အိုင်တီလောကမှ အဓိပ္ပါယ်များ(၂)

wunnakokoJune 8, 20102min1040

နည်းပညာတွေကို လေ့လာတဲ့နေရာမှာ အထောက်အကူဖြစ်စေရန်ရည်ရွယ်ပါတယ်။

ဖတ်မှတ်စုဆောင်းထားတာလေးတွေကို ဝေမျှပါတယ်။

ရှာဖွေလေ့လာရေးသားသူတွေကိုလည်းကျေးဇူးတင်ပါတယ်။

နည်းပညာကို ဖတ်ရှုလေ့လာသူတွေလည်း အကျိုးရှိနိုင်ပါစေ။

ARAX

ARAX(AsynchronousRuby and XML)ဟာ မိုက္ကရိုလ်ဆော့က Adobe Flash
အပါအဝင် ပြိုင်ဘက်ဝက်ဘ်နည်းပညာတွေကို ပြိုင်ဆိုင်ဖို့ထုတ်လုပ်လိုက်တဲ့
Silver light software ရဲ့ development tool တစ်ခုရဲ့အမည်ဖြစ်ပါတယ်။ ARXA
ဟာ AJAX(Asynchronous Java Script XML) နဲ့ပြုလုပ်တဲ့ interactive
application တွေကို Javascript သုံးစရာမလိုဘဲရေး သားနိုင်တဲ့ open-source
, object-oriented Ruby programming language နဲ့ရေးသားနိုင်တဲ့ tool
တစ်ခုဖြစ်ပါတယ်။

Ruby programmer တစ်ဦးဟာ တကယ်လို့ Ruby ကိုProgramming language အနေနဲ့သုံးမယ်ဆိုရင် Java Script ထဲကို contex-switching ပြုလုပ်ရမှာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိရေးနေသားနေဆဲ appကိုခဏထားပြီး အဲဒီ language ကို browser ထဲမှာရှာရမှာဖြစ်ပါတယ်။

ARAXကတော့ Silver light သုံးတဲ့ developer တွေ Rails framewok ပေါ်က Ruby app
တွေရေးသားတဲ့အခါ Java Script သုံးစရာမလိုဘဲ Rubyကိုအသုံးပြုနိုင်စေမှာဖြစ်ပါတယ်။ ARAX ကို ၂၀၀၈ မေလမှာ Ruby on Railsdeveloper တွေအတွက် ကျင်းပတဲ့ Rail conf ကွန်ဖရင့်မှာစတင်မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

Cryptography

သတင်းအချက်အလကလုံခြုံရေးသိပ္ပံပညာကိုခေါ်ဆိုတဲ့ စကားလုံးဖြစ်ပါတယ်။ဂရိစကားလုံး keyptos ကဆင်းသက်လာတဲ့ဝေါဟာရဖြစ်ပြီး၊ထိန်ချန်ထားသောလို့ အဓိပ္ပါယ်ရပါတယ်။ cryptography ဟာcryptology နဲ့ cryptanalysis စတဲ့ ဘာသာရပ်တွေနဲ့
နီးကပ်စွာဆက်စပ်လျက်ရှိပါတယ်။cryptogtaphyမှာစာသားနဲ့ရုပ်ပုံတွေပေါ်လာစေတဲ့ microdots. နည်းပညာနဲ့သတင်းအချက်အလက်တွေကို stroage ပြုလုပ်ပြီးတော့
ဖြစ်စေ လွှဲပြောင်းပြီးတော့ဖြစ်စေ ခြေရာဖျောက်ထားနိုင်တဲ့နည်းလမ်းတွေပါဝင်ပါတယ်။

ကွန်ပျူတာနည်းပညာကိုအဓိက သုံးစွဲလာတဲ့ ဒီနေ့ခေတ်မှာ cryptography နည်းပညာဟာ ပုံမှန်စာသားplaintext တွေကို cipher text အဖြစ်ပြောင်းလဲစေတဲ့ (encryption)
ခေါ်အချက်အလက်လုံခြုံရေးလုပ်ဆောင်ချက်ဖြစ်စဉ် နဲ့ ဆက်နွယ်နေတတ်ပါတယ်။cipher
text အဖြစ်ကနေ plain text အဖြစ်ပြန်လည်ပြောင်းတာကိုတော့ decryption
လိ်ု့ခေါ်ပါတယ်။ဒီနည်းပညာကို လေ့လာလိုက်စားတဲ့သူတွေကိုတော့ cryptographer
တွေလို့အမည်မှည့်ခေါ်ပါတယ်။ယနေ့ခေတ် cryptography ရဲ့ဦးတည်ချက်လေးရပ်ကတော့

(၁) confidentiality လို့ခေါ်ဆိုတဲ့ သတင်းအချက်အလက်တစ်ခုကို မသက်ဆိုင်သူ၊မရည်ညွှန်းခံရသူတွေ နားမလည်နိုင်ခြင်း။

(၂)intergrity လို့ခေါ်တဲ့သတင်းအချက်အလက် ကိုပေးဖို့သူနဲ့ ရည်ရွယ်ထားတဲ့
လက်ခံသူအကြားမှာ storage ပြုလုပ်မှု၊transit ပြုလုပ်မှုတွေကိုဝင်ရောက်ပြုပြင်တာမျိုးတွေကို
ထောက်လှန်းစူးစမ်းနိုင်ခြင်း။

(၃)non-repudiation လို့ခေါ်ဆိုတဲ့ သတင်းအချက်အလက်ကိုပေးပို့သူဟာ
ယင်းသတင်းအချက်အလက်ကို ဖန်တီးခြင်း၊ပြုပြင်ပြောင်းလဲခြင်းတွေ
ပြုလုပ်ပြီးနောက်ထပ်အဆင့်တစ်ရပ်ကိုရောက်ရှိချိန်မှာ သူ့ရဲ့ ရည်ရွယ်ချက်ကို ငြင်းဆိုမှုမပြုနိုင်ခြင်း။

(၄)
Aythentication သတင်းအချက်အလက်ပေးပို့သူနဲ့ လက်ခံသူတို့ဟာ ၎င်းတို့ရဲ့
ကိုယ်ရေးအချက်အလက်တွေကို ကိုယ်စီကိုယ်ငှအတည်ပြုနိုင်ပြီး၊သတင်းအချက်အလက်
ရဲ့ဇာစ်မြစ်ကိုလည်းအတည်ပြုနိုင်ခြင်းအစရှိတာတွေပါဝင်ပါတယ်။

အထက်ပါဖော်ပြပါစံသတ်မှတ်ချက်တွေအားလုံး(သို့)တစ်စိတ်တစ်ပိုင်းနဲ့ကိုက်ညီတဲ့ protocol
တွေနဲ့ procedure တွေကို cyptosystem တွေလို့ခေါ်ဆိုနိုင်ပါတယ်။Cryptosystem
တွေဟာ အများနားလည်သလို သချင်္ာလုပ်ထုံးလုပ်နည်းတွေ၊ ကွန်ပျူတာပရိုဂရမ်တွေ မျှသာမဟုတ်ပါဘူး။ ၎င်းတို့မှာမှန်းဆရခက်တဲ့ password တွေရွေးချယ်ခြင်း၊အသုံးမပြုတဲ့ system တွေကိုlog-off ပြုလုပ်ခြင်း၊အရေးကြီးတဲ့ procedures တွေကိုမသက်ဆိုင်သူတွေနဲ့
မဆွေးနွေးခြင်းစတဲ့ လူသားတစ်ဦးရဲ့လုပ်ဆောင်ချက်တွေကိုလည်းဆောင်ရွက်ပေးပါတယ်။

IT Chargeback System

IT Chargeback System ဆိုတာကတော့ လုပ်ငန်းတစ်ခုမှာ သုံးတဲ့ဝန်ဆောင်မှုတွေနဲ့  အိုင်တီ ဆက်စပ်ကုန်ကျစရိတ်တွေကို တွက်ချက်တဲ့စာရင်းအင်းတစ်ခုဖြစ်ပါတယ်။

အစဉ်အလာအိုင်တီ စာရင်းအင်းပညာမှာတော့လုပ်ငန်းတစ်ခုရဲ့ အိုင်တီပိုင်းဆိုင်ရာ ကုန်ကျစရိတ်တွေကိုဗဟိုစာရင်းအင်းဌာနတစ်ခု ကနေတွက်ချက်လေ့ရှိပါတယ်။ အဲဒီကုန်ကျစရိတ်တွေကိုလည်း ထုတ်လုပ်မှုကုန်ကျစရိတ်မဟုတ်တဲ့
အထွေထွေအသုံးစရိတ်အဖြစ် သတ်မှတ်တွက်ချက်လေ့ရှိပါတယ်။

IT Chargeback System ကို responsibility accountiingလို့လည်းခေါ်ဆိုလေ့ရှိပါတယ်။ အကြောင်းကတော့ ဒီစာရင်းအင်း စနစ်အရ မည်သည့်ဌာနက ဝန်ထမ်းက ကုန်ကျစရိတ် စုစုပေါင်းရဲ့  မည်မျှပမာဏအတွက်အချိုးကျတာဝန်ရှိနေတယ်ဆိုတာကို တွက်ချက် ဖော်ပြ နိုင်လို့ဖြစ်ပါတယ်။ ဒီလိုစာရင်းအင်းစနစ်တွေဟာ တာဝန်ရှိမှုအပိုင်းကို user
တွေကိုသိရှိလာစေပြီး ရုံးသုံးအိုင်တီ service တွေကိ်ုအခြားရုံးသုံးပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကို အသုံးပြုသကဲ့သို့သဘောထားလာစေရန်ရည်ရွယ်ထားတယ်လို့ ဆိုရမှာပါ။အကျိုးဆက်အနေနဲ့ အဲဒီအိုင်တီservice တွေကိုလည်းချင့်ချင့်ချိန်ချိန် သုံးစွဲတတ်လာစေဖို့လည်းဒီစာရင်းအင်း က ရည်ရွယ်ပါတယ်။

IT Chargeback Systemအတွက်အထောက်အကူပြုရေးဆွဲတဲ့ အစီရင်ခံစာတွေဟာ အုပ်ချုပ်ရေးပိုင်းကလူတွေအနေနဲ့ ဘယ်နေရာမှာ ကုန်ကျစရိတ ်များနေသလဲဆိုတာ သေချာသိရှိနိုင်ပြီး၊အဲဒီလိုသိရှိ လာတာနဲ့  အမျှ ဘက်ဂျက်ကို ဘယ်လိုရေးဆွဲရမယ်ဆိုတာကို ပါသိရှိလာစေပါတယ်။ ဒီလိုစာရင်းအင်းစနစ်တွေကို အသုံးပြုလာတာကြောင့်ကုန်စည်တစ်ခုကို နောက်ဆုံးအသုံးပြုသူ end user တွေဟာ မည်သည့်စီးပွားရေးလုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်တွေဟာကုန်ကျစရိတ်ကြီးမားနေတယ်ဆိုတာကို ပွင့်လင်းမြင်သာမှုရှိရှိ သိရှိလာကြပါတယ်။ စီမံခန့်ခွဲမှုအပိုင်းမှာလည်း အမြတ်တွေဘယ်လိုပိုပြီးရအောင် လုပ်ဆောင်ရမယ်ဆိုတာကိုလည်း သေချာစွာသိရှိလာနိုင်မှာဖြစ်ပါတယ်။ ထုတ်လုပ်ရေးစနစ်တစ်ခုရဲ့ ကုန်ကျစရိတ် လုပ်သား အင်အား လျော့ချမှုနဲ့ ကုန်ပစ္စည်းထုတ်လုပ်မှုဆိုင်ရာနည်းပညာတွေဟာ ဘာကြောင့် ဈေးနှုန်းကြီးမြင့်စွာ သုံးစွဲရတဲ့ နည်းပညာတွေဖြစ်နေရလဲ စတဲ့ အရပ်ရပ် ကုန်ကျစရိတ်တွေကို
ရှင်းလင်းစွာသိရှိလာစေနိုင်ပါတယ်။အကျိုးဆက်အနေနဲ့ အိုင်တီဝန်ထမ်းတစ်ဦးက
ရုံးသုံးစက်ကိရိယာနဲ့ ဝန်ဆောင်မှုတွေ၊စွမ်းအင်ချွေတာသုံးစွဲမှု၊အုပ်ချုပ်မှုဆိုင်ရာအချိန်
ခွဲဝေမှုစတာတွေကို ထိထိရောက်ရောက်လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။

ဒီစာရင်းအင်းစနစ်ဟာ ကုန်ကျစရိတ်တွေ ညီမျှမှုရှိလာအောင်ပြုလုပ်ဖို့ အိုင်တီပိုင်းဆိုင်ရာ စာရင်းဇယားတွေပေါ်မှာ မူတည်နေတဲ့ အတွက်ဒီစာရင်းအင်းစနစ်နဲ့ အချက်အလက်တွေ ကောက်ယူစုဆောင်းဖို့အခက်အခဲကြားမှာမျှတတဲ့ ချိန်ခွင်လျှာ တစ်ခုတော့ လိုအပ်ပါတယ်။ပိုမို ရှုပ်ထွေးကျယ်ပြန့်တဲ့ IT chargeback စာရင်းအင်းစနစ်တွေမှာဆိုရင်လုပ်ငန်းအမျိုးအစား အမည်တစ်ခုစီရဲ့ အသေးစိတ်သီးသန့် ကုန်ကျစရိတ်တွေဖြစ်တဲ့ (ဥပမာ) ဘယ်လုပ်ငန်းက ဘယ်ဆော့ဖ်ဝဲလ်ကို သုံးစွဲရာမှာဝယ်ယူစရိတ်ဝန်ဆောင်မှုစရိတ်စတာတွေကို တိကျစွာသိနိုင်ဖို့ အချက်အလက်တွေလိုအပ်မှာ ဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာ ကုန်ပစ္စည်းတစ်ခုဝယ်ယူ သုံးစွဲနိုင်မှု ဟာ အပိုဖြစ်ဝယ်ယူမှုဖြစ်နိုင်ပြီး တစ်ခါတစ်လေမှာတော့ လုပ်ငန်းတစ်ခုရဲ့ယူနစ်ပေါင်း များစွာ က မျှဝေသုံးစွဲဖို့(mainframe ကွန်ပျူတာအတွက်ဝယ်ယူတဲ့ဆော့ဖ်ဝဲလ်)ဝယ်ယူတာ မျိုးဖြစ်နိုင်လို့ ကုန်ပစ္စည်းတစ်ခုဝယ်ယူမှုကိုတသတ်မတ်တည်းတွက်ချက်လို့မရ တော့ပါဘူး။

IT Charge back စာရင်းအင်းစနစ်မှာ အားသာချက်တွေရှိနေပေမယ့် ဒီစနစ်ကို အသုံးပြုတာဟာအုပ်ချုပ်မှုကုန်ကျစရိတ်နဲ့ အပိုစာရင်းအင်းစနစ်ပြုလုပ်ရမယ့် အခြေအနေတွေနဲ့
ရင်ဆိုင်ရတဲ့ အတွက် company တွေနဲ့ CIO တွေက ခက်ခဲတဲ့စာရင်းအင်းစနစ်တစ်ခုအဖြစ် သတ်မှတ်ကြပါတယ်။ဒါပေမယ့်စွမ်းအင်သုံးစွဲမှုကုန်ကျစရိတ်တွေ ကြီးမြင့်လာတာကြောင့်အဲဒီ စနစ်ကို သုံးစွဲဖို့ စိတ်ဝင်စားလာကြပြီဖြစ်ပါတယ်။ဆော့ဖ်ဝဲလ် ကိုဝန်ဆောင်မှုအနေနဲ့
သုံးတာ (SaaS) နဲ့ စားသုံးသူရဲ့ တောင်းဆိုမှုအတိုင်းဝန်ဆောင်မှုပေးတာ (AOA)
စတာတွေကို လုပ်ငန်းတွေမှာ တွင်တွင်ကျယ်ကျယ် သုံးလာတာနဲ့ အမျှကုန်ကျစရိတ်တွေကို တွက်ချက်တာဟာ ပိုမိုလွယ်ကုူမှုရှိလာစေမှာဖြစ်ပါတယ်။

IRIS

Internet Routing in Space (IRIS) ဟာအမေရိကန်ကာကွယ်ရေးဌာနကပြုလုပ်ခဲ့တဲ့ ပရောဂျက်တစ်ခုရဲ့ အမည်ဖြစ်ပါတယ်။အဲဒီ ပရောဂျက်မှာ IP router တစ်ခုကို geostationary
ဂြိုလ်တုတစ်ခုမှာ တပ်ဆင်အသုံးပြုဖိ်ု့ဆောင်ရွက်ခဲ့ပါတယ်။ ဒီပရောဂျက်ရဲ့ ရည်ရွယ်ချက်က စစ်ဘက်ဆက်သွယ်ရေးမှာ အသုံးချဖို့ရည်ရွယ်ချက်ခဲ့တာ ဖြစ်ပေမယ့် လက်ရှိအချိန်မှာ ဒီနည်းပညာကိုအရပ်ဘက်မှာလည်း သုံးစွဲနေပါပြီ။

ဒီနည်းပညာကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချနိုင်မယ်ဆိုရင် လက်ရှိသုံးစွဲနေတဲ့ ဂြိုလ်တု ဆက်သွယ်ရေး အင်တာနက်ဆက်သွယ်ရေးက ိုပိုပြီးမြန်ဆန်အောင်ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

လက်ရှိသုံးစွဲနေတဲ့ ဂြိုလ်တုဆက်သွယ်ရေးအင်တာနက်စနစ်မှာ Packets တွေကိုကမာ္ဘမြေ အခြေစိုက် end user တွေအကြားမှာ ပို့လွှတ်တဲ့ အခါအချက်အလက်တွေကို end user ရဲ့ source ကနေဂြိုလ်တုဆီကိုပို့လွှတ်ဖို့လိုအပ်ပြီး ဂြိုလ်တုကလက်ခံပြီးမှာသာ repeater
ကနေပြန်လည်ထုတ်လွှင့်ပေးတာ ဖြစ်ပါတယ်။ ဆိုလိုကတော့ data packet တစ်ခုကို သုံးကြိမ်ခန့်  လက်ခံခြင်းပြန်လည်လွှင့်ထုတ်ခြင်းပြုလုပ်ရပါတယ်။

IRIS စနစ်မှာတော့ ဂြိုလ်တုက Source တစ်ခုဆီက packet ကိုတိုက်ရိုက်လက်ခံပြီး သက်ဆိုင်ရာနေရာဆီကို ထပ်မံထုတ်လွှင့်ပေးမှာဖြစ်ပါတယ်။Packet တစ်ခုသွားရောက်ရတဲ့ အကြိမ်ကလည်း ဂြိုလ်တုဆီသို့တစ်ကြိမ်သာပြန်လည်ရောက်ရှိပြီးသားဖြစ်ပါတယ်။ဒါကြောင့်
မြန်နှုန်းမြင့်မားပြီးပြုပြင်ထိန်းသိမ်းစရိတ်လည်းသက်သာလာတဲ့ စနစ်ဖြစ်ပါတယ်။

IRIS ပရောဂျက်အတွက်ဂြိုလ်တုလွှတ်တင်မှုနဲ့ ပရောဂျက်အပြီးသတ်လုပ်ဆောင်ချက်တွေကို ၂၀၀၉ မှာပြုတယ်လို့ဆိုလိုပါတယ်။ဂြိုလ်တုမှာတပ်ဆင်မယ့် router အတွက်ဆော့ဖ်ဝဲ ကို
Cisco System ကထုတ်လုပ်ပြီး ဖြစ်တယ်လို့ဆိုပါတယ်။ hardware ပိုင်းကိုတော့
ကမာ္ဘ့အကြီးဆုံးဂြိုလ်တုဆက်သွက်ရေးဝန်ဆောင်မှု company Intelst ကတာဝန်ယူမှာ ဖြစ်ပါတယ်။

Streaming Media

ပြောင်းလဲ ရွေ့လျားနေသော မာလ်တီမီဒီယာ ထုတ်လွှတ်မှု (streaming multimedia) ဆိုသည်မှာ ထုတ်လွှတ်သူ (streaming provider)မှ တင်ဆက် ထုတ်လွှတ်ပြီးနောက် လက်ခံကြည့်ရူသူများအား အချိန်ပြည့်လက်ခံ ကြည့်ရူသူများအား အချိန်ပြည့် လက်ခံ ကည့်ရူနိုင်သော မာလ်တီမီဒီယာ ဆက်သွယ်ရေးစနစ်တစ်မျိုးဖြစ်သည်။ ၎င်းဆက်သွယ်ရေး စနစ်ကို ထုတ်လွတ်ပုံနည်းလမ်းကိုအဓိက အစွဲပြု၍ streaming multimedia
ဟုသတ်မှတ်ခေါ်ဆိုကြသည်။

ထိုဆက်သွယ်ရေးစနစ်ကို အမ်ဘီဆက်သွယ်ရေးကွန်ရက်မှ တစ်ဆင့်ထုတ်လွှတ်ဖြန့်ဖြူးသော
မာလ်တီမီဒီယာဆက်သွယ်ရေးထုတ်လွှတ်မှုများ ကိုအဓိကထား၍ညွှန်းဆို သတ်မှတ်ကြသည်။ ထိုသို့ညွှန်းဆိုခြင်းမှာ အချို့သောထုတ်လွှင့်တင်ဆက်မှုစနစ်များ (ဥပမာ၊ ရေဒီယို၊ရုပ်မြင်သံကြား) သည် ပင်ကိုသဘာဝအားဖြင့် လှုပ်ရှားပြောင်းလဲမှုရှိကြပြီး၊ အချို့သော စနစ်များ(စာအုပ်စာပေ၊ ကက်ဆက်ခွေ၊ဗီဒီယိုခွေ၊အော်ဒီယိုစီဒီ)မှာလှုပ်ရှားပြောင်းလဲမှုမရှိခြင်းကြောင့်ဖြစ်သည်။

ကွန်ပျူတာများတွင်မီဒီယာထုတ်လွှတ်မှု အစီအစဉ်များကို ကြည့်ရူနိုင်ရန် နှစ်ဆယ်ရာစု အလယ်ပိုင်း မှစ၍ ကြိုးပမ်းခဲ့ကြသည်။သို့ရာတွင်ဆယ်စုနှစ် ပေါင်း များစွာကြာသည့်တိုင်အောင် တိုးတက်မှုအနည်းငယ် သာပေါ်ပေါက်ခဲ့ပြီး ကွန်ပျုတာဟာဒ့်ဝဲလ်များ၏ကန့်သတ်စွမ်းရည်များနှင့်
ကုန်ကျစရိတ်ကြီးမြင့်မှု စသောအခက်အခဲများကြောင့်တိုးတက်ပြောင်းလဲမှုဖြစ်ပေါ်ရန် နှောင့်နှေးခဲ့ကြခြင်းဖြစ်သည်။

၁၉၈ဝ ခုနစ်များနှောင်းပိုင်းကာလမှ ၁၉၉ဝ ခုနှစ်များအတောအတွင်းတွင်မီဒီယာပုံစံများစွာကို ကြည့်ရှုနိုင်သော စွမ်းဆောင်ရည်မြင့်ကွန်ပျုတာများပေါ်ပေါက်လာခဲ့သည်။ လှုပ်ရှားပြောင်းလဲနေသောမာလ်တီမီဒီယာဆက်သွယ်ရေးစနစ်ကို အသုံးချရန် လိုအပ်သော ၎င်းနည်းပညာဆိုင်ရာ အခြေခံလိုအပ်ချက်များမှာ-

– လိုအပ်သောအချက်အလက်ပမာဏကို support ပြုလုပ်နိုင်သော bandwitch နှင့်လုံလောက်သော CPU power

– buffer underrun (ယာယီသိုလှောင်ရန်သုံးသော memory area နှေးကွေးခြင်း)မှ
ကာကွယ်ရန် operating system အတွင်းသတင်းအချက်အလက်ပေးပို့ခြင်းတွင်
ကြာမြင့်မှုနည်းပါးစေခြင်းတို့ဖြစ်သည်။

သို့ရာတွင် ကွန်ပျူတာကွန်ရက်ချိတ်ဆက်မှုများမှာ ကန့်သတ်ချက်များ ဆက်လက်ဖြစ်ပေါ်နေဆဲ ဖြစ်သဖြင့် မီဒီယာများကို လှုပ်ရှားပြောင်းလဲမှုမရှိသော non – streaming channel များဖြစ်သည့် CD Rom များကဲ့သို့သော channel များဖြင့် အသုံးပြုကြည့်ရူခဲ့ကြသည်။

၁၉၉ဝ ခုနစ်နောက်ပိုင်းနှင့် ၂၀၀ဝ ခုနစ်အစောပိုင်းကာလများတွင် ပို၍ကြီးမားသော
network bandwidth နှင့်အင်တာနက်သုံးစွဲမှု ပိုမိုများပြားလာခြင်း

TCP/IP , HTTP , နှင့် HTML စသော standard protocol နှင့် formatများကို အသုံးပြုလာခြင်း

အင်တာနက်ကိုစီးပွားဖြစ်သုံးစွဲလာကြခြင်း အစရှိသောတိုးတက်ပြောင်းလဲမှု နည်းပညာများ ယင်းသို့တိုးတက်လာခြင်းနှင့်တိုးတက်လာသော ယင်းနည်းပညာများကိုခေတ်ပေါ် operating system များနှင့် စွမ်းရည်မြင့်အိမ်သုံးကွန်ပျူတာများတွင် အသုံးချခွင့်ရရှိလာခြင်းကြောင့် streaming media ကို သာမန်လူထုက သုံးစွဲခွင့် ရရှိလာခဲ့ကြသည်။

ယေဘုယျအားဖြင့် မာလ်တီမီဒီယာ content များသည် file အရွယ်အစားကြီးမားသဖြင့် ကနေဦးတွင် စရိတ်စက ပြဿနာများရှိနေခဲ့သည်။သို့ရာတွင် ဖိုင်များကို အရွယ်အစား သေးငယ်အောင်ပြုလုပ်နိုင်သော compressing နည်းပညာပေါ်ပေါက်လာပြီး နောက် စရိတ်စက အခက်အခဲကို ကျော်လွှားနိုင်ခဲ့သည်။

မီဒီယာထုတ်လွှင့်မှုတစ်ခုကို on demand သို့ တိုက်ရိုက်ထုတ်လွှင့်မှုဟူ၍ပုံသဏ္ဍာန်နှစ်မျိုးဖြင့် ထုတ်လွှင့်လေ့ရှိကြသည်။ကြည့်ရူသူများတောင်းဆိုသည့်အတိုင်းထုတ်လွှင့်သောon demand ထုတ်လွှင့်မှုများအတွက် အစီအစဉ်များကို server တစ်ခုတည်းတွင်အချိန်ကြာမြင့်စွာ stroage ပြုလုပ်ထားပြီး ကြည့်ရူလိုသူက request ပြုလုပ်သည့်အခါမှသာ ထုတ်လွှတ်  ပြီးပေးရလေ့ ရှိသည်။ live တိုက်ရိုက်ထုတ်လွှင့်မှုများကိုအားကစားပြိုင်ပွဲတိုက်ရိုက်ထုတ်လွှင့်မှုများကဲ့ သို့
တစ်ကြိမ်သာကြည့်ရူနိုင်ရန်ထုတ်လွှင့်ပေးနိုင်သည်။

streaming media ထုတ်လွှင့်မှုအတွက် network protocol များရေးဆွဲရာတွင် User DatagramProtocol(UDP) ကဲ့သို့သောမီဒီယာဖိုင်များကို small packet serie
များအဖြစ်ပို့လွှင့်ပေးသော protocol များနှင့် RTSP , RTR နှင့် RTCPprotocol များကို UDP protocol တွင်အခြေခံ၍ ရေးဆွဲထားခြင်းဖြစ်သည်။

အခြားသော Protocol များမှာ Multicast , Unicast , IP Multicast နှင့်ကွန်ပျုတာ အချင်းချင်း အကြား မီဒီယာဖိုင်များကိုပို့လွှတ်နိုင်သည့် peer- to – peer (P2P) protocol ဖြစ်သည်။