မိမိတန်ဖိုးကို မိမိကိုယ်တိုင်ထိန်းသိမ်းပါ…

Khaing KhaingFebruary 20, 20121min2128

အခုတစ်လော အလုပ်မလုပ်ချင်တော့တဲ့ စိတ်တွေက အရမ်းကိုဖြစ်နေတယ် ဖြစ်ရအောင်လည်း အကြောင်းအရင်းတွေကများတယ်လေ ကိုယ်တွေကုမ်ပဏီကသူများတွေလို မြန်မာပြည်မှာ သူဌေးက ထိုင်တာမဟုတ်ဘူး ဒီမှာက Local reapတွေပဲခန့်ထားတာ သူများအလုပ်တွေက new year တရုတ်နှစ်ကူး မြန်မာသင်္ကြန် သီတင်းကျွတ်ဆိုမုန့်ဖိုးတွေရ bonusတွေရ ခရီးတွေသွားရနဲ့ စိတ်အပန်းပြေတာပေ့ါ ကိုယ့်အလုပ်ကျတော့ ဘာမှမရတဲ့အပြင် အလုပ်မှာခိုင်းစရာရှိရင်တော့ ကိုယ့်လက်အောက်ကလူဆိုပြီး အားမနာရှာမကျိုးခိုင်းတယ် ပေးစရာရှိတဲ့အချိန်များကျတော့ ငါကသူဌေးမဟုတ်ဘူး သူဌေးကမပေးတော့ ငါနဲ့မဆိုင်ဘူး ကိုယ်တိုင်လည်း အရှေ့ကနေ မားမားမတ်မတ် တောင်းပေးဖို့ဆိုတာဝေးလို့ လူကြီးတစ်ယောက်အနေနဲ့ သူဌေးကသူ့လက်အောက်မှာ လုပ်ပေးဖို့ခန့်ထားပေးတာကို ခိုင်းစရာရှိရင် ခိုင်းသလို ပေးတဲ့အချိန်ရောက်ရင်လည်း မိမိကို အမြဲအနီးကပ် တာဝန်ကျေအောင်လုပ်ပေးတဲ့ဝန်ထမ်းကို သူဌေးကမပေးသည့်တိုင် သူတို့က ကိုယ့်အောက်လက်ငယ်သားတွေစိတ်ချမ်းသာအောင်တော့ တစ်ခုခု စီစဉ်ပေးသင့်ပါတယ် အလုပ်တစ်ခုမှာ လူကြီးနဲ့ လက်အောက်ငယ်သားတွေဆိုတာ ကျွန်းကိုင်းမီ ကိုင်းကျွန်းမီပါ  အထက်လူကြီးတွေကလည်း ကောင်းမှ အောက်လက်ငယ်သား တွေလည်း အဆင်ပြေပြေနဲ့အလုပ်လုပ်နိုင်မယ် မိမိလက်အောက်ငယ်သားတွေကောင်းမှ လူကြီးတွေအနေနဲ့လည်း အစစအရာအရာအဆင်ပြေမှာပါ အောက်ကလူတွေပညာပြရင်လည်း လူကြီးတွေကိုထိခိုက်နိုင်ပါတယ်… ပြောချင်တာလေးတွေကရှည်သွားပြီ ဒီလိုနဲ့ညစ်လုံးလုံးပြီး လုပ်ဖော်ကိုင်ဖက်တွေရော ကျွန်မပါ အလုပ်ထဲစိတ်မပါတော့ဘူး စိတ်မပါတော့ အလုပ်လုပ်ရတာတွေ အဆင်မပြေဘူး …. မှားတာတွေများလာတယ် မှားမယ်ဆိုတာသိပေမယ့်လည်း မသိချင်ယောင်ဆောင်ပေကပ်ကပ်တွေ ဖြစ်လာတယ်…. အလုပ်ကထွက်ချင်လာတယ် ထွက်ဖို့လည်း ကြံစည်နေကြမိကြတယ် ထွက်မယ့်အတူတူ လုပ်ချင်တိုင်းလုပ် နေမိကြတော့တာပဲ …အဲဒီအချိန်မှာ ကျွန်မကိုယ့်ဘာသာအကြိမ်ကြိမ် အဖန်ဖန်စဉ်းစားမိတယ် ဒီလိုသာလုပ်နေရင် အလုပ်ကိုခဏတော့ထိခိုက်လိမ့်မယ် ဒါပေမယ့် ကိုယ့်နံမည်ကိုတော့ တစ်ဘဝလုံးထိခိုက်သွားမယ့်ကိစ္စဖြစ်နေပါလားလို့ သုံးသပ်မိလာတယ် ငါဒီအလုပ်မှာ ဘယ်လောက်ပဲစိတ်ညစ်နေပါစေ စိတ်ပျက်နေပါစေ အကောင်းဆုံးဖြစ်အောင် ငါအလုပ်ထွက်တဲ့အထိလုပ်သွားမယ်ဆိုတဲ့ အတွေးဝင်လာတယ် ကိုယ်ကအရင်ကတည်းက မကောင်းတာမလုပ်ခဲ့ဘူး လူကြီးကမကောင်းဘူး သူမကောင်းတိုင်းကိုယ်ပါလိုက်မကောင်းဘူးဆို ကိုယ်ပဲပျက်စီးသွားမှာပေ့ါ ကျောက်ဆောင်ကိုကြက်ဥနဲ့ပေါက်ရင် ကြက်ဥပဲကွဲတယ်တဲ့…ဒါကြောင့် ကျွန်မရဲ့ကျနေတဲ့စိတ်တွေကို ပြန်တင်းပြီး ငါသာမကျေနပ်လို့အလုပ်ထွက်မယ် ငါ့ကိုသူများဖြုတ်လို့ ပြုတ်တယ်ဆိုသာဘယ်တော့မှမဖြစ်စေရဘူး မထွက်ခင်ကာလမှာလဲ အလုပ်ကိုအတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင်လုပ်သွားမယ် ဒါမှငါထွက်ရင် ငါ့ရဲ့ဖြူစင်မှုတွေ ရိုးသားကြိုးစားမှုတွေကို လူကြီးတွေစိတ်ထဲမှာ စွဲကျန်ရစ်စေရမယ်လို့…. အဲဒါနဲ့ကျွန်မလည်း အလုပ်မထွက်ခင်ထိကြိုးစားလုပ်ခဲ့မိတယ်………..မိဘကလည်း မိမိ၏သားသမီးများ၏ စိတ်ခံစားချက်ကို နားလည်အောင်ကြိုးစားသင့်သည် အထက်လူကြီ းအလုပ်ရှင်များအနေနှင့်လည်း မိမိအောက်လက်ငယ်သားများ၏ ခံစားချက်ကို နားလည်နိုင်အောင်ကြိုးစားသင့်သည် အဲဒီရည်ရွယ်ချက်နှင့် ဒီပို့လေးကိုတင်ဖြစ်ပါသည်.

 

 

ဖတ်ရူသူများကိုကျေးဇူးတင်ပါသည်

ခိုင်ခိုင်(ရင်မှမွေးဖွားတင်ပြသည်)

 

 

 

 

 

8 comments

  • thuyazaw21451

    February 20, 2012 at 2:50 pm

    အလဲ့ ရင်မှ မွေးဖွားသည်ဆိုပဲ……….. စာအရေးအသားလေးတွေ ကို ပြင်လိုက်မယ်ဆို ပညာပေးစာစုလေး ဖြစ်သွားမှာပါ……….. အားပေးနေပါတယ်…….. ဆက်လုပ်ပါနော်………..

  • စိန်ပေါက်ပေါက်

    February 20, 2012 at 3:20 pm

    ကောင်းတယ်..
    ဝန်ထမ်းတိုင်း အကိုတို ့လို စိတ်ဓာတ်မျိုး ကိုယ်စီရှိကြရင် ပိုကောင်းတယ်
    နောက်ဆုံး အလုပ်ထွက်သွားရင်တောင် နာမည်ကောင်းနဲ ့ လက်မထောင်ပြီး ထွက်သွားလို ့ရတယ်…
    သေချာ တာဝန်ကျေအောင်လုပ်ပါ့မယ်.

  • ဆူး

    February 20, 2012 at 3:35 pm

    Khaing Khaing = ခိုင်ခိုင်
    တခုတော့ သေချာ ပြောချင်တယ်။

    ခိုင် ဆိုတာကို ခိုင် လို့ ထွက်ချင်ရင် အင်ဂုလိ လို ကေအေအိုင် နဲ့ ပေါင်းမှ အင်တာနေရှင်တယ် စတန်းတက် ခိုင် ဖြစ်မယ်။
    ဒီတော့ ခိုင်ခိုင် ကို ခိုင်ခိုင် အနေနဲ့ အင်တာနေရှင်နယ် ခိုင်ခိုင် ဖြစ်ဖို့ စာလုံးပေါင်း ပြင်ဆင်ဖို့တော့ လိုအပ်မယ် ထင်တယ်။

    မယုံရင် မေးကြည့် သဂျီးခိုင် ကို မေးကြည့်.. ဟိဟိ.. 😀

  • etone

    February 20, 2012 at 4:43 pm

    အစ်မခိုင်ရေ .. အလုပ်ခွင်မှာ ဖြစ်လေ့ ဖြစ်ထရှိတဲ့ … အလေ့ထတွေပါပဲ .. ဒီလိုပါပဲ .. ကြက်တူရွှေးက တော်တော် မယ်တော်က ကဲကဲ တွေချည်း များတတ်တယ် .. အဲ့ဒါက ကိုယ်တွေ့ … ။ 😛

    ဒါပေမယ့် … ကျွန်မစိတ်ထဲမှာတော့ .. လူကြီးက နေရာပေးတာ .. မပေးတာအတွက် ဖီလင် သိပ်မထားတတ်ဘူး … ။ ကိုယ်က ဘယ်အလုပ်ကို ဘယ်အတိုင်းတာထဲ လုပ်နိုင်သလဲ ပြဖို့အတွက်သာ … စိတ်ထဲပြင်းပြင်းပျပျဖြစ်မိတာပါ … ။ စိတ်အလိုမကျမှုတွေဖြစ်လာတိုင်း ကိုယ့်ကိုယ်ကို ကြံခိုင်အောင်ပိုကြိုးစားတယ် … ။ စိတ်ဓါတ်ကို ပိုမာအောင် တင်းခဲ့တယ် … ။ ကိုယ်အသုံးမကျဖြစ်လေ ၊ အမှားလုပ်မိလေ … ကိုယ့်ညံ့ဖျင်းမှုက ပေါ်လွင်လေမို့ … အတိုက်ခံ .. အလိုမကျမှုတွေ ရှိလာတိုင်း … လုပ်ငန်းကျွမ်းကျင်မှုဘက်ရော .. လေ့လာမှုဘက်ကိုရော .. ပိုအရှိန်မြင့်ခဲ့တယ် …. ။ ကိုယ်အသုံးမကျလေ .. မလိုတဲ့ လူတွေက ပျော်လေလေပါပဲ .. ။

    အခုတော့လည်း … ကြိုးစားရကျိုးနပ်တယ်လို့ပြောရမယ် …ထိုက်သင့်သလောက် အကျိုးခံစားခွင့်တော့ ရှိတာပါပဲ … ။ အလုပ်ရှင်တွေက .. မျက်စိထောက်ထောက်သာ မကြည့်နေတာ … ဘယ်သူဘာလုပ်သလဲ .. အပ်ကျတာက အစသိတယ် … ။ သူများကြောင့်တော့ .. ကိုယ့်ကိုယ်ကို သိမ်ဖျင်းတဲ့လူ မဖြစ်ပါစေနဲ့ အစ်မရေ .. မတန်လွန်းလို့ပါ … ။ သူများကိုသာပြောနေတာ .. ကိုယ်ကတော့ ….. ကျွန်သက် ခြောက်နှစ် ပြည့်ဖို့ 2ရက်ပဲ လိုတော့တယ် …. ။နောက်မှ .. မကျေနပ်ချက်လေးတွေ .. နည်းနည်း စာစီပါဦးမယ် .. 😛 😛

  • K- Red

    February 21, 2012 at 9:51 am

    ဒီအလုပ်ကိုဘဲ ဆက်လုပ်မယ်လို့ စိတ်ပိုင်းဖြတ်ထားရင်… အရင်စိတ်ဓါတ်မျိုးနဲ့ မသွားဘဲ ကိုယ့်ရဲ့ စိတ်ဓါတ်ကို ပြုပြင်ရပါမယ်…

    တကယ်လို့ စိတ်ဓါတ်ကို မပြုပြင် နိုင်ဘူးဆိုရင် အလုပ်ပြောင်းလုပ်လိုက်ပါ… (သို့) ရှင်လျှက်ဘဝ သေနေတဲ့ လူတွေ နဲ့တူလိမ့်မယ်…ဒါကျွန်တော့် အမြင်ပေါ့နော်..

  • Rose Minn

    February 21, 2012 at 12:29 pm

    အလုပ်လုပ်တဲ့သူ လူတိုင်းလူတိုင်း ဒီပြဿနာကို တစ်ခုမဟုတ်တစ်ခုခံစားရစမြဲပါ။လူ့လောက မှာနေလာပြီး လူဖြစ်လာတာဆိုတော့လေ။ လူဖြစ်ရတဲ့ဒုက္ခ ပေါ့။ မလျှောက်လှမ်း ရင်မှ မရပဲ။ ဝမ်းရေးဆိုတာက ရှိလာတော့လဲ။ အခု ဟာက ဝိုင်း စုပြုံပြီးခံစားနေရတော့လဲ။ ငါနှယ်အဖြစ်ဆိုးလေခြင်းလို့တွေးမိတာပေါ့လေ။

    လူကြီးတွေက မသိချင်ယောင်ဆောင်တာလား တမင်မသိတာလားဆိုတာ တော်တော်ခံစားရခက်တယ်။

    အသက်ကြီးလို့ ပညာရှိလို့လူကြီးဖြစ်တယ်။ မင်္ဂလသုတ် ထဲက အတိုင်းမကျင့်ကြံ တဲ့သူတွေ ကိုအများကြီး။ ဘုန်းဘုန်းတွေ ဟောတဲ့တရားတွေကို နာသာနာပြီးမကျင့်ကြံမှတော့ ဘယ်လိုလုပ် အဆင်ပြေပါတော့မလဲ။ ဒီဘက်နားက ဝင်ပြီးဟိုဘက်နားက ထွက်တော့မပေါ့။ ကိုယ်သာတော်ကိုယ်သာတက်ပြီး သူများကို နှိပ်ချင်တာ။ တပည့်မတော်တာကို နှိမ်နေမှ၊ အသိမှတ်မပြုမှတော့ ဆရာကောင်းဖြစ်လာပါအုံးမလား။ လူတိုင်းလူတိုင်းမွေးဖွားလာကတည်းက မတက်ပါဘူး။ သင်ပေးရင် ဉာဏ်ပေါ်မူတည်ပြီး ရတာကြီးပါပဲ။ အချိန်ပဲကွာတာပါ။

    အိမ်မှာ လမ်းမှာ ရန်ဖြစ်တိုင်း အလုပ်က ကိုယ့်လက်အောက်ငယ်သားကို ဒေါသပုံတာလူကြီးလား။

    လူကြီးဆိုတဲ့သူကိုယ်တိုင်က လုပ်တာဝန်တွေကို မလုပ်ပဲအေးဆေး ထိုင်နေပြီး။ လက်အောက်ငယ်သားတွေ လုပ်နေတာကို မမြင်ပဲရမ်းသမ်းပြီး နင်တို့ အလုပ်မလုပ်တဲ့သူ၊ တာဝန်တွေ မကျေပြွန်တဲ့သူလို့ အော်တာ လူကြီးလား။

    စံပြခေါင်းဆောင်တွေရဲ့ အရည်အချင်းဆိုတဲ့စာအုပ်မဖတ်ဖူး ပဲလူကြီးဖြစ်နေတော့ အောက်လက်ငယ်သားတွေ ခံရခက်တာပေါ့။ ဒီခေတ်မှာ စံပြခေါင်းဆောင်လူသားအကျိုးပြုသူတွေ ကိုအတုယူချင်ရင် အများကြီး ဒုနဲ့ဒေးပါ။

    အမြဲတမ်းသူများလုပ်တာကို ရှေ့ဆောင်ဦးရွက်မလုပ်ပဲ ဂဏန်းလိုကန့်လန့်တိုက်၊ ဘာလုပ်လုပ်အပြစ်မြင် အပြစ်တင်ပြီးပြောတက်တာ လူကြီးလား။ လှုပ်ရှားမှုမပြုနဲ့ အားလုံးဟာ အပြစ်တွေကြီးပဲ။

    ဒီလို လူအောက်မှာ ဘယ်လိုဆက်လက် နေရပါတော့မလဲ။ ဝမ်းရေးကြောင့်သာ……….

  • Pearl May

    February 21, 2012 at 3:36 pm

    လုပ်ငန်ခွင်တိုင်းမှာပုံစံအမျိုးမျိုးနဲ့ အဆင်မပြေတာလေးတွေရှိတတ်ပါတယ်။ လုပ်နေတဲ့ကာလအတွင်း ကိုယ့်တန်ဘိုး ကိုယ်ထိန်းသိမ်းတာ အလွန်ကောင်းပါတယ်။ အပြင်ပန်းတိုက်ခိုက်မှုတွေဘယ်လိုပဲရှိရှိ ကိုယ့်တန်ဘိုး ကိုယ့်အရည်အသွေးကိုဘယ်သူမှ တန်ဘိုးမဲ့အောင်လုပ်လို့မရဘူးလေ။ တနေ့ကိုယ်လူကြီးဖြစ်လာမယ့်အချိန်တွေအတွက် ရှောင်ရန်ဆောင်ရန်တွေ လေ့လာနေတယ်လို့သဘောထားရတော့မှာပဲနော။

  • bluerose

    February 21, 2012 at 4:31 pm

    အလုပ်လုပ်တဲ့သူတိုင်းမှာတော့ခုလိုခံစားချက်လေးတွေရှိတာပါပဲ
    အရင်အလုပ်နှစ်ခုမှာဆိုထွက်သာလာတယ်ခုထိပြန်ခေါ်ချင်တယ်
    လုံးဝမလုပ်ချင်တော့တာတောင်အကောင်းဆုံးဖြစ်အောင်လုပ်ပေးခဲ့တယ်
    ခုအလုပ်မှာတော့ကို်ကကောင်းရင်ကောင်းသလောက်ကိုယ့်ကိုပြန်ကြည့်ပေးတယ်လေ
    တချို့နေရာတွေမှာတော့ကိုကအကောင်းဆုံးလုပ်ပေးတာတောင်
    ထွက်လာတော့မှကို်ယ့်တန်ဖိုးနားလည်တတ်ကြတာ
    ဘယ်နေရာမှာပဲဖြစ်ဖြစ်ကိုယ့်ရဲ့အရည်အချင်းကိုအကောင်းဆုံးဖြစ်အောင်
    ကြိုးစားတာကောင်းပါတယ်

Leave a Reply