ဘဝတံတားလေး…Life Bridge
ကျွန်တော်စာအုပ်ဟောင်းတွေရှင်းရင်းနဲ့ ကျွန်တော့ရဲ့ရှေးဟောင်းလက်ရာလေးတစ်ခုသွားတွေ့မိပါတယ်…ကျွန်တော်အသက် ၂ဝကျော်ကျော်လောက်က
ခံစားမှု့စာစုလေးဆိုပါတော့ဗျာ..အဲဒီအချိန် အဲဒီအသက်အရွယ်က ကျွန်တော် စာရေးဆရာရူး ရူးခဲ့ဘူးသေးတယ်…အဲဒီတုံးကရူးကြောင်ကြောင်နဲ့..
ဟိုဂျာနယ် ဒီဂျာနယ်တွေပို့ခဲ့သေးတယ်…ဘယ်ကမှလက်မခံခဲ့ပါဘူး..သိပ်မြင့်လွန်းနေလို့တဲ့..ဟဲဟဲဟဲ..ဒီနေ့ဒီအချိန်ကျတော့..အလွန်အင်မတန်သဘောကောင်းတော်မူသော
ကျုပ်တို့ရဲ့ သဂျီးကျေးဇူးကြောင့် ဒီ..အင်မတန်မှညံ့ဖြင်းနုံချာလှသော စာစုလေးကို ဂေဇက်ပရိပ်သတ် ကံကောင်းလှစွာဖတ်ရပေတော့မယ်…(ငယ်မူ ငယ်တွေးမပျက်စေရန်အတွက် လုံးဝပြန်လည်တည်းဖြတိမထားပါဂျောင်း)…ရှု့စာဖတ်ရှု့တော်မူကြပါကုန်….
“ကြမ္မာ”.. ဆိုတာလူသားတွေကိုပေါင်းစည်းပေးတယ်..တခါတခါတော့သိပ်ချစ်ကြတဲ့
သူတွေကို ကွေကွင်းအောင်ခွဲပစ်တယ်..“ကြမ္မာ”ခွဲလို့ဘယ်လောက်ကွဲကွဲ..အချစ်ကို
လျော့သွားအောင် မချစ်အောင်တော့မလုပ်နိုင်ရှာပါဘူး..ချစ်တာဟာချစ်တာပေါ့..
ဘယ်တတ်နိုင်မလဲ..နောင်ဘာဖြစ်မယ်ဆိုတာကြိုမတွေးဘူး..ဒါပေမဲ့သိနေတယ်
နောင်အကြောင်းစဉ်းစားရင်စိတ်ညစ်မှာမို့မစဉ်းစားချင်ဘူး..ဒါပေမဲ့စိတ်ထဲမှာ
အမြဲတွေးနေမိပြန်တာဘဲ..တွေးမိတိုင်းလဲ အဆင်ပြေတာဘာတခုမှမတွေ့ရဘူး
အနှောင့်အယှက်အခက်အခဲအတိပြီးတဲ့ ကျုပ်လမ်းကိုကျုပ်မြင်ပါတယ်..
ကျုပ်ထင်တယ် ကျုပ်အတွက်တော့ အဆင်ပြေမှု့ဆိုတာ အပြင်လက်တွေ့ဘဝမှာမပြောနဲ့
တွေးချင်တိုင်းအတွေးနယ်ချဲ့လို့ရတဲ့ အစိုးမရတဲ့ အတွေးလောကမှာတောင် ပျောက်ကွယ်နေတယ်..ဒါပေမဲ့လေ..“ချစ်တယ်” “မြတ်နိုးတယ်” “သံယောဇဉ်ဖြစ်တယ်
်ဆိုတာတွေက နှလုံးသားကဖန်တီးတာ နှလုံးသားကဖြစ်ပေါ်တာ..နှလုံးသားအလုပ်..
“အဆင်မပြေဘူး”ပြေတယ် ခက်တယ် လွယ်တယ် ဆိုတာတွေက ဦးနှောက်နဲ့ စိတ်က
ဆုံးဖြတ်တာ..ဦးနှောက်အလုပ် စိတ်အလုပ်….တခုတော့ရှိတယ်…
ဦးနှောက်နဲ့စိတ်ကဘယ်လောက်ဘဲ အခက်အခဲတွေ့တွေ့…
နှလုံးသားကိုဩဇာမညောင်းနိုင်ပြန်ဘူး..တနည်းပြောရရင် နှလုံးသားကိုတားမရဘူး
ဒါကြောင့်ဘဲ..မင်းကိုငါသိပ်ချစ်မိသွားတယ်…
ငါအားလုံးတွေးမိပါတယ်..မချစ်ခင်ကလည်းတွေးရဲ့..ချစ်ပီးမှလည်းတွေးရဲ့..
ဘယ်လိုတွေးတွေး ဘယ်လိုဆုံးဖြတ်ဖြတ်လေ..နောက်ဆုံးနှလုံးသားကအနိင်ရတယ်
ဒါလဲထုံးစံဘဲမဟုတ်လား..ဒါကြောင့်ဘဲ..မေတ္တာတွေ သံယောဇဉ်တွေအနန္ဒနဲ့
မင်းကိုငါသိပ်ချစ်ပစ်လိုက်တယ်…ဒီအတွက်ငါနောင်တမရပါဘူး..ငါမမှားဘူးလို့လဲ
ထင်တယ်လေ..ဟုတ်ရဲ့လား….ဒီနေရာမှာ မင်းကိုတစ်ခုပြောချင်တယ်…………..
တံတားလေးတခုရှိတယ် ယဲ့ယဲ့လေး ကျိုးလုလုဆိုပါတော့…တံတားရဲ့တဘက်မှာက
ငါအလိုချင်ဆုံး သ ူူရှိလေရဲ့..တံတားပေါ်လျှောက်ရင်ကျိုးကျမှာလဲသိတယ်…
မရှု့မလှဇတ်သိမ်းမှာလဲတွေးမိပါရဲ့…ဒါပေမဲ့ တဖက်ကမ်းကိုလှမ်းမျှော်ပီးလည်းခံစားမနေ
ချင်ဘူး..နှလုံးသားဆန္ဒကိုထိန်းဘို့ဆိုတာကလည်း ခက်လှဘိတောင်း..
အခြေအနေဆိုတဲ့အကူအညီကောင်းလေးရရင် လျှောက်ရင်း ဟိုဘက်ကမ်းရောက်သွား
နိုင်တယ်လေ…ဒါနဲ့ဇွတ်မှိတ်ပီးကူးတယ်..လျှောက်တယ် ကျခါမှကျရော..
ဒါပေမဲ့မကျမချင်းတော့ဆက်လျှောက်မယ်..နောက်မလှဲ့ဘူး..တံတားပေါ်ကမကျအောင်
ညှင်ညှင်သာသာလျှောက်မှရမယ်…ညှင်ညှင်သာသာလျှောက်နိုင်အောင်ဆို…အချိန်အများကြီး
ကုန်လိမ့်မယ်..ဒါအရေးတကာ့ အရေးအကြီးဆုံးဘဲ..ဒီအချိန်တွေကိုသူ ဒီအတိုင်းစောင့်နေနိုင်မလား…စောင့်နိုင်တယ်ထားအုံး..ငါ့ကိုအချိန်များစွာစောင့်ပီးမှ
ငါမရောက်ဖြစ်ရင်ရော.”သူ့”ဘဝအတွက်ငါ့ကြောင့်ပြန်မရနိုင်တဲ့အချိန်တွေ နုပျိုခြင်း
တွေအများကြီးဆုံးရှုံး မကုန်နိုင်ဘူးလား?
နောက်တစ်ချက်က ညင်ညင်သာသာ လျှောက်နိုင်ဖို့က စိတ်တည်ငြိမ်ဖို့လိုတယ်.တည်ငြိမ်ရ
မယ်..ရင့်ကျက်ရမယ်..သတိမြဲရမယ်..စိတ်တည်ငြိမ်ဖို့ စိတ်အားပြည့်ဖို့ကတော့ တံတားဟိုဘက်မှာ သူ ကအားပေးအပြုံးလေးနဲ့..ကြိုဆိုတဲ့မျက်လုံးရွဲကြီးတွေနဲ့ လက်ကမ်း
ကြိုလင့်နေဖို့လိုတယ်လေ..ခုထိတော့ သူ့ကိုကြည့်ပြီးငါဆက်လျှောက်နေတယ်..သူကလဲ
လက်ပြ လက်ကမ်း အားပေးဆဲဘဲ..ပတ်ဝန်းကျင်ဆိုတဲ့ လေကြမ်းကလည်း တဝှီးဝှီးနဲ့တိုက်လို့
တစ်ချက်တစ်ချက် တိုက်လိုက်တိုင်း တံတားကတဖြစ်ဖြစ်မြည်သွားတတ်တယ်.ကျိုးလုလုဖြစ်
နေတဲ့ တံတားအဖို့တော့ အကြီးမားဆုံး အန္တရယ်တစ်ခုပဲ
လေတစ်ချက်ဝေ့ရင် တံတားလေးကသံစုံမြည်ဟီးလာတယ်..တံတားလေးရဲ့ ညည်းတွားသံတွေ
ဟာ ငါ့ကိုအမြဲသတိမြဲဖို့ အချက်ပေးနေတာလား? ကျတော့မဲ့ဆဲဆဲ ငါ့ကိုသနားလို့ စုပ်သပ်ပြီး
ညည်းတွားနေတာလား?ဝေခွဲလို့မရဘူး..
ဒီလေကြမ်းရဲ့ ဒဏ်ကို ငါတော့ခံနိုင်တယ်..ခံရပေါင်းလည်းများပြီလေ..လေကြမ်းကိုငါမမှုပါဘူး..
ဒါပေမယ့် ဒီတံတားလေးခံနိုင်ပါ့မလား? တစ်ဖက်ကမ်းက သူရောခံနိုင်ပါ့မလား? ဒီလိုတွေးမိ
တယ် သူချမ်းပြီး ပြန်လှည့်သွားရင် ဒုက္ခ..နောက်တစ်ချက်က တံတားအခြေအနေအရ လျှောက်နိုင်ဖို့က လူလွတ်ပဲရမှာ..ခုလဲငါ့မှာ လူလွတ်သာသာပဲ.ဒါပေမယ့် တံတားအရှေ့ကိုတိုး
တိုင်းတိုးတိုင်းဝန်ပေါ့အောင် ဝိတ်လျှော့နေရတယ် ဒီပုံဆို သူ့ဆီရောက်ရင်တောင် ငါဆိုတာ
သက်သက်ပဲသူရနိုင်မယ် တစ်ခြားဘာမှပါမှာမဟုတ်ဘူး..အားလုံးကိုစွန့်ခဲ့ရမယ်.နောက်တော့
တွေးမိပြန်တယ်..သူသာလှည့်သွားခဲ့ရင် တံတားလေးလဲကျိုးမှာပဲ ကျုပ်စိတ်တည်ငြိမ်နိုင်တော့
မှာမှမဟုတ်ပဲကို..တံတားမကျိုးရင်တောင်မှ.. လူကခုန်ချတော့မှာ..ဟုတ်တယ်လေ..ဘာလုပ်
တော့မလဲ..မျှော်လင့်ချက်မှမရှိတော့တာပဲ..တစ်ကယ်လို့ကွာ ငါဆိုတာ ငါဖြစ်ပြီးတော့ သူဆို
တာမင်း ဖြစ်ရင် မင်းဘယ်လိုပြောမလဲ? ငါသိချင်စမ်းတယ်
ထာဝရလမ်းဆက်လျှောက်နေမဲ့ “ငါ”(ကြီးမိုက်ငယ်)
ဒီနေရာမှာ တစ်ခုလောက်အမှန်အတိုင်းဝန်ခံပါရစေ..အဲဒီတံတားယဲ့ယဲ့လေးကို ကျွန်တော် နုစဉ်က ကျွန်တော့ကတိအတိုင်း တစ်ကယ်လျှောက်ခဲ့ပါတယ်..
ဒါပေမဲ့ မျှော်လင့်ထားခဲ့ ပြီးသလိုဘဲ..တံတားအိုလေးကို..အခက်အခဲအမျိုးမျိုးကြားက..သက်စွန့်ဆံဖျားလျှောက်ခဲ့ပြီး…ဟိုဘက်ကမ်းရောက်လုလုမှာ..တံတားထိပ်မှာ
သူရှိမနေခဲ့တော့ပါဘူး…သူအချိန်ကိုသည်းမခံနိုင်ခဲ့ပါဘူး..ကျွန်တော်လည်းဘဝကိုခက်ခဲပင်ပန်းစွာ ဖြတ်သန်းခဲ့ရလို့ ထုသားပေသားကျနေပီဆိုတော့ ……ဆိုခဲ့ပြီးသလို
တဖက်မှာသူမရှိနေတော့ပေမဲ့..ကျွန်တော်တံတားပေါ်ကခုန်မချဖြစ်တော့ပါဘူး….ဒါပေမဲ့ နှလုံးသားမှာခုထိဒဏ်ရာတွေနဲ့ပါ…
လမ်းဆက်လျှောက်နေတဲ့..
ကြီးမိုက်။
20 comments
စိန်ပေါက်ပေါက်
February 27, 2012 at 6:58 pm
ဪ.
အူးကြီးမိုက်ရဲ့ လက်ရာဟောင်းလေး ကံကောင်းထောက်မစွာနဲ ့ ဖတ်ခွင့်ရတာ ဂုဏ်ယူမဆုံးပေါင်ဗျာ 😀
ဖတ်ပြီး စိတ်မကောင်းပါဘူးဗျာ..
သစ္စာမရှိတဲ့ မိန်းမတွေ..
မုန်းဒယ်.မုန်းဒယ်..ဘယ်ဒေါ့မှ ပိုက်ဆံမရှာဘူး..ဘယ်ဒေါ့မှ မိန်းမမယူဘူး.ဘူး..ဟူး..ဟူး.. မုန်းဒယ်…မုန်းဒယ်..
သူ ့ကိုမုန်းဒယ်..
(ဪ..ဇက်ကြောဆွဲပေးရမှာလား..အေးအေး..လာပြီမိန်းမရေ..ဒီမှာ အရေးကြီး အီးမေးလ် ဝင်လာလို ့ အကြောင်းပြန်နေတာ..
လာပြီနော်..လာပြီ..)
pooch
February 27, 2012 at 7:57 pm
” လှိုင်းတံပိုးတွေ မနားတမ်း ရိုက်ခတ်နေပေမယ့်
စိုးနှောင့်တုန်လှုပ်ခြင်းကင်းတဲ့
ပင်လယ်ထဲက ကျောက်သား ကျောက်ဆောင်ပမာ
ဘဝတလျှောက် စွဲမြဲခိုင်မာရပ်တည်ပါ ” တဲ့
Hazart Inyat Khan ဆိုတဲ့လူက ရေးသွားတာ။
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
February 27, 2012 at 8:02 pm
ကိုကြီးမိုက်ရေ……
ပြုတ်ကျရင်တော့ မလွယ်ဘူးနော်။
ဒါပေမယ့် ဖြတ်ကိုဖြတ်မှဆိုလဲ….. ဖြတ်ရတော့မှာပေါ့နော်။
ဒါပေမယ့် မလွယ်သေးဘူး။
ဟူးးးးးး
အားပေးသွားပါတယ်ဗျာ။
windtalker
February 27, 2012 at 9:28 pm
ဦးမိုက်ရေ ၊ မဆိုင်တော့ မဆိုင်ဘူးပေါ့
ဦးမိုက် ရဲ ့ဘဝတံတားလေး ကို ဖတ်အပြီးမှာ
ကျုပ် မိတ်ဆွေ ငပေါက်ဖော် တံတားလေး ရောက်ခဲ့တဲ့ အဖြစ်ကြီး ကို သွားသတိရမိသဗျာ ။
လွမ်းလိုက်တာ ရွှတ်
Kaung Myat Thu
February 27, 2012 at 10:03 pm
ကိုကျီးမိုက်-ရှင်ကျွန်မကိုတကယ်ချစ်လို့ယူခဲ့တယ်ထင်တာ။အခုတော့ရှင်က ရှင့်ရည်းစားဟောင်းကိုတမ်းတနေတာပေါ့။ရပါတယ်ဒီတော့လည်းကျွန်မရည်းစားဦး-
ကောင်းမြတ်သူကိုကျွန်မလည်းပြန်တမ်းတရတော့မှာပေါ့။အဟင့်ဟင့်—
aye.kk
February 28, 2012 at 4:00 am
နှစ်ဦးရေစက်..
ချစ်လျှက်ခွဲကွာ…
ကံကြမ္မာသာ
ယိုးကါမယ်ဖွဲ ့
ယဲ့ယဲ့တံတား..
လျှောက်လှမ်းသွားစဉ်..
ရှိများမလား..
အံခဲထားရင်း..
အားတင်းလျှောက်မှန်..
ကြံ့ကြံ့ခံလို့..
ကိုယ့်ထံဆီးတဲ့..
နီးလျှက်လေးနဲ့..
ကမ်းမဲ့လက်ဝေး..
ထွက်ပြေးကွယ်ပျောက်..
မစောင့်စားမို့..
ကိုယ့်မှာခံစား
ဝေဒနာများကို..
ထွေးပွေ ့ဖက်တွယ်..
ရင်ဝယ်ပိုက်ရင်း..
ဆက်လျှောက်ယင်းနဲ့..
အိုဘယ့်တံတား..
ကျော်လွှားကျန်ခဲ့..
ဆန်တဲ့မီးအိမ်..
ချိန်တွေကုန်ခဲ…
မေ့မဆဲသာ…
မိုက်မြဲနေတဲ့…ငါပါလေ။
သား လေး
February 28, 2012 at 10:19 am
ဦးကြီးတို့ ဗယ်လဘိုင်ဒေး အလွန်မှာတော်တော်ငယ်မူပြန်သွားတယ်နော့..
အီရမ်းကောင်းထှာကွယ်
kyeemite
February 28, 2012 at 10:47 am
ိစိန်ပေါက်ေ၇..မဒမ်စိန်ပေါက် ကိုကရုစိုက်ဗျို့…
pooch ရေ..ဆောင်ပုဒ်ကောင်းလေးနဲ့ အားပေးတာ သင့်ခရုပါ..
ကိုနာဂရ ရေ..မလွယ်မှန်းသိလည်းမဖြတ်မဖြစ်ဖြတ်ခဲ့ရတာဘဲဗျို့..ကျေးကျေး..
Kaung Myat Thu ကအကြားအမြင်ရတယ်ထင်ပ..ကျုပ်စာကိုဖတ်ပီး မဒမ်ကြီးမိုက်ပြောတာ အဲဒီအတိုင်းကွက်တိဘဲ..ကျေးဇူးပါ..
အားပေးသွားတဲ့ ကျောက်သူဋ္ဌေး ကိုပေ..သင့်ခရုဗျ..
aye.kk ..ခင်ဗျား..လက်တန်းကဗျာလေးကအရည်အသွေးမြင့်လှပါလား..ကြီးမိုက်ရဲ့ဘဝကို
ပီပီပြင်ပြင် သရုပ်ဖေါ်နိုင်ပါပေရဲ့..ကျုပ်လည်းအဲလိုရေးတတ်ချင်စမ်းပါဘိ…ကဗျာကောင်းလေးနဲ့
ဘဝကိုထင်ဟတ်အားပေးတဲ့အတွက် ကျေးဇူးအထူးပါဗျာ…
ahnyartamar
February 28, 2012 at 10:53 am
We should blast with malt whisky in this evening at WIN.
How is Ko Kyeemite? Is it good idea?
kyeemite
February 28, 2012 at 11:56 am
အညာတမာရေ…အားပေးတာသင့်ခရုပါ…
ညနေ၅နာရီခွဲ ဆုံမယ်လေ..ဂေ့..လေချင်တောင်တက်နေပီ..
blackchaw
February 28, 2012 at 12:28 pm
ကိုကြီးမိုက်ရေ။
အားပေးသွားပါတယ်ဗျာ။
ကိုထီး သီချင်းလေး တစ်ပုဒ်ရှိပါတယ်ဗျာ။
သေခြင်းမှာ လူဟာ တစ်ခါသာသေရ၏
ချစ်ခြင်းမှာ လူဟာ အခါခါ သေရ၏
တဲ့။ အခါခါ ပြန်ချစ်လို့ရတယ်ဆိုတဲ့ သဘောပါ။
တစ်ခုတော့ သတိထားဗျာ။
အခါခါပြန်လည်း အသည်းကွဲတတ်တယ်နော်။
ခင်မင်စွာဖြင့်
ဘလက်
———————————————————————–
ba gyi
February 28, 2012 at 2:51 pm
ကိုကြီးမိုက်ကြီး၊ ဆက်လျှောက်ခဲ့လို့တစ်ဖက်ကိုရောက်၊သူမရှိတော့ပေမည့်။
ခင်ဗျားမှာ ခုထိဒါဏ်ရာတွေရှိနေသေးသမို့လား၊
ဘာပဲပြောပြော ကျော်ဖြတ်ရဲတဲ့သတ္တိနဲ့လက်တွေ့လုပ်ရပ် ရယ်၊ ဘာမှမရှိတဲ့ ဟင်းလင်းပြင်ထဲမှာ အဓိပါယ်ရှိတဲ့ ခံစားတတ်တဲ့ လူဆန်တဲ့ ခံစားချက်တော့ရှိလာတာပါပဲ။
ကဲ ခုအဲဒါတွေကို စာဖွဲ့လာနိုင်တာပဲ ၊ ဟော ကျုပ်တို့ပါအစစ် ခံစားလိုက်နိုင်သေးဗျား။
ခံစားချက်၊ဓါတ်ပုံထဲမှ တံတားကလေး၊ရေးဖွဲ့မှု ၊ပြီးတော့ယောကျားတစ်ယောက်ရဲ့ ပီတိ ၊အားလုံးအမြတ်ပါပဲဗျား၊ဘယ်တော့မှမရှုံးပါဘူးဗျို့။
မဟာရာဇာ အံစာတုံး
February 28, 2012 at 3:03 pm
ကိုကြီးမိုက်ရေ …
ချစ်သူတို့ရဲ့ ခရီလမ်းကို ခနဲ့တဲ့တဲ့ တံတားလေးနဲ့ တင်စားထားတယ် ထင်ပါ့ …
ခံစားချက်ချင်း တူလို့လားတော့ မသိဘူး … ကျနော်ကတော့ ကြိုက်လှသဗျို့ …
အရမ်းကောင်းပါတယ် ဆိုတဲ့ စကားနဲ့ပဲ ချီးကျူးပါရစေဗျာ ..
အောင်ပွဲ ခံရကာနီးမှ ပန်းတိုင် ပျောက်သွားရတဲ့ ကိုကြီးမိုက် တစ်ယောက် နောင်များအခါမှာ သာယာ ဖြောင့်ဖြူးတဲ့ တံတားလေးပေါ်ကနေ ကိုယ်ချစ်တဲ့သူဆီ အပြေးကလေး သွားနိုင်ပါစေလို့ ဆန္ဒပြုရင်း ….
ခင်မင်စွာဖြင့်
အံစာတုံး
ဆူး
February 28, 2012 at 3:42 pm
ဦးကြီးမိုက် ရဲ့ စာကောင်း ပေကောင်းများ ကို ဖတ်ရတဲ့ အတွက် ဂုဏ်ယူဝင့်ကြွားမိပါတယ်။
ဆက်သာရေးပါ စိတ်ကြိုက်ရေးပါ။
water-melon
February 28, 2012 at 4:04 pm
ငါ့မှာ
ဟိုးအဝေးကြီးက လာခဲ့ရတာပါ
မင်းအနမ်းအတွက်
ဆူးခင်းလမ်းတွေကျော်ဖြတ်လာရတာမို့
အချစ်ရယ်
ကမ်းလင့်တဲ့လက်နဲ့ကြိုစေချင်တယ်။
ကိုမိုက်ရေ
ခံစားသွားပါတယ်ဗျာ
ဘဝမှာ ခါးသီးတာတွေများလာတော့လဲ အရေထူသွားပါပြီ
အချစ်ဆိုတာ ချစ်တိုင်းလဲမညား ညားတိုင်းလဲ မချစ်ဆိုတော့
သူပျော်ရွှင်ရင် ပြီးရောဆိုတဲ့ ခံစားချက်နဲ့ စွန့်လွှတ်ခဲ့ပါတယ်။
kyeemite
February 29, 2012 at 8:55 am
ကိုဘလက်ရေ..အားပေးသွားတာကျေးဇူးပါ…ဘိုထီးသီချင်းတွေဆိုကျွန်တော့အသဲစွဲဗျ…သူ့သီချင်းတစ်ပုဒ်
နားထောင်တိုင်း ဇတ်လမ်းလေးတစ်ပုဒ်ဖတ်ရသလိုခံစားရတယ်…လွမ်းသဗျာ..ဘိုထီးကိုပြောပါတယ်။
ba gyi ရေ..အမှန်ပါဘဲ..ဘဝအတွေ့အကြုံ စုံခဲ့သလို..ရင့်ကျက်မှု့တွေနဲ့အတူ လောကဓံကိုလည်း
အထိုက်အလျှောက်ခံနိုင်ရည်ရှိလာခဲ့ရပါတယ်..ကျေးဇူးပါဗျာ..။
မဟာရာဇာ အံစာတုံးကြီး…ခံစားချက်ချင်းတူသတဲ့လားဗျာ…တကယ်တော့ ကျုပ်တို့လို ဘဝကိုခက်ခဲပင်ပန်းစွာ ဖြတ်သမ်းခဲ့ရသူတော်တော်များများ…နှလုံးသားကိုဦးစားမပေးနိုင်ခဲ့ကြပါဘူး..
အားပေးတာနဲ့မန့်ပေးတာ သင့်ခရုပါ..
အန်တီဆူးခင်ဗျား..ကျွန်တော့စာမကောင်းတကောင်းလေးကိုချီးကျူးပေးလို့..ဆက်ရေးဘို့ခွန်အားတွေ
ရပါကြောင်း..ကျေးကျေးပါဗျာ..။
ဖြဲသီးရေ…နင့်ဇတ်လမ်းလေးဖတ်ပီးအထူးစိတ်မကောင်းဖြစ်ရပါတယ်..ဒီဘဝတံတားလေးကလည်းအဲဒီဇတ်လမ်းမျိုးပါ…ဒါပေမဲ့ဖြဲသီးကိုပြောချင်တာက လက်မလျှော့ပါနဲ့အုံးဟုသာ…
water-melon
February 29, 2012 at 9:09 am
ကိုမိုက်ရေ
အခြေအနေက မဖြစ်နိုင်တော့ဘူး
ခြေတစ်လှမ်းနောက်ကျသွားပြီ
ရင်ထဲအောင့်နေရုံမှ တပါး ဘာမှမတတ်နိုင်တော့ဘူး အကို
ခါးသီးစွာဖြတ်ခဲ့ရတဲ့ ဘဝကို စိတ်နာရုံဘဲရှိတယ်။
kyeemite
February 29, 2012 at 10:49 am
water-melon says:
ကိုမိုက်ရေ
အခြေအနေက မဖြစ်နိုင်တော့ဘူး
ခြေတစ်လှမ်းနောက်ကျသွားပြီ
ရင်ထဲအောင့်နေရုံမှ တပါး ဘာမှမတတ်နိုင်တော့ဘူး အကို
ခါးသီးစွာဖြတ်ခဲ့ရတဲ့ ဘဝကို စိတ်နာရုံဘဲရှိတယ်။
တောက်…ဖြစ်ရလေဖြဲသီးရယ်…အပေါ်မှာကိုဘလက်မန့်ထားသလို…ကိုထီး သီချင်းလေး တစ်ပုဒ်ရှိပါတယ်ဗျာ။
သေခြင်းမှာ လူဟာ တစ်ခါသာသေရ၏
ချစ်ခြင်းမှာ လူဟာ အခါခါ သေရ၏
တဲ့။ အခါခါ ပြန်ချစ်လို့ရတယ်ဆိုတဲ့ သဘောပါ။
တစ်ခုတော့ သတိထားဗျာ။
အခါခါပြန်လည်း အသည်းကွဲတတ်တယ်နော်။တဲ့…အဲဒီတော့..ညီလေးဖြဲသီးလည်းအချစ်သစ်လေးရှာ
ပြီး ဖြေဖြောက်နိုင်ပါစေဟုသာ…
ကြောင်ကြီး
February 29, 2012 at 11:18 am
ကျနော်ထင်တာတော့ လွှတ်တော်က လမ်းတံတားပြင်တဲ့ အသုံးစရိတ် ချမပေးတော့ဘူးဆိုတဲ့ သတင်းကြားတာနဲ့ ဟိုက လစ်သွားပုံရတယ်။ နောက်ဆို မန်းလေးဂေဇက် အွန်လိုင်းတက်ပြီးမှ တံတားကူးပါ…။ 😀
နွေဦး
February 29, 2012 at 11:48 am
မဒမ်ကြီးမိုက်တော့ အတော်စိတ်ဆိုးမှာ..
ကျုပ်သာဆို မရေးရဲဘူး
ရှိတာတွေတောင် အတော် လက်စသတ်ယူရတယ် ဟိဟိ
ငယ်ဘဝ ပြန်ရောက် သွားသလိုခံစားရပါရဲ့။