မောင်မိုးပြာ၏ဆရာ ဘာ့ကြောင့် ပြာ (၇)
“တိုင်းသာသနာရေးလက်ထောက်ကြီးဟာ သာသနာရေးလုပ်ငန်း လုပ်နေသူ ဖြစ်လို့ သာသနာရေးနှင့် စပ်ပြီးဖြစ်တဲ့ လုပ်ငန်းမှာ အသိမှန် သိနိုင်, မသိနိုင် ပေါ်လွင်အောင် နဲနဲမေးပါမယ်”
“မေးပါ”
“တိုင်းလက်ထောက် သာသနာရေးမှုးကြီးဟာ အရိယာဖြစ်ပြီလား မဖြစ်သေး ဘူးလား”
“မဖြစ်သေးပါဘူး”
“ဒီလိုဆိုရင် တိုင်းလက်ထောက် သာသနာရေးမှုးကြီးဟာ ပုထုဇဉ်ဖြစ်တယ် လို့ ဝန်ခံမှာပေါ့”
“ဝန်ခံပါတယ်”
“ပုထုဇဉ်ဟာ ဒိဋ္ဌိပြုတ်ပြီလား မပြုတ်သေးဘူးလားဆိုတာ သာသနာရေးမှုး ကြီး သိပါသလား”
“သိပါတယ်၊ မပြုတ်သေးပါဘူး”
“ဒိဋ္ဌိပြုတ်တယ်ဆိုတာ မိစ္ဆာဒိဋ္ဌိမရှိတာရဲ့ နာမည် ဟုတ်ပါသလား”
“ဟုတ်ပါတယ်”
“မိစ္ဆာဒိဋ္ဌိဟာ သမ္မာဒိဋ္ဌိရဲ့ ဆန့်ကျင်ဘက် ဟုတ်ပါသလား”
“ဟုတ်ပါတယ်”
“ဗုဒ္ဓဘာသာဟာ သမ္မာဒိဋ္ဌိဘာသာလား မိစ္ဆာဒိဋ္ဌိဘာသာလား”
“သမ္မာဒိဋ္ဌိဘာသာပါ”
“ဒီလိုဆိုတော့ တိုင်းလက်ထောက် သာသနာရေးမှုးကြီးဟာ ဗုဒ္ဓဘာသာ ဟုတ်ပါ့မလား”
“ဟုတ်ပါတယ်၊ လောကီသမ္မာဒိဋ္ဌိဖြစ်လို့ပါ”
“တိုင်းသာသနာရေးမှုးကြီးဟာ ကိုယ့်သာသနာကို တော်တော်အကောင်းထင် ပုံရပါတယ်၊ အဲဒါ မှန်, မမှန်သိရအောင် နည်းနည်းမေးပါ့မယ်”
“မေးပါ”
“သည်သာသနာမှာ ဘုန်းကြီးအရေအတွက် ဘယ်လောက်ရှိပါသလဲ”
“တစ်သိန်းကျော်လောက်ရှိပါတယ်”
“ဘုန်းကြီးတွေ ဘာလုပ်ငန်းတွေ လုပ်နေကြပါသလဲ”
“အများအားဖြင့် ပရိယတ် သင်ယူ ပို့ချ လုပ်နေကြပါတယ်၊ ပဋိပတ်ကျင့်သူ တွေလည်း ကျင့်နေကြပါတယ်”
“ပရိယတ်ဟာ ပဋိပတ်ကျင့်ဖို့ လမ်းညွှန်ဆိုတာ ဟုတ်ပါသလား”
“ဟုတ်ပါတယ်”
“ပဋိပတ်ဟာ ပဋိဝေဓဖြစ်ဖို့ ဖြည့်ကျင့်ရတာ ဟုတ်ပါလား”
“ဟုတ်ပါတယ်”
“ဒီလိုဆိုလျှင် ဗမာပြည်မှာ ဘုန်းကြီး(၅၀၀၀၀)ကျော်လောက်က ပဋိဝေဓရပြီ ပြောနိုင်ကြတယ်လို့ ကြားဖူးပါသလား”
“မကြားဖူးပါဘူး”
“ဘုန်းကြီးတစ်သောင်းလောက်က ပြောတာရော ကြားဖူးပါသလား”
“မကြားဖူးပါဘူး”
“သည်လိုဆို ဘုန်းကြီးငါးထောင်လောက်က ပြောနိုင်စရပဲ၊ ဒါများကြားဖူးပါသ လား”
“မကြားဖူးပါဘူး”
“ဘုန်းကြီးတစ်ထောင်လောက် ပြောတာများ ကြားဖူးမလားပဲ”
“မကြားဖူးပါဘူး”
“ဘုန်းကြီးငါးရာလောက်က ပြောတာများ ကြားဖူးပါသလား”
“မကြားဖူးပါဘူး”
“ဘုန်းကြီးတစ်ရာလောက်ကတော့ ပြောမှာပေါ့၊ အဲဒါကြားဖူးပါသလား”
“အဲဒါလည်း မကြားဖူးပါဘူး”
“ဘုန်းကြီးငါးဆယ်က ပြောတာများ ကြားဖူးပါသလား”
“မကြားဖူးပါဘူး”
“ဘုန်းကြီးတစ်ပါးက ပြောတာလောက်တော့ ကြားဖူးမလား”
“ဒါလည်း မကြားဖူးပါဘူး”
“တစ်ပါးက ပြောတာတောင် မကြားဖူးဘူး ဖြစ်နေသလား”
“ဟုတ်ပါတယ်”
“ဒီသာသနာဟာ မြန်မာပြည်မှာ နှစ်ပေါင်း (၉၀၀)ကျော်က တစ်ထောင်နီးထိ ကြာခဲ့ပြီဆိုတာ အမှန်လား”
“ဟုတ်ပါတယ်”
“ဒီလောက်အချိန်အတွင်းမှာ ဘုန်းကြီးတွေဟာ ရေတွက်မလွယ်အောင် မများနိုင်ဘူးလား”
“များနိုင်ပါတယ်”
“ဘုန်းကြီးတွေလည်း သည်ပရိယတ်တွေ သင်မှာပဲ မဟုတ်လား”
“သင်မှာပါ”
“ဒီဘုန်းကြီးတွေလည်း ဒီပဋိဝေဓကို ရပြီလို့ ဘယ်သူ့ပြောသံမှ သာသနာရေး မှုးကြီး မယ်မယ် ရရ ၊ မကြား မတွေ့ဖူးဘူး မဟုတ်ပါလား”
“ဟုတ်ပါတယ်”
“ဒီလိုဆိုလျှင် သည်သာသနာဟာ အလုပ်ဖြစ်တဲ့သာသနာလား၊ အလုပ် မဖြစ်တဲ့ သာသနာလား မေးလျှင် သာသနာရေးမှုးကြီး ဘယ်လိုဖြေမလဲ“
“တရားသူကြီးမင်းခင်ဗျား ဒါတွေဟာ အမှုနဲ့ မဆိုင်ပါဘူး၊ ဒါ့ကြောင့် ဒါတွေ မမေးစေချင်ပါဘူး”
“ဒါ- အမှုနဲ့ ဆိုင်ပါတယ်၊ သည်သာသနာရဲ့ အတိမ်အနက်နဲ့ စပ်ပြီး ပေါ်လွင်မှု ဆိုင်ရာ ထွက်ဆိုချက်သက်သေ ဖြစ်မှာမို့ပဲ”
( မောင်မိုးပြာ၏ဆရာ ဘာ့ကြောင့် ပြာဆိုသည်နှင့်ပတ်သက်၍ ဆက်လက်ဖော်ပြပေးသွားပါမည်။ အကျယ်သိရှိလေ့လာလိုပါက www.ariyathitsa.org ရှိ ၂၉။ ဓမ္မဝိဟာရီနိဒါန်း စာအုပ် တွင် အသေးစိတ် လေ့လာနိုင်ပါသည်။)
10 comments
kai
March 1, 2012 at 4:39 pm
ပရိယတ် -ဓမ္မကိုု သင်ကြားခြင်း၊။ ပဋိပတ် (တရား အားထုတ်ခြင်း၊ ကျင့်သုုံးခြင်း)၊ ပဋိဝေဓ (ရတဲ့တရားဖြင့် မဂ်ဖိုလ်နိဗ္ဗာန် အေးချမ်းစွာ ခံစားနေနိုင်ခြင်း)
အဲဒါလေးလည်း စာဖတ်သူတွေ.. သိသင့်တယ်ထင်လို့ဖြည့်လိုက်ပါတယ်..။
=
လော့ဂျစ်နဲ့ချတွက်သွားသလိုပါပဲ..။ မြန်မာပြည် ဘုန်းကြီးဦးရေ.. ၁သိန်းက နည်းလွန်းတယ်..။
ဘယ်ခုနှစ်က.. စာစကားလည်းမသိ..။
ဒါပေမဲ့.. လက်တွေ့ဖြစ်ခဲ့တဲ့..သမိုင်းကိုအချက်အလက်အဖြစ်ယူတာမို့.. လော့ဂျစ်က..သင့်လျှော်ပါတယ်..။
တခုပဲ..
သာသနာဟာ အလုပ်ဖြစ်ဖို့လိုလို့လား..။ ?
ဘယ်သူတွေအလုပ်ဖြစ်ရမှာလည်း…။?
ဆက်ရှိနေတာကိုက.. အလုပ်ဖြစ်နေတာမဟုတ်ဖူးလား..။ ? 😆
မောင်မိုးပြာ
March 10, 2012 at 3:16 pm
သာသနာဟာ အလုပ်ဖြစ်ရမှာပါ။လူတွေအတွက် အလုပ်ဖြစ်ရမှာပါ။ ရှိနေပေမယ့် အလုပ်မဖြစ်ရင် အလုပ်ဖြစ်တယ်လို့ ပြောလို့မရပါဘူး။ အလုပ်ဖြစ်တယ်ဆိုတာ သာသနာက ရစေချင် ရောက်စေ ချင်ဆီတာကို ရပါ ရောက်ပါမှ အလုပ်ဖြစ်တယ်ပြောရမှာပါ။ လူတွေဆီကို သာသနာက ရစေ ရောက်စေပြီး သာသနာရဲ့ အဆုံးအမဟာ လူတွေဆီမှာ ငြိမ်းချမ်းတယ်ဆိုတဲ့ အလုပ်ရဲ့အကျိုး ရရှိခံစားရပါမှ အလုပ်ဖြစ်တယ်ပြောရမှာပါ kai ။ စာရွက်ပေါ်မှာ စကားလုံးပဲရှိနေရုံ နဲ့ အလုပ်ဖြစ်တယ်လို့ ပြောလို့ရမှာမဟုတ်ပါဘူး။ စာရွက်ပေါ်မှာ ဥပဒေတွေရှိနေပေမယ့် တကယ်မလိုက်နာလျှင် အလုပ်မဖြစ်ဘူးမဟုတ်လား၊ ဒီတော့ အဲဒီဥပဒေတွေဟာ အသက်မဝင်သလို၊ စာရွက်ပေါ်မှာ သာသနာရှိနေပေမယ့် သာသနာရဲ့ အနှစ်ဖြစ်တဲ့ လွတ်မြောက်မူ၊ ငြိမ်းချမ်းမူဆိုတာကို လူတွေမခံစားရဘူးဆိုလျှင် ဥပဒေရှိပေမယ့် ဥပဒေရဲ့အကျိုးကို မခံစားရသလိုမျိုးဆိုတော့ ရှိနေရုံနဲ့ အလုပ်ဖြစ်တယ် မဖြစ်ဘူးဆိုတာကို ကိုkai နားလည်နိုင်မယ်လို့ထင်ပါတယ်နော်။
Oo Oo
March 1, 2012 at 10:32 pm
ကွန်မန့်မတွေ့ရင် ဥပေက္ခါ ပြုမလို့ပါပဲ..ခုတော့..သဂျီးဝင်ထားတာတွေ့လို့ ဝင်ရှည်လိုက်ဦးမယ်ဗျာ
ဘုရားမျက်မှောက်ရှိနေတဲ့ခေတ်မှာတောင် ဒေဝဒတ်ဆိုတဲ့ပုဂ္ဂိုလ် ပေါ်ထွက်ခဲ့ဖူးတာပဲလေ..
အခုသာသနာတောင် ၂၅၀ဝ ကျော်ခဲ့ပြီပဲ မောင်မိုးပြာလို လူပေါ်လာတာ မထူးဆန်းပါဘူး
ပဋိပတ်တိ ပြုပြီးတဲ့ရဟန်းတွေဟာ ..ငါရဟန်းကိစ္စပြီးပြီ ၊ ငါပဋိဝေဓရပြီ ၊ ငါမဂ်ဖိုလ်နိဗ္ဗာန်ကိုမျက်မှောက်ပြုပြီလို့
မကြေငြာတတ်ကြ..အကြောင်းမဲ့မပြောကြားတတ်ကြ တာကိုတောင် မောင်မိုးပြာတစ်ယောက်မသိလေရော့သလားပဲ။
ကိုယ်ကြိုက်တဲ့လမ်း ကိုယ်လျှောက်ပါ
လမ်းဆုံးရင် ကိုယ်ရောက်တဲ့ရွာဘာရွာလဲဆိုတာကို သိရပါလိမ့်မယ်။
ဂေါတမဘုရားရှင်ကတော့ သေတွင်းတွေရှိနေတဲ့(၃၁)ဘုံထဲက ဘုံသားတွေကို..ဘယ်ဘာသာမှာမှမဟောဖူးတဲ့
အနတ္တတရားကိုဟောခဲ့တယ်။
သေတွင်းတွေထဲက ရုန်းထွက်ချင်တဲ့သူတွေကတော့ ကြိုးစားပြီးထွက်ကြပါလိမ့်မယ်။
မောင်မိုးပြာ
March 10, 2012 at 3:38 pm
မြတ်စွာဘုရားလက်ထက်က ရဟန်းအချင်းချင်း တစ်ပါးနဲ့ တစ်ပါး တွေ့ကြတဲ့အခါမှာ ငါ့ရှင် ရဟန်း ကိစ္စပြီးပါပြီလားလို့ နုတ်ဆက်ကြတဲ့အလေ့ရှိခဲ့တာကို အမှတ်ရသင့်မပါတယ်။ ကြွားလို ဝါလို ထင်ပေါ်လိုတဲ့သဘောမပါဖို့တော့ လိုမှာပါ၊ မြတ်စွာဘုရားရဲ့ ဒဿနဟာ မသာဒဿနမဟုတ်ပါဘူး။ လမ်းတွေဘယ်လောက်များများ လူတွေသွားနေတဲ့လမ်းတွေကို အကျဉ်းချုံ့လိုက်မယ်ဆိုရင် သုံးလမ်းပဲရှိတာပါ၊ ကာမလမ်း၊ ရူပလမ်း၊ အရူပလမ်းဆိုပြီးတော့ပေါ့၊ မြတ်စွာဘုရားကတော့ ဒီလမ်းသုံးလမ်းကို မလျှောက်ကြဖို့မိန့်ကြားခဲ့ပေမယ့် ဒီလမ်းသုံးလမ်းကိုတောင် လူတွေမှာ သိနိုင်အားမရှိနေကြတာကို သိနိုင်ကြပါစေတော့ရယ်ဆိုတဲ့ ကောင်းမြတ်တဲ့စေတနာနဲ့ အသိဖြန့်ပြ နေတာပါ။ မသာဒဿနမှာပဲ လမ်းမဆုံးကြစေဖို့ပါ။
Oo Oo
March 10, 2012 at 6:46 pm
ရှေးက ရဟန်းအချင်းချင်း ဆုံမိတဲ့အခါ ရဟန်းကိစ္စ ပြီးပါပြီလားလို့မေးမြန်း နှုတ်ဆက်တတ်ကြပါလိမ့်မယ်။
တုန့်ပြန်ဖြေကြားမှုလည်းရှိကြပါလိမ့်မယ်။ ယ္ခုလည်းရှိနိုင်ပါတယ်..သို့သော်..ပို့စ်ပါအကြောင်းအရာအရ..
တိုင်းသာသနာရေးလက်ထောက်ကြီးဟာ ရဟန်းတစ်ပါး ဟုတ်ပါ့မလား..ဟုတ်ခဲ့သည့်တိုင် တွေ့ဆုံဖူးခဲ့
သည့်ရဟန်းတိုင်းကို မေးမြန်းစုံစမ်းဖူးလိမ့်မည်မထင်မိပါ။
မြတ်စွာဘုရားရဲ့ ဒသာန ဟာ မသာဒသာန မဟုတ်တာအမှန်ပါ သို့သော် မသာသံသာရာလည်နေရသော
၃၁ ဘုံသားတွေကို မသာသံသာရာမှလွတ်မြောက်ရုန်းထွက်စေသော ဒသာန ဖြစ်ပါတယ်။
တရားအမှန်ကိုမသိသေးတဲ့လူတွေသွားနေတဲ့လမ်းတွေဟာ အနိစ္စ ဒုက္ခ အနတ္တ တို့ နဲ့မကင်းတဲ့ ကာမ ရူပ အရူပ
ကိုပဲရောက်တဲ့လမ်းတွေ ပါ။ ရူပ အရူပ ဘုံတွေတောင် အနတ္တ ဆိုတဲ့သေခြင်းတရားရှိနေတဲ့အတွက်
ဘုရားရှင်က ငမိုက်သားဘုံသားတွေကို ၃၁ ဘုံထဲမှာတွယ်ငြိမနေပဲ ရုန်းထွက်ကြဖို့ ဟောခဲ့ပြီး..
ရုန်းထွက်နိုင်တဲ့လမ်းကိုညွှန်ပြခဲ့တာပါ။
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
March 1, 2012 at 11:19 pm
ဝင်ရောက်ဆွေးနွေးရန် ကျနော့် ဉာဏ်မမှီပါ။
ဘာသာရေးဆိုတော့လဲ..?????!!!
မောင်မိုးပြာ
March 10, 2012 at 3:50 pm
ဉာဏ်မမှီဘူးလို့တော့ ကိုယ့်ကိုယ်ကို မမှတ်ယူစေချင်ပါ၊ ဉာဏ်ဆိုတာ ကိုယ်လေ့လာ ဖတ်မှတ် နားကြားရတာတွေကို စုစပ်ပြီး ဘယ်အတိုင်းအတာထိဖြစ်ရမှာ မဖြစ်ရမှာ၊ ဖြစ်ရင် ဘာဖြစ်မှာ မဖြစ်ရင် ဘာဖြစ်မှာ အကျိုးနဲ့အပြစ်တွေကို ကိုယ်တိုင်ကွဲကွဲပြားပြားသိတာကို ဉာဏ်လို့ ပြောရမှာပါ။ ဒီဉာဏ်ရဖို့အတွက်ဆိုရင် လေ့လာစရာရှိတာတွေကို လေ့လာနေဖို့လိုပါလိမ့်မယ်။
captainamerica
March 2, 2012 at 11:43 am
ကိုဦးဦးပြောသလိုပဲလမ်းဆုံးရင်ရွာရောက်မှာပဲ။စော်ကားနို်င်သလောက်စော်ကားထားအုန်းပေါ့
သေခါနီးကျရင်တော့သိရမှာပဲ မိစ္ဆာဒိဌိဆရာသမားကြီးတို.ရေ …………….အဝီစိကခင်ဗျားတို.
အတွက်တစ်နေရာစီကတော့ကျိန်းသေနေပါဘီ ကွန်မြူနစ်တွေလိုဘဲ တကယ့်ကိုဝါဒရေးရာ
အရူးတွေဘဲ
မောင်မိုးပြာ
March 10, 2012 at 4:04 pm
စော်ကားတယ်လို့ထင်တာအတွက်တော့ တစ်ကယ့်ကိုစိတ်မကောင်းပါဘူး။ မသေခင်မှာကိုသိအောင်လုပ်စေချင်လို့ ပြောနေရတာပါ။ အဝီစိကို သွားဖို့ မသွားဖို့ဆိုတာ ဒီမှာကို မလွဲချော်ဖို့လိုပါတယ်၊ ဒီမှာကို လွဲချော်နေပြီဆိုရင်တော့ အခုရော နောက်ရော နောင်ရော အဝီစိက လွတ်လမ်းရှိနိုင်အုံးတော့မှာတဲ့လား။
Ko out of...
March 6, 2012 at 3:42 pm
သဘောထားကြီးပါတယ်ဆိုတဲ့လူတွေ ဒီသဘောတရားနဲ့တွေ့တော့ သဘောထားတွေ မကြီးနိုင်တော့ဘဲ တိုက်ခိုက်ဖို့ဘဲလုပ်နေရင်တော့ မသင့်တော်ဘူး…သဘောတရားနဲ့ ပြန်ဆွေးနွေးခွင့်ရှိပါတယ်…