမှာလည်း သူနေဘူးတော့ သန် ့ရှင်းရေးအလုပ်ကို သူလုပ်ရတော့ ပျော်ရွှင်နေတယ်။
သူက နိုင်ငံရေးလည်း စိတ်ဝင်စားပါတယ်။ ဒါပေမဲ့ နိုင်ငံရေးတော့ မလုပ်ပါဘူး။ ဘာဖြစ်လို ့လည်းဆိုတော့ နိုင်ငံရေးလုပ်ရင် ထောင်ကျမှာဆိုးလို ့ဆိုပြီး သူရဲ ့ယုံကြည်ချက်ကို ပွင့်ပွင့်လင်းလင်း ပြောရှာတယ်။
“လက်ရှိနိုင်ငံရေးက မဆိုးပါဘူး။ အစိုးရ ကောင်းလာပြီ”
“နေပါအုံး ဘာကောင်းတာလဲ”
“အစိုးရ ကောင်းနေပြီလေ။ ခင်ဗျား မသိဘူးလား”
ကျနော်ပဲ ညံ့လို ့လားမသိဘူး။ ကိုမောင်အေးက ပြန်ပြီးတောင်မေးခွန်းထုတ်သေးတော့ သူကပဲ နိုင်ငံရေးသမားကြီးအထာနဲ ့။ မျက်နှာပေးကလည်း ဩစတျေးလျကို ရောက်ခါစ မျက်နှာပေးမဟုတ်တော့ဘူး။ ခပ်တင်းတင်း ခပ်မာမာ၊ ဘယ်သူမှ လူမထင်တော့ထဲ မျက်နှာပေးဖြစ်သွားတဲ့ ကိုမောင်အေး။ ဒုက္ခသည် စခန်းထဲမှာ နေတုန်းက လူတိုင်းကို မျက်နှာငယ်ငယ်နဲ ့ဖားယားပြီး တောင်းစားခဲ့တဲ့ ကိုမောင်အေးတစ်ယောက် အခုကြတော့ ဒီလိုစကားတွေ ပြောထွက်တာ အံ့ဩနေမိတယ်။
သူရန်ကုန်ရောက်တော့ ဈေးအကြီးဆုံးဟော်တယ်မှာ တည်းတဲ့အတွေ ့အကြုံကို ပြောပြသေးတယ်။
“ဟိုတယ်ဆားဗစ်တွေကလည်း ညံ့တယ်ဗျာ။ ဆက်ဆံရေးလည်း မကောင်းဘူး။ အခန်းထဲက အဲယားကွန်းကလည်း နားကိုညီးနေတာပဲ။ ကျနော့်အိမ်လောက်တောင် မကောင်းဘူးဗျာ”
ရန်ကုန်မှာနေတုန်းက သူ ့ရဲ ့အိမ်အကြောင်းကို မိတ်ဆွေတစ်ချို ့ပြောပြတယ်။ ဓနိမိုး၊ ထရံကာနဲ ့သစ်သားပြားတွေခင်းထားတဲ့ အိမ်မှာ ကိုမောင်အေးတို ့မိသားစုနေတယ်။ တစ်လကို ဝင်ငွေလေးငါးသောင်းလောက်တော့ သူ ့ဝင်ငွေရှိတယ်။ မိန်းမက အိမ်ရှေ ့မှာ ကွမ်းယာရောင်းတယ်။ သူနေတဲ့ ရပ်ကွက်ကလည်း အခြေခံလူတန်းစားတွေနေတဲ့ ရပ်ကွက်ဆိုတော့ အမြဲလိုလို ဆူညံပွက်လောရိုက်နေတဲ့ ရပ်ကွက်။ ရေမြောင်းတွေမှာ ခြင်တွေကလည်း ပလူကိုပျံလို ့။ ဒုက္ခသည်စခန်းထဲက အိမ်နဲ ့သိတ်ပြီးမကွာ။ အဲယားကွန်းနဲ ့တစ်ခါမှမနေဘူးတဲ့ ကိုမောင်အေး။ ဩစတျေးလျရောက်မှ အဲယားကွန်း၊ ရေခဲသေတ္တာ၊ တီဗွီကို တွေ ့ဘူး၊ သုံးဘူးတဲ့ ကိုမောင်အေး။ အခုတော့ ရန်ကုန်ကဟိုတယ်ကြီးမှာ တည်းပြီး အဲယားကွန်းမကောင်းဘူး၊ ဆားဗစ်ညံ့တယ်ဆိုတဲ့ စကားကိုတောင် ဂလိုဘယ်လိုက်ဇေးရှင်းနဲ ့အညီ၊ လက်ရှိနိုင်ငံရေးအပြောင်းအလဲနဲ ့အညီ ခေတ်မှီစွာ သူပြောနေတာကတော့ အံ့ဩစရာမကောင်းဘူးလား။
နယ်စပ်က ဒုက္ခသည်စခန်းထဲမှာ နေတုန်းက တော်လှန်ရေးသမား၊ သူပုန်တွေက အရမ်းကောင်းတယ်။ ကူညီတယ်။ သစ္စာရှိတယ်ဆိုပြီး ပါးစပ်က တဖွဖွပြောဘူးတဲ့ ကိုမောင်အေးတစ်ယောက် အခုဆိုရင် ကျောင်းသားသူပုန်တွေဟာ အလကားပါကွာ။ လေပဲရှိတယ်ဆိုပြီး ပြောပြန်ပြီ။ တယ်လည်းတက်နိုင်တဲ့လူ။
အခုဆိုရင် ဂျီတော့လည်း ကိုမောင်အေးသုံးနေပြီ။ ဖေ့ဘွတ်စ်ပေါ်မှာလည်း သူ ့ကိုတွေ ့နေရတယ်။ တစ်ခါတလေ ကွန်ပြူတာပျက်နေရင် ကျနော့်ဆီကို လှမ်းပြီးဖုန်းဆက်တယ်။ သနားစရာကောင်းတဲ့မျက်နှာနဲ ့ဖားယားပြီး သူ ့ကွန်ပြူတာ ပျက်နေတာကို ပြင်စေချင်အောင်ပြောရှာတယ်။ သူ ့မိန်းမက ကော်ဖီဖျော်တိုက်တယ်။ သူတို ့လိုချင်ရင် သူတို ့ပေးတဲ့ ဆားဗစ်ကတော့ မဆိုးပါဘူး။ ကျနော်လည်း ပြင်ပေးတယ်။ သူ ့အင်တာနက်ရအောင်ကျနော်ပဲ ဖုန်းဆက်ပြီး လုပ်ပေးတယ်။ ဒီလိုလုပ်ပေးလို ့ကိုမောင်အေးဆီက ပိုက်ဆံမရပါဘူး။ ကျနော်လည်း မလိုချင်ဘူး။ မြန်မာအချင်းချင်း ကူညီရတာပဲ။
ပညာအရည်အချင်းက သုံးလေးတန်းလောက်ပဲ နေဘူးတဲ့ ကိုမောင်တို ့ဇနီးမောင်နှံဟာ အခုဆိုရင် နောက်ဆုံးပေါ်ကားအသစ်ကြီးကို စီးပြီး တောက်ပသစ်လွင်နေတဲ့ အဝတ်အစားတွေနဲ ့ပျော်ရွှင်နေပါပြီ။ ရန်ကုန်က သူ ့သူငယ်ချင်းတွေ၊ မိဘတွေကို ဂျီတော့နဲ ့ပြောဆိုဆက်သွယ်နိုင်တဲ့အထိတောင် ကိုမောင်အေးတို ့ဇနီးမောင်နှံခေတ်မှီနေပါပြီ။
Samsung Galaxy SII လို ့ခေါ်တဲ့ နောက်ဆုံးပေါ် တယ်လီဖုန်းကို ကိုင်ပြီး၊ သိန်းရာကျော်လွှဲပေးလိုက်ပြီဆိုတဲ့ စကားကိုတောင် သူတို ့ပြောနိုင်ပြီ။
“နိုင်ငံရေးက အလကားပါဗျာ။ ဒီကောင်တွေ အုတ်ပျော်လုပ်တဲ့ဟာကိုများ ခင်ဗျားမို ့လို ့ဝါသနာပါတယ်”
“ဒါကတော့ဗျာ ကိုယ့်တိုင်းပြည်အရေးဆိုတော့ လုပ်ရမှာပေါ့”
“မြောက်ပိုင်းက လူသတ်ပွဲကို ခင်ဗျား ဖတ်မိလား”
ဘီယာသောက်နေရင်းနဲ ့သူ ့အမြင်ကို သိချင်လို ့မေးမိတယ်။ သူက-
“ဖတ်ရတယ်။ မိုးသီးနဲ ့နိုင်အောင်ဆိုတဲ့ကောင်တွေ အာဏာရှုးတွေပါဗျာ။ သူတို ့ကြောင့် သေရတာ”
” အဲလိုလည်း မဟုတ်လောက်ပါဘူး”
“ခင်ဗျားတို ့နိုင်ငံရေးက ရှုပ်ပါတယ်” ကိုမောင်အေးက စိတ်ပျက်တဲ့လေသံနဲ ့ပြောတယ်။
ဩစတျေးလျနိုင်ငံမှာ မြန်မာတွေစုပေါင်းပြီး ကထိန်၊ စတိတ်ရှိုး စတဲ့ပွဲလေးတွေကို တစ်ခါတလေ လုပ်ကြတယ်။ သူက ဒီလိုပွဲတော်တွေမှာတော့ သူ ့အရည်အချင်းကို ထုတ်ပြလေ့ရှိတယ်။ အဓိက ဦးဆောင်တဲ့လူလို ့လည်းပြောလို ့ရတယ်။ ကိုမောင်အေးရဲ ့ရောဂါက မိုက်ကိုင်ချင်တဲ့ရောဂါ။ ဘာပဲလုပ်လုပ် သူက နည်းနည်းလောက်တော့ ဆရာကြီးလုပ်ရမှာ ကျေနပ်တယ်။ ဗမာစာတောင် ဖြောင့်အောင်မရေးတက်ပေမဲ့ ဘုန်းကြီးကျောင်းကွန်းစတီကျူးရှင်းကိုလည်း သူဆွဲတယ်။ သူရေးတယ်။ တခါတလေကြရင် နိုင်ငံရေးစတိတ်မန် ့တွေတောင် သူရေးတယ်။ အသက်ကလည်းကြီးတော့ လူငယ်တွေက သူ ့ကို လေးလေးစားစားဆက်ဆံတယ်။သူက သူ ့ရွယ်တူ လူကြီးတွေနဲ ့မပေါင်းဘူး။ ပညာတက်တဲ့လူတွေနဲ ့လည်း သူမပေါင်းဘူး။ အဓိပေါင်းတာက လူငယ်တွေနဲ ့ဆိုတော့ သူ ့ရွှီးသမျှ ဖြစ်တာပေါ့။
မြန်မာပြည်မှာရှိတဲ့ အမျိုးတွေ အဆွေတွေကို ဘယ်လိုမျိုးများခေါ်လိုက်မသိဘူး။ အခုဆိုရင် သူ ့အမျိုးတွေက ဩစတျေးလျနိုင်ငံမှာ နည်းတာမဟုတ်ဘူး။ ရွာတစ်ရွာတောင် တည်လို ့ရနေပြီ။
အခုဆိုရင် မြန်မာပြည်နိုင်ငံရေးတိုက်ပွဲမှာ သေတဲ့သူ၊ ဒုက္ခတဖြစ်တဲ့သူ၊ ထောင်ကျတဲ့သူ၊ ဘဝပျက်တဲ့သူတွေရှိလည်း ကိုမောင်အေးကတော့ အေးဆေးဆေးပါပဲ။ ခေါင်းဆောင်တွေလည်း လက်မှတ်တွေထိုးကြနဲ ့။ ပြန်ပြီးတည့်ကြနဲ ့။ ဘယ်သူဘာပဲဖြစ်ဖြစ် ဒီကြားထဲကနေ အမြတ်ထွက်တဲ့ကိုမောင်အေးလို ့ပြောလို ့ရနေပြီ။ နိုင်ငံရေးကြောင့် ကိုမောင်အေး စင်ပေါ်မှာရောက်နေပါပြီ။
ကိုမောင်အေးအမြဲပြောနေကြစကားတစ်ခုရှိတယ်။ ဒါက “ငါ ABSDF ခေါင်းဆောင်အဖြစ် တာဝန်ယူတဲ့အချိန်တုန်းကပေါ့ကွာ…” ဆိုပြီး လူစိမ်းတွေရှေ ့မှာ ဟန်ပါပါနဲ ့ပြောလေ့ရှိတယ်။
တစ်ခါတလေ ကျနော် မှုးလာရင် ကျနော့် မိန်းမကိုဒီလိုပြောတယ်။
“ငါ့အိမ်ကို ဒီလိုကောင်မျိုးတွေ မလာစေနဲ ့”
One comment
chityimhtoo
February 13, 2012 at 11:13 am
ပြည်ပရောက်နိုင်ငံရေးသမားဆိုတာအရည်အချင်းမရှိတဲ့ သူတောင်းစား။ ABSDF ဆိုတာ လူသတ်သမား
နိုင်ငံထဲပြန်ဝင်မလာနဲ့ ….ကျုပ်တို့နိုင်ငံ (သန) တယ် ကျက်သရေယုတ်တယ်။