(၂၉)ကြိမ်မြောက် အာစရိယပူဇော်ပွဲသို့ ထိတွေ့ပူဇော်ခံခွင့်မရရှာတဲ့ ဆရာတော်အား ပူဇော်ခြင်း
“နေမင်းကြတ်တဲ့နေ့”
အလင်းရောင် ကွယ်ပျောက်
ညရောက်သလို
စိမ်းစိုနေတဲ့ သစ်ရွက်တွေလည်း
မွဲမွဲခြောက်ခြောက် အရောင်ပျောက်ကွယ်
အမှောင်အောက်ဝယ်
ငှက်ငယ်တွေ တေးသံပိတ်
တိတ်ဆိတ်အေးစက်
အမှောင်လက် ဖြည်းဖြည်းကျယ်ပြန့်
စိတ်မသန့်အောင် များလားကွယ်….။
တကယ်က – “လ” ဆိုတာ..
“နေ”ထက်သေးငယ်၊
ပေးကွယ် လို့ရလည်း….
ခဏပဲလေ…
အလင်းရောင်ပျောက်၊ မွဲခြောက်သွားလည်း
အမြဲရှိတဲ့ သစ်ရွက်ရောင်က စိမ်းမြမြပါ…
ငှက်တွေဆိုတာ…အစာရှာရင်း
တေးချင်းသီကြ၊ သဘာဝဖို့…
တားထားလို့လည်း – မရဘဲကွယ်….
စိတ်မငယ်နဲ့
ပိတ်ကွယ်တဲ့ “လ”ကြောင့် – တဒင်္ဂအဆင်းမှေးလည်း
အလင်းပေးတဲ့ နေမင်းဟာ ရှိ“အမြဲ”မို့..
ဒေါင်းယာဉ်သာလျှင်..
ကောင်းကင်ပြာလွင်အောက်မှာ…
ကမ္ဘာတစ်ခွင်စိမ်းလန်း၊ ထာဝစဉ်ငြိမ်းချမ်း
ပျော်ရွှင်ခြင်း-ချစ်ခင်ခြင်း-ပန်းပွင့်တွေနဲ့
“တို့ကမ္ဘာ”လျှမ်းတင့်နေမယ့်နေ့ကို
ရည်စူးရင်းကြည်နူးခြင်းနဲ့
တွေးတွေးဆဆ၊ ဖေးဖေးမမ
လောကအလှ ဆင်နေရအောင်….။
အပြာရောင်နှင်း(၁၄-၂-၂၀၁၀)၊
တနင်္ဂနွေနေ့။
One comment
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
February 18, 2012 at 7:55 pm
နေမင်းကြတ်တဲ့နေ ့က ဘယ်ဆရာတော်အတွက်ရည်စူးပါသလဲဗျာ။တခုမှမသိရလို ့ပါ။
ကျေးဇူးတင်ပါတယ်။