မန္တလေးက……………………ရှေးအမွေ (တစ်)
“မန်းလေးကရှေးအမွေ…………..တစ်”
မြန်မာပြည်နောက်ဆုံးမင်းဆက်နေသွားခဲ့တာကတော့ ရတနာပုံမန္တလေး။
လွန်ခဲ့သောနှစ် 150က တည်ထားတာဆိုတော့ ကျုံးမြို့ရိုးပြအိုးပစ္စင်
အကုန်အစုံမြင်နိုင်ပါသေးတယ်။
ကျနော်တို့ငယ်စဉ်ကတော့ ကျုံး က မြေသားဘောင်။
ကျုံးထဲမှာကြာပန်းရှိတယ်။
ရေမှော်ရှိတယ်။
ငါးပူတင်းဗိုက်ဖောင်းဖောင်းလေးတွေရှိတယ်။
ငါးဖောင်ရိုးလေးတွေလည်းတွေ့ရတယ်။
ငယ်ကတည်းက ကျုံးဘေးမှာနေလာသူဆိုတော့ ပိုသံယောဇဉ်ကြီးမိပါရဲ့။
အခုနောက်ပိုင်းကျုံးမဟုတ်ဘဲကန်ဖြစ်သွားတယ်။
မြေဘောင်ကနေကျောက်စီဘောင်ဖြစ်သွားတယ်။
ငယ်က ကျုံးဖြတ်တဲ့တံတားတွေပျောက်သွားတယ်။
ဒါပေမယ့် မပျောက်ပျက်သေးဘဲကျန်နေတာလေးတွေတင်ပေးလိုက်ပါတယ်။
ဒါကိုတော့ထပ်အစားမထိုးစေချင်ပါဘူး။
ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့
ရလာတဲ့အတွေးပါးပါး။
(25-2-2012)
17 comments
water-melon
February 27, 2012 at 8:29 am
လေးပေါက် နံပါတ် ၅ နဲ့ ၈ မှာ ရေထဲက အဝါရောင် အပြားကြီးက ဘာကြီးလဲ
လေးပေါက် ကျွန်တော်တို့အတွဲကိုလည်း ဓာတ်ပုံရိုက်ပေးအုန်း 😆
ကိုပေါက်(မန္တလေး)
February 27, 2012 at 8:40 am
အဲဒီအပြားက အဲဒီနားကအိမ်တွေကို ရေပေးတဲ့ ရေစစ်ကန်လေးပါကွဲ့။
လေးပေါက်က သဘာဝ ဓါတ်ပုံတွေဘဲရိုက်တော့
သဘာဝအတိုင်းရိုက်ချင်ရင်တော့ မင်းတို့ ချစ်သူစုံတွဲ( ကျနော်တို့အတွဲုဆိုမရိုက်ဘူး)ပုံရိုက်ပေးမယ်
memeseku
February 27, 2012 at 10:29 am
အူးပေါက်… မန္တလေးကပုံတွေတော်တော်စုံနေပြီ…
တစ်ခုပဲကျန်တော့တယ်… ဒီတခါ ပြင်ဦးလွင်က ကန်တော်ကြီးဥယျာဉ်ကို ရိုက်ပြပါလားး.. ကြည်.ချင်လို့
ဘိုင့်ဘိုင်
စိန်ပေါက်ပေါက်
February 27, 2012 at 10:59 am
စပိဘုတ် စီးချင်လာပြန်ပြီဗျာ..စပိဘုတ်..ဘဒေါ..ဘဒေါ..ဆိုပြီး ဝှီး.ဝှီး..ဆိုပြီး.. 😀
များတို ့အတွဲကိုလဲ ရိုက်ပေးပါဦးတော့
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
February 27, 2012 at 11:22 am
ကိုပေါက်ရေ မန္တလေးကို ရောက်ဖူးချင်လာပီနော်။
ကျုံးမြို ့ရိုးရယ် ပတ်လမ်းလေးတွေ သန် ့ရှင်းနေတယ်နော်။
minnannawar
February 27, 2012 at 11:32 am
စိန်ပေါက်ပေါက်ရေ မော်လမြိုင်မှာ အစီးကောင်းလို့ ဆိပ်ကမ်းက ဘုတ်နဲ့တိုက်မိပြီး ဆရာဝန်တစ်ယောက် ရှောသွားတာ- မကြာသေးဘူးနော် စေတနာ နဲ့သတိပေးလိုက်ပါရဲ့။
memeseku
February 27, 2012 at 11:33 am
အေးရိုက်ပေးမယ် ကောင်မ…
နံနေတယ်… ဒုတ်ကြီးကြီးသာရှာထား…
အီးမပန်းတော့ဘူးလား…. ဒီတခါပန်ရင်ပြောနော်…. များဆေးနည်းပေးမယ်
ဒင်္ဂါးပြားကြီးကြီးလေးမျိုချထား…
နောက်ထှာ.. ဂယ်ပြောထှာ
🙂 🙂
စိန်ပေါက်ပေါက်
February 27, 2012 at 11:46 am
အူးလေးပေါက်ရေ..အူးလေးပေါက်ရေ
များဘာသာပန်းတာကို များကိုလာပြီး ဒင်္ဂ ါး ပြားနဲ ့ လာပိတ်ခိုင်းနေဒယ်..
ဘာဖစ်လဲ..ဘာဖစ်လဲ ကိုယ့်ပန်းပိုင်ခွင့်နဲ ့ကိုယ်ပန်းတာ ဘူ ့ကို ဂရုစိုက်ရမှာလဲ
ပန်းမှာဘဲ..ပန်းမှာဘဲ ..ဗစ်.ဗျစ်..ဘစ်.ဘဒစ်..
များ ပန်းနေတဲ့ပုံလေး ရိုက်ပေးနော်..ရိုမန်းတစ် မိစိန်ပန်းဟဲ့…ရှောင်လော့ ရှားလော့..
ဗျစ်..ဗှစ်..ဘစ်..ဗဒစ်..စ်..
ကိုပေါက်(မန္တလေး)
February 27, 2012 at 11:42 am
memeseku ရေ
ပြင်ဦးလွင် ကန်တော်ကြိး ဘီးအီးဖော
အကုန်တင်ဘူးပါတယ် လင့်ပြန်ရှာပေးမယ်နော်။
Diamond Key
February 27, 2012 at 1:32 pm
ကြော်ငြာဝင်ပြီဟေ့ ………….. ဒန်တန့်တန့် ………..ဒန် 😛
http://myanmargazette.net/75211/travel
http://myanmargazette.net/85313/travel/local-guides
အများကြီး ကျန်သေးတယ်။ ကိုပေါက်ကြီး တင်လိမ့်မယ်
pooch
February 27, 2012 at 12:32 pm
လေးပေါက် အရင်တုန်းက မပြင်ခင်က ကျုံးပုံမရှိဘူးလား ရှိရင်တင်ပေးပါအုန်း…
ကိုပေါက်(မန္တလေး)
February 27, 2012 at 1:09 pm
ကိုစိန်သော့ဆီမှာရှိတယ် ကျုံးမပြင်ခင်က လေးပေါက်ကင်မရာ မကိုင်နိုင်သေးဘူးလေ။
ကိုစိန်သော့ကို တင်ခိုင်းထားတယ်။
Diamond Key
February 27, 2012 at 1:36 pm
မကြာမှီ …. လာမည်………….. မျှော် 😆
ကိုပေါက်(မန္တလေး)
February 27, 2012 at 1:56 pm
ဘယ်ရမလဲ ကျုပ်လဲလာပြီဗျိုး
myanmargazette.net/61397/travel/local-guides
etone
February 27, 2012 at 2:40 pm
မန္တလေးရဲ့ အထိမ်းမှတ်လည်း ဖြစ် ၊ အထင်ကရလည်း ဖြစ်တဲ့နေရာတစ်ခုကို ထောင့်ပေါင်းစုံက ရိုက်ထားတာ တစ်ပုံတစ်မျိုး မရိုးနိုင်အောင်ပါပဲ … ။
Ma Ei
February 27, 2012 at 4:12 pm
မန္တလေးကို ရ ခေါက် ၈ ခေါက်ရောက်ဖြစ်ပေမဲ့…
ဦးပိန်တံတားပေါ် လျှောက်ဖြစ်ပေမဲ့…
ကျုံးနံဘေးမှာ လမ်းမလျှောက်ခဲ့ရဘူး..
ကားပေါ်ကဘဲ ခေါက်တုန့် ခေါက်ပြန် ငေးခဲ့ရတယ်..
ကိုပေါက်ဓါတ်ပုံကြည့်ပြီးမှ ဒီတစ်ခေါက် ရောက်ရင်..
ကျုံးအလှကို တစ်ဝကြီးလျှောက်ကြည့်လျှောက်ရိုက်ပလိုက်အုံးမယ်..
ကျေးဇူးပါနော်..
ကိုပေါက်(မန္တလေး)
February 27, 2012 at 5:22 pm
မယ်အိ
ဒီတစ်ခါလာရင်ကျုံ့းတစ်ပါတ်လမ်းလျှောက် ပြီးလိုက်ပို့ပေးမယ်နော်။
ထပ်လာအုံးမှာ ကျုံးပုံက လေးပိုစ်တောင်ရှိတယ်။