သတင်းထောက်ဆိုသည်မှာ (12 Jan 1956 ~ 22 Feb 2012) Marie Colvin
သူမ နာမည်ဟာ Marie Colvin ဖြစ်ပါတယ် … အမေရိကန်နိုင်ငံသူ သူမဟာ တချိန်က
ကိုယ့်ကိုကိုယ် ကမာ္ဘမြေအတွက် မီးသတ်သမား အဖြစ် ကင်ပွန်းတပ်ခဲ့တဲ့ သတင်းထောက်တယောက်
ဖြစ်ပါတယ်..။ နိုင်ငံရပ်ခြားဒေသတွေမှာ တာဝန်ထမ်းဆောင်တဲ့ မကြောက်မရွံ့့သော ရဲရင့်သော သတင်းထောက် အဖြစ်
လက်ရှိမျိုးဆက် တခုလုံးက လေးစားရတဲ့သူပါ..။
၂၀၀၁ခုနှစ် သီလိလင်္ကာ နို်င်ငံမှာ ဗုံးဆန်ထိမှန်ပြီး ကတည်းက ဆုံးရှုံးခဲ့ရတဲ့ ဘယ်ဘက် မျက်လုံး
မှာ မျက်လုံး အကာတပ်ဆင်ပြီး ဆက်လက် တာဝန်ထမ်းဆောင် ခဲ့သူ ကမာ္ဘတဝှမ်းက မီဒီယာတွေ
ပေါ်မှာ မကြာခန တွေ့မြင်ရတတ်သူလည်း ဖြစ်ပါတယ်…။
၁၉၈၅ ခုနှစ်ကတည်းက ဗြိတိသျှ သတင်းစာ the Sunday Times အတွက် စစ်သတင်းထောက် အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ သူမဟာ
၂၀၁၂ခုနှစ်၊ ဖေဖော်ဝါရီ ၂၂ရက် ၊ အသက် ၅၆နှစ်အရွယ်မှာ Seria နိုင်ငံ ဆူပူအုံကြွမှုမှာ သတင်းထောက်
တာဝန်ထမ်းဆောင်ရင်း Homsမြို့ ကို ဆီးရီးယား စစ်တပ် က ဝင်ရောက် တိုက်ခိုက် မှု မှာ ကွယ်လွန်ခဲ့ပြီ ဖြစ်ပါတယ်..။
မနုဿဗေဒ ပညာရပ် နဲ့ Yale တက္ကသိုလ်မှ ၁၉၇၈ ခုနှစ်မှာ ဘွဲ့ယူခဲ့တဲ့ သူမဟာ ကျောင်းပြီးလို့ ၁နှစ်အကြာမှာ
United Press International အတွက် မှုခင်း သတင်းထောက် အနေနဲ့ ညသန်းခေါင်ပိုင်း ကနေ မနက် ၆နာရီကြား
အချိန်ပိုင်း တာဝန်ထမ်းဆောင်ခဲ့တာပါ ..။
သူမရဲ့ စာရေးဟန်ဟာ ၁၉၄၅ခုနှစ်က ဂျပန်နိုင်ငံကို အနုမြူဗုံး ကျဲချခဲ့တဲ့ အကြောင်းကို ရေးသားခဲ့တဲ့ စာရေးဆရာ
John Hersey ရဲ့ ဟန် အလွန် လွှမ်းမိုးပါတယ်။ သူမဟာ ထိုဆရာရဲ့ အတန်းကို Yale တက္ကသိုလ်မှာ ပညာသင်ယူစဉ်
ဆုံတွေ့ခဲ့တာ ဖြစ်ပြီး သူမကိုယ်တိုင် ဂျာနယ်လစ် သမားဘဝကို ခံယူသည်အထိ အားကျလေးစားခဲ့ တယ် လို့
ဆိုနိုင်ပါတယ်။
၁၉၈၅ ခုနှစ်မှာ Sunday Times ကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈၆ခုနှစ်မှ စတင်ကာ အရှေ့အလယ်ပိုင်း တာဝန်ခံ
အဖြစ် ထမ်းဆောင်ခဲ့ပါတယ် ..။ နောက်ထပ် ၉နှစ်အကြာ ၁၉၉၅ ခုနှစ်မှာတော့ Forreign Affairs တာဝန်ခံ ဖြစ်လာပါတယ် ..။
၁၉၈၆ခုနှစ်မှာတော့ ကျော်ကြားလှတဲ့ Operation El Dorado Canyon အပြီး မွမ်မာ ဂဒါဖီ နဲ့ ပထမဆုံး အင်တာဗျူးခွင့် ရခဲ့ပါတယ်..။
အရှေ့အလယ်ပိုင်း အထူးပြု တာဝန်ယူ ခဲ့သော်လည်း သူမဟာ ချေချင်းညာ၊ ကိုဆိုဗို။ ဆီရီးယား ၊ ဇင်ဘာဘွေ၊
သီရိလင်္ကာ နဲ့ အရှေ့တီမော ဆီက တိုက်ပွဲသတင်း တွေကိုလည်း တင်ဆက် ပေးနိုင်ခဲ့ပါတယ်..။ ၁၉၉၉ခုနှစ်မှာတော့ သူမဟာကုလသမ္မဂ တပ်ဖွဲ့ဝင်တွေနဲ့
အတူ နေထိုင် သတင်းထောက်ပေးပြီး အင်ဒိုနီးရှား ကျော်ထောက်နောက်ခံ တပ်ဖွဲ့တွေ ဝန်းရံ
ထားတဲ့ နယ်မြေ အတွင်းကနေ အမျိုးသမီးနဲ့ ကလေးသူငယ် ၁၅၀ဝလောက် ရဲ့ အသက် ကိုကယ်ဆယ် နိုင်ခဲ့တယ် လို့
မှတ်တမ်းရှိပါတယ်။
သူမဟာ ကိုဆိုဗိုနဲ့ ချေချင်းညာ ဒေသတွေမှာ သတင်းထောက် တစ်ယောက်အနေနဲ့ တာဝန်ကျေမှုအတွက်
International Women’s Media Foundation ဆု ကို ဆွတ်ခူးခဲ့ သူ ဖြစ်ပါတယ်…။ သတင်းရုပ်ရှင်များလည်း
ရေးသားတင်ဆက်ခဲ့သူ ဖြစ်ပြီး BBC သတင်းဌာနအတွက် ရိုက်ခဲ့တဲ့ .Arafat: Behind the Myth ဟာ ထင်ရှားပါတယ်။
၂၀၀၅ ခုနှစ်မှာ ထုတ်လွှင့်ခဲ့တဲ့ Bearing Witness သတင်းရုပ်ရှင်မှာတော့ ကိုယ်တိုင် ပါဝင်တင်ဆက်ခဲ့ပါတယ်။
Liberation Tigers of Tamil Eelam လို့ခေါ်တဲ့ LTTE ထိန်းချုပ်ထားတဲ့ သီရိလင်္ကာ နိုင်ငံ က ဒေသတွေကိုခိုးဝင်ခဲ့ပြီး
သတင်းထောက်လှမ်းခဲ့ရင်း ၂၀၀၁ ဧပြီလ ၁၆ မှာ သီရိလင်္ကာ စစ်တပ်က ပစ်လိုက်တဲ့ RPG လောင်ချာ
ထိမှန်တာကြောင့် ဘယ်ဘက်မျက်လုံး အမြင်အာရုံ ဆုံးရှုံးခဲ့သူဖြစ်ပါတယ်။ ထိုဖြစ်ရပ်အပြီး မှာတော့
post traumatic stress disorder လို့ခေါ်တဲ့ စိတ်ဒဏ်ရာရခဲ့တဲ့သူမဟာ ဆေးရုံတက်ရောက် ကုသမှုခံယူ
ခဲ့ရပါသေးတယ်။ သီရိလင်္ကာ စစ်ပွဲတွေရဲ့ နောက်ဆုံးနေ့ရက်တွေကို ကိုယ်တွေ့မျက်မြင် ခံစားသိရှိခဲ့သူဖြစ်ပြီး
စစ်အတွင်း ဥပဒေမဲ့လုပ်ရပ်များအတွက် သတင်းပေးပို့ ခဲ့သူဖြစ်ပါတယ်။ ၂၀၁၁ခုနှစ်အတွင်းက ဖြစ်ပျက်ခဲ့တဲ့
လစ်ဗျား ဆူပူအုံကြွမှု မှာတော့ သူမကိုယ်တိုင် ရွေးချယ်ပိုင်ခွင့်ရှိတဲ့ အခြား ဂျာနယ်လစ် ၂ယောက်နဲ့အတူ မွမ်မာ ဂဒါဖီ
ကို အင်တာဗျူးခွင့်ရခဲ့ပါတယ်။ ဒါဟာ ထိုစစ်ပွဲအတွင်းက ပထမဆုံးသော အပြည်ပြည်ဆိုင်ရာ သတင်းအင်တာဗျူးအဖြစ်
သမိုင်းဝင်ခဲ့ပါပြီ ။ ABC News သတင်းဌာနမှ Christiane Amanpour နဲ့ BBC News မှ Jeremy Bowen ဆိုသူ တို့နဲ့
အတူဖြစ်ပါတယ်။
သူမရဲ့ ကိုယ်ပိုင်ဘဝမှာတော့ အိမ်ထောင်ရေး အဆင်ပြေချောမွေ့ခဲ့ပုံ မပေါ်ပါဘူး ။
သားသမီး မရှိတဲ့ သူမ ဟာ သတင်းထောက် Patrick Bishop ကို၂ကြိမ် လက်ထပ်ခဲ့ပြီး ၂ကြိမ်စလုံး ကွာရှင်းပြတ်စဲ
ခြင်းနဲ့သာ အဆုံးသတ်ခဲ့ပါတယ်။ ၂၀၀၂ခုနှစ်က ကိုယ့်ကိုကိုယ် သတ်သေသွားခဲ့တဲ့ ဂျာနယ်လစ် Juan Carlos Gumucio
နဲ့လည်း အိမ်ထောင်ကျခဲ့ပါသေးတယ်။
ယခုနှစ် ဖေဖော်ဝါရီလအတွင်းမှာ သူမရဲ့ ဘဝအဆုံးသတ် ဖြစ်မယ့် Syria နိုင်ငံကို နယ်စပ်ဖြတ်ကျော် စီးနင်းတဲ့
ဆိုင်ကယ်သမားတယောက်ရဲ့ နောက်မှာ ထိုင်လိုက် လာပြီး ခိုးဝင် သတင်းထောက်ခဲ့တာပါ။ နိုင်ငံခြား သတင်းထောက်တွေ
သတင်းယူမှုကို Syria အစိုးရက ပိတ်ပင်တားဆီးထားတဲ့အတွက် သည်လိုလုပ်ရတာဖြစ်ပါတယ်။ Homs မြို့တော်ရဲ့
Baba Amr ဒေသ အနောက်ဘက် ဘက်ပိုင်းမှာ အခြေချ ပြီး ဖေဖော်ဝါရီလ ၂၁ရက်နေ့ ညနေပိုင်းအထိ ဂြိလ်တုဖုန်း
အသုံးပြုကာ BBC, Channel 4, CNN နဲ့ ITN News သတင်းဌာနတွေအတွက် သတင်းတင်ဆက်ပေးခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၂ရက်နေ့မှာတော့ ယာယီ မီဒီယာ အဆောက်အအုံ မှာ ဆုရဓါတ်ပုံဆရာ Rémi Ochlik နဲ့အတူ
ဒုံးကျည်ထိမှန်ပြီး သေဆုံးသွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သတင်းထောက် Jean-Pierre Perrin နဲ့
အခြားသော သတင်းရင်းမြစ်တွေက ထိုအဆောက်အဦဟာ ဂြိုလ်တုဖုန်း ဆစ်ဂနယ်လ်တွေကတဆင့် ဆီးရီးယား စစ်တပ်က
ခြေရာခံ ပစ်မှတ်ထားခြင်း ခံခဲ့ရတယ်လို့ ဆိုပါတယ် ။ အပြည်ပြည်ဆိုင်ရာ သတင်းမီဒီယာ ရပ်ဝန်းနဲ့ ကမာ္ဘ့ နိုင်ငံရေးလောက မှာ တော့
သူမ အတွက် ဂုဏ်ပြုပွဲတွေကို ကျင်းပပြုလုပ်နေကြပြီဖြစ်ပါတယ်။
မီဒီယာ သမား တစ်ဦး အနေနဲ့ သူမဆွတ်ခူးခဲ့တဲ့ ဆုတွေဖြစ်ပါတယ်
2000: Journalist of the Year: Foreign Press Association
2000: Courage in Journalism: International Women’s Media Foundation
2001: Foreign Reporter of the Year: British Press Awards
2010: Foreign Reporter of the Year: British Press Awards (ဒုတိယအကြိမ်)
နိုင်ငံခြားသား သတင်းသမား တယောက် အတွက် နှစ်စဉ် ချီးမြှင့်လေ့ရှိတဲ့ the British Press Award for foreign reporter of the year ကို
၂ကြိမ်တိုင်တိုင် ဆွတ်ခူးရရှိခဲ့တာကတော့ အခြား သတင်းထောက်တွေ လက်ရှောင်လေ့ရှိသော
အန္တရယ် အလွန်ကြီးမားတဲ့ ရှေ့တန်းစစ်မျက်နှာပြင်တွေမှာ တောက်လျောက် သတင်းသွားရောက် ထောက်လှမ်းတင်ဆက်
မှုကြောင့်ဖြစ်ပါတယ်။
၂၀၀ဝခုနှစ်တုန်းက အမေရိကန်ဂျာနယ်လစ်ဇင် အင်တာဗျူးမှာ သူမ ပြောခဲ့တဲ့ သူမရဲ့ သတင်းသမား အလုပ်လုပ်မှု ခံယူချက်
ကတော့”အဲ့သည့်ကို သွား ပါ .. သူတို့ စားသလိုစား .. သူတို့ သောက်သလိုသောက်ရင်း သူတို့ အိပ်စက်သလို အိပ်စက်ပါ ”
တဲ့..
“Our mission is to report these horrors of war with accuracy and without prejudice.”
လို့ တချိန်က ကျူးရင့်ဖူး သူ ၂၆နှစ်တိုင်တိုင် ကမာ္ဘ့ တိုက်ကြီး-၃ခု ဆီမှ ပဋိပက္ခဒေသများ ကို ကိုယ်တိုင်ကိုယ်ကျ သွားရောက် သတင်းရယူ တင်ဆက်ခဲ့သူ။ ထိုဒေသတွေက သာမန် ပြည်သူလူထု … အထူးသဖြင့် အမျိုးသမီးနဲ့ ကလေး ငယ်တွေ ရဲ့
ခံစားကြုံတွေ့ရမှု ကို သတင်းရယူ တင်ဆက်ဖို့ သူမရဲ့ အသက်ကို အကြိမ်ကြိမ် မမှုဘဲ စွန့်လွှတ်စွန့်စားခဲ့ တဲ့သူမ ကို
သည်ဆောင်းပါးနဲ့ ဂုဏ်ပြုတင်ဆက်လိုက်ရပါတယ်။
Ref:
http://www.sfgate.com/cgi-bin/article.cgi?f=/c/a/2012/02/23/MNNV1NB8O2.DTL
http://en.wikipedia.org/wiki/Marie_Colvin
30 comments
နှူးဘာဂိုဏ်းချုပ်
February 24, 2012 at 2:53 pm
သဂျီး …
ဒါမိုးသတင်းကျ ဘယ်က နေပုံယူတင်ရမလဲချင့်…
သူများ သတင်းဌာနကပုံတွေ ယူတင်လို့
သဂျီး က ရေစာကပ်ရင် သများ မီးဒုတ် အရှို့ခံရမှာချင့်…
😛
အလကား စတာပါ သဂျီးရာ …
တင်လို့ရမယ့်နေရာက …
ပုံလေး ၂ပုံ၃ပုံလောက် ချီးမြှင့်ပေးပါ…
နော်. .နော်….
kai
February 25, 2012 at 2:58 am
URL တဲ့တင်ရင်ကော.. ရေစာပေါ်မှာလား..။
အင်း..
ရေစာစာလုံး.. ဗမာလိုပြောင်းရေးမှပဲ..။ 🙂
နှူးဘာဂိုဏ်းချုပ်
February 25, 2012 at 8:51 pm
သဂျီး ကိုတော့ ……ချဉ်ထှာအေ …..
လုပ်ပေါ့ သဂျီးရယ်…. ရှင်ကသဂျီးပဲကို ….
😛
htet way
February 24, 2012 at 3:01 pm
ဒီလို ဆောင်းပါးမျိုးလေးတွေတင်ပေးစေချင်တယ်
ဆရာစေတနာကို လေးစားပါတယ်
သူမရဲ့ သတင်းသမား အလုပ်လုပ်မှု ခံယူချက်
ကတော့”အဲ့သည့်ကို သွား ပါ .. သူတို့ စားသလိုစား .. သူတို့ သောက်သလိုသောက်ရင်း သူတို့ အိပ်စက်သလို အိပ်စက်ပါ ”
တဲ့..
မှတ်သားရပါတယ်။သတင်းသမားရဲ့ တာဝန်ကမသေးပါဘူးဉာဏ်ရည်လည်းမြင့်ဖို့ လိုပါတယ်
ဆက်ရေးပေးပါအုံး ဆရာ
စိန်ပေါက်ပေါက်
February 24, 2012 at 3:04 pm
အောက်ဆုံးမှာ ၂၀ဝ ခုနှစ်ဖြစ်နေသကွဲ ့ အမှန်က ၂၀၀ဝ ကိုပြောတာလား ချရာ..
သတင်းထောက်ကြီး.
လေးစားလောက်ပါပေတယ်..
အသက်ကိုပဓာန မထားပဲသတင်းထောက်ခဲ့သကိုး
ဒါကြောင့်လဲ ခုလို ဖြစ်ခဲ့တာ လားမပြောတတ်
တစ်ကယ်တော့သတင်းထောက်ကောင်း တစ်ယောက်ဖြစ်ဖို ့ လွယ်ပါဘူး..
အန္တရာယ် အတော်ကြီးပါတယ်..
အန္တရာယ်ကို မမှုပဲ သတင်ထောက်ပေးနေကြတဲ့လူတွေအကုန်လုံး လေးစားပါတယ်ဗျ
နှူးဘာဂိုဏ်းချုပ်
February 24, 2012 at 3:05 pm
ပြင်လိုက်ပါဘီချင့်
ကျေးကျေးပါချင့်
😀
Moe Z
February 24, 2012 at 3:35 pm
မှန်၏ သတင်းထောက်ကောင်းတစ်ယောက်ဖြစ်ဖို့မလွယ်ဘူး အန္တရာယ်လည်းများတယ်
ထောက်လှမ်းရေးပဲလုပ် 😀
Moe Z
February 24, 2012 at 3:34 pm
Congratulations! Marie Colvin
လေးစားပါတယ် ဝါသနာအရင်းခံနဲ့ လုပ်နေတဲ့အလုပ်အပေါ်တာဝန်ကျေတဲ့စိတ်ထားကို
အမျိုးသမီးပေမယ့် နုနွဲ့မနေတာကိုလည်း အားကျပါ၏။
ဘာသာပြန်ပေးတဲ့သူကိုလည်း 再見 …
FattyCat
February 24, 2012 at 4:08 pm
လေးစားအပ်တဲ့အမျိုးသမီးတစ်ယောက်ပါ…
Professional ဆိုတဲ့ ဝေါဟာရအတွက် သက်သေပြသွားတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ မှတ်တမ်းတင်ပါတယ်…
ကြောင်ဝတုတ်
Diamond Key
February 24, 2012 at 4:38 pm
သတင်းသမားဘဝများရဲ့ အခက်အခဲတွေကို မိန်းမသားတစ်ဦး ဖြစ်ပေမဲ့ ရင်ဆိုင်ခဲ့တာများနဲ့ လောကကြီး အတွက် ဆောင်ရွက်ခဲ့မှုများအတွက် Marie Colvin အားလေးစားမိပါတယ်။ ရွာထဲမှာ ဖေါ်ထုတ်တင်ပြပေးတဲ့ ဆြာဂီအားလည်း ကျေးဇူးတင်ရပါတယ်ဗျာ။
memeseku
February 24, 2012 at 5:06 pm
ပေါက်ဖော် နင်ကထောက်ချင်နေ ပြီလားး. ဝီစီမှူတ်လိုက် ရ… ငါတယ်… လေ …
စိန်ပေါက်ပေါက်
February 24, 2012 at 5:25 pm
ထောက်သေးပါဘူး
ခုမှ ပတ်ဝန်းကျင် အခြေအနေကြည့်တုံးပဲ ရှိတေး 😆
blackchaw
February 24, 2012 at 5:20 pm
အသက်စွန့်ပြီး သတင်းလိုက်ခဲ့တဲ့
သတင်းမုဆိုးတစ်ယောက် အကြောင်း ဖတ်ရတာ
တန်ဘိုးရှိပါတယ် ဂီဂီရေ။
စစ်မြေပြင်သတင်းထောက်တစ်ယောက်ရဲ့ ဘဝကို
We Were Soldiers ဇာတ်ကားထဲမှာ နည်းနည်း မြည်းစမ်းကြည့်ဘူးတယ်။
အသက်အန္တရာယ် အလွန်ကြီးတဲ့ အလုပ်လို့ နားလည်မိပါတယ်။
လက်မလေးတစ်ချောင်းထောင်ပြီး အားပေးခဲ့ပါတယ်ဗျာ။
ထုံးစံအတိုင်းပါဗျာ။
pooch
February 24, 2012 at 7:29 pm
stress disorder က အဲ့လို စစ်ပွဲကြီးတွေမှာ သွားပြီး တာဝန်ထမ်းဆောင်ခဲ့တဲ့သူတွေ တော်တော်များများ ခံစားရလေ့ရှိတယ်ပြောတယ်။ Marie Colvin ကဒီလိုမျိုးကနေတောင် ပြန်နလံထပြီး တာဝန်ထမ်းဆောင်
နိုင်တယ် ဆိုတာ တော်ရုံတန်ရုံစိတ်ဓာတ်မာကျောမှုမျိုးနဲ့ မဟုတ်ဖူး။
ယောက်ျားရင့်မာကြီး ဖြစ်တဲ့ Bang Bang Club ထဲက သတင်းထောက် ၁ ယောက်တောင် ဒီလိုဖိအားတွေကြောင့် ပူလစ်ဇာ ဆုရပါရက် နဲ့ ဘဝကို အဆုံးသတ်သွားသေးတာ။ သူက မလျှော့သောဇွဲနဲ့ သူမြတ်နိုးရာ အလုပ်ကိုလုပ်ရင်း အသက်စွန့်ခဲ့ ရတာဆိုတော့ သူကျေနပ်နေမယ်လို့ ထင်ပါတယ်။
သူ့လိုအမှန်တရားကို အသက်လိုဖက်တွယ်ပြီး အလုပ်ကို ဘဝလို့ မှတ်ထင် ရှင်သန် ရှင်တဲ့အမျိုးသမီးတယောက်အနေနဲ့အိမ်ထောင်ရေးကို ခိုင်မြဲအောင်လုပ်ဖို့ အတော်လေးခက်ခဲပါလိမ့်မယ်။ ထိုင်ခုံ ၂ လုံးကို တပြိုင်တည်းထိုင်ဖို့တော့ မဖြစ်နိုင်ဘူးလေ။
ဒီလိုစိတ်ဓာတ်မာကျောပြီး ပြင်းထန်တဲ့ အမျိုးသမီးတွေကို တကယ်လေးစားပါတယ်။
Khin Latt
February 24, 2012 at 7:57 pm
တကဲ့ကို သတ္တိခဲ ရဲရဲတောက် အမျိုးသမီးပါဘဲ။
တော်ရုံ စိတ်ဓာတ် နဲ့ ဒီလို စစ်တိုက်နေတဲ့ အထဲ ဘယ်လို နေနိုင်ပါ့မလဲ။
ကိုယ်မလုပ်နိုင်တဲ့၊ မလုပ်ရဲ၊ မလုပ်ဝံ့တဲ့ အလုပ်တွေကို လုပ်နိုင်တဲ့ သူ့ကို ဦးညွတ် အလေးပြုပါတယ်။
R.I.P Marie Colvin 🙁
Post လေးအတွက် ကျေးကျေးပါ တူတော်လေး ဂီဂီ ရေ။
နှူးဘာဂိုဏ်းချုပ်
February 24, 2012 at 8:00 pm
ကာလီ ဖီအိုရီးနား အကြောင်းအမှန်အတိုင်းရေးရင်ရော…
သများ ကို ညိုညင်ကြမှာလား ဟင်င်င်င်
😛
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
February 24, 2012 at 8:05 pm
တချို ့မြန်မာပြည်တွင်းထဲက ဂျာနယ်တိုက်တွေရဲ ့သတင်းထောက်တွေ နမူနာယူ အတုပြုသင့်ပါတယ်။
ခုတော့ဗျာ စာနယ်ဇင်းသမားတွေ တလောက မီးလောင်သွားတဲ့ သံတွဲဈေးကြီးရဲ ့ဆုံးရှုံးမှုတန်ဖိုးကို
ကျပ်သိန်း(၆၅၀၀)ဆိုပြီးအမှားရေးလိုက်ကြတာ။
တကယ်က သံတွဲဈေးမှာ မီးထဲပါသွားတဲ့ ဆိုင်ခန်းပေါင်း ၉၀ဝကျော်ရှိတယ်။တစ်ခန်းရဲ ့တန်ကြေးက
သိန်း၅ဝ အောက်ထစ်ရှိမယ်။ဆိုတော့ ကိုဂီရေ…
၉၀၀(၅၀)=၄၅၀ဝသိန်းဘဲထားပါ။
ပစ္စည်းထည့်ထားနိုင်တာကို ၉၀၀(၅၀)=၄၅၀ဝ
စုစုပေါင်း ၉၀၀ဝသိန်းပေါင်းရှိနေပီ။ဒါကအောက်ထစ်အနေနဲ ့ဘဲတွက်ထားတာပါ။တစ်ချို ့ဆိုင်ပိုင်ရှင်
တွေက ဆိုင်ခန်း ၃-၄ခန်းပိုင်တာ။တစ်ခန်းမှာ ပစ္စည်းတန်ဖိုး သိန်း၂၀ဝလောက်ထည့်ထားတာရှိတယ်။
ခုလို ပြည်တွင်း သတင်းထောက်တွေရဲ ့မဆင်မခြင်လုပ်တာက ပြောစရာဖြစ်ခဲ့ပီ။
windtalker
February 24, 2012 at 8:48 pm
သတင်းထောက်ထဲမှာတော့ ၊ ကျွန်တော် လေးစားရတဲ့ သိခဲ့တဲ့ တစ်ယောက် က ကြေးမုံ ဦးသောင်း ဘဲ ခင်ဗျ ။ နောက်ရက်တွေ အချိန်ရမှ သူ ့စာတွေ ကို ဖိုရမ်မှာ ရေးတင်ပါဦးမယ် ။
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
February 28, 2012 at 11:03 pm
ကိုပေရေ တင်ပေးအုံးဗ။ဒါမှ ဖတ်ရမှာ။ကျေးဇူးပါနော်။
surmi
February 25, 2012 at 12:43 am
ဒီကသတင်းထောက်တွေအတွက်အားဆေးပဲ ဂိုဏ်းချုပ်ရေ ….။
နဲနဲတော.ကြားဘူးတယ် ဒီလောက်တော.မသိဘူး ။ ခုတော.သိပြီ …..ကျေးကျေးဘဲ ဗျ ။
padonmar
February 25, 2012 at 1:40 am
လေးစားပါတယ် Marie Colvin
ကျွန်မတို့လည်း ဂေဇက် သတင်းထောက်အဖြစ် ကိုယ့်ဖာသာခန့်ပြီး ဘာလေးတွေ့တွေ့ ဓာတ်ပုံလေးရိုက် မှတ်တမ်းတင်ချင်နေကြတယ်။:D
winkyawaung
February 25, 2012 at 4:34 pm
ယခုလို ကောင်းတဲ့ ဆောင်းပါလေးများကို မျှော်လင့်ပါဦးမည်။ ဗဟုသုတ တော်တော်ရပါတယ်။ ကော်ပီ ယူထားပါတယ်ခင်ဗျား။
MaMa
February 25, 2012 at 8:33 pm
မျှဝေပေးတာ ကျေးဇူးပါ ဂီဂီရေ။
အဲဒါတွေကြောင့် သတင်းကို မထောက်တထောက်ပဲ လုပ်လို့ ရမလားလို့ မေးခဲ့မိတာပေ့ါ။ 😛
ဆန္ဒက ဦးဆောင်ရင် အရာအားလုံးကို စွန့်လွှတ်နိုင်တယ်။
(သူ့အသက်ကိုတောင် စွန့်လွှတ်ဖို့ ဝန်မလေးဘူး။)
ထက်သန်တဲ့ဆန္ဒနဲ့အတူ အောင်မြင်မှုဆိုတာ တွဲလျှက်ပါလာတယ်။
(ထူးချွန်ထက်မြက်အောင်မြင်မှု ရလာဒ်ရဲ့ နောက်ကွယ်က ဇွဲ ဆိုတာကို တွေ့မြင်သွားလိုက်ရတယ်။) 🙂
ကိုရင်မောင်
February 28, 2012 at 7:46 pm
တနေ့က VOA သတင်းမှတွေ့လိုက်ပါတယ်သတင်းထောက်Marie Colvin ရဲ့စိတ်မကောင်းစရာသတင်းပါ
သူ့အကြောင်းခုလိုဆိုက်ပေါ်တင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်…..
kotun winlatt
February 28, 2012 at 8:01 pm
လေးစာအတုယူဖို့ ကောင်းလိုက်တာဗျာ…
ကျနော်တို့ ရွာကသတင်းဖောက်တွေကို
ဖတ်စေချင်လိုက်တာ …
ပြီးတော့ အတုယူစေချင်လိုက်တာ
အခုတော့ သူတို့က သတင်းထောက်မဟုတ်ပဲ
သတင်းခြောက်လုပ်နေကြတာလေ….။
ငပွကြီး
March 1, 2012 at 10:14 am
အားအားရှိ “မင်းတို့ မိန်းမတစ်ယောက်ကို ခေါင်းဆောင်တင်လို့ ဘာရုပ်ပေါက်မလဲ” ဆိုပြီးလိုက် မဲဆွယ်နေသော ယောကျင်္ားကြီးတွေ သေချာကြည့်ထားကြ..
တော်တန်ရုံ ယောကျင်္ား မလုပ်နှိင်တာကိုသူကလုပ်ပြသွားတာ..
amatmin
March 1, 2012 at 10:38 am
မျက်စိဆုံးပြီးတာတောင် အသက်သေသည့်ထိ ကိုယ့်အလုပ်တာဝန်ကိုကျေပွန်ခဲ့တဲ့…
Marie Colvin အတွက်ဂုဏ်ယူသလို..ကောင်းရာမွန်ရာ ရောက်ပါစေလို့ ဆုတောင်းပါတယ်..
ကျေးဇူးတင်ပါတယ် .. ကိုဂီရေ..
Azzurri
June 11, 2012 at 7:26 pm
စိတ်မကောင်းဘူးဗျာ
ကျုပ်ကိုဘယ်လောက်လူ ၆မြင်ကပ်တယ်ဆိုတာကျုပ်ပိုစ့်အဟောင်းတွေကျုပ်ပြန်ဖတ်မိတိုင်း
ကျုပ်မိတ်ဆွေတွေ အနီကတ်ထိနေတာတွေမြင်တိုင်း
ဘယ်လိုမှစိတ်ထဲမကောင်းဘူး
ကျုပ်လည်း လူပဲဗျာ
ခံစားတတ်တယ်
ပြန်လှန်သုံးသပ်တတ်တယ်
အဲ
အမှားတွေကနေ ပြန်လည်သင်ယူတတ်တယ်ပေါ့
မရေးစေချင်ကြရင်လည်းပြောကြပါဗျာ
ပီအမ်ဖြစ်ဖြစ် သီးသန့် ပို့ပီး
ခုတော့ ဘယ့်နှယ့်
ကိုရင်စည်သူ
June 11, 2012 at 7:34 pm
အမငီး… ဂိုဏ်းချုပ်ကြီးကလည်း ဂိုဏ်းချုပ်လုပ်ပြီး
အဲ့လောက်ပျော့နေရလား… အဲ.. စိတ်..ဓါတ်.. ပြောတာ..
ဂိုဏ်းချုပ်ကြီးကို ချစ်လို့ အသိအမှတ်ပြုသူများလို့
အစိမ်းတွေ အနီတွေ စုံနေတာပေါ့ဗျာ… အဟီးး..
အကောင်းမြင်ချမ်းဘာဗျာ… လောကကြီးက မြင်တတ်ရင်
ကျေနပ်ချင်စရာတွေချည်းပါ။ 😀 😀 😀
ပီအမ်တွေ သိပ်မပို့ခိုင်နဲ့ တော်ကြာနေ ရွာထဲမှာ
ရဲတိုက်နဲ့ တူတဲ့ ကိုဂီ့ကိုကြိတ်ကြွေနေတဲ့ ကညာလေးတွေရဲ့
ရည်းစားစာတွေ ဖတ်ပြီး စာမရေးအားတောင် ဖြစ်နေမှာ မြင်ယောင်သေး…
MaMa
June 11, 2012 at 10:39 pm
စိတ်ထိခယက် မနေနဲ့။
အနီအစိမ်းတွေနဲ့ အရောင်စုံအောင် အားပေးကြတာ ဝမ်းသာစရာ။
သူများတွေရဲ့ ပိုစ့်အဟောင်းတွေလည်း ရှာဖတ်ကြည့်ဦး။
ရဲရဲတောက်တွေချည်းပဲများတယ်။ 😀