ပန်းရံသမားနှင့် ယှဉ်ရဲသော အင်ဂျင်နီယာ
ပန်းရံသမား နှင့် ယှဉ်ပြိုင်ရဲသော အင်ဂျင်နီယာ
လူတိုင်းဟာ သူတို့ရဲ့ အနာဂတ် ရည်မှန်းချက်ကို မြင့်မြင့် ထားကြပါတယ်။ ပြောနေကျ ဥပမာအတိုင်း ပြောရရင် ဆရာဝန်၊ အင်ဂျင်နီယာ၊ စစ်ဗိုလ် စသဖြင့်ပေါ့။ ဘယ်သူမှ၊ ဘယ်မိဘကမှ ကိုယ့်သားသမီးတွေရဲ့ဘဝကို ပင်ပင်ပန်းပန်း ရှာဖွေစားသောက်ရတဲ့ (အောက်ခြေလူတန်းစား ) ဘဝမျိုးကို မဖြစ်စေချင်ပါဘူး။ ဒါကြောင့်မို့လည်း အချိန်၊ ငွေ ကုန်ကျမှုတွေ အများကြီးခံပြီးတော့ ပံ့ပိုးပေးကြတာပဲလေ။ ကျွန်တော်လည်း ကျွန်တော့်သားနှစ်ယောက်ကို အောင်မြင်တဲ့လူငယ်လေးတွေ ဖြစ်စေချင်တာပေါ့ဗျာ။ ဒါပေမယ့် ကံဆိုတာက ပြောရခက်သားလားဗျာ။ ကိုယ်ဖြစ်ချင်တိုင်း ဖြစ်ခွင့်ရှိတာမှ မဟုတ်တာ။ ကိုယ်က ဘယ်လောက်ပဲ ထောက်ပံပေးပေး သူတို့ရဲ့ကံက ပါအုံးမှလေ။ သားကြီးကတော့ မဆိုးပါဘူး။ အင်ဂျင်နီယာ တစ်ယောက်တော့ ဖြစ်လာသားဗျ။ ကျွန်တော့်အတွက် အင်အား တစ်ခုပေါ့လေ။ အငယ်ကောင်ကတော့ လူပေ။ ရှစ်တန်းလည်း အောင် အောင်မဖြေ၊ ကျောင်းလည်း ဆက်မတက်နဲ့၊ သူ့ဘဝကို ကျွန်တော် ရင်လေးခဲ့ရတယ်ဗျာ။
ကျွန်တော်တို့က ချမ်းသာတဲ့ စာရင်းထဲမှာ မပါတော့ သူတို့ကို အလုပ်လုပ် ခိုင်းရတာပေါ့ဗျာ။ သားကြီးကတော့ construction company တစ်ခုမှာ အလုပ်ရတယ်ဗျ။ အင်ဂျင်နီယာဆိုတော့ လစာကောင်းပြီပေါ့။ ငါတို့ရဲ့မိသားစုလည်း အဆင်ပြေပြီပေါ့လို့ တွေးခဲ့မိတယ်။ အငယ်ကောင်ကတော့ဗျာ သူ့သူငယ်ချင်းတွေနဲ့ ပန်းရံလိုက်လုပ်လေရဲ့။သူဒီလို ပင်ပန်းတာကိုတော့ ဘယ်ကြည့်ရက်ပါ့မလဲဗျာ။ ဒီလိုနဲ့ လကုန်လာတယ် ဆိုပါတော့။ အငယ်ကောင်က “ရော့ အဖေ သားတစ်လလုံး အလုပ်လုပ်တာ တစ်သိန်းသုံးသောင်း ရတယ်။ အဖေ တစ်သိန်းယူထား။ ကျန်တဲ့ သုုံးသောင်းကို သားသုံးဖို့ယူထားမယ်” ဆိုပြီးပေးလေရဲ့။ ဪ ပန်ရံလုပ်ပေမယ့် တစ်ရက်ကို လေးထောင်ကျော် ငါးထောင်နီးပါး ရတာဆိုတော့ မဆိုးဘူးပေါ့ လို့တောင်တွေးမိသေးတယ်။ ညရောက်တော့ အကြီးကောင်ကသူ့ရဲ့ ကာယအား၊ ဉာဏအား၊ ပညာအားတွေနဲ့ ကြိုးစားပြီး ရလာတဲ့ လစာအကုန်လုံးကို အဖေ့ကို ကန်တော့ပါတယ် ဆိုပြီးတော့ ကန်တော့ပါလေရော။ ကြည့်လိုက်တော့ ရှစ်သောင်း။ အဲဒီတော့ ကျွန်တော်က “ငါ့သား မင်းလစာက ဒါအကုန်ပဲလား” ဆိုတော့ ”ဟုတ်တယ် အဖေ “တဲ့။”အဲဒါတောင် ကျွန်တော်က ကံကောင်းလို့၊ ကျွန်တော့် သူငယ်ချင်းဆိုရင် company တစ်ခုမှာ sale engineer လုပ်တာ လစာ ခြောက်သောင်းပဲရတယ်” တဲ့။ ကဲ ကြည့်ပေတော့။ ကျွန်တော်ဘယ်သူ့ကိုမှ အပြစ်မတင်ပါဘူးဗျာ။ စိတ်ထဲကတော့ “မင်းတို့လို အင်ဂျင်နီယာတွေ ရှိနေသရွှေ့ မြန်မာနိုင်ငံက လုပ်ငန်းရှင်တွေ ချမ်းသာပြီး နိုင်ငံတော်ကြီး အမြန်တိုးတက်လာမှာ အမှန်ပဲ”လို့တွေးမိတယ်။ ပြီးတော့လည်း ပန်းရံသမား (အလုပ်ကြမ်းသမား) တွေနဲ့ ရင်ဘောင်တန်းနိုင်တဲ့ အင်ဂျင်နီယာတွေ ဆိုပြီးတော့လည်း ဂုဏ်ယူရတာပေါ့လေ။
ဒီဖြစ်ရပ်မှာ ကျွန်တော် ဘယ်သူ့ကို အပြစ်တင်ရမလဲ မသိတော့ပါဘူးဗျာ။ဘာလို့လဲ ဆိုတော့ (၁) အင်ဂျင်နီယာ ကျောင်းသားတွေကို စာတွေ့ရော အဓိက က လက်တွေ့ သင်ဖို့သင်ထောက်ကူ accessories တွေကို အလုံအလောက် ထုတ်မပေးနိုင်တဲ့ နိုင်ငံတော်ကိုပဲ အပြစ် တင်ရမလား။ (၂)လက်တွေ့ နဲ့ စာတွေ့ ကိုလည်းတွဲမသင်၊ မိမိကိုယ်တိုင်လည်း သေသေချာချာ တိတိကျကျ မသိ၊ ကျောင်းသားတွေကို အလွတ်ကျက်ဖြေ ခိုင်းတဲ့ ဆရာ၊ ဆရာမ တွေကိုပဲ အပြစ် တင်ရမလား။ (၃)အင်ဂျင်နီယာတွေကို အလုပ်မှာ ခန့်ထားတယ်ဆိုပြီး မိမိလုပ်ငန်း ဂုဏ်တက်အောင် လုပ်တက်တဲ့၊ လစာကိုလည်း မကောင်းတက်လို့ မဝရေစာ ခြောက်သောင်း ခုနှစ်သောင်း ပေးတက်တဲ့၊ လုပ်ငန်း အတွေ့အကြုံ မရှိသေးလို့ဆိုပြီး အင်ဂျင်နီယာတွေကို general worker သာသာ အဆင့်ထား နှိမ်ပြီး နင်းကန် ခိုင်းတက်တဲ့၊ နိုင်ငံခြားသားတွေ ကိုသာ အထင်ကြီးပြီး မြန်မာအလုပ်သမား တစ်ယောက်ရဲ့ သုံးဆမကတဲ့ လစာတွေကို ပေးပြီး ခိုင်းတက်တဲ့ မြန်မာနိုင်ငံက လုပ်ငန်းရှင်တွေကိုပဲ အပြစ် တင်ရမလား။ (၄)စာသင်တုန်း ကလည်း သေချာလိုက်မကြည့်၊ လက်တွေ့နဲ့လည်း တွဲပြီး မလေ့လာ၊ အပြင်အတွေ့အကြုံလည်း မရှာ၊ မသိတာကိုလည်း မမေး၊ ကျောင်းကို ယောင်ဝါးဝါးနဲ့ တက်လာပြီး စာကို အလွတ်ကျက်ဖြေလာတဲ့ ကျောင်းသားတွေကိုပဲ အပြစ် တင်ရမလား ဆိုတာ မသိတော့ပါဘူးဗျာ။ ကျွန်တော်က အရမ်းတက်လို့တော့ မဟုတ်ပါဘူးဗျာ။ ဒါနဲ့ လူကြီးမင်းတို့ကော ဘယ်လိုမြင်လဲ?
25 comments
နွေဦး
March 3, 2012 at 7:19 pm
ပထမ လက်ဆောင် ကောင်းပါတယ်
ကြံဆစ်ဝါးသလို တဖြည်းဖြည်း ချိုလာပါစေလို့
ဆုတောင်းပေးပီး
နောက်ထပ် လက်ဆောင်များလဲ စောင့်နေပါ့မယ်။
ဂေဇက်မှ ကြိုဆိုပါ၏ ပေါ့။
nagar lay
March 3, 2012 at 10:28 pm
အခုက အဖျားပဲစားရသေးတယ်။အရင်း မှာ ချိုလာလိမ့်မယ် လို့တော့
မျှော်လင့်ရတာပဲ။ ပိုးမထိုး ဖို့တော့ဆုတောင်းရ မှာပေါ့လေ။
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
March 3, 2012 at 7:42 pm
နဂါးလေးရေ….
ခုမှပို ့စ်တင်ပေမယ့် အရေးအသားကောင်းတယ်ဗျာ။
မြန်မာနိုင်ငံရဲ ့လက်ရှိပညာရေးအဆင့်အတန်းအရနိမ့်ကျ
လာနေတာရယ်၊အလုပ်ခွင်ထဲမှာ အသုံးတဲ့လောက်အောင်
မကျွမ်းကျင်တာရယ်ကြောင့်ပါ။ခံယူချက်ရှိရှိနဲ ့အလုပ်ခွင်
မှာကြိုးစားရင် ဘဝတက်လမ်းကဖြူးနေမှာပေါ့။
ကာယသမားက ဉာဏသမားကိုမမှီနိုင်ပါဘူး။
nagar lay
March 3, 2012 at 10:35 pm
ဒါပေါ့ဗျာ။ ကိုယ့်လူပြော တာကိုလည်း လက်ခံပါတယ်။
မွေးကတည်းက ဘယ်သူမှ မတက်တာ မှန်ပေမယ့် လမ်းလျှောက်
သင်နေတဲ့ကလေးကို အမြန်မလျှောက် တက်လို့ ဆိုပြီး ရိုက်လို့တော့
ဘယ်ဖြစ်မလဲဗျာ။ဘာမှမသိသေးတဲ့ ကလေးငယ်တွေ တောင်မှ
ခံယူချက်ရှိတာ မရှိတာနောက်ထား နောက်ဆုံးတော့ ဖြစ်လာသေးတာပဲမဟုတ်လား။
windtalker
March 3, 2012 at 8:22 pm
အင်မတန်ကောင်းမွန်တဲ့ နှိုင်းယှဉ်ပြချက် တစ်ခုပါဘဲ ။ ဟုတ်ပါတယ် ။ မှန်ပါတယ် ။
နဂါးလေး ရေးပြသလိုပါဘဲ ။ ကျွန်တော်တို ့နိုင်ငံမှာ ၊ ပညာတတ်စရာမလိုဘဲ ငွေကောင်းကောင်းရနိုင်တဲ့ အလုပ်အကိုင်တွေ အများကြီးပါ ။ အသုံးချနိုင်သူတွေ တိုးတက်သွားကြတာပါဘဲ ။ လုပ်နိုင်၊လုပ်ရဲတဲ့ သတ္တိ တော့ ရှိရမှာပေါ့ ။ အဲဒါက ဘာလဲ ဆိုတော့ ၊ အဆင့်အတန်းကွာခြားချက်တွေ ကို တန်းညှိနိုင်တဲ့ အခွင့်အရေးတွေပါဘဲ ။ ဒါကတော့ ကျွန်တော် နားလည်သလောက်ပါ ။
ကျွန်တော် လုပ်ကိုင်နေတဲ့ လုပ်ငန်းခွင်မှာလဲ ၊ အလုပ်ကြမ်းဝင်လုပ်နေတဲ့ ပညာတတ်ဘွဲ ့ရတွေ ရှိပါတယ် ။ ကုမ္ပဏီတွေမှာ ယူနီဖောင်းနဲ ့သပ်သပ်ရပ်ရပ် လုပ်လို ့ရပေမယ့် ၊ လွတ်လပ်မှု ၊ဝင်ငွေ ကွာခြားချက်ကြောင့် အလုပ်ကြမ်း လုပ်နေတဲ့သူတွေ အများကြီးရှိပါတယ် ။
nagar lay
March 3, 2012 at 10:45 pm
တကယ်တမ်းတော့ ပညာဆိုတာ လူတစ်ယောက်ရဲ့ ပြုမူုနေထိုင်မှုတွေ ရဲ့ အမှားအမှန်တွေကို
ဆုံးဖြတ်ပေးဖို့ အတွက် ဦးနှောက်ထဲကို ထည့်ပေးလိုက်တဲ့ chips ပြားလေးလိုပါပဲ။ဒါပေမယ့်
ပညာရှိတိုင်း ကြိုးစားကြတာမဟုတ်သလို ကြီးပွားကြတာလဲမဟုတ်ပါဘူး။မိမိရဲ့စိတ်ကလုပ်ချင် စိတ်ရှိမှဖြစ်တာပါ။
ကိုယ့်လူရဲ့ သုံးသပ်ချက်တွေ အတွက် ကျေးဇူးအများကြီးတင်ပါတယ်။
Kaung Myat Thu
March 3, 2012 at 9:18 pm
ကိုနဂါးလေး-ခင်ဗျားရဲ့ခံစားချက်ကိုကျွန်တော်နားလည်တယ်ဗျာ။
ကျွန်တော်ကအဲဒီအင်ဂျင်နီယာကျောင်းကထွက်လာတဲ့ဆရာလူထွက်တစ်ယောက်ပါ။
ကိုနဂါးလေးပြောသလိုကျောင်းမှာစာတွေ့ကိုအဓိကထားသင်ပြီး(Englishလို)၊လက်တွေ့ကျတော့လည်းစာပဲရှိ
ှိပြီး၊လက်တွေ့ပြစရာပစ္စည်းမရှိ၊အခုနောက်ပိုင်းဆရာ၊ဆရာမတွေကျတော့လည်းကျောင်းသားတွေကိုစာသင်ဖို့
ထက်ကျောင်းသားဆီကဘယ်လိုပုဆံရနိုင်မလဲဆိုတာပဲတွေးပြီး။ကျောင်းသားတွေကျတော့လည်းအမှန်တ
ကယ်ပညာတတ်ဖို့ထက်စာမေးပွဲအောင်ဖို့ဦးစားပေးပြီး ဆရာ၊ဆရာမတွေကိုမိဘရှာထားတဲ့ငွေတွေနဲ့အမျိုးမျိုး
ချဉ်းကပ်။တကယ်ဘွဲ့လည်းရရောဘာမှမတတ်။ကုပ္မဏီတွေကျတော့လည်းဘယ်လောက်ပညာတတ်တတ်-
အလကားနီးပါးခိုင်းချင်ဆိုတော့။-ကဲဘယ်သူ့ကိုအပြစ်ပြောမလဲ။
weiwei
March 3, 2012 at 10:03 pm
ဒီလိုနှိုင်းယှဉ်လို့မရပါဘူး …
အခုပို့စ်မှာက လက်တလောအဖြစ်အပျက်ပါ .. တကယ်ရေရှည်ကိုကြည့်ရင် အရမ်းကို ကွာခြားသွားမှာပါ … ပညာဆိုတာ ကျောင်းမှာတင် မလုံလောက်ခဲ့လို့ လုပ်ငန်းခွင်မှာ ခဏတာ လစာနဲနဲနဲ့ လက်တွေ့ပညာကို ထပ်သင်ယူနေတယ်လို့ပဲ သဘောထားလိုက်ပါ … မကြာခင်မှာ ကိုယ့်အရည်အချင်းနဲ့ထိုက်တန်တဲ့ အကျိုးခံစားမှုရလာမှာပါ … တက်လမ်းတွေလဲ အများကြီးရှိလာလိမ့်မယ် … စိတ်ဓါတ်မကျဖို့နဲ့ အဆက်မပြတ်သင်ယူဖို့သာ လိုအပ်ပါတယ် …
padonmar
March 3, 2012 at 11:13 pm
Blue Collar အလုပ်ကြမ်းသမားတွေရဲ့ အလုပ်က Dangerous,Dirty,Difficult ဆိုတာတွေရှိတဲ့ အတွက်
White Collar ဉာဏသမားတွေထက် ပိုနေသယောင်ရှိပါတယ်။
ဒါပေမယ့် ရေရှည် လုပ်ကိုင်နိုင်မှု ၊တက်လမ်း၊ခွင့်ရက်၊ခံစားခွင့် ဆိုတာမျိုးတွေကျရင် မတူနိုင်ပါဘူး။
လွန်ခဲ့တဲ့ တစ်နှစ်လောက်က eros ကလည်း ဒီလိုမျိုးပဲ ရင်ဖွင့်သွားပါတယ်။
htoosan
March 3, 2012 at 11:14 pm
ဟိုးလွန်ခဲ့သော နှစ်နှစ်ဆယ်သုံးဆယ်ကထဲက အင်ဂျင်နီယာကျောင်းတွေမှာ ပစ္စည်းပြည့်စုံမှုမရှိခဲ့တာ ၊ဆရာတွေ ထဲမှာလည်း တော်သူတတ်သူ အသင်ကောင်းသူရှိသလို မသင်တတ် ကိုယ်တို်င်လည်း မသိသော ဆရာများလည်း ရှိခဲ့ပါတယ်။ ကျောင်းပညာရေး ပြဿနာရှိခဲ့တာပါ ။အဲ့ဒီ အင်ဂျင်နီယာ များလည်း ယခုအခါ နိုင်ငံခြားမှာ နိုင်ငံခြား ကျောင်းထွက်များနဲ့ ရင်ဘောင်တန်း အလုပ်လုပ်နေသူများ ၊ နိုင်ငံခြား ကျောင်းထွက်များကို လက်ညိုးထိုးခိုင်းနေသူများ ။ အခိုင်းခံနေရသူများ အစုံစုံရှိကြပါတယ် ။
များမကြာမီက မှ ကျောင်းပြီးလို့ ပြည်တွင်း မှာ ခေတ္တ အတွေ့အကြုံ ရှာပြီး နိုင်ငံခြားသွားအလုပ်လုပ်နေသူများလည်း ရှိပါတယ် ။ ကျောင်းဆင်းကာစ မှာ သူတို့လောက် ဝင်ငွေ မရှိသေးတာ ပန်းရံ လက်သမားတွေရဲ့ ပညာ ပြခံရတာ ထူးဆန်းတဲ့ ကိစ္စ တစ်ခုတော့မဟုတ်ပါဘူး ။ ယခု မှ မဟုတ်ပါဘူး ။
ဒီမြေ ဒီရေ ဒီလေ အတူတူ ရှုကြပြီး ဒီကျောင်းတော်ကြီး တစ်ခုထဲက ထွက်လာကြတဲ့ သူများဟာ လုပ်ငန်းခွင် အသီးသီး ရောက်သွားကြပြီး ဒီကနေ့မှာတော့ တစ်ယောက်နဲ့ တစ်ယောက်မတူညီသော ဘဝ တွေ ပိုင်ဆိုင်နေကြပါတယ် ။ အဲ့ဒါ ဘယ်သူ့ကြောင့်ပါလည်း ။
man power
March 4, 2012 at 12:11 am
@ nagar lay
ဒီ ပိုစ့်ကို ဖတ်မိတော့ ကျွန်တော် လက်ရှိ လုပ်ကိုနေတဲ့ Field နဲ ့
အနည်းနဲ ့အများ ပါတ်သက် တယ်လို ့ ယူဆပါတယ် ။
အသစ် တစ်ယောက် အနေနဲ ့ ပွဲဦးထွက် လက်စမ်းချင်တာကြောင့်
nagar lay ရဲ ့ပိုစ့်ကို အခြေခံပြီး ပိုစ့် တခု အနေနဲ ့ ရေးဖို ့ စဉ်းစားမိပါတယ်။
စာ အမြည်း အနေနဲ ့ အနည်းအကျဉ်းတော့ ပြောချင်ပါတယ်။
လုပ်ငန်း တစ်ခုရဲ ့ လိုအပ်ချက် အနေနဲ ့ဆိုရင်…..
(၁) အစောပိုင်းနဲ ့ လက်ရှိ မြန်မာနိုင်ငံ ပညာရေး စနစ်ကနေ ဘွဲ ့ရတဲ့
ပညာတတ် လူတန်းစား ဆိုတဲ့ လူငယ်တွေကို သူ ့ရဲ ့ Senior တွေ
လက်တွေ ့လုပ်ငန်းခွင် ဝင်နေသူတွေ အပါအဝင် ဘယ်သူကမှ Level
တစ်ခုထားပြီး မဆက်ဆံကြပါဘူး ။ ဘာကြောင့်လည်း ဆိုရင် သူတို ့အပါ
အဝင် အားလုံးဟာ ဒီ လူငယ်တွေ ရယူထားတဲ့ ပညာရပ် ဆိုင်ရာ
အသိအမှတ်ပြု စာရွက်စာတမ်းဟာ အိမ်ခေါင်းရင်း လူမြင်တဲ့ နေရာမှာ ချိတ်
ထားဖို ့လောက်ပဲ အသုံးဝင်တယ် ဆိုတာ သိထားကြလို ့ပါပဲ ။
(၂) မြန်မာနိုင်ငံသား ပိုင်ဆိုင်တဲ့ လုပ်ငန်းတွေနဲ ့ပါတ်သပ်ပြီး မှတ်ချက် မပေး
လိုပါဘူး။ များသောအားဖြင့် သင်ရင်း လုပ် ၊ လုပ်ရင်း သင် ၊
မြိန်ရာ ဟင်းကောင်း ခင်ရာ ဆွေမျိုးတွေကို ဆွဲခန် ့ရင်း နေရာယူထားတဲ့
သူတွေက များပါတယ်။ နိုင်ငံခြားသားတွေ ဦးစီးလုပ်ကိုင်တဲ့ လုပ်ငန်းတွေမှာ
ရော ဒါမျိုး ကိစ္စ မရှိဘူးလားဆိုတော့…ဟုတ်ကဲ့ …သေချာပေါက်ကို ရှိပါ
တယ်။ နိုင်ငံသားနဲ ့ကင်းလွတ်ပြီး လုပ်လို ့မရတဲ့ အလုပ်မှန်သမျှမှာ ဒီလို
ကိစ္စတွေ ရှိတတ်ပါတယ်။ ရာခိုင်နှုံးနဲ ့ ရင်ဖွင့်မယ် ဆိုရင်တော့ နည်းတဲ့
အနေအထားမှာ ရှိပါတယ် ။
(၃) ဂေဇာတ်မှာ ဖတ်ခဲ့ဖူးတဲ့ စာတွေအရ မြန်မာတွေ(မြန်မာနိုင်ငံသားတွေ)
ဟာ အရှေ ့တောင် အာရှမှာ ရှိတဲ့ တခြား နိုင်ငံသားတွေထက်စာရင်
အင်္ဂလိပ်စာနဲ ့ပါတ်သပ်ရင် Pronunciation အလွန်ကောင်းပါတယ်လို ့
လက်ပျဉ်းတွဲကြီးရဲ ့ လက်ခမောင်းခတ်သံကို ကြားဖူးပါတယ်။
ကျွန်တော် ယနေ ့အထိ ကြုံတွေ ့နေရတဲ့ အထက်ပိုင်းကနေစပြီး အောက်
ခြေအထိ မြန်မာနိုင်ငံသား ဝန်ထမ်း အားလုံးဟာ ကျွန်တော် အပါအဝင်
မီးကျိုး မောင်းပျက် တွေပါပဲ ။ အမှန်တရားကို လက်ခံဖို ့လိုပါတယ် ။
မိမိမြင်ရတဲ့ ပါတ်ဝန်းကျင် သေးသေးလေး ကိုပဲ မကြည့်စေချင်ပါဘူး။
General Worker အဖြစ် လုပ်ကိုင်နေတဲ့
ဝန်ထမ်းတွေ အထဲမှာ ဘွဲ ့ရပြီးသူတွေ အများကြီးပါပဲ ။
သူတို ့တွေကို ညံ့ဖျင်းလှချည့်လို ့ အပြစ် မတင်လိုပါဘူး ။
သူတို ့သူတို ့တွေကို ဒီလိုဖြစ်အောင် ဝိုင်းဝန်း သွပ်သွင်းခဲ့တဲ့
သွပ်သွင်းနေဆဲ ဖြစ်တဲ့ ၊ ဆက်လက်ပြီး သွပ်သွင်းလိုတဲ့ အယူအဆ
ရှိတဲ့ ကျွန်တော်တို ့ ကျွန်မတို ့ ပြည်သူတွေမှာပဲ တာဝန်ရှိပါတယ် ။
ဒီလောက်ပါပဲ ။ ကျန်တာတွေကိုတော့ ပိုစ့် အနေနဲ ့ ရေးသားချင်ပါတယ်။
ခင်တဲ့
man power
yuiio
March 4, 2012 at 12:30 am
လစာ ၈၀၀၀ဝ ပဲရတယ်ဆိုတာ မှန်ပါတယ်။ ပစ္စည်းကိရိယာ မပြည့်စုံတာလည်းမှန်တယ်။ survey တိုင်းတဲ့ ဘာသာရပ်မှာဆိုရင် ကျွန်တော်တို့ကျောင်းက Theory ကိုပြည့်ပြည့်စုံစုံ တတ်မြောက်အောင်သင်ပေးတယ်။ ဒါပေမဲ့ အပြင်မှာသုံးတဲ့ စက်တွေက(total-station surveying machine) သီအိုရီကို သိစရာ မလိုတော့လောက်အောင်ကို အဆင့်မြင့်နေပါပြီ။ (theory ကိုတော့ အင်ယာအနေနဲ့ဆိုရင် သိကိုသိရပါမယ်) ဒါပေမဲ့ကျောင်းမှာက အဲ့ဒီစက်လုံးဝမရှိပါဘူး။ ကြားတောင်မကြားဖူးကြပါဘူး။ ဒါပေမဲ့ survey တိုင်းတာကို ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်အောင် ရှေးဟောင်းစက်ကိရိယာတွေနဲ့ပဲ အခြေခံကျကျ သင်ခဲ့ကြပါတယ်။ ခက်တာက အပြင်လောကကိုရောက်တော့ ကျွန်တော်တို့တိုင်းတဲ့ စက်တွေကို မသုံးတော့တာပါပဲ။ အဲ့လိုဖြစ်နေတော့ အပြင်ကိုရောက်မှ ထပ်ပြီးသင်ကြားကြရပါတယ်။ Theory သိနေတော့ ကျွန်တော်တို့အတွက်ကတော့ လွယ်ကူပါတယ်။ အဲ့ဒါက ကျွန်တော်တို့ အေးသာယာ GTC လိုမျိုး Practical ကောင်းကောင်းလုပ်ရတဲ့ကျောင်းက ကျောင်းသားတွေအတွက်ပဲလွယ်တာပါ။ လက်တွေ့ကောင်းကောင်းမလုပ်ရတဲ့ ကျောင်းက ကျောင်းသားတွေကျတော့ အခက်တွေ့ကြတာကို တွေ့ရတယ်ဗျ။ ဒါက ကိုယ်တွေ့ပါ။ လစာကောင်းကောင်းမရတာက ကိုယ့် နိုင်ငံမှာဖြစ်နေတာပါ။ ကဲ ………… ကျွန်တော် အခုအခြေအနေနဲ့ စင်ကာပူလို နေရာမျိုးသွားပြီးလုပ်မယ် ဆိုရင် မြန်မာငွေနဲ့ဆို ၁၅ သိန်းနဲ့ အထက်ပဲလေ ။ အဲ့ဒါက အနည်းဆုံးပါ။ အဲလိုဆိုတော့ ကျွန်တော်တို့နိုင်ငံကပဲ ပညာတတ်တွေကို တန်ဖိုးမထားတာဖြစ်မနေဘူးလား။ ဒါက အစိုးရက ကိုယ်မွေးထုတ်ပေးတဲ့ ပညာတတ်ကို တန်ဖိုးမထားပဲ ပစ်စလတ်ခတ်ထားလို့ ဖြစ်နေရတာပါ။ တန်ဖိုးထားပြီး ပညာ အဆင့်အတန်းအလို်က် အနည်းဆုံးပေးရမဲ့ လစာကိုထိုက်ထိုက်တန်တန် သတ်မှတ်ပေးကြည့်ပါလား။ ဘယ်လိုလူမျိုးကမှ နိုင်ငံခြားမထွက်ပါဘူး။ ကိုယ်နိုင်ငံမှာပဲ လွတ်လွတ်လပ်လပ် နေချင်ကြတာပေါ့။ ကျွန်တော်လည်း ဒီနိုင်ငံက မခွာမိအောင် မနည်းတင်းထားနေရသလိုဖြစ်နေတဲ့ အင်ယာပေါက်စပါ။ ခင်ဗျားတို့ နားလည်နိုင်မှာပါ။
nagar lay
March 5, 2012 at 7:08 pm
ိကိုယ့်လူရဲ့ အမြင်ကို ကိုယ် အပြည့်အဝထောက်ခံပါတယ်။
ဒါနဲ့ မင်းနဲ့ကိုယ်က တကြောင်းထဲထွက်ပဲ။
surmi
March 4, 2012 at 1:36 am
အင်း ……အသက်မွေးဝမ်းကျောင်း လိုင်းက အင်ဂျင်နီယာတွေကရင်ဖွင်.လိုက် …ငြီးလိုက် …….
ဆေးကျောင်းဆင်းစ ဆရာဝန်ပေါက်စတွေကလည်း ဆေးဆိုင်တွေမှာအရောင်းစာရေးလုပ်လိုက်…
ဒီတော. ……….ရိုးရိုးဝိဇ္ဖာ သိပ္ပံလိုင်းကကောင်တွေ ခွက်ဆွဲရတော.မယ်နဲ.တူတယ် ……။
man power
March 4, 2012 at 1:45 am
@ yuiio
ခံစားချက် တခုခု ရှိနေတယ်လို ့ယူဆပါတယ်။
(၁) မြန်မာနိုင်ငံမှ မဟုတ်ပါဘူး ဘယ်နိုင်ငံမှာ မဆို လူတော် နဲ ့ လူညံ့က
ရှိပါတယ်။
(၂) ကိုယ်က ဘယ်လောက်ကြီးပဲ တော်နေ တတ်နေ လုပ်ငန်းရှင်တွေရဲ ့
အဓိက ဦးစားပေး စဉ်းစားတဲ့ အချက်ဟာ (ခွင့်လွတ်ပါ) ဘယ်ဥက ပေါက်
သလဲ ဆိုတာပါပဲ။ ဒီ ဥက ပေါက်ရင် ဒီ အကောင်ပဲလို ့ ကျွန်တော့ရဲ ့
လုပ်ငန်း အတွေ ့အကြုံ ပေါ် မူတည်ပြီး မှတ်ချက်ပေးချင်ပါတယ်။
(၃) သီအိုရီ ပိုင်းကို ဘယ်လောက်ပဲ ကျေညက်နေပါစေ တကယ့် လက်တွေ ့
လုပ်ငန်း လုပ်ကိုင်တဲ့ အခါ ခြေဖျား လက်ဖျားတွေ အေးစက်ကုန်တဲ့ အသစ်
ကလေး တွေဟာ ဒု နဲ ့ ဒေး ပါပဲ ။
(၄) ငါဟာ ဘယ်မည်သော တက္ကသီလာကြီးကနေ ဘာ မေဂျာနဲ ့ ဘွဲ ့ရခဲ့
တဲ့ အတွက်ကြောင့် ဘယ်လောက်သော လစာကို မျှော်မှန်းတယ်လို ့ပဲ
ဆိုဆို မြန်မာနိုင်ငံ ပညာရေး စနစ်ကနေ ဘွဲ ့ရလာတဲ့ သူတွေကို မြန်မာ
နိုင်ငံသားပိုင် လုပ်ငန်းဖြစ်စေ ၊ နိုင်ငံခြားသားပိုင် လုပ်ငန်းဖြစ်စေ အဆိုပါ
ဘွဲ ့ရပညာတတ်ဆိုတဲ့ လူတစ်ယောက်ကို မိုးကျရွှေကို လို ့ သဘောထား
ပြီး တောင်းဆိုတဲ့ လစာ နဲ ့ ခံစားခွင့်ကို တန်းပြီး မပေးဘူး ဆိုတာ လက်တွေ ့
ကျတဲ့ အမှန်တရားပါ။
(၅) စင်္ကာပူ လို နိုင်ငံမျိုးမှာ သွားလုပ်ရင် မြန်မာငွေနဲ ့ဆို ၁၅ သိန်း အထက်
ဆိုတာကို ဂျပန်လို နိုင်ငံမျိုးမှာ တရားမဝင် အလုပ်လုပ်ကိုင်နေတဲ့
အထက်တန်း ပညာအထိပဲ သင်ယူခဲ့ဖူးတဲ့ လူတစ်ယောက် ကြားရင်
“အော်…ဒီလောက် လစာနဲ ့ အသက်ရှင်နေတဲ့ လူတွေ ရှိနေသေးပါလား”
လို ့ မှတ်ချက်ချကောင်း ချပါလိမ့်မယ်။
(၆) ကျွန်တော် လေ့လာမိသလောက်ကတော့ နိုင်ငံရပ်ခြားမှာ လာရောက်
ပြီး ပညာသည် အဆင့်မှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား အများစု
ဟာ နိုင်ငံသားထက်ကို ပိုမိုတဲ့ လစာနဲ ့အခွင့်အရေးကို ရကြပါတယ် ။
ဒါဆိုရင် ကျွန်တော်တို ့ နိုင်ငံသားတွေဟာလဲ ပညာသည် အနေနဲ ့ ဝင်ရောက်
လုပ်ကိုင်တဲ့ အခါမှာ နိုင်ငံသားတွေထက် သာလွန်တဲ့ အနေအထားမျိုး
မရနိုင်ဘူးလား ဆိုရင် ရှိတော့ ရှိပါလိမ့်မယ်။ ဒါပေမဲ့ ရာခိုင်နှုံး အလွန်နည်းပါး
ပါလိမ့်မယ် ။ ရှိခဲ့တယ် ဆိုရင်တောင်မှ သူတို ့တွေဟာ မြန်မာနိုင်ငံကနေ ဘွဲ ့
ရတာနဲ ့ တန်းပြီး နတ်ပြည် ရောက်သွားတာမျိုး တစ်ယောက်မှ မရှိလောက်
ပါဘူး။
(၇) ထိုက်တန်တဲ့ လစာ ရဖို ့ကို အချက်ပေါင်းများစွာရှိပါတယ် ။
ကိုယ်လုပ်ငန်းခွင် အကြောင်းပဲ ရေးမှာ ဖြစ်တဲ့ အတွက် ပေါ်လစီပိုင်း ဆိုင်ရာ
ချို ့ယွင်းမှုကို ထည့်ပြီး မဆွေးနွေးလိုပါဘူး။
ဝန်ထမ်းတွေနဲ ့ နေ ့စဉ် လဖက်ရည် ဝိုင်းမှာပဲ ဖြစ်ဖြစ် အရက်ဝိုင်းမှာပဲ ဖြစ်ဖြစ်
ကြားခဲ့ဖူးတဲ့ တစ်ထောင့်တစ်ည ပုံပြင်တွေက ပြောမဆုံးနိုင်အောင်ပါပဲ။
အဓိက အားဖြင့် မိုးကျရွှေကို တွေ အကြောင်းပါ။
ဘယ်သူက ကြုံခဲ့ဖူးတဲ့ ဘယ်သူကတော့ဖြင့် ဘယ်နိုင်ငံခြားသား
ပညာသည်တွေတောင် ကြည်ညို ဦးခိုက် ပြီး ဦးဏှောက် ဖောက်စားရတယ်
ဆိုတာတွေပါပဲ ။ ဒီလို အကြောင်းတွေကို မစားရ ဝခမန်း ပြောကြသူ အများစု
ဟာ ကျောင်းပညာ သင်ကြားခဲ့မှု အတော် ချို ့တဲ့ခဲ့တဲ့ သူတွေများပါတယ် ။
သူတို ့တွေ ပြောနေကြတဲ့ မိုးကျရွှေကို တွေကို အနီးကပ် လေ့လာကြည့်ရင် လုပ်ငန်းပိုင်းဆိုင်ရာ ကြေညက်မှု ရှိတယ်ဆိုတာ တွေ ့ရတယ်။
ပိုပြီး အသေးစိတ် လေ့လာကြည့်တဲ့ အခါမှာ သူတို ့တွေဟာ နိုင်ငံရပ်ခြားမှာ
နှစ်ပေါင်းများစွာ အခြေခံလုပ်သား ဘဝကနေ ကျောင်းက သင်ယူလာခဲ့တဲ့
အနည်းငယ်သော အသိပညာ တစ်ချို ့ကို ပေါင်းစပ်ပြီး သူလိုငါလို လူတွေ
ကြားမှာ ထင်ရှားလာပြီးနောက်မှာ နေရာတစ်ခုကို ရလာကြတာကို
တွေ ့ရတယ် ။ သူတို ့တွေဟာ မြန်မာနိုင်ငံကို ပြန်ရောက်လာတဲ့ အခါမှာ
ရေကန်အသင့် ကြာအသင့် Project တွေ လုပ်ကိုင်နေချိန်နဲ ့တိုးတဲ့ အခါ
ဆင်ပိန်တော့ ကျွဲ လောက်ရှိတဲ့ လစာတွေကို ရကြပါတယ် ။
ပြသာနာ တစ်ခုက ကမ္ဘာသုံး ဘာသာစကားဖြစ်တဲ့ အင်္ဂလိပ်စကား အရာမှာ
အတော်ကို ဆိုးဝါးစွာ မီးကျိုးမောင်းပျက်တွေ ဖြစ်နေတယ် ဆိုတဲ့ အချက်ပါ။
ဆိုပါဆို ့…..ဘယ်နိုင်ငံမှာ ဘယ် Level နဲ ့ ဘယ်လောက်ကြာအောင် လုပ်
ခဲ့ပြီး ဘာလုပ်ငန်းတွေကို ကျွမ်းကျင်တယ်လို ့ အင်တာဗျူးမှာ အရင်ဆုံး မိတ်ဆက်တတ်ကြပါတယ် ။ CV မှာ ဖော်ပြထားသလို တကယ်ကို နားလည်
တတ်ကျွမ်းမှု ရှိမရှိဆိုတာက လုပ်ငန်းခွင် ဝင်မှ သိရမှာ ဖြစ်တယ် ။
အရင်ဆုံး သူ တောင်းဆိုတဲ့ လစာကို ပေးသင့် မပေးသင့် ဆိုတဲ့ နေရာမှာ
ဘာကို အဓိကထားပြီး ဆုံးဖြတ်သလဲဆိုတော့ Communication ဘယ်
လောက် ပေါက်ရောက်လဲ ဆိုတာပေါ် အဓိကထားတယ် ဆိုတာကို သိစေချင်
ပါတယ်။ ဆိုလိုချင်တာက သက်ဆိုင်ရာ ပညာရပ် အပေါ် ဘယ်လောက်ပင်
တတ်ကျွမ်းနေပါစေ အင်္ဂလိပ် ဘာသာစကား ညံ့ဖျင်းမှုဟာ မိမိရဲ ့ မျှော်မှန်း
လစာ အပေါ်မှာ တိုက်ရိုက် ဆိုးကျိုးကို ဖြစ်ပေါ်စေပါတယ်။
မီးကျိုး မောင်းပျက်တွေတောင် တစ်လ တစ်လ ထောင်ဂဏန်း စားနေရင်
လျှာခလုတ်တိုက် အင်္ဂလိပ်စကား ပြောတဲ့ ဖိလစ်ပင်းန် တွေထက် သာလွန်
တဲ့ အင်္ဂလိပ်စာ စကား အခြေခံကောင်းများရှိခဲ့ရင် ကျွန်တော်တို ့မြန်မာနိုင်ငံ
သား တွေလည်း တကယ့်ကို မိုးကျ ရွှေကို တွေ ဖြစ်လာလိမ့်မယ်လို ့
ထင်မြင်ချက် ပေးရင်း…….
ခင်တဲ့
man power
yuiio
March 4, 2012 at 11:57 am
အားပြု အကြံပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် ……….. man power ……..
pazflor
March 4, 2012 at 2:09 am
မြန်မာပြည်ကျောင်းမှာ ၁ဝ နှစ်ကျော် အင်္ဂလိပ်စာ ဘယ်လိုများ သင်ကြတယ်မသိပါ၊ အာရပ်နိုင်ငံတစ်ခု က သူငယ်ချင်းတစ်ယောက် အင်္ဂလိပ်စာ ၂နှစ်လောက်ဘဲ သင်ခဲ့ရပေမယ့် မဆိုးဘူး တော်တော်ပြောနိုင်တယ်။ Grammar ၊ vocabulary တို ့ကတော့ အမှားများပါတယ်။ အင်ဒိုက ကျောင်းသားတစ်ချို ့ပြောတာတော့ သူတို ့ဆီမှာ high school ဆို native teacher အချို ့ဌားသင်တယ်ဆိုပါတယ်။
kai
March 4, 2012 at 4:06 am
ဆရာဝန်..အင်ဂျင်နီယာ. လော(ဥပဒေ)၊ ရူပ၊ ဓာတု၊ စတာတွေ ဆိုတာ..ပရောဖက်ရှင်နယ်.. ဘာသာရပ်တွေပါ..။
ပရိုထဲတောင်.. ဘာသာရပ်အလိုက်.. အဆင့်တွေမတူကြသေးပါဘူး..။
ယူအက်စ်မှာတော့.. လိုင်စင်ပြန်ဝင်/ပြန်ဖြေရတာတွေက.. အပြင်မှာကိုယ်တိုင်လည်း လုပ်စားလို့ရတဲ့.. ပရိုဘာသာရပ်တွေပေါ့…
…မတူပါဘူး..။
လုပ်ရင်း..ကိုင်ရင်း.. နှစ်ကြာလာတာနဲ့.. ပြတ်သွားမှာပါ..။
ခန္တာကိုယ်နဲ့… ရင်းနှီးမယ်ဆိုရင်.. Ultimate Fighting Championship (UFC)ထဲကဆရာတွေများ..
တခါထိုး.. ၄မိနစ်နဲ့.. ဒေါ်လာသိန်းချီ..သန်းချီဝင်ပါတယ်..။
မြန်မာပြည်မှာရော..
ဒီလိုပဲပေါ့… 🙂
yuiio
March 4, 2012 at 12:02 pm
ခန္တာကိုယ်နဲ့… ရင်းနှီးမယ်ဆိုရင်.. Ultimate Fighting Championship (UFC)ထဲကဆရာတွေများ..
တခါထိုး.. ၄မိနစ်နဲ့.. ဒေါ်လာသိန်းချီ..သန်းချီဝင်ပါတယ်..။
မြန်မာပြည်မှာရော..
ဒီလိုပဲပေါ့… 🙂
သူကြီးကတော့ အားပေးနေတယ်။ တစ်ကယ်ကို တစ်ချီပဲလား …..။ တန်ပါတယ်ဗျာ …… သွားထိုးကြပါလားဟင်။ ၄ မိနစ်နဲ့ တစ်သက်လုံးထိုင်စားလို့ရတယ်ဗျ။ 🙂
ငှက်ကလေး
March 5, 2012 at 8:51 pm
နို့ ဂလိုဆို ငယ်ငယ်ကတည်းက စာပေမလေ့လာပဲ ဗလပဲထိုင်ကျင့်ရမလို ဖြစ်နေမှာပေါ့ဗျ။ သားတို့ကတော့ ဗလမရှိပေမယ့် ဇရှိအောင်၊ ဦးနှောက်ကောင်းတဲ့ သူပဲဖြစ်ချင်သဗျို့။ လူဆိုတာ ဦးနှောက်ကောင်းနေသမျှ ဆင်ကြီးကိုလည်းခိုင်းစားမယ်၊ မြင်းကြီးကိုလည်းခိုင်းစားမယ်၊ ခွန်အားရှိတဲ့သူတွေကို ငှားသုံးမယ်။ ဒီလိုမဟုတ်လားဗျ။
kyeemite
March 4, 2012 at 8:09 am
ကိုနဂါးလေးခင်ဗျား..လက်တွေ့ဘဝခဏတာကိုကြည့်ပြီးမဆုံးဖြတိစေချင်ပါဘူး..
အထူးသဖြင့် ခင်ဗျားသားအင်ဂျင်နီယာလေးကို ဒီအတွေးအခေါ်မျိုးမပေးသင့်
ပါဘူး..အကြောင်းအမျိုးမျိုးကြောင့် ခုခေတ်အင်ဂျင်နီယာကျောင်းသားလေးတွေ
ခမျာ လက်တွေ့ပိုင်းအားနဲခဲ့တာကို..ကျောင်းပြီးသွားတာနဲ့အပြင်မှာရှာဖွေနိုင်ဘို့
စီစဉ်ပေးသင့်တယ်…ခုခေတ်မှာပြင်ပအင်ဂျင်နီယာအထောက်အကူပြုသင်တန်းတွေ
ခေတ်စားနေပါပြီ…တက်ခိုင်းသင့်ပါတယ်…စီးပွါးရေးအခြေအနေအရ မစောင့်နိုင်
လို့ အလုပ်ခွင်ဝင်ခိုင်းရင်လည်း..လတ်တလော လစာနဲတာကိုအသာမေ့ပီး လုပ်ငန်း
ခွင်မှာလက်တွေ့အတွေ့အကြုံရအောင်ကျိုးစားသင်ယူလေ့လာစေသင့်ပါတယ်..
ကလေးကိုလည်း ခင်ဗျားနှိုင်းပြသလို ငွေကြေးနဲ့နှိုင်းပီး စိတ်ဓါတ်ကျသွားအောင်
မလုပ်ပါနဲ့ဗျာ..ခုခေတ်မှာ..စာမတတ်တဲ့ ဒရိုင်ဘာတောင်..တစ်လကို အနဲဆုံး
သိန်းကျော်ရနေတာ လူတိုင်းအသိပါ…ဒါပေမဲ့ မတူပါဘူးဗျာ..စောင့်ကြည့်ပါ
ရေရှည်မှာပညာတတ်ကရှေ့ရောက်သွားရမှာပါ…
MaMa
March 4, 2012 at 12:32 pm
ကျမ ကျောင်းပြီးကာစတုန်းက လက်တွေ့လုပ်ငန်းခွင်မှာ ၁ဝတန်းတောင် မအောင်ပဲ အလုပ်လုပ်ပြီး အဆင်ပြေ အောင်မြင်နေသူတွေကို ကြည့်ပြီး ဘွဲ့ရတဲ့အထိ ကျောင်းတက်ခဲ့တာ အချိန်တွေ အလကားဖြုန်းလိုက်သလိုပဲလို့ ခံစားမိတယ်။
ဒါပေမယ့် အခုအချိန်မှာတော့ ပညာသင်ကြားခဲ့မိတာကို ကျေနပ်လာတယ်။
တာတိုခရီးမှာ မသိသာပေမယ့် တာဝေးပြေးတဲ့အခါ ကြံ့ခိုင်အားတွေ ကွာခြားပါတယ်။
ပန်းရံလုပ်လို့ တစ်လ တစ်သိန်းကျော်ရတာ မှန်ပေမယ့် လစဉ်ဝင်ငွေမှန်ဖို့ မလွယ်ပါဘူး။
နေ့စားလုပ်သားတစ်ယောက်အနေနဲ့ တစ်လလုံးအလုပ်ရရင် တစ်သိန်းကျော်သလို
အလုပ်မရှိတဲ့ အချိန်ကာလများမှာလည်း ထမင်းဖိုးရဖို့တောင်အနိုင်နိုင်ပါ။
ဒါ့အပြင် လစာတစ်ခုတည်းတင် နှိုင်းယှဉ်ရုံနဲ့ မပြီးပါဘူး။
လုပ်ကိုင်ရတဲ့ လုပ်ငန်းခွင်အနေအထား၊ လူနေမှု အဆင့်အတန်းနဲ့
ဂုဏ်သိက္ခာပိုင်းကိုလည်း ထည့်စဉ်းစားကြည့်ပါဦး။
ရေရှည်မှာလည်း –
ပန်းရံသမားအတွက် တက်လမ်းနဲ့
အင်ဂျင်နီယာတစ်ယောက်ရဲ့တက်လမ်း
မိုးနဲ့မြေလို ကွာခြားသွားမှာပါ။
ဥပမာပေးရရင်ဖြင့်-
Made In Japan ကားနဲ့ Made In China ကား လိုပဲပေ့ါ။
inz@ghi
March 4, 2012 at 12:49 pm
တနေ့ သေကြရမည် …
မသေခင် …ဟဲဟဲ …. ကိုယ့်ဆြာတို့ သိပါတယ်..
😛
Foreign Resident
March 4, 2012 at 3:02 pm
ကို nagar lay ရဲ့
အဘ တို့ ဩဇီ မှာတော့
3D ( Dangerous အန္တရာယ်ရှိသော, Dirty ညစ်ပေသော, Difficult ခက်ခဲ ပင်ပန်းသော )
အလုပ်လုပ်တဲ့သူတွေက ပိုက်ဆံ ပိုရကြတယ် ။
အဘ တူလေး တစ်ယောက့် ဩဇီ မှာ Accountant ဘွဲ့ ရပြီး
တစ်လ ၃၀၀ဝ $ လောက်ရတဲ့အလုပ် ကို
အသည်းအသန် ရှာနေရတဲ့ အချိန်မှာ ၊
Carpenter လက်သမား ၊ Mason ပန်းရံ ၊ Plumber ပိုက်ပြင်သမား
တွေရဲ့ နေ့စား ပျမ်းမျှ ဝင်ငွေ ဟာ ၃၀ဝ $ ဖြစ်ပါတယ် ။
လုပ်ချင်တိုင်းတော့ ဝင်လုပ်လို့ မရပါဘူး ။
သင်တန်းဆင်း လက်မှတ် ရပြီးသား သူတွေမှ လုပ်ခွင့် ရှိတာပါ ။
ဩဇီ မှာ Mason ပန်းရံ တစ်ယောက်ရဲ့ လုပ်ခကို
တစ်နေ့တာ အုပ်စီပြီးတဲ့ အရေအတွက် နှင့် ပေးတာပါ ။
အုတ် တစ်လုံး စီပြီးတိုင်း ( အကြမ်းဖျင်း ) တစ်ဒေါ်လာ ရပါတယ် ။
တစ်နေ့ကို အုတ် အလုံး ၂၀ဝ – ၃၀ဝ လောက် စီနိုင်ကြပါတယ် ။
ဩဇီ မှာ Accountant ဘွဲ့ ရပြီးမှ ဝင်ငွေကောင်းလို့ ဆိုပြီး
Plumber ပိုက်ပြင်သမား ပြောင်းလုပ်နေတဲ့သူလည်း
တွေ့ဘူးပါတယ် ။
စဉ်းစားလို့ ရအောင်ပါ ။
snow white
March 5, 2012 at 5:24 pm
ကောင်းပါတယ်ဒီစာလေးထဲက သားနှစ်ယောက်အကြောင်းက ပညာတက်တဲ့သူရဲ့ လစာနဲ့ပညာမဲ့တဲ့သူရဲ့ လစာကတော်တော် ကွာနေတယ် ညီမလည်းကိုယ် တွေ့ခံစားနေရပါတယ် ညီမတို့နိုင်ငံမှာကအချိန်းပို်င်းအလုပ်ဆိုတာလည်းမရှိတော့အလုပ်အကြောင်းကိုသိပ်ပြီးတော့လည်းမသိကျဘူးလေ ကျောင်းကdayတက်တော့3နှစ်လုးံကျောင်းနဲ့အိမ်နဲ့ဘဲပြီးနေတာလေ ကျောင်းပြီးတော့ခုညီမအလုပ်ဝင်လုပ်တာ 5လရှိပါပြီ ခုလုပ်တဲ့အလုပ်မှာပေါ့ ဘွဲ့ရကော10တန်းမအောင်တာတွေကောအစုံပါဘဲ ဘွဲ့ရတွေကိုဟောက်စားလုပ်နေတာက 10တန်းမအောင်သေးတဲ့ ကောင်မလေးတယောက်ကဘွဲ့ရတွေကိုသူကဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့ သူကဆရာမကြီးလုပ်နေတာ ဒါနဲ့ဘွဲ့ရတွေကည်းနဲနဲတော့မကျေနပ်တာနဲ့ သူဌေးကိုပြောတာပေါ့ လေ ကျွန်မတို့ကိုသူကဆရာအရမ်းလုပ်တယ်ပေါ့လို့ ပြောတော့သူဌေးကဘာပြန်ပြောတယ် မှတ်လဲသူဒီမှာအလုပ်လုပ်တာ6နှစ်ရှိနေပြီတဲ့ လေဒါနဲ့ဘွဲ့ရတွေကသူပြောတာကိုနားထောင်ဆိုတဲ့သဘော မဟုတ်ပါလား ညီမလည်းအလုပ်ရှာမရသေးတာနဲ့ခုထိသည်းညည်းခံလုပ်နေရပါတယ် ပညာတက်တွေဘာလုပ်စားရမလဲဟင်ရေးနေရင်းနဲ့ တောင်မျက်ရည် ဝဲမိပါတယ် ပညာသင်ပြီးတော့ ကိုယ့်ဘာသာရပ်ကိုလည်း လက်တွေ့မပြသနိုင်ပါဘူး