Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ယာဉ်မောင်းလိုင်စင် မပါလည်းရမယ်ထင်တယ်…

Ko out of...February 16, 20121min4789

လူတွေကားမောင်းတဲ့
အခါ …

နံပါတ်တစ် ကားမောင်းတတ်ဖို့ အရင်သင်မှာလား….

ယဉ်မောင်း လိုင်စင်အရင်လုပ်မလား….

တကယ်တော့ ကားမောင်းတတ်ပြီးမှ လိုင်စင်တွေလုပ်ကြမှာပါ…

လိုင်စင်ဆိုတာ စည်ကမ်းသတ်မှတ်ချက်တွေဘဲ…

အဲတော့ တောရွှာတွေမှာ ဆိုင်ကယ်လိုင်စင် ယာဉ်မောင်းလိုင်စင် မရှိဘဲ
မောင်းနေကြတယ် မဟုတ်လား ..

ဒီလိုင်စင်တွေ မရှိရင် ယာဉ်တိုက်မှုတွေဖြစ်ကုန်တော့မှာဘဲ ဆိုပြီး
မစိုးရိမ်ပါနဲ့ ဘယ်သူကမှ ချောက်ထဲ ၊မီးပုံထဲ၊ အုတ်နှံရံဝင်တိုက်ပြီး
မမောင်းပါဘူး…

ဒီလိုနဲ့ တဖြည်းဖြည်းရွှာကကြီးလာပြီး လူလည်းများ ကား၊ဆိုင်ကယ်လည်းများ
လာတော့ ယာဉ်တိုက်မှုတွေ၊ပြသနာတွေ ဖြစ်လာလို့ စည်းကမ်းထုတ်မှ ရမယ်ဆိုပြီး
ဥပဒေ စည်းကမ်းဆိုတာ ပေါ်လာရတယ်..

စည်းကမ်းဆိုတာ လွန်လွန်ကျူးကျူးမောင်းတဲ့ လူတွေအတွက်ပါ
ကိုယ်ကလွန်လွန်ကျူးကျူး မမောင်းဘူးဆိုရင် စည်းကမ်းဆိုတာ လူကောင်းတွေအတွက်
မဆိုင်ဘူးလို့ပြောရင်တောင်ရပါတယ်..

အဲဒီ ဥပဒေစည်းကမ်း မပေါ်ခင်က အဲဒီရွှာ ကလေးရဲ့ အဖြစ်လေးကို နည်းနည်းလေး
လှမ်းပြီးမြင် ကြည့်ပါ…

တရားဆိုတာ ဘယ်လိုလဲလို့ စဉ်းစားလို့ရအောင် ဥပမာ ပေးကြည့်တာပါ..

မြတ်စွာဘုရားလက်ထက်မှာ .. ဝါနှစ်ဆယ်လုံးလုံး ဩဝါဒပါတိမောက်မှာပါတဲ့..
အဆုံးအမနဲ့ဘဲ နေခဲ့ပါတယ်. အဲ ဒီအဆုံးအမကတော့ (မကောင်းမှုရှောင် ကောင်းမှုဆောင်ဖြူအောင် စိတ်ကိုထားတဲ့)

ပြောချင်တာက ဝါနှစ်ဆယ်လုံးလုံး ဝိနည်းဥပဒေဆိုတာ မရှိခဲ့သေးပါဘူး… နောက်ပိုင်း ဝါနှစ်ဆယ်ကျော်ပြီးမှ..

အခွင့်အရေးသမားတွေ (လာဘ၊သကာယ၊သိလောက) ..တွေမြင်ပြီး တဖြည်းဖြည်း ဝင်လာတဲ့
လူတွေများလာပြီး

ဘုရားက ဝိနည်းဥပဒေတွေ သတ်မှတ်ရပါတယ်…

ဒါတောင်မှ ဘုရားက ဘာမှပြသနာမဖြစ်ရင် ဝိနည်းဥပဒေကို ကြိုပြီးတော့
သတ်မှတ်ခြင်းမရှိဘူး…

ဘုရားဘဲ… လူတွေမသိခင် ကြိုပြီးသတ်မှတ်ပါလား လို့မေးမယ်ဆိုရင် အနာမဖြစ်ခင်
ဘုရားဟာ ကြိုတင်ပြီး ဘယ်တော့မှာ အနာကိုမခွဲဘူး… ဘုရားဟာ ငါဘုရားဘဲ၊ ငါ အကုန်လုံးသိတယ် လို့မပြောဘူးနော…ငါကြိုက်တာ သတ်မှတ် မယ်လို့လည်း မပြောဘူး…

ပြောချင်တာက … တရားဆိုတာ လူတစ်ဦးချင်းရဲ့ ကာယ၊ဝစီ၊ မနော တွေလွန်ကျူးမှုတွေဖြင့်ရင်
လောကကြီးအတွက်ဘယ်လောက် ညစ်ထေးသွားစေတယ်ဆိုတာကို ညွှန်ပြတဲ့ အရာဖြစ်တဲ့
အတွက် တရားရှိတဲ့ လူဟာ လူတွေထုတ်ပြန်တဲ့ ဥပဒေနဲ့
မဆိုင်ဘူး. ဒါဖြင့်ရင် မင်းဟာဥပဒေ ကိုလိုက်မနာသူပေါ့ လို့မေးရင် တရားဟာ
ကံသုံးပါးလွန်ကျူးမှု မဖြစ်အောင်ညွှန်ပြနေမှတော့ လွန်ကျုးမှု မဖြစ်တော့တဲ့
လူအတွက် လူတွေထုတ်ပြန်တဲ့ ဥပဒေစည်းကမ်းဟာ ကိုယ်နဲ့ မဆိုင်ဘူးလို့
ပြောရတော့မှာပေါ့…

သူများကိုသွားဆဲ၊ သွားထိုးကြည့်ပါလား ဥပဒေအရ တရားစွဲမှာပေါ့။ တရားဆိုတာ ကိုယ်က
ကံသုံးပါးကို မလွန်ကျူးမှ တော့ ဥပဒေလည်း ဘာကိုကြည့်ပြီးတရားစွဲ မလဲ။ လူတွေထုတ်ပြန်တဲ့ ဥပဒေဟာ
ကာယ၊ဝစီ မှာဘဲတရားစွဲ လို့ရချင် ရမယ်။ မနောမှာ သက်သေပြစရာ မရှိတော့ တရားစွဲလို့ မရဘူးမဟုတ်လား…

တရားကျတော့ အင်မတန်မှသိမ်မွှေ့တဲ့ မနောကိုတောင် လွန်ကျူးမှုမဖြစ်အောင်
ညွှန်ပြနိုင်ပြီ ဆိုမှတော့ လူတွေထုတ်ပြန်တဲ့ ဥပဒေဟာ မဆိုင်ဘူးလို့
ပြောရတော့မှာပေါ့။ ဒါကြောင့် အရိယာပုဂိုလ်တွေဟာ ကံသုံးပါးမှာ လွန်ကျူးမှု
မဖြစ်တော့တဲ့ အတွက်..အဏာစက်ကနေလွတ် သွားတဲ့လူ
လွတ်မြောက်ငြိမ်းချမ်းတဲ့လူ လို့ပြောတာ…လူတွေမရှိတော့တဲ့ အဖြစ်ကို
လွတ်မြောက်တာလို့ ပြောတာ မဟုတ်ဘူး..လူတွေရှိပေမဲ့ လွန်ကျူးမှု မရှိတော့တဲ့
အဖြစ်ကို လွတ်မြောက်ငြိမ်းချမ်းသူလို့ပြောတာ…

ဒါဖြင့်ရင် တောထဲတောင်ထဲမှာ တစ်ယောက်တည်းနေပြီး ဘာမှအလုပ် မလုပ်တော့တဲ့လူတွေ
အဏာစက်ကွင်းက လွတ်ပြီလား။ အဲလိုမဟုတ်ဘူး… လူတောထဲမှာနေပြီး လူ့
အလုပ်တွေကို လုပ်ပေမဲ့ အဏာစက်ကွင်း ကလွတ်မြောက်သူ ဖြစ်ရမယ်။ အမျှော် အကြောက်ကင်းကင်းနဲ့ သုံးစွဲတတ်သူဖြစ်ရမယ်
ခံစားဖို့ သက်သက်အတွက် ဝတ်စားတာမဟုတ်ဘူး. လောကလူသားတွေငြိမ်းချမ်းဖို့ အတွက်အလုပ်လုပ်တာဖြစ်ရမယ်… တနည်း
အားဖြင့် ပစည်းကို မသုံးဘူးလား သုံးတယ် ဒါပေမဲ့ ပစည်းရဲ့
ကျေးကျွန်မဖြစ်ဘူး။ လိုအပ်သည်ထက်လည်း မသုံးစွဲဘူး။ သုံးတော့ သုံးတယ်
ဒါပေမဲ့ မစွဲ ဘူးလို့ ပြောရမယ်ပေါ့…

ဘုရားဟာ တချိန်က ဘုရင်ဘဲ အဏာစည်းစိမ်တွေလည်း အစုံခံစား ခဲ့ရမှာဘဲ။
သူတရားရပြီးနောက်ပိုင်း အဏာစည်းစိမ်တွေ ပြန်ယူလို့လား…အဏာရှင်တွေနဲ့
ပြန်ပေါင်းလို့လား… ဒါကြောင့် သူ့တရားကိုနားလည်သဘောပေါက်တဲ့ .. သူ့တပည့်
ရဟန်းတွေကို နှင်တို့ သိတဲ့ တရားတွေကို..လူသားတွေအတွက် အကျိုးရှိအောင် ..
(ဗဟုဇနဟိတာယ၊ သူခါယ၊ လောကနု ကမ်ပါယ) လူသားအကျိုးစီးပွါးဖြစ်ဖို့ ချမ်းသာဖို့ အစဉ်သနားစောင့်ရှောက်ဖို့ လို့ဟောခဲ့တာ ဘဲ မဟုတ်လား…

သူ့တပည့်တွေကို လူတောထဲမှာဘဲ ပြန်နေခိုင်းတာ…သူ့တပည့်ဟာ လူတောထဲမှာ
နေကြပေမဲ့ လွတ်မြောက်ငြိမ်းတဲ့ လူတွေဖြစ်ကြတယ်…

ကဲလိုရင်းကို ပြန်သွားပြီးရအောင်….

စည်းကမ်းဆိုတာ ကျောင်းစည်းကမ်း၊အိမ်စည်းကမ်း၊ ရပ်ကွက်မြို့
ရွှာစသည် သူ့နေရာနဲ့ သူ၊ သူ့စည်းကမ်းနဲ့ သူပါ.. ဥပမာ အထက(၁)
ကျောင်းစည်းကမ်း ဟာ ၈း၃ဝ ကျောင်းတက်ရင် ..အထက (၂) က ၉းဝဝ နာရီတက် တယ်ဆိုပါတော့…

၈း၃ဝနှင့် ၉းဝဝနာရီ ဆိုတဲ့ စည်းကမ်းဟာ ပညာမဟုတ်ပါဘူး။ ကျောင်းနောက်ကျလို့
ကျောင်းစည်းကမ်းအရ ပြစ်ဒဏ်ပေးတာဘဲရမယ်။ စည်းကမ်းဖေါက်တဲ့ အတွက် ပညာရပ်ကို
သင်ရင် ဘယ်တော့မှ စာမတတ်တော့ဘူးမှ မဟုတ်ဘဲ…

ဘုရားတရားဟာ လူတွေတစ်ယောက်နဲ့ တစ်ယောက် ခလုတ်မတိုက်ရအောင်
မငြိစွန်းရအောင် လိုင်စင်စည်းကမ်း မပါဘဲ မောင်းလို့ရပါတယ်.. ကား၊
ဆိုင်ကယ်မောင်းတတ်တဲ့ လူတွေသိပ်မရှိတော့ လို့ ယာဉ်စည်းကမ်း
လမ်းစည်းကမ်းကိုဘဲ ပညာရပ် (တရား) လို့ထင်နေကြတာ….ဘုရားဟာ လူတွေလောကမှာ
နေတတ်ထိုင်တတ်အောင် တစ်ယောက်နဲ့ တစ်ယောက်ခလုတ်မတိုက်ရအောင် တဆင့်ပြီးတဆင့်
အငြိအစွန်းတွေနည်းအောင် လေ့ကျင့် ပွါးများ သင်ခန်းစာယူပြီး နောက်ဆုံး
ခလုတ်မတိုက်၊ ယာဉ်တိုက်မှု မဖြစ်တော့တဲ့ သင်ခန်းစာ ကုန်ဆုံးသူ..
နောက်ဆုံးလုံးဝဥသုံ ဘေးအနာရာယ်မရှိတော့တဲ့ လူ့အဖြစ်၊ ကိုယ့်ကိုယ်ကိုစီမံနိုင်တဲ့လူ၊ကိုယ့်ကိုယ်ကို အစိုးရတဲ့လူ၊ မိမိသာလျှင် အရှင်သခင် ၊မိမိသာလျှင်အားကိုးရာ၊ မိမိသာလျှင်ကိုးကွယ်ရာ စသည့် စသည် လွတ်မြောက် ငြိမ်းချမ်းသူ အဖြစ် ညွှန်ပြပေးနိုင်တာကမှ တရား လို့ခေါ်ရမှာပါ…

ကားမမောင်းရတော့လို့ ယာဉ်တွေမတိုက်ရတော့ဘူး၊နားအေးတယ် ဘာမှမလုပ်ရတော့ဘူး လို့ပြောတာမဟုတ်.br/> ကားမောင်းရပေမဲ့ ယာဉ်မတိုက်ဘဲ ချောချောချူချူ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရောက်သွားတာကို ဆိုလိုတာပါ…

ရှု့ထောင့်မျိုးစုံက သုံးသပ်လို့ရအောင်…ဘုရားလက်ထက်မှာ ဝိနည်းစည်းကမ်းသတ်မှတ်ချက်တွေများလွန်းလို့
ဘုရားနောက်ကို မလိုက်နိုင်ဘူး ဆိုပြီး ပြန်သွားတဲ့ လူကို ဘုရားဘာပြောလည်းဆိုတော့…
စည်းကမ်းအများကြီးကို လိုက်မနာနိုင်ပေမဲ့ နည်းနည်းဘဲ သတ်မှတ်ရင်ကော
ကျင့်သုံးလိုက်နာနိုင်မလားလို့ ဘုရားမေးတော့ …. လိုက်နာနိုင်ပါတယ်
လို့ဖြေတယ် ….. ဘုရားက ဘာပြောလည်းဆိုတော့ … မကောင်းမှုရှောင်၊ကောင်းမှုဆောင်၊ ဖြူစင်အောင်စိတ်ထားဖို့ ဆုံးမ လမ်းညွှန်ပေး လိုက်တယ်…ဘုရားဟာ တရားကို
အကွက်ပေါင်းများစွာဟောပေမဲ့ တကွက်တည်းနဲ့လည်း တရားသိ နိုင်တယ်။ ဘုရားဟာစကားကို နှစ်ခွ မပြောဘူး…

Miss understand – အရကောက်လွဲ ဖြစ်လိုက်တာနဲ့ တရားနဲ့ အဝေးကြီး ဝေးသွားနိုင်တယ်….

ဒါကြောင့်… တရားတရားဆိုတာ သိပ်အခက်ကြီးလို့ ထင်ရပေမဲ့
သဘောပေါက်ရင်တော့ ခဏလေးပါ …ဝိဇာဉာဏ်အလင်းလေးတချက် ဓမ(Dhamma) စက်လှည့် ပေးလိုက်ရုံနဲ့ ….
ကျန်တဲ့အရာတွေက ကျွဲကူးရေပါ ဆိုသလို လူ့စည်းကမ်း လူ့ကျင့်ဝတ်တွေ စာရိတသီလ၊ ဝါရိတသီလ(ဆောင်စရာ၊ရှောင်စရာ)
တွေလည်း အားလုံး နောက်ကနေ သူအလိုလို လိုက်လာပါတယ်လို့ ပြောချင်တယ်…

9 comments

  • တစ်ခု ခင်လို့ သတိပေးမယ် သိလား …
    အသစ်မို့ သတိပေးရတာပါ ..။ တစ်မျိုးတော့ မထင်ပါနဲ့ ။ သဂျီးက တစ်နေ့ ပို့စ်နှစ်ခုထက် ပိုတင်ခွင့် ပေးဘူးဂျ …. သိလား ။
    ဘေးမှာ … Do & Don’t (Rules) ဆိုတာ ရှိတယ် ဖတ်ကြည့်ပါဦးဗျ … နော့။
    ” မင်န်ဘာတဦးသည် တရက်လျှင်ပို့စ် ၂ခုထက်ပိုမတင်ရ ” …………… ။

  • padonmar

    February 16, 2012 at 8:45 pm

    စာလေးကကောင်းပါတယ်။ဆက်အားပေးပါမယ်။

    ကိုယ်တိုင်ရေးဆိုရင် Category မှာ ကြိုက်ရာရွေးထည့်ပါ။
    မရွေးရင် Copy&Paste ဖြစ်နေပါမယ်။
    Copy လုပ်ထားတာဆိုရင်လည်း မူလရေးသူကို ညွှန်းပြီး credit ပေးရပါမယ်။

    ဆြာလုပ်ကြည့်တာပါချင့်။

    • K- Red

      February 17, 2012 at 6:38 am

      ဟုတ်တယ်.. Rule ကိုသေချာမဖတ်ဘဲ ပိုတင်လိုက်တာ ကျွှန်တော်ရဲ့ အားနည်းချက်ပါ..

      လူတွေကို သိစေချင်တဲ့စိတ်က ရှေတန်းရောက်နေရင် တဖက်ကို မေ့နေတတ်တယ် ဆိုတဲ့

      သင်ခန်းစာလေးကို ရသွားစေပါတယ်… ကျွန်တော်ကိုယ်တိုင် ကိုယ်နားလည်တဲ့

      စကားလုံးနဲ့ ရေးထားတာပါ.. စကားလုံးတွေ လည်းမှားပါလိမ့်မယ်…

      အမှားနည်း အောင်ဆက်လက်ကြိုးစားပါမယ်…

  • etone

    February 17, 2012 at 9:39 am

    စည်းကမ်းဆိုတာ လွန်လွန်ကျူးကျူးမောင်းတဲ့ လူတွေအတွက်ပါ
    ကိုယ်ကလွန်လွန်ကျူးကျူး မမောင်းဘူးဆိုရင် စည်းကမ်းဆိုတာ လူကောင်းတွေအတွက်
    မဆိုင်ဘူးလို့ပြောရင်တောင်ရပါတယ်.. ဆိုတာကတော့ … လက်မခံပါဘူး … ။ စည်းကမ်းဆိုတာချမှတ်ထားမှတော့ .. အကုန်လုံးနဲ့ ဆိုင်သင့်တာပေါ့ … ။ လူကောင်းမို ့မဆိုင်ဘူးဆိုတာမျိုးမဖြစ်သင့်ဘူး … ။
    လူ့စိတ်ဆိုတာ အစဉ်သဖြင့်ပြောင်းလဲနေတာပါ … စိတ်အလုံးစုံမပြောင်းလဲဘူးဆိုလျှင်တောင်မှ … တစ်စိတ်တစ်ဒေသစီ အခြေနေပေါ်မူတည်ပြီးပြောင်းလဲနေတာပါ … ။

    ဆိုလိုချင်တာက … လူကောင်းကရော … အမြဲတမ်းကောင်းနိုင်ပါ့မလား ဆိုတာပါပဲ … ။
    စည်းကမ်းဆိုတာမျိုးက … အားလုံးအပေါ်မှာ တူညီစွာ သက်ရောက်သင့်ပါတယ် …

  • ဦးဦးပါလေရာ

    February 17, 2012 at 10:06 am

    အဲဒါကြောင့် လက်ရှိ ထေရဝါဒကလက်ခံတဲ့ ဝိနယ တွေ ဝိနည်းတွေကို ပယ်တယ်။
    မိုးပြာအေွဲ့သားတွေဆိုတာလူကောင်းတွေ
    လူကောင်းတွေအတွက် စည်းကမ်းမလိုဘူး
    လူကောင်းတွေကို သူများတွေ(ထေရဝါဒရဟန်းတွေ)လိုက်နာရတဲ့စည်းကမ်းတွေနဲ့ မတိုင်းတာနဲ့။
    ပိုးပြာအဖွဲ့သားတွေဟာ ယဉ်မောင်းတာကို တဖက်ကမ်းခတ်ကျွမ်းကျင်ပြီးသား
    ဒါကြောင့် မိုးပြာအဖွဲ့သားတွေအတွက် ယဉ်မောင်းလိုင်စင်မလို….

    သွယ်ဝိုက်ပြီးပြောနေရရင် ခင်ဗျားတို့မောမှာစိုးလို့
    ကူပြီးပြောပေးတာပါ မိုးပြာအဖွဲ့သားတို့ရေ……

    ရွာထဲက ထေရဝါဒဗုဒ္ဓဘာသာဝင်များကို ပြောပြချင်တာက
    ပစ္စုပ္ပန်ကမ္မဝါဒီ မိုးပြာအဖွဲ့သားများရဲ့ တရားပုံစံအသစ်များကို နာကြရတော့မယ်ဖြစ်ပါကြောင်း။

    • K- Red

      February 17, 2012 at 10:47 am

      လူကောင်းတစ်ယောက် အဖြစ်ကို ရောက်သွားပြီဆိုရင် ပြန်ဆိုးတယ်ဆိုတာ မဖြစ်ရပါဘူး။

      တကယ်လို့ ပြန်ဆိုးရင် သူတကယ်မကောင်းသေးလို့ပါ။အရက်သမား အဖြစ်ကလွတ်မြောက်လို့ ရပြီးလျှင် အရက်သမား ပြန်မဖြစ်ရပါဘူး….

      ဆယ်တန်းဘွဲ့ရ ဆိုတဲ့ အသိ၊အတတ်ပညာကိုရသွားတဲ့ လူရဲ့ အသိပညာဟာ သူငယ်တန်း၊ အလယ်တန်း ကိုပြန်ဆင်း ဖို့ မဟုတ်ရပါဘူး…

  • kyeemite

    February 17, 2012 at 2:04 pm

    ဆယ်တန်းဘွဲ့ရ ဆိုတဲ့ အသိ၊အတတ်ပညာကိုရသွားတဲ့ လူရဲ့ အသိပညာဟာ သူငယ်တန်း၊ အလယ်တန်း ကိုပြန်ဆင်း ဖို့ မဟုတ်ရပါဘူး…

    ဆင်းတာပေါ့ဗျာ..ဘွဲ့ရပီး ပညာကိုဆက်မလေ့လာ..ဆက်အသုံးချမနေရင်..အသိပညာကအောက်ပြန်ဆင်းသွားတာဘဲဗျ…
    ပြန်ပီးတုံးသွားနိုင်တာကိုပြောတာ..

    • K- Red

      February 18, 2012 at 12:16 pm

      ပညာရပ်တခုကိုသင်တယ်ဆိုတာ လက်တွေဘဝမှာ အသုံးချဖို့ပါ။ တရုပ်ဖြစ်ဆိုင်ကယ်နဲ့ ယိုးဒယား၊ဂျန်ပန်ဖြစ်ဆိုင် ကိုလက်တွေ့ယှဉ်မောင်းတဲ့ အခါ အစစ အရာရာကွာခြားနေမှာပါ။

      ယိုးဒယား၊ဂျန်ပန်ဖြစ်ဆိုင်ကယ် ကိုစီးဖူးတဲ့လူဟာ တရုပ်ဖြစ်ကိုဘယ်သူကစီးချင်တော့မှာလဲ…

      သူငယ်တန်းဆိုပြန်ဆင်းတယ်ဆိုတာလည်း စာကြောင်းဖတ်တဲ့ အခါ သဝေထိုး ၊ရေးချ၊ လုံးကြီးတင် တွေက အစ ပြန်ပေါင်းပြီးမဖတ် တော့ဘူးထင်တယ်…. သူအတန်းပညာ သင်ယူတဲ့ အထိတော့ သူအသိတွေရသွားပါတယ်…သူဆက်မလေ.လာပေမဲ့ အသိကအောက်ကို ပြန်မကျပါဘူး။ ထိုက်သင့်တဲ့ ရင့်ကျက်မှု တခုတော့ သူရပါတယ်..

  • လိုင်စင်လုပ်ထားတာလဲ လုပ်လိုက်ပျောက်လိုက်မို ့လို ့
    ဆက်မလုပ်ချင်တာနဲ ့ဒီတိုင်းထားတာ။ဟီး စည်းကမ်းဆိုတာ
    လူတိုင်းလိုက်နာမှပေါ့ဗျာ။

Leave a Reply