အိပ်မက်မှနိုးထသောအခါ
(၁)
နဖူးပေါ် လက်တင်ပြီး သည်လိုနှင့်မိုးလင်းခဲ့ရတဲ့ ညပေါင်းများလှပြီ။ ညစဉ်ညတိုင်း တွေးလွန်လွန်းလို့လည်း ဦးနှောက်တွေခြောက်ရပြန်သေး။ နေ့စဉ်အမျှ ဖြတ်သန်းလာခဲ့ရတဲ့ ဘဝလမ်းကိုပြန်တွေးရင် ရှေ့ဆက်ရမယ့်လမ်းတွေအတွက် ရင်လေးရပြန်သည်။ ဘာလိုလို်နဲ့ အိမ်ထောင်ဦးစီးနေရာကို ကျုပ်လက်လွဲခဲ့တာ ခုနှစ်နှစ်ကျော် ရှစ်နှစ်တွင်းရောက်လာခဲ့ပါပေါ့လား။ ဘဝကို အရက်နှင့်မျောနေတဲ့ ယောကျာ်းကို အပြစ်တွေတင်နေရုံနှင့် အိမ်ထောင်ရေးပြóနာတွေ ပြေလည်သွားမှာ မဟုတ်မှန်းသိလို့ ကျုပ်လွတ်ထားခဲ့တာပေါ့။ စိတ်သဘောထား ကြည်ဖြူလှတယ်ရယ်လို့ ဘယ်ဟုတ်ရမည်လဲ။ ပြောလို့မရလို့ လက်ပိုက်ကြည့်နေတာကို ဒင်းက “ အ ” တယ်များထင်နေလေရော့သလား။ ကျုပ်မှာတော့ ဒင်းအပြင်နောက်ထပ် ပါးစပ်ပေါက် သုံးပေါက်အတွက် တစ်နေ့ကုန် ခါးမဆန့်ရလေအောင် ရှာရ၊ ဖွေရ၊ လုပ်ရနှင့် အအားနေရသည်မရှိ။ ရှိတာလေးနှင့်စား တင်းတိမ်ရောင်ရဲနေရုံနှင့် ဘာမျှဖြစ်လာမှာမဟုတ်ဘူး။ သားသမီးတွေရဲ့ အလုံးစုံသော ဗာဟီရကိစ္စတွေနှင့်တင် မယားဝတရားဆိုတဲ့ ပညတ်ချက်တွေ ပြဌာန်းထားခဲ့တာဆိုတာ ရွတ်ဆိုရုံသက်သက်၊ မသိလိုက်မသိဘာသာ ခေါင်းငြိမ့် ရမယ့် ဆိုရိုးတွေမှမဟုတ်တာ။ ကျုပ်ဖက်ကတော့ မယားဝတရားတွေကျေပွန်ပေမယ့် ၊ ဒင်းကတော့ လင်ဝတရားဆိုတာ ခုနေသွားမေးရင်တောင် အရူးကို စာသင်သလိုဖြစ်နေမှာ။ ယောကျာ်းလို ခွန်းအားအပြည့် နှင့် လုပ်ကျွေးဦးမယ်မရှိဘူး။ အချိန်တန်ရင် သေရည်လေတမြမြနှင့် ခေါင်းကိုကျည်ပွေ့ နှင့်ထုရိုက်ချင်တော့တယ်။တကယ်။
ဒင်း နှင့် ရပြီဆိုကတည်းက ကျုပ်ကိုကျုပ် ဆင်းရဲတွင်းနက်ချင်လို့ပဲ အောင့်မေ့မိပါတယ်။ ရပ်ရွှာထဲ ဗိုလ်ကလေးတသသ၊ ခေါင်းလောင်းဘောင်းဘီးလေးတဖွဖွ နှင့်ဆိုတော့ ဓါတ်ရှင်မင်းသားလုပ်စားလို့ရတဲ့ ရုပ်ရည်ကို ကျုပ်မက်မောမိတာ ဘာဆန်းလဲ။
ရပ်ကွက်ထဲမှာ ဒေါင်းသိမောင်းသိလုပ်စားနေတဲ့ မိန်းမပျိုတစ်ယောက်အဖို့ လင်စံရွေးတဲ့နေရာမှာ အများနှင့်မတူတဲ့ ယောကျာ်းကို ကျုပ်ရွေးတာမမှားပါဘူးနော်။ ချောမောပြေပြစ်လှတဲ့ ဒင်းကို ရွာသူမိန်းမပျိုရဲ့ ကြားထဲက မျှော်လင့်မိတဲ့ကျုပ် ယောကျာ်းတွေရဲ့ ကောင်းခြင်းမကောင်းခြင်း စာရိတ္တတွေလည်း မကြည့်မိတော့။ တိုတိုပြောရရင် အကြည့်ခြင်းဆုံရာက ညားသွားကြတယ်ဆိုပါတော့။ ရူပါကယုယမှုတွေပြည့်နေပေမယ့် တကယ်လက်တွေ့ ဘဝကိုရင်ဆိုင်ရတဲ့အခါ ပခုံးအညိုစွဲမှာစိုးလို့ မယားဖြစ်သူကျုပ်က အိမ်ထောင်ဦးစီးနေရာကို သားသမီးတွေကြီးလာတာနှင့်အမျှ ကျုပ်ရောက်ခဲ့တယ်။ တောသူကျုပ်မှာဖြင့် နေပူမရှောင် မိုးရွှာမရှောင် လုပ်လိုက်ရတဲ့အလုပ်တွေများတော့ ရင်ထဲကနုံနုံနဲ့ ကျုပ်မှားလားတွေးတောမိတာ ညတိုင်း။ ချစ်တာတစ်ခုတည်းနဲ့ ထူထောင်လိုက်မိတဲ့ အိမ်ထောင်ရေးးဟာ အားကိုးရမလား ယောကျာ်းယူတယ်။ ကျုပ်ထမီနားခိုစားနေပါရောလား။ လုပ်မကျွေးချင်နေပါစေ ဆိုတဲ့စိတ်နဲ့ အေးအေးလေးနေရမလား အောင့်မေ့ပါတယ်။ သေရည်လေးစွပ် ဖဲကလေးတစ်ချပ်နှစ်ချပ်နဲ့ လောင်းကစားသမား ဘဝကို ခြေစံပစ်ုဝင်ချသွားသေးတာလေ။ ဒင်းမျက်နှာနဲ့သာဆို ကွဲလှတာကြာပေါ့လို့။ ကျုပ်ဆိုတဲ့ မိန်းမဟာ ယောကျာ်းတွေနဲ့ ရင်ပေါင်တန်းပြီး ရှာဖွေစားသောက်နိုင်သေး။ ဒင်း မှာဖြင့် သေရည်ပုလင်းပိုက်ပြီး ငရဲအိုးကိုဇောက်ထိုးဆင်းမဲ့ပုံ။ အလုပ်ဆိုလို့ကတော့ ဝေလာဝေး။
သားတွေ၊သမီးတွေ ကြီးလာတာနဲ့အမျှ ကြီးမားလာတဲ့အိမ်စရိတ်ကို အပူတပြင်းရှာ ဖွေလာရတဲ့အခါ မောပန်းမှုဒေါသအရှိန်တွေ ဒင်းအပေါ်ပုံသွားတာ ကျုပ်အလွန်လားး။ ယူရုံယူထားပြီး လင်ဝတရားမကျေပွန်တဲ့ ဒင်းကို သားသမီးတွေမျက်နှာနဲ့ ပြတ်ခါနီးကြိုး ပြန်ထုးံထားတယ်ဆိုတာ ဒင်းမသိဘူး။ မွေးလာပါပြီဆိုကတည်းက ကလေးတွေကို ချစ်ပါတယ်ဆိုတဲ့စကား ဟဟတောင်မပြောခဲ့တဲ့ ယောကျာ်းရှားသလားတော့ မမေးနဲ့။ ဒင်းသောက်နေကျ သေရည်ကိုတော့ လက်ကမချစတမ်းကိုသောက်လို့ ကျုပ်ကိုင်နေကျ ပေါက်ပြားကိုတော့ ယောင်လို့တောင်အထိခဲ့တာလေ။ မိန်းမသားတန်မဲ့ ယောကျာ်းတွေနဲ့ ဒိုးတူပေါင်ဖက် လုပ်လိုက်စမ်းဟဲ့လို့ အားတင်းရင်း သားသမီးတွေရဲ့မျက်နှာမြင်ရင် အမောတွေ ကြက်ပျောက် ငှက်ပျောက်ရယ်ပေါ့။ ဒင်းမျက်နှာကြီးတော့လား ဟင်း…ဓါးနဲ့မပိုင်းမိရင်ကံကောင်း။
ညနေနေညိုပြီဆိုရင် မသောက်ရသေးတဲ့ ဒင်းက ဘယ်အရာမှကိုင်မရအောင် တုန်တုန်ရီရီဖြစ်လို့။ ခုနေများ ပြန်အမ်းလို့ရရင် ပြန်အမ်းလိုက်တယ်။ တကယ်။ ဒင်းရဲ့ အရက်ဖိုးတွေကို စုဗူးတစ်လုံးနဲ့စုများထားလိုက်ရရင် ကျုပ်ရွှေတောင်ဝယ်ဝတ်နိုင်မလား မသိဘူး။ ခုနောက်ပိုင်း သားသမီးပညာရေးစရိတ်ကတစ်ဖက် ဒင်းကိုပြောရတာတစ်ဖက်နဲ့ စိတ်ကို အနားမပေးနိုင်ဘူး။သားသမီးတွေကလည်း အဖေဖြစ်တဲ့ ဒင်းကိုရှိတယ်လို့တောင် အောက်မေ့ရဲ့လား မသိဘူး။ တစ်ခါတစ်ရံ မိဘနဲ့သားသမီးကြား အမြင်စောင်းတာလေးတော့ တည့်မတ်ပေးချင်သား။ ဒါပေမဲ့ သိတယ်မဟုတ်လား ခွေးမြီးကောာက် ကျည်တောက်စွပ်နေသ ဒင်းအပေါ် မေတာ ပြန်လည်မှာကို မဟုတ်တော့ဘူး။ သည်ကြားထဲ သားတွေသမီးတွေကို် ဒင်းကပြောမရ ဆိုမရချင်တဲ့အခါ ရိုက်လားပုတ်လား လုပ်ချင်သေးတယ်တော့။ သည်လိုဆိုတော့ ကျုပ်ဆိုတဲ့မိန်းမက ငြိမ်မနေနိုင်လို့ ရန်ပွဲသတ်တဲ့အခါ ခုနှစ်အိမ်ကြား ရှစ်အိမ် ကြားလို့မတော် သန်းခေါင်ကျော်တောင် ရန်မီးမငြိမ်းတော့ဘူး တော့။။ တစ်နေ့တစ်ခါ မေတာတွေ ယုတ်လျော့လာတယ် တကယ်။ နေ့ခင်းဖတ်ဆို ဒင်းမဟုတ်သလို ငြိမ်နေတတ်တယ်။ ဒါလည်း အကောင်းငြိမ်နေတယ် မမှတ်နဲ့ ။ ကျုပ်ကစလို့ သားသမီးတွေအဆုံး တစ်နေကုန် သူ့စိတ်မတွေ့သမျှ ဒင်းကမှတ်ထားတာရယ်။ သေရည်မဝင်သမျှှ အကောင်း။ ဝင်များ ဝင်သွားလို့ကတော့ နေ့လည်က အကြီးမ ဘယ်လိုပြန်ပြောလိုက်တယ် လာအုံး။ အလတ်ကောင် အဖေကို ပြန်အော်တယ်ပေါ့ ၊ အငယ်မ ညည်းက ဖအေတောင်မသထာ ရေတောင်မခတ်တိုက်နိုင်ဘူးပေါ့လေ စသဖြင့် သေးသေးမွှားမွှား အပြစ်တွေရော ကြီးကြီးမားမား အပြစ်တွေရော ရောသမေမွှေပြီးရင် ဆူတော့တာရယ်။ ကျုပ်မှာတောံ့ နေ့ဖက်ပင်ပန်းလို့ ညဖက်ကောင်းကောင်း အနားယူရမယ်မှတ်ပါတယ်။
(2)
နားတွေအူတော့ ပြောရော ။ ဒင်းတစ်ခွန်း ကျုပ်တစ်ခွန်းနဲ့ ရန်ပွဲကတော့ ညစဉ် ရက်ဆက်လို့ ခုခေတ်ကိုရီးယား ဇာတ်လမ်းတွဲကမှ တိုချင်တိုဦးမယ်။ တစ်ခါတစ်ခါများပြောပါတယ် ဒင်းနဲ့ ရေစက်ဆုံတာမှားတယ်ပေါ့။
ကိုယ့်ခြံ ကိုယ်ဝန်းလေးရှိလို့သာ တင်းတင်းရင်းရင်းလုပ်စားနိုင်တာ ။ သည်အသီးတုံးရင် နောက်အသီးပေါ်အောင် အချိန်မှီစိုက်ရနဲ့ ခါးကုန်းရတဲ့ဘဝကခုထိ မလွတ်သေးဘူး။ အပျိုဘဝကတော့ ယောကျာ်းယူလိုက်ရင် သည်မီတွေငြိမ်းနိုင်ရဲ့လို့ တွေးခဲ့တာ။ ခုများတော့ ဒုံရင်း ဒုံရင်းရယ်လေ။ ယူထားမိတဲ့ ယောကျာ်းကလည်း ရုပ်ရည်သာရှိပြီး အချင်းမဲ့နေတာ ဖွတ်ထွက်မှတောင်ပို့မှန်းသိတယ်တော့။ညားကစများတော့ အလုပ်ဆိုပြီး တစ်လကိုးသတင်း ထွက်သွားလိုက်တာ ပြန်လာတော့ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ရယ်။
ရသမျှဘယ်မလဲမေးတော့ မေးရကောင်းလားလို့ ဒင်းတစ်ခွန်း ကျုပ်တစ်ခွန်းနဲ့ စကားများရလို့ တစ်လလောက် စကားမပြောဘူး။ ကျုပ်မှာတော့ ဒင်းပြန်လာရင် ငွေပါမှာပဲဆိုပြီ နောက်ပိုင်းက ချေးယူစားသောက်ထားတာ မနည်းပြန်ရှာပြီး ဆပ်လိုက်ရတယ်။ ကြွေးမကျေ သေးတဲ့ ကာလပတ်လုံး အိပ်မပျော်တဲ့ညတွေကို သက်ပြင်းရှည်တွေနဲ့ချည်း ကျော်လွန်ခဲ့ရတာ။ အရပ်ထဲမှာတော့ ကောင်မလေးသနားပါတယ်တဲ့။ အဲဒီစကား နားဝလာကြားတိုင်း မခံချင်စိတ်လေးနဲ့ လူတန်းစေ့ နေနိုင်စေရမယ်ဆိုတဲ့ မရှိမာနလေး ကျုပ် လွှားမိပါသေးတယ်။ ကံကောင်းချင်တော့ အခုနေတဲ့ ခြံဝန်းလေးကို အမေမျက်စိမမှိတ်ခင် သမီးထွေးမို့ ပေးခဲ့တယ်လေ။
အိုးပိုင်အိမ်ပိုင်ပြီဆိုကတည်းက ကျုပ်မှာ လက်လုပ်လက်စားဘဝကို ကျွတ်ခဲ့ရလို့ ဝမ်းတော့သာမိပါတယ် ။ စိုက်လို့ စားလို့ ရသမျှ စိုက်တာပဲ။ဒင်း လုပ်အားများပါသလားလို့ မမေးပါနဲ့။ ပေါက်ပြားနဲ့ ထွန်ခြစ်ကို်င်ရမှာ ချီးကိုင်ရမှာထက်ကို ဒင်းကရွံ့သေးတယ်တော့။ ကျုပ်တစ်ယောက်ထဲနဲ့ အိမ်ထောင့်တာဝန်ကို ထိန်းရတာထက်စာရင် ဒင်းပါ တက်ညီလက်ညီ ဝင်လုပ်ရင်တော့ ဆိုဖွယ်ရာမရှိတဲ့ သာယာမှုတွေရမှာမလွဲဘူး။ အများအမြင်မှာတော့ တကုပ်ကုပ်နဲ့ မိုးလင်းမိုးချုပ် စိုင်ခင်းထဲအချိန်ကုန်တဲ့ ကျုပ်ကို ကြည့်တဲ့အကြည့်တွေက ဘယ်အဓိပါယ်သက်ရောက်မှန်းမသိတဲ့ အကြည့်တွေဖြစ်နေတော့ ကျုပ်ကလည်းမခံချင်ဘူး။ မိန်းမသားတစ်ယောက်ဖြစ်ပြီး အိမ်လည်
အတင်းပြောခွင့်မရှိတဲ့ ကျုပ်က တစ်ခါတစ်ခါ ကိုယ့်ကိုကိုယ်လည်း သနားမိသေးတယ်။ တစ်ခြားမိန်းမတွေလို သနပ်းခါးခြေဆုံး ခေါင်းဆုံး လိမ်းပြီး တစ်ယောက်ခေါင်းတစ်ယောက် နိုက်နေတဲ့အချိန်တွေမှာ ကျုပ်က နေပူစပ်ခါး ခြေမချွေးကြနေတာလေ။ ဒင်းကိုကြည့်ရတော့ နေ့ဘက်ဆိုညောင်းလို့ညာလို့ အကြောင်းပြချက်ပေါင်းဆုံနဲ့ အိမ်ရှေ့ခန်းနဲ့နောက်ခန်း သူမို့တစ်နေကုန် ကူးချည်သန်းချည် လုပ်နိုင်တယ်။
အိမ်ရှေ့ကုလားထိုင်ဆိုတာ ဒင်းရဲ့ဘုံဗိမာန်ဆိုလည်း မမှားဘူး။ ကုလားထိုင်ပေါ်ပက်လက်လေးလန်ပြီး မိန်းမောလိုက်။ ညောင်းရင် အိမ်နောက်ခန်းက အိပ်ယာပေါ် ကျောခင်းလိုက်နဲ့ ကိုယ်တော်ချောက ဇိမ်ကျနေတာလေ။ ယောကျာ်းပျင်း ကျောခင်းဆိုတဲ့ စကား ရှေးလူကြီးတွေပြောခဲ့တာ ဒင်းလို လူမျိုးတွေများခဲ့လို့နေမှာ။ ကျုပ်မှာတော့ “ မိန်းမပျင်းတော့ ခြေဆင်း ” ဆိုတဲ့ စကားကို ကျောခိုင်းပြီး ခြေဆင်းဖို့အချိန်မရသလို ပျင်းနေဖို့အချိန်ဆိုတာတောင် မရှိပါဘူးတော်။ တကယ်။ သားသမီးတွေကတော့ ကျောင်းအားရက်တွေမှာ ကူဖော်လောင်ဖက်ရရင် ကောင်းမယ်လို့ တွေးမိပေမယ့် သူတို့လေးတွေရဲ့ ပညာရေးကို ဦးစားပေးမဟဲ့ လို့ မိခင်စိတ်နဲ့ ဘာမှမခိုင်းရက်ပြန်ဘူး။ ကျုပ် ကိုယ်ကချွေးစို့စို့အနံတွေတောင် သနပ်ခါးနံ မဖုံးနိုင်တာကြာလှပေါ့။ ဒင်းကတော့ မွေးထားတဲ့သားသမီးတွေအတွက် ရှေ့ရေးကိုလက်တစ်ကမ်းအကွာလောက်နဲ့ သေစာရှင်စာဖက်တက်ရင်ပြီရော့တဲ့။ ကျုပ်ကတော့ စာဆိုတာကို ဒုတိယတန်းနဲ့ နတ္ထိတန်တာဆိုတော့ ကျုပ်သားသမီးတွေ ပညာတက်ကြီးြုဖစ်စေချင်တာ အားကြီးပဲ ။ ဒင်းလိုမျိုး (၄)တန်းလောက်နဲ့ ကိုယ့်ကိုကိုယ် အထင်မကြီးစေချင်ဘူး။
တစ်နှစ်နဲ့ တစ်နှစ် အချိန်တွေကုန်တာ မြန်လာပေမယ့် ဘာမှမည်မည်ရရ အလုပ်ပဲ ခွေးမသောက်တဲ့ အရည်တွေ ဗုံဗောလအော ထိုင်သောက်နေတဲ့ ဒင်းကို တစ်ခါတစ်ခါ နိဂုံးချုပ် ဇာတ်သိမ်းပြစ်ချင်တယ်။ ခုတော့ မချစ်သော်လည်း အောင့်ခါနမ်းရတဲ့ ဘဝကို ကျုပ်ရောက်နေရပါပကော။ အိမ်ထောင်သက်တစ်လျှောက်လုံးမှာ စိုတစ်ခါ ခြောက်တစ်လှည့် အူစိုရတဲ့ရက်ရှိခဲ့ဖူးသလို အူခြောက်ရုံမက မီးကျွမ်းမယ့် အဖြစ်လည်းခံစားဖူးပြီ။ အဲဒီအချိန်တွေတုန်းကဆို ဒင်းဘယ်မှာနေပြီး ဘယ်လိုစားခဲ့လည်းမသိ။ အိမ်ရောက်ရင်တော့ ဥဩတွေဆွဲ ကြမ်းပြင်ကို ကွပ်ပစ်ထင်နေပြီ။ ရင်ထဲကအစိုင်အခဲတစ်ခု အောင့်အီးဖုံးဖိပါများလာတော့ တွေ့ကြပြီပေါ့ ဒင်းနဲ့ကျုပ်။ မကျေနပ်ချက်တွေ ဒင်းတစ်ပြန် ကျုပ်တစ်ပြန်နဲ့ ရပ်ကွက်ကကြားလိုမတော် ခဲမိုးတွေရွာတာာလည်း ဒင်းကြောင့်ရယ်။ ပြောလို်က်ရင် မထုံတက်သေးနဲ့။ မောပန်းရသူမှာ ကျုပ်ဆိုတဲ့ မိန်းမကြီးက မိန်းမကြမ်းကြီးကိုဖြစ်လို့ပေါ့ ။
တစ်ခါတစ်လေ ဒင်းမသောက်သေးတဲ့ အချိန်ဆို လေပြေလေးသွေးပြးီ ကျုပ်ပြောကြည့်တယ်။ “ ကိုဘသော် ရှင့်သားသမီးတွေ ကြီးလာပြီနော်.. နည်းနည်းပါးပါးလည်း ကျုပ်ကို်ရုန်းကူပါဦးတော့ ခုဆို် စားစရိတ်နှင့်ကျောင်းစရိတ်အတော်ကို ကြီးနေပြီ ကျုပ်ကို်မညှာချင်နေပါ တော့်သားသမီးတွေကိုတော့ အဖေပီပီ တစ်ချက်လောက်တော့ကြည့်ပါဦး ” လို့ပြောတော့ ဘာပြောတဲ့မှတ်လဲ။
“အချိန်တန်ပြေလည်မှာပဲ အေးကြည်ရာ လုပ်မနေစမ်းပါနဲ့ …. မင်းသားသမီးတွေ မင်းကြည့်နေတာပဲ ငါကြည့်စရာလိုလို့လား” တဲ့ ။
ဒင်းအတွက် အလုပ်ဆိုတာ ဝန်ထုပ်ကြီးရယ်ပေါ့ ။ မယားကျေနပ်ပါစေတော့လို့ ခဏတောင် အားရှိတဲ့စကားမဆိုနိုင်တဲ့ ဒင်းကို် ကျုပ်စိတ်နာတာမှားလား ။
နောက်ဆုံးတော့ ဒင်းဘာသာ ဒင်းမူးလို့ပဲသေသေ ပျို့လို့ပဲ အန်အန်သေပါစေ ပစ်ထားလိုက်တော့တယ်။ဟိုတုန်းကတော့ အမူးလွန်လို့ အော်ဟစ်နေပြီဆို အူယားဖားယားနဲ့ သံပုရာသီးနားထဲ ညှစ်ထည့်ရတာနဲ့ ။သတင်းစာမီးရှို့ ရေဖျော်တိုက်ရတာနဲ့ ကျုပ်မှာပျာယာကိုခတ်လို့တော်။ လုပ်တက်တာတော့ ဟုတ်ဘူးရယ် ။
(3)
ကြားဖူးနားဝလေးနဲ့ ရမ်းမှန်းလုပ်ရတာ။ အသားကုန်မျိုဆို့ပြီး အန်ထားတဲ့ အန်ဖက်တွေကလည်း ဖြူနီပြာဝါဆုံလိုု့တော ့်။ ခုတော့
“ ဒါတွေ နားထား ဘသော်ရေ ” လို့ စိတ်ထဲပြောမိတယ်။ အပြင်မှာအအေးပတ်ရုံမက လေဖြတ်သွားလည်း ပေတိုင်းအခေါင်းပြင်ထားမယ်လို့ စိတ်ကူးတယ်။ အဲဒီလောက်ကို စိတ်ကုန်တာ။ အရက်ဖိုးလည်း မသဒါ တော့ဘူး။ ကျုပ်မှာဖြင့် စိုက်ရင်းပျိုးရင်း အမောပြေ ခေါင်းလောင်းသံ ကြားလို့မှ ရေခဲချောင်းဝယ်မစားရဲဘူး။ ချဉ်၊ ချို၊ဖန်။ခါး အသုပ်တွေဆို ဝေးလှပေါ့။ ညနေ နေညိုရင် ကျုပ်ရှေ့မှာတစ်အေ့အေ့နဲ့ လေပြိုပြနေလိုက်တာ ။ ဝါရင့်မရင့် ဒင်းရဲ့ လက်တွေတုန်နေတာကို ကြည့်ရပြန်တော့ မနေနိုင်ဘူး ပေးရပြန်တာပဲ။
“ရော့ မျိုဆို့ အော်ဝမ်းနာကျ သေနာရဲ့ ” လို့ ဆဲနည်းပေါင်းစုုံနဲ့ ခါးကြားကထုတ်ပေးရတာ။ အဲဒီလိုဆို ဘာမှမပြောဘူး လစ်ခနဲယူကောက်ခနဲသွားတာပဲ ။ ဒင်းသောက်လာတဲ့ သက်တမ်းနဲ့ ဒင်းဒီလိုလက်တုန်တာဘာမှ မဆန်းဘူးရယ်လို့ ဖြေတွေးလေတွေးပြီးသက်ပြင်းက ချမိပြန်ရော ။ ကျုပ်ကတော့ ဘယ်သူအတွက်ချတဲ့ သက်ပြင်းလည်းလို့ ဝေခွဲမရတဲ့ အကြိမ်တွေလည်း များပါပေါ့ ။
သားသမီးတွေကလည်း ဖအေ့ အရက်သမားကြီးအပေါ်ကို အမြင်တွေစောင်း အပြစ်တွေမြင်ပြီး သူတို့လေးတွေရဲ့ အတွေးထဲ တစ်မျိုးတစ်မည်ဝင်နေမှာကိုလည်း ကျုပ်ကပူသေးတယ် ။ ငရဲရ ၊ ကံကြီးထိုက်မှာလည်း ဆိုးတယ် ။ ကျုပ်ရဲ့နားဝကို ရိုက်ခတ်လာတဲ့ သားသမီးတွေရဲ့စကားကို ဒင်းများကြားရင်ဆိုတဲ့ အတွေးနဲ့ မျက်ရည်စို့ရသေးတယ် ။ “အမေ…သမီးသူငယ်ချင်းတွေကမေးတယ် နှင့်အမေကိုတော့ မြင်ဘူးတယ် နင့်အဖေကိုတော့ အမြင်ဖူးဘူး… နင့်ခြံထဲက အရက်သမားကြီးကနင့်အဖေလား ” တဲ့ ။
ကျုပ်ကမေးပါတယ် ။
“အဲတော့…သမီးကဘာပြန်ပြောလိုက်လဲ” ။ သမီးကချက်ချင်းပြန်အဖြေပါဘူး ။ မျက်လုံးလေး ပေကလပ် ပေကလပ်နဲ့ ။
“ ဟို… သမီးကိုမဆူနဲ့နော်.. အမေ ” ။
“ အင်းပါ… သမီးရယ်” ။ “ကဲပြောပြော ဘယ်လိုပြန်ပြောလိုက်လဲ ” ။
“ မဟုတ်ဘူးလို့ ဖြေလိုက်တယ်.. အမေ ” တဲ့ ။
ကျုပ်ထင်တဲ့ အတိုင်းမဖြစ်ပါစေနဲ့လို့ ဆုတောင်းလည်း လွဲတာပါပဲ ။ ဒင်းကိုတော့
“ ကိုဘသော်ရေ ရှင့်သားသမီးတွေရဲ့ရင်ထဲမှာ.. ဖအေဆိုတဲ့ ရှင့်အတွက် နေရာမရှိတော့ဘူး” လို့ ရေရွတ်မိတာ ဒင်းမကြားနိုင်ပါဘူး ။ မအေဖြစ်တဲ့ ကျုပ်ဆိုတဲ့ မိန်းမကြီးမှာ ဖုံးတန်ဖုံး ဖိတန်ဖိလုပ်ရ ဒင်းအရက်နဲ့ နပန်းလုံးချိန် ကလေးတွေကို ဆုံးမသွန်သင်နေချိန်ဆိုတာ တစ်ချက်ကလေး မတွေးကြည့်ဖူးတာ အံဘြလို့မဆုံးဘူး ။ ကျုပ်ကတော့
“ သမီးရယ်… ဘာဖြစ်လို့လိမ်လိုက်ရတာလဲ ” လို့ မေးလိုက်တယ် ။
“ အစ်မလိမ်တာ ကျွန်တော်သိတယ်အမေ… သားလည်း အစ်မဖြေသလို ဖြေမိမှာပဲ… သားသူငယ်ချင်းတွေရဲ့ အဖေတွေဆိုရင် လိုလေသေးမရှိထားတဲ့ အပြင် အရက်လည်းမသောက်တတ်ဘူး ။ သူတို့အဖေတွေနဲ့စာရင် အဖေ့ကို အဖေတော်ရမှာသားရှက်တယ်..။ ”
“ဟုတ်တယ် အမေရဲ့… အစ်မတိို့ အစ်ကိုတို့ပြောသလို သမီးလည်း တစ်ထပ်တည်းပဲ ” လို့ သမီးငယ်ကပါ ဆိုလာပါရော ။
ဒင်းသေရည်တွေနဲ့ မြူးနေတဲ့အချိန်မှာ သားသမီးတွေရဲ့ ရင်ထဲမှာလည်း အတွေးပေါင်းမြောက်များစွာ မြူးနေပြီဆိုတာ ဒင်းမသိပါဘူး ။ ကျုပ်ရဲ့ တိုတိုတုတ်တုတ် အပြောလေးကတော့
“ဟဲ့ သားတို့ သမီးတို့ရယ် ဖအေကို အဲဒီလိုမပြောရဘူး ။ ငရဲကြီးလိမ့်မယ်… ကံကြီးထိုက်တတ်တယ် အေ့ ”လို့ပဲ ပြောမိတော့တယ် ။ သည်ထက်ပိုတဲ့ စကားလုံးလေးတွေ ကျုပ်နုတ်ကပြောမထွက်တော့သလို ဒင်းအတွက်ရှေ့နေလိုက်ရမယ့် စကားလုံးတွေလည်း ရှာမတွေ့တော့ဘူးလေ ။
ဒင်းမှာလည်း အရက်ရဲ့တန်းခိုးတွေနဲ့ အသားတွေဝါ ။ လူကဖောလာနဲ့။ ဒင်းဆုတ်ယုတ်ချိန်နီးလာပြီးလားလို့ အလန့်ကကြားတွေးမိသေးတယ်။ ဒင်းကတော့ သောက်မြဲ ၊သောက်ဆဲ၊ မူးမြဲ ၊ မူးဆဲ ။
အခုဆို ဟိုနားကညောင်းလို့ သည်နားကညောင်းလို့နဲ့ နှိပ်နယ်ပေးနေရပြီ ။ ဒင်းမျက်နှာမကောင်းတာကို သတိထားမိသေးတယ်။ ကျုပ်ရဲ့ မျက်စိကလည်း မြင်တက်တဲ့ မျက်လုံးပဲကိုး ။
“ ကိုဘသော်… ရှင်နေမကောင်းချင်တာလား.. ကျုပ်ဘာလုပ်ပေးရမလဲ ။ ဆန်ပြုတ်ပေးရမလား ”
“နေနေ.. အေးကြည် လူကကောင်းတယ်… စိတ်က…” လို့ ပြောပြီးငို်နေပြန်ရော ။
ဒင်းသည်လိုပြောတော့ ကျုပ်အူလည်လည်ရယ် ။
“ တော်ဘာဖြစ်လဲ..အရက်ဆာလို့လား..ကျုပ်မှာငွေရှိပါသေးတယ် ” ။ ပြောပြောဆိုဆို ခါးကြားနိုက်တော့
“ ရတယ် အေးကြည်… ငါ့ရဲ့သားနဲ့သမီးတွေက ဖအေ နေရာမပေးဘူးဆိုတာ ငါသိတယ် ” ။
“ ဘာရယ် ”
“ ဟုတ်တယ် မင်းတို့သားအမိတစ်တွေ ဟိုနေ့ကပြောတာ အကုန်ကြားတယ် ….ငါဟာ အဖေတစ်ယောက်ဖြစ်ပြီး အဖေနေရာနဲ့မထိုက်တန်မှန်းသိတဲ့ အချိန်နောက်ကျနေပြီ…ဒါပေမဲ့ အချိန်မှီသေးရင် သားနဲ့သမီးတွေရဲ့ ရင်ထဲငါပြန်နေရာယူချင်သေးတယ် အေးကြည်….”
“ မင်းနဲ့ ရပြီးကတည်းက ငါလေနေခဲ့ရတဲ့အချိန်တွေ တော်တောနှမျောစရာကောင်းတယ် ….ငါမင်းတစ်ယောက်ထဲကို ဒုကတွေခါးစည်းခံခိုင်းတာ ငါမှားနေပါပေါ့လား..။ ငါအိမ်ပျော်နေတာ နှစ်တွေချီနေပြီ အခုမှအိမ်မက်ကနိုးထဖို့ သတိရတာ …. ငါအရက်ဖြတ်မယ်..အေးကြည်…” ကြားရတဲ့စကားကို ကျုပ်တကယ်မှဟုတ်ရဲ့လားလို့ ကျုပ်လက်ကိုကျုပ်ဆိတ်ကြည့်တယ် ။အားလားလားနာတယ်တော့ ။ ဒါဆိုတကယ်ပေါ့ ။
“ ရှင်တကယ်ပြောတာလား ကိုဘသော် ။ ”
“ ရင်ထဲက လာတဲ့စကားထက် ဘယ်စကားကသေချာဦးမလဲ…အေးကြည် ။”
ကျုပ်နားထဲမှာတော့ တစ်သက်လုံး ကြားချင်ခဲ့တဲ့ စကားဆိုတော့ နားဝင်ကိုချိုလို့ ။ သားသမီးတွေ အနားနားရှိဆန်းကြည့် ။ ကျုပ်ေပြောချင်တဲ့ စကားတစ်ခွန်းရှိတယ် ။ သားတို့သမီးတို့စကားနဲ့ မင်းတို့အဖေတကယ် “ အဖေ ” နေရာပြန်ရပြီ လို့ ။ အိမ်ပျော်ပြီး အိမ်မက်မက်နေတာကနိုးဖို့ ကိုယ့်ကို်ကိုယ် ကြိုးစားရပါလားဆိုတာကိုတော့…………………..။
သော်ဇင်-လွိုင်ကော်
7 comments
kyeemite
March 17, 2012 at 11:30 am
အောင်မငေး..ငါ့များစောင်းရေးထားတာလားမသိ..
ဂေ့..အေ့ အေ့..အရေးထဲလေကတက်နေသေးတယ်..
တပိုင်းလောက်တော့သွားချအုံးမှ..
ဟေ့ ..မဒမ်မိုက်..ပေးစမ်း အရက်ဘိုး..
အကြော်နှစ်ခုပါထုပ်ပေးလိုက်..ဂေ့..အေ့..အေ့..
kai
March 17, 2012 at 4:43 pm
ဒီနေ့ ကော့စကိုဆိုင်သွားရင်း.. ဂျော်နီလမ်းလျှောက် အမဲ ပုလင်းကြီးတွေ ဈေးလျှော့ရောင်းနေတာ တွေ့လိုက်တယ်..။
မဝယ်ဘူးလုပ်နေတာ… ဘေးက ရှော့ပင်ကတ်ထဲ.. လူတယောက်ထဲ..၂ပုလင်းတောင်ဝယ်ထားတာ…တွေ့မိသား..
စိတ်နာတာ…။
alinsett
March 17, 2012 at 6:30 pm
သိပ်ကောင် း တဲ ့ရသ စာမူတစ်ပုဒ်ပါပဲ။
ကိုသော်ဇင်…စာမူလေးတွေ.လည်း…ရွှေမှာ.ေ.တွ ့နေရတယ်နော် ။
ဆက်ကြိုးစားကြပါစို ့..။
ခင်မင်လေးစားလျက်…
MaMa
March 17, 2012 at 8:58 pm
ံHappy ending လေးပဲ။ ကောင်းပါလေ့။
လက်တွေ့လောကကြီးထဲမှာတော့ သေသည်အထိ မိုက်ဇာတ်ခင်းသွားတာတွေချည်းပဲ များမယ်ထင်တယ်။ 🙁
metallic
March 17, 2012 at 9:21 pm
အံမယ် …..
သူက ရုပ်ရှင်ထဲကလိုစကားလုံးတွေကို မျက်နှာတည်ကြီးနဲ့ ပြောလို့ထွက်တယ် ??????
“ ရင်ထဲက လာတဲ့စကားထက် ဘယ်စကားကသေချာဦးမလဲ…အေးကြည် ။”
ခွိ ခွိ ခွိ
TTNU
March 17, 2012 at 10:56 pm
ကိုသော်ဇင်
အရေးကောင်းလိုက်တာ။
ခါတိုင်းမတွေ့မိဘူးနော်။
padonmar
March 18, 2012 at 12:45 am
ဝမ်းသာပါတယ် ကိုဘသော်၊
ဝမ်းသာပါတယ် သူကြီး၊