Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကျွန်တော်နဲ့ ဂေဇက် ပတ်သက်ခဲ့သမျှ

ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် ဇူလိုင်လ (၁၁) ရက်နေ့က “တယ်ညံ့သကိုး” ဆိုတဲ့ ပို့စ်လေးနဲ့ ကျွန်တော် ဂေဇက်မှာ စတင် ခြေချခဲ့ပါတယ်။ အဲဒီလို ခြေချဖြစ်ခဲ့တဲ့ အကြောင်းကလည်း ကျွန်တော့်ရဲ့ ညီငယ်လည်းဖြစ်၊ သူငယ်ချင်းလည်းဖြစ်တဲ့၊ ဂေဇက်ရဲ့ မန်ဘာတစ်ယောက် ဖြစ်တဲ့ BigDefender ရဲ့ ဆွဲခေါ်မှုကြောင့် ဖြစ်ပါတယ်။

အစ ပထမတော့ ကျွန်တော်ဟာ ဂေဇက်မှာ စာတွေ ရေးပြီး တင်ခဲ့ပေမယ့် ရေးပြီး တင်တယ် ဆိုရုံလောက် အနေအထားပဲ ဖြစ်ခဲ့ပါတယ်။ အန်တီဆူး ပြောသလို ဂေဇက်မှာ ပို့စ်တင်လိုက်တာနဲ့ ကိုယ်ပိုင်မြေကွက်တစ်ကွက်ရပြီ ဆိုနိုင်ပေမယ့် အဲဒီမြေကွက်မှာ ကျွန်တော် ခဏတဖြုတ် ဝင်နားသွားတယ် ဆိုရုံလောက်ပါပဲ။ အဲဒီထက် မပိုခဲ့ပါဘူး။ တကယ့် ရွာသားစစ်စစ် တစ်ယောက် ဖြစ်လာခဲ့တာဟာ တစ်လကျော်ကျော်၊ နှစ်လဝန်းကျင်လောက်သာ ရှိပါသေးတယ်။ အဲဒီလို ရွာသားစစ်စစ် တစ်ယောက် ဖြစ်လာခဲ့တဲ့ အကြောင်းရင်းကတော့ အောက်က ကွန်မန့်လေးကြောင့်ပါပဲ။

ပေါက်ဖော် says:
ဟေ့လူ..
ရွာထဲလဲ မကြာမီကြာ..လာတင်လှည့်ပါဦး….

ဒီရွာမှာ နေရတာ ဗဟုသုတတွေလည်း ရတယ်၊ ပျော်လည်း ပျော်ဖို့ ကောင်းတယ်။ ကျွန်တော် ဂေဇက်ကို ချစ်တယ်။

အခုနောက်ပိုင်း ကျွန်တော် ရွာထဲမှာ အနေများလာခဲ့ပါတယ်။ ရွာထဲက လူတွေကိုလည်း သိကျွမ်းလာခဲ့ပါတယ်။ ဆြာသစ်၊ ကိုပေ၊ ကိုဂီ၊ ကိုဘလက်၊ ဖရဲ၊ မအိတုံ၊ တီချာကြီး၊ အန်တီ ပဒုမ္မာ စတဲ့ စတဲ့ လူတွေနဲ့ သိခွင့် ရလာခဲ့တာလည်း ကိုပေါက်ဖော် ကြောင့်လို့ ပြောရင် မှားမယ် မထင်ပါဘူး။

ရွာထဲမှာ အနေများလာခဲ့တဲ့အလျောက် ထုံးစံအတိုင်း ရောဂါ ရလာခဲ့တာပေါ့ဗျာ။ ရွာထဲကို တစ်နေ့ မဝင်ရ မနေနိုင် ဖြစ်ခဲ့ပါတယ်။ ရွာထဲက စာတွေကို နေ့တိုင်း ဖတ်ဖြစ်ခဲ့တယ်။ ကိုယ်တိုင်လည်း ရေးပြီး တင်ခဲ့တယ်။ မန့်လည်း မန့်ခဲ့တယ်။

ကျွန်တော် ရွာထဲမှာ တင်ခဲ့တာဟာ အခုပို့စ် မပါရင် ပို့စ်ပေါင်း (၅၁) ပုဒ် ရှိခဲ့ပါပြီ။ အောက်က ပို့စ်တွေပါပဲ။

၁။ တယ်ညံ့သကိုး ….
၂။ ကျွန်တော်ကြားခဲ့ရသော ကြပ်တစ္ဆေတို့၏ အသံများ
၃။ ထိုလူရွယ် နှစ်ယောက်
၄။ amazon တောအတွင်း လူရိုင်း မျိုးနွယ်စုများကို satellite မှ တွေ့ရှိ
၅။ ကမ္ဘာ့ အဆန်းကြယ်ဆုံး တိရစ္ဆာန် (၂၅) မျိုး – အပိုင်း (၁)
၆။ ကမ္ဘာ့ အဆန်းကြယ်ဆုံး တိရစ္ဆာန် (၂၅) မျိုး – အပိုင်း (၂)
၇။ အိပ်ရာဝင် တံခါးခေါက်သံ
၈။ ” စစ် ” … ၏ အဓိပ္ပါယ်
၉။ တဖြည်းဖြည်း အရပ်ရှည်လာသော သရဲကြီး
၁၀။ ဩကာသ ရှင်းတမ်း
၁၁။ ဘီလူး သုံးမြွှာပူး
၁၂။ Blog ရေးသားခြင်း၏ အကျိုးကျေးဇူးများ
၁၃။ စံထူးနှင့် ဖိုးသူတော်
၁၄။ Online Video များအား Free Download ချနိုင်သည့် Website များ
၁၅။ ကမ္ဘာ့ အသက်အငယ်ဆုံး စံချိန်ရှင်များ
၁၆။ ထူးဆန်းသည့် အဆောက်အအုံများ
၁၇။ ယိုသူ မရှက်၊ မြင်သူ ရှက်
၁၈။ ဟိုးထား သကြားမင်း
၁၉။ ကမ္ဘာ့ လျှာအရှည်ဆုံး မိန်းမ
၂၀။ ကမ္ဘာကျော်ကြား ဗုဒ္ဓရုပ်ပွားတော်များ
၂၁။ မောင်ကောင်းလက်မှတ်ပါ ငွေ ၁၀ဝ တန်ကို နှစ်သိန်းပေးဝယ်
၂၂။ အဆိုးရွားဆုံး အင်တာနက် Password (၂၅) မျိုး
၂၃။ ၅၅ ပေ ရှည်တဲ့ မြွေကြီး
၂၄။ Google ၏ Search Features များ
၂၅။ Google’s “Let It Snow”
၂၆။ Steve Jobs ၏ ရုပ်တု
၂၇။ ကြောက်မက်ဖွယ်ရာ တစ်ညတာ
၂၈။ 2011 အတွက် Listing တစ်ခု လုပ်ချင်လို့ပါ
၂၉။ 2011 အတွင်း ကိုယ့်သမိုင်း ကိုယ်ရေးခဲ့သူများ (၁)
၃၀။ “လွတ်လပ်ရေးနေ့” အား ဂုဏ်ပြုပါ၏ ။
၃၁။ ဤ ပုံကိုကြည့် ၍ ဇာတ်လမ်းလေးတစ်ပုဒ် ရေးပါ
၃၂။ ဒု … သ … န … သော
၃၃။ အမေသို့တမ်းချင်း …………
၃၄။ တစ်နှစ်ရဲ့တန်ဖိုးကို သိချင်ရင်
၃၅။ ရေတစ်ဇွန်းနဲ့ ဖုန်းကို ၁ဝ နာရီကြာအောင် သုံးနိုင်မယ့် ကိရိယာ
၃၆။ လက်တွေ့နှင့် ယုံကြည်ခြင်း
၃၇။ သူကြီးသို့ … ( MG ဝက်ဘ်ဆိုက်နှင့် ပတ်သက်၍ )
၃၈။ အမှောင်နှင့် အလင်း
၃၉။ မြန်မာ ရှေးဟောင်း သတင်းစာများ (၁)
၄၀။ မြန်မာ ရှေးဟောင်း သတင်းစာများ (၂)
၄၁။ WordPress နဲ့ Blog တစ်ခု တည်ဆောက်ခြင်း
၄၂။ ကမ္ဘာ့ အဆန်းကြယ်ဆုံး တိရစ္ဆာန် (၂၅) မျိုး – အပိုင်း (၃)
၄၃။ ကမ္ဘာ့ အဆန်းကြယ်ဆုံး တိရစ္ဆာန် (၂၅) မျိုး – အပိုင်း (၄)
၄၄။ ဓာတ်ပုံထဲက သရဲမ
၄၅။ သိမ်ဝင် သပိတ်ကွဲနှင့် အသက်ဝင်လာသော ဘီလူးအင်း
၄၆။ လွယ်ကူစွမ်းထက် ပီယဆေးတစ်လက်
၄၇။ မိန်းကလေးတွေကို ဝီစီမှုတ်ခိုင်းမယ် … တဲ့
၄၈။ ချိန်ခွင်လျှာ (ကဗျာ)
၄၉။ အင်တာနက်ပေါ်က သူများရဲ့ပုံတွေကို တင်ချင်ရင်
၅၀။ တိုတိုပေါက်ပေါက်အတွက် လက်ချောင်
၅၁။ ဖုတ် (သရဲ) ဝင်ပူးခံရသူ

အဲဒီ ပို့စ်တွေထဲမှာ ကျွန်တော် အကြွေး ကျန်နေတဲ့ ပို့စ်တွေကတော့ ” 2011 အတွက် Listing တစ်ခု လုပ်ချင်လို့ပါ ” ဆိုတဲ့ Listing ကောက်ယူတဲ့ ပို့စ်နဲ့ “မြန်မာ ရှေးဟောင်း သတင်းစာများ” ပဲ ဖြစ်ပါတယ်။ ဒီနေရာမှာတော့ ” 2011 အတွက် Listing တစ်ခု လုပ်ချင်လို့ပါ ” ကို တစ်ခါတည်း ဖော်ပြပေးသွားပါမယ်။ “မြန်မာ ရှေးဟောင်း သတင်းစာများ” ကတော့ နောက်မှ ထပ်တင်ပါမယ် ခင်ဗျာ။

2011 အတွက် Listing တစ်ခု လုပ်ချင်လို့ပါ ဆိုပြီး ဒီနေရာက ရွာသူားတွေရဲ့ ကုန်ဆုံးသွားခဲ့တဲ့ ၁၂ လတာ ၂၀၁၁ ခုနှစ်အတွင်းက အမှတ်တရ ဖြစ်စေခဲ့တာလေးတွေကို လစ်စ် ကောက်ယူခဲ့ရာမှာ ကျွန်တော် အပါအဝင် (၂၅) ဦးတို့ရဲ့ အမှတ်တရ အဖြစ်အပျက်လေးတွေကို ရေးပေးခဲ့ကြပါတယ်။ ကျွန်တော် ဒါလေးတွေကို သိမ်းထားပါတယ် ခင်ဗျာ။ အခုလည်း အပြည့်အစုံ ပြန်လည် ဖော်ပြ ပေးလိုက်ပါတယ် ခင်ဗျာ။
_______________________________________________________________

2011 အတွင်း ကိုယ့်သမိုင်း ကိုယ်ရေးခဲ့သူများ

 

ကျွန်တော် အံစာတုံး အတွက် ၂၀၁၁ ခုနှစ်အတွင်း အမှတ်တရ ဖြစ်စရာကတော့ …….

ကျွန်တော် အံစာတုံး အနေနဲ့ ပြောရမယ်ဆိုရင် – လွန်ခဲ့တဲ့ (၂) နှစ်လောက်က Gmail, Gtalk, Account ဆိုတဲ့ စကားလုံးတွေ သူငယ်ချင်းတွေကြားမှာ ခေတ်စားနေပေမယ့် ကျွန်တော်မှာတော့ ဘာမှန်း မသိခဲ့လောက်အောင်ပဲ ‘အ’ ခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ 2011 အတွင်းမှာတော့ ကိုစောစံ (http://sawsan23.com/) ရဲ့ ကျေးဇူးကြောင့် hosting, domain name, wordpress တွဲဖက်ပြီး ကိုယ်ပိုင် Blog တစ်ခု တည်ဆောက် နိုင်ခဲ့တဲ့အထိ တိုးတက်လာခဲ့ပါတယ်။ ဒါကတော့ ကျွန်တော့်အတွက် 2011 ခုနှစ်အတွင်း IT ဘက်မှာ အားရလောက်တဲ့ တိုးတက်မှုတစ်ခုကို ရရှိခဲ့ခြင်းပဲ ဖြစ်ပါတယ်။
_______________________________________________________________

မပွတ်ရှ် ကလည်း ၂၀၁၁ ခုနှစ်အတွင်း သူ့ရဲ့ ထူးခြားမှုလေးကို အခုလို ပြောပြခဲ့ပါတယ် …..

ကျမအနေနဲ့ကတော့ ၂၀၁၁ ရဲ့ နှစ်ဝက်လောက်မှာ ရွာထဲ ရောက်လာပြီးတော့ အသိအမြင်တွေ ဗဟုသုတတွေ ရခဲ့ပြီး စာမဖြစ်ပေမဖြစ်မတတ်တခေါက်များကို စာစီတတ်လာပြီး ကျမဘဝရဲ့ ပထမဆုံးစာစုလေးကို ဒီရွာမှာ ရေးဖြစ်ခဲ့တာရယ် ရွာကမိတ်ဆွေများနဲ့ ခင်မင်သိကျွမ်းခွင့်ခဲ့ရတာပါပဲ…..

ဒါလေးကတော့ ကျမရဲ့ ၂၀၁၁ အတွက် ထူးခြားမှုလေးပါပဲ
_______________________________________________________________

ကိုဂီ ကတော့ အခုလို ပြောခဲ့ပါတယ် …..

၂၀၁၁ မှာ ဒါ့ပုံဆြာ စဖြစ်လာတယ်ဗျ….
ပုံ၂သောင်းခွဲကျော်ရိုက်ဖြစ်ခဲ့တယ်…

အောက်တိုဘာလောက်ကစလို့ ..ပိုစ့် ပေါင်း ၈ဝလောက် ဂေဇက်ထဲမှာရေးဖြစ်ခဲ့သပေါ့ဗျာ…
မှတ်မှတ်ရရရှိနေမယ့် နှစ် ၁နှစ်ပါ
_______________________________________________________________

Small Cat ကတော့ ၂၀၁၁ ခုနှစ်အတွင်း အင်တာနက်ကြီး အိမ်ပေါ်တက်လာတဲ့ အကြောင်းကို အခုလို ပြောသွားခဲ့ပါတယ် …..

၂၀၁၁မှာ အင်တာနက်ဆိုတာကြီးအိမ်ပေါ်တက်လာပါတယ်။
မျက်မှန် မဖြစ်မနေတတ်လိုက်ရပါတယ်။
အကြောမတက်တတ်တဲ့သူ ဇက်ကြောတွေတက်လာပါတယ်။
အူကြောင်ကြောင် စာတွေ ရေးဖြစ်ခဲ့ပါတယ်။
ကျိန်းသေပေါက် လစဉ်ပုံမှန်ထွက်ငွေတစ်ခု ရရှိခဲ့ပါတယ်။
_______________________________________________________________

ကိုသက်နိုင်ဦး ကလည်း သူ့မျက်လုံး ပုလင်းဖင် ဖြစ်သွားခဲတဲ့ နှစ်တစ်နှစ် ဆိုတာကို …..

နားမလည်
ပါးမလည်း
အွန်လိုင်းပေါ်ရောက်တယ်
ချက်မယ် ပြုပ်မယ် ကြူမယ် ဖွမယ်
နောက်တော ့
ရေးတယ် ကဗျာတွေ ရူးတယ် ထူးရှယ်
နောက်တော ့
ကလိတယ် ကလိတယ်
ဟတ်မယ် ဖျက်မယ် ဆိုးလာတယ်
ပြီးတော ့ မျက်လုံးက
ပုလင်းဖင်ဖြစ်တယ်
ဂွမ်းတယ် ဂွမ်းတယ် …………….
_______________________________________________________________

မမှီ ကလည်း သက်သေခံလေးတစ်ယောက် ထပ်တိုးခဲ့တဲ့ နှစ်တစ်နှစ် ဖြစ်ခဲ့တယ် ဆိုတဲ့အကြောင်းကို …..

မှတ်မှတ်ရရ ၂၀၁၁ အစမှာ ဂေဇက်ရွာသူ ဖြစ်လာပြီး တသက်လုံးစိတ်ကူးယဉ်ခဲ့ရတဲ့ စာရေးတဲ့သူ ဖြစ်လာဖို့ စပြီး အကောင်အထည်ဖော်ခွင့်ရတာ၊ ရွာကနေတဆင့် တခါမှတောင် မမြင်ဖူးပဲနဲ့ ငယ်ပေါင်းကြီးဖော်တွေလို စိတ်ထဲမှာ ခံစားခဲ့ရတဲ့ သူငယ်ချင်းတွေ ရလာတာ၊ အခုနှစ်ကုန်ခါနီးမှာ လူ့လောကမှာ မှီဆိုတဲ့ ကျွန်မရှိခဲ့ပါလားလို့ သက်သေပြမဲ့ သက်သေခံလေး နောက်တယောက် ထပ်ရတာ ကျွန်မအတွက်တော့ အဖိုးမဖြတ်နိုင်တဲ့ အမှတ်တရတွေပါပဲ။
_______________________________________________________________

Rain Pricess ကလည်း ဂေဇက်ကို ရှာတွေ့ခဲ့တဲ့ နှစ်တစ်နှစ် ဖြစ်ခဲ့တဲ့ အကြောင်းကို …..

မှတ်မှတ်ရရ 5.6.2011 မှာအင်တာနက်သင်တန်းကိုစတက်ဖြစ်ခဲ.တာပါ
အွန်လိုင်းသူငယ်ချင်းဆိုတာအင်မတန်ရှားပါတယ် မသိတာတွေလည်းအများကြီးရှိပါတယ်
ဂေဇက်ဆိုတာ ကိုရှာတွေ.ခဲ.တာမန်ဘာဝင်တစ်ယောက်ကပြောလို.
အစကသိပ်စိတ်မဝင်စားခဲ.ပေမယ်.အခုတော. ဂေဇက်ရဲ.ညှို.ငင်မှုကိုမလွန်ဆန်နိုင်တော.ပါဘူး
စာပေကိုမြတ်နိုးပေမယ်.စာရေးဖို.ပါရမီမပါလေတော.စာဖတ်သူစစ်စစ်တစ်ယောက်သာ
ဖြစ်လာပါတော.တယ်
ဒီတော. ဂေဇက်မန်ဘာတစ်ယောက်ဖြစ်ခွင်.ရတာအရမ်းဂုဏ်ယူမိပါကြောင်း…….
_______________________________________________________________

ကိုပေ ကလည်း အခုလိုလေး ပြောခဲ့တယ် …..

၂၀၁၁ ရေ ဂွတ်ဘိုင်
၂၀၁၂ မှာ အပီလန်းမယ် ဗျာ
_______________________________________________________________

မသဲနုအေး ကလည်း ဂေဇက် ရောဂါ ရခဲ့တဲ့ နှစ်တစ်နှစ် ဖြစ်ခဲ့ကြောင်းကို …..

2011 မှာ မန်းဂေဇက်ကိုဘယ်လိုကနေဘယ်လိုရှာတွေ့မှန်းမသိပဲရောက်ခဲ့ရတာပါ။ မသိတာတွေအများ ကြီးသိလာရပြီး အကျိုးကျေးဇူးတွေအများကြီးရခဲ့ပါတယ်။ မန်းဂေဇက်တရက် မဖတ်ရရင်မနေနိုင်တော့တာ 2011 ရဲ့အမှတ်တရပါ။
_______________________________________________________________

ကိုပေါက်ဖော် ကလည်း …..

အနော်
စာတွေချစ်သွားတဲ့ နှစ်ပါ
_______________________________________________________________

ဂျော်နီအောင်ပု ကလည်း …..

မကျေနပ်တဲ့ကောင်ကို ကီးဘုတ်နဲ့ ကောင်းကောင်းဆဲတတ်သွားဘီ 😀 😀 😀
_______________________________________________________________

တောတွင်းပျော် ကလည်း ကံကောင်းနဲ့ ကံဆိုး တစ်ရက်တည်း ကြုံခဲ့ရတဲ့ မှတ်မှတ်ရရ နှစ်တစ်နှစ် ဖြစ်ခဲ့ကြောင်းကို …..

၂၀၁၁၊၉လပိုင်း၊၃ ရက်နေ ့ ၄လုံးထီ ဆုသေးတစ်ဆု ပေါက်တယ်။
အဲဒီနေ ့မှာပဲ ဟိုင်းလပ်ကားနဲ ့တောင်ပေါ်ကမောင်းဆင်းရင်း ဘရိတ်ပေါက်
ကားရော လူပါ တစ်ပတ်ဂျွမ်းထိုးလိုက်တယ်။
အဲ..အဲ..
၂၀၁၁ ရဲ ့ဒီဇင်ဘာနောက်ဆုံး ၃၁ ရက်နေ ့မှာ ဒီရွာထဲ ပိုစ်လေးတစ်ခု
ပထမဦးဆုံးအကြိမ် တင်လိုက်တယ်…….။
_______________________________________________________________

ကြီးလတ် ကတော့ အခုလို ပြောသွားခဲ့ပါတယ် …..

၂၀၁၁ ကုန်ခါနီး တစ်ဖက်သတ် အပုတ်ချ နေတဲ့ အကြောင်းလေးတစ်ခု ကို ရင်ဖွင့်ချင်လို့ ဂေဇက်ကို ဝင်ခဲ့တယ်။
ပထမ က “အပျော်ကြံ” တာပါ။ အတည်တကျ နေဖို့ အစီအစဉ် မရှိပါဘူး။
ဒါပေမဲ့ ရွာထဲကို လည် ကြည့်လိုက်တော့ အရမ်းကိုဘဲ ချစ်စရာကောင်းတဲ့ ရွာသူ/သား တွေကို တွေ့ခဲ့တယ်။
အတိတ်ရေစက် ပါလို့လားမသိ။ တစ်ချို့ ဆို မမြင်ဘူးဘဲ၊ သူဘယ်သူမှန်းကို မသိဘဲ ရက်တိုတို လေးအတွင်း ခင်သွားမိတယ်။
ဒါနဲ့ဘဲ ကျွန်မ ရွာမှာ အခြေချ ဖြစ်သွားပါတယ်။
နောက်ဆက်တွဲ က
– သူများကိုလဲ ဆရာလုပ်ချင်၊ ကိုယ်လဲကောင်းကောင်း မသိတော့ စာပိုဖတ်ဖြစ်လာတယ်။
– မိတ်ဆွေ တွေတိုးလာတယ်။ သူတို့ ဆီက ဗဟုသုတတွေ အများကြီး ရလာတယ်။
– Facebook နဲ့ အခြား Website တွေ ကို မသုံးဖြစ်တော့ သလောက်ဖြစ်လာတယ်။
ဒီတော့ကာ ….. လက်ရှိမှာတော့
သူကြီးက ရွာက နှင်ထုတ်ရင်တောင်မှ သူ့ကို မိုက်ကြေး(ဆက်ကြေး) ပေးပြီး နေဖို့ ဆုံးဖြတ်ထားပါ၏။
ဒီလို Listing လုပ်ပေးတာ ကျေးဇူးပါဘဲ – ခြောက်မျက်နှာ ရေ ( Oppps … sorry) အန်စာတုန်း ရေ 🙂
_______________________________________________________________

နီကီတာ ကလည်း အခုလို ပြောသွားခဲ့တယ် …..

၂၀၁၁ မှာ

* ဂေဇတ်ထဲ စတင်ဝင်ရောက်ခဲ့တယ်…
* ပို့စ်တွေ မတောက်တခေါက်စရေးခဲ့တယ်…
* facebook သုံးခြင်းကို စွန့်လွှတ်ခဲ့တယ်…
* ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ဖို့ ခြေလှမ်းတွေ စလှမ်းခဲ့တယ်…
_______________________________________________________________

သဂျီးဦးခိုင် ကလည်း ကဗျာဆန်ဆန်လေး ပြောသွားခဲ့သေးတယ် …..

မနှစ်ကကျုပ် ဒီနှစ်ငါက အနိုင်ရခဲ့
သူတထူး ဒိုင်လုပ်တာမဟုတ်
ကိုယ်စောင့်နတ် မင်းဖြစ်တဲ့ငါ
နောင်အစဉ်နှစ်တို့ ဖြစ်စေ…။ ။
_______________________________________________________________

မိုးဇက် ကလည်း အခုလိုလေး ပြောသွားခဲ့တယ် …..

သေချာတာကတော့ မနှစ်ကထက် ဒီနှစ်အသက် ၁နှစ်ကြီးသွားတယ်ဆိုတာပဲ
သဂျီးနဲ့အမြင်မတူဘူးနော 😛
_______________________________________________________________

ကိုပေါက် (မန္တလေး) ကလည်း နဂို ရှိပြီးသားပိုး ထက်ပြီး ဝါရင့်သွားတဲ့ အကြောင်းကို အခုလို …..

2011 အတွင်းမှာ စာရေးသူထက် လက်ဆော့သူအဖြစ်ပိုပြီးရွာထဲက အသိများပါတယ်။
နဂိုရ်အခံရှိတဲ့ဓါတ်ပုံ ပိုး ပိုရင့်သွားတဲ့နှစ်လို့ဆိုနိုင်ပါတယ်။
ကျန်တဲ့ဆိုက်တွေမှာ တော့ စာဘဲရေးတယ် ဓါတ်ပုံမတင်ပါ။
အချိန်အများကြီးပေးရလို့ဖြစ်ပါတယ်။
2011 ထဲမှာ လူကြိုက်အများဆုံးလို့ ထင်ရတာကတော့
(1)အတိတ်သို့အလွမ်း(ကဗျာ)
(2)ရွာကိုပြန်လာကြပါဗျုးိ(ကဗျာ)
(3) တစ်စေ့တစ်ဆုပ် တစ်မူတ်တစ်ခွက်( shade journal တွင်ပုံနှိပ်ပြီး)
(4)နွေးသီး (ဝတ္တု)
(5)ထမီချွတ်၏ မချွတ်၏ ( shade journal တွင်ပုံနှိပ်ပြီး)
ဒီပိုစ်လေးက ဆိုက်ပေါင်းစုံမှာလူကြိုက်များခဲ့ပါတယ် စုစုပေါင်း ဝင်ကြည့်သူအရေအတွက်
(4000)ရှိပါတယ်။
ဖတ်မဖတ်တော့ မသိပါဘူးခင်ဗျာ။

2011 အတွင်းကျနော့်အတွက်လုံးဝအထူးခြားဆုံးသောပိုစ်ကတော့
(31-12-2011)နေ့မှာတင်တဲ့
လက်သီးပုန်းအနီ တူညီခြင်းအစိမ်း …………………ပိုစ်ပါဘဲ။
လက်မအောက်စိုက်တာ 8ခုတိတိလက်ခံရပြီး ကျနော်အတွက်ပေးသမျှကော်မင်းအားလုံးလောက်
အနီပေးခံရပါတယ်။
တစ်နှစ်လုံးရေးတဲ့အထဲမှာ လူမုန်းအများဆုံးပိုစ်လို့ ကျနော်က မှတ်တမ်းတင်ပါတယ်။
ဒါပေမယ့် 2010ခုနှစ်မေလက စလို့ အခုအချိန်အထိ ရွာထဲမှာနေရ တာကိုလုံးဝကျေနပ်နှစ်သက်ပါတယ်။
ပိုထူးခြားတယ်လို့ပြောရရင် 2011 ခုနှစ်အတွင်းမှာ ရွာသူရွာသားအတော်များများနဲ့ ရန်ကုန်မှာရော မန်းလေးမှာပါ လူချင်းခင်မင်ရင်းနှီးခွင့်ရပါတယ်။
မန်းလေးမှာ (ပေါက်ပေပု) အသင်းဖွဲ့စည်းပြီးပါကြောင်း။
မောင်းခတ်လိုက်ပါတယ်။
_______________________________________________________________

ကိုကင်း ကလည်း …..

နောင်တတွေရခဲ့တယ် …… 😛
မတူအောင် ရေးခဲ့တယ်နော့ … 😀
_______________________________________________________________

Nature ကလည်း ပြောသွားခဲ့ပါတယ် …..

ကျွန်တော် ကဒီနှစ်ဦးပိုင်းကမှ ရွာထဲဝင်လာတာပါ။ ဝင်ဝင်ချင်း nigimi77 နဲ့ မိုးပြာနဲ့ ချဲရသေးတယ်။ ကျွန်တော်မန့်ရင်တော့ လူကိုသိပ်မကြည့်ဘူး။ ချဲပေမဲ့လည်း nigimi77 ရဲ့ သူတို့ဆီကအမဲဂိုဏ်းများ ပိုစ့်မှာ မန့်သူတယောက်မှ မရှိပေမဲ့ ရေးတာကြိုက်လို့ ဝင်မန့်ခဲ့တယ်။ ခုတော့လည်းရွာထဲမှာ သူကြီးကအစ ရွာသားအားလုံး ချစ်ချစ်ခင်ခင်နဲ့ ပျော်စရာကောင်းပါတယ်။
_______________________________________________________________

KoAung ကလည်း အခုလိုလေး ပြောသွားခဲ့သေးတယ် …..

၂၀၁၁ မှာမှဘားဂလစ်စပြီးသုံးတတ်လာလို့ ပျော်လို့မဆုံးပါ 😀
_______________________________________________________________

ရှုံးနိမ့်မှုများနဲ့ လူ ဆိုသူကလည်း ၂၀၁၁ အတွင်း သူ ရေးတတ်၊ ချစ်တတ်သွားတဲ့ အကြောင်းကို

တစ်ချိန်က…

ပညာမတတ်၊ အလုပ်အကိုင်မရှိ
ကြင်သူမရှိ၊ ဘာဆိုဘာမှမရှိတဲ့သူ

ထိုသူ…

၂၀၁၁ မှာမှ
စာရေးဖြစ်တယ်
ချစ်တတ်ခဲ့တယ်
အောင်မြင်ခဲ့တယ်

ဒါပေမယ့်..

ဒီနာမည်မြင်တိုင်း
နောက်ထပ်မကျရှူံးအောင်လို့
ရှူံးနိမ့်မှုများနဲ့.. လူ ဖြစ်နေဆဲပဲ။
_______________________________________________________________

မောင်သန်းထွဋ်ဦး ကလည်း အခုလို …..

အော်….၂၀၁၁မှာ မန်းတလေးဂေဇက်ကနေ စာရေးဖို ့တွန်းအားပေးတဲ့အခွင့်လေးတစ်ခုရခဲ့ပါပီ။
ရေးတတ်ဖို ့နဲ ့အတွေးကောင်းတွေရဖို ့လေ့ကျင့်နေရဆဲပါဗျာ။
_______________________________________________________________

အန်တီ ပဒုမ္မာ ကလည်း မိတ်သစ်၊ ဆွေသစ်တွေနဲ့ ပေါင်းဆုံခွင့်ရခဲ့တဲ့ ထူးခြားတဲ့ နှစ်တစ်နှစ်ဟာ ၂၀၁၁ ပါတဲ့ …..

2010 ထဲမှာ မိတ်ဆွေတစ်ယောက် forward လုပ်တဲ့ ရတနာနတ်မယ် အကြောင်း post လေး ဖတ်မိရာက မန်းဂေဇက်ဆိုတာသိလာပါတယ်။
၂၀၁၁ ဇန်နဝါရီထဲမှာ သူငယ်ချင်းမမရဲ့ လမ်းညွှန်မှုခံယူပြီး member ဖြစ်ခဲ့ပါတယ်။
ကျွန်မအသက် ၁နှစ်ပြည့်ပါပြီ။
၂၀၁၁ ဖေဖော်ဝါရီ ၃ရက်မှာ မြူနှင်းမှုန်မှုန်ရွှေတိဂုံ ဆိုပြီး ကိုယ်လက်ဆော့ထားတဲ့ မှုန်ဝါးဝါးဒါ့ပုံ ကိုယ့်ဖာသာ အဟုတ်ထင်ပြီး post တစ်ခုစတင်ခဲ့ပါတယ်။ပထမဆုံးမန့်တာကတော့ ဆူးပါဘဲ။
သူကြီးနဲ့ ရွာသူရွာသားတွေ လက်တွဲခေါ်လို့ ရွာထဲကို တစ်လှမ်းပြီးတစ်လှမ်း ဝင်လာမိပါတယ်။
ဇော်ဂျီနဲ့ မြန်မာ font ကိုလည်း အဲဒီတော့မှ စမ်းတဝါးဝါးစသုံးကြည့်ပြီး ကြိုက်သွားပါတယ်။
စိတ်ထဲကနာကျည်းချက်လေး ပေါက်ကွဲမိတဲ့ နိုင်ငံကိုတစ်ကယ်မချစ်လို့ စွန့်ရစ်လေရော့သလား ကို ၂၀၁၁ ဩဂုတ်လ ၁၅ရက်မှာ တင်ခဲ့တာကို အားပေးခဲ့ကြတော့ ကိုယ့်ကိုကိုယ် ငယ်ငယ်ကရူးခဲ့ရတဲ့ စာရေးဆရာဘဝရတော့မလားတောင် စိတ်ကြီးဝင်ခဲ့ပါတယ်။ဦးကြောင်ကြီးကလည်း မြှောက်မြှောက်ပေးတယ်လေ။
၂၀၁၁ ဇူလိုင် ၂ ရက် ကိုပေါက် ရန်ကုန်လာတာကစလို့ ရွာသူရွာသားတွေကို မျက်ဝါးထင်ထင်သိခဲ့ရတာ
ငယ်ပေါင်းကြီးဖော်တွေလို ခင်ခဲ့ရတာ ဝမ်းသာမဆုံးပါဘဲ။
လိုရင်းချုပ်ရရင်တော့ ၂၀၁၁ ဟာ မန်းဂေဇက်၊ဇော်ဂျီ၊ရွာသူရွာသားများ စတဲ့ မိတ်သစ်မိတ်ကောင်းများနဲ့ပေါင်းဆုံရတဲ့နှစ်ဖြစ်လို့ အထူးခြားဆုံးနှစ်လို့ ပြောပါရစေ အန်စာတုံးရေ။
_______________________________________________________________

Aungnng87 ကလည်း အခုလို ပြောပြခဲ့ပါတယ် …..

2011 နှစ်ကတော့ ကိုယ့်အတွက် မရေရာမသေချာနေသောနှစ်၊ ဖောက်ထွက်၍ မရသေးသောနှစ်ဖြစ်နေတုန်းပါ။ ၂၀၁၂ အတွက် ကို တိကျရှင်းလင်းသောနှစ်(ကိုယ့်အတွက်) ဖြစ်ပါစေလို့ဆုတောင်းရင်း….
_______________________________________________________________

တီချာကြီး TTNU ကလည်း ၂၀၁၁ ခုနှစ်အတွင်းက အမှတ်တရ အဖြစ်လေးတွေကို အခုလို ပြောပြသွားခဲ့ပါတယ် …..

၂၀၁၁ ဇန္နဝါရီ
ပုဂံဘုရားဖူး (၅)ခေါက်မြောက်။ လကုန်ခါနီးမှာပဲ စာသင်နေတုန်း
နောက်ဖေးကပ်ရက်အိမ်မီးလောင်၍ သေကောင်ပေါင်းလဲ ပြေးရ။
၂၀၁၁ ဖေဖေါ်ဝါရီ
ဖခင်သဖွယ်လေးစားရသော ဆရာကြီးတစ်ဦးကွယ်လွန်၊ နာရေးလိုက်ပို့ရင်း
စိတ်မကောင်းဖြစ်ခဲ့ရ။
မြောက်ဦးဆရာတော်တရားစခန်းဝင်ပြီး ဆရာတော်ရဲ ့ မြောက်ဦးပညာရေး
ဖောင်ဒေးရှင်းအတွက် လှူနှိုင်ခဲ့။
၂၀၁၁ မတ်
(၆၁)နှစ်ပြည့်မွေးနေ့အလှူ
ဦးသုနန္ဒတရားစခန်းဝင်ခဲ့။
၂၀၁၁ ဧပြီ
ကျီးပေါင်းမသက်သာ၍ တိုင်းရင်ဆေး အပ်စိုက်ကု။ မြန်မာတိုင်းရင်းဆေးကို အထင်
ပိုကြီးလာမိ။
၂၀၁၁ မေ (မထူးခြား)
၂၀၁၁ ဇွန်
မန ္တလေးဈေးချိုနားဗုံးပေါက်၍ ချောက်ချားမိ။
၂၀၁၁ ဇူလိုင်
ဝါဆိုသင်္ကန်းကပ်။
၂၀၁၁ ဩဂုတ်
မန ္တလေး ပညာရေးကောလိပ် ဆရာဆရာမများ အတွက် English Proficiency Course
တစ်ခု မေတ္တာဖြင့် သွားရောက်ဖွင့်လှစ်သင်ကြားပေးခဲ့။
ချစ်တပည့် (Pooch) က သူရေးထားတာလေးတွေ ဖတ်စေချင်လို့ ဖိတ်တာနဲ့
MG ရွာထဲသို့ ရောက်ခဲ့။ မြန်မာလို သိပ်မရသေးလို့ ဘိုလိုရိုက်မိရာ တစ်စုံတစ်ယောက်၏
အကောခံခဲ့ရ။ (အမည်မဖော်ပြချင်ပါ)( ထို Comment ကို သိမ်းထားပါသည်။)
ရွာထဲဆက်နေရကောင်းမလား၊ ပြန်ရကောင်းမလား တွေးခဲ့မိသေး။
၂၀၁၁ စက်တင်ဘာ
အိုလို့နာခဲ့ပြီ။ သွားနှုတ်ရတယ်။ ဝါးစရာသိပ်မရှိတော့ဘူးပေါ့။
၂၀၁၁ အောက်တိုဘာ
သီတင်းကျွတ်မို့လို့ ဆရာမအိုကြီးကို လာကန်တော့ကြတဲ့ ကျောင်းသူကျောင်းသားတွေ
နဲ့ အမေ့အိမ် လူစည်နေလေရဲ ့။
၂၀၁၁ နိုဝင်ဘာ
မန္တလေးရှိ ဂဇက်ရွာသားများဖြစ်ကြတဲ့ မောင်ပေါက်၊ မောင်ဝင်းထောလခါ၊ Pooch တို့
အိမ်အလည်လာကြပြီး စကားဝိုင်းတစ်ဝိုင်းဖြစ် ခင်မင်မှုတွေ သိုင်းရစ်ခဲ့ကြ။
ကထိန်သင်္ကန်းကပ်။
ဦးသုနန္ဒ တရားစခန်းဝင်။ နိဗဒ္ဓစုဗူး (တစ်နှစ်လုံး စုရန်ကြို ယူထား) ဖောက်ရာ (၂)သိန်းလှူနှိုင်ခဲ့။
နေ့တိုင်းနည်းနည်းချင်းစုငွေဖြစ်လို့ ပို ဝမ်းသာရ။
၂၀၁၁ ဒီဇင်ဘာ
MG မှာ တော်တော်ရေးလာပြီ၊ အခြားနေရာလေးတွေမှာရေးရင်း…ရေးရင်း…
I have been surfing the internet when 2012 comes in.

_______________________________________________________________

ဒီနေ့ ဖေဖော်ဝါရီ (၁၇) ရက်နေ့ဟာ ကျွန်တော့်အတွက် ထူးခြားတဲ့ နေ့လေးတစ်နေ့ပါပဲ။ ဒီနေ့ ဒီနေရာမှာ အမှတ်တရ အနေနဲ့ ဂေဇက်နဲ့ ကျွန်တော်နဲ့ ပတ်သက်ဖြစ်ခဲ့ပုံ အကျဉ်းလေးနဲ့တကွ ၂၀၁၁ ခုနှစ်အတွင်းက ဒီရွာသားအချို့ရဲ့ အမှတ်တရ စကားများကို နှစ်ပို့စ် တစ်ပို့စ် ပေါင်းပြီး တင်လိုက်ခြင်း ဖြစ်ပါတယ် ခင်ဗျာ။

အားလုံးသော ရွာသူားအပေါင်း ကျန်းမာ၊ ချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလျှက် ……

 

ခင်မင်စွာဖြင့်

အံစာတုံး

35 comments

  • စိန်ပေါက်ပေါက်

    February 17, 2012 at 11:25 am

    အမစာ ဖတ်မိလိုက်တာ စိတ်ထဲတစ်မျိုးဖြစ်သွားတယ်ဗျား
    ပြန်ငယ်သွားသလိုခံစားရတယ်ဗျ
    Listing ပြန်ဖတ်မိမှ ခင်စရာကောင်းတဲ့လူတစ်ချို ့လဲ ရွာထဲမဝင်နိုင်ကြတာ သတိထားမိတယ်
    တစ်ချို ့ကြတော့ ရုံးက ဂေဇက်ကို ပိတ်ထားလို ့ မဝင်နိုင်ကြတာပါ..(အဲဒီရုံးကလူတွေကို တစ်နေ ့မီးဒုတ်နဲ ့ရှိ ့ဖို ့ စဉ်းစားနေတယ်)
    Attraction အပြည့်နဲ ့ ရွာကြီးပါဗျို ့…
    ကျနော်ဆို ပျော်လို ့မျက်လုံးမညောင်း ဇက်ကြောမတက်မချင်း တစ်နေကုန် ထိုင်ဖတ်နေတာပဲ.ကွိ..ကွိ..
    အပြင်က အဆင်မပြေတာလေးတွေတောင် ရွာထဲဝင်လိုက်တာနဲ ့ ပျောက်သွားပါလိမ့်မယ်.
    အချိန်ရရင် ကိုယ့်ဆရာတို ့….လာလည်ကြစေချင်ပါတယ်ဗျား..
    ရမ်းသမ်းကြော်ငြာပေးနေတာ.သဂျီး ဆာဗာလဲ အားနာပါ၏..
    အီးပါချင်လို ့ပြေးလိုက်ဦးမယ် အမရေ
    ဗျစ်စ်..ဗစ်.ဘွစ်..

    • Moe Z

      February 17, 2012 at 11:36 am

      မာမီပေါက် အချိန်ကုန်သက်သာအောင် diaper
      ပါကင်လိုက် လက်ဆောင်ပေးချင်လို့ လာယူပေးမလား

      • စိန်ပေါက်ပေါက်

        February 17, 2012 at 11:46 am

        အဒိ diaper ဆိုတာ တော်တော်မူးလားဟင်

        • Moe Z ရေ မြန်မြန်ပြောလိုက်ဦးနော် ..
          မာမီပေါက်က တစ်ဆိတ်ရှိ သူ့ဟာကြီးပဲ မျက်စိထဲ ပြေးပြေးမြင်တာ ….
          အဲ … သူ့ဟာကြီး ဆိုတာ ဟိုဟာကို ပြောတာ … ဟိုဟာ ဟုတ်ဖူး …

        • စိန်ပေါက်ပေါက်

          February 17, 2012 at 12:14 pm

          တယ်..
          ငဇာတုံးနော်..
          ဟိုအမူးသမားကြီးရဲ့ ဒုံးကျည်နဲ ့ ဆော်ထည့်လိုက်ဦးမယ်.အေးဆေးနေ 😆
          ကိုမိုးဇက်ရေ
          ရေရောပြီး သောက်ရတလားဟင်

        • Moe Z

          February 17, 2012 at 12:27 pm

          အဲဒါကြောင့် ဟိုစကားပုံပေါ်လာတာပေါ့
          ဘာသမား ဘာဖြစ်ဆိုလား 😀

  • kyeemite

    February 17, 2012 at 11:58 am

    ချွန်ဒေါ်လည်း..ေ၈ဇက်ရောဂါ အကြီးအကျယ်ရနေပီ..ဖြစ်ပါဂျောင်း…

  • ကြောင်ကြီး

    February 17, 2012 at 12:17 pm

    ရွာတံခါးမှူးဦးဘလက်က သူ့ကိုကျော်လုပ်သွားလို့ တင်းနေဒယ်။။ မာဆက်ခေါ်သွားပြီး အကျောလျှော့ပေးလိုက်ပါအုံး…။ တော်ကြာနေ လူတွေ့ရင် ထိုးလားပြုလား လုပ်နေမှဖြင့်..။

  • blackchaw

    February 17, 2012 at 12:27 pm

    အံစာတုံးရေ။
    ကိုကြောင်ကြီးက နောက်သွားတာနေမှာပါဗျာ။
    ဘာကိုမှ မတင်းရပါဘူး။
    အံစာတုံး ပို့စ်မှာ ကျွန်တော် တင်းစရာ ဘာတစ်ခုမှ မပါပါကြောင်း
    ကြော်ငြာမောင်းခတ်လိုက်ပါတယ်ခင်ဗျာ။

  • windtalker

    February 17, 2012 at 1:00 pm

    ပျော်တဲ့အခါဝင်ဗျာ
    ပျင်းတဲ့အခါဝင်ဗျာ
    စာရေးချင်တဲ့အခါဝင်ဗျာ
    စာဖတ်ချင်တဲ့အခါဝင်ဗျာ
    သာသာယာယာ ဂေဇက်ရွာ

    • စိန်ပေါက်ပေါက်

      February 17, 2012 at 1:08 pm

      ကျုပ်ပြောပြီးပါပြီ
      ခင်ဗျား ဆရာကြီး ဝင်မလုပ်ပါနဲ ့

  • Diamond Key

    February 17, 2012 at 1:56 pm

    အံစာတုံးရေ၊ ရွာချစ်သူတစ်ဦး အနေနဲ့ အမျိုးတွေ့ရင် အရမ်းဝမ်းသာသဗျာ။ :mrgreen:

  • water-melon

    February 17, 2012 at 2:20 pm

    ကိုကြီး အံဇာ
    ရှည်ရှည်ဝေးဝေးမပြောတော့ဘူးနော့
    နောက်ထပ်ထဲ စာတွေရေးနိုင်ပါစေ
    ကိုကြီးအံလည်း ကျန်းမာချမ်းသာပါစေလို့ ဆုတောင်းပေးပါတယ်။
    ခင်တဲ့ မဖရဲ

  • MaMa

    February 17, 2012 at 2:43 pm

    ရွာထဲမှာ မှတ်မှတ်ရရ ၂၀၁၂ မှာ ဘွဲ့တွေ တသီကြီးခေတ်စားလာတာပဲ။
    ခေတ်မှီအောင် ကိုယ့်နာမည်တောင် အရှည်ကြီး ပြန်မှည့်ရမလို ဖြစ်နေပြီ
    မဟာအနန္တ စကြဝဠာအာကာသ မဟာရာဂျာရာဇာ အံစာတုံးအုတ်နီခဲ ရေ……………………..
    အမလေး မောလိုက်တာ 😛

    • မမ လုပ်လိုက်မှပဲ ကိုယ့်ဘွဲ့ကို ထပ်ပြီး အရှည်ကြီး ဆွဲဆန့်လို့ရတာ သိတော့ဒယ် … 😀
      မမလည်း သားတို့ကို အားကျရင် အောက်က ဦးဘလက် ပေးတဲ့ နာမည် ပြောင်းလိုက်ပါလား။
      မိုက်တယ် …
      “မြသန္တာ ဝင်းဝင်းခိုင် ကလျာ မမမောင်” … တဲ့ .. ဟီဟိ
      😀 😀

  • blackchaw

    February 17, 2012 at 2:50 pm

    အဲဒါဆို ကျွန်တော် မမ ကို နာမည်ပေးလိုက်မယ်။
    မြသန္တာဝင်းဝင်းခိုင် ကလျာ မမမောင်
    လို့ ပေးလိုက်မယ်။
    နာမည်ပေးခ အခမဲ့ပါဗျာ။

  • koaung

    February 17, 2012 at 2:51 pm

    ကိုယ့်ဆရာလဲတကယ်အသေးစိတ်ဘဲ ကောင်းပါ၏ဗျာမှတ်တမ်းမှတ်ရာတွေကလေးစားပါ၏

  • kai

    February 17, 2012 at 3:43 pm

    အဲဒီတော့…
    ရာထူးတက်သွားပါကြောင်း..
    လစာကတော့.. ဝံကြီးကန့်ကွက်လို့မတက်ကြောင်း…။

  • ဟိုက်လစာ တိုးတောင်းနေပီ ကိုစိန်ပေါက်ပေါက်နော်။ဝံဂျီးက ကန် ့ကွက်တယ်တဲ့ဗျ။စောင့်အုံးနော်။
    ကိုအံစာတုံးရေ…..ကိုယ့်ကွန်မန် ့ပြန်ဖတ်ရတော့ တမျိုးကြီးဗျ။

  • aungnng87

    February 17, 2012 at 5:28 pm

    ဟဲ…ကိုယ့်ကောမန့်လေးပြန်မြင်ရတော့ မျက်ရည်ဝိုင်းသွားသလိုဘဲ..Herat ထိတယ်ဆိုတာဒါမျိုးနေမှာ…

  • Khin Latt

    February 17, 2012 at 6:42 pm

    ~~~ ဒီနေ့ ဖေဖော်ဝါရီ (၁၇) ရက်နေ့ဟာ ကျွန်တော့်အတွက် ထူးခြားတဲ့ နေ့လေးတစ်နေ့ပါပဲ။ ~~~
    အနီးစပ်ဆုံးတွေး ကြည့်မိတာက မင်း မွေး နေ့ များလား။ 🙄

    ပျော်ရွှင်ဖွယ် နေ့ရက်လေး ဖြစ်ပါစေ။
    ဒီနေ့ မှ စ၍ နေချင်သည့် နှစ် တိုင်အောင် အလိုရှိအပ်၊ တောင့်တအပ် သော၊ မြင့်မြတ်သော ဆန္ဒများ အားလုံး ပြည့်ဝပါစေ။
    မိဘ ကို မငြိုမငြင် နဲ့ မွေးကျေးဇူး ဆပ်ချင်တဲ့၊ ဆပ်နိုင်တဲ့ သားလိမ္မာ ဖြစ်ပါစေ။
    တစ်ချိန်မှာ မိသားစု၊ အိမ်သူ နဲ့ သားသမီး များ အတွက် ဖခင်ကောင်း ဖြစ်လာပါစေ။
    စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း နဲ့ ပြည့်ဝ ကာ အောင်မြင် ခြင်း အပေါင်း သရဖူ ဆောင်းနိုင်သူ ဖြစ်ပါစေ။

    ခင်မင်စွာဖြင့်
    အရီးလတ်

    PS – ကိုးနတ်ရှင်ကိုလည်း ကြိုက်တဲ့အချိန်မှာ ကြိုက်သလို ကိုင်နိုင်သူ ဖြစ်ပါစေ။ 😀

    • အရီးလတ် ထင်တာနဲ့ ကွက်တိပါပဲဗျာ ..
      ဒါကြောင့် ပညာရှိတွေများ တွေးကြည့်ရင် ပြေးကြည့်တာထက် မှန်တယ်လို့ ဆိုတာနေမှာ …
      အဟုတ်ပါပဲ ဒီနေ့က ကျွန်တော့် မွေးနေ့ပါခင်ဗျာ …
      အရီးလတ် ပေးတဲ့ ဆုတွေနဲ့လည်း ပြည့်ပါစေလို့ …

      အံစာတုံး

      • Khin Latt

        February 17, 2012 at 9:37 pm

        ” ပညာရှိ”??? ဟီဟိ 😀 😀 😀
        ကလူ …. ကလူ …. ကလူ …. (လိပ်ပြာလွင့် သွား လို့ ပြန်ခေါ်တာ။)
        ခေါင်းကုတ် ပြီး စဉ်းစားနေ၏။ 🙄
        😉

  • Khin Latt

    February 17, 2012 at 6:46 pm

    ဒါထက် ကိုရှုံး တစ်ယောက် ဘယ်ရောက်နေပါလိမ့်။
    ဟိုးအရင် အရီးဝင်စ က အရီး ရွာထဲဝင်တဲ့ အချိန် သူလဲ ဝင်တယ်။
    အားရင် ပြန်လာပါဦး ကိုရှုံးရေ့။

  • မြစပဲရိုး

    June 10, 2015 at 5:22 am

    Miss you all….

Leave a Reply