Oh! We Burmans – လူကြီးသူငယ်နာရောဂါ

koyin sithuFebruary 20, 20121min46313

ယခုတလော ကျွန်တော့်အိမ်က စာအုပ်စင်အဟောင်းကို ဟိုလှန်ဒီလှန်ရှာဖွေရင်းနဲ့ အင်္ဂလိပ်မဂ္ဂဇင်းတစ်ခုမှ စာတစ်ပုဒ်ကို ဖတ်လိုက်မိပါသည်။ နှစ် ၇ဝကျော်က စာတစ်ပုဒ်ဖြစ်ပြီး ဆောင်းပါးခေါင်းစဉ်မှာ Oh! We Burmans…။ ဖြစ်ပြီး စာရေးသူမှာ Maung Thant ဆိုသော ကလောင်အမည်ကိုတွေ့ရလေသည်။ Maung Thant ဆိုသူမှာ အခြားသူမဟုတ်။ ကမာ္ဘသိ မြန်မာတစ်ဦးဖြစ်လာမည့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး (ဟောင်း) ဦးသန့်ပင်ဖြစ်သည်။ ထိုဆောင်းပါးတွင် သူက မြန်မာလူမျိုးတို့၏ စရိုက်ဆိုးအချို့ကို ပယ်ပယ်နယ်နယ်တွယ်ထားသည်။ စကားလုံးပြောင်ရုံမက တခါတရံတွင် ကြမ်းသည်ဟုပင်ဆိုနိုင်သည်။ သို့သော်ကား စာရေးသူ ဦးသန့်၏ မြန်မာလူမျိုးတို့အပေါ် ဖြစ်ထွန်းတိုးတက်စေချင်လွန်းသော စေတနာကိုကား အတိုင်းသားတွေ့ရပါသည်။ ကျွန်တော်လည်း ဖတ်ရင်း ဖတ်ရင်းနဲ့ ဆောင်းပါးရှင် ဦးသန့်၏ အတွေးနဲ့အရေးအသားကို သဘောတွေ့မိပါသောကြောင့် ယနေ့တိုင် ဆင်ခြင်ဖွယ်များစွာရှိနေသေးသော ကျွန်တော်တို့၏ စရိုက်များ ပြင်ဆင်သင့်သည်ဟု မြင်မိပါသည်ကတစ်ကြောင်း၊ ကျွန်တော် ကိုယ်တိုင်လည်း လူကြီးသူငယ်နာရောဂါ အချိန်များစွာ စွဲကပ်ခဲ့သူတစ်ဦးဖြစ်သည်ကတစ်ကြောင်းနှင့် ဘာသာပြန် လက်တည့်စမ်းနေသည့်အတွက် ဆောင်းပါးတစ်ခုလုံးကို အပြည့် ဘာသာပြန်ခြင်းမျိုးမဟုတ်ပဲ ရွာသူားများ ဖတ်စေချင်သော ဇောဖြင့် လိုအပ်သလို ကောက်နှုတ်၍ ဆီလျှော်သလို မူရင်းစာရေးသူရဲ့ ဆိုလိုရင်းကို မပျက်စေဘဲ မိမိအတွေးဖြင့် ပေါင်းစပ်၍ ပို့စ်တစ်ခုအနေဖြင့် ဘာသာပြန်ပေးလိုက်ရသဖြင့် ဝေါဟာရ အမှားအယွင်းနှင့် ဆိုလိုရင်း လိုအပ်ချက်များရှိခဲ့သော် မူရင်းဆောင်းပါးရှင် ဦးသန့်နှင့် သက်ဆိုင်ခြင်းမရှိပဲ ဘာသာပြန်ဆိုသူ ကျွန်တော်၏ စေတနာအမှားဟုသာ ခွင့်လွှတ်ကြပါကုန်…။

—————————————————————————————————————

ကျွန်တော်တို့ မြန်မာလူမျိုးများတွင် ထင်သာမြင်သာသော ချို့ယွင်းအားနည်းချက်တစ်ခု ရှိပါသည်။ ဤအားနည်းချက်သည်ပင်ဖွံ့ဖြိုးမှု နောက်ကျရခြင်း၏ အကြောင်းအရင်းခံတစ်ဖြစ်နိုင်သည်။ ဤသို့သော ပျော့ကွက်ဟာကွက်မျိုးကို အမေရိကန်တွေက “လူကြီးသူငယ်နာရောဂါ” ဟုခေါ်ကြသည်။ ကျွန်တော်တို့ နိုင်ငံတွင်လည်း အသက်ကြီး အချိန်မစီးသည့် ကလေးပေါကြီးတွေ ပေါမှပေါဖြစ်လေရာ သူတို့ပြောသော ရောဂါအမည်နှင့် အဟပ်ညီမည်ထင်ပါသည်။ သို့သော်လည်း အဆိုပါအပြစ်အနာအဆာမှာ စိတ်နှင့် ကိုယ်တွင် ကပ်ငြိနေသော ရောဂါဆိုသည်ထက် အသိပညာအရာတွင် ကလေကဝနိုင်မှုနှင့် ပို၍ ဆိုင်ပါသည်။ မည်သို့ပင် ရှိစေ ဤလိုရောဂါမျိုး ဖိစီးနှိပ်စက်ခံနေရသည့် မြန်မာလူမျိုးအရေအတွက်သည် ပို၍ များလာဟန်ရှိပါသည်။

ဤချို့ယွင်းချက် အားနည်းချက် ရောဂါဆိုသည်မှာ ဘာကိုဆိုလိုသနည်း။ ဤ ရောဂါက ကျွန်တော်တို့ မြန်မာတွေကို ဘယ်သောင်ဘယ်ကမ်းဆိုက်မည်နည်း။

ကလေးတစ်ယောက်က သူ့ကစားဖော်သူငယ်ချင်းကို ပြောလေ့ပြောထရှိသည့်စကားများကို ကျွန်တော်တို့ မကြာခဏကြားရလေ့ရှိသည်။ “ငါ့အိမ်က မင်းအိမ်ထက်ပိုကြီးတယ်ကွ၊ ငါ့အဖေက မင်းအဖေထက် ပိုချမ်းသာတယ်ကွ”…။ စသည်ဖြင့်။ ထိုသို့သော ကလေးအကြွားမျိုးကို မိဘဖြစ်သူများက ဟန့်သယောင် တားသယောင် ဆောင်ကြသော်လည်း စိတ်ထဲကတော့ ကျိတ်သဘောကျနေကြသည်ကများသည်။ ဒီလိုဖြင့် ငယ်ကျင့်တွေမှာ လူကြီးဘဝအထိ ပါလာလေတော့သည်။ ဥပမာ – ဦးခိုင်က သူ့ဇနီးအတွက် ရွှေဘယက်တစ်ခု လုပ်ပေးသောအခါ အိမ်နီးချင်း ဦးကြောင်ကလည်း အားကျမခံ သူ့မိန်းမကို စိန်ဘယက်လုပ်ပေးသည်မှာ အဆိုပါ ဖော်ပြချက်မျိုးဖြစ်ပါသည်။ ထိုထက်တစ်ဆင့်တက်လာသောအခါ ပိုဆိုးလေသည်။

“ဟေ့… ငါတို့ မြန်မာဘုရင်တွေက ယိုးဒယား၊ အာသံနဲ့ မဏိပူရကို နိုင်ခဲ့တာကွ… ဘာမှတ်လဲ..” စသဖြင့် တစ်ချိန်က မိမိ အောင်မြင်မှုအပေါ် သွေးနာထင်ရောက်နေသော၊ အခြားနိုင်ငံနှင့် လူမျိုးများအပေါ် အဖက်မတန်သလို သဘောထားသော ဘဝင်စိတ်ပင်ဖြစ်သည်။ “ဟိတ်… တို့အတန်းထဲမှာ ငါအတော်ဆုံး၊ ငါအလိမ္မာဆုံးကွ” ဆိုသည့် ကလေးစကားနှင့် ဘာကွာတော့မည်နည်း။

လူဦးရေနှင့် နှိုင်းယှဉ်လျှင် ကျွန်တော်တို့ နိုင်ငံတွင် ဝတ်ပြုကိုးကွယ်စရာ ဘုရားကျောင်းကန်တွေ အခြား မည်သည့်နိုင်ငံထက်မဆို ပိုများပါသည်။ သို့သော် ကျွန်တော်တို့တစ်တွေမှာမူ ဘာသာရေးအဆုံးအမများ အပေါ်တွင် လိုက်နာမှုမှာ အားနည်းလှသည်ဟု ဆိုချင်သည်။ သို့နှင့်တိုင်း အငြိမ့်ပွဲ ဇာတ်ရုံများတွင် သွားကြည့်လိုက်ပါက ဝါဝါဝင်းဝင်းတွေ မမြင်ချင်အဆုံးဖြစ်နေသည်။ ကျွန်တော်တို့ နိုင်ငံတွင် သံယံဇာတ ပေါကြွယ်သည်ဟု နာမည်ကြီးသည်။

“ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံ” ဟုဆိုကာ ဖြုန်းတီးမှုကို အဟုတ်ကြီးထင်နေကြသည်။ ဘာကြောင့် ဤသို့ဖြစ်နေပါသနည်း။ စိတ်ဓါတ်ရေးရာအရ နို့စို့ကလေးဘဝမှ မတက်နိုင်သောကြောင့် ဖြစ်ပါသည်။

ကျွန်တော်တို့ မြန်မာတွေမှာ ကမာ္ဘပေါ်တွင် အနုပညာပါရမီအရင့်သန်ဆုံး လူမျိုးတစ်မျိုးဖြစ်သည်မှာ မှန်ပါသည်။ သို့သော်လည်း အနုပညာသည်များ၊ (သဘင်သည်များ)နှင့် ပတ်သက်မှုကား အောက်တန်းစား ဖက်ခွက်စားများဟု သဘောထားကြသည်။ သူတို့နှင့် တစ်ပြေးတည်းထိုင်လျှင်ကိုပင် အရှက်ရစရာ သိမ်ငယ်စရာဟု ထင်ကြလေသည်။

နိုင်ငံခြားသားတို့၏ စဉ်းစားတွေးခေါ်ပုံ၊ လုပ်ကိုင်ဆောင်ရွက်ပုံများနှင့် ပတ်သက်လျှင်လည်း အတုယူနည်းယူ စရာရှာမကြည့်တတ်ကြ။ အထင်သေး ရှူတ်ချကြသည်ကများသည်။ ပြောလျှင် အစစအရာရာ ကျွန်တော်တို့ တွေမှာ အရွယ်မရောက်သေးသော ကလေးစိတ် လူကြီးကိုယ်တွေ ဖြစ်နေတော့သည်။

ကျွန်တော်တို့ နိုင်ငံကို နိုင်ငံခြားဧည့်သည်များရောက်လာကြသောအခါ ကျွန်တော်တို့ကို သဘောကျကြပါသည်။ “နက်ဖြန်ခါအတွက် တွေးမပူတတ်သော ပျော်ပျော်နေ သေခဲလူမျိုး” ဟုလဲ မကြာခဏဆိုသလို ပြောတတ်ကြသည်။ ဤကောက်ချက်မျိုးကို ကျွန်တော်တို့က ဂုဏ်ယူမဆုံးဖြစ်နေတတ်ကြသည်။ လူကြီးတစ်ယောက် မြောက်ပင့်စကားကို ကျေနပ်ပီတိဖြာနေသော ကလေးတစ်ယောက်နှင့်ပင် တူနေသေးတော့၏။ ကျွန်တော်တို့ ဟာသက ရိုးသားသည်။ ကျွန်တော်တို့ အတွေးက တိမ်သည်။ ကျွန်တော်တို့ စကားကပေါ့ပျက်သည်။ သင့်မသင့် မှန်မမှန် ကိုယ်တိုင်မစဉ်းစား၊ စဉ်းစားဆုံးဖြတ်ရမည့်အလုပ်ကိုလည်း ဆရာတော်များနှင့် ဂုဏ်သရေရှိလူကြီးမင်းများကိုသာ လွှဲထားလေသည်။ ကလေးတွေနှင့် ဘာကွာတော့မည်နည်း။

ကျွန်တော်တို့ လူမျိုးမှာ စံသတ်မှတ်ချက်များကိုလဲ အလွန်ကိုးကွယ်လေ့ရှိပါသည်။ သို့သော်လည်း စံအတိုင်းကား မကျင့်။ ကျင့်သယောင်ယောင်ဆောင်ကြသည်။ မိမိကိုယ်ကိုယ် ဆန်းစစ်ဝေဖန်သည်မျိုး အလျဉ်းမရှိကြ။ သူများ အထင်သေးမှာ ကြောက်သောကြောင့်ဖြစ်သည်။ ထိုအကျင့်က ကျွန်တော်တို့ စာပေတွင် ထင်ဟပ်လျက်ရှိသည်။ အကယ်၍များ အိပ်ချဂျီဝဲလ်တို့ ၊ ဒီအိပ်ချလောရင့်တို့၊ ဂိုဂို(လ်) တို့သာ မြန်မာပြည်တွင် လူဖြစ်ခဲ့လျှင် ကမာ္ဘကျော်စာရေးဆရာကြီးတွေ ဖြစ်လိမ့်မည်မဟုတ် အပယ်ခံ မိစာ္ဆဒိဌိတွေ ဖြစ်ဖို့များသည်။ ဆိုင်းဘုတ်မျိုးစုံတပ် စွပ်စွဲကာ အပုတ်ခတ်ခံရဖို့သာရှိလေသည်။

မြန်မာနိုင်ငံရေးမှာလည်း ထိုနည်းသာသာပင်ဖြစ်သည်။ ကျွန်တော်တို့အကျင့်က နိုင်ငံရေးသမားတစ်ယောက်၏ တန်ဖိုးကို ကြိုက် မကြိုက် ဆိုသည်နှင့်သာ ဆုံးဖြတ်သည်။ ကျွန်တော်တို့ နိုင်ငံတွင် ချိန်ဘာလိန်လို အရည်အချင်းရှိသည့် နိုင်ငံရေးသမားမျိုးရှိလျှင် သူ၏ သက်တမ်းမှာ ခြောက်လထက်ပင် ပိုမခံနိုင်ပါ။ မြန်မာတွေက အရည်အချင်းထက် သူတို့ ဟဒယကို ထိ မထိသာကြည့်တတ်သည်။ ယနေ့ မြန်မာနိုင်ငံရေးလောကကို ကြည့်လိုက်လျှင်လည်း သတင်းစာများအတွက် သတင်းဖြစ်ရုံထက် ဘာမျှမပို။ အချင်းချင်း ရန်ဖြစ်နေသည်ကများသည်။ ပါတီနှစ်ခုရှိလျှင် တစ်ခုနှင့် တစ်ခု အပြန်အလှန်တိုက်သည်။ အဆဲကောင်း၊ အတိုက်ကောင်းလျှင် နာမည်ကြီးမည်။ အစိုးရကို နာနာဆဲနိုင်ပါက လူကြိုက်ပိုများလိမ့်မည်။ မြန်မာဓလေ့တွင်ပင် အစိုးရ (မင်း) ကို ရန်သူမျိုးငါးပါးထဲတွင် ထည့်သွင်းထားသည်မဟုတ်ပါလော။

မြန်မာ့ရေခံမြေခံသည် ဒီမိုကရေစီစနစ်ရှင်သန်ဖို့ အကောင်းဆုံးဟုဆိုကြသည်။ လူတန်းစား ကွာဟမှု ပြောပလောက်အောင် မရှိသောကြောင့်ဟုဆိုသည်။ ကျွန်တော်တို့တစ်တွေမှာ ကိုယ့်သား ကိုယ့်သမီးတွေကို ယခုလိုဆုံးမလေ့ရှိသည်။ “ သားရေ.. သမီးရေ.. ဟိုကလေးတွေနဲ့ မကစားကြနဲ့နော်။ ဒင်းတို့တွေက အဆင့်အတန်းမရှိဘူးကွဲ့…” ကျွန်တော်တို့ လူကြီးအချင်းချင်းလဲ ယခုလိုပြောလေ့ရှိကြသည်။ “ဦးအေး ဒေါ်ဖြူကို သိလား။ သူတို့ ဒီမြို့လေးမှာ ဘယ်နေနိုင်မလဲ.. သူတို့ ကလေးတွေအတွက် ပေါင်းစရာ မရှိဘူးတဲ့လေ။ သူတို့ အိမ်နီးချင်တွေကလည်း လခစားနဲ့ ကျောင်းဆရာတွေကိုရှင့်” စသည်ဖြင့်။

ဤသည်တို့မှာ မြန်မာတစ်ဦး၏ မြန်မာလူမျိုးများအပေါ် အမြင်များဖြစ်ပါသည်။ စိတ်ပျက်ဖို့ ရေးလိုက်သည်မဟုတ်။ သိမှတ်လက်ခံပြီး ဘာကြောင့် ဤသို့ဖြစ်နေရသည်ကို အကြောင်းရှာ စိစစ်ကြဖို့ဖြစ်သည်။ ဤသို့လုပ်နိုင်လျှင် ရောဂါတစ်ဝက်ကုသပြီး ဖြစ်နိုင်ပါသည်။

13 comments

  • စိန်ပေါက်ပေါက်

    February 20, 2012 at 12:18 pm

    ငါ့အီးက နင့်အီးထက်ပိုနံတယ်ကွ
    ငါ့သေးက နင့်သေးထက် ပိုဝေးအောင်ပန်းနိုင်တယ်ကွ (ကန်တော့နော် နောက်ဒါ 😆 )

    ကိုရင်ပေါသွပ်ရေ
    ကျုပ်တို ့ဒီရောဂါတွေကို ဘယ်ဆရာဝန်နဲ ့ကုသရပါ့ 🙄
    ဆက်စဉ်းစားပေးကြပါ
    ကျုပ် အီးပါချင်လို ့ ခဏနား.အဲလေ..ပြေးလိုက်ဦးမယ်..
    ဗျစ်..ဘစ်..ဗစ်..ဘွစ်.. (မတော် ထွက်ကျခဲ့ရင် မောင်ပေ ကောက်မစားရ)

    စကားမစပ်.
    ဘယ်ကို ဂန္ဓာရီ လှည့်လည်နေသမို ့ပျောက်နေသနည်း ကိုရင်ပေါသွပ်ရေ

    • ကိုရင်စည်သူ

      February 20, 2012 at 12:23 pm

      ကိုရင်ငစိန်ပေါက်ရေ… ဘယ်ကိုမှ ဂန္ဓာရီမလှည့်ပါဘူးဗျာ..
      လူမှုရေးကိတ်စတွေအရမ်းများနေလို့ ရွာဘက်တောင်
      မရောက်ဖြစ်ဒါပါ… ခုတလောလည်း စာရေးချင်စိတ်ထက်
      စာဖတ်ချင်စိတ်ပိုများနေတာပါဒါပေါ့…။ 😎
      ကိုရင်ငပေါက်… အဲအဲ ခဏခဏပါချင်နေတာ..
      ကလေးသူငယ်နာ ရောဂါတစ်မျိုးပဲဗျာ.. .. မယုံရင်
      ကိုရင်ထက်ဝေမေးကြည့်… 😛 😛

  • K@oru

    February 20, 2012 at 12:26 pm

    အောင်မယ်ငီး လောင်းတိုင်းနို့ဆီ ကရင်စီ…
    တက်သွားဘီတောင် ထင်နေတာ သင်္ဘော…

    😀
    မတက်သေးရင်လည်း ရွာထဲ လာပါဦးဂျ…

    ခင်တဲ့
    လုံမလေး ခါအိုလု

    • ကိုရင်စည်သူ

      February 20, 2012 at 12:59 pm

      ကိုရင်ဂီ့အိုရူရေ… လူက ရွာထဲမရောက်ပေမယ့်
      စိတ်ကတော့ ရွာထဲကို အမြဲရောက်နေပါတယ်ဗျာ.. တခြားတော့မဟုတ်ပါဘူး..
      (မိုးစက်ဂလေးကို ကိုရင်မရှိတုန်း ဘယ်သူတွေ ဝိုင်းကြံနေပြီလဲ.. စိတ်လေ.. ဟီးး 😳 )
      သူငယ်ချင်း ဘောသီးတွေနဲ့ ရုံးကိတ်စလိုက်တာတွေများနေတာပါ။
      သူကိတ်စကူညီ.. ကိုယ့်ကိတ်စကူညီနဲ့ပေါ့… မတက်ဖြစ်ခဲ့တဲ့ သင်တန်းလေးတစ်ခုလည်း
      upgrade လုပ်တဲ့ သဘောမျိုးနဲ့ ထပ်တက်နေလို့ပါ… ကြားထဲ အဗျူးလည်းသွားခံနေရတယ်လေ..။ (ရိုက်ကြေးမပေးနိုင်တော့လဲ… သူရို့ဗျူးသမျှ ခံရတာပေ့ါလေ) အဲ့ဂလိုတွေကြောင့် ရွာထဲ ခဏအဆက်ပြတ်နေဒါပါ…
      ခုတော့ ရေးထားတာကြာပီဖြစ်တဲ့ ပို့စ်ကို တင်ပေးရင် ကိုယ်ရောင်ပြခြင်းဖြစ်ပါဒယ်…

      ခင်တဲ့
      မလုံတလုံလေး ကိုအင်လု

  • pazflor

    February 20, 2012 at 12:54 pm

    အကိုရေသဘောကျမိလို သူငယ်ချင်းတွေဖတ်ဖို ့အတွက် FB မှာ share မယ်နော်။

  • “ဟေ့… ငါတို့ မြန်မာဘုရင်တွေက ယိုးဒယား၊ အာသံနဲ့ မဏိပူရကို နိုင်ခဲ့တာကွ… ဘာမှတ်လဲ..”
    စသဖြင့် တစ်ချိန်က မိမိ အောင်မြင်မှုအပေါ် သွေးနာထင်ရောက်နေသော၊ အခြားနိုင်ငံနှင့်
    လူမျိုးများအပေါ် အဖက်မတန်သလို သဘောထားသော ဘဝင်စိတ်ပင်ဖြစ်သည်။ “ဟိတ်…
    တို့အတန်းထဲမှာ ငါအတော်ဆုံး၊ ငါအလိမ္မာဆုံးကွ” ဆိုသည့် ကလေးစကားနှင့် ဘာကွာတော့မည်နည်း။

    ဦးသန် ့ရဲ ့စာကိုပြန်ဖတ်ခွင့်ရလို ့ကျေးဇူးတင်ပါတယ်ဗျာ။သူငယ်ချင်းတွေဆီကို ပြန်share လုပ်ပါရစေ။

  • blackchaw

    February 20, 2012 at 9:10 pm

    ကရင်စည်၊ ကရင်စည်၊ ကရင်စည်၊ ကရင်စည်။
    အဲဒီလိုကြီးကို အော်ပစ်လိုက် ဦးမှာ။

  • aye.kk

    February 20, 2012 at 11:17 pm

    လူကြီးသူငယ်နာ(ဤရောဂါကို)
    အပျက်စိတ်တွေထိန်းချုပ်နိုင်ပါကမုချအမှန်ပျောက်၏။
    အပျက်စိတ်များ…
    စေတနာမဲ့ခြင်း၊မနာလိုဝန်တိုခြင်း၊မုံးတီးခြင်း၊နာကြည်းခြင်း
    မတည်ငြိမ်ခြင်း၊ဒေါသဖြစ်ခြင်းအာဃတကြီးမားခြင်း
    အစရှိသည်တို့ဖြစ်ကြသည်။

  • MaMa

    February 20, 2012 at 11:34 pm

    ကိုရင်ရေ-ကျမကတော့ ကိုယ့်ရဲ့ လူကြီးသူငယ်နာရောဂါကို ဂေဇက်မှာ ရေးရင်းဖတ်ရင်း ကုသနေပါတယ်။ 🙁

  • kai

    February 21, 2012 at 2:25 am

    မြန်မာပြည်ကို အင်္ဂလိပ်မသိမ်းခင်က.. မြန်မာတွေကို.. Burman လို့ခေါ်တာသတိထားမိတယ်..။
    သိမ်းပြီးတော့.. Burmese ဖြစ်သွားအောင်လုပ်တာပဲ..

    ဒီခေတ် တိုင်းပြည်/လူမျိုးအမည်တွေ သတိထားလိုက်ကြည့်တော့လည်း..-an, -ian စတာတွေနဲ့..အမည်ဆုံးတာတွေက.. ဥရောပ စတဲ့အနောက်နိုင်ငံတွေနဲ့.. အရှေ့အလယ်ပိုင်းနိုင်ငံတချို့ပဲ..
    စစ်ရှုံး.. ကိုလိုနီပြုခံရတဲ့ နိုင်ငံတွေတော်တော်များများ..-ese နဲ့ကျန်ရစ်အမည်ပေးခံရတယ်ထင်မိတယ်..။

    အဲဒါလေး…ပြောချင်. ..ဖွချင်လို့… 😆

    http://en.wikipedia.org/wiki/List_of_adjectival_and_demonymic_forms_of_place_names

    • ဦးဦးပါလေရာ

      February 22, 2012 at 1:17 am

      သူကြီးပြောမှ သတိထားမိတော့တယ် ..
      ဒါပေမယ့် ဂျပန်ကို စစ်မနိုင်ခင်မှာကတည်းက Japanese လို့ခေါ်သလားလို့ ?
      ဒီလိုဘာကြောင့်တွေးလဲဆိုတော့ အင်္ဂလိပ်၊ ပြင်သစ် တွေက အရင်က ဂျပန်ကိုသိမ်းဘို့ မရည်ရွယ်ထားဘူးလေ။ သူတို့က အကျိုးမရှိပဲ ကျွေးထားရမှာတော့ ကြောက်သား…။

      နောက်တခုဖြစ်နိုင်ခြေက အနောက်တိုင်းအသံနဲ့ အသံထွက်ရတာ odd ဖြစ်တဲ့ ကို့ယိုကားယားအသံထွက်တွေကို နိစ့် လိုက်ကြတာလားမသိ။

      (ကွန်မင့်ကို submit လုပ်ဘို့ကြိုးစားတာကြာပြီ၊ အခုမှ ရလို့ တော်တော်နောက်ကျသွားတယ်၊ သူကြီးဆာဗာကျပ်နေပြီထင်တယ်)

  • Moe Z

    February 21, 2012 at 12:13 pm

    ကိုရင်စည်သွပ် စကားမပီတာကရော သူငယ်နာရောဂါမဟုတ်ဘူးလားဟင် 😀

Leave a Reply