အလင်းတန်း……..ပျောက်နေတဲ့ ……တိုင်းပြည်…… ။
အသံတစ်ခု ကျယ်ကျယ်လောင်လောင် ရွေ ့လျားသွားသည် ။
မကြောက်ပါနဲ ့ ။ “” တိတ်ဆိတ်ခြင်းသည်….ဒဏ်ရာ အနာတရ”‘ ဖြစ်စေခဲ့ပြီပဲ…။
အသံသည်….စိတ္တဇ ဆန်သော တေးသွားတစ်ခုထက် ပို၍ နက်ရှိုင်းသည် ။ သို ့သော်……မကြောက်ပါနဲ ့။
“”အသံမဲ ့ခြင်းထက် ဘယ်အရာကမှ ကြောက်စရာ..ပိုမကောင်းခဲ့ပါ ။””
ထို ့ကြောင့်…..မကြောက်ပါနဲ ့ ။
ထပ် ….မှာကြားပါရစေ..။ လုံးဝ မကြောက်ပါနဲ ့ ။
__________________________________
တိမ်တိုက် မည်းညစ်ညစ်များ…..လေထဲတွင် ပျံသန်းနေကြသည် ။
ညနေခင်းသည် တစ်စုံတစ်ရာပေါင်းများ..စွာ….ဖြစ်ပျက်သွားရာ…ညနေခင်းဖြစ်သည် ။
ထို ့ကြောင့်……. အားလုံးလည်း..အံ့ဩနေခဲ့သည် ။
မကြာခင် အလင်းတန်းများ….. ဖြာ..ကျ လာမလား …။
အမှောင်ထုက လွှမ်းအုပ်သွားမလား…… ။ ဘယ်သူကမှ…တိတိကျကျ မသိတော့ပါ ။
အလင်း..ကို လိုချင်ကြသည် ။ အလင်းသည်….အလင်း သာ..ဖြစ်ပြိး..တခြား..ဘာတစ်ခုမျှ..မဟုတ်ပါ ။
သို ့သော် တချို ့က အလင်းကို တခြားစကားလုံးများနှင် ့….တွဲလျက်သား…မြင်ယောင် ခံစားတတ်ကြသည် ။
အလင်း = ကောင်းခြင်းတရား..
အလင်း = ဒီမိုကရေစီစစ်စစ်
အလင်း = ကောင်းကင်ဘုံ
အလင်း = လမ်းပျောက် ၊ ရှာတွေ ့ခြင်း..
အလင်း = အမေစု….
အလင်း = ဖေမြင့် ၏ ဘာကြောင့် ဒီမိုကရေစီလိုချင်ရသလဲ..စာအုပ်..
အလင်း = အလင်းဆက်……
စသည်ဖြင့်……
_______________________________________
“”ဘယ်တုန်းကမှ….၊ ဘယ်သူ ့ကိုမှ မနမ်းခဲ ့သော အနမ်းတစ်ခု “”ဖြင် ့ သင့်ကို…နမ်းရပါလိမ် ့မည် ။
ထိုအနမ်းသည်….ကူ ကယ်ရာမဲ့သော…၊ လိမ်ညာ ခံနေရသော..မသိနားမလည်နိုင်သူ
လူသားတစ်ယောက်၏ မျှော်လင့်..တောင့်တ ခြင်းများဖြင့်…ပြုလုပ်ထားပါသည် ။
ထိုအနမ်းသည်……အဖြူရောင်…အဆင်းသာ ရှိပြီး….အေးမြသော လပြည့်ည တစ်ည၏ ထိတွေ ့မှုမျိုး…ဖြစ်ပါသည် ။
ထိုအနမ်းကို….သင်..လက်ခံရပါလိမ့်မည် ။ သင့် ဘက်က ဘာတစ်ခုမျှ ပြန်ပေးစရာမလိုပါ ။
ဆာလောင်မွတ်သိပ်နေသော…ကလေးငယ်တစ်ယောက်၏ မျက်ဝန်းများကို…..တစ်စက္ကန် ့မျှ…ပြန်လည် ကြည့်ရှု ပေးလိုက်ရုံကဲ့သို ့……
_____________________________________________
နေ ့ခင်းသည်….လင်းသလိုလို ထင်ကြရပါသည်။ သို ့သော် ……မှောင်နေဆဲ..ဖြစ်သည် ။
ကမ္ဘာမြေသည်….ကျွန်တော်တို ့ရှိရာ နေရာဆီ…အလင်းတန်းများ…ပစ်ချပေးခဲ့ပါသည် ။
ထိုအလင်းတန်းများကို..သွေးဆာနေသော..လူတစ်ယောက်က…
အားရပါးရ စာသုံးသွားပါတော့သည် ။
ကျွန်တော်တို ့နေရာကလေးမှာ…. သူ မလိုချင်၍ စွန့်ပစ်ခဲ့သော “”ခပ်ညံ့ညံ့ အလင်းကလေး “”နည်းနည်းသာ…ကျန်ရစ်ခဲ့သည် ။
ထိုအလင်းသည်…..””.အကြွင်းအကျန်..လင်းချင်းမှု “” ပီပီ……
မှောင်သော အဆင်းရှိသည် ။
မွန်းကြပ် ပိတ်လှောင်…စေသည် ။
ပူလောင် ပြင်းပြစေသည် ။
ထို ့အပြင်…အမြင်များ…၊ အကြားများ…..၊ အသိတရားများကို…လည်း..ပျောက်ဆုံးစေပါသည် ။
“” လူတစ်ယောက်အတွက်..( ဒါမှမဟုတ်…လူတစ်စုအတွက်…)
အခြား လူသားများ.က..( လူ..သန်း ( 50 ) လောက်က..)
ဒဏ်ရာ..ကိုယ်စီ…ရ….ယူ….ခဲ့ရတာ..တန်သလား…။””
အဲသည်ဖြစ်ရပ်အတွက်..ကမ္ဘာမြေကို အပြစ်မတင်လိုပါ ။
သဘာဝ သယံဇာတများကို…မုန်းစရာ….မလိုပါ ။
ပြည်တွင်းစစ်ကိုတော့………………………….
ရှေ့ဆုံးစာမျက်နှာတွေက စကားလုံးတွေကိုတော့…………………………..
လူတစ်စု၏ သွေးဆာနေသော စိတ်ထားများကိုတော့…………………………………. ။
________________________________
တစ်ခါတုန်းက “” သုခဘုံ..””.ဟု အမည် တပ်ထားရသော ( မတပ်ချင်ပဲ..တပ်ထားရသော..) အိမ်ကလေးပေါင်းများစွာ….
ရှိခဲ့သည် ။
ထိုအိမ်ကလေးများသည်…..” သုခဘုံ “ဟု အမည် တပ်ထားရသော်လည်း..အထဲတွင်…( သုခ ဘုံ..ဟုူသော အမည်နှင့် ကွဲလွဲစွာပင်..)
ငရဲခန်းများကဲ့သို ့…..ကြောက်မက်ဖွယ်ရာ အတိပြီးနေခဲ့သည် ။
ထိုအိမ်ကလေးများ..ထဲမှ….. အသေးငယ်ဆူံး အိမ်ကလေးထဲမှာ..ကျွန်တော် နေထိုင်ခဲ့ရပါ သည် ။
အိမ်ရှေ ့ လမ်းမ ဘက် မျက်နှာ လှည့်၍ ရေးထား ရသော…”သုခဘုံ “ဟုူသော..စာတန်းကို မော့ကြည့်ကာ..
ကျွန်တော်……မျက်ရည်..ကျခဲ ့ဖူးသည် ။
တောက်…ခတ်ခဲ့ဖူးသည် ။
လက်သီး ကျစ်ကျစ်ပါအောင် ဆုပ်ခဲ့ဖူးသည် ။
“”ဘယ်တော့မှ မမေ့ဘူး “”……..ဟု ရေရွတ်ခဲ့ဖူးသည် ။
“‘ တစ်နေ ့တော့ ..တွေ ့ဥိးမယ်.””..ဟု ကြုံးဝါးခဲ့ဖူးပါသည် ။
ထို ့နောက်…ကျွန်တော်….နာကျင်စွာ..ခံစားရင်း..တဖြည်းဖြည်း..ကြီးပြင်းခဲ့ပါသည် ။
_____________________________________________
“” ဒဏ်ရာ အနာတရများကို..ချပြခြင်းသာ ဖြစ်ပါသည်။
စကားလုုံ့းများ..မဟုတ်ပါ ။
စကားပြေ ..မဟုတ်ပါ ။
ပို ့စ်မော်ဒန် ဝတ္ထုတစ်ပုဒ် ….မဟုတ်ပါ ။””
ဤ စာလုံးများကို…….””..ဒဏ်ရာများမှ…စီး..ကျသော…သွေးစိ်မ်းရှင်ရှင်များဖြင့်..””
ရေးပါသည် ။
ထပ်ပြောပါဥိးမည် ။
“” ဤ အရာသည်….ဒဏ်ရာ အနာတရများကို ချ…ပြခြင်း…ဖြစ်ပါသည် ။
သင်္ကေတဖြင့် ဖွဲ ့နွဲ ့သီကုံး ပြသောကြောင့်… သွေးမထွက်သော ဒဏ်ရာ…ဟု မထင်ကြပါနှင့်..။””
ထပ်ပြောပါဥိးမည် ။
“” ဤစာလုံးများကို…ဒဏ်ရာများမှ..စီး…ကျနေသော…သွေးစိမ်းရှင်ရှင်..များဖြင့် ရေးစပ်ခဲ့ရပါသည် ။””
_________________________________________________-
အခုတော့…..
ကျွန်တော် ( တို ့)
အလင်းရောင်ကို..
မျှော်လင့်မိပြီ ။
မျှော်လင့်ကြသလို…အလင်း ကို.( မြင်ရသလိုလို )
ထင်ယောင် ထင်မှား…ရှိလာပြီ ဖြစ်သော်လည်း….
ဒါ…………………………
မာယာ တစ်ခုလား…..?
ထုံးစံအတိုင်း.. လှည့်စားမှု တစ်ခုလား…..?
စသော…သံသယ များဖြင့် ………………….
……………………………………။
______________________________
ကျွန်တော့် အိမ်ကလေးဆီ.မှာ…….. “သုခ ဘုံ “ဟုူသော..စာတန်း… လေး မဖျက် ရသေးပါ ။
“” သုခဘုံစစ်စစ် “”မဟုတ်သော အိမ်…ဆိုတာတော့…အားလုံးက အသိအမှတ်ပြုပေးနေပြီဖြစ်သည်။
ကျွွှန်တော်ကိုယ်တိုင်ကလည်း….
အားလုံး..သိအောင်…. ( နာကျင် ခံစားခဲ့ရသမျှကို )
ပြောချင် / ဆိုချင် / ရေးသားချင်နေပြီ..ဖြစ်သည် ။
_____________________________
ကျွန်တော် ၏ ” ” လူ နံပါတ် “” မှာ…
” 18987 ” ဖြစ်ပါသည် ။
__________________________________
လေးစားစွာဖြင့်……
အလင်းဆက်
12 .3 .2012 . 21 း00 pm .
alinsett.art@gmail.com
5 comments
kyeemite
March 13, 2012 at 3:29 pm
ထို ့နောက်…ကျွန်တော်….နာကျင်စွာ..ခံစားရင်း..တဖြည်းဖြည်း..ကြီးပြင်းခဲ့ပါသည် ။
“” ဤစာလုံးများကို…ဒဏ်ရာများမှ..စီး…ကျနေသော…သွေးစိမ်းရှင်ရှင်..များဖြင့် ရေးစပ်ခဲ့ရပါသည် ။””
ခံစားသွားပါတယ်ကိုအလင်းစက်ခင်ဗျာ…ကြိုက်ပါတယ်..ဆက်ရေးပါ။
ကျွန်တော်လည်းစာရေးဘို့ ခံစားရင်း ခံစားရင်း…ခံစားချက်တွေ လွတ်လွတ် ကျကုန်လို့
စာမရေးဖစြ်ပြန်ဘူး…စိတ်လေနေတယ်ဗျာ။
ခင်မင်တဲ့..
ကြီးမိုက်။
alinsett
March 14, 2012 at 6:08 pm
ဟုတ်ကဲ ့. ကိုကြီးမိုက်ရေ..ကျေးဇူးပါပဲ။
အခု တလော လိုင်းတွေ က တအားကျနေတော့ ပို ့စ်ကို ပုံလေးတွေ တောင် တင်လို ့မရဘူး။
ဒီ ပို့ စ်ကို..ရေးဖြစ်ဖို ့ တွန်းအားပေးခဲ့တာကတော့ ဆရာ ဖေမြင့်ရေးတဲ့
ဘာကြောင့်ဒီမိုကရေစီ လိုချင်ရသလဲ..ဆိုတဲ့ စာအုပ် ကိုလည်း…ညွှန်းချင်ပါသေးတယ် ။
စာဖတ်သူ…အားလုံးကို ကျေးဇူးတင်ပါတယ် ။
kotun winlatt
March 14, 2012 at 6:17 pm
နာကျင်ခံစားရသမျှတွေကို စကားလုံးတွေအဖြစ်
ပေါက်ကွဲခွင့်ပေးလိုက်ပါ ..
ဒါဟာ ဖြေသာစရာတစ်ခုဖြစ်ရင်လည်းဖြစ်နိုင်ပါတယ်…
ဒါမှမဟုတ်..ကွင်းပြင်ကျယ်ကျယ် တစ်ခုဆီကို
ကိုယ့်အပူတွေ မှုတ်ထုတ်ပစ်လိုက်တာမျိုးလည်း
ဖြစ်ရင်ဖြစ်မှာပေါ့…
ဘာပဲဖြစ်ဖြစ် ကျနော်တို့ အလင်းကိုတော့ မျှော်လင့်ကောင်း
မျှော်လင့်နေကြသလို..
တကယ်လည်း မျှော်လင့်ခဲ့ပါတယ်…
ဆက်ဆွဲပါ..ကိုယ့်ဆရာရေ…။
moe minthar
March 14, 2012 at 6:30 pm
ဆရာအလင်းဆက်က်ရေ………
QQQQQQQQQQQQQQQQQQQQQQQ//
အရမ်းကိုအားကျခဲ ့ရပါတယ်။
alinsett
March 16, 2012 at 6:40 pm
ကိုထွန်းဝင်းလတ်နဲ ့…ကိုမိုးမင်းသားရေ..
ကျေးဇူးပါပဲ.နော် ။
ကျွန်တော် ့ ဝေဒနာတွေ..ကို မျှဝေခံစားပေးတဲ ့ မိတ်ဆွေတွေ..ရှိနေပြီဆိုတော့…အရမ်းကို ဝမ်းသာ ပီတိ ဖြစ်ရပါတယ် ။
အားလုံးကို ခင်မင်လေးစားလျက်ပါ ။