မြန်မာဘော့လုံးလောက မြင့်တင်ရေးအတွက်.















“မြန်မာ့ဘော့လုံးလောက တိုးတက်အောင်ဆိုရင်”
ဟိုနေ့က ဂျာနယ်ထဲမှာ မြန်မာ့ပြည်ရဲ့ဘော့လုံးအဆင့်အတန်းနိမ့်ကျသွားတယ်ဆိုတာကို
ဖတ်လိုက်ရပါတယ်။
ဟိုအရင်ရွှေထီးဆောင်းခဲ့တဲ့ခေတ်က ဗဟာဒူးတို့ အေးမောင်ကြီးဆို့အေးမောင်လေးတို့
အကြောင်းတွေလဲ မကြားရပြန်တာအတော်ကြာသွားပြီ။
မြန်မာပြည်မှာအရင်က ရပ်ကွက်အဆင့်၊မြို့နယ်အဆင့် အမြင့်ဆုံးကတော့
တိုင်းနဲ့ပြည်နယ်အဆင့်ဘဲရှိပါတယ်။
ဒါတောင်မှာ နိုင်ငံတကာ ဘောင်ဝင် အဆင့်မီအောင် အောင်မြင်အောင်လုပ်ခဲ့ကြပါတယ်။
သူ့နောက်မှာတော့ လူတွေပိုသိလာတဲ့ ဝင်းအောင် မျိုးလှိူင်ဝင်း သန်းတိုးအောင်
အောင်ကျော်ကျော်တို့ခေတ်။
ဟိုးရှေးရှေးကစလို့ သူတို့ခေတ်ထိအပျော်တမ်းပါဘဲ။
နိုင်ငံတကာပွဲလေးများနိုင်ရင်ပြုရင်သာ မြေကွက်လေးဘာလေးလောက်နဲ့ကျေနပ်ခဲ့ရတဲ့
ခေတ် တကယ့်ကိုဝါသနာပါလို့ ကစားကြတဲ့ခေတ်ပေါ့၊
ဟောသူနောက်တော့ အခုလက်ရှိ ခင်မောင်ထွန်းတို့ခေတ်ရောက်ရော။
ဘောလုံးသမားရွှေခေတ်ရောက်သွားတာဘဲ။
ဦးဇော်ဇော်ကောင်းမူ့ကြောင့်ပါဘဲ။
ကြေးစားဘဝရောက်သွားတာကိုးဗျ။
ကြေးစားလို့ပြောရတာ မမိုက်ပါဘူးဗျာ ဘိုလို ပရိုခေတ်ရောက်သွားတာပေ့ါ။
စစခြင်းကတော့ မြန်မာ့ဘောလုံးလောက က အခုဘဲမြင့်တက်သွားမှာလိုလိုနဲ့။
ထားလိုက်ပါတော့။
ကျုုပ်တို့မန်းလေးမှာတော့ ဘောလုံးဝါသနာအိုးလေးတွေက ရရာကွင်းမှာကန်ကြတာပါဘဲ။
တစ်ချို့အရပ်တွေဆို ကိုရင်တွေနဲ့တောင်ချိန်းကန်တာ အရပ်သားက မနိုင်ဘူးဆိုဘဲ။
ကိုရင် မက်ဆီ၊ ကိုရင်ဒိုလေး၊ကိုရင်ဘက်ခမ်း၊ကိုရင်တေဗက်၊ကိုရင်ကောက်စားတဲ့
ကိုရင်တွေထဲက ဘောလုံးသမားသွားရွေးရင်တောင်ရလောက်တယ်။
ဒီပုံလေးတွေကတော့ မန်းလေးကန်တော်ကြီးကွင်းမှာ လေကျင့်ခန်းဆင်းေနေကြတာ။
ဘယ်သူတိုက်တွန်းတာမှာမပါဘူး။
တစ်ရက်မှာမပျက်။
အားရင်မနက်စောစောထပြီးလာကြည့်လှည့်ပါ့လားဗျ။
ကိုပေါက်လမ်းသလားရင်းလက်ဆော့လို့ရလာတဲ့ အတွေးပါးပါး
(23-2-2012)
25 comments
water-melon
February 25, 2012 at 8:20 am
လေးပေါက်ရေ
ဘောလုံးကန်ချင်ပေမဲ့ ကွင်းရှားတဲ့ပြသာနာကြူံနေရတယ်
ကျောက်ဝိုင်းကွင်းထဲမှာဆို ကိုရင်တွေအများကြီးဘဲ လာကန်ကြတယ်
ဘောလုံးကွင်းတွေ များများပေါ်လာရင်ကောင်းတာပေါ့
ကျွန်တော်လည်း ဝါသနာပါတယ် ဂိုးသမားလုပ်ချင်တာ 😀
ကိုပေါက်(မန္တလေး)
February 25, 2012 at 9:05 am
ဖရဲမ က ဘောဖမ်းချင်တာပေါ့လေ။
ရတယ် လာခဲ့ လိုက်ပို့ပေးမယ်နော်။
ကွင်းကောင်းကောင်းကို……………………
မဟာရာဇာ အံစာတုံး
February 25, 2012 at 9:32 am
ဂေဇက် ဘောလုံးအသင်းဖွဲ့ရင် ပြောဗျို့ …
အနော်က ကွင်းလယ် ဖန်တီးရှင် နေရာက ကစားမယ် …
ကဲ .. ဒီတော့ ဂိုးသမားက ဗြဲသီး …
ကွင်းလယ် ဖန်တီးရှင်က ကျနော် အံစာတုံး …
လေးပေါက်ကတော့ သိဝူး …
နောက်ထပ် ဘီသူတွေ ပါဦးမလဲဗျို့ …….
we R one
February 25, 2012 at 10:14 am
အန်ဇာတုံး က သူ့ဗလ နဲ ဘောလုံးကန်အုံမယ်တဲ့… 😀 ဘာတဲ့ ကွင်းလယ် ဖန်တီရှင်..တဲ့ အဟိ..
ကွင်းလယ် ဖန်တီးရှင်တော့ ဖြစ်မယ်မထင်ဘူး.. အလှဖန်တီးရှင် ဆိုရင်တော့ တမျိုး.. သူ့နှတ်ခမ်းမွေးကြီးနဲ.. အဟိ..:D
water-melon
February 25, 2012 at 10:00 am
သူဂျီး က မန်နေဂျာ
ရွာသူတွေက အားပေးပေါ့
ကိုစိန်ပေါက်က ရှေ့တန်း မူးနေတာနဲ့ ဂိုးပေါက်ပျောက်နေမှာ
လေးပေါက်က နောက်တန်း
ကိုကြောင်ကြီးက ဝေဖန်ရေး
ကျန်တဲ့သူတွေ ဆက်စဉ်းစားတော့
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
February 25, 2012 at 10:05 am
ကိုအံစာတုံးရ ကျနော်လဲ ကန်မယ်ဗျာ။ကျနော်တို ့နယ်ဖက်တွေမှာ ကွင်းကတော့ သိပ်မကောင်းပေမယ့်
အပျော်တမ်းကစားကြသူတွေဘဲများပါတယ်။အလုပ်တစ်ဖက်နဲ ့မို ့လာကစားသူတွေက ပုံမှန်တော့မရှိ
ဘူးပေါ့။အားကစားဆိုတဲ့ တိုင်းဘဲ အားလပ်မှကစားနိုင်တာကိုး။
တစ်နေရာရွေးပေးပါ ကျနော်လဲ ကန်မှာပေါ့ ကိုပေါက်ရေ။
we R one
February 25, 2012 at 10:18 am
အမျိုးသမီးဘောလုံး အသင်းရော မဖွဲကြဘူးလား… ကျွန်မ က ကွင်းလယ် ညာတောင်ပံ ကနေ ကစားပေးမယ်…
စိန်ပေါက်ပေါက်
February 25, 2012 at 10:24 am
အရင်ထဲက ဘောပညာ မညံ့ခဲ့ဘူးထင်တယ်
သူတစ်ပြန်ကိုယ်တစ်ပြန် ရင်ဘောင်တန်းနိုင်တယ်..
ခုက ညံ့သွားတာလို ့တော့မဟုတ်ဘူး..ပညာက ကြိုးစာားအားထုတ်မှုမရှိလို ့ ဒီတိုင်း တန် ့သွားတာလို ့ထင်တယ်..
သူများက တဖြည်းဖြည်း အဆင့်မြင့်သွားပြီး ကိုယ်တွေက ဒီအတိုင်းလေးပဲ ကျန်ခဲ့တာကော…
အခုတော့ လမ်းစတော့မြင်လာပါပြီ.. ( ..ဘယ်လမ်းစလဲတော့မသိဘူး.. 😆 )
ဟေ့..ဟေ့..
ရှေ ့တန်းက တိုက်စစ်မူး စိန်ပါပါ
ဂိုးမသွင်းပဲ အီးထိုင်ပါမနေနဲ ့ ဟ..
ဟားး..ဟိုဘက်ခ်တန်းက လောက်လောက်ပေး ဘက်ခ် မစောင့်ပဲ ဘာလို ့ ဓာတ်ပုံတွေ လိုက်ရိုက်နေတာတုန်း
ရော်..
တယ်ခက်ကြတာဘဲ
😀
ခပ် KING ကင်း
February 25, 2012 at 11:33 am
ကွင်းလယ်ကနေ ဖန်တီးရှင် မဟာရာဇာ အံစာတုံး ရှိနေတော့
ကွင်းလယ်အဖျက်ကစားမယ်ဗျို့
လာလေရော့ ဘောတွေအကုန်ဖြတ်ပစ်မယ် (ကတ်ကြေးနဲ့) အဲလေ မှားလို့ …
ဘောလုံးတွေကိုပြောပါတယ် …. 😛
ကိုပေါက်(မန္တလေး)
February 25, 2012 at 11:34 am
ရွာဘောလုံးအသင်းက 2011ခုနှစ်က ဖွဲ့စည်းပြီးပါကြောင်း။
ပြန်ရှာကြည့်ကြပါရန်။
sealion
February 25, 2012 at 1:32 pm
ကလေးတွေ ကတော့ ကန်ကျပါတယ် အတော်ကို ကောင်းတဲ ့ ကလေးတွေလဲ အများကြီးပါပဲ မြေတောင် မြောက်ပေးဖို ့နဲ ့ နည်းလမ်းမှန်စွာ မွေးမြူဖိ ု ့ နဲ ့ ကိုယ်ကာယ ကြံခိုင်အောင်လုပ်ပေးနိုင်ရင် ကို မြန်မာဘောလုံးလောက တိုးတက်လာမှာပါ..အဓိက စိတ်ဓါတ်ကြံခို်င်ဖို ့လေကျင့်ပေးဖို ့လဲ လိုပါတယ် စကားမစပ် ဟိုတလော ကျော်ကိုကို ကို ဂျာမနီကခေါ်တယ်ဆိုလား ဘယ်လို ဖြစ်သွားလဲ update လေးရှိရင် ပြောပြကျပါအုံးဗျာ ကျေးဇူး
ကိုပေါက်(မန္တလေး)
February 25, 2012 at 6:23 pm
အမှန်က တော်သူမရွေးဘဲ စပ်သူကိုရွေးခဲ့ကြလို့အဆင့်အတန်းတွေနိမ့်ကျကုန်တာပါ
windtalker
February 25, 2012 at 6:29 pm
မင်းအဖေ မင့်အဖိုး မင့်အမယောက်ျား မင့်ညီမလင် ….%ကျပ်ဋဏ္ဍ%/ရဂ
စုံလင်စွာ ကြားခဲ့ရကြောင်း ရယ်ပါခင်ဗျာ ။
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
February 25, 2012 at 6:41 pm
ဟီး းးးဟုတ်ပေတာပ ကိုပေရေ။
မြန်မာ့ဘောလုံးလောက ကိုဆွဲတင်ဖို ့ရာ…….
ကြာအုံးမယ်ထင်တယ်ဗျာ။ဘာလို ့လဲဆိုတော့ အောက်ခြေအဆင့်မှာ အားနည်းနေတုန်း။
အားပေးတဲ့ သူတွေနည်းနေတုန်းပါဘဲ။ခေတ်စနစ်ကလဲ ပျက်တုန်းပါဘဲ။အားကစားသမား
များအတွက် ချီးမြှင့်ငွေ(၁၅၀၀၀ဝကျပ်)၊ဌာနဆိုင်ရာ အကောင်များ၏အရက်ဖိုး (၅၀၀၀၀ဝကျပ်)
အင်း………..ဘယ်တော့များမှ…..
ဖိုးအာလူး
February 25, 2012 at 6:50 pm
ဖြစ်ချိန်တန်လျှင် ဖြစ်လာပါမည်
သို့သော် ဘယ်နေ့မှန်းမသိ
ပြောသည့်သူသာ လျှာထွက်ပါမည် ။
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
February 25, 2012 at 7:23 pm
ဖိုးအာလူးရော လျှာထွက်နေပီလား ဟင်။
ဟီး စတာနော်။လျှာထွက်ရင် ကြောက်လို ့…
ကိုပေါက်(မန္တလေး)
February 25, 2012 at 7:26 pm
လျှာမထွက်နှင့် လာချက်ကတော့ကောင်း
အနာဂါတ်ကောင်းမကောင်းတော့မသိ
ကစားနေတဲ့ဘောသမားနာသွားရင်တောင်ဆေးရုံသွားစရာ ကားမရှိ။
သနားစရာ……………………………..
blackchaw
February 25, 2012 at 7:38 pm
မြန်မာ့အားကစား ကမ္ဘာကို လွှမ်းစေရမယ်
ဆိုတဲ့ ဆောင်ပုဒ်ကြီး ပိပြီး
မြန်မာဘောလုံးကြီး လေလျော့သွားတာ ဖြစ်မယ်ဗျ။
😀 😀 😀
ကိုပေါက်(မန္တလေး)
February 25, 2012 at 10:42 pm
ကျနော်မန်းလေးက ပျောက်ကွယ်သွားတဲ့ဘောလုံးကွင်းလေးတွေကို ရှာပြီးဓါတ်ပုံရိုက်မလို့ စဉ်းစားနေတယ်
ကိုချောရေ
ကြောင်ကြီး
February 27, 2012 at 1:01 am
ရန်ကုန်မှာဆို ကန်ဖို့နေရာ ရှိဘူး.. ပိုက်ပိုက်တတ်နိုင်သူများကတော့ တက္ကသိုလ်ဘောလုံးကွင်းလိုမျိုးက အချိန်ပိုင်းငှား ကန်တယ်ပြောတယ်။ သဂျီးကတော့ အိမ်ကွင်းမှာ ပုံမှန်ဆွဲတယ်တဲ့..။ အိမ်ကွင်းပိုင်ရှင်အလစ်မှာ အဝေးကွင်းလည်း သွားဆွဲသေးသဗျို့..။ ဘောကန်ဖိနပ်ကောင်းကောင်း စွပ်ထားရင် ကြိုက်တဲ့အချိန်ကန်နိုင်တယ်၊ ကွင်းမရွေးဘူးဆိုပဲ…။ အခုလား..အိမ်ကွင်းမှာ ကြိုးစားပမ်းစား ကန်နေတယ် ထင်တယ်..ဟောဟဲ ဟောဟဲနဲ့..ချွေးဒီးဒီးကျလို့…။ ဆြာထက်ဝေးရေ…အကြောအားတိုးဆေး ကောင်းကောင်းရှိရင် ညွှန်လိုက်ပါအုံး.. သူက ညောင်းညာတတ် ဆိုပဲ စိုဗဲ.. ဟိုအတွဲ နှစ်ကိုယ်နွှဲ အကိုချွဲ ပျိုသဲ ဗိုလ်စွဲ ဂလိုဘဲ…။ 😳
မိုက်ကယ်ဂျော်နီအောင်ပု
February 27, 2012 at 2:18 am
ဘောလုံးတိုးတက်ဘို့ဆိုတာက အနည်းဆုံး
ဘောလုံးဆိုတဲ့ ဘောလုံးကတော့ဖောဖောသီသီရှိရမှာဘဲ ဒီတစ်နေရာလောက်တော့သိဘူးဗျ
ကျေးလက်တွေဖက်မှာဆို ဘောလုံးကန်ဘို့ ဘောလုံးရှာရတဲ့ပြဿနာကလည်းရှိသေးတယ်
နောက်တစ်ခုက အနည်းဆုံးဘောကန်ဖိနပ်တွေမဟုတ်ရင်တောင်
ကင်းဗတ်လို့ခေါ်သလား ရိုးရိုးဖိနပ်တွေ ( ကိုယ့်အခြေနေနဲ့ကတော့ မိတ်အင်တရုပ်ပေါ့ဗျာ 😀 )
ဒီအကြောင်းကိုပေါ့သေးသေးလုပ်လို့မရဘူး
ဘောလုံးစကန်တဲ့နေရာမှာ
ဝါသနာအရင်းခံတာက တစ်ကြောင်း
ကြည့်ပြီး ဖီးလ်ဝင်လာလို့ အပျော်တန်းဝင်ကန်တာကတစ်ကြောင်း ဒါကအကြမ်းဖျင်းပါ
ခုကန်နေကြတာကိုကြည့် ခြေဗလာတွေနဲ့ မြေပြင်အခြေနေကိုလည်းချက်လိုက်ဦး
ဆူးငြောင့်ခလုပ်ပုလင်းကွဲဘာညာကွိကွတွေနဲ့
ဆိုခဲ့ပြီးသလို အကြောင်းကြောင်းကြောင့်ဘောကန်တယ်ဆိုပါဆို့
ခြေထောက်ထိခိုက်သွားရင် နောက်ဆိုဘောလုံးကန်ဘို့ တွန့်သွားနိုင်တယ်
နောက်တစ်ခုက ဖိနပ်စီးပြီးကန်တာနဲ့ မစီးဘဲကန်တာ ကစားသမားရဲ့ သူ့ကိုယ်သူလုံခြုံရေး စိတ်ချမှု့နဲ့
စိတ်အားထက်သန်တယ်ဆိုတာလေး ဘာညာသာရကာလည်းရှိသေးတာပေါ့ဗျာ
နောက်ပြီး ဝတ်စုံတွေဘာတွေကြောင့် စိတ်အားထက်သန်မှု့ဆိုတာလည်းအကြောင်းတစ်ရပ်ပေါ့
ပြောရရင်တော့ အောလပုံပေါ့ဗျာ
မိုက်ကယ်ဂျော်နီအောင်ပု
February 27, 2012 at 2:21 am
ဒါ့ကြောင့် ခင်ဗျားတို့အနေနဲ့
လူငယ်တွေကို ဘောလုံးတို့ ဖိနပ်တို့ ဝတ်စုံတို့
ကူညီပန့်ပိုးပေးတာလုပ်သင့်တယ်
ဘာညာ သာရကာ ဝင်ပြီးအာပါတယ်ဗျာ
ပုံ
အင်တာနေရှင်နယ် ဘောဥက္ကဌ
မိုက်ကယ်ဂျော်နီဘောပွ
ကြက်ဖင် ( အကယ်ဒမီ )
February 27, 2012 at 9:31 am
ငခြောက်ပြောသလို ဘောတိုးတက်ဘို့ဆိုတာ
လူဒိုင်းလူဒိုင်း အနည်းဆုံး ဘောတစ်ယောက်နှစ်လုံးတော့ရှိသင့်တယ်
မဟုတ်လို့ကတော့ ဘော တစ်လုံးတည်းကို ဝိုင်းလုနေရတော့မနိမ့်ဘူး
ဘောတွေဘယ်လောက်ဘဲရှိပါစေ
ဘောရဲ့တိုးတက်ခြင်းအကြောင်းကိုပြောရမယ်ဆိုရင်တော့
အဟမ်း
ဘောကန်ခြင်းဆိုတာ အားကစားတစ်ခုဖြစ်တဲ့အတွက်
လူတိုင်းလူတိုင်း အားအားယားယားရှိဘို့လိုပါတယ်
ဘယ်သူမှ မအားဘဲနဲ့တော့ ဒီဘောမတိုးတက်နိုင်ဘူး
ဥပမာ
ခင်ဗျားတို့ နေ့တစ်ဒူဝ လယ်ထွန်မျိုးနှုတ် စပါးရိပ်
ဘာညာကွိကွတွေနဲ့အလုပ်ရှုပ်နေကြပြီး
မအားလို့ဘောမကန် ဘောမကန်လို့ ဘောမတိုးတက် ဆိုတာဖြစ်တဲ့အတွက်
ခင်ဗျားတို့ အားလုံး အားလပ်အောင်နေကြဘို့ ဆော်ဩပါတယ်ဗျာ
ပုံ
ဘောတိုးတက်ရေးအဖွဲ့ချုပ်
ကြက်ဘော ( အကယ်ဒမီ )
ကိုပေါက်(မန္တလေး)
February 27, 2012 at 9:50 am
ကောင်းသားဘဲ
မြန်မာ့ဘော့လုံးလောက မျိုးဆက်သစ်မွေးရအောင်လို့
အိမ်ထောင်စု တစ်စုကို
ကျားတစ် မတစ် ဘော့လုံးမကန်မနေရ လို့ လွတ်တော်မှာတင်ပြခိုင်းလိုက်ကွာ။
မြန်မာဘော့လုံးလောက တိုးတက်အောင်လို့ မျိုးဆက်မပြတ်အောင်မွေးရမယ်။
မှတ်ချက် လူအငှားမထဲ့ရလို့ ထည့်ထားနော်။
Prince of Pennsylvania (PoP)
February 27, 2012 at 9:53 am
Yo.. Yo …
Meet the Ball !!!
😀
Ball for everyone
😛