စိတ်ကူးနဲ့ လက်တွေ့…တက်တက်စင်အောင်လွှဲသည်…
မနေ့က ပြည်ထောင်စုနေ့…
ကျွန်တော်တို့ မန်းဂေဇက်အဖွဲ့သွားတွေစုပြီး…အလှူလုပ်ခဲ့တယ်…
သေသောသူတို့ ကူညီရာမှာပေါ့…
ဘာကြောင့်ပဲသေသေ…လူမျိုးမရွေး၊ ဘာသာမရွေး၊ သေပုံသေနည်းမရွေး အကူအညီပေးသောအဖွဲ့အစည်းကြီး
စည်းကမ်းသေသပ်ပြီး…မွန်မြတ်သောရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းထားတဲ့အသင်းအဖွဲ့…
အဲဒီအသင်းအဖွဲ့မှာ လှူဒါန်းခွင့်ရတဲ့အတွက်…အလှူလုပ်ဖြစ်အောင် အပင်ပန်းခံခဲ့တဲ့… အိတုန်း၊ AKKO၊ ကိုရွှေတိုက်စိုး၊ ကိုယ်တိုင်စီမံခဲ့တဲ့ အလှူပွဲကိုမပါဝင်နိုင်ခဲ့တဲ့ ET တို့ကို ပထမဆုံးကျေးဇူးတင်မိပါတယ်…
နောက်တစ်ခုက အဲဒီအသင်းကြီးဖြစ်မြောက်အောင် လမ်းညွှန်ခဲ့တဲ့ စာရေးဆရာကြီး ဦးသုခ၊ အနစ်နာခံပြီး အကောင်အထည်ဖော်ခဲ့တဲ့ ဦးကျော်သူနဲ့ အသင်းကြီးတည်တံ့ခိုင်မာအောင် အဖက်ဖက်ကနေပြီး ဝိုင်းဝန်းပံ့ပိုး ကျသော အသင်းဝင်လုပ်အားပေးသူများအားလုံးကို ဒီနေရာကနေပြီးတော့ ဂုဏ်ယူစွာ ဂါရဝပြုပါတယ်…
မန်းဂေဇက်က သူငယ်ချင်းတွေနဲ့ အပြင်မှာတွေ့ရမယ်ဆိုတော့…
ရင်ခုန်မိတာတော့အမှန်ပဲ…သူတို့တွေက ပုသလား၊ ရှည်သလား၊ ပိန်းသလား၊ ဝသလား၊ ဖြူသလား၊ မဲသလား ဘာတစ်ခုမှမသိပဲနဲ့ အလှူအတွက် ဖြူစင်တဲ့လှူချင်စိတ်လေးတစ်ခုထည်းနဲ့ စုပေါင်းလှူဖြစ်ကြတယ်…
တွေ့ဆုံဖြစ်ခဲ့ကြတယ်…
ဒီလိုတွေ့ဆုံဖြစ်အောင်…နေရာလေးတစ်ခုဖန်တီးပေးခဲ့တဲ့ KAI (သူကြီး) ကိုလဲ ဒီနေရာကနေ ကျေးဇူးတင် ကြောင်း မဖြစ်မနေထည့်ပြောရပါမယ်…
ရွာထဲကလူတွေကို အပြင်မှာမတွေ့ခင်…စိတ်ကူးပုံဖော်ကြည့်ခဲ့တယ်…
အရင်ဆုံး Etone နဲ့ AKKO ပေါ့…
Etone ပြောပြလို့ စကားနည်းပြီး အေးတယ်ဆိုတဲ့ AKKO အကြောင်းကျွန်တော်ကြားခဲ့ဖူးပြီးသားပေါ့…
ကျွန်တော့်စိတ်ကူးထဲမှာ စကားပြောသွက်ပြီး ကက်ကက်လန်အောင်ရန်တွေ့တတ်တဲ့ Etone ကို အရပ်ပုပု ဖြူဖြူသေးသေး မျက်လုံးပြူပြူးလေးနဲ့ ကောင်မလေးလို့ ထင်မိတယ်…
အဲဒီလိုပဲ AKKO ကိုလဲ ပိန်ပိန်နဲ့ တရုတ်အသားဖြူဖြူလေး စာကြမ်းပိုးတစ်ယောက်လို့ စိတ်ကူးထဲ ပုံဖော် မိပြန်ရော…
အဲဒီမှာ တက်တက်စင်အောင်လွဲတော့တာပဲ…
AKKO က လူကြီးဆန်ဆန် ဆရာဝန်တစ်ယောက်ဆိုတာထက် စီးပွားရေးသမားတစ်ယောက်လို ပုံစံမျိုး ပိုင်ဆိုင်ထားတဲ့သူ Etone ပြောတော့ အေးတယ်တဲ့…ကျွန်တော့်ကိုတော့ လက်တို့ အင်တားဗျူးသွားသေး…
တစ်ရက်ရက်မှ Etone မပါပဲ အပြင်မှာ ဆွေးနွေးကြတာပေါ့ဗျာ…
Etone… ကျွန်တော့်အထင်နဲ့ အမြင် လုံးလုံးလွဲပါတယ်…
ရိုးရိုးချည်ထည်လေးနဲ့ မျက်မှာအေးအေးလေးကို ပိုင်ဆိုင်ထားတဲ့ (ဆုန်သင်းပါရ်နဲ့တူတယ်လို့ပြောကြတယ်) Etone က ကျွန်တော့် စိတ်ကူးထဲက Etone နဲ့ လားလားမှမသက်ဆိုင်လောက်အောင် လွဲနေပါတယ်…
နောက်တစ်ယောက် မန်းဂေဇက်ရဲ့ တံခါးမှူးကြီး ဦးဘလက်….အခုထက်အထိတော့ ပျောက်နေတုန်းပဲ…
ဝင်လာလာချင်း ကျွန်တော်သူ့ကို တွေ့ပါတယ်… ဦးဘလက်လို့ကိုမထင်မိတာအမှန်ပါ…
ကျွန်တော့်အတွေးထဲက ဦးဘလက်က ခန့်ခန့်ညားညားနဲ့ ရှေးရိုးနဲနဲဆန်တဲ့လူကြီးလို့ထင်ပေမယ့်… အပြင်မှာ အိုကလေမျက်မှန်အနက်ကြီးတပ်လို့ပဲများတဲ့တံခါးမှူးကြီးဖြစ်မှန်းမသိဖြစ်နေပြန်ရော…
သူ့ရဲ့ (၁၃)နှစ်မြောက်အထိန်းအမှတ်အတွက် အအေးတိုက်ပြီး မေတ္တာတွေခံယူသွားသေးတယ်ဗျာ…
နောက်တစ်ယောက် ရွှေထိုက်စိုး…
ဘုရင်ခေတ်က ရွှေတိုက်စိုးဆိုတာ ဗလကောင်းကောင်း အသားညိုညိုနဲ့ အားကိုးချင်စရာရုပ်ရည်ရှိမယ်လို့ စိတ်ကူးထားပေမယ်…တွေ့လိုက်ရတဲ့အချိန်အမှာ ရွှေတိုက်စိုးကြီးကိုယ်တိုင်က အုပ်ထိန်းသူနဲ့ရောက်လာခဲ့ရတာ ဆိုတော့ ကျွန်တော့်အတွေးတွေ ထပ်အလွဲပြန်ပေါ့…
နောက်တစ်ယောက်က သူရ…နောက်မှာနံပတ်တွေအများကြီးပါတဲ့သူ….
ကျွန်တော်မေးတယ် အဲဒီနံပါတ်တွေက ဘာတွေလဲလို့….သူမဖြေဘူးဗျ…လျှို့ဝှက်ချက်တစ်ခုခုတော့ရှိရမယ်…
သူရကို စိတ်ထဲမှာ အကောင်သေးသေးအသားဖြူဖြူနဲ့ မျက်နှာပြောင်မယ့်ပုံလို့ထင်ပေမယ့် တကယ်တွေ့ရတော့ ဗမာပီပီ အသားညိုညိုလေးနဲ့ ရီစရာပြောတတ်တဲ့သူပါ…
ခက်တာက သူကုတင်မမြင်ဖူးတာပါပဲ…
မသဲနုအေး၊ အန်တီပဒုမာတို့ကိုတွေ့လိုက်ရတော့ ပျော်မိပါတယ်… ပဒုမာကို အသက်ငယ်ငယ် ကျွန်တော်တို့နဲ့ မတိမ်းမယိမ်းလို့ ထင်မိပေမယ့်…တကယ်တွေ့တော့မှ ကျွန်တော်တို့ ထိုင်ကန် တော့ရမယ့် အရွယ်ပါလားဆိုပြီး…အံဩမိတယ်ဗျာ…အန်တီရေ…ကားတော့မြန်မြန်မောင်းနော်…
တကယ်တော့ အန်တီပဒုမာကို ဒီနေ့ Etone ပြောမှ သိတာပါ…
ကျွန်တော့်စာတွေဖတ်ပြီး အမြဲရီတတ်တဲ့ မသဲနုအေးကတော့ ပိန်ပိန်ပါးပါးလို့ထင်ပေမယ့်…အင်အားရှိရှိ ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့်နဲ့ပါဗျား…
ပေါက်ဖော်လို့ မိတ်ဆက်ပေးမှ…စိတ်ကူးထဲက ဝဝတုတ်တုတ်နဲ့ အရက်ပုလင်းဒရွတ်တိုက်ဆွဲနေတဲ့ စိတ်ပေါက်ပေါက်က ပိန်ပိန်နဲ့ ပန့်စတိုင်လေးဖြစ်နေတာကိုက တမျိုးဆန်းဆန်းနေသလိုပဲ…
ဦးဖက်တီးကတော့ နာမည်နဲ့ လူနဲ့အလိုက်ဆုံးဗျာ…ကျွန်တော့်စိတ်ကူးထဲ မျက်မှန်သေးသေးလေးမပါတာကလွဲ ရင် အတူဆုံးပဲ…
နောက် နွယ်ပင်….
သူ့ Post တွေဖတ်ရင်း ပိန်ပိန်ပါးပါး၊ ဆံပင်ရှည်ရှည်နဲ့ အရပ်ရှည်ရှည်ရိုးရိုးအေးအေးလေးလို့ ထင်ထားပေမယ့်… အပြင်မှာ နွယ်ပင်တွေလို ဆံပင်ကောက်ကောက်နဲ့ အလှပြင်တတ်တဲ့ ကောင်မလေးပါလားလို့ စဉ်းစားမိသေးတယ်…
ချာတူးလန်ကို ယောကျင်္ားလေးလို့ ထင်ထားတာ…တကယ်လဲတွေ့ရော….ဟုတ်ဘူးဗျ…
ပုံစံက သွက်သွက်လက်လက်နဲ့ စိတ်ရင်းကောင်းပြီး Bright ဖြစ်မယ့်ပုံစံမျိုးပါ…ဘယ်နားသွားပြီး ချာတူးလန်နေ တုန်းကွယ်…
သေချာစဉ်းစားတိုင်း ကျွန်တော်အတွေးထဲက ပုံစံတွေနဲ့ အပြင်က ပုံစံတွေလွဲပြီးရင်းလွဲနေတုန်းပါပဲ…
မမျှော်လင့်ထားပဲတွေ့လိုက်ရတဲ့သူငယ်ချင်းတွေကိုတော့…
အဲဒီလိုနဲ့ တစ်ယောက်ချင်းစီတွေး….ဦးဘလက်ရဲ့အအေးတွေသောက်ပြီ…
ထမင်းကျွေးမလား စောင့်ရင်း ထမင်းမစားရပဲ လူစုခွဲပြီး အိမ်ပြန်ကြရပါတော့တယ်….
နောက်တစ်ခေါက်ထပ်ဆုံကြဦးမယ်ကွယ်…ဒီထက်လူတွေစုံအောင်တွေ့ရမယ်လို့ မျှော်လင့်ပါတယ်…
25 comments
Shwe Tike Soe
February 13, 2012 at 1:11 pm
အော် ကိုဖက်ကပ်ရယ် ပြောပါတော့လား ထမင်းကျွေးမလားစောင့်နေရှာတာ.. ဒါမှန်းသိ အဲဒီကန်တင်း က တစ်ခါပြင် ၆၀ဝ တန်ကို ပိုးစိုးပက်စက်ဝယ်ကျွေးပါတယ်… ဟဲဟဲဟဲ
သိဘူးလေ သူပုံကြည့်ရတာ ဝနေတယ်ထင်လို. ဒီက ဝယ်မကျွေးတာပါ…
နောက်တစ်ခါတွေ.ရင် ထမင်းချိုင့်ဆွဲလာမယ်နော်………. ဟိဟိ 😛
Thel Nu Aye
February 13, 2012 at 1:28 pm
ဟယ်ဖက်ကက်ရယ်။ ပြောရက်လိုက်တာ။ အားလုံးကသများကို ဖက်ကက်နဲ့မတိမ်းမယိမ်းလို့ထင်ကုန်တော့မှာပဲ။ စုတ်ခစုတ်ခ
Thel Nu Aye
February 13, 2012 at 1:31 pm
ဝတာပြောပါတယ်။ သဂျီးရဲ့ edit programme မရှိတော့လဲစုတ်ခစုတ်ခ။
etone
February 13, 2012 at 1:29 pm
အဲ … အန်ကယ်ဖက်တီးကတ်ရယ် … ဗိုက်ဆာလည်းပြောပါရော့လား …. ။
ချွေးတွေထွက်လွန်းလို့ … ဗိုက်ဆာသွားတာဖြစ်မယ် …. ။ 😀
Thel Nu Aye
February 13, 2012 at 1:36 pm
ပြောချင်းပြောသူ့စက်ဘီးကအရင်ပြောရမယ်ထင်တယ်။
blackchaw
February 13, 2012 at 1:34 pm
ဖက်တီးကက်ရေ။
ခင်ဗျားက နာမည်နဲ့ လူနဲ့ လိုက်ပါတယ်။
တကယ်ပဲ ခင်ဗျား ပြိုင်ကားလေးကိုကြည့်ပြီး ကျွန်တော် လည်း
ပြိုင်ကားစီးချင် စိတ်ပေါက်မိပါတယ်။
ထမင်း စားချင်တာများ ပြောတာ မဟုတ်ဘူး။
ကြိုက်တဲ့ဟင်းနဲ့ စား
မြန်မာငွေ ၆၀ဝ ကျပ်ပဲ ကျပါတယ်။
အားရင် ဖုန်းဆက်လိုက်ဗျာ။
အမှတ်တရဖြစ်အောင် ကိုကျော်သူ တို့ ကင်တင်းန်း မှာ လိုက်ကျွေးဦးမယ်။
ဟင်း လေးငါးမျိုးနဲ့။ အဝစားလေ။ 😛 😛 😛
thuyazaw21451
February 13, 2012 at 1:34 pm
ဒါကြောင့် ကိုဖက်ကပ်ကို မအိတုံကကြောက်တာကိုး………. ဘယ်သူက ဘယ်တစ်ယောက်ပါ ဘာလေးနဲ့ဆိုပြီး လက်ထောက်ပြီး မပြဘဲနဲ့တောင် လူကို မှန်းဆပြီး ကြည့်ရှုလို့ရနိုင်ပါပီ……… တော်ပါပေတယ် ကိုဖက်ကပ်ရယ်………..ကျွန်ုပ်သူရဇော်ထပ်မံအကြံပေးလိုသည်မှ လာရောက်သည့် အထဲတွင် မပါရှိသေးသောသူများ ကျန်ရှိနေပါသေးတယ်………. မည်သူမည်ဝါတွေဆိုတာ ကိုဖက်ကပ် ထပ်မံဖြည့်သင့်ပါကြောင်း……………………..
Rose Minn
February 13, 2012 at 2:02 pm
-တကယ် rose လဲချာတူးလန်ကို ကောင်မလေးထင်နေတာ။ မြင်ရတော့ ကောင်မလေး သွက်သွက်ကလေး တွေ့ရတယ်။
– အမတ်မင်းကိုလဲ ဦးလေးကြီးပေါ့ ခန်ခန့်ဝဝကြီးပေါ့ (ရှေးရှေးက ဝန်မင်းပုံစံ) :D. အခုတော့လူငယ်လေး မျက်မှန်လေးနဲ့ဗျာ။
-ပန်ပန်ဆိုတက ဆုပန်ထွာပုံနဲ့ အထင်မမှားလိုက်လေနဲ့။ ကိုရီးယားမင်းသမီးပုံမျိုးမျက်မှန်လေးနဲပဲ။ ဆံပင်က ကိုရွှေထူး (ပြည်)ထဲက ကာတွန်းကောင်မလေးတွေရဲ့ဆံပင်ပုံမျိုး။
FattyCat
February 13, 2012 at 2:10 pm
ကျွန်တော့လိုပြိုင်ကားစီးချင်ရင် ဦးဘလက်ရယ်…လုပ်လိုက်လေ…တူတူစီးကြတာပေါ့…
အစစအရာရာကူညီပေးမယ်လေ…
ဦးဘလက်နဲ့ ကျွန်တော် ပြိုင်ကား တစ်ယောက်တစ်စီးစီနဲ့ ဦးကျော်သူတို့ ကန်တင်းမှာသွားစားကြမယ်လေ…
ကိုသူရရေ-
ကျွန်တော် ထွက်မလာခင် စိတ်ထဲမှာ ပုံဖော်ကြည့်တဲ့အကြောင်းရေးထားတာဗျ…
ရွာထဲမှာ ကျွန်တော်သတိထားမိတဲ့သူတွေနဲ့ ကျွန်တော့စိတ်ထဲမှာ ပုံဖော်ကြည့်မိထားတဲ့သူတွေအကြောင်း
ရေးထားတာဗျ…အားလုံးအကြောင်းတော့မဟုတ်ဘူး….
ဥပမာ..အန်တီပဒုမ္မာကို သူ့နောက်ဆုံးကားမောင်းတဲ့အကြောင်းရေးမှ အရင်းနီးသွားတာလေ…
အဲဒီတော့ ရင်းနီးတဲ့သူတွေကို စိတ်ကူးနဲ့ ပုံဖော်ထားပြီး အပြင်မှာတွေ့တော့ လွဲတဲ့အကြောင်းရေးထားတာပါ….
စိတ်မကူးမိတဲ့သူတွေကျတော့…တွေ့တဲ့ပုံစံကိုပဲ မှတ်ထားလိုက်တာပေါ့…
ကိုလင်လု အဲ….မှားလို့ ကိုလုလင် ကျတော့…ဒီပုံစံက ကိုလုလင်ပဲဆိုပြီး မှတ်ထားလိုက်တာ
(နောက်များ အပြင်မှာတွေ့ရင် ပိုက်ဆံချေးလို့ရတာပေါ့…)
ခင်တဲ့-
ကြောင်ဝတုတ်
Thel Nu Aye
February 13, 2012 at 3:20 pm
မနေ့ကဖက်ဖက်ကက်ကိုမြင်ပြီးမှ ”ကျွန်ုပ်နှင့် ဟယ်လီကော်ပတာ စွန့်စားခန်း” ပိုစ့်ကိုပြန်ဖတ်တာ ရွှံထဲကိုပိုးလိုးမှောက်ခုံကျသွားသော ဖက်ဖက်ကက်ကိုမြင်ယောင်ကြည့်ပြီး ခွက်ထိုးခွက်မှောက်။ အူလှိုက်တကိုယ်လုံးလှိုက်။ ပိုးစိုးပက်စက်ရီသွားပါကြောင်း။
စကားအတင်းစပ်။ ပထမတုန်းကဖတ်ပြီးဘာမန့်ရမှန်းမသိလို့လူမြင်ပြီးမှမန့်သွားပါကြောင်း
စိန်ပေါက်ပေါက်
February 13, 2012 at 2:40 pm
ပြိုင်ကားမောင်းရင် သတိထားမောင်းဦးဗျ
စတစ်ကာအမဲတွေလဲ ခွါလိုက်ဦး
နိုက်ထရိုဂျင်တွေလဲ စွတ်မဖွင့်နဲ ့ဦး..
ဪ..
ပြောရဦးမယ်..
ခြေနင်းခုံတွေလဲ အမဲဆီထည့်ဦး
နွယ်ပင်
February 13, 2012 at 3:04 pm
” နွယ်ပင်…. သူ့ Post တွေဖတ်ရင်း ပိန်ပိန်ပါးပါး၊ ဆံပင်ရှည်ရှည်နဲ့ အရပ်ရှည်ရှည်ရိုးရိုးအေးအေးလေးလို့ ထင်ထားပေမယ့်… အပြင်မှာ နွယ်ပင်တွေလို ဆံပင်ကောက်ကောက်နဲ့ အလှပြင်တတ်တဲ့ ကောင်မလေးပါလားလို့ စဉ်းစားမိသေးတယ်… ” ဦဖက်တီးကတ် ပြောတော့မယ် နွယ်ပင်က ဒီလောက်အလှပြင်ထားတာ မဟုတ်ပါဘူးနော် နဂိုရုပ်ခံကိုက ဒီလိုဖြစ်နေတာ နေမှာ ……. 😀
အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ၊ သီရိပျံချီ KING
February 13, 2012 at 3:32 pm
ဆက်သွယ်ရေးက ဖုန်းဆိုင်ဘေးမှာ ထိုင်နေကတည်းက ဂေဇက်က ရွာသူလို့ ထင်သား ….
မိန်းကလေး လှလှလေးဆိုတော့ သွားလည်းမိတ်မဆက်ရဲ ….
ထင်တော့ ထင်ပါတယ် နာမည်ကြီးထဲက တစ်ယောက်ဖြစ်မယ်ဆိုတာ
နောက်တစ်ခါ နှစ်ယောက်တွဲတွေ့တော့မှ ပိုက်ဆံချေး အဲ မိတ်ဆက်ပါတော့မယ် မနွယ်ပင်ရေ … 😛
Thel Nu Aye
February 13, 2012 at 3:43 pm
အဲဒီအချိန်တုန်းကအားလုံးဟိုကြည့်ဒီကြည့်တွေချည်းပါပဲ။ ကျွန်မကိုတောင် အန်တီပဒုမာ လာခေါ်လို့။
aungnng87
February 13, 2012 at 3:08 pm
ဓါတ်ပုံလေးပါတင်ထားပေးလိုက်ရင်ပိုကောင်းမှာ။ တိတိကျကျုမြင်ဘူးသွားတာပေါ့.။ဟင့်…ကပ်စေးနှဲ…
FattyCat
February 13, 2012 at 4:18 pm
နွယ်ပင်တစ်ယောက် ဆက်သွယ်ရေး PCO ဖုန်းဆိုင်နားတွင်ထိုင်နေသည်။
ကင်းတစ်ယောက် မယောင်မလည်ဖြင့် အနားကပ်သွားသည်။
စိတ်ထဲတွင် ဒွိဟဖြစ်နေသည်။
သွားခေါ်ရင်ကောင်းမလား၊ မကောင်းဘူးလား အတော်အတန်ကြာအောင်စဉ်းစားသည်။
နောက်ဆုံး ဆုံးဖြတ်ချက်ချလိုက်သည်။ ကောင်မလေးအနားကပ်လိုက်သည်။ ရှိသမျှ အားကုန်ယူလိုက်သည်။
စကားစပြောလိုက်သည်။
KING: ရွာထဲကလား?
နွယ်ပင်: ရှင်ဘာစကားပြောတာလဲ ဒီရုပ်နဲ့ဒီရုပ်ရွာသူဖြစ်မလား…မြို့သူရှင့်၊ မြို့သူစစ်စစ်
ဖြန်း…..
KING အဝေးသို့ ပါးလေးအုပ်ခါထွက်သွားသည်။ နောက်တစ်ခါ ဘယ်တော့မှ ဒီမေးခွန်းကိုမမေးတော့ရန်
ဆုံးဖြတ်လိုက်သည်။
” ရွာထဲကလား?”
ခင်တဲ့
ကြောင်ဝတုတ်
အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ၊ သီရိပျံချီ KING
February 13, 2012 at 4:27 pm
အားးးးးးးး
အခုထိ နာနေတုန်းပဲ
ကိုရီးယားကလားလို့ မေးလိုက်ရမှာ
အဲဒါဆိုရင် မုန့်တောင်စားချင်စားရမှာ
ခုတော့ အား … ကျွတ်… ကျွတ် … နာလိုက်တာ
ကိုအာဂကိုတွေ့တော့မှာ လက်စားချေတဲ့အနေနဲ့ မူးအောင်တိုက်လွှတ်လိုက်မယ် ဘာရမလဲ … ဒါမှ ဟွန်း ဟွန်း … 😛
နွယ်ပင်
February 14, 2012 at 9:24 am
အဲ့တုန်းက နွယ်ပင်လည်း နေပူကြီးထဲ ရပ်စောင့်နေရမှာဆိုးလို့
PCO ကအစ်မကြီးကို စကားရောဖောရောနဲ့ပြောပြီး သူ့ဘေးမှာ ထိုင်စောင့်နေတာ
မောင်ကင်းရေ ရွာသူလားလို့ လာမေးလို့ရပါတယ်နော် စိတ်မဆိုးပါဘူး
ကိုအာဂကို လက်စားချေတဲ့အနေနဲ့ မူးအောင်တိုက်လွှတ်လိုက်မယ် ဆိုရင်တော့
သူက ဒီလက်စားချေနည်းကို တော်တော်လေးကိုကြိုက်မှာကျိန်းသေတယ်
ခဏခဏ လက်စားချေပါလို့ ပြောရင်တော့ နွယ်ပင်နဲ့ မဆိုင်ဘူးနော် ……… 😛
padonmar
February 13, 2012 at 9:42 pm
ဂေါ်ဇီလာဝတုတ် အဲမှားလို့ ကြောင်ဝတုတ်ရယ် အန်တီချင်းမိုးမွှန်အောင်ရေးထားတာတောင် ငယ်ငယ်လေး ထင်ခဲ့ရသေးလား၊
Copper ပေါ်ကနေ ရွှံ့ထဲ ထပ်တွန်းချလိုက်အုံးမှပဲ။:D
Khin Latt
February 13, 2012 at 10:09 pm
ကြောင်ဝ လေးက တကယ် ဘဲ ချစ်ဖို့ကောင်းပါ၏။
သဲနု လိုဘဲ အရီးလဲ ”ကျွန်ုပ်နှင့် ဟယ်လီကော်ပတာ စွန့်စားခန်း” က ပုံ ကို မြင်ယောင်၍ သူ့ အရှေ့ က တစ်ယောက်ယောက် ပေါ်ကို သူများ ထပ် ကျလိုက်ရင်တော့ မတွေးရဲ။
သို့သော် သူ့ အပေါ် ကျလိုက် ရင်တော့ အဲဒီကျလာ သူဟာ ဇိမ်ဘဲ ဖြစ်မလား လို့ တွေး ရင်း ပြုံးနေပါ၏။
နောက်တာနော်။ စိတ်အဆိုးနဲ့။ 😉
MaMa
February 13, 2012 at 10:49 pm
ကြောင်ဝတုတ်ကိုလည်း ”ကျွန်ုပ်နှင့် ဟယ်လီကော်ပတာ စွန့်စားခန်း” က chopper ပေါ်က ခုန်ဆင်းတယ်ပြောလို့ ပိန်ပိန်ပါးပါး ဖြစ်မယ် ထင်ထားတာ 😀
koyinmaung
February 13, 2012 at 11:19 pm
မမရေ…အယင်ကကြောင်ပိန်ပိန်ပါ
ခုလောက်ကြီးဝနေယင်ဟယ်လီကော်ပတာ
ကောင်းကင်ပေါ်တက်လို့ဘယ်ရမှာလဲ
ကြောင်ဝတုတ်ပြောပြမှတို့ရွာသူားတွေကို
နံမည်နဲ့လူတွဲပြီးသိရတော့တယ်
အားလုံးချောကြပါတယ်ဗျာ
ခုလိုစည်းစည်းလုံးလုံးပျော်ပျော်ရွင်ရွင်နဲ့
ရွာသူရွာသားများကိုတွေ့ရတာ
ကြည်နူးမိပါတယ်…….
FattyCat
February 14, 2012 at 9:53 am
လက်စားချေတဲ့ပုံပြင်ပြောပြမယ်…KING ရေ…
တစ်ခါတုန်းက ရထားစီးတော့ ယောင်္ကျားတစ်ယောက်နဲ့ မိန်းမတစ်ယောက် အိပ်စင်မှအတူကျတယ်တဲ့…
ညဘက်ကျတော့ မိန်းမဆီကနေပြီး ရှိုက်သံသဲ့သဲ့ကြားရတယ်…
အဲဒါနဲ့ ယောင်္ကျားလုပ်တဲ့လူက မေးတယ်တဲ့…ဘာဖြစ်လို့ငိုတာလဲလို့မေးတော့…
မိန်းမက သူ့လင်ယောင်္ကျားက သူမရှိရင် ဖောက်ပြန်မှာဆိုပြီး ဆက်ငိုတယ်တဲ့…
အဲဒါနဲ့ ယောင်္ကျားကလဲပြောတယ်…သူ့မယားလဲ သူမရှိရင် ဖောက်ပြန်မှာသိသိနဲ့ မတတ်သာလို့ ခရီးထွက်လာတာပါလို့ပြောပြန်ရော…
နောက်တော့ သူတို့နှစ်ယောက် သဘောတူ လက်စားချေတဲ့အနေနဲ့ ဖောက်ပြန်လိုက်တယ်တဲ့….
KING ရေ-
ဘာပဲဖြစ်ဖြစ်….
ကိုအာဂနဲ့တော့ လက်စားမချေနဲ့ဗျာ….
ဆူး
February 14, 2012 at 10:33 am
ကြောင်ဝတုတ်လို့ နာမည် ပေးတဲ့ အတိုင်း ပုံထဲမှာလည်း အဲဒီလိုလေးပဲနော်..
စာထဲမှာနဲ့ အပြင်မှာ တကယ် လွဲတာ..
ပထမဆုံး အကြိမ် အီးတုံး ကို မြင်တော့ တော်တော် ချောတဲ့ ကောင်မလေးပါလားလို့ အံဩမိတယ်။
ဦးဖော ကလည်း အဘ အဘ နဲ့ မြင်တော့ တော်တော် နုနေလို့… ထင်တောင် မထင်ဘူး..
ရွာသူားတွေ အားလုံး အပြင်မှာလည်း ခင်ဖို့ ကောင်းပါတယ်။
ဒီတခါတော့ အလုပ်တွေ များနေလို့ မလိုက်နိုင်ခဲ့ဘူး။
နောက် တခေါက်တော့ လိုက်နိုင်အောင် ကြိုးစားပါအုန်းမယ်။
jujuma
February 14, 2012 at 11:02 am
အား လုံး ထဲ မှာ အမှတ်မိဆုံးကတော့ ကြောင်ဝတုတ်ပါပဲ ..
သူများနဲ့ မတူ တစ်မူထူးခြားနေလေတော့ ..ဟိဟိ