သစ်ခွဝေဒနာ
နာမည်က သစ်ခွ တဲ့။ အဓိပါ္ပယ်ကတော့ သစ်ပင်မှာ ခွပေါက်လို့ သစ်ခွပေါ့။ အနောက်နိုင်ငံတွေက orchid လို့ ခေါ်တဲ့ ပန်းကို ရှေးမြန်မာတွေ က ကိုယ့်နည်းကိုယ့် ဟန်နဲ့ သစ်ခွလို့ ကင်ပွန်းတပ်ခဲ့ကြတာပါ။
သီအိုဖရေးတပ် ဆိုတဲ့ ဂရိလူမျိုး ပန်းဝါသနာရှင်တယောက်က orchid ကို စတင်တွေ့ရှိပြီး မှတ်တမ်းတင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ နောက်ပိုင်း ဝိတိုရိယဘုရင်မခေတ် လက်ထက်ကျမှသာ အင်္ဂလန်တိုင်းပြည်များကို ပျံနှံ့ပြီး ဒီမူရင်း ဂရိ စကားလုံးအတိုင်း ခေါ်ဝေါ် သုံးစွဲခဲ့ကြတာပါ။
ဂရိလူမျိုးတွေကတော့ သစ်ခွဆိုတာ( virility) လို့ ရည်ညွှန်းခဲ့တယ်။အလွန်အင်မတန်ရှေးကျလှတဲ့ အဓိပါ္ပယ်ဖွင့်ဆိုမှု နောက်တခုက သစ်ခွပန်းဆိုတာ ချမ်းသာကြွယ်ဝမှုတွေ ချစ်ခြင်းမေတ္တာ နဲ့ ပြီး ပြည့်စုံတဲ့ အလှပတရားတွေကို ပိုင်ဆိုင်တဲ့ အရာလို့ ဖွင့်ဆိုခဲ့ကြပါတယ်။ နောက်ပိုင်း အင်္ဂလန်ကို ရောက်သွားတဲ့ အခါမှာတော့ သူ့ရဲ့ အနက် သင်္ကေတကို တန်ဖိုးကြီးလှတဲ့ အဖိုးထိုက်တန်ပန်း လို့ သမုတ်ကျပြန်ပါတယ်။
ဒီနေ့ ခေတ်အခါမှာတော့ သစ်ခွကို နူးညံ့သိမ်မွေ့ တဲ့ အလှအပတခု အနေနဲ့သာ မက ရှားပါးစာရင်းဝင် အနေနဲ့လည်း ဖွင့်ဆိုနေကြပါပြီ။ ရှားပါးစာရင်းဝင်လောက်စရာ အခြေအနေတွေကိုလည်း လူတွေ က ဖန်တီးခဲ့ကြတာကိုး။
လေ့လာသူတွေရဲ့ ခန့်မှန်းခြေအရတော့ သစ်ခွအမျိုးပေါင်း ၂၅၀၀ဝ ကျော်လောက်ရှိပြီး နှစ်စဉ်နှစ်တိုင်းလည်း နေရာ အနှံ့ကနေ မျိုးစိတ်အသစ်တွေကို ထပ်တွေ့နေဆဲပါ။ လူတွေဖန်တီးပြီး စပ်မျိုးလုပ်ခဲ့ကြတဲ့ ( hybrid ) အမျိုးအပေါင်းကတော့ ၃၅၀၀ဝ လောက်ရှိနေပါပြီ။ ခုဆို ဒီထက်တောင် များနေနိုင်ပါသေးတယ်။
မြန်မာနိုင်ငံမှာတော့ သစ်ခွမျိုးစိတ်ပေါင်း ၈၆ ခုရှိတယ်လို့ “Burmese Orchid ” စာအုပ်ကို ရေးခဲ့တဲ့ ဘာတယ်ဂရန့်က ဆိုခဲ့ပါတယ်။ ကျမ စိတ်အထင်တော့ ခုချိန်ဆို ဒီထက်မကတဲ့ မျိုးစိတ်အသစ်တွေကိုလည်း ရှာဖွေတွေ့နိုင်တယ်လို့ ထင်ပါတယ်။ တကမာ္ဘလုံး အတိုုင်းအတာရ ဆိုရင် ကျမတို့ ဆီမှာ ရှိတဲ့ သစ်ခွမျိုးစိတ်က မနည်းလှဘူးလို့ ဆိုရမှာပါ။
သစ်ခွက ဒီဂေဟစနစ်ကြီးထဲမှာ ရှင်သန်နေထိုင်နေကြတဲ့ နေ၊ရေ၊ လေကို နည်းမျိုးစုံနဲ့ သုံးစွဲနေကြရတဲ့ လူ၊ တိရိစာ္ဆန် တွေ အပင်တွေ စတဲ့ သက်ရှိတွေထဲကမှ နေ ၊ ရေ၊ လေ ကို အနည်းဆုံးစုပ်ယူပြီး အကျိုးအရှိဆုံး ပြန်လည် အသုံးချနိုင်တဲ့ အဆင့်မြင့်တဲ့ သက်ရှိတမျိုးပါ။ နောက်တခုက သူက အပင်ကြီးတွေပေါ်မှာသာ ကပ်ပေါက်တာ အဲ့ဒီအပင်တွေဆီကနေ အစာအာဟာရတွေကို စားသုံးလေ့မရှိပဲ ကိုယ်တိုင်ချက်လုပ် စားသုံးပြီး ရှင်သန်တာပါ။ သို့သော် တချို့ အနည်းငယ်သော အပင်လေးများကတော့ သစ်တုံး သစ်ဆွေးများဆီကနေ တဝက်ကပ်ပါး အဖြစ်စားသုံးပြီး ကိုယ်တိုင်လည်း အစာချက်လုပ်ပြီး စားသုံးပါတယ်။
သစ်ခွကို အမျိုးသမီးနဲ့ ပတ်သတ်ပြီး ညွှန်းဆိုထားတာလေးလည်း ရှိပါတယ်။ အလွန်အင်မတန်မှ နှစ်လိုဖွယ်ကောင်းတဲ့ ညွှန်းဆိုမှု တခုလည်း ဖြစ်ပါတယ်။ စာရေးဆရာ တချို့က အမှီအခိုကင်းကင်းနဲ့သူတပါး အကူအညီမပါပဲ ရပ်တည်ချင်တဲ့ အောင်မြင်ချင်တဲ့ ကိုယ့်အားကိုယ်ကိုးလို တဲ့ အမျိုးသမီး ကိုသစ်ခွလို ရှင်သန်ချင်တဲ့ မိန်းမလို့ တင်စားကြပါတယ်။
ရေခဲနေတတ်တဲ့ ဝင်ရိုးစွန်း ဒေသနဲ့ အလွန်ပူပြင်းလှတဲ့ သဲ ကန ္တရဒေသတွေကလွဲလို့ ကမာ္ဘ့နေရာ အနှံ့ ရာသီဥတု အစုံမှာ ပေါက်ရောက်ပေမဲ့ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁သောင်းကျော်ရင် တော့ သူက မရှင်သန်နိုင်တော့ပါဘူး။ နောက် ကျမတို့ တိုင်းပြည်မှာ ဂမုန်း လို့သိကြတဲ့ အပင်တော်တော်များများ ဟာလည်း သစ်ခွ အနွယ်ဝင်တွေပါပဲ ။ ရှားပါးလှတဲ့ တချို့ ဂမုန်းအနွယ်ဝင် တွေကို တောနက်နက်တွေထဲမှာ မြင်ဖူးတွေ့ဖူး ကြတဲ့ လူတွေရဲ့ ပါးစပ်ဖျားမှာ သူ့ရဲ့ အဆင်း က ဆွဲဆောင်ဖျားယောင်းမှုတွေ အပြည့်နဲ့ပါ။
သစ်ပင်ကြီးတွေ ကျောက်ကမ်းပါးနံရံတွေ တခါတရံမှာ တောတွေ တောင်တွေရဲ့ လျှိုမြောင်တွေ ထဲမှာ ပေါက်ရောက်လေ့ ရှိပါတယ်။ မြေစိုက်သစ်ခွတွေ လည်း ရှိပါတယ် ။ ဥပမာ ဂမုန်းလို အပင်တွေပါ။
သစ်ခွတွေက ဆေးဖက်လည်း ဝင်ပါတယ်။ Aztecs လူမျိုး(မက္ကစီကို) တွေက ဗင်နီလာသစ်ခွကို ချောကလက်နဲ့ ရောသောက်ရင် စွမ်းအင်နဲ့ ခွန်အားကို ပေးတယ်လို့ ယုံကြည်ကြပါတယ်။ တရုတ်လူမျိုးတွေကတော့ အဆုတ်ရောဂါ အမျိုးမျိုးနဲ့ ချောင်းဆိုရင် ကြပ်ဝေဒနာတွေကို ကုစားနိုင်တယ်လို့ ဆိုပါတယ်။
သစ်ခွကို စာတွေ ဒီလောက်ဖွဲ့နေရတဲ့ အကြောင်းက ကျမတို့ တိုင်းပြည်ရဲ့ သဘာဝ သယံဇာတတွေထဲက တခုဖြစ်တဲ့ သစ်ခွအပေါ်မှာ ရှိတဲ့ ကျမရဲ့ အတွေး ဝေဒနာတခုကို လှစ်ပြချင်လို့ပါ။
အဲ့ဒီလို အဓိပါ္ပယ်အမျိုးမျိုး ဖွင့်ဆိုချက်အမျိုးမျိုးနဲ့ သစ်ခွကို ဒီနေ့ ခေတ်မှာတော့ တာရှည်ခံပြီး လှပ ကျက်သရေ ရှိတဲ့ ပန်းအနေနဲ့ ကမာ္ဘနေရာအနှံ့အပြားက အခမ်းအနားအမျိုးမျိုး မှာ သုံးစွဲလာကြတာ တော်တော်ကြာပါပြီ။ ပန်းဈေးကွက်ထဲမှာ သစ်ခွဟာ မျက်နှာပန်းလှသလို ဈေးကွက်လည်းကြီးပါတယ်။
ဥရောပ တိုင်းပြည်တော်တော်များများက ရာသီဥတု ဆိုးလွန်းတော့ အပူပိုင်း ဒေသက သစ်ခွအမျိုးနွယ်တွေကို စိုက်ချင်ပြီ ဆိုရင် အအေးဒဏ်ကို ကာကွယ်ဖို့ မှန်လုံအိမ်တွေနဲ့ စိုက်ရတော့ ငွေကုန်ကြေးကျအတော်လေးများလှပါတယ်။ ကရိကထလည်း အလွန်များပါတယ်။
အဲ့ဒီတော့ ဈေးသက်သာတဲ့ အပူပိုင်းက သစ်ခွတွေကို မှာယူပြီး ပဲ သုံးပါတော့တယ်။ ဒီလိုနဲ့ ဥရောပရဲ့ ပန်းဈေးကွက်က ကြီးသထက်ကြီးလာပါတော့တယ်။ တနှစ်တနှစ်ကို ဒေါ်လာသန်းပေါင်း ထောင်ချီ ပါတယ်။
ဥရောပ ပန်းဈေးကွက်ကို ထိုင်း က ဒမ်ဒိုဘီယမ် သစ်ခွ ( Dendrobium) ၊ ဩစတြေးလျက ပရိုတီးယားနှင့် ဆမ်ဘီဒီယမ် သစ်ခွ၊ စင်္ကာပူက အရမ်ဒါ သစ်ခွ (Aranda )၊ ကိုုလံဘီယာက ကာနေရှင်း ၊ အစ္စရေးက နှင်းဆီ နှင့် သစ္စာပန်း ၊
တောင်အာဖရိကက ပရိုတီးယား ၊ ကင်ညာက ကာနေးရှင်း ၊ အမေရိကန်ကလည်း ပိန်းပန်းနဲ့ တခြားသော ပန်းများကိုလည်း စသဖြင့် တိုင်းပြည်တော်တော်များများက တင်ပို့ပါတယ်။
ခုဆိုရင် ဂျပန်ပန်းဈေးကွက်ကိုလည်း ထိုင်းက သစ်ခွတွေ တင်ပို့နေပါပြီ။ အမေရိကန်ကလည်း ပို့ပါတယ်။ လူသုံး များလာတာနဲ့ အမျှသူ့ရဲ့ ဈေးကွက်ကလည်း ကျယ်ပြန့်လာပါတယ်။ ဈေးကွက်ထဲမှာ ရောင်းဝယ်ဖောက်ကားနေတဲ့ သစ်ခွတွေက လူတွေ ဖန်တီးထားတဲ့ စပ်မျိုးတွေပါ။ မျိုးရိုင်းတွေ မဟုတ်ပါဘူး။ အဲ့ဒီလိုရောင်းဝယ် ဖောက်ကားနိုင်ဖို့ မျိုးရိုင်းတွေကို နည်းပညာသုံးပြီး ပြုပြင်ဖန်တီး ထားကြတာပါ။ တကယ့် မျိုးစိတ် အရိုင်းတွေကတော့ ခုချိန်ခါမှာ တဖြည်းဖြည်းနဲ့ ရှားပါးလာပါပြီ။
မြို့ပြအိမ်ယာတွေ ချဲ့ထွင်လာကြတာ၊ သတ္ထုရှာဖွေတဲ့ မိုင်းတွင်းတွေ ပေါလာတာ၊ ရွှေတွင်းတွေ တူးလာတာ၊ အလွန်အကြူး သစ်ထုတ်လုပ်ကြတာ ဒီလိုနဲ့ သစ်တောတွေ ပြုန်းလာတာပါ။
မဆင်မခြင်စုဆောင်းပြီး ရောင်းဝယ်ဖောက်ကားလာတဲ့ လူတွေကြောင့်လည်း သဘာဝတရားကြီးဆီက လက်ဆောင်ရထားတဲ့ တဖြည်းဖြည်းချင်း သဟဇာတဖြစ်လာရတဲ့ ဂေဟစနစ်ကို အကြီးအကျယ်ထောက်ပံ့ပေးထားတဲ့ တောရိုင်းတိရိစာ္ဆန်တွေ၊ အပင်မျိုးစိတ်တွေ မျိုးသုန်းတော့မည့် အန္တရယ်နဲ့ ရင်ဆိုင်နေရပါပြီ။ ကမာ္ဘကြီး ပူနွေးလာတာ ၊ ငလျင်ကြီးတွေ လှုပ်လာတာ၊ ရာသီဥတုတွေ ပြောင်းလဲလာတာ စတဲ့ ကပ်ဆိုးတွေကလည်း တနှစ်နဲ့ တနှစ် မရိုးနိုင်အောင် ကြားလာရပါပြီ။
ဥပမာ တခုပြောရမယ်ဆိုရင် ကျမတို့ တိုင်းပြည်က ထွက်တဲ့ ဒမ်ဒိုဘီယမ်သစ်ခွကို ဆေးဖက်ဝင်တယ် ဆိုပြီး တဖက်နိုင်ငံက ဝယ်တော့ အပင်တွေကို အခြောက်ခံပြီး ကုန်ကားတွေနဲ့ အစီးလိုက်တင်ပို့ကြတာပါ။ ဒါပေမဲ့ ဒီလို မျိုးရိုင်းစိတ်တွေက ဘယ်လောက် ရှားပါးပြီး အဖိုးတန်တယ် ဆိုတာ ဝိသမာလောဘသမားတွေ မမြင်တတ်ပါဘူး။ ဒီလို တင်ပို့မဲ့အစား မျိုးပွားပြီး စနစ်တကျစိုက်ပျိုးရင် မျိုးသုန်းမဲ့ အန္တရယ်ကလည်း ကာကွယ် ပြီးသားဖြစ်မယ် ။ စီးပွားရေးအရလည်း တွက်ခြေကိုက်မှာပါ။ ဒါပေမဲ့……….၊ နောက်တခုက သူတို့လို သစ်ခွမုဆိုးတွေက ခြေရာချန်ခဲ့ရကောင်းမှန်းလည်း နားမလည်ကြပါဘူး။ ( အပင်ကို ချန်ပြီး ခူးမှသာ နောက်ထပ်မျိုးပွားနိုင်မှာပါ ။ )
ဒါနဲ့လည်း အားမရသေးဘူး ထင်ပါတယ်။ မြစ်ဆုံက မြေတွေကို ရွှေအတွက် သယ်ခွင့်ပြု ရုံသာ မက အဲ့ဒီဒေသက သစ်ပင်တွေကို အလုံးလိုက် အမြစ်ကပါ တူးပြီး သူတို့ဖက်ကိုသယ်သွားတာကိုပါ ခွင့်ပြုပေးခဲ့တာပါ။ သယ်သွားတာ သစ်ပင် ၊ မြေကြီး ဆိုတာထက်ပိုပါတယ်။
ကျမတို့ရဲ့ မြေဆီ မြေနှစ်၊ အပင်ပေါ်မှာ ကပ်ပြီး ပေါက်နေတဲ့ ရှားပါးအဖိုးတန်လှတဲ့မျိုးစိတ်တွေ စတဲ့ စတဲ့ အဖိုးမဖြတ်နိုင်တဲ့ ငွေပေးဝယ်လို့ မရတော့တဲ့ သဘာဝတရားက ပေးထားတဲ့ လက်ဆောင်တွေ အားလုံးကို ယူသွားတာပါ။ ဒါကိုလည်း နှမြောရကောင်း ကာကွယ်ရကောင်းမှန်း မသိတဲ့ လူတွေကို တွေ့နေမြင်နေရတာ အင်မတန်မှ စိတ်ဆင်းရဲစရာ ကောင်းပါတယ်။
ရေးရင်း ရှေးခေတ်က ဥယျာဉ်မှူး တယောက်က သစ်ပင်တွေကို မျောက်လက်အပ်ပြီး ရေလောင်းခိုင်းခဲ့တဲ့ ပုံပြင်ကို သတိရလာပါတယ်။ ကျမတို့တိုင်းပြည်လည်း မျောက်လိုလူတွေရဲ့လက်ထဲရောက်ပြီး မှ ဆုံးရှုံး ခဲ့ရတာတွေ မနည်းလှတဲ့ အပြင် အရိုးပေါ်အရေတင်ဖြစ်နေပါပြီ။ သေခါနီး လူမမာတယောက် အသက်ငင်နေတဲ့ ပုံစံမျိုးနဲ့ တဖြည်းဖြည်းတူလာပါတယ်။ ဆေး မမှီနိုင်တော့ဘူးလို့တောင် တခါတခါ တွေးမိပါတယ်။
ဒီလိုမျိုး ရှားပါးပြီးတန်ဖိုးထားတဲ့ သစ်ခွတွေကို စာရင်းလုပ်ပြီး ရောင်းဝယ်ဖောက်ကားမှုကို ဆိုင်ရာ အဖွဲ့အစည်းတွေက တားမြစ်ထားပါတယ်။ အဲ့ဒီလို ရှားပါးတန်ဖိုးကြီးလှတဲ့ သစ်ခွ စာရင်းဝင်တွေထဲမှာ မြန်မာနိုင်ငံက သစ်ခွမျိုးစိတ် အမျိုးအစားက ၄ မျိုးတောင် ပါဝင်ပါတယ်။ အဖွဲ့အစည်းရဲ့ နာမည်က CITES လို့ခေါ်တဲ့ The Convention on International Trade in Endangered Species of Wild Fauna and Flora ( မျိုးဆက်ပျက်သုန်းလုဆဲ တောရိုင်း တိရိစာ္ဆန် နှင့် သစ်ပင်ပန်းမန်များ နိုင်ငံတကာာ ကုန်သွယ်မှုဆိုင်ရာ ကွန်ဗန်ရှင်း ) ပါ။
CITES Appendix ( I ) မှာပါတဲ့ မျိုးစိတ်တွေက
1.Cattleya trianae
2.Laelia jongheana
3.Laelia lobata
4.Derdrobium cruentum
5.Papliopedilum Species
6.Phragmipedium Species
7.Peristeria elata
8.Reranthera imschootiana
9.Vanda coerulea
တို့ဖြစ်ပါတယ်။ အဲ့ဒီ ၉ မျိုးထဲက နံပါတ် ၄ ၊ ၅ ၊ ၈၊ ၉ စတဲ့ ၄ မျိုးက မြန်မာနိုင်ငံကပါ။ နံပါတ် ၄ အုပ်စုကို ကျမတို့ဆီမှာ ဒမ်ဒိုဘီယမ်လို့ လူသိများပါတယ်။ နံပါတ် ၅ မျိုးစိတ်တွေ ကတော့ သစ်ခွနက် ၊ ခုံဘိနပ် ပန်း၊ ခွန်မြစမ်း ၊ မြွေမင်းသား၊ နဂါးမောက်ပန်း၊ ဇော်မုတ်ဆိတ် စတဲ့ သစ်ခွတွေပါ။ နံပါတ် ၈ အုပ်စုကို ချင်းသစ်ခွနီ လို့ ခေါ်ပါတယ်။
နံပါတ် ၉ ကတော့ မိုးလုံးမှိုင်းလို့ ခေါ်ပြီး မေမြို့ဘက်မှာ အတွေ့ရများပါတယ်။ ဒီအမျိုးစားက CITES ( II ) ကို ပြောင်းထဲ့လိုက်ပြီလို့လည်း ကြားပါတယ်။
အဲ့ဒီသစ်ခွ တွေထဲက ချင်းသစ်ခွနီကို ကျမအိမ်မှာ မိုက်မိုက်မဲမဲနဲ့ စိုက်ပြီး ရှင်ဖို့ ကြိုးစားဖူးပါတယ်။ မေမြို့ကနေ ဝယ်လာတာပါ။ ၂ နှစ်လောက်ထိတော့ သူ့ခမျာ မန္တလေးရဲ့ အပူကို အန်တုပြီး နေသွားရှာပြီး နောက်တော့ သေသွားပါတယ်။ အရှိန်လေးနဲ့ တော့ တခါလား ပွင့်လိုက်ပါသေးတယ်။ နောက်မှ သိတာက ရှင်ရင်တောင် သူက အပွင့်ပွင့်ဖို့တော့ လွယ်မယ်မထင်ပါဘူး။
နောက် သစ်ခွပညာရှင် ဒေါက်တာစောလွင်ကလည်း သူ ကချင်ပြည်နယ် ဘက်ကတောင်တွေပေါ်ကို သွားပြီးလေ့လာခဲ့စဉ်အခါက သစ်ခွတွေရဲ့အကြောင်းကို သင်တန်းမှာ ပရိုဂျက်တာတွေနဲ့ ထိုးပြီး ပြခဲ့လို့ မြင်ခဲ့ဖူးပါတယ်။ ရှားပါးလှတဲ့ မြင်ရခဲတဲ့ မျိုးစိတ်တွေပါ။ ဒေါက်တာ စောလွင်က မြစ်ဆုံအရေးပြောခဲ့စဉ်အခါက ဂျာနယ် စာမျက်နှာပေါ်ကနေ အဲ့ဒီနေရာက သစ်ခွတွေရဲ့ အိမ်ပဲလို့ ပြောခဲ့တာကိုလည်း ဖတ်လိုက်ရပါတယ်။ ဘယ်လောက်များ မချိမဆန့် နှမြောနေမယ် မသိပါဘူး။
နောက် ဆုံးသွားရှာပြီဖြစ်တဲ့ သစ်ခွသုတေသီ ဆရာကြီး တယောက် ဆိုရင်လည်း သူ့အိမ်မှာ ကိုယ်တိုင် မျိုးစပ်ထားတဲ့ အပင်တွေကို အလွန်တန်ဖိုးထားပါတယ်။ ဆရာကြီးက သစ်ခွတွေကို အမိုးမိုးရင် အရောင်ကို အနက်သုံးခိုင်းပါတယ်။ အပူစုပ်စေချင်လို့ပါ။ ဆိုင်ရာလူကြီးကတော့ သစ်ပင်ပန်းမန်ဆိုတာ စိမ်းစိမ်းစိုစိုရှိမှ ဆိုပြီး အနက်ရောင် အမိုးကို မကြိုက်လို့ စိုက်ခင်းမှာတော့ အစိမ်းရောင်တွေ မိုးထားတာဗျလို့ ပြောဖူးပါတယ်။
သူ့အိမ်မှာတော့ အနက်ရောင်အမိုးကို သုံးထားခဲ့ပါတယ်။
မှတ်မှတ်ရရ ဆရာကြီးရဲ့ စပ်မျိုးတွေထဲက ကျမ နှစ်ပင်လားမသိ ဝယ်လာခဲ့တာ ။ ခုဆိုရင်တော့ အဖိုးမဖြတ်နိုင်တဲ့ အမှတ်တရ အပင်လေးတွေ ဖြစ်နေပါပြီ။ ဒါပေမဲ့ ပူလွန်းလို့ သိပ်ပြီးမပွင့်ခဲ့ပါဘူး။ သိပ်အခြေအနေမကောင်းပါဘူး။ ထိန်းသိမ်းပုံပဲ မမှန်လို့လားမသိဘူး။
နောက်ဆရာကြီးက ဂျပန် အိုကီနာဝါဒုံ လို သစ်ခွပွဲတွေ ထိုုင်းက သစ်ခွစိုက်ခင်းတွေ အကြောင်းကို အားပါးတရ ပုံတွေနဲ့ ပြောပြသွားခဲ့ဖူးပါတယ်။ ကျမတို့ တိုင်းပြည်ကိုလည်း အားမလို အားမရနဲ့ ပြောသွားရှာပါတယ်။
နောက်ထပ်မှတ်မှတ်ရရ ရှိနေတဲ့ သူက တောင်ပေါ်သား သစ်ခွ သုတေသီ ဆရာကြီးပါ။ အနေဝေးနေလို့ ရှိမရှိတောင် မသိတော့ပါဘူး။ သူကတော့ အမျိုးသားပန်းကို သစ်ခွ အနွယ်ဝင် တော်ဝင်ပြီး လှပတဲ့ ကြာရှည်ခံတဲ့ အဖိုးထိုက်တဲ့ သဇင် ကို တိုင်းပြည်ရဲ့ အမျိုးသားပန်းအဖြစ် ဖြစ်စေချင်တဲ့ ပြင်းပျတဲ့ ဆန္ဒရှိခဲ့တဲ့ သူတယောက်ပါ။
ဘာကြောင့် ဒီလိုပြောသလဲဆိုတော့ သဇင် ဆိုတာ တာရှည်ခံပါတယ်။ အဆင်းကလည်း မြင်သူကို ဆွဲဆောင်ထားနိုင် ပါတယ်။သစ်ခွ မျိုးစိတ်အနေနဲ့လည်း ရှားပါးစာရင်း ဝင်သလို ကိုယ့်တိုင်းပြည်ရဲ့ သယံဇာတ ပြယုဒ်တခုအနေနဲ့ ပွဲလယ်တင့်စေနိုင်လို့ပါ။
ဆရာကြီး ပြောပြခဲ့ဖူးတာက သူတို့တွေ အခမ်းအနားမှာ သဇင်ကို အမျိူးသားပန်းသတ်မှတ်ဖို့ ဝိုင်းပြီး အကျိုးသင့် အကြောင်းသင့် အကြံပေး တင်ပြခဲ့ကြပါတယ်တဲ့။ အဲ့ဒီထဲက လူကြီးကတော် တယောက်ကလည်း သဇင်ကို သတ်မှတ်ဖို့ အတွက် လက်သင့်ခံနေပါပြီတဲ့ ။ လူကြီးကိုယ်တိုင်ကတော့ ပိတောက်မှ ပိတောက် ကြိုက်နေလို့ နောက်ဆုံးမှာ အမျိုးသားပန်းက ပိတောက်ဖြစ်သွားတာပါတဲ့။ ကျမက ပိတောက်ကိုလည်း နှစ်သက်ပါတယ်။ မွှေးလို့ပါ။ ဒါပေမဲ့ သူများတိုင်းပြည်ရဲ့ အမျိုးသားပန်းနဲ့ ယှဉ်ပြီး အခမ်းအနားတွေမှာ ဆင်ရင်တော့ မကြာခင်မှာ ကြွေသွားမှာပါ။ မျက်နှာပန်း မလှပါဘူး။ ကြိုက်တာထက် ဖြစ်သင့်တာကို ရွေးချယ်ရမှာပါ။ (သူကြီးတခါက ပြောဖူးသလို အစ္စရေးနည်းပညာနဲ့ ကြာရှည်ခံအောင် ပြုပြင်ဖန်တီးတတ်ရင်တော့ မဆိုးပါဘူး။)
နိုင်ငံတနိုင်ငံရဲ့ အမျိုးသားပန်းဆိုတာ အဓိပါ္ပယ်တွေ ဖော်ကြူးမှုတွေ အပြည့်နဲ့ ရှိနေရမှာပါ။ အပေါ်ယံ နှစ်သက်ရုံနဲ့ သတ်မှတ်လိုက်တာမျိုးကတော့ ပေါလွန်းပါတယ်။ နားမလည်တဲ့ ဆိုင်ရာလူကြီး ရဲ့ ဆုံးဖြတ်မှုအောက်မှာပဲ နာခံခဲ့ ကြရတာပါ။ သူ့နယ်ပယ်နဲ့ သူ နားလည်တဲ့ တတ်ကျွမ်းတဲ့ သူတွေကို ဒီလိုအသေးအမွှားလေးတွေက အစ ဖိနှိပ်ပြီး အကြံဉာဏ်တွေကို ချောင်ထိုးခဲ့ကြတာပါ။ နယ်ပယ်အစုံ ဒီအတိုင်း တို်င်းပါပဲ။
ကြုံလို့ပြောရရင် ဘူတန်တိုင်းပြည်ရဲ့ အမျိုးသားပန်းက Blue poppy ( Meconopsis etonicifolia ) လို့ခေါ်တဲ့ တိဗက်ရဲ့ ကျောက်ဆောင်တွေပေါ်မှာ ကုပ်ကပ်ပေါက်တဲ့ ဒေသပန်းတမျိုးပါ။ အဲ့ဒီဒေသမှာသာ ရှိနိုင်တဲ့ ပန်းပါ။
ဘရာဇီး ကတော့ ကတ်တလီယာ သစ်ခွ တမျိုးကို သတ်မှတ်ပါတယ်။Blize တိုင်းပြည်ကတော့ ထူးခြားတဲ့ ဝိသေသရှိတဲ့ သစ်ခွနက်တမျိုး၊ ဟောင်ကောင်ကတော့ ခရမ်းရင့်ရောင် သစ်ခွ တမျိုးကို သတ်မှတ်ပါတယ်။စင်္ကာပူကလည်း သစ်ခွတမျိုးပါပဲ ။ မျိုးစပ်တီထွင် ဖန်တီးခဲ့တဲ့ အမျိုးသမီးရဲ့ နာမည်ကိုပဲ အစွဲပြုပြီး Vanda Miss Joaquim Orchid လို့ ခေါ်ပါတယ်။ဗင်နီဇွဲလားကလည်း သစ်ခွ တမျိုးကို သတ်မှတ်ခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ် နှင့် အိနိ္ဒယ က ကြာပန်းပါ။ အီဂျစ်ကတော့ သန့်ရှင်းစင်ကြယ်တဲ့ အဖြူရောင် ကြာပန်းကို သတ်မှတ်ပါတယ်။ ကနေဒါကတော့ Maple-leaf လို့ခေါ်တဲ့အပင်ကြီးကို သတ်မှတ်ပါတယ်။တရုတ်ပြည်ကတော့
နွေဦးရာသီကို ဖော်ညွှန်းတဲ့ ( Plum Blossom) ကို သတ်မှတ်ပါတယ်။ဂျပန်ကတော့ ဂန္ဓာမာ ပန်းရယ် ချယ်ရီပန်းရယ်ကို သတ်မှတ်ပါတယ်။
ဒိန်းမတ်ကတော့ နွေရာသီမှာ ပွင့်တဲ့ ကြီးမားတဲ့ တပွင့်ထဲ ပွင့်တတ်တဲ့ ဒေစီပန်းတမျိုးကို သတ်မှတ်ပါတယ်။ဂျာမဏီကတော့ ခရမ်းရောင်အပွင့်လေးတွေ ပွင့်တဲ့ ( Knapweed) ပါ။ သူတို့ဆီက ထုံးစံတခုက အိမ်ထောင်မကျသေးတဲ့သူတွေ က ဒီပန်းကို ကြယ်သီးပေါက်လေးထဲမှာ ထည့်ထားရတာပါ။
အမေရိကားကတော့ နှင်းဆီပါ။ အင်္ဂလန်ကလည်း Tudor Rose လို့ခေါ်တဲ့ နှင်းဆီတမျိုးပါပဲ ။ ခုနှစ်ဆက်မြောက် ဟင်နရီ ဘုရင်က ဒီဇိုင်းဖန်တီးပြီး အဖြူအနီ နှင်းဆီတွေကို ပုံဖော်ခဲ့တာပါ။
စသဖြင့် ပုံရိပ်ကောင်း အဓိပါ္ပယ် ပြည့်လှတဲ့ ပန်းတွေကို တိုင်းပြည်အသီးသီး က အမျိုးသားပန်းလို့ သတ်မှတ်လေ့ ရှိပါတယ်။ ကိုယ့် တိုင်းပြည်ကတော့ လူကြီးကြိုက်တဲ့ ပန်းက အမျိုးသားပန်းပါ။
နောက်သစ်ခွဈေးကွက်ရဲ့ အကျိုးအမြတ်ကိုပြောရရင် ထိုင်းနိုင်ငံရဲ့ ၁၉၉၂ ခုနှစ် ကိန်းဂဏန်းအရ သစ်ခွက ရတဲ့ ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၃ဝ နီးပါး ရှိပါတယ်။
သစ်ခွစိုက်ဧရိယာက ဧကပေါင်း ၄၂၃ဝ ရှိတယ်လို့ ဆိုပါတယ်။ ခုချိန်ဆို မကလောက်တော့ပါဘူး။ နိုင်ငံစီးပွားရေးအနေနဲ့ အလွန် အကျိုးများပါတယ်။
ကျမအမြဲတစေ ကိုယ့်တိုင်းပြည်ကို အနီးစပ်ဆုံး ကိုယ်လိုက်မှီမယ်ထင်တဲ့ အနီးအနားက တိုင်းပြည်နဲ့ပဲ ယှဉ်လေ့ရှိပါတယ်။ အနောက်ဆိုရင် ဝေးလွန်းလို့ အားငယ်လို့ပါ။
နောက်တခုက ကိုယ်တွေကသာ မျိုးမစပ်နိုင်တာ ဈေးကွက်ဝင်နေတဲ့ သစ်ခွ စပ်မျိုးတွေရဲ့ မူရင်းအရိုင်းတွေက မြန်မာ့ သစ်ခွတော်တော်များများကို စပ်ထားတာပါ။ ကျမတို့ မျိုးစိတ်တွေက ရှားပါးတန်ဖိုးကြီးသလို လှပါတယ်။
ခုတော့ သူများစပ်ပြီးသာ ထိုင်းက သွင်းတဲ့ ကို်ယ့်မျိုးစိတ်ကို ကျမတို့က ပြန်တင်သွင်းပြီး စိုက်နေကြတာပါ။ ဖြစ်ပုံများ ပြောပါတယ်။ သနပ်ခါးလည်း ထိုနည်းလည်းကောင်း စင်ကာပူက အသွင်ပြောင်းပြီး ပြန်သွင်းပါတယ်။
လိုရင်းကို ကောက်ရရင် ကျမတို့ဆီမှာ မျိုးရိုင်းတွေ မက်လောက်စရာကောင်းအောင် ရှိပေမဲ့ မျိုးစပ်တဲ့ နည်းပညာက အလွန်အားနည်းပြီး နားလည်တတ်ကျွမ်းသော လုပ်လိုစိတ်ရှိတဲ့ ပညာရှင်တွေကို ထောက်ပံ့ပေးနိုင်မှုလည်း မရှိပါဘူး။ ကိုယ့်တိုင်းပြည်ကသာ သစ်ခွကို သူများတွေလို စနစ်တကျ စိုက်ပျိုးထုတ်လုပ်ပြီး ပန်းဈေးကွက် အရောက်ပို့နိုင်ရင် ဖြစ်နိုင်ချေရှိတဲ့ ဒေါ်လာ သန်းချီတဲ့ စီးပွားရေးတခုပါ။
ဒါပေမဲ့ သစ်ခွတွေ ပန်းဈေးကွက် ရောက်ဖို့အတွက် အဆင့် ၈ ဆင့်လောက်ဖြတ်ရပါတယ်။
၁။ သစ်ခွ အခင်းတွေကနေ မနက်ပိုင်းမှာ ခူးရပါမယ်။
၂။ အမျိုးအစားခွဲရပါမယ်။
၃။ ကြာရှည်ခံဖို့အတွက် ဆေးစိမ်ရပါမယ်။ အမှာစာ အတိုင်း ပန်းစည်း ပန်းခိုင်တွေ ပြုလုပ်ပေးရပါမယ်။
၄။ စက္ကူပုံးတွေမှာ ထည့်သွင်း ထုပ်ပိုးရပါမယ်။
၅။ပန်းတွေ မပျက်စီးအောင် အပူချိန်လျော့ပြီး အကြို အအေးခံရပါမယ်။
၆။နောက်တဆင့် အအေးခန်းမှာ ၁ ပတ်ကနေ ၆ ပတ်အထိ ထားရပါမယ်။
၇။ နောက် အအေးခန်းပါတဲ့ လေယာဉ်တွေ ကုန်ကားတွေနဲ့ပို့ဆောင်ရပါမယ်။
၈။ နောက်ဆုံးမှာတော့ မှာယူသူဖောက်သယ်ထံကို ရောက်ပြီး အဆင့်ဆင့်ရောင်းချပြီး ပန်းဈေးကွက်မှာ တင်နိုင်ပါပြီ။
ကျမတို့ဆီမှာ လိုအပ်နေတာ ကတော့ အရာအားလုံးပါ။ သယ်ယူပို့ဆောင်ရေးနဲ့ ခူးပြီးသားကို ထိန်းသိမ်းထားဖို့ က အဓိက အားနည်းချက်လို့ ထင်ပါတယ်။ ဒါပေမဲ့ တဆင့်ခြင်းသွားရင်တော့ ရောက်လာမှာပါ။ ကိုယ့် ဆီက ရှားပါး အဖိုးတန်လှတဲ့ သစ်ခွကို စနစ်တကျ စိုက်ပျိုးပြီး ဈေးကွက်ဖောက်နိုင်လို့ကတော့ နိုင်ငံတကာမှာ မျက်နှာပန်း လှမဲ့ မြန်မာဘရန်း စစ်စစ်တခု ဖြစ်လာမှာပါ။
ကိုယ့်အိမ်မှာ ကိုယ် တပိုင်တနိုင်စိုက်တဲ့ ဝါသနာရှင်တွေအတွက်လည်း အိုးမကွာ အိမ်မကွာ အကျိုးရှိနိုင်မဲ့ စီးပွားရေးတခုပါ။ ဈေးကွက်ဖောက်နိုင်ဖို့ပဲ လိုတာပါ။
မျောက်လိုလူတွေရဲ့ လက်ထဲမှာ တိုင်းပြည်ရဲ့ သယံဇာတတွေကို နည်းမှန်လမ်းမှန်နဲ့ ဖွံ့ဖြိုးတိုးတက်အောင် မလုပ်နိုင်ခဲ့ပဲ ရှိတာတွေ ရောင်းစားရင်း အသက်ငင်နေရပါပြီ။ ခုတလောလည်း ကြားမိသမျှတွေထဲမှာ မျောက်တွေးတွေးပြီး လုပ်တာတွေ မြင်နေရပါသေးတယ်။
တခါတရံတော့လည်း လူစင်စစ်တွေ အုပ်ချုပ်တဲ့ လူသားဆန်တဲ့ တိုင်းပြည်တခုလို ကိုယ့်ပြည်ကိုယ့်ရွာကို မျှော်လင့်မိပါတယ်။
68 comments
weiwei
March 12, 2012 at 9:08 pm
သစ်ခွပန်းတွေ တော်တော်လှတယ်နော် … အဖိုးမဖြတ်နိုင်အောင် တန်ဖိုးကြီးတဲ့ သဘာဝရဲ့လက်ဆောင်တွေပဲနော် …
တန်ဖိုးဆိုတာကလဲ တန်ဖိုးသိမှ တန်ဖိုးရှိမှာမဟုတ်လား …
တန်ဖိုးသိကြပါစေလို့ ဆုတောင်းပေးရုံမှတပါး ….
pooch
March 13, 2012 at 7:41 am
ဟုတ်တယ် မဝေ တန်ဖိုးနားမလည်တဲ့ လူတွေရဲ့ လုပ်ပုံကိုင်ပုံတွေကို မြင်ရကြားရ တာတွေက တခါ တရံမှာ အလွန်စိတ်ဆင်းရဲစရာကောင်းလှတယ်။
သယံဇာတအဆိပ်သင့်နေသလို ရှိတော့ရှိပါရဲ့နဲ့ မလုပ်တတ်မကိုင်တတ်တွေဖြစ်ပြီး မွဲနေရတာ 🙁
MaMa
March 12, 2012 at 9:48 pm
မယ်ပုရေ-
သစ်ခွခရေစီကို ရူးလောက်အောင်လုပ်လိုက်တာလားကွယ်။
ထူးခြား ရှားပါးလှတဲ့ မျိုးစိတ်တွေလို့ ထင်ပါတယ်။
အပြင်မှာ တခါမှ မတွေ့ဖူးဘူး။
တန်ဖိုးသိမှ တန်ဖိုးရှိတယ်ဆိုသလို
တန်ဖိုးရှိတာတွေကို တန်ဖိုးထားပြီး ကာကွယ်နိုင်ကြပါစေ။
ကိုယ့်သူငယ်ချင်းတစ်ယောက် သစ်ခွကို စီးပွားဖြစ်စိုက်နေတာရှိတယ်။
ထိုင်းက မျိုးပင်တွေမှာပြီး စိုက်တာ။
အခုတင်ပေးတာမျိုးတော့ မတွေ့ဖူးဘူး။
pooch
March 13, 2012 at 7:45 am
မမရေ အပေါ်က ပုံတွေက ပြင်ဦးလွင်က အမျိုးသားကန်တော်ကြီး ဥယျာဉ်မှာရှိပါတယ်။ ထိုင်းက စပ်မျိုးတွေကို ယူပြီး စိုက်ထားကြတာပါ။ မျိုးရင်းတွေကို လိုက်ရင် ကိုယ့်ဆီကမျိုးစိတ်တွေပေါ့။ နည်းပညာ အားနည်းတော့ သူများဆီက ပြန်သွင်းပြီး စိုက်ထားရတာ။
တွေးမိတိုင်း အားမလို အားမရ ဖြစ်ရတယ်။
အဲ့ဒီမှာ ပန်းပွဲတော် လုပ်ဖြစ်တဲ့အခါ တခေါက်လောက် လာလည်ကြည့်ပေါ့။ ပျိုးပင်ပေါက်တွေလည်း ဝယ်လို့ရတယ်လေ။ ခုဆို လိပ်ပြာပြတိုက်လည်း ရှိနေပြီ။ အဲ့ဒီလိပ်ပြာပြတိုက်ကတော့ ဓာတ်ပုံရိုက်ခွင့် မရှိဘူး။
htoosan
March 12, 2012 at 10:01 pm
ဟိုတယ်ခရီးက သစ်ခွပွဲတော် ဆိုပြီး အင်းလေးမှာလုပ်ခဲ့တာ နှစ်နှစ် ရှိပြီး ဒီနှစ်တော့ အင်းလေးက ဟိုတယ်တွေက မလုပ်ပါရစေနဲ့ဆိုလို့ မလုပ်တော့ပါဘူး။ ဒုဝန်ကြီးပြောင်းသွားတာလည်း ပါကောင်းပါမှာပေါ့။
မြန်မာ့သစ်ခွ ကမာ္ဘ ကသိအောင်လုပ်မယ်ဆိုပြီး အခု အားကာ ဒုဝန်ကြီး ယခင် ဟိုတယ် ခရီး ဒုဝန်ကြီး က ကြိုးစားခဲ့တာပါ။
ိ
pooch
March 13, 2012 at 7:49 am
ကိုထူးဆန်းရေ ဆိုင်ရာလူကြီးများကို ဒီထက်မက ပိုမိုနားလည်တတ်ကျွမ်းပြီး အမှန်တကယ် တိုးတက်အောင် လုပ်ဆောင်ပေးမဲ့ သူကို မျှော်နေမိပါတယ်။ ကျမတို့ချည်း ကြိုးစားလို့ မရပါဘူး။
နိုင်ငံတော်က အဓိက ပံ့ပိုးပြီး စီမံကိန်းတွေချ စနစ်တကျ လုပ်ဆောင်ပေးနိုင်မှ ရမှာမို့ပါ။
htoosan
March 13, 2012 at 8:57 am
သစ်ခွ ဟာ တားမြစ်ကုန် ပစ္စည်း ။ ခွင့်ပြုချက်မပါဘဲ နိုင်ငံခြားကို သယ်ဆောင် သွားခွင့် မပြုဘူးဆိုတာ ကျွန်တော် မသိခဲ့ပါဘူး ။ အဲ့ဒီပွဲတော် ကျမှ သိခဲ့ ရပါတယ် ။
လူ အတော်များများကလည်း အခုလို သစ်ခွ မျိုးရင်းဟာ တန်ဘိုး ရှိတယ် နိုင်ငံဂုဏ်ဆောင် ဆိုတာ မသိကြပါဘူး ။ ကျွန်တော် အပါအဝင်ပါဘဲ။
သိတဲ့ Pooch တို့လိုသူတွေ့ရဲ့ လူပ်ဆော်မှု့တွေ လိုအပ်နေပါတယ် ။။။ များများသာပြောပါ ။။
TTNU
March 12, 2012 at 10:19 pm
တီချာ့ညီမလေးကိုခေါ်ပြလိုက်တော့
” အမလေးလေ လှလိုက်တဲ့ သစ်ခွတွေတော့” တဲ့။
ကဲ ဘာပြောဦးမလဲ။
pooch
March 13, 2012 at 7:51 am
တီချယ်ရေ သစ်ခွတွေရဲ့ အလှက လှတယ်ဆိုတာထက် ထူးခြားတဲ့ အပွင့်ပုံသဏ္ဍန်တွေက လူတွေကို ညှို့ငင် ဖျားယောင်းနိုင်စွမ်းရှိနေပါတယ်။ ဘယ်သူနဲ့မှ မတူတဲ့ သူရဲ့ ရှင်သန်ပုံနဲ့ တွဲလိုက်တဲ့အခါ သူ့အလှက စာဖွဲ့မမှီ ဖြစ်ရပါတယ်။
ကိုပေါက်(မန္တလေး)
March 12, 2012 at 10:19 pm
မျောက်လိုလူတွေရဲ့ လက်ထဲမှာ တိုင်းပြည်ရဲ့ သယံဇာတတွေကို နည်းမှန်လမ်းမှန်နဲ့ ဖွံ့ဖြိုးတိုးတက်အောင် မလုပ်နိုင်ခဲ့ပဲ ရှိတာတွေ ရောင်းစားရင်း အသက်ငင်နေရပါပြီ။ ခုတလောလည်း ကြားမိသမျှတွေထဲမှာ မျောက်တွေးတွေးပြီး လုပ်တာတွေ မြင်နေရပါသေးတယ်။
တခါတရံတော့လည်း လူစင်စစ်တွေ အုပ်ချုပ်တဲ့ လူသားဆန်တဲ့ တိုင်းပြည်တခုလို ကိုယ့်ပြည်ကိုယ့်ရွာကို မျှော်လင့်မိပါတယ်။
သိပ်မှန်၏
ရွှေလီဘက်ရောက်တုံးက ပိန္နဲပင်အသီးတောင်ပါလိုက်သေးတယ်၊
သူတို့ ဘက်ကမ်းမှာ စိုက်နေတာ။
စိတ်ထဲမှာအဲဒါက ငါတို့ဟာတွေဆိုတာ အလိုလိုသိနေတယ်။
မယ်ပု ညည်းက သုတေသီအစစ်ပါကွဲ့။
ငါက သစ်ခွမြင်ရင်လှတယ်ဆိုပြီးရှေးဟောင်းနှောင်းဖြစ် စဉ်းစားတာ။
ညည်းက သစ်ခွရာဇဝင်ကိုပြောတော့တာ။
လက်တစ်ချောင်းထောင်သွားမယ်နော်။
pooch
March 13, 2012 at 7:53 am
လေးပေါက်ရေ ပြောရရင် ကုန်မှာမဟုတ်ဖူး။ ကိုယ်တွေသာ ပြောရင်းမောပြီး သေသွားမှာ ။ လုပ်တဲ့ သူတွေကလည်း လုပ်နေဆဲ။ အရေးကို တစက်မှ လုပ်တာမဟုတ်ဖူး။
ဒါလေးက အကင်းပဲ ရှိသေးတာ အများကြီး အများကြီး ရှိသေးတယ်။ အကုန်သာရေးရရင်တော့ မကောင်းရှိတော့မယ်။ 🙁
ဦးဦးပါလေရာ
March 12, 2012 at 10:34 pm
တင်ပြထားတာလေးတွေ အရမ်းကောင်းပါတယ်ဗျာ…
ကျုပ်ကတော့ အစနှစ်စလောက်ပဲ ကိုင်ပြီးပြောပါမယ်..။
ပန်း… အထူးသဖြင့် သစ်ခွ ကို
အလုပ်ဖြစ်တဲ့ သစ်ခွအသင်းတခုဖွဲ့ပြီး
စံနစ်ကျတဲ့ စိုက်ပျိုးရေးစံနစ်
နည်းပညာဖြန့်ဝေရေးစံနစ်
ဖြန့်ချီရေးစံနစ် တွေ ဖေါ်ထုတ်ပြီး
ပြည်တွင်းဈေးကွက်မှာ သုံးစွဲသူတွေ အဆင်ပြေအောင် အရင်လုပ်ကြစေချင်တယ်။
သစ်ခွဆိုတာ ဝရံတာမှာလဲစိုက်လို့ရတယ်၊ ခြံကွက်လေးမှာလဲစိုက်လို့ရတယ်၊ ခြံကြီးဥယျာဉ်ကြီးတွေနဲ့လဲစိုက်လို့ရတဲ့ အားသာချက်ရှိပါတယ်။
ပြည်တွင်းဈေးကွက် ကျယ်ပြန့်ထွန်းကားလာတာနဲ့အမျှ
စိုက်ပျိုးသူတွေများလာပြီး
လုံးလောက်တဲ့ volume ရလာတာနဲ့ ပြည်ပကို စီးပွားဖြစ်ပို့နိုင်ကြမှာပဲ။
(အခုလို နာမည်ခံရုံ တို့ကနန်းဆိတ်ကနန်းပို့ကြတာမျိုးမဆိုလိုပါ)
ပြီးတော့ brand တခုလဲဖြစ်လာမယ်။ မြန်မာ့သစ်ခွ ပေါ့…..။
နောက်တခုပြောချင်တာလေးကတော့ တခွန်းထဲပါ။
တမနက်ပဲခံတဲ့ပန်းမျိုးကို အမျိုးသားပန်းအဖြစ်သတ်မှတ်ဘို့
အကြံရတဲ့ ဆုံးဖြတ်တဲ့လူများရှိခဲ့ရင် အကြံပေးချင်တာက –
မူကြိုကစပြီး ကျောင်းပြန်တက်ပါလား…ဟင်….. လို့….
pooch
March 13, 2012 at 7:57 am
ဦးပါရေ ကျမကလည်း မြန်မာ့သစ်ခွကို မြန်မာဘရန်း စစ်စစ်တခုအနေနဲ့ ပွဲလယ်တင့်ဖို့ ရာ အင်မတန်မှကို မျှော်လင့်မိပါတယ်။ မသေခင်မှာ မြင်ချင်မိတဲ့ ပြင်းပြတဲ့ ဆန္ဒတခုပါ။
But the Big But is မျောက်လိုလူတွေ နယ်ပယ်အသီးသီးမှာ ခေါင်းဆောင်နေသရွေ့ကတော့ ရွှေပြည်တော် မျှော်တိုင်းဝေးနေအုန်းတော့မှာပါ။
ပြောပြန်တော့လည်း ပြောတဲ့လူတွေရဲ့ အလွန်ဖြစ်နေပြီ။
Thel Nu Aye
March 12, 2012 at 10:35 pm
လှလိုက်တဲ့သစ်ခွတွေ။ တခါမှမမြင်ဖူးဘူး။ ကျေးဇူးပါ။ ကူးသွားတယ်နော်။
pooch
March 13, 2012 at 7:58 am
ဟုတ်ကဲ့ ကူးပါ အမ ။ အားပေးတာ ကျေးဇူးပါ။
ကိုပေါက်(မန္တလေး)
March 12, 2012 at 11:07 pm
သေချာကြည့်ကူးနော် ကားတွေက ဇွတ်မောင်းနေတာ.
မသဲနု အက်ထားတာ လက်ခံပေးလိုက်ပါအုံး.
aye.kk
March 13, 2012 at 6:40 am
သစ်ခွစိုက်နည်းတခုအားကိုယ်တွေ ့သိမြင်ထားတာလေးပြန်လည်မျှဝေလိုက်ပါသည်..
အုန်းဆံခွံကိုဆလင်ဒါပုံစံပြုလုပ်ပြီးအရှည်တစ်ပေခန့်မျှပြုလုပ်ပါ..
အုန်းဆံခွံဖတ်များအားကြေးနန်းကြိုးနှင့်ခိုင်အောင်တုတ်နှောင်ပြီးစည်းပါ(ထိပ်၊လယ်၊အောက်)ပေါ့နော်..
လေဝင်လေထွက်ကောင်းတဲ့အရိပ်ရနေရာမှာချိတ်ဆွဲထားပြီးစိုက်ပါ…(အုန်းဆံခွံဖတ်အပြင်ဖက်မှမိမိစိုက်လိုသည့်သစ်ခွအားကပ်၍စိုက်ပါ)
အုန်းဆံဆိုတာကအုန်းသီးအခြောက်ကရတဲ့ကြိုးကျစ်လို့ရတဲ့အခွံဖတ်ကိုပြောပါသည်။
အုန်းဆံခွံဖတ်ကရေကိုအင်မတန်မှစုပ်ယူထားနိုင်တဲ့ထူးခြားတဲ့သတ္တိရှိပါတယ်..
ရေကိုညနေပိုင်းမှာများများလောင်းပေးပါ၊မနက်ခင်းပိုင်းနဲညနေပိုင်းနှစ်ချိန်အနည်းဆုံးလောင်းပေးပါ..
အုန်းဆံခွံဖတ်များကကြာလျှင်အရောင်ကနက်သွားပါသည်..
အုန်းဆံခွံဖတ်အပြင်ဖက်မှသစ်ခွအားကပ်ပြီးစိုက်ပါကအမြစ်များသည်အအေးဓါတ်(၂၄)နာရီရရှိနေသဖြင့်
အပင်ရှင်သန်ဖြစ်ထွန်းပါသည်။ကြက်ဥအကာများရံဖန်ရံခါမကြာခဏထဲ့ပေးကအပင်၏ဖွံ ့ဖြိုးမှုနှုံး၊ပွင့်ဖတ်
အားလှပစေနိုင်ပါသည်။
pooch
March 13, 2012 at 8:05 am
အန်တီအေးရေ စိုက်နည်းလေး က အဖိုးတန်ပါတယ်။ ကျမကတော့ သစ်ခွတွေကို နှစ်သက်တဲ့ သဘောကျတဲ့ သစ်ခွချစ်သူသက်သက်ပါ။ အိမ်က အတူနေ အဒေါ်ကသာ သစ်ခွတွေကို စိုက်တဲ့ ဝါသနာအိုုး အစစ်ပါ။ အဒေါ် သစ်ခွ သင်တန်းတက်တာကို ပျင်းပျင်းနဲ့ အဖော်လုပ်လိုက်တတ်ပေးရင်း အမှတ်မထင် စိတ်ဝင်စားပြီး သစ်ခွတွေကို ချစ်တတ်သွားတာပါ။
အဲ့ဒီမတိုင်ခင်ကတော့ လှတယ်လို့ ရိုးရိုးလေးပဲ မြင်တတ်တာပါ။
ဒါနဲ့ အန်တီအေး ရေ ပြောဖို့မေ့နေလို့ တာချီလိတ်က ကျမ သူငယ်ချင်းက Air မှာ လုပ်တယ်။ အိမ်နာမည်ကတော့ …လို့ ခေါ်ပါတယ်။ အဲ့ဒီရပ်ကွက်မှာနေတာပါ။ အဲ့ဒီဒေသခံပါ။ ကျောင်းလာတတ်စဉ်က အလွန်ခင်မင်ခဲ့တဲ့ သူငယ်ချင်းပါ။ ကျမနဲ့ ဘာသာမတူပါဘူး။ ကျမလာဖြစ်ရင် အန်တီအေးဆီ မေးလ်အရင်ပို့လို့ရအောင် မေးလ်လေးဖြစ်ဖြစ်ပေးထားပါ့လား။
water-melon
March 13, 2012 at 7:32 am
အန်တီကြီးပုဆီကလည်း
ပညာတွေသင်ယူရမယ်
တပည့်လေး မဖရဲကို သင်ပေးပါနော် အန်တီ။
အန်တီပု ကျွန်တော်တို့ပန်းပင်တွေစိုက်ပြီး ပြည်ပပို့ရအောင်လေ။
pooch
March 13, 2012 at 8:08 am
မဖရဲရေ ဒါက တကယ့်ကို မီလျံနာ ဘစ်ဇနက်ပါ။ တကယ်သာလုပ်မယ်ဆိုရင် ဖြစ်နိုင်တဲ့ ပြေးမလွတ်တဲ့ စီးပွားရေးပါ။ နောက်တခါတွေ့ဖြစ်ရင် နင်ပန်ဖို့အိမ်က ပွင့်တာနဲ့ ကြုံကြိုက်ရင် လက်ဆောင်ယူလာခဲ့ပေးမယ်။ ပြီးရင်လေးပေါက်ကို ဓာတ်ပုံရိုက်ခိုင်းပြီး ရွာထဲမှာ ကြော်ငြာရအောင် ။ မကောင်းဘူးလား ? 😀
inz@ghi
March 13, 2012 at 8:46 am
အားပေးပါတယ်ဆြာမ….
ကျုပ် ဖားသားဂျီးကတော့ ဟိုတခါ ပြောပြတဲ့အတိုင်း
ရေးလည်းရေး စိုက်လည်း စိုက်ရှာရဲ့ ……
အန်ဒရိုးဗီးယမ်း နဲ့ ဗန်ဒါ တွေဘဲ များမယ်ထင့်…..
ကျုပ်ကတော့ ပြောချင်တာ တခုဘဲ…
အနှီ မျိုးတွေက စလုံးတွေ ယပက်လက်တွေ မီလျံဘစ်ဇနက် ဖြစ်ပြီးသား..
(ကမာ္ဘကို ဖောက်ပြီး ပေါက်ပြီးသား မို့ …)
လိုက်လုပ်ဖို့ သိပ်မလွယ်တော့…
လိုက်လုပ်ဖို့ဆိုရင် …
၁။ အောက်ကြေးနဲ့ဖိုက် ..(ကျုပ်အဘိဓမ္မာမှာ ပရိုက်ဇ်ကို ထိတာ လုံးဝမကြိုက်လို့ အားမပေးပါ)
၂။ ပိုကောင်းတာ ထုတ်…(ဒီမိုး ဒီရေ ဒီလူ ဒီ R&D လေးတွေနဲ့တော့ အဟတ် အဟတ်)…
သည်တော့ လုပ်စရာ ၂ခုပဲရှိရဲ့…
သစ်ခွ ဘစ်ဇနက်ဆိုရင်ပြောပါတယ်…
၁။ မြန်မာ့မျိုးရင်း သစ်ခွတွေကို ကော်မာရှယ်လိုက်ဇေးရှင်းလုပ်ဖို့…
၂။ မျိုးစိတ်သစ်တွေ မျိုးစပ်ဖို့ …
၂က ကြာမယ်ဗျ ..အရင်းလည်းကြီးမယ် …၁ ကို အောင်မြင်အောင်လုပ်ပြီး
မြတ်တဲ့ထဲက ၂ကိုသွားရမယ် …မသွားရင်တော့ …ဟဲဟဲ…
ကိုယ့်မျိုးရင်းဖြစ်တာက ဖြစ်တာပဲ ..သူများလိုက် ထုတ်လို့ ကိုယ် ဖယ်ပေးလိုက်ရတဲ့
ဘွတွေ ရောက်ကုန်လိမ့်မယ်….
အတ်ချ် ဗျ ..အတ်ချ်…. ခွစ်တစ်ကယ်လ် ဆဲလင်းပွိုင့် …..
အင်း…..
ဆေးလှုပ်သောက်ဦးမှ…
😀
kyeemite
March 13, 2012 at 8:57 am
သစ်ခွဝေဒနာပြပွဲကိုဝင်ကြည့်ပီး
ဝေဒနာတွေကိုမကြေငြာတော့ဘဲ
ပြန်သွားပါဂျောင်း..
Shwe Tike Soe
March 13, 2012 at 9:33 am
ပူးရေ အရမ်းလှတယ် မိုက်တယ် … ဒါနဲ. တစ်ခုမေးပါရစေ ကျွန်တော် အိမ်မှာ သစ်ခွပင်နှစ်ပင် စိုက်ထားပါတယ်.. စစ ဝယ်လာတုန်းက အပွင့်တွေ သူဟာသူ ကျွေကျပြီး နောက်ထပ်မပွင့်တော့ဘူး ဗျ.. အပွင့်က အရမ်းလှတာ
အဲဒါ ဘယ်လို လုပ်ရမလဲ နည်းလမ်းလေးပေးပါအုံး…. ဗျာနော်
water-melon
March 13, 2012 at 9:43 am
ဘာဘီရွှေတိုက်လို မြုံနေတာထင်တယ်
ခိ ခိ ခိ
နည်းလမ်းက ထမီဝတ်ပေးလိုက်
Shwe Tike Soe
March 13, 2012 at 9:52 am
အောင်မာ မိဖရဲ ညည်းလိုများမှတ်နေလား.. ဟွန်. မပြောလိုက်ချင်ဘူး
သများတို. က ယူနိုက်တက်ဗေးရှင်း အခုလုပ်အခုရဒယ် ဒါပြဲ…. မိဖြဲမ
pooch
March 13, 2012 at 8:56 pm
အဲ့ဒါ အရွယ်ရောက်ပြီးသားအပင်မို့ပါ။ အပင်ပေါက်လေးတွေဆိုရင် ငယ်တော့ပွင့်ဖို့ တော်တော်လေးစောင့်ရတတ်ပေမဲ့ ကိုယ်ထားသလိုနေပြီး ပွင့်ပါတယ်။
အရွယ်ရောက်ပြီးသား စပ်မျိုးဆိုရင် ဝယ်ခဲ့တဲ့ဆိုင်ကို ဆေးဘယ်လိုကျွေးလဲ သေချာမေးခဲ့ပြီး အဲ့ဒီကျွေးတဲ့ နည်း အတိုင်း ပုံမှန်လေး ဆက်ကျွေးမှ ပါ။ နောက်ရေကို ခွက်နဲ့လောင်းချသလိုမျိုး မလောင်းရပါဘူး။ ရေပန်းလေးနဲ့ ရေမှုန်ရေမွှားလေးတွေ လို ဖြန်းရမှာပါ။ ဖြည်းဖြည်းချင်းဖြန်းရတာပါ။ အပင်က ဖြည်းဖြည်းချင်း စုပ်ယူပါလိမ့်မယ်။ မနက်စောစောနဲ့ ညနေဘက် နေကျချိန်လောင်းတာ အသင့်တော်ဆုံးပါ။
သစ်ခွတွေက စကားပြောတယ်ချင့် ။ ဘာဘီရွှေတိုက်သေချာနားမထောင်လို့ပါ။ သူတို့ လိုတာ ပြောပြတတ်ပါတယ်။ သေချာလေး လေ့လာကြည့်လိုက်ပါ။
yaungchikha
March 13, 2012 at 10:26 am
Pooh ရေ.. ချင်းပြည်နယ်ဘက်မှာတော့ သစ်ခွမျိုးတွေ မရှိသလောက်ဖြစ်သွားပြီလို့ ပြောတယ်၊ တရုတ်တွေ ဝယ်တာလို့သိရတယ်၊ သေချာဖတ်ပြီး ကူးသွားပြီနော်၊
pooch
March 13, 2012 at 9:00 pm
ရောင်ခြည် ရေ အဲ့ဒီအကြောင်း ပြောရတာ မောနေပြီ 🙁
Moe Z
March 13, 2012 at 11:03 am
မမပူးချ်ရေ အရေးအသားအတွက် လက်မတစ်ချောင်းထောင်ပြီး အားပေးပါတယ်
ဒီလင့်ခ်လေးကို မေမေ့ကိုပေးလိုက်မယ် မိုးစက်ကတော့ သိပ်နားမလည်ဘူး
ပန်းနာမည်တွေတောင် မေမေပြောပြလို့ရင်းနှီးနေတာ
ပို့စ်လေးအတွက်ကျေးဇူးပါနော် 🙂
pooch
March 13, 2012 at 9:05 pm
အမလည်း ဘာမှ သိတာမဟုတ်ဖူး မိုးဇက် ဒါလေးပဲ သိပြီး ရမ်းတုတ်တာ။
inz@ghi
March 13, 2012 at 11:55 am
အို အသင်လောက….
အသင်လောကကြီး၏ တဖက်အစွန်း၌ ခိုးယူခြင်း လုယက်ခြင်း အဓမ္မတရား ကြီးစိုး၍
ကျန် အစွန်းတဖက်တွင်မူကား … ပေးကမ်းခြင်း လှူဓါန်းခြင်းတရား တည်း…။
ထိုအစွန်း၂ဖက်၏ အလယ်တွင်မူကား … မားကတ္တင်း ရှိသေသည်….။
အကယ်၍ မားကတ္တင်းသာ မရှိမူကား အကြင်သူ သည်
ကိုယ်တုံးလုံးချွတ်လျက် သစ်ပင်အောက်တွင် ဆာလောင် မွတ်သိပ်စွာ
နေရပေအံ့…။
လောင်းလစ်ဗ် သည်မားကတ္တင်း …။
😀
pooch
March 13, 2012 at 9:13 pm
ဟုတ်တယ် လောင်းလစ်ဗ် သည် မားကတ္တင်း….။
But the big but is evil marketers have to die…..
နွယ်ပင်
March 13, 2012 at 12:16 pm
သစ်ခွပန်းတွေက အရမ်းလှတာပဲ အစ်မpoochရေ
သစ်ခွအကြောင်း ပြောပြထားတာလည်း အရမ်းကောင်းပါတယ်
ဒါနဲ့ ” တခါတရံတော့လည်း လူစင်စစ်တွေ အုပ်ချုပ်တဲ့ လူသားဆန်တဲ့ တိုင်းပြည်တခုလို ကိုယ့်ပြည်ကိုယ့်ရွာကို မျှော်လင့်မိပါတယ်။ ” ဆိုတဲ့ စာသားလေးကိုတော့ တော်တော်သဘောကျတယ် …..
windtalker
March 13, 2012 at 1:18 pm
ဟိုအပင်လေးတွေ က ဗီးနပ်စ်ဖလိုင်းထွက် ဆိုလား ၊ အကောင်ပလောင် လေးတွေ ကို ဖမ်းစားတဲ့ အပင်မျိုးလေ ၊ အဲ့ဒါနဲ ့ပုံစံ ဆင်သားနော…
” ပြောမယ့်သာ ပြောရတာပါ
အီလောကီဝယ် ၊ အပျိုကြီးများ သဏ္ဍန်
ဖွင့်ဟလှန်သော်
ဗီးနပ်စ်ဖလိုင်းထွက်
ရှုံးချေသာတည့် ။ ”
(ဘုံ မေပေါင် ။ မှတ်ချက် အကြင်သူ သည် အထက်ပါ ကျွန်ုပ်၏ ကဗျာတို အား ကြိုက်ရွေ ့ကူးယူမည် ဆိုလျှင် လုံးဝ ခွင့်ပြုသည် ။)
pooch
March 13, 2012 at 9:54 pm
ရန်ဖြစ်ချင်နေသလား မောင်ပေ။ နေပူတော်မှာ တကိုယ်လုံးကျွမ်းသွားအောင်
မန်းလိုက်ရမလား …. 👿
etone
March 13, 2012 at 1:51 pm
အစ်မပုချ်ရေ .. သစ်ခွပန်းတွေအကြောင်း အရင်က ဘာမှကို … ဗဟုသုတမရှိခဲ့တာပါ .. ။
ဈေးကွက်ထဲမှာ ဝယ်လို့ရတဲ့ ပန်းတွေလောက်သာ မြင်ဖူးခဲ့ပြီး .. အပေါ်ပုံထဲက ပန်းတွေလိုတော့ .. တစ်ခါမှ မမြင်ဖူးခဲ့ပါဘူး … ။ သစ်ပင်ရှိတဲ့နေရာတိုင်း … ကပ်ပြီးပေါက်နိုင်တယ်မှတ်တာ .. ရာသီဥတုပေါ် မှီခိုနေတယ်ဆိုတာလည်း .. နည်းနည်း မှ မသိခဲ့ဘူး … ဟီးဟီး … ။ ဗဟုသုတများစွာရပါတယ် အစ်မရေ …. ။ ပန်းစိုက်တဲ့ လူက .. သာမန်စိတ်နဲ့တော့ မရဘူး … စိတ်ထား နူးညံ့ပြီး စိတ်ရှည်တဲ့ လူမျိုးမှ .. စိုက်လို့ ရသတဲ့ … ။ ညီမတော့ ပန်းစိုက်တာ … ဝါသနာမပါဘူး …. ။ သူများ စိုက်ထားတာတွေ့လျှင်တော့ ရေတတ်ငါးဇင်ရိုင်းလို .. စိုက်ချင်ပေမယ့် … တကယ်တမ်း ဖြစ်ဖြစ်မြောက်မြောက်ဘာပင် မှ မစိုက်ဖူးဘူး ..ဟီး 😛
သူများနိုင်ငံတွေမှာ နိုင်ငံတော်ပန်းကိုယ်စီ ရှိကြတယ်လို့ ကြားဖူးပေမယ့် .. ကိုယ့် နိုင်ငံရဲ့ .. နိုင်ငံတော်ပန်းဟာ ဘာများလဲလို့…. တွေးကြည့်တယ် … ။ သတ်သတ်မှတ်မှတ် မရှိဘူးပဲ …. ။ အစ်မပြောတဲ့ အထဲကလို ..ပိတောက်ပန်းထက် သဇင်ပန်းဖြစ်သင့်ပါတယ် … ဒါပေမယ့် .. သဇင်ဆိုတာကလည်း .. ဆောင်းမှ .. ပိုရှင်တဲ့အပင်မို့လား …. ။ ဥလေးတွေနဲ့ …. ရာသီမရွေးစိုက်လို့ ရနေပြီ ကြားပေမယ့် .. ပွင့်တဲ့အပွင့်တော့ ကွာတယ် … ။ သုံးရာသီစလုံး … မပြတ်ရနိုင်တဲ့ပန်းမျိုး နိုင်ငံတော်ပန်းအဖြစ် ရွေးချယ်သင့်တယ်လို့ … ထင်တာပါပဲ… ။ ၏
ဒါနဲ့ … မေဒေး .. တကယ် ရန်ကုန်လာမှာလား ဟင် …
pooch
March 13, 2012 at 9:22 pm
နွယ်ပင် ၊ မအိ ၊ မောင်ပေ ၊ တုန်တုန် ဖတ်ကြည့်ပေးတဲ့ အတွက် ကျေးဇူးပါ။
တုန်တုန်ရေ သုံးရာသီမှာပေါက်ပြီး တာရှည်ခံတာ ရှာရခက်မယ်ထင်ပါတယ်။ သဇင်တွေ ရာသီမရွေးစိုက်လို့ ရတာ အပွင့်ကွာတာ နည်းလိုနေတာထင်တာပါပဲ။
အပင်တွေကို အမလည်း အဖြစ်ရှိအောင် စိုက်ခဲ့သူမဟုတ်ပါဘူး။ အတူတူပဲ ညီမရေ။ 😀
ရန်ကုန်လာဖို့က မသေချာသေးဘူး တုန်ရေ ။ လာချင်တဲ့စိတ်ကတော့ ပြောမနေနဲ့။ ရွာ့ဆွေရွာ့မျိုးတွေနဲ့ တွေ့ချင်တာပေါ့။ ကြုံကြိုက်တုန်း။ သေချာရင်ပြောမယ်နော်။
Ma Ei
March 13, 2012 at 1:52 pm
…သစ်ခွပန်းဆိုတာ ချမ်းသာကြွယ်ဝမှုတွေ ချစ်ခြင်းမေတ္တာ နဲ့
ပြီး ပြည့်စုံတဲ့ အလှပတရားတွေကို ပိုင်ဆိုင်တဲ့ အရာလို့ ဖွင့်ဆိုခဲ့ကြပါတယ်…
မှန်ပါတယ်…Pooch ရေ…
တန်ဘိုးသိသူတွေသာ တန်ဘိုးထားထိန်းသိမ်းတတ်ကြပါတယ်..
တန်ဘိုးမသိသူတွေ လက်ထက်မှာ ဝေဒနာတွေ ဖြစ်စေပြီ…
inz@ghi
March 13, 2012 at 2:06 pm
ရော့စ်
အင့် အင့်…
😀
စိမ့်ကြီးမြိုင်ကြီး၊ ရိပ်ကြီးတောတောင်
နေရောင်မခံ၊ ပန်းပျံပင်ဆင့်
မြေနှင့်ရန်ဖက်၊ ခက်လက်စိမ်းမြ
မိုးမခဘူး၊ နွေလသန်ပေါက်
ယဉ်ချိန်ရောက်ခါမှ၊ နှင်းသောက်ကယ်ရွှင်ရွှင်
ပွင့်ဖူးတွေဆင်ကြသည်။
ရွှေပင်ဆင့်ငွေပင်ဆင့်၊ ပတ္တမြားပင်ဆင့်
ဂမုန်းအင့်အဖက်
ဆောင်းစက်ရိပ်ခို၊ ရေတွက်လို့ ဆိုတော့မည်။
လက်တံတိုတစ်မည်၊ လက်တံရှည်နှင့်
နေရောင်ခြည် လရောင်ဝါ
မိုးလုံးပြာ မိုးလုံးမှိုင်း
ပုလဲဆိုင်း ပုလဲနှစ်
ချစ်စရာ့လိပ်ပြာတောင်
နီလာရောင်တောင်လုံးမြိုင်
သုံးပွင့်ဆိုင်ခိုင်လုံးဆန်း
ပင်လုံးလန်းနွဲတန်းယိမ်း
ညှာတံစိမ်းများတို့
လေသိမ်းတိုင်းလှ၊ ကိန္နရီကသည့်နှယ်
တချို့ကနီပြာပြာ၊ တချို့ကဖြူဝါဝါ
တချို့မှာချိပ်ပွင့်၊ တချို့မှာပန်းရင့်ကို
ပင်ဆင့်ပန်းပျံ၊ ဘွဲ့မည်ရည်ခံချင်းတွင်
ဝေယန်နန်းမြင့်၊ ပန်တိုင်းတင့်မို့
မြို့ဝန်မင်းစာ၊ လိပ်မပါဘဲ
ကွယ်ရာဈေးပြင်၊ ရောင်းလို့များမြင်မလား။
သေချင်သေ၊ရှင်ချင်ရှင်
အင်မတန့်အင်မတန်၊ ရာဇဝတ်တော်ခံရမည်။
မြတ်ပန်တော်ပန်း၊ ခိုင်လုံးလန်းကို
ဟိုလောင်ပန်းပွင့်၊ ဘယ်ဂုဏ်ကြောင့်ဝင့်မတုံး
ဘုန်းနှင့်ကံနှင့် ရွှေသဇင်။
ရကန်
ဦးတိုး
ကိုပေါက်(မန္တလေး)
March 13, 2012 at 3:14 pm
မယ်ပု
ညည်းကိုမှီပြီးငါပိုစ်တစ်ပုဒ်တင်လို်က်၏
http://myanmargazette.net/107899/travel/local-guides#comments
aye.kk
March 13, 2012 at 3:35 pm
pooch,ရေ..
ayedarli@gmail.com
အံတီနဲ ့ခင်ပါတယ်၊ပုန်းထွန်မှာနေတာပါ။
kyeemite
March 13, 2012 at 3:44 pm
pooch ရေ..တိူက်တိုက်ဆိုင်ဆိုင်ဒီနေ့မှ
လှပတဲ့သစ်ခွပုံတွေ FWmail ကရလို့
သစ်ခွကြိုက်သူ pooch ထံ ဂေဇက်အက်ဒမင်
ကတဆင့်ပို့ထားပါတယ်..မရရင် ဂျီမေးပြော
ထပ်ပို့ပေးမယ်..
ခင်တဲ့..
pooch
March 13, 2012 at 9:06 pm
ကျေးဇူးပါ ဦးကြီးမိုက် ။
ကိုပေါက်(မန္တလေး)
March 13, 2012 at 6:43 pm
ကြီးမိုက် မန်းလေးကိုပို့ရင် မယ်ပုတစ်ယောက်ထဲပို့လို့မရဘူးလေ.
ပေါက်ပေပု အသင်း က အမြောက်တွေနဲ့ခွင်းတာခံချင်ပါသလား
Khin Latt
March 13, 2012 at 7:28 pm
Pooch လေးရေ
ဗဟုသုတပေးရင်း၊ ခံစားချက်လဲ မျှရင်း အတွေးကောင်းကောင်း လေးနဲ့ ရေးထားတာပါလား။
မသိတာတွေ အများကြီး ဘဲ၊ အခုမှ တစ်ချို့အကြောင်းတွေ သိရတယ်။
ကျေးဇူးနော်။ 🙂
သစ်ခွလေးတွေ က လှ လိုက်တာ။ အရောင်ကို စိုနေတာဘဲ။
အရီးတို့ အိမ်မှာလဲ မနှစ်က သူများလက်ဆောင်ပေးတဲ့ သစ်ခွလေး စိုက်ဘူးတယ်။
သူများတွေလို မှန်လုံအိမ် မတတ်နိုင်တော့ ဆောင်းဝင်တာနဲ့ ကြွ သွားရှာတယ်။
ပြန်ရှင် မရှင်တော့ နွေဦး ရောက်ရင် ကြည့်ရမယ်။
နှင်းဆီ တွေကတို့ ဆောင်းဆို ဝပ်သွားပြီး သေသလို ဖြစ်သွားကြတယ်။
ဒါပေမဲ့ နွေဦး ဆို ပြန်ရှင်လာကြရော။ တိရိစ္ဆာန်တစ်ချို့ လို ဆောင်းမှာ hibernate လုပ်သွားတာထင်ရဲ့။
အရီးတို့ ချစ်သောတိုင်းပြည် က တကယ်တော့ ရေမြေ သဘာဝ သံယံဇာတ က ကောင်းမှကောင်း၊ လူ တွေရဲ့ အရည်အချင်း က လဲ မညံ့ပါဘူး။
Pooch ရဲ့ ဥပမာလေးကို သဘောကျတယ်။
လောဘဇောတိုက်နေတဲ့ မျောက်စိတ်ရှိတဲ့ အရှက်မရှိသူ လူတွေ လက်ထဲရောက်နေလို့ ဆင်းရဲနေတာပါ။
အခုချိန်မှာ တော့ နဲနဲဖိ ကြိုးစားလိုက်ကြရင် ကောင်းသွားမယ်ထင်ရဲ့။
ဒါထက် တွေးမိတာလေး – သစ်ခွ ဆိုတာ မြန်မာ အဓိပ္ပါယ်က သစ်ပင်မှာ ကပ်ပြီး ခွပေါက်လို့ ဆိုတော့ ကပ်ပါးပင် အမျိုးထဲ ထည့်ကြသလားလို့။
ကပ်ပါး ဆိုတာ သူများကို မှီခိုပြီးမှ ရှင်ရတာ မဟုတ်လား။
ဒါဆို အောက်မှာ ပြောတဲ့ ဂရိ အဓိပ္ပါယ် –
(၁) “ခွန်အားဗလ” ဆိုတာရယ်၊
(၂) “သစ်ခွကို အမျိုးသမီးနဲ့ ပတ်သတ်ပြီး ညွှန်းဆိုထားတာလေးလည်း ရှိပါတယ်။ အလွန်အင်မတန်မှ နှစ်လိုဖွယ်ကောင်းတဲ့ ညွှန်းဆိုမှု တခုလည်း ဖြစ်ပါတယ်။ စာရေးဆရာ တချို့က အမှီအခိုကင်းကင်းနဲ့သူတပါး အကူအညီမပါပဲ ရပ်တည်ချင်တဲ့ အောင်မြင်ချင်တဲ့ ကိုယ့်အားကိုယ်ကိုးလို တဲ့ အမျိုးသမီး ကိုသစ်ခွလို ရှင်သန်ချင်တဲ့ မိန်းမလို့ တင်စားကြပါတယ်။” ဆိုတာရယ်
နဲ့ နဲနဲ လွဲနေသလားလို့။
စိတ်မရှိ နဲ့ နော်။ အသေအချာ လေးဖတ်ကြည့်ပြီး သဘောကျတာလေးမို့ ဆွေးနွေး လိုက်တာပါ။
အရီး တွေးတာလဲ မှားနိုင်ပါတယ်။ ရမ်းတီး နေတာကိုး။ 😉
pooch
March 13, 2012 at 8:14 pm
အရီးလတ်မေးမှ မေးပါ့မလားလို့ ။ အင်း.. မှန်တာ ပြောရရင် နောက်တမျိုးရှိသေးတယ်။ ဂရိတွေက သစ်ခွကို ယောက်ျားတွေရဲ့ ကပ်ပယ်အိတ် ၂ လုံးနဲ့တူလို့ သူတို့ရဲ့ ဘာသာစကားနဲ့ အမျိုးသားတန်ဆာလို့ လည်းခေါ်သေးတယ်။
(မရေးပဲ ရှောင်ခဲ့တာ 😳 )
ခွန်အားဗလလို့ ဆိုတာ လေ အရီး ( virility ) အဲ့ဒါကို ပြောတာ။ 😳
တွေးတတ်သလို တွေးပြီး ရေးလိုက်တာပါ။ အဲ့ဒါကို ဘယ်လိုလှအောင်ရေးရမလဲဟင်…
အရီးပြောမှ ကိုယ့်အမှားကိုယ် သတိပြုမိတယ် ။ ဟုတ်တယ် သစ်ပင်မှာ ခွပြီးပေါက်လို့ သစ်ခွလို့ ခေါ်ခဲ့ကြတာနေမှာလို့ ရေးသင့်တာ။ ကျေးဇူးပါ အရီး ပြင်လိုက်ပါ့မယ်။
ပြီးတော့ သစ်ခွလို ရှင်သန်ရှင်တဲ့ မိန်းမ ဆိုတဲ့ အဓိပ္ပါယ်မျိုး သက်ရောက်တဲ့ ညွှန်းဆိုမှုကို ဆရာငြိမ်းကျော်က အပြာရောင် သစ်ခွပွင့်၏ သမိုင်းအစ ဆိုပြီး လုံးချင်းရေးဖူးတယ်။ ရရင် ဖတ်ကြည့်လိုက် အရီး ။ စာအုပ်အညွှန်းကို အဲ့လိုရေးလို့ ခိုက်သွားပြီး ဖတ်ဖြစ်ခဲ့တာ။
အရီးလတ်လို လူက ဝေဖန်ထောက်ပြတာကို အလွန်ကျေးဇူးတင်ပါတယ်။ နောက်လည်း အားမနာတမ်း ထောက်ပြပါ။ 😀
pooch
March 13, 2012 at 8:50 pm
အရီးရေ အအေးပိုင်းက သစ်ခွအရိုင်းကို အနော်တို့ အပူပိုင်းဒေသမှာ ယူစိုက်ရင် မရှင်ဘူး ကို်ယ်တွေ့ ။ တနှစ်လောက်ကတော့ သူ့ အရှိန်လေးနဲ့ပွင့်သေးတယ် ။ နောက်ဆို ရှင်ရင်တောင် မပွင့်တော့ပါဘူး။
ရှင်အောင် စိုက်တဲ့သူကို တွေ့ဖူးတယ်။ သင်တန်းက အန်တီတယောက် ရေခဲ သေတ္တာထဲ ထည့်ထားတယ်တဲ့။ အံ့ကို ဩရော ။ နောက်ပိုင်းတော့ မသိဘူး အရီး ။ သင်တန်းမှာ လပိုင်းလောက်ပဲ ဆုံခဲ့ဖူးတာမို့။
စပ်မျိုးတွေကတော့ ပြုပြင်ထားပြီးသားမို့ အားဆေးမှန်မှန်ထဲ့ရင် ဝေနေအောင်တောင် ပွင့်ပါတယ်။ ဒါကလည်း မပွင့်သေးတဲ့ အပင်ပေါက်ငယ် မှပါ။ ကြီးပြီးသားယူူစိုက်ရင် လူတွေလိုပဲ ကလန်ကဆန်နဲ့ သူ့အရင်ပြုစုသူက ပြုစုတဲ့ အတိုင်း ဆေးပုံမှန်မကျွေးရင် ကောင်းကောင်းမပွင့်ဖူး။
အရီးပြောတဲ့ နှင်းဆီပင်လို အကြောင်း သင်တန်းမှာ ဆရာကြီးတွေ ပြောပြဖူးတယ်။ ပြန်ရှင်တတ်တဲ့ အကြောင်းကို ပြောပြတာပါ။ ပြောပြတာတွေများလွန်းလို့ သိပ်တောင်မမှတ်မိတော့ဘူး။ လွန်ခဲ့တဲ့ ၅ နှစ်ကျော်လောက်က တက်ခဲ့ဖူးတာမို့ပါ။ ပျင်းပျင်းနဲ့ အပျော်လိုက်တတ်တာပါ။
ပြီးတော့ အရီးရေ အနော်က သစ်ခွကို အဖြစ်ရှိအောင် စိုက်တာမဟုတ်ဖူး။ လေနဲ့စိုက်တာပါ။ အဒေါ်က ဒိုင်ခံရေလောင်း ဆေးကျွေးနဲ့ပါ။ စစချင်း တနှစ်လောက်တော့ ရေလောင်းဘာလောင်းပါ။ နောက်တော့ မအားတာနဲ့ ရောချပြီး လှည့်ကို မကြည့်တော့တာပါ။
အဒေါ်ကတော့ဂရုတစိုက်နဲ့ စိုက်တာပါ။ ရှင်တာ ရှိသလို သေခဲ့တာတွေလည်း မနည်းပါဘူး။ တပိုင်တနိုင် နည်းနည်းပဲ စိုက်တာပါ။
အနော်က သစ်ခွကို ချစ်ရုံ သက်သက် သိတာကို မျှချင်ယုံ သက်သက်ပါ။ သစ်ခွ ကျွမ်းကျင်သူမဟုတ်သလို စိုက်တတ်သူလည်း မဟုတ်ဖူးရယ် ။
အဲ့ဒီ စိတ်ကူးကို ဒေါ်ဒေါ်ပဒုမ္မာက ပိတောက်တွေ ပွင့်နေလို့ ပုံတွေ တင်တဲ့အခါ အမျိုးသားပန်းဆိုပြီး အစဆွဲထုုတ်တဲ့ အချိန်ထဲက ပြောချင်နေတာပါ။ အမျိုးသားပန်းကို သစ်ခွဖြစ်စေချင်တော့ သစ်ခွကို အစဆွဲထုတ်လိုက်ရတာပါ အရီး။ ရေးမယ်ရေးမယ်နဲ့ ပျင်းနေလို့ ခုမှ ရေးဖြစ်တာပါ။ မရေးခင်လည်း အမျိုးသားပန်းတွေ အကြောင်းကို ရော တခြားသိချင်တာလေးတွေကိုရော ဂူးဂဲထဲကရော လက်လှမ်းမှီတာတွေရောဖတ်ခဲ့ပါတယ်။ ကိုယ်သိခဲ့တာလေးတွေနဲ့ပြန်ညှိတာပါ။
Khin Latt
March 16, 2012 at 7:15 pm
စိတ်ရှည်ရှည် နဲ့ ရှင်းပြလို့ ကျေးဇူးပါ Pooch လေးရေ။ 🙂
မဟာရာဇာ အံစာတုံး
March 13, 2012 at 8:40 pm
သစ်ခွ လေးတွေက လှသားဗျ …
သစ်ခွနက်၊ မြွေမင်းသား၊ မြွေနဂါး အုပ်စုဝင် သစ်ခွ တွေကတော့ ရှားပါး သစ်ခွတွေလား မသိဘူး …
ကျနော်ကတော့ ခုမှ အဲဒီ သစ်ခွတွေကို မြင်ဖူးလို့ပါ …
အဟီး … တော်ဒေးဒယ် …
မမန့်ခင် Refresh ပြန်လုပ်မိလိုက်လို့ … 😀
နို့မို့ဆို … အမျိုးသမီးနဲ့ သစ်ခွကို ခိုင်းနှိုင်းတဲ့ ပြဿနာက ပါသွားဦးမှာ ….
မပုချ်ရေ … အဲဒီ စာအုပ်လေးကို ဖတ်ကြည့်လိုက်ပါဦးမယ်နော် …
ကျေးကျေး ..
ခင်တဲ့ … အံစာတုံး
pooch
March 13, 2012 at 9:40 pm
အပေါ်က လေးပုံက ကန်တော်ကြီးမှာ ရိုက်ခဲ့တာ။ ဒီထက်မက လှပြီး စုံတဲ့ အမျိုးတွေ ရှိလို့ ပြင်ဦးလွင်မှာ လေ့လာလို့ရပါတယ်ချင့်။
ကျမဆီမှာရှိတဲ့ အဲ့ဒီသစ်ခွတွေက စကန်ဖတ်ပြီး တင်ရမှာ ၊ ပြီး ပုံထွက်လည်း သိပ်မကောင်းလို့ သူငယ်ချင်းပုံကို တင်ပေးလိုက်တာ။ နောက် သစ်ခွနက်အုပ်စုတွေထဲက အနက်က အဲ့ဒီပုံနဲ့ တပုံစံထဲ ဒါပေမဲ့ သူက အနီနေရာမှာ အနက်ရင့်ရောင် သစ်ခွနက်အစစ်ပါ။ အခုပုံက သစ်ခွနက် အနွယ်ဝင် အရောင်ကွဲပါ။ ထိုင်းက နည်းပညာသုံးစိုက်လို့ ထွားနေတာပါချင့်။
ိလိပ်ပြာပြတိုက်ပါရှိလို့ လိပ်ပြာမျိုးစိတ်တွေပါ လေ့လာနိုင်ကြောင်းပါချင့်။
နာမည်နဲ့ ပုံနဲ့ တွဲထားတာ အမှန်တွေချင့်။ အဲ့ဒါမှ အားမရလို့ တိတိကျကျ စုံစုံလင်လင်သိချင်ရင်
Yangon Botany က ထုတ်တဲ့ Myanmar Native Orchids ဆိုတဲ့ စာအုပ်မှာ မျိုးကွဲ အစုံအလင် ကို ပုံနဲ့ မြန်မာနာမည်နဲ့ ရုက္ခဗေဒ နာမည်တွေနဲ့ပါ တွဲပြီး တိတိကျကျ လေ့လာလို့ ရပါတယ်ချင့်။
အဲ့ဒီစာအုပ်မှာ စားပြီးနားမလည်း လုပ်သွားလို့ ရလာတဲ့ ကိုယ်ဝန်ကို မိန်းကလေးက ကွန်ဆာဗေးတစ်တွေ ကြီးစိုးတဲ့ ခေတ်ကာလမှာ ကိုယ့်အားကိုယ်ကိုးပြီး မွေးတာ ။ နောက်ပိုင်းကလေးဆုံးသွားရှာတော့ သူ့ဘဝကို သူပြန်မတ်ပြီး တည့်အောင်လျှောက်ခဲ့တဲ့ အကြောင်းပါချင့်။
မောတာ ….. 😀
aye.kk
March 14, 2012 at 8:48 am
pooch,ရေ..
လာမယ်ဆို…
invite..အရင်လုပ်နော်။
ကြောင်ကြီး
March 14, 2012 at 8:52 am
ပုရှ်လေး ရန်ကုန်ရောက်လို့ တည်းစာရာနေရာ မရှိရင် ဦးကြောင်ကြီးဆီမှာ တည်းလေ…။
ပုရှ်လေးအတွက်
အလုံခြုံဆုံးနဲ့
အနွေးထွေးဆုံးနေရာ
ကွန်းခို့ဖိုဟာ
ဤဒွန္နယာကြီးထဲမှာ
ဦးကြောင်ကမာ္ဘ
တတခုထဲသာ…။
kyeemite
March 14, 2012 at 11:19 am
ပေါက်ပေပု အသင်းငှက်ကဋ္ဌကြီးကလဲ
ဒေါနဂျီးဘဲ…ပို့ပေးပါ့မယ်ဂျာ…
blackchaw
March 16, 2012 at 2:23 pm
ဆောရီးပါ မယ်ပုချ်ရေ။
အဲဒီရက်တွေက တောက်လျှောက် ခရီးသွားလိုက်
ပြန်ရောက်ရင်လည်း ကားပြင်လိုက်နဲ့
ရွာထဲကိုလုံးဝမရောက်လိုက်လို့ပါ။
လွတ်မယ့်လွတ်တော့လည်း ဟဲဗီးပို့စ်ကြီးဗျာ။
ပုံလေးတွေလည်း လှတယ်
အတွေးလေးလည်း လှတယ်
နိဂုံးချုပ်တာလေးလည်း လှတယ်။
ဟုတ်တယ် မယ်ပုချ်ရေ။
စာရေးတဲ့လူတွေကို အခုမှ ကိုယ်ချင်းစာလာတယ်ဗျာ။
ရေးရင်းရေးရင်း ဒေါသက ထွက်ထွက်လာပြီး
လက်ကိုမနည်းထိန်းထိန်းနေရတယ်။
သူတို့လည်း ရေးရင်းနဲ့ လက်အရှိန်လွန်လွန်သွားကြတာဖြစ်မယ်ဗျ။
မဖတ်ဖြစ် မမန့်ဖြစ်လိုက်ပဲ စာရေးဘို့ တောင်းဆိုမိတာ ဆောရီးဗျာ။
မရေးမရေးနဲ့ ရေးမယ့်ရေးတော့လည်း ဟဲဗီး။
လက်မလေးတစ်ချောင်းထောင်ပြီးအားပေးသွားပါတယ်ဗျာ။
pooch
March 16, 2012 at 4:05 pm
ကိုဘလက် အားပေးတာ ကျေးဇူးပါ။
inz@ghi
March 16, 2012 at 2:42 pm
မတူတဲ့အတွေးနဲ့ မန့်ဘီ…
(ဝိုင်းတော့ ဆဲကြတော့မှာပဲ…)
ရှက်စရာကြီး …ပါ ….ကိုပုချ် ရာ…
ပန်းဆိုတာ အပင်ရဲ့ မျိုးပွားအင်္ဂ ါ ပါချင့် ….
ဘယ့်နှယ့် သူတို့လေးတွေရဲ့ မျိုးပွားအင်္ဂ ါ လေးတွေကို
အားပါးတရ ..မဟားဒယား လိုက်လံရိုက်နှက်ထားပါသလဲချင့် …
😀
ကိုယ်ဂျင်းစာ တရား ထားပါချင့် ….
ကိုပုချ် ကို ရိုက်ရင်ရော ကြိုက်မလားချင့်
အာဟိ…
😀
😛
ဒက်ဂလုပ်…ဒက်ဂလုပ်….
pooch
March 16, 2012 at 4:08 pm
နေနှင့်အုန်းပေါ့ ဂီမမရယ် နင်တော့လား တွေ့အုန်းမှာပါ နင်ရေးတဲ့ ပိုစ့်တွေ ။
ရန်ဖြစ်ချင်နေတယ်လား 👿
Khin Latt
March 16, 2012 at 7:13 pm
ပန်းက အပင်ရဲ့ မျိုးပွါး အင်္ဂ ါ လို့ ဆိုလို့ရမယ် မဟုတ်ပါဘူး။
ပန်းပွင့် လေးပိုင်ဆိုင်တဲ့ ဝတ်မှုန် လေးတွေ က သာ မျိုးပွါးတာပါ။
ပန်းဆိုတာတော့ မိန်းကလေး လိုဘဲပေါ့။
ကီနူးဂီ ရယ် မပြောချင်တော့ပါဘူး။ 😉
inz@ghi
March 16, 2012 at 8:05 pm
Oh … good evening lord Latt
I almost forget my bortany and zoology words…
Dun wanna discuss about gynaecology…
Smart, slim, stylish shorties will mee dote me…
😛
Flower is not a repro; organ but a repro; system ….
Oops..
How can i write da word [dak ga lote ] in English
Sate hti ka yat thwar b
😀
Novy
March 16, 2012 at 3:46 pm
မနိုလဲ သစ်ခွလေးတွေကို မြတ်နိုးလို့
အခန်းမှာ 7 မျိုးလောက်စိုက်ထားတယ်
သူတို့ကိုတော့ ဂရုစိုက်ရတယ်နော်
ရေမှန်မှန်လောင်း လိုအပ်တဲ့ ဆေးလေးတွေထဲ့
အပင်တွေကျပ်နေရင် အပင်ခွဲ ပြီးပြန်စိုက်
အမျိုးတွေတောင်းတော့ ပေးလိုက်ရ အလုပ်ကိုဖြစ်လို့
လျှိ့ဝက်ချက်လေး ပြောမယ်နော်
နွားနို့အစိမ်း 2ပတ်တစ်ကြိမ်လောက် နဲနဲစီလောင်ပေးရင်
အပင်သန် အပွင့် သန်ပြီး အရမ်းလှပါတယ်
မထင်မှတ်ပဲတွေ့ရှိတဲ့ မနိုရဲ့ စမ်းသက်ချက်ပါ
pooch
March 16, 2012 at 4:03 pm
မနိုရေ ကျေးဇူးပါ အဒေါ့်ကို လက်တို့လိုက်ပါ့မယ်။ နောက်လည်း မျှပါနော်။
ဆူး
March 16, 2012 at 4:11 pm
ဒီပိုစ်လေးကို ဖတ်ပြီး တော်တော် ချီးကျူးမိပါတယ်။
မသိသေးတာတွေ အများကြိး ရှိတယ်လို့ ခံစားမိတယ်။
နောက်ပြီး မြန်မာနိုင်ငံ အနေနဲ့ လုပ်တတ်ရင် လုပ်စားလို့ ရတာတွေ အများကြီး ရှိပြီး မလုပ်စားတတ်တာတွေကိုလည်း အများကြီး မြင်လာမိတယ်။
ဗီယမ်နာမ် ရောက်တုန်းကလည်း ယွန်းထည်တွေ ကြည့်ပြီး ဒို့ တိုင်းပြည်မှာ ရှိတယ် သူတို့ လို ဆွဲဆောင်မှု ရှိအောင်တော့ လုပ်သင့်တယ် စသဖြင့်ပေါ့။
သစ်ခွလည်း ဒီလိုပဲ ဖြစ်နေတယ် တော်တော် ရင်နာ စရာကောင်းလှတယ်နော်။
padonmar
March 18, 2012 at 12:23 am
မယ်ပုရေ
ဒီ post ရဲ့ Link လေးပို့လိုက်တော့ run through လေးဖတ်လိုက်ပြီး ဟာမယ်ပုက heavy ရေးထားတာ၊ သေချာဖတ်ပြီးမှ မန့်ရမယ်လို့ ထားလိုက်တာ။
ဒါလေးတော့ သူကြီးက sticky လုပ်ပေးမယ်ထင်တာ လူကြီးအကြိုက်နဲ့ မကိုက်ဖူးထင်ပ၊
နောက်တစ်နေ့ဆိုရှာမရတော့ဘူး၊(ချဉ်ထှာ)
အခု ကိုယ့် mail ထဲက ပြန်ရှာပြီး မန့်ရတယ်။
ပြောစရာတွေတော့ မလတ်၊ကိုပေါက်၊ကိုဘလက် တို့ပြောသွားကြသလိုပဲလို့သာပြောချင်ပါတော့တယ်။
မယ်ပု သစ်ခွလေးတွေက ရှားရှားပါးပါးလေးတွေ၊မြင်ရခဲလေးတွေ။
ဒေါ်ဒေါ်က အိမ်စောင့်နတ်နဲ့ ရန်ဖြစ်ထားတယ်၊ အပင်စိုက်ချင်စိတ်ရှိတဲ့အခါစိုက်ပြီး မေ့သလောက်ရှိမှ ပြန်ကြည့်တတ်တဲ့လူမျိုးဆိုတော့ အောင်မြင်တဲ့ အပင်တွေမရပါဘူးကွယ်။မှတ်မှတ်ရရ ဆေးခန်းဖွင့်တဲ့ အချိန်တုံးက စိုက်မိတဲ့ နှင်းဆီတွေကို လူနာတွေကို IV Burplex အကြောဆေးထိုးပြီး Syringe rinse လုပ်တဲ့ (disposible syringeတစ်ခါသုံးအပ် နဲ့ AIDS မပေါ်မီခေတ်က)အရည်တွေ သွန်သွန်ထည့်ပေးလိုက်တာ ပုံမှန် 2 လက်မလောက်ပွင့်တဲ့ မျိုးကနေ 8 လက်မ အချင်းရှိတဲ့ နှင်းဆီတွေရဖူးတယ်။
သွေးနဲ့ ဘားပလက်ကြောင့်ဖြစ်မယ်ထင်ရဲ့။
နို်င်ငံခြားမျိုးသစ်ခွတွေက လှပေမယ့် မမွှေးဘူး။
သိသလောက်တော့ မြန်မာ မျိုးစစ်စစ်သစ်ခွတွေက မွှေးတယ်။
မြေစိုက်သစ်ခွတွေက ပွင့်ရင် သိပ်မွှေးပါတယ်။ သင်းသင်းကလေး၊(မယ်ပုပုံတွေ ကြည့်ရတာ အပေါ် ၂ပုံကလွဲလို့ မြေစိုက်သစ်ခွတွေ ပဲထင်တယ်)
ဖယောင်းပန်း၊ကြောင်မြီးတူ၊ဇလက်ထော်၊ပင့်ကူသစ်ခွ၊စသည်
(၁၉၇၀-၈ဝကြားထုတ်တဲ့ ရွှေသွေးဂျာနယ်ရဲ့နောက်ကျောဖုံးတွေမှာ မြန်မာ့သစ်ခွတွေပုံနဲ့ အပတ်စဉ်ဖော်ပြခဲ့ပါတယ်)
ဝင်းဦး အသံနဲ့ သရုပ်ဆောင်ထားတဲ့ သစိခွပန်းလေးနီနီ အသံလွှင့်ဇာတ် မြန်မာ့အသံက လွှင့်ခဲ့တာ နာမည်ကြီးပေါ့။(ဦးတို့ ဒေါ်ဒေါ်တို့ ပြန်မေးကြည့်နော်၊လေးပေါက်တို့ တီချယ်ကြီးတို့သိလိမ့်မယ်)
ဆရာငြိမ်းကျော်ရဲ့ ပထမဆုံး လုံးချင်း အပြာရောင်သစ်ခွပွင့်ရဲ့ သမိုင်းအစ ကိုတော့ အမျိုးသမီးလေးရဲ့ အားမာန် ပီပြင်အောင်ရေးထားတာမို့ သိပ်ကြိုက်ပါတယ်။
ဒို့မြေဒို့ရေကနေ ထွက်တဲ့ ဒို့ ပစ္စည်းတွေ တန်ရာတန်ကြေးရဖို့ ကမ္ဘာမှာတန်းဝင်ဖို့ တန်ဖိုးနားလည်တဲ့ အုပ်ချုပ်သူများနဲ့ ဆုံဆည်းခွင့်ရပါစေလို့သာ ဆန္ဒပြုရပါတယ်ကွယ်။
(မေတ္တာပို့ထဲမှာပါတယ်လေ၊
ယထာရကိ္ခ ံသု ပေါရာဏာ၊
သုရာဇာနော တထေဝိမံ။
ရာဇာ ရက္ခတု ဓမ္မေန ၊
အတ္တနောဝ ပဇံပဇံ။ )
စာအချောပြန်ထားတာတော့ မေ့နေတယ်၊အကြမ်းရေးပေးလိုက်မယ်။မှားရင်လည်းပြင်ပေးကြပါဗျိုး။
ရှေးက စောင့်ရှောက်ခဲ့ဖူးသည့် မင်းကောင်းမင်းမြတ်များကဲ့သို့
ထို့အတူကောင်းသည့် မင်းကောင်းပေါ်ထွန်းပါစေ၊
ထိုမင်းသည်လည်း တိုင်းသားပြည်သူ လူအများကို
ကျောသားရင်သား မခွဲခြားပဲ တရားနှင့်အညီ စောင့်ရှောက်နိုင်ပါစေ တဲ့
Khin Latt
March 18, 2012 at 5:41 am
ကျွန်မလဲ အဲဒီ သစ်ခွပန်းလေးနီနီ ကိုမှတ်မိတယ်။
အဲဒီ သီချင်းတောင် အခု ရနေသေး။ ဟိုးခေတ် ကတော့ စနေနေ့ ည ရေဒီယိုက လွှင့်မဲ့ အသံလွှင့်ဇာတ်လမ်း ကို ရုပ်မမြင် အသံကြားနဲ့ စောင့်ရတာပေါ့။
ဒီတစ်ခါတော့ပြည့်ပါစေ ဆုတောင်းပါတယ် ရှင်။
koaung
March 18, 2012 at 1:15 pm
ဓတ်ပုံတွေကလဲလှ စာအရေးအသားကလည်းကောင်း စာဖတ်သူတယောက်မှအကောင်းဆုံးခံစားသွားပါကြောင်း
windtalker
March 18, 2012 at 1:26 pm
သစ်ခွဝေဒနာ အဖြေရှာ…
လူပျိုကြီး အာပလာ…
မျှော်ရှာသူမောလို ့ သူသိသင့်တာ…
ပန်းလေးတွေနဲ ့ဝေဆာ…
Ma Ei
June 2, 2015 at 4:44 pm
သစ်ခွအကြောင်းလေးရေး ပုံလေးတွေတင်ချင်လို့
google မှာ သစ်ခွအကြောင်းရှာလိုက်တာ ဒီပိုစ့်လေးတက်လာတယ်…
သစ်ခွအကြောင်းအပြည့်စုံ ခုမှသိလိုက်ရသလိုဘဲ…
Alinsett @ Maung Thura
June 2, 2015 at 6:41 pm
သစ်ခွပန်းကို ပစ်ချထားရင်တောင်
.ကောက်ယူ နမ်းချင်တယ်.မွှေးသော်ရှိ မမွှေးသော်ရှိ
အဟိ