မန်းလေးကျုံးအလှ
တစ်ခါတလေ ရောက်တုန်းလေး ရိုက်ကြည့်ထားတာပါ။ ဘုရားကြီးမျက်နှာတော်သစ်ရေကပ်တာကတော့ ဗီဒီယိုဖိုင်တွေပဲ ရိုက်ခဲ့ပါတယ်။ ခဏလေးအတွင်း ဘယ်မှမရောက်ဖြစ်ဘူး။ ရောက်တဲ့နေရာလောက်ပဲ မှတ်တမ်းတင်ခဲ့မိပါတယ်။
ကျုံးပတ်လည်မြင်ကွင်း
မြတ်စွာဘုရားကို မျက်နှာသစ်တော်ရေ ကပ်ပုံ

Post Views: 446
12 comments
inz@ghi
March 15, 2012 at 11:37 am
အားပေးကြည့်ရှုသွားပါကြောင်း…
ခင်တဲ့
ဂီ
Diamond Key
March 15, 2012 at 12:54 pm
မဟာမုနိ မျက်နှာတော်သစ်ဖူးပြီး မနက်နှင်းမကွဲသေးခင် ကျုံးနားရောက်၊ လမ်းကူးနေတဲ့ တစ်ယောက် ဓါတ်ပုံရိုက်ပြီး မန္တလေးက ပြန်သွားတာလားဟင် …….. 😀
manawphyulay
March 15, 2012 at 5:40 pm
ဟုတ် တစ်ရက်လောက်ပဲမို့ ကတိုက်ကရိုက်ပါပဲ လေးလေးရ…
နတ်ဆိုးလေး
March 15, 2012 at 1:04 pm
တော်တော် ဝိရီယ ကောင်းတာဘဲ ဘုရားကြီး မျက်နှာသစ်တော် မှီအောင်သွားလို့လေ
ဦးဦးပါလေရာ
March 15, 2012 at 1:44 pm
ကျုံး နဲ့ မြို့ တံတိုင်းကြီးတွေ့လို့….
အော်….. ဘုရင်တွေများ…
ဒါကြီးတွေ အဟုတ်မှတ်ပြီး ဆောက်ကြ ကာကြ
တနေ့ မလွန်ဆန်နိုင်တဲ့သူက လာခေါ်ထုတ်သွားတော့လဲ
ခါးဝတ်ခါးစား နီးပါးနဲ့ ထ လိုက်သွားကြရတာ………..
အရင့်ရောင်
March 15, 2012 at 3:04 pm
ဈေးချိုတော် နဲ့ နာရီစင်ကြီးတောင် မရောက်ခဲတော့လည်း
အတော်နှံ့စပ်ခဲ့မှာပဲနော်
ဟီဟိ
manawphyulay
March 15, 2012 at 5:38 pm
ဘယ်မှတောင် မရောက်ခဲ့ပါဘူးဆို… ဟင့်
yaungchikha
March 16, 2012 at 11:02 am
မနောက ဝီရိယကောင်းတယ်နော်၊ ကျနော်မန်းတလေးရောက်တာ မဟာမြတ်မုနိဘုရား မျက်နှာသစ်တော်ရေ ကပ်တဲ့အချိန် မရောက်ခဲ့ရဘူး၊ ဘုရားဖူးသွားပါတယ်နော်…
manawphyulay
March 16, 2012 at 11:10 am
2 ခေါက်သွားတာ နှစ်ခေါက်စလုံး ဘုရား မျက်နှာတော်သစ်တာနဲ့ ကြုံတယ်။ ပထမတစ်ခါတုန်းကလည်း တည်းတဲ့အိမ်က အဲဒီဘုရားကြီးစောင်းတန်းမှာ စာအုပ်ဆိုင်ဖွင့်ရောင်းတယ်လေ.. ဒီတော့ ဘုရားကြီးကို အချိန်တိုင်းဖူးနေရတာ။ ခုကတော့ ဗီဒီယိုဖိုင်တွေပဲ ရိုက်လာတာများတယ်။
snow white
March 19, 2012 at 3:47 pm
ရောက်ဖူးသေးဘူး မမမနောနောက်အခေါက်သွားရင် ညီမလေးကိုလည်းခေါ်နော်
နတ်ဆိုးလေး
March 19, 2012 at 4:44 pm
အဲ့ ဒီပိုစ့်မှာ ဘာလို့ အနီတွေများနေတာလဲ? နတ်ဆိုးလေး ကျတော့ စိမ်းပေးထားတယ်ဗျ ။ အဲ့လူကို ပက်ပက် စက်စက် ကျေးဇူးတင်ပြစ်လိုက်မယ်။ အဲ့လိုပြောမှ နီသွားမှာ စိုးရတယ်။ဟီးးးးးးးးးးး
snow white
May 9, 2012 at 6:24 pm
အနီပေးတဲ့သူတွေ မျက်နှာမှာအနီစက်လေးတွေဖြစ်နေပါစေ အနီစက်လေးတွေပေါက်ပါစေ ဟီးးးးးးးးးးးးးးးးးးးးနောက်တာ မပေါက်ပါစေနဲ့