အနေမတတ် အထိုင်မတတ် တဲ့ ဘလက်ချော ရဲ့ ရိုက်ချက်များ။
ဘလက်ချော အိပ်ရေးပျက်မခံပါဘူးခင်ဗျာ။
ဒီစနေ တနင်္ဂနွေမှာ ဓါတ်ပုံလေးတွေ ရိုက်ဖြစ်ပါတယ်။
ကိုယ့်အလုပ်ကိုယ် ကောင်းအောင်လုပ်တာ အကောင်းဆုံးလို့ မှတ်ယူပြီး ဓါတ်ပုံလေးတွေတင်ဖြစ်ပါတယ်။
နည်းနည်းဝေဖန် အကြံပေးကြပါဦး။











28 comments
ဖားသက်ပြင်း
March 19, 2012 at 2:11 pm
ဟာဂျာ …
ဘာလို့ ပန်းချီကားတွေ ဘာလို့ရိုက်ရပါသနည်း…။
အစစ်က မှ ပို ဂလု ..အဲ့လေ… ကြည့်ကောင်းတာ..
နောက်တခါ အစစ် ရိုက်ခဲ့နော်..
ခင်တဲ့
😀
နတ်ဆိုးလေး
March 19, 2012 at 2:14 pm
အင်းတော်တော် စိတ်ပျက်စရာကောင်းပါတယ်နောက်ဆုံးပုံက။ ရိုက်ချက်ကတော့ ကောင်းတယ်ဗျို့ ။ လက်ရာက အတွဲ ချောင်းရင်း လက်စွမ်းပြထားသလားအောင်းမေ့ရတယ်။(ဒါပေမဲ့ ချောင်းစရာမှမလိုတာနော့်)
kyeemite
March 19, 2012 at 2:17 pm
ဒေါ်ဘလက်ရဲ့ရိုက်ချက်များကိုကြိုက်ပီးသားပါဗျာ..
နောက်ဆုံးပုံလေးကိုမြင်ရတော့
ငယ်ဘဝကိုလွမ်းသဗျာ…
ကန်ဘောင်ထောင့်ရောက်တော့
ဒေါ်ကြီးမိုက်အကြော်ဆိုင်မထိုင်ခဲ့ဘူးလား…
တစ်ယောက်ထဲတော့ လျှောက်သွားနေခဲ့တာ
ဟုတ်ဟန်မတူ…
ဆူး
March 19, 2012 at 2:19 pm
ပျိုမေ တသိုက် ရေခပ်ဆင်းကြတာ အကုန် ကျောပေးထားတယ်။
မနေ့ညနေက အင်းယားမှာ ဆိုတာ စောစော သိခဲ့ရင် ဦးဦးဘလလက် ကို လိုက်ရှာပါတယ်။ မုန့်ဖိုး ရှင်းခိုင်းမလို့.. ဟိဟိ 😀
အဲဒီက မင်းလမ်းဆိုင်မှာ မုန့်တီသုတ် သူငယ်ချင်းတွေနဲ့ ဝိုင်းဖွဲ့ စားသောက်နေကြတာ ၄နာရီလောက်မှ အိမ်ပြန်ရောက်တယ်။ မနေ့က လေ တော်တော် ကုန်သွားတယ်။
ဆူး
March 19, 2012 at 2:20 pm
အတွဲတွေ ထိုင်ရင်းနဲ့ မုန့်စားပြီး လွယ်လွယ် ပစ်ထားတဲ့ အမှိုက်တွေကို တွေ့နေရတယ်။
koaung
March 19, 2012 at 2:21 pm
ကျနော့အကြိုက်ဆုံးပုံပြောရရင်
(၁) ကိုရင်လေးတွေပုံ ရေးတဲ့လူကောရိုက်တဲ့လူကော အပြစ်ရှိတယ်(အဲလေမှားလို့) ကြိုက်တယ်
(၂၊၃) ဘိုတထောင်ဆိပ်ကမ်းနဲ့ရေလယ်ဖုရား အယူအဆများ ရိုးရိုးလေးနဲ့လှပါ၏
ဂီဂီလေးပြောတာမှန်တယ် ကိုယ့်ဆရာကင်မရာလဲသင့်ပြီ
chel gyi
March 19, 2012 at 2:32 pm
ko black ကအင်းယားလဲရောက်တာပဲလား…..
cobra
March 19, 2012 at 2:37 pm
ဟာာာာာာာာာာာ
အောက်ဆုံးမှာ……….
ငါ့ပုံကြီးပါနေပါလားးးးးးးးးးးးး။
manawphyulay
March 19, 2012 at 2:45 pm
တော်သေးတယ် နောက်ဆုံးပုံက အင်းလျားကန်ဘောင်ပေါ်မတက်ဖြစ်ခဲ့လို့… အဟိ နို့မို့ဆို ဦးဘလက်လက်ထဲ ပါသွားမှာ…..
nozomi
March 19, 2012 at 3:00 pm
ဓါတ်ပုံဆရာကြီး ဆရာချောကိုအားပေးသွားပါ၏
ရိုက်နည်းပညာလေးတွေ ပြန်မျှပေးပါဦး
ဗိုလ်တစ်ထောင်ဆိပ်ကမ်း ၊ ကျောက်တန်းကငှက် နဲ့ ပန်ချီကားထဲက အဲ ပန်ချီကားများကို ပိုကြိုက်ကြောင်းပါ
Thel Nu Aye
March 19, 2012 at 3:25 pm
အောင်မယ်ငီး များလိုက်တဲ့အတွဲတွေ။ ကွန်ပြူတာနဲ့ပွားထားသလားအောက်မေ့ရတယ်။ ရိုက်ချက်ကတော့ ရှယ်ပါပဲဦးဘလက်ရေ။
ကိုရင်မောင်
March 19, 2012 at 4:29 pm
ကိုဘလက်ချောရေ ဓါတ်ပုံကောင်းတွေ
ကြည့်ခွင့်ရလိုက်ပ….
နောက်လဲအဲ့လိုအနေမတတ်အထိုင်းမတတ်နဲ့ဓါတ်ပုံတွေတင်ပါအုံး
အားပေးသွားပါတယ်….
pooch
March 19, 2012 at 5:02 pm
ကိုဘလက် ပန်းချီကားတွေကို ရိုက်တော့လည်း ကြည့်ကောင်းတာပဲနော်။
ကျမ တခါက ဂန္ဒီရဲ့ ပန်းချီပြပွဲ (မွေးနေ့အထိမ်းအမှတ်မှာ) မှာ အဲ့ဒီလို ပန်းချီကားတွေ ဓာတ်ပုံရိုက်ဖူးတယ်။
မရိုက်တတ်တော့ ရွဲ့စောင်းနေတာပဲ ။ မီးဖွင့်ရိုက်မိတော့ အလင်းတွေက ပြန်နဲ့ ။ ကိုယ့်ပုံကိုယ်ပြန်ကြည့်ပြီး စိတ်ကုန်လို့ ။ နောက်ဘယ်တော့မှ ရိုက်ဖို့ မကြိုးစားတော့ဘူး။ 🙁 အမှတ်တရလေး သိမ်းချင်လို့ ရိုက်မိတာ စိတ်ကုန်လို့ ဖျက်ပစ်လိုက်တယ် ။ အေးရော။
ရိုက်တတ်တဲ့သူများကျတော့လည်း လှလို့။
ဦးဦးပါလေရာ
March 19, 2012 at 5:53 pm
ကျုပ်ကတော့
ကိုယ်မရိုက်တတ်ပေမယ့် ဓါတ်ပုံလေးတွေကိုလဲ ကြိုက်တတ်သဗျ..။
ကိုယ်မရေးတတ်ပေမယ့် ပန်းချီတွေကိုလဲ နှစ်သက်တတ်ပါတယ် ကိုဘလက်ရေ…
ကျုပ်ခံစားမိတာတော့-
ဓါတ်ပုံဆိုတာက လက်ညှိုးထိုးပြတာနဲ့ တူတယ်…
ပန်းချီဆိုတာကတော့ လက်ဆွဲခေါ်ပြတာနဲ့ တူတယ်… လို့ပါဗျာ…။
MaMa
March 19, 2012 at 5:55 pm
အပေါ်ဆုံးက ငွေရောင်လက်နေတဲ့ ရေပြင်ကျယ်ကြီးကို သဘောကျတယ်။
အောက်ဆုံးပုံက ရွာထဲက ရွာသူားတွေကို ကိုချောက သတိထားလို့ ဝမ်နိမ်ပေးလိုက်တာ ဖြစ်မယ်။ 😆
ခပ် KING ကင်း
March 19, 2012 at 6:41 pm
မမရေ
ကျွန်တော်ထင်တာတာ့
အောက်ဆုံးပုံက
ရွာသူ/သားတွေအတွက်
ဆောင်ရန် ရှောင်ရန် တင်ပေးတာဖြစ်မယ်ဗျ .. 😛
ဘာလို့လဲဆိုတော့
ဥပမာ။ ဒီကောင်မလေးက ဒီလိုနေရာမှာ ဒီလိုနေတယ်ပေါ့
ဒါဆိုရင် ငါလည်း သူနဲ့ ဟိုလိုဒီလိုဖြစ်ရင် ဒီလိုနေရာမှာ ဒီလိုရနိုင်လောက်တယ်
ဒါမှမဟုတ် ဒီကောင်မလေးက ဒီကောင်လေးနဲ့တောင် ဒီလိုနေရာမှာ ဒီလောက်တောင်ဖြစ်နေရင် ….. 😆
ဖားသက်ပြင်း
March 19, 2012 at 6:45 pm
ဟုတ် မာမား တားတားဆင်ခြင်ပါ့မ်
Mr. MarGa
March 19, 2012 at 6:48 pm
အားလားလား
စုံတွဲတွေ ချုံပဲတိုးတယ်ထင်နေတာ
အဲဒီလောက်များမယ်မထင်ဘူး
အင်း
ဦးမာဃ နတ်ပြည်မှာ ဒါမျိုးမဖြစ်အောင် နန္ဒာကန်ကို CCTV တွေတပ်ပြီး အမိန့်ထုတ်ဦးမှ ထင်တယ်။
weiwei
March 19, 2012 at 8:12 pm
တိုက်ဆိုင်တာကတော့ စနေနေ့က ကျွန်မလဲ ဇင်ယောင်လေးတွေကို ဓါတ်ပုံရိုက်ခဲ့သေးတယ် … ရန်ကုန်မြစ်ထဲမှာပဲ … နေပြောင်းပြန်ဖြစ်နေလို့ လှလှလေးမရခဲ့ဘူး …
အင်းယျားညနေခင်းက အဲဒီလောက်တောင် စည်ကားတယ်လား … တစ်ခါမှ မတွေ့ဖူးသေးဘူး …
Khin Latt
March 19, 2012 at 9:23 pm
ကဘချောရေ
ပုံတွေ က ရှယ်ဘဲ။
သဘာဝ အလှ တွေ ရော၊ လူရေး အလှ တွေ ရော နဲ့။
ဗိုလ်တထောင် က နေ သံလျင်ရောက် နောက် ရန်ကုန်မြို့လည်ကို ပြန်လာ ပြီးတော့ အင်းလျားသွား။
ပထမဆုံးပုံ က ငွေရောင်ကိုလက်လက်ထ နေတာဘဲ။
ကျောက်တန်းရေလယ်ဘုရား နဲ့ ဇင်ယော်လေးတွေ ကလဲ အရင်အတိုင်းဘဲ။
ဆွစ်ဇာလန်သူ ရဲ့ မျက်ဝန်း ထဲမှာ ကဘချော ကို မြင်နေရတယ်ဗျို့။
ပန်းချီ ကား မှာ ကိုရင်လေး တွေပုံကို ကြိုက်တယ်။
ပုသိမ်ထီး နဲ့ တင်ပြ ချက်ကတော့ သာမာန်ဧည့်ခန်းနဲ့ လိုက်မလိုက် စဉ်းစားကြည့်မိတယ်။
နောက်ဆုံးပုံ အင်းလျားကတော့ ကျွန်မ အတွက် ကဗျာ မဆန်ဘူး လို့ဘဲ ဆိုချင်ပါတယ်။
ကျွန်မက “ချစ်သူ ကို လက်ဖျား နဲ့တောင် မထိရက်နိုင်တယ်” ဆိုတဲ့ ခေတ် က ဆိုတော့ …. 😉
surmi
March 19, 2012 at 11:54 pm
ကိုချောရဲ. လက်တန်း က ကိုပေါက်တို.အဖွဲ.ထဲကို ဝင်လို.ရပြီဗျ။
အင်းယားကိုကြည်.ရတာတော. ကဗျာမဆန်လှဘူးဗျာ ။
ရင်တောင်နဲနဲနာသွားတယ် (ဒဏ်ရာဟောင်းပြန်ထလာ၍)
yaungchikha
March 20, 2012 at 12:04 pm
ပုံတွေအားလုံးက ခံစားချက်တစ်မျိုးစီကို ပေးတယ်၊ ဇင်ယော်လေးတွေနဲ့ ပုံကို ကြိုက်တယ်..
စိန်ပေါက်ပေါက်
March 20, 2012 at 2:02 pm
သူကျတော့ ကန်ဘောင်တစ်ခွင် ပြဲပြဲစင်အောင် ပတ်ချောင်းပြီး များတို ့ကိုကျတော့ တစ်ပုံထဲ တင်ပေးသတဲ့
စကားမစပ်
အိုးပုံလေးတွေ များများ တင်ပေးပါဦးခင်ဗျ
Khaing Khaing
March 20, 2012 at 2:27 pm
လေးလေးဘလက်ရေ အပေါ်ဆုံးက ဗိုလ်တထောင်ဆိပ်ကမ်းကပုံလေးက အသက်ဝင်တယ် မျက်စိတောင်ကျိန်းသွားတယ် …. အင်းယားမှာ အဲလောက်တောင်လူတွေစည်းကားနေပါလား မီးမီးတို့ အတွက် နေရာမရှိနိုင်လောက်တော့ဘူးနဲ့တူတယ်နော် ………. ကိုရင်လေးတွေပုံကလည်း ပန်ချီဆွဲထားတဲ့ လူကအသက်ဝင်အောင်ဆွဲနိုင်သလို လေးဘလက်လည်း ကြည်လင်ပြတ်သားအောင်ရိုက်နိုင်တယ်နော် ….
ခင်မင်ရင်းနှီးစွာဖြင့်
Khaing Khaing
TTNU
March 20, 2012 at 2:49 pm
ကိုချောရေ…
အနေမတတ် အထိုင်မတတ် လို့ ဘာပြုလို့သုံးတာလဲ။
တော်လို့သာဒီလောက်ကောင်းတဲ့ပုံတွေရိုက်နိုင်တာပေါ့။
အနေမတတ် အထိုင်မတတ် ဆိုတာ clumsy ဖြစ်တဲ့သူကိုပြောတာပါ။
တီချာတို့ ကိုချောက က well-organised, neat and tidy ဖြစ်လွန်းလို့
ဘာမှပြောစရာမရှိ။
jujuma
March 20, 2012 at 3:05 pm
ဟမလေး ….. များလိုက်တဲ့အတွဲတွေပါလားးး
snow white
March 20, 2012 at 3:33 pm
ကိုဘလက်ရေ အတွဲတွေကောချောင်းလားသေးလား ကိုဘလက်ချောကို ကောင်လေးတွေတော့ကျိန်ဆဲနေတော့မှာဘဲ တော်တော်များတဲ့အတွဲတွေဘဲနော်
Diamond Key
March 21, 2012 at 11:11 am
ဒီလက်နဲ့ကတော့ Photo အက်ဆေးကောင်းတွေ ရေးလို့ရပြီဗျာ။
အင်းလျားသွား ရွာသူရွာသားများ ဘဘဘလက် ကိုတော့ အဝေးကနေ သတိထား ကြည့်နော်။
ရွာထဲမှာ ကြော်ငြာ မိနေမယ် ……….