ဘိုးတော်ဦးခိုင်အား ဝလုံး ရေးပြခြင်း
ကျွန်ုပ် ငအံနှင့် မောင်ခိုင်မှာ ငယ်သူငယ်ချင်းများ ဖြစ်ကြလေသည်။ ကျွန်ုပ်တို့မှာ ငယ်စဉ် ကလေးဘဝ နှပ်ချေးတွဲလောင်း ကတည်းက အတူတူ ကစားခဲ့ကြသူများ ဖြစ်၏။ အရပ်စကားနှင့် ပြောရပါလျှင် ဂေါ်လီရိုက်ဖက်၊ ညော့ကွင်းထုဖက် ဟူ၍ ဆိုရပေမည်။ ကျွန်ုပ်တို့ စာသင် အရွယ် ရောက်သောအခါတွင်လည်း ဘုန်းတော်ကြီး ဦးအိပ် ထံတွင် အတူတကွ စာပေ သင်ကြားခဲ့လေသည်။
မောင်ခိုင်မှာ အလွန် ခေါင်းမာသူ တစ်ဦး ဖြစ်သည့်အပြင်၊ အငြင်းသန်သူ တစ်ဦးလည်း ဖြစ်လေသည်။ ၎င်းသည် ၎င်းခံယူထားသော အယူအဆဘက်မှ ရပ်တည်၍ မနိုင်နိုင်အောင် ငြင်းဆိုတတ်သဖြင့် ၎င်းအား ကျွန်ုပ်အပါအဝင် ဦးအိပ် ကျောင်းမှ ကျောင်းသားများက ငငြင်း ဟူ၍ အမည်ပြောင် ခေါ်တွင် ခဲ့ကြလေသည်။ ကျွန်ုပ်တို့သည် ဤသို့ မောင်ခိုင်အား ငငြင်း ဟူ၍ နောက်ပြောင် ခေါ်ဆိုသော်လည်း မောင်ခိုင်မှာ လက်ရှိ တိုင်းပြည် အုပ်ချုပ် မင်းလုပ်နေသူ၏ သားတစ်ယောက် ဖြစ်လေ၏။
ကျွန်ုပ်တို့ စာသင်အရွယ် ကုန်လွန်၍ အရွယ်ရောက်ကြသောအခါ မောင်ခိုင်မှာ ဘုရင့်သား ဖြစ်သည့် အားလျော်စွာ နန်းတွင်းပြန်၍ ဆရာကြီး လုပ်နေတော့သည်။ ကျွန်ုပ်မှာမူကား ကျွန်ုပ် အလွန်တရာမှ စိတ်ဝင်စားသော ပေါက်လမ်း အတွက် စတင်ကြိုးစား အားထုတ်ခဲ့ပါ၏။
အသက်များ ကြီးသောအခါ မောင်ခိုင်မှာ သူ့အဖေ ဘုရင့်၏ နေရာအား လွယ်လင့်တကူ ရယူလိုက်လေသည်။ ကျွန်ုပ်မှာမူကား ဆရာများစွာထံတွင် အလွန်အင်မတန် ကြိုးစား အားထုတ်၍ ပေါက်ရန် အားထုတ်ခဲ့လေသည်။ ပေါက်လည်း ပေါက်ခဲ့သည်။ ထိုသို့ ပေါက်သောအခါတွင် ကျွန်ုပ်၏ ရည်မှန်းချက် ပန်းတိုင်မှာ အဆုံးသို့ ရောက်ပြီ ဖြစ်၍ တိုင်းပြည်ကြီး ကောင်းစားရေးအတွက် မ,စ ရန် မည်သို့ မည်ပုံ စတင်လုပ်ဆောင်ရမည်ကို စဉ်းစားကြည့်သောအခါ ကျွန်ုပ်၏ ငယ်သူငယ်ချင်း မောင်ခိုင် အား မြင်ယောင်လိုက်သည့် အတွက် ဘိုးတော်ဦးခိုင် အမည်ခံ ဘုရင်ထံသို့ ကျွန်ုပ် ဘိုးဘိုးအံ သည် လာရောက်ခဲ့လေသည်။
ဘိုးတော်ဦးခိုင် ဘုရင်ထံ ကျွန်ုပ် ရောက်ရှိသွားသည့်အခါ ကျွန်ုပ်သည် ငယ်သူငယ်ချင်း ဖြစ်သည့်နည်းတူ သူငယ်ချင်းစကားဖြင့် နှုတ်ဆက်လိုက်သော်လည်း ၎င်းမှာ မာန်တက်နေသည် ထင်၏။ ကျွန်ုပ်အား လွန်စွာ အထင်သေးသော ပုဇွန်စိတ်မျက်လုံးဖြင့် ကြည့်ကာ သူငယ်နှပ်စား ကဲ့သို့ ဆက်ဆံ ပြောဆိုသည်ကို တွေ့ရလေသည်။ ဤသည်ကိုကြည့်၍ ကျွန်ုပ်မှာ ဘိုးတော်ဦးခိုင်အား ပညာပေးရန်အတွက် စကားခင်းကာ ကျွန်ုပ်သည် နန်းရင်ပြင်တွင် ဝလုံး တစ်လုံးအား ရေးခြစ်လိုက်လေသည်။ ပြီးနောက် ဘိုးတော်ဦးခိုင်အား မင်း ဖျက်နိုင်ရင် ဖျက်ပေတော့ ဟူ၍ ဝလုံးအား ဖျက်ခိုင်လေသည်။
ဘိုတော်ဦးခိုင်သည် ကျွန်ုပ်ရေးထားသော ဝလုံးအား ၎င်း၏ ခြေထောက်ဖြင့် ဖျက်၏၊ မပျက်။ လက်ဖြင့် ဖျက်၏၊ မပျက်။ ဘိုးတော်ဦးခိုင်မှာ ဇောချွေးများ ပြန်လာသည်အထိ ဝလုံးအား ဖျက်သော်လည်း ကျွန်ုပ်၏ ဝလုံးမှာ ပျက်မသွားပေ။ နောက်ဆုံး၌ ခေါင်းမာလွန်းသော ဘိုးတော်ဦးခိုင်မှာ ကျွန်ုပ်အား လက်မြှောက် အရှုံးပေးရပါတော့၏။ သို့ရာတွင် ဘိုးတော်ဦးခိုင်မှာ ၎င်း၏ ညဉ်အတိုင်း ငြင်းဆိုလိုက်သေး၏။ ၎င်း၏ ငြင်းဆိုပုံမှာ ကျွန်ုပ်ရေးထားသော ဝလုံးအား ဖျက်၍ ရသော်လည်း သူငယ်ချင်း ဖြစ်ခဲ့သည်ကို ထောက်၍ အလျော့ပေးလိုက်ခြင်း ဖြစ်သည်ဟူ၏။
ကျွန်ုပ်လည်း ဤသို့ဤနှယ် ဘိုးတော်ဦးခိုင်၏ ကျွန်ုပ်အပေါ်တွင် ထားရှိသော သေးနုပ်သိမ်ဖျင်းလွန်းလှသည့် စိတ်အား ချေဖျက်ပြီးနောက် ကျွန်ုပ်သည် တိုင်းပြည်ကြီးအား မ,စ ရန် ရောက်လာခဲ့ခြင်း ဖြစ်ကြောင်းကို ပြောဆိုရလေသည်။ ကျွန်ုပ် ပြောသည့် အကြောင်းအရာမှာ ကျွန်ုပ်၏ လက်စွဲတော် ဝရဇိန် ဆေးတောင်ဝှေးဖြင့် တိုင်းပြည်အတွင်းရှိ ဆင်းရဲသား အိမ်များမှ သံထည်ပစ္စည်းများအား တို့ထိကာ ရွှေဖြစ်စေမည် ဖြစ်၏။
ကျွန်ုပ်၏ ပြောကြားချက်အား ဘိုးတော်ဦးခိုင်မှာ ယုံကြည်မှု မရှိလှပေ။ ယင်းကြောင့် သူ၏ နန်းတွင်းမှ သံဖြင့် ပြုလုပ်ထားသော လှံသွားတစ်ခုအား ယူ၍ ကျွန်ုပ်၏ တောင်ဝှေးဖြင့် တို့ထိပြစေသည်။ ကျွန်ုပ်ကလည်း နမူနာ အလို့ငှာ တောင်ဝှေ့ဖြင့် သံလှံသွားအား တို့ထိလိုက်ရာ လှံသွားမှာ ချက်ခြင်းပင် ရွှေဖြစ်သွားလေသည်။ ဤတွင် ဘိုးတော်ဦးခိုင်မှာ မျက်လုံးပြူးသွားသော်လည်း ဟန်မပျက်နေ၍ ကျွန်ုပ်၏ တောင်ဝှေးအစွမ်းအား ဤမျှနှင့် မယုံကြည်နိုင်သေးကြောင်း၊ ၎င်း၏ နန်းတွင်းတစ်ခုလုံးမှ သံထည်ပစ္စည်းများအား ရွှေဖြစ်စေမှသာ ယုံကြည်မည် ဖြစ်ကြောင်း၊ ထိုသို့ ယုံကြည်မှသာ တိုင်းသူပြည်သားများ၏ နေအိမ်အသီးသီးမှ သံထည်အသီးသီးအား ရွှေဖြစ်စေမည် ဖြစ်ကြောင်း ကျွန်ုပ်အား ပြောလေသည်။
ထိုဘုရင် ဘိုးတော်ဦးခိုင် ပြောသည့်အတိုင်း ကျွန်ုပ်မှ နန်းတွင်း သံထည်ပစ္စည်းများစွာအား ရွှေအဖြစ် ပြောင်းလဲပေးရန် လွယ်ကူသော်လည်း ဘိုးတော်ဦးခိုင်၏ အကြောင်းအား သိထားသူပီပီ ဤမျှနှင့် အဆုံးသတ်လိမ့်မည် မဟုတ်ကြောင်း ရိပ်စားမိသည့်အတွက် ကျွန်ုပ်အနေဖြင့် ဘိုးတော်ဦးခိုင်အား တစ်ခွန်း တစ်ပါဒမျှ ပြန်မပြောဘဲ ကိုယ်ကို ချာခနဲလှည့်ကာ ၎င်း ဘုရင် ဘိုးတော်ဦးခိုင်အား ကျောခိုင်း၍ ထွက်ခွာလာခဲ့လေတော့သည်။
အထက်ပါ ဘုရင် ဘိုးတော်ဦးခိုင်အား ကြိုက်သလို ပြုလုပ်ပစ်နိုင်သော အစွမ်းသတ္တိ ကျွန်ုပ်တွင် ရှိသော်လည်း ငယ်သူငယ်ချင်း အဖြစ်ကို ထောက်ထား၍ လည်းကောင်း၊ ၎င်း၏ ကလေးဆန်သော အပြုအမှုကို လူကြီး တစ်ယောက်အနေဖြင့် မြင်ကြည့်၍ ခွင့်လွတ်လိုက်သဖြင့် လည်းကောင်း၊ နောင်ဘုရင် နန်းတက်သော အခါတွင်မှ တဖန် လာရောက်၍ ဘုရင်၏ ကြည်ဖြူသော ခွင့်ပြုချက်ဖြင့် တိုင်းသူ ပြည်သားများအား ချမ်းသာကြွယ်ဝစေရန် မ,စ တော့မည်ဟု ဆုံးဖြတ်ကာ တစ်ခွန်းမျှ မဟဘဲနှင့် လှည့်ပြန်ခဲ့ခြင်း ဖြစ်လေသည်။ ဤတွင် ခြင်ဆေးလည်း ကုန်၊ ခြင်တွေကလည်း ပြုံကိုက်နေသည့်အတွက် ဇာတ်လမ်းအား အဆုံးသတ်လိုက်လေတော့သတည်း။
မှတ်ချက် ။ ။ ကျွန်ုပ် စိတ်ကူးပေါက်၍ ရေးသားထားသော အထက်ပါ စာများအား ဖတ်ရှုကြပါကုန်သော ရွာသူား အပေါင်းအား ကျေးဇူး အထူးတင်ပါကြောင်း၊ ကျွန်ုပ်၏ ခပ်ကြောင်ကြောင် စာများထဲတွင် သဘောမတွေ့ မနောမခွေ့သည်များ ပါရှိပါက ခွင့်လွတ်ကြပါရန် တောင်းပန်အပ်ပါကြောင်း ကျနော် အံစာတုံး မှ မေတ္တာရပ်ခံ အပ်ပါတယ် ခင်ဗျား ….. ။
ခင်မင်၊ လေးစားစွာဖြင့်
မဟာရာဇာ အံစာတုံး
22 comments
TITAN
February 28, 2012 at 10:43 am
ဘိုးဘိုးအံချာဒုံးရေ
ဘာကိုပြောချင်တာလဲဆိုတာ တားတားသိနေသလိုပဲနော် 😉
Prince of Pennsylvania (PoP)
February 28, 2012 at 11:15 am
အာဟိ
😀
ဖတ်တွားပါတယ်ချင့်
kotun winlatt
February 28, 2012 at 11:49 am
ဝလုံးက ဝိုင်းရဲ့လား မသိဘူးးနော်…
မဟာအံစာတုံးဆိုတော့
လေးးထောင့်ကြီးများ ဖြစ်နေမလားလို့ပါလေ…
တွေးးမိတာလေးးပြောသွားးတယ်နော်..။
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
February 28, 2012 at 12:02 pm
ကိုအံစာတုံးရေ ….. အဲဒီ ဘိုးတော်ဦးခိုင်က ဘယ်သူတုန်းဗျ။
ဟီးး……..ဗုံးစ စနက်တံဖြုတ်ခဲ့ပီ။
မဟာရာဇာ အံစာတုံး
February 28, 2012 at 1:49 pm
TITAN, ကိုဂီ၊ ကိုထွန်းဝင်းလတ်၊ ကိုနာဂ တို့အားလုံးကို ကျေးဇူးတင်ပါတယ်ဗျာ ..
ကျနော့်ရဲ့ စာအရေးအသားပေါ်မှာလည်း ဝေဖန်ပေးကြပါဦးလို့ …
ပြီးတော့ ဘိုးတော်ဦးခိုင် ဆိုတာ ကျနော်တို့ သဂျီးကို ကျီစားခြင်းသာ ဖြစ်ပါတယ်လို့ …
အဲလို မဆိုလိုပါဘူးလို့ ……. အဟီး 😀
ရွာစားကျော်
February 28, 2012 at 1:58 pm
ဘိုးတော် ဦးအံ
သားသားကို ရွှေလင်ပန်းနဲ့ ထမင်းဆီဆမ်းလေးပေးပါ..
ဝါ.. ဝါ.. ဝါ.. 😛
kyeemite
February 28, 2012 at 3:03 pm
ဘိုးတော်အံဇာတုံး…ကျုတ်ကျက်လိနော်…နှလုံးပူးစာမိနေမယ်။။။
မဟာရာဇာ အံစာတုံး
February 28, 2012 at 4:37 pm
အခုလောလောဆယ်တော့ နှစ်လုံးပြူးကြီး ပျောက်နေတယ်ဗျ …
သူနိုးလာရင်တော့ ပြေးရမှာပဲ … အဟဲ ..
😀 😀
water-melon
February 28, 2012 at 3:42 pm
ကိုအံရေးထားတဲ့ ဝလုံးက
မင်ဖျက်ဆေးနဲ့ရေးထားတာလား ဟင်
အားပေးပြီးဖတ်သွားပါတယ် ချင့် 😀
မဟာရာဇာ အံစာတုံး
February 28, 2012 at 7:00 pm
အမတော်ဗြဲ ကလည်း အဲဒီတုန်းက အမတော်ဗြဲလည်း အပါးမှာ ရှိတော်မူခဲ့တာပဲ မဟုတ်လား .. ။
သိသိကြီးနဲ့ လာမေးနေရသေးလားလို့ … ။
ဘိုးဘိုးအံ စိတ်တိုလာရင် လက်စွဲတော် တောင်ဝှေးနဲ့ ဘာလုပ်တတ်လဲ သိဒယ် မဟုတ်လား .. ဟွန့် … 😀
ဆူး
February 28, 2012 at 3:52 pm
ဘိုးတော် အံ ကတော့ ခက်ပြီ.. မီလျှံ ဘစ်ဇနပ် ကို လုပ်လို့ ရရဲ့သားနဲ့ မလုပ်ပေးဘူး။
ဒါနဲ့ စကားမစပ် မှတ်ပုံတင် ရှိရဲ့မလား မရှိရင် ဒီတိုင်းသား မဟုတ်ဘူး။
ခပ် KING ကင်း
February 28, 2012 at 7:11 pm
ဘိုးတော်ခင်ဗျား
မရှင်းတာတစ်ခုရှိ၍
ကျွန်တော်မျိုးငယ်ကျွန်ကြီးအား
မေးခွင့်ပြုပါ ….
ညော့ကွင်းထုဖက် ဆိုတာ ဘာကစားနည်းမှန်း ကျွန်တော်မျိုးကြီး မသိရိုးအမှန်ပါ
ထိုသို့သောကြောင့် ဉာဏ်တိမ်လှသော ကျွန်တော်မျိုးကြီးအား
နှုတ်တော်ဖွင့်ဟတော်မမူဘဲ
စာစီ၍ ရှင်းပြပေးစေလိုပါတယ် ….
ဘိုးအံအား ရိုသေလေးစားလျှက်
ငယ်ကျွန်ကြီး
မောင် (ဟိုက် ရွာထဲမှာမှောင်နေကြတာနဲ့ လိုင်းပူးမိသွားပြီ) … 😆
မဟာရာဇာ အံစာတုံး
February 28, 2012 at 7:22 pm
အယ် .. ဒီ ကိုကင်း ကတော့ ဖြစ်ရမယ် .. 😀
ညော့ကွင်း ဆိုတာ ကျနော်တို့ ရွာအခေါ်ပါပဲ ။ သရေကွင်း ကို ဆိုလိုတာပါ။
ငယ်ငယ်က သရေကွင်း ပစ်တမ်း ကစားဖက်ကို ဆိုလိုတာပါဗျာ …
သရေကွင်း (ညော့ကွင်း) + ပစ်သည် (ထုသည်) = ညော့ကွင်းထုသည် …. 😀
koaung
February 28, 2012 at 7:26 pm
သရေကွင်း နဲ့နစ်လုံးပြူး အင်းအင်းအင်း နဲနဲဒေါ့နီးစပ်လာပြီ (အပြစ်ခံရဘို့)
aye.kk
February 28, 2012 at 8:17 pm
ဝလုံးအစား..
အုန်းသီးထားပြီး..
ခြေထောက်၊လက်နှင့်..
ဖျက်၍မရ၊ဓါးဖြင့်ကါးခွဲ၍ရ၏..
အုန်းရေသောက်ခါအသားစားရမည်။(စလိုက်ပါ၏၊စိတ်မဆိုးကြေး)
မဟာရာဇာ အံစာတုံး
February 28, 2012 at 8:29 pm
ဒီနေ့အဖို့ အားလုံးကို ကျေးဇူး တင်ပါကြောင်း ပြောကြားရင်း ကျနော် ကြိုက်နှစ်သက်တဲ့ ဒီကဗျာလေးနဲ့ နှုတ်ဆက်ခဲ့ပါတယ် … ။
” အနောက်မှာ နေဝင်
ကြယ်မြင်ပေါ့လေး …
ဝတ်တက်ရန် အချိန်ကျ
ခွဲကြစို့လေး …………. ”
ခင်မင်စွာဖြင့်
အံစာတုံး
{ 28.02.2012, 8:30 P.M }
windtalker
February 28, 2012 at 9:15 pm
ကျုပ် လဲ မစပါဦး ဗျ ။
ကျုပ် ကို လဲ ပစ်မထားပါနဲ ့ ၊ ဒီမှာ ဘောမှန် လို ့မူးနေပေါ့
ဘိုးဘိုးအံ ဘိုးတော်အံ ရေ ။
ဘီအီးတစ်လုံး ဆက်သလိုက်ပါတယ် နော်
မဟာရာဇာ အံစာတုံး
February 29, 2012 at 6:33 pm
အင်း .. မောင်ပေ .. မောင်ပေ ..
ဒင်းပြောမှ ဒင်းကို မစဖို့ သတိရသွားတယ် ..
သူ့ခမျာလည်း ဟုတ်ရှာမှာလဲလေ ..
သို့ပေသိ .. ဘီအီးတစ်လုံးနဲ့တော့ မရဘူး မောင်ပေ ..
ကြက်ကြော်လေးပါ ပါမှ ဘိုးတော်အံ က ရွှေဖြစ်တောင်ဝှေးနဲ့ ရမ်းပေးမယ် ဖြစ်တဲ့အကြောင်း ..
😀
Khaing Khaing
February 29, 2012 at 2:14 pm
ဟိ ဟိ ခိုင်ဆိုလို့ ရွာထဲမှာ သမူးခိုင်ခိုင်နဲ့ သကြီးခိုင်ပဲရှိတယ် ဒါဘူကိုစောင်းပြောတာလဲတိဝူး…သမူးကိုတော့ မဖြစ်နိုင်ဘူး…ဒါဆို အဟိ ဟိ ….သမူးကတော့ လောဘမကြီးပါဘူး ဘဘကြီးအံ သမူးကိုပဲ ရွှေဖြစ်အောင် တောင်းဝှေးလေးနဲ့တို့ပေးပါ …..
မဟာရာဇာ အံစာတုံး
February 29, 2012 at 6:35 pm
ဟိုက် …
တောင်ဝှေးနဲ့ တို့ခိုင်းနေပီဟ …
အင်း .. ထားပါတော့ ..
လိပ်စာပြော .. လာခဲ့မယ် .. တို့ဖို့ .. 😀
alinsett
January 22, 2016 at 11:26 am
ဝလုံးလေးပဲဖြစ်ဖြစ်…လာရေးလှည့်ပါတော့လား… အံဇရာရဲ့….. ငဲ့ငဲ့….
.အောင်မယ်လေး….အံဇရာရဲ့…..
:k:
ယမကာကျော်စွာ အူးမြောက်မြောက် (B.E)
January 22, 2016 at 1:00 pm
အောင်မှာ
ငါဒို့ အုသျှောင် အရှင် သခင် ရွာလူဂျီးကိုများ
စော်ဒဂါး မော်ဒဂါး လုပ်ရဲဒယ်ဆိုဒေါ့
တော်ယုန်လူမဟုတ်
ငါ့ဒဘဲ့ကြော်ထဲက နဝမမြောက် အဆင့်လောက်နီးနီးရှိတယ်
သွပ်သွပ်ဘွတ်