Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရှိတော့ ရှိတယ် ရှားတယ်

Yin Nyine NwayMarch 8, 20121min57627

ဒီလူကို သတိထားမိတာကြာပါပြီ
ဓမ္မစေတီလမ်းနဲ့ လင့်လမ်းထောင့်မှာ နေတိုင်းကနေတဲ့လူတစ်ယောက် ….
ယာဉ်ထိန်းတပ်ဖွဲ့ ယူနီဖောင်းကို စမတ်ကျကျဝတ်ပြီး ကားတွေဘယ် လောက်ပဲရှုပ်ထွေးနေပါစေ၊
ယာဉ်ကြောရှင်းလင်းအောင် ကြိုးပမ်းနေတဲ့သူ့ဆီမှာ အပြုံးတွေအမြဲ တမ်းတွေ့ရပါတယ်။
ကနေတာက ရူးနေလို့တော့ မထင်ကြပါနဲ့
ယဉ်ကြောကို မရှုပ်ထွေးအောင် အမြဲပြုံးပြီး နေပူပူ မိုးရွာရွာ မနားမနေ လက်ကော ခြေပါ ပါအောင် အားနဲ့မာန်နဲ့ အလုပ်လုပ်နေတဲ့သူပါ …
သူကတော့ ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံး အမှတ်(၂)နယ်မြေ ဒု-တပ်ကြပ်ခင်မောင်မြင့်ဖြစ်ပါတယ်။
တနေ့မှာတော့ ရင်ငြိမ်းကို အလုပ်က ကိစ္စတခုနဲ့ အပြင်ကနေပြန်အလာ တက္ကစီ ကားသမားက ပိုက်ဆံ 500ကို လုံးထွေးပြီး
သူရှိတဲ့နေရာကို ပစ်ပေးတာတွေကလိုက်ပါတယ်
မနေနို်င် မထိုင်နိုင်လို့ ဘာလို့ သွားပေးရတာလဲ လို့မေးတော့
ကားသမားက သူသာ ဒီနေရာမှာ မရှိရင် ယဉ်တွေ အမြဲပိတ်နေတက်တယ်လို့ ပြောပါတယ်
သူကမတောင်းပေမဲ့ ပေးချင်လို့ကို ပေးတာလို့လဲ ပြောပါတယ်
ယာဉ်ထိန်းရဲတွေကို ကားသမား တွေချစ်ခင်တာ၊ အမြင်ကြည်တာနည်းပေမယ့် သူ့ကိုတော့ ရန်ကုန်မြို့က ကားသမားအများစု ချစ်ခင်ကြပါတယ်။
သူက တာဝန်ကျတဲ့ အချိန်တစ်ချိန်လုံးမှာ ယာဉ်ကြောရှင်းလင်းဖို့ပဲ နေပူပူ၊ မိုးရွာရွာလမ်းမထက်ကနေ ယာဉ်မောင်းတွေအားလုံးကို ကူညီပေးပါတယ်။
သူက ယာဉ်မောင်း တွေဆီက ပိုက်ဆံမတောင်းပါဘူး။
ကားသမားတွေကို မရစ်ဘူး။
မတော်တဆယာဉ်တိုက်မှုတွေ ဖြစ်ရင်တောင် သူကကူညီပေးပါတယ်။
အသားတော်ကလဲ မဲတာမှ နက်နေတာပဲ
ဒါပေမဲ့ သူ့အသားနဲ့လိုက်ဖက်စွာပဲ ယဉ်ထိန်းဝတ်စုံကို ဝက်ဆင်ပြီး အမြဲတမ်းပြုံး ရွင်နေတာ တွေ့ရတက်ပါတယ်
ထမ်ငးစားချိန် 1နာရီ ကနေ 1နာခွဲအတွင်းလေးပဲ နားပြီး
တနေကုန် တနေခန်း မနားမနေ အလုပ်လုပ်နေ တဲ့သူ့ကိုမြင်တိုင်း အမြဲ ဂုဏ်ယူ မိပါတယ်
ရှိတော့ရှိတယ် ဒါပေမဲ့ ရှားမယ်လို့ထင်ပါတယ်
ဒီလို မျိုး ဝန်ထမ်းကောင်းလေးတွေ ရှိရင် မြန်မာပြည်တော်တော် တိုးတက်မယ်လို့ထင်မိတာတော့အမှန်ပါပဲ

27 comments

  • windtalker

    March 8, 2012 at 7:37 pm

    ရွာသူတစ်ယောက်ရဲ ့စူးရှသောအမြင်ကြောင့် ၊ ရန်ကုန်မြို ့ ကားမောင်းသူများ၏ ချစ်ခင်ခြင်း ကို ခံရသူ ဒုတပ်ကြပ် ခင်မောင်မြင့် ကို ကျွန်ုပ်ကပါ ဂုဏ်ပြုပါ၏ ။

  • water-melon

    March 8, 2012 at 7:41 pm

    တွေ့လိုက်တယ်
    ဘယ်မှာလဲမသိ
    ဂုဏ်ပြုဆုုရော ပေးတယ်ဆို ဟုတ်လား
    ဒုတပ်ကြပ်ခင်မောင်မြင့်ကို ဂုဏ်ပြုပါ၏

  • Mလုလင်

    March 8, 2012 at 7:45 pm

    စိတ်ရင်း နဲ့ ဂုဏ်ပြုပါတယ်။ တစ်နေ့ တစ်ခေါက် အဲ့ဒီ့နားက ဖြတ်ရတာမို့ … တကယ်ကို စိတ်ရင်းနဲ့ ဂုဏ်ပြုပါတယ်။
    လေးစားစွာဖြင့်
    Mလုလင်

  • blackchaw

    March 8, 2012 at 7:49 pm

    ဒီလို ဝန်ထမ်းကောင်းတွေကိုလည်း
    အခုလို ဖေါ်ထုတ်ရေးသားတာ မင်္ဂလာ တစ်ပါးပါ ခင်ဗျာ။
    သာဓု သာဓု သာဓု ပါ ဒုတပ်ကြပ် ခင်မောင်မြင့် ခင်ဗျာ။
    သာဓု သာဓု သာဓု ပါ ရင်ငြိမ်းနွေ ရေ။
    😀

  • နာမည်က ဒုတပ်ကြပ်-ခင်မောင်မြင့် တဲ့လားဗျ ..
    အဲဒီလူက တစ်ကယ် အလုပ်လုပ်တဲ့ လူပါဗျ …
    နွံအိုင်ထဲက ကြာတစ်ပွင့် လို့တောင် တင်စားလိုက်ချင်ပါရဲ့ဗျာ …
    မျက်နှာထားကလည်း ပြုံးပြုံးလေးနဲ့ ..
    ဖြစ်သင့်တာက အဲလို လူမျိုးကို မော်တော်ပီကယ်ချုပ် ခန့်အပ် တာဝန်ပေးထားရမှာဗျ ..
    ကျနော်လည်း ဒီနေရာကနေ လေးစားကြောင်း ပြောပါရစေ ဒုတပ်ကြပ်-ခင်မောင်မြင့် ခင်ဗျာ ….

  • ဒီလို ကိုယ်ကျိုးစွန် ့ပြီး အများပြည်တွက်အနစ်နာခံတတ်သော ပြည်သူ ့ဝန်ထမ်းကောင်း
    ကိုခင်မောင်မြင့် ကိုဂုဏ်ပြုလိုက်သည်။ရခိုင်တမျိုးသားလုံး၏ ဂုဏ်သိက္ခာကို မြှင့်တင်ရာ
    ရောက်သလို၊နိုင်ငံနှင့်အဝှမ်း ပြည်သူ ့ငွေကိုစားနေရသော အခြားအကျင့်ပျက် ဝန်ထမ်းများ
    နမူနာယူစရာအဖြစ် ရပ်တည်သွားခဲ့ပါပီ။

  • အမေရိကန်ငတုံး

    March 8, 2012 at 8:20 pm

    ဟိုက်ရှားပါး 😥 မြန်ချက် ကျွန်တော်လည်းဖေ့(စ်)ဘွတ်မှာတွေ.ပီးကြိုက်လို.ပို(စ်)
    တင်မလို.ဟာကို :mrgreen: ရွာသူတွေတယ်လက်သွက်ကျပါလား

    • Yin Nyine Nway

      March 10, 2012 at 7:54 am

      အဲဂလို ထင်ပါနဲ့ဗျား…
      ဒူ့အကြောင်းလေး ရေးချင်နေတာကြာပြီရှင့်…
      တကယ်ဂုဏ်ပြုထိုက်တဲ့သူလေးမလို့ ဦးစွာ ဂုဏ်ပြုပေးလိုကတာပါ…:)

  • ကိုရင်မောင်

    March 8, 2012 at 8:25 pm

    ဒီလိ်ုဝန်ထမ်းကောင်းတွေရှိနေတာ
    သိရတဲ့အတွက်ဝမ်းသာပါတယ်…..

  • TTNU

    March 8, 2012 at 9:05 pm

    တကယ်တော့ ဒီလိုဝန်ထမ်းကောင်းတွေရှိနေတာကို
    အခုလို ထုတ်ဖော်ပေးသူတွေ ကျေးဇူးကြောင့်သိခွင့် ဖတ်ခွင့်ရတာ
    သိပ်ကျေနပ်မိပါတယ်။ တော်တယ် ယဉ်နှင်းနွေရယ်။

  • aye.kk

    March 8, 2012 at 9:10 pm

    စိတ်ခြင်း၊အမြင်ချင်း၊စရိုက်ခြင်းကွဲပြားခြားနားကြပါတယ်..
    ဒါကြောင့်လူလူခြင်းမတူ၊အသက်ရှူခြင်းကွဲပြားတယ်လို့..
    ရှေးလူကြီးတွေဆိုတဲ့စကားကိုကြားဘူးနားဝရှိထားခဲ့ပါတယ်..
    နိုင်ငံတော်အနေနဲ့လည်း၊ဒီလိုစိတ်ကောင်းစေတနာကောင်းထားရှိတဲ့..(ဒုတပ်ကြပ်-ခင်မောင်မြင့်တို့လို)
    လူတော်လူကောင်းများများတို့အားမွေးထုတ်ပေးနိုင်ဖို့လိုအပ်လှပါတယ်..။

  • htoosan

    March 8, 2012 at 9:15 pm

    သူ့ အကြောင်း မကြာခဏ ရေးကြပါတယ် ။ ဂျာနယ်တစ်ခုမှာလည်း လွန်ခဲ့တဲ့ နှစ်လ သုံးလ လောက်ကရေးခဲ့ကြတယ် ..ရေးပုံရေးနည်းကလည်း တူနေသလိုဘဲ။
    အမှန်လည်း ဟုတ်ပါတယ် ။ အဲ့ဒီ့ ရဲ လေးရောက်လာတဲ့ နောက်ပိုင်း အလွယ်တစ်ကူ လင့်လမ်းကနေ ထွက်လို့ ရလာတယ် ။

  • နွေဦး

    March 8, 2012 at 10:01 pm

    ယာဉ်ထိန်း ရဲဘော် တွေကို လူတွေ မကြည်ဖြူ ကြတာ အမှန်ဘဲ..
    တပ်မတော်သားတွေကိုလဲ လူထု မကြည်ဖြူကြပါဘူး..
    မကြည်ဖြူတာ မုန်းလို့ မဟုတ်ဘူး.. သူတို့ရဲ့ လုပ်ရပ်တွေကြောင့်ပါ..
    အခုကိစ္စမှာဘဲကြည့်မယ်ဆို သိသာပါတယ်..
    သူ့တာဝန်သူလုပ်မယ်..အခွင့်အရေး မရှာဘူး ..တာဝန်ကျေတယ်..
    ငါရမှ လုပ်ပေးမယ် ဆိုတဲ့ စိတ်မရှိဘူး…ဆိုရင်…
    အားလုံး စိတ်ချမ်းသာ ကြရမှာ…လက်တွေ့ ပါနော်..

  • padonmar

    March 8, 2012 at 10:08 pm

    ET တင်တဲ့ မော်တော်ဆိုင်ကယ်စီးချင်တယ်(ဖေဖော်ဝါရီ ၁၃ သူ့မွေးနေ့နားတုံးက) post မှာ ပါဖူးတယ်။

    • Ma Ei

      March 9, 2012 at 12:03 pm

      ဟုတ်ပါတယ်..ET ရဲ့ Post ထဲမှာ ဓါတ်ပုံပါတယ်..
      သူတော်ကြောင်း Comment ပေးမိသေးတယ်…
      ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်းအတွက် ပီတိဖြစ်မိပါတယ်…

  • Oo Oo

    March 8, 2012 at 10:13 pm

    ဒုတပ်ကြပ် ခင်မောင်မြင့် ရဲ့ တာဝန်ကျေပွန်မှုကို ကျနော်ဦးဦးကလည်း လေးစားစွာဝင်ရောက်ဂုဏ်ပြုပါ၏။

    ဂုဏ်ပြုထိုက်သူတွေကိုရှာဖွေဖေါ်ထုတ်ပြီး ဂုဏ်ပြုတတ်ခြင်းဟာ ပိုမိုကောင်းမွန်သောလူ့အဖွဲ့အစည်းဆီသို့
    ဦးတည်စေနိုင်တဲ့အတွက် အလွန်ကောင်းမွန်သောလုပ်ရပ်အဖြစ်ရှု့မြင်မိပါသည်။
    ဆက်လက်ပြီးလည်းမိမိပတ်ဝန်းကျင်မှာမြင်တွေ့ သိရှိမိသမျှ စံပြထိုက်သူများကို ရှာဖွေဂုဏ်ပြုကြပါစို့။

  • ဦးဦးပါလေရာ

    March 8, 2012 at 10:31 pm

    မကောင်းတဲ့ဝန်ထမ်းတွေကိုလဲ မကောင်းသလို ဖေါ်ထုတ်သင့်ပါတယ်။
    အခုလို ကောင်းတဲ့ ဝန်ထမ်းကောင်းတွေကိုလဲ ကောင်းသလိုဖေါ်ထုတ်ရေးသားသင့်ကြပါတယ်။
    တိုင်းပြည်ပြုပြင်ရေးမှာ ဒီနည်းနဲ့ တတပ်တအား ပါဝင်နိုင်ကြပါတယ်။

    ယာဉ်ထိန်းရဲတွေဆိုတာလဲ
    အများစုက ပိုက်ဆံတောင်းဘို့ ဒုက္ခပေးဘို့ ရစ်ဘို့ပဲလုပ်နေကြလို့ လူတွေအမြင်မကြည်ကြတာပါ။
    တကယ်တော့ အရမ်းပင်ပန်းတယ်။ ကျန်းမာရေးထိခိုက်ခံပြီး နေပူမရှောင် မိုးရွာမရှောင် လုပ်ကြရတာ။
    အလုပ်ချိန်ကလဲ သူများနိုင်ငံနဲ့မယှဉ်သာအောင် အရမ်းများတယ်။
    ဒီအလုပ်မျိုးက တဆက်ထဲ လေးနာရီထက်ပိုမလုပ်သင့်ဘူး။
    ဒီကယာဉ်ထိန်းရဲတွေမှာ အတိုင်းအတာမရှိ ခိုင်းသလိုလုပ်ရတာ။
    ပျမ်းမျှတရက်တသောင်းမကရတဲ့ သူတောင်းစား အလွန်များပေမယ့်
    ပျမ်းမျှတရက်တသောင်းရတဲ့ ယာဉ်ထိန်းရဲ(ရိုးရိုး) အလွန်နည်းတယ်။
    ရတယ်ထားဦး ကလေးနှစ်ယောက်ရှိရင် စားလို့တောင်မလောက်ဘူး။
    လမ်းပေါ်မှာ ငါးနှစ်လောက်နေပြီးလို့ ရောဂါတွေနဲ့ ထိုင်သွားပြီဆိုရင်တော့ ဆောရီးပဲ…။

  • surmi

    March 9, 2012 at 12:38 am

    ရဲစခန်းတစ်ခုမှာ ထမင်းမပို.နိုင်တဲ.တရားခံကိုထမင်းကြွေး ၊ ရုံးထုတ်တဲ.အချိန်မှာ မိသားစုလိုက်မလာနိုင်ရင်
    စားရေးသောက်ရေးစီစဉ်ပေးတဲ.၊ဒုရဲအုပ် တစ်ဦးနဲ. မိတ်ဆွေဖြစ်ဘူးတယ်။သူလိုလူလဲရှားပါလိမ်.မယ်
    ဒါပေမဲ. ဆုံးသွားခဲ.ပါပြီ။

  • kyawmonkhant

    March 9, 2012 at 8:04 am

    ဒီပို့စ်နဲ့ပတ်သက်တဲ့ သတင်းလေးဖြစ်လို့ ဒီမိုကရက်တစ်မြန်မာ့အသံကတင်ဆက်ထားတာကို drlunswe.blogspot.com မှ ကူးယူပြီး မဖတ်ရသေးသူများသိအောင် ထပ်ဆင်မျှဝေလိုက်ပါတယ်။

    7 Day News ဂျာနယ်က သူရဲကောင်းဆုများ ချီးမြှင့်
    Published on March 8, 2012 by ရွှေအောင် · No Comments
    7 Day News ဂျာနယ် က ၂၀၁၁ ခုနှစ်အတွင်း အများပြည်သူ အကျိုးအတွက် အနစ်နာခံ စွမ်းဆောင်ခဲ့ကြတဲ့ လူပုဂ္ဂိုလ်သုံးဦးနဲ့ အဖွဲ့အစည်းနှစ်ခုကို သူရဲကောင်းဆု ရွေးချယ် ချီးမြှင့်ခဲ့ပါတယ်။

    ဆုချီးမြှင့်ခံရသူတွေကတော့ ရန်ကုန်တိုင်း၊ ယာဉ်ထိန်းဌာနက ဒုတပ်ကြပ်ခင်မောင်မြင့်၊ ​မြောက်​ယ​မား​​ချောင်း ရေကြီးစဉ်က သက်စွန့်ဆံဖျား ကယ်တင်ခဲ့တဲ့ ယင်းမာပင်မြို့နယ်၊ ရွှေပန်းခိုင် ရွာသားဦးနိုင်လင်းနဲ့ တူဖြစ်သူ မောင်ထွန်းထွန်းဝင်း၊ စစ်ပြေးဒုက္ခသည်တွေကို ကူညီခဲ့သူ မွန်ဂါခရမ် အသင်းတော်က ဓမ္မဆရာ ဦးမျိုးလတ်၊ မင်္ဂလာတောင်ညွန့် မီးလောင်မှုကို အသက်စွန့်ငြိမ်းသတ်ခဲ့ကြတဲ့ ရန်ကုန်တိုင်း မီးသတ် တပ်ဖွဲ့။ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေး ခက်ခဲသူများကို လှူဒါန်းဖို့ လူတယောက် ငွေတထောင် ကျပ်စီ စုပြီး ဖွဲ့စည်းထားတဲ့ One More ပရဟိတ အဖွဲ့တို့ ဖြစ်ပါတယ်။

    နိုင်ငံတကာ သတင်းဌာနကြီး တခုဖြစ်တဲ့ စီအန်အန် သတင်းဌာနက ပေးတဲ့ စီအန်အန်ဟီးရိုးဆု ဆိုတာကို နှစ်သက်လို့ ဆဲလ်ဗင်းဒေး သူရဲကောင်းဆု ဆိုတာကို ပေးအပ်တာ ဖြစ်တယ်လို့ သိရပါတယ်။

    ဆုတံဆိပ်နဲ့အတူ ငွေကျပ် ၃ သိန်းကို မတ်လ ရ ရက်နေ ့က ချီးမြှင့်ခဲ့ပြီး၊ နောင်နှစ်တွေမှာ လည်း သူရဲကောင်းဆုတွေ ဆက်လက် ချီးမြှင့်သွားမယ်လို့ သိရပါတယ်။

  • thet pying phyo

    March 9, 2012 at 8:49 am

    i see that police at there. He is very clever and very smart.

  • ကြောင်ကြီး

    March 9, 2012 at 9:37 am

    သူ့ပုံနဲ့ ဆဲဗင်းဒေးဂျာနယ်က ဆုချီးမြှင့်တဲ့သတင်း အင်တာနက်မှာ ဖတ်လိုက်ရတယ်။ ကွန်ဂရက်ကျူလေးရှင်းပါ ကိုခင်မောင်မြင့်ခင်ဗျား…။

  • tayoke malay

    March 9, 2012 at 9:40 am

    ဟုတ်ပ ကျမလည်း သူ့ကိုအဲဒီနားဖြတ်သွားတိုင်း သတိထားမိတယ် အသားကတော့ မည်းနေတာဘဲ ဒါပေမယ့် သူ့ကိုကြည့်လိုက်တိုင်း ပြုံးပြုံး ပြုံးပြုံး နှင့် ကားတွေကို ရှင်းပေးနေတာ တော်တော်ကျေးဇူးတင်ဖို့ကောင်းပါတယ် သူ့တာဝန်သိတတ်မှုအတွက်လည်း ချီးကျူးပါတယ် အခြားနိုင်ငံ့ဝန်ထမ်းအားလုံးလည်း သူ့လို အတုယူနိုင်လျှင် တော်တော်ကောင်းမှာပါ

  • မိုးချမ်းမြေ့

    March 9, 2012 at 10:08 am

    စိတ်ဓါတ်ကောင်းတယ်ရဲဘော်ယာဉ်ထိန်းတစ်ယောက်ဆိုတာ

    လွန်ခဲ့တဲ့…ငါးလလောက်ကတည်းက..သိနေပေမယ့်…

    ရင်ငြိမ်းလို…သတိမရဘူး…။ ကျေးဇူးတင်ပါရဲ့ဗျာ..။ သာဓုလည်းခေါ်ပါတယ်။

  • kyeemite

    March 9, 2012 at 11:41 am

    ကိုခင်မောင်မြင့်ခင်ဗျား…ဂုဏ်ယူပါတယ်..

  • Pearl May

    March 9, 2012 at 11:46 am

    7Day News Journal
    ရန်ကုန်မြို့ ဓမ္မစေတီလမ်းနဲ့ လင့်လမ်းထောင့်မှာ နေတိုင်းကçနေတဲ့လူတစ်ယောက်ကို ပရိသတ်ကြီး တွေ့ဖူးကြပါလိမ့်မယ်။ ယာဉ်ထိန်းတပ်ဖွဲ့ ယူနီဖောင်းကို စမတ်ကျကျဝတ်ပြီး ကားတွေဘယ် လောက်ပဲရှုပ်ထွေးနေပါစေ၊ ယာဉ်ကြောရှင်းလင်းအောင် ကြိုးပမ်းနေတဲ့သူ့ဆီမှာ အပြုံးတွေအမြဲ တမ်းတွေ့ရပါလိမ့်မယ်။ သူကတော့ ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံး အမှတ်(၂)နယ်မြေ ဒု-တပ်ကြပ်ခင်မောင်မြင့်ဖြစ်ပါတယ်။ ရိုးရိုးသားသားပြောရရင် ယာဉ်ထိန်းရဲတွေကို ကားသမား တွေချစ်ခင်တာ၊ အမြင်ကြည်တာနည်းပေမယ့် သူ့ကိုတော့ ရန်ကုန်မြို့က ကားသမားအများစု ချစ်ခင်ကြပါတယ်။ သူက တာဝန်ကျတဲ့ အချိန်တစ်ချိန်လုံးမှာ ယာဉ်ကြောရှင်းလင်းဖို့ပဲ နေပူပူ၊ မိုးရွာရွာလမ်းမထက်ကနေ ယာဉ်မောင်းတွေအားလုံးကို ကူညီပေးပါတယ်။ သူက ယာဉ်မောင်း တွေဆီက ပိုက်ဆံမတောင်းပါဘူး။ ကားသမားတွေကို မရစ်ဘူး။ မတော်တဆယာဉ်တိုက်မှုတွေ ဖြစ်ရင်တောင် သူကကူညီပေးပါတယ်။ ယာဉ်ထိန်းရဲတွေအပေါ်လူတွေရဲ့အမြင်ပြောင်းလာအောင် ရိုးသားပြီး အလုပ်ကြိုးစားတဲ့၊ ပြည်သူလူထုကို အကောင်းဆုံးဝန်ဆောင်မှုပေးတဲ့ ဒု-တပ်ကြပ် ခင်မောင်မြင့်ကို ၂၀၁၁7Day News သူရဲကောင်းဆုချီးမြှင့်ဖို့ ရွေးချယ်ပါတယ်။
    အဆိုပါဆုကို ဦးတိုးနိုင်မန်း (ပြည်သူ့လွှတ်တော်ဥပပေရေးရာနှင့်ထူးခြားဖြစ်စဉ်များ လေ့လာစီစစ်သုံးသပ်ရေးကော်မတီဝင်)က တက်ရောက်ချီးမြှင့်ပေးခဲ့ပြီး ဒုတပ်ကြပ်ခင်မောင်မြင့်ကိုယ်တိုင် လက်ခံရယူခဲ့ပါတယ်။
    http://www.facebook.com/7daynews

  • Moe Z

    March 9, 2012 at 3:18 pm

    Congratulations! ဒုတပ်ကြပ်ခင်မောင်မြင့်

    မမရင်ငြိမ်းပျောက်ချက်သားကောင်းနေတယ်၊ သင်တန်းတွေနဲ့ နပမ်းလုံးနေတုန်းလား 😀

Leave a Reply