ကိစ္စထွေထူးမရှိပါဘူး
ကို ဘသာတစ်ယောက် ဂျာနယ်ကို ခုံပေါ်ပစ်တင်လိုက်မိသည်။ ဖုန်းတွေ မကြာခင်ရမယ်ဟုရေးထားသည်။ တစ်စောင်က မရနိုင်ကြောာင်းရေးသည်။ဘယ်စာကို ယုံရမလဲဟု ဘာသာတွေးမိပြန်သည်။ကိုယ်က ဆိုက္ကားသမား နင်းနိုင်မှဖြစ်မည်။ရေသည်ပြဇာတ်ထဲကလို ရေကြပ်ကြပ်ရောင်းနိုင်မှ ပြောင်းဆန်ကို ကုပ်မိမည်။
မထူးပါဘူးအိပ်ပစ်လိုက်မည်ဟုတွေးကာ ဖျာစုတ်လေးတွင် လှဲချလိုက်ပါတော့သည်။
ဟဲလို ဘသာလား နင် ဘာတွေလုပ်နေလဲ ငါရွာတောင်ပိုင်းက မိဂျမ်းလေ….နင်ဟယ် မာနတွေကြီးနေတယ်ပေါ့…..
မိဂျမ်းဆီကဖုန်းဖြစ်သည်။ အော်ငါးထောင်တန်ဆိုတော့ မိဂျမ်းလည်း ကိုင်နိုင်ပြီပေါ့။သူ့ခဗျာ လမ်းဘေးရွှေရင်အေးရောင်းနေရသူပဲ ကိုဘသာတွေးရင်း…ဟလို
အေး ဘသာပါ ဆိုက္ကားပေါ်မှာဟဲ့ ဘာထူးလို့လဲ ……….
ကိစ္စထွေထူးမရှိပါဘူး ဆက်ကြည့်တာ ဒါပဲနော်…….။မိဂျမ်းဖုန်းချသွားသည်။ တီတီ တီ……. ဟဲလို ဘသာပါ…
အေး..ဆိုက္ကာငှားချင်လို့ပါ နက်ဖြန်ကို မနက် ၅နာရီ မှန်လုံ ဂိတ်ကိုပို့ပေးနော် တင်အောင်မိုး ပါ ဒါပါပဲ ……ဟုတ်။
ဟဲလို ကို ဘသာလား ဆိုက္ကား နင်းကောင်းလား ငါရွှေဘုံသာနားမှာဈေးရောင်းတဲ့ မတူးပါ ကွမ်းယာတော့ ရောင်းအားမကောင်းဘူးဆေးသုံးတာများပြီး
ကွမ်းစားတဲ့ လူတွေရောဂါဖြစ်လို့တဲ့…….ကိစ္စထွေထူးမရှိပါဘူး ………ဟုတ်။
ဟေ့ဘသာ နင် ဘယ်လိုလဲ ငါ့ငွေကို ဒီလ အတိုးမပေးဘူးနော်……ငါဒေါ်ငွေခင်ပါ…… ဟဲလို မငွေခင် ကျွန်တော်ပေးပြီးသားပါ
မဟုတ်တာဟယ် ငါ့မှာစာရင်းနဲ့ အင်းနဲ့ ….ဒါဆိုလည်းပြီးရောဗျာ …တောက်…။
ကို ဘသာကြီးလား ညနေကို အရက်ဖြူဆိုင်ကစောင့်မယ် ကျွန်တော် ခင်မောင်လေ ကြက်သမားခင်မောင်ပါ ဒီနေ့နိုင်တယ်ဗျ… ကိစ္စထွေထူးမရှိပါဘူး
ဟေ့ ဘသာ…… ငါ ပွဲစားငညို ပါ ဒီနေ့ကွာ အိမ်ကိစ္စက အဆင်မပြေဘူး ……မင်း ရော ဘယ်လိုလဲ ကိစ္စထွေထူးမရှိပါဘူး……ဒါပဲနော်။
ကို ဘသာတစ်ယောက် ခါးတွင် ဖုန်းချိတ်ပြီးဆိုက္ကားနင်းနေရသည်။ ဖုန်းကလည်း တစ်ယောက်ပြီးတစ်ယောက် ဟူး …မလွယ်ပါလား ငါးထောင်ရှိရင် ဖုန်းကိုင်လို့
ရတိုင်း ဆက်ချင်တိုင်းဆက်နေကြသည်။ နေ့ပြန်တိုးသမားကလည်း ဖုန်းနဲ့တောင်းလိုတောင်း ဝက်သားတုတ်ထိုးရောင်းတဲ့ သူကလည်း အကြောင်းမရှိအကြောင်းရှာဆက် မြို့ကျည်းပေလို့ ပဲ ဖုန်းတစ်ဖက်ပြော ဆိုက္ကားတလည်းဂရုစိုက်နင်းရ ခက်ပြီ။လမ်းမှာ ဆိုင်ကယ်နဲ့ ကားကိုလည်းဂရုစိုက်ရှောင်ရ
တီတီတီ …..သောက်ခွေး ဘယ်သူဖုန်းများလည်း …ဟဲလို
တော့် ကို ဘသာ…ဈေးဖိုးလာပေးလှည့်လေ ရှင်ဟာလေးတွေက မုန့်ပူဆာနေပြီ တော်ထွက်သွားတာမနက်၆နာရီကတည်းက ခုထိ ပိုက်ဆံမရသေးဘူးလား ဒါပဲ…
မိန်းမကလည်းဖုန်းဆက်နေပြီ ဈေးဖိုး တဲ့။ တီတီတီ…….. ဟိုက် ကို ဘသာ ဆိုက်ကားပေါ်တက်လိုက်တာနဲ့ ဖုန်းသံကမြည်လာသည်။
ဟေ့ဘသာ မနေ့က ငါ့ဆီကပိုက်ဆံချေးထားတာ လာပေးမယ်ဆို မင်း ကိုတင်အရက်ဆိုင်မှာလေ….ဒါပဲကွာ ဒီညနေတော့ပေးကွာ ကိစ္စထွေထူးတော့ မဟုတ်ပါဘူး
တီ…တီ….ဟဲလို ဘသာပါ ..ဆိုက်ကားဆရာ ဘသာပါ..ပြောပါ
ဟာဟေ့ကောင်ငါချက်ကြီးပါ မခွေးမယောက်ျားလေ တစ်ရွာထဲသားတွေ ကွာ မင်းမေ့နေပြီလား ရွာကဆက်နေတာပါ…မင်းတို့ မိသားစုနေကောင်းကြလား
ကိစ္စထွေထူးမရှိပါဘူးကွ ာ…ဒါပဲ..ဒါပဲ ဖုန်းဆက်ကွာ နော်။
တီတီ..တီ၊…တီတီ.. ဆိုက်ကားက လမ်းဆုံကိုရောက်နေလို့ သတိထားနင်းနေရသည်။ဖုန်းက လာနေသည်။ ကို ဘသာခါးကြားကဖုန်းကို ထုတ်လိုက်သည်။
ဟဲလို……… ဘ..သာ..ပါ။
အော်ကို ဘသာလား ချက်စူမလေ…. ရွာသာရွာကလေ မေ့နေပြီလား မြို့သူနဲ့ ရတော့လည်း မေ့နေလောက်ရောပေါ့…..
ကိုဘသာ စိတ်လုပ်ရှားသွား၏။ငယ်ကချစ်ရသော ချက်စူမပေပဲ ခရီးသည်တင်ထားသောကြောင့် ဆိုက္ကားကလည်း ဂရုစိုက်နင်းနေရသည်။ ဂုံးကျော်မို့ အားစိုက်နင်းရသည်။
အင်းပါ ..ငါ ဟဲ မမေ့..ဟဲ ပါဘူး ဟဲ …..။
မမေ့ရင်ပြီးတာပဲ ကိစ္စထွေထူးမရှိပါဘူး …ဒါပဲနော်။
ကိုဘသာဖုန်းခလုတ်ကို ပိတ်လိုက်သည်။ အင်း ငါးထောင်တန်ဖုန်း…ငါးထောင်တန်ဖုန်း သူလွှင့်ပစ်လိုက်တော့သည်။ ဖုန်းက လမ်းလျှောက်လာသော ဘောင်းဘီတို
ဝတ်ကောင်မလေး၏ တင်ပါးကို သွားမှန်သည် ထိုကလေးမလေးက ဖုန်းပြောရင်နှင့်လန့်အော်သည်။
အား …….
ကို ဘသာလန့်နိုးသွားလေတော့သည်။ အော် ငါးထောင်တန်ဖုန်း အိပ်မက်ပါလား…..
ကိစ္စထွေထူးမရှိပါဘူးလေ။
14 comments
htet way
March 9, 2012 at 9:26 am
ငါးထောင်တန်ဖုန်းကိုပြည်သူတွေလိုလားနေချိန်မှာ အဖျက်သဘော မဟုတ်ရပါခင်ဗျား
ရယ်စရာ သဘောသာရေးလိုက်ရခြင်းဖြစ်ပါကြောင်း။
၅၀၀ဝတန်ဖုန်းကို ကျွန်တော်လည်းလိုလားပါကြောင်း
water-melon
March 9, 2012 at 10:41 am
ဟွန့် မှန်စရာရှားလို့
ဘောင်းဘီတိုဝတ်ကောင်မလေး၏ တင်ပါးကိုမှသွားမှန်ရသလား 😆
5000 ဖုန်းသာ ချပေးလို့ကတော့ ကျုံးကိုပတ်ပြေးလိုက်မှာ။
inz@ghi
March 9, 2012 at 1:03 pm
၅ထောင်တန်ဖုံး အိပ်မက်ကို
အားပေးသွားတယ် ဆြာထက်ရေ….
ကိစ္စထွေထူး မရှိပါဘူး …ဟုတ် …
ဒါပဲနော်….
😀
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
March 9, 2012 at 1:30 pm
ဟီး. ဆရာထက်ပြောမှဖြင့်ဗျာ ကိစ္စတော့ထွေထူးမရှိပါဘူးဖြစ်ရော။
ဆရာထက်အတွေးနဲ ့အရေးကောင်းပေါ့ဗျား။
TTNU
March 9, 2012 at 1:38 pm
ကိုထက်ဝေးရေ…
လှပသောအိပ်မက်လေးပါလား။
ကိုရီးယားကားထဲကအတိုင်းပဲနော်။
kyeemite
March 9, 2012 at 2:35 pm
လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာတတ်ဆင်ထားခြင်းမရှိသေးပါရှင်…
htet way
March 9, 2012 at 4:09 pm
ဟလို…….ကိုဘလက်လား ..ကိစ္စထွေထူးမရှိပါဘူးညနေ ဆိုင်မှာတွေ့မယ်
ဟလို ဦးဦး ပါလေရာလား …… ညနေအားလား ရွာထဲရောက်သေးလား ကိစ္စထွေထူးမရှိပါဘူး
ဟလို ဦးနေးချားလား ဘုရားပွဲ စည်ရဲ့လား….. အင်း ကိစ္စထွေထူးမရှိပါဘူး
ကိုရင်လား ..ညီမပါ သွားတိုက်ဆေးကောင်းကောင်းသုံးနေပါပြီ ..ဒါပဲနော်
ကို ကမ်းကြီးလားး…ရွာက ချက်စူမပါ သတိရတယ်..ကိစ္စထွေထူးမရှိပါဘူး
ကိုကိုဂီလား…ညီမပါ ဟိုတစ်နေ့က ကိစ္စလေးပြောမလို့ပါ..ဟိုဟာပါ..အင်းကိစ္စထွေထူးမရှိပါဘူး
ကိုနာဂရလား ..ရွာထဲမမွှေနဲ့နော်…မကျေနပ်ရင် ဂစ်တာတီးပါကွယ်…ညီမဆီဖုန်းဆက်ပါ
ကိုကျီးမိုက်လား…. ဘယ်လူမှ မသိပါစေနဲ့ …ဒါလေးပြောမလို့ပါ..ကိစ္စထွေထူးမရှိပါဘူး
ကိုဖရဲ အရင်ကြွေးလေးတွေကိစ္စပါ…. ဒါပါလေ..အကြောင်းပြန်အုံး
TTNU ..လားဇာတ်ကားကောင်းတယ် ဒါပေမယ့် မင်းသားက ရွာသားထက်လောက်မချောဘူး
ကိုရီယားကို သွားခိုင်းမလားလို့ ..ဒါပဲနော်နောက်ကားသစ်ထွက်ရင် ဖုန်းဆက်လိုက်
etone
March 9, 2012 at 4:29 pm
အဆက်ဖတ်ရန် ……..
ဝတ်ကောင်မလေး၏ တင်ပါးကို သွားမှန်သည် ထိုကလေးမလေးက ဖုန်းပြောရင်နှင့်လန့်အော်သည်။
အား …….
ထိုစဉ် အမှန်ခံရသော ကောင်မလေးမှာ ဘေးဘီဝဲယာကိုကြည့်ရင်း …. ပစ်ပေါက်သည်ဟု ထင်ရှားသူ ကျွန်ုပ်ဘသာကိုတွေ့သွားသဖြင့် …. မီးဟုန်းဟုန်းတောက်သော မျက်လုံး အစုံ၊ အစိမ်းလိုက် ဝါးစားတော့မည့် ဟန်ဖြင့်ကြည့်ပြီး … ပြောလက်စလက်ထဲတွင် ကိုင်ထားသော သူမဧ။် ငါးထောင်တန် ဟမ်းဖုန်းကြီးဖြင့် အားကုန်ပစ်ပေါက်ကျီဆယ်လိုက်ရာ … ဂွက်ခနဲဟူသော အသံဖြင့် ….မျက်လုံးထဲ ကြယ်အစုံ၊ မီးပန်းအစုံလင်းသွားတော့သည် … ။
ထိုစဉ် အိပ်ယာမှ လန့်နိုးသွားပြီး …. တစ်ဆက်တည်းမှာပင် စူးရှစွာထွက်ပေါ်လာသည့် ငှက်ဆိုးထိုးသံနှင့် စိတ်ထက် လက်မြန်သူ မစ္စဘသာက ယောက်မကို ကိုင်မြှောက်ရင်း …. ဆွေ့ဆွေ့ခုန်ကာနေသောပုံရိပ်တို့ … မြင်မိပြီး …. အိပ်နေရာမှ ဖဝါးနှင့် တင်ပါး တသားတည်းကျအောင်ထပြေးခဲ့ရပါတော့သည် …. ။
😀 😀 မွှားတာ .. အဲ .. မှားတာ ရှိလျှင် ဝန္ဒာမိ 😀
htet way
March 9, 2012 at 4:46 pm
ကောင်းလိုက်တာဆရာမရယ်
နောင်..ဒီလိုရေးပါ့မယ် တခါတလေမှာ ဒီလိုထောက်ပြရမယ် ကျွန်တော်ထင်တယ် အဆုံးမှာ တော့ နည်းနည်း အားနည်းနေတယ်လို့ တကယ်ပြောတာ..ကျေးဇူး
MaMa
March 9, 2012 at 6:18 pm
ဟုတ်ပါ့ ဆရာထက်ရေ။
ဖုံးလေး စ ကိုင်ကာစကတော့ မြောက်ကြွကြွပေ့ါ။
ကြာလာတော့ (လူတစ်ယောက်ပြောဖူးသလို)
ဘယ်နေရာရောက်ရောက် ခေါ်လို့လွယ်အောင် သိနေအောင်လို့
နွားကို ခလောက်ဆွဲပေးထားသလို ဖြစ်နေတယ်။
ရောက်လေရာရာ မလွတ်လပ်လွန်းအားကြီးလို့ လွှင့်ပစ်ချင်စိတ်ပေါက်လာတယ်။ 🙁
htet way
March 9, 2012 at 8:10 pm
ကောင်းလိုက်တာ မမကြီး ဥပမာ အင်္လကာ။
အချိန်တန်တော့ ့ကျွန်တာ်တို့ ချည်တိုင်ကိုပြန်ကြရတာပါ
ချည်တိုင်မရောက်ခင် ခဏခဏဖုန်းနဲ့မေးလိုက်ပြောလိုက်
စိတ်ကုန်တယ်။
ဖုန်းဝေဒနာကို ဥပမာပြောပါတယ်။
padonmar
March 10, 2012 at 12:28 am
ဟလို ဆရာထက်
ကိစ္စထွေထူးမရှိပါဘူး။
အဆီကျ ဗိုက်ချပ်တဲ့ လိမ်းဆေးပေးမယ်ဆို။ဒါပါပဲ။
htet way
March 10, 2012 at 9:22 am
ဟုတ် ..ဒေါက်တာ… စမ်းသတ်မူအောင်မြင်ပါတယ်
ပန်းတနော်သွားတာ ဒေါက်တာ ပါသေးလား
ကိစ္စထွေထူးတော့ မဟုတ်ပါဘူး….ဖုန်းဆက်ပါ့မယ်
ကြောင်ကြီး
March 12, 2012 at 9:14 am
ကိုဘသာရဲ့
တနေ့တာ
ဆိုက္ကားနင်းခဟာ
ဟိုနွှာဒီနွှာ
ဆယ်လူလာ
လုံးပါးပါးရရှာ..။