လိမ္မာတဲ့ကြောင်….
ကျွန်တော်သူငယ်ချင်းအိမ်က ကြောင်တစ်ကောင်က အိမ်သာသွားသွားတတ်တယ်ဆိုလို. သူအိမ်သွားပြီး ဓာတ်ပုံရိုက်လာတာပါ..
အဲဒီကြောင်က အီးပါရင် လူလိုပဲ အိမ်သာမှာသွားသွားပါပါတယ်… ပြီးရင် လူကိုလာခေါ်ပြီး သူဟာကို ရေလောင်းခိုင်းပါတယ်…
ကျွန်တော်လဲ မယုံလို. သွားစောင့်ပြီး ဓာတ်ပုံရိုက်လာခဲ့ပါတယ်…
ရွာထဲမှာ ရှိတဲ့ ကြောင်တွေရော အဲလိုလိမ္မာလားဟင်…………. ဟီးဟီး နောက်တာနော် ချိတ်ချိုးနဲ….. 😀
အဲဒီကြောင်က သူအိမ်သာသွားချင်လို. အိမ်သာတံခါးပိတ်ထားရင် တချိန်လုံးအော်နေတယ်ဆိုပဲ…
ပို.စ်တင်ချင်လွန်းလို. ကြောင်အီးပါတာတောင် သေသေချာချာ စောင့်ရိုက်ရတဲ့ အဖြစ်ကိုရောက်နေပါပေါ့…
နောက်များ အခါအခွင့်သင့်ရင် ဖက်တီကပ်(Fattycat) အိမ်သာတက်တာလဲ ချောင်းရိုက်ပြီး တင်ဖို. အစီအစဉ်ရှိပါတယ်… ဟီးဟီးဟီး……….. 😛 😀
26 comments
Khaing Khaing
March 5, 2012 at 2:31 pm
ဟယ် လိမ္မာလိုက်တာ မိတိုက် ညည်းနဲ့တော့တစ်ခြားစီပါပဲအေ …ကွာပ ကွာပ ကြောင်ရုပ်ကတော့ ညည်းနဲ့ခပ်ဆင်ဆင်ပဲ သူများအီးအီးပါတာသွားချောင်းကြည့်စရာလား …..အဟိ ဟိ
Shwe Tike Soe
March 5, 2012 at 2:39 pm
ချောင်းကြည့်ယုံတင်မဟုတ်ဘူး… ဟိုဒင်းလေးပါ ကျုံးလာခဲ့တယ် အခိုင်အတွက်..
အခုတော့ မအားသေးလို. အခြောက်လှန်းထားတယ်.. မန်းလေးက ပြန်လာရင် လက်ဆောင်ပေးမယ်. ဟိဟိ
Rose Minn
March 5, 2012 at 2:32 pm
တယ်လိမ္မာတဲ့ကလေး လေးတော့။ ဖက်တီးကပ်ကို လဲအဲလိုရိုက်လိုက်။ ဆက်ဆက်။ သူလိမ္မာလား ကြည့်ရအောင်။ ကြောင်မျိုးနွယ်တွေကို ရန်စပြန်ပြီ တိုက်တိုက်တို့တော့
htoosan
March 5, 2012 at 2:33 pm
တော်သေးတာပေါ့ အိမ်သာ က ဗမာထိုုင်မို့လို့ .. ဘိုထို်င်ဆို ဒီကောင်လည်း ဒုက္ခရောက်ပြီ.
အောက်ဆုံးပုံက သူများအီးအီးပါနေတာ ဒီလူကြီးဘာ နှာဘူးလာထ တာလည်း လို့ ကြည့်နေတဲ့ ပုံစံနဲ့ပါလား …. 😀 😀
Shwe Tike Soe
March 5, 2012 at 2:44 pm
အောင်မလေး အဲဒီကြောင်က အထီနော်ဟွန်း 😀
inz@ghi
March 5, 2012 at 2:36 pm
အောင်မယ်ငီးတိုက်တိုက်ရယ်…
အဲ့ကြောင်က အဲ့ထဲက နေတက်လာပီး
ညည်း အိပ်ယာပေါ်လာလူးမှာတော့ မြင်ယောင်သေးမိသပေါ့..
အာဟိ….
😀
Shwe Tike Soe
March 5, 2012 at 2:46 pm
အမယ် မိဂီ ညည်းထက်တောင်သန်.သေးတယ် ဟိုကြောင်က သူကိစ္စပြီးရင် အိမ်သာခွက်လေးကို ဖင်လေးနဲ. ပွက်ဆွဲသုတ်သေးတာတော့…
မဂီတောင် ကိစ္စပြီးရင် တာခါတလေ မသုတ်ဘူးမို.လား ဟဲဟဲဟဲ မှန်မှန်ပြောနော်.. မရှက်နဲ. ဟိဟိ ခွိခွီ
သူရဇော်
March 5, 2012 at 2:36 pm
အမယ် မိတိုက်တစ်ယောက် ဝါသနာကြီးပုံများတော့ ကြောင်တောင်မှ ချမ်းသာမပေးဘူး……လိုက်ချောင်းတယ်……….. တောင်မ မပြောချင်ဘူးနော်…………လူဂျိုးမ
amatmin
March 5, 2012 at 2:50 pm
မောင်မောင်တိုက်ရေ..
အန်တီပဒုမ္မာတို့..ဒေါ်အိတုန် တို့ပြောနေကြတဲ့ အများသုံးအိမ်သာတိုင်းမှာ..
ဒီကြောင်ပုံလေးတွေ ကပ်ပေးထားလိုက်ရင် ကွက်တိပဲ.. 😆
Shwe Tike Soe
March 5, 2012 at 2:54 pm
ဟုတ်ပ ဦးမတ်ကြီးရယ်… ကျွန်တော်လိုက်ကပ်လိုက်ရမလား
အောက်မှာတော့
ပုံ
အမတ်မင်း လို.ထည့်မယ်နော်.. ဦးမတ်
manawphyulay
March 5, 2012 at 3:05 pm
ကြောင်ထီးဖြစ်မယ်။ ကြောင်မသာဆိုရင် အိမ်သာတက်တဲ့အချိန် ဓာတ်ပုံလာရိုက်လို့ကတော့ အော်မှာမလားမသိဘူးနော်။ ကြောင်တောင် စည်းကမ်းရှိတယ်။ ခွေးများသာ သေးပေါက်ရန်မှာ ကြောင်ပုံသွားကပ်ထားရမယ်ထင်တယ်။
kyeemite
March 5, 2012 at 3:31 pm
ကိုရင်ရွှေတိုက်စိုးရေ..မနက်ကဖုန်းနဲ့ပြောပေးလို့စမ်းကြည့်တာအဆင်မပြေဘူးဗျ..
နေ့ခင်းတစ်နာရီလောက်မှ အလိုလိုပြန်ကောင်းပီး ဖွင့်လို့ရတော့တယ်..ရှဲရှဲပါ..
လိမ်မာတဲ့ကြောင်လေးပေဘဲ..ကျွန်တော်ကတော့ကြောင်မွေးတာဝါသနာ
မပါဘူးဗျို့..
Shwe Tike Soe
March 5, 2012 at 4:08 pm
ဟုတ်တယ် ကိုမိုက် ကျွန်တော်လဲ ဝါသနာမပါပါဘူး.. ဒါပေမယ့် ပို.စ်တင်ဖို.အတွက်ကတော့ မချစ်လဲအောင်နမ်းရမှာပဲလေ… ဟိဟိ 😀
နောက်လဲ ဖုန်းဆက်နော်… တွေတဲ့အခါကျမှ တစ် call ကို ၂ဝ ကျပ်တောင်းမယ် ဟိဟိ
ကိုပေါက်(မန္တလေး)
March 5, 2012 at 3:56 pm
အဲဒီကြောင်ချေးယူလာတာမဟုတ်ဘူး။
စည်းကမ်းမရှိတဲ့အကောင်တွေကို ကျွေးရအောင်လို့။
eipu
March 5, 2012 at 3:59 pm
လိမ္မာလိုက်တာ။
မွေးရကျိုးနပ်တယ်နော်
ခပ် KING ကင်း
March 5, 2012 at 4:36 pm
ရွာထဲမှာ ဒီပုံဆိုအရ လိမ္မာပြီး စည်းကမ်းရှိရင် မဖြစ်တော့ဘူး
နောက်ပြီး မလိမ္မာ စည်းကမ်းမရှိရင်လဲ အရိုက်ခံရအုံးမယ်
ဟူးးးးးးးးးးးး
တော်တော်မလွယ်တာပဲ
ဘာလုပ်ရင်ကောင်းမလဲ 😆
ဦးဦးပါလေရာ
March 5, 2012 at 5:43 pm
အံ့ဖွယ်သုတပါတကား…
အဲဒီကြောင်ကိုလဲ ချီးကျူးပါတယ်။
အဲဒီကြောင်ကို ကျကျနနသင်ပေးနိုင်ခဲ့သူ (ကြောင်ပိုင်ရှင်ဖြစ်မယ်) ကိုလဲ အထူးချီးကျူးပါတယ်။
ရန်ကုန်တိုက်ခန်းနေသူတွေ ကြောင်မွေးရမှာကြောက်တာ (ဥပမာကျုပ်)
အဲဒီ အီအီးကိစ္စကြောင့်ပဲ။ အိမ်သာခွက်ထဲတည့်တည့်မဟုတ်တောင် အညစ်အကြေးစွန့်ရင် အိမ်သာခန်းထဲသွားစွန့်ရင်ကို တော်တော်အဆင်ပြေနေပါပြီ။
water-melon
March 5, 2012 at 6:38 pm
ဘိုးတော်ရွှေတိုက်ကရော
အီးပါချင်ရင် အုပ်ထိန်းသူကိုခေါ်တာလား 😆
ဘယ်လိုခေါ်တာလဲဟင်
ညောင် ညောင်လို့လား
ဘိုးတော် အီးပါတဲ့ပုံလေးလဲ ရိုက်ခဲ့အုန်းလေ ဟီဟီ
မြင်ရောင်သေး
Shwe Tike Soe
March 6, 2012 at 10:12 am
ညည်းကို ငါ နှစ်ယောက်ထဲတွေ.မှ ပြမယ်.. သေဖို.သာပြင်.. ကြည့်ရဲအောင်ကြည့်နော်…
😀
မဟာရာဇာ အံစာတုံး
March 5, 2012 at 6:59 pm
ကြောင် အီးအီး ပါတာကို သွားစောင့်ရိုက်တဲ့ ကိုရွှေတိုက်စိုး ရေ …….
တစ်ခုလောက်တော့ တောင်းဆိုပါရစေ …
ရွာထဲက ကြောင်တွေ အီးအီး ပါတာကိုလည်း ရိုက်ပြီး တင်ပေးပါဦးလို့ …
ပီးဒေါ့ …
ဗြဲသီး အီးအီး ပါနေတဲ့ ပုံလေးကိုလည်း သွားစောင့်ရိုက်ပြီး တင်ပေးပါဦးဂျို့ …. လို့ ..
😀
Shwe Tike Soe
March 6, 2012 at 10:24 am
ဟုတ်ကဲ့ အခု စီစဉ်နေပါတယ်…ဗျာ. ရွာထဲကကြောင်တွေ ဘယ်မှာနေတာလဲ အရင်စုံစမ်းပြီး တူတို.အိမ်တွေမှာ
CCTV ခိုးတပ်မလို. စီစဉ်ထားပြီးပါပြီ…ဟီးဟီးဟီး
ဖရဲသီကို တော့ ကျွန်တော် မန်းလေးရောက်တုန်း သွားရိုက်ပြီးတင်ပေးပါမယ်…
TTNU
March 5, 2012 at 7:26 pm
ရွှေတိုက်စိုးရေ..
လေ့ကျင့်ထားလို့ ဒီလိုလိမ်မာနေတာနေတာနေမှာ။
သူအီအီးပါရမဲ့နေရာကို ပြပြီး နှစ်ခါသုံးခါ ဖင်ဆောင့်ပေးရတယ်ကြားဖူးတာပဲ။
စိတ်ရှည်လက်ရှည် ဓာတ်ပုံရအောင်ရိုက်နိုင်ခဲ့တာ တော်ပါပေ့တော်။
zar ni
March 5, 2012 at 8:11 pm
လိမ္မာလိုက်တာ အိမ်ကကောင်နဲ့ကွာပါ့
windtalker
March 5, 2012 at 8:16 pm
တွေ ့ဖူးတဲ့ မြန်မာနိုင်ငံ က ကြောင်မျိုးတွေကတော့ အီးပါပြီးရင် ၊ ပါတဲ့နေရာက သဲဖြစ်ဖြစ် မြေကြီးဖြစ်ဖြစ် ယက် ပြီး ဖုုံးခဲ့တာဘဲ ။ ကိုရွှေ ့ပုံထဲက ကြောင်က အိုဗာစီး က ဘဲ ဖြစ်ရမယ် ။
FattyCat
March 6, 2012 at 11:23 am
ကြောင်မျိုးနွယ်စုုရဲ့ ဂုုဏ်သိက္ခာအား မြှင့်တင်စေရန်အတွက် တင်ပေးသော ရွှေတိုုက်ဆိုုးအား အထူးကျေးဇူးတင်ရှိခြင်း
Ma Ei
March 6, 2012 at 12:53 pm
တော်တော် လိမ္မာတဲ့ ကြောင်လေး
ဓါတ်ပုံရိုက်တဲ့ သူကို အီးပါပြရတယ်လို့…